အိမ်…ဆိုသည်မှာ
အိမ်….နွေးထွေးတဲ့အိမ်၊ အုတ်ဖြင့် ဆောက်သည်ဖြစ်စေ ဝါးဖြင့် ဆောက်သည်ဖြစ်စေ သွပ်ဖြင့် မိုးသည်ဖြစ်စေ ဓနိဖြင့် မိုးသည်ဖြစ်စေ သံယောဇဉ်၊နားလည်မှုများဖြင့် ရစ်ပတ်ခြုံလွှမ်းထားသော မိသားစုဝင်များတည်ရှိကြသည့် အိမ်လေးသည် အင်မတန် ပျော်ဖွယ်ကောင်းပေမည်။
တခါတရံ မဟုတ်တော့သော်လည်း အလုပ်ကိစ္စဖြင့် ခရီးထွက်ပြီး တစ်ပတ်ခန် ့ရက်ရှည် ခရီးစဉ်က ပြန်လာသည့်အခါ ကြိုဆိုမည့်သူ မရှိသည့်အိမ်ကို ပြန်ရသည်။
ပင်ပန်းနေပြီလား၊ အခြေအနေဘယ်လိုလဲ မေးရင်း ရေတစ်ခွက်လောက်ကမ်းမည့်သူကို မျှော်လင့်မိသည်။ သို ့သော်လည်း မရှိ။
မိသားစုနှင့်ခွဲခွာပြီး တစ်နယ်တစ်ကျေးကို လာရောက်လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် အနည်းနှင့်အများ အထီးကျန်မှုကို ခံစားရမည်သာ။
ဇန်နဝါရီ ဒုတိယအပတ်လောက်ကတော့ ခွင့်ရက်ရရျ် မန ္တလေးကို ပြန်ဖြစ်သည်။ မနက်စောစောစီးစီး အိမ်ကို ရောက်ရောက်ချင်း အဘွားဖြစ်သူက သမီးဘာစားချင်လဲ သမီးကြိုက်တဲ့ ကြက်ဥပလာတာ စားမှာလား၊ မြီးရှည်စားမှာလားတဲ့။ သူငယ်ချင်းတွေကို ဖုန်းဆက်ချိန်းတော့လဲ ၁၅မိနစ်အတွင်း သူငယ်ချင်း၆ယောက်လောက်ကို ဖုန်းဆက်ပြီး ချိန်းလို ့အဆင်ပြေသွားသည်။ ကျွန်မကြိုက်တဲ့ ဝက်သားဒုတ်ထိုးနှင့် မန္တလေး လက်ဖက်ရည်လိုက်တိုက်သည့် တခြား သူငယ်ချင်း ၂ယောက်လည်း ရှိသေးသည်။
ပါးစပ်မှ ဖွင့်မပြောဖြစ်သော်လည်း ကျွန်မကို အချိန်ပေးရျ်တွေ ့ဆုံခွင့်ပေးသော သူငယ်ချင်းများ မိတ်ဆွေများ အိမ်နီးနားချင်းများကို ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်မိသည်။ တွေ ့ချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဆုံဖြစ်လိုက်သော သူငယ်ချင်းများကိုလည်း သတိရပါသည်။
သူငယ်ချင်းများသည် ဘယ်လိုမြင့်မားသော အခြေအနေရှိလျှင်ဖြစ်စေ၊ဘယ်လိုဘဝပေးအခြေအနေအရ အဆင်မပြေသော ဘဝပင်ဖြစ်ပါစေ အရင်ကအတိုင်း မပြောင်းလဲစွာ ဆက်ဆံခြင်းအတွက်ကိုတော့ ကျွန်မကျေနပ်မိပါသည်။ ကျွန်မလိုချင်တာသည် သံယောဇဉ်သာ ဖြစ်ပါသည်။ ဘဝမြင့်သဖြင့် ဘဝင်မြင့်သွားသူများ၊ ဘဝနိမ့်ကျသွားသဖြင့် ရှက်ရွံ ့စွာ သိမ်ငယ်စိတ်ဖြင့်
စကားမပြောလိုသူများ အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံ ရှိကြသည်မှာ မှန်သော်လည်း ကျွန်မအတွက်
အခုထိတော့ မရှိသေးပါ။
သူငယ်ချင်းများနှင့် ဆုံပြီး အိမ်သို ့ပြန်ရောက်တော့လည်း မိဘ၊မောင်နှမများနှင့် ဆုံတွေ ့ပြီး ညဉ့်နက်သန်းခေါင်ထိ မုန် ့ထိုင်စားရင်း စကားပြောကြသည်။ အအေးလှိုင်းဖြတ်နေသော ဆောင်းတွင်းကာလဧ။် အအေးဓာတ်သည် ကျွန်မတို ့မိသားစုလေးဧ။် အနွေးဓာတ်ကိုတော့ ကျော်လွန်မလာနိုင်ခဲ့ပါချေ။ အိပ်တော့လည်း မေမေ့ဘေးနားတွင် မေမေ့ကို ကပ်ပြီး အိပ်ခဲ့သည်။
ခွင့်ရက်စေ့ရျ် ပြန်မည်လုပ်တော့ မိသားစုဝင်အားလုံးကို သာမန်ပေါ့ပေါ့ပါးပါးဟန်ဖြင့် နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ကိုယ့်အကြောင်းကိုယ်သာ သိပါသည်။ အရင်တစ်ခေါက်သင်္ကြန်ပြန်လာပြီး မန်းလေးမှ ရန်ကုန်ကို ပြန်မည်အလုပ် အဘွားကို ထိုင်ကန်တော့လိုက်သည်။ ကန်တော့ရင်း ရင်ထဲမှာ ကြေကွဲခြင်းကို ခံစားမိသည်။ တအားငိုချင်သည်ကို အောင့်အီးပြီး ပြုံးပြရခြင်းသည်လည်း အင်မတန် ဆိုးရွားလွန်းသောခံစားမှုတစ်ခုဖြစ်ခြင်းကိုတော့ ကောင်းကောင်းနားလည်ခဲ့ပါသည်။ ထို့ကြောင့် အခုပုံမှန်သာ နှုတ်ဆက်ပြီး ပြန်ခဲ့ပါသည်။
ရန်ကုန်သို ့ပြန်ရောက်သည့်နေ ့က ထုံးစံအတိုင်း အထုပ်အပိုးများကို ချလိုက်သည်။ ဘယ်က ပြန်လာတာလဲဟုပင် မေးသူမရှိပါ။ အားလုံးသည် အသားကျနေပြီဖြစ်သော ဖာသိဖာသာပုံစံများဖြင့်
အေးစက်စက် အသက်မဲ့ ကြိုဆိုခြင်းမျှသာ။ကျွန်မသည်လည်း အသားကျနေပြီဖြစ်သော စက်ရုပ်တစ်ရုပ်ဘဝသို ့လျှင်မြန်စွာ ကူးပြောင်းရောက်ရှိသွားပါသည်။
တိုးရှိလျှင် ခရီးထွက်ပါသည်။ တိုးမရှိလျှင် စာဖတ်သည်။ စာရေးသည်။အတုအယောင် ဘဝဟုဆိုကြသော
အင်တာနက်ပေါ်တွင် သူငယ်ချင်းတွေ အများကြီး ရှိကြသည့်အတွက် ကျွန်မပျော်ပါသည်။ အွန်လိုင်းမှ
ထွက်လိုက်သောအခါ လက်ရှိဘဝတွင် ကျွန်မ မပျော်ပိုက်ပါ။ ထိုအရာသည် ရောဂါလား။ လက်ရှိစိတ်ခံစားချက်သည် မပျော်သော၊ ပျော်စရာမရှိသော စိတ်အခြေအနေဖြစ်ပါလျက် ကို်ယ့်စိတ်ကိုယ်
အားပေးရင်း ဟာသစာတိုလေးများကို ရေးပါသည်။ သူငယ်ချင်းတွေ ရယ်တော့ ကိုယ်ကလိုက်ရယ်ရင်း
ပျော်ရသည်။သူတို ့ကွန်မန့်တွေကို ဖတ်ပြီး ကိုယ်လည်း ပျော်ရသည်။
ဟော…ဘာလိုလိုနဲ ့ညနေစောင်းပြီ အိမ်ပြန်ရတော့မည် ဖြစ်သည်။
အိမ်သည် ရန်ကုန် မြို ့ထဲတွင် ရှိပြီး ဆူညံသော်လည်း ကျွန်မအတွက်တော့ ဖော်ရွေမှုမရှိပါ။ သူသည် အသက်မဲ့ အိမ်ဖြစ်သကဲ့သို ့ကျွန်မသည်လည်း သက်ရှိ ခံစားချက်မဲ့ လူသားတစ်ယောက်သာ ဖြစ်ပါသည်။
အိမ်….နွေးထွေးတဲ့အိမ်၊ အုတ်ဖြင့် ဆောက်သည်ဖြစ်စေ ဝါးဖြင့် ဆောက်သည်ဖြစ်စေ သွပ်ဖြင့် မိုးသည်ဖြစ်စေ ဓနိဖြင့် မိုးသည်ဖြစ်စေ သံယောဇဉ်၊နားလည်မှုများဖြင့် ရစ်ပတ်ခြုံလွှမ်းထားသော မိသားစုဝင်များတည်ရှိကြသည့် အိမ်လေးသည် အင်မတန် ပျော်ဖွယ်ကောင်းပေမည်။
12 comments
kyeemite
January 23, 2014 at 1:12 pm
မိသားစုနဲ့ခွဲပြီး အဝေးမှာအလုပ်လာလုပ်နေကြသူများအားလုံးကို ကိုယ်ချင်းစာပါသည်
ပျော်ရာမှာမနေ တော်ရာမှာနေကြရသည်မဟုတ်လား…နွေးထွေးသောကိုယ်ပိုင်
မိသားစု လေးဖန်တီးလိုက်ပါလား… 😛
MAUNG
January 23, 2014 at 1:14 pm
ဒီလိုပါ ဘဲဗျာ..ကျွန်တော်တို့ အားလုံး ပျော်ရာ မှာမနေ၊ တော်ရာမှာ နေ နေကြရတာ ။
ကျွန်တော် လဲအိမ်လွမ်း ဘူး သူတစ်ယောက်မို့ ကိုယ်ချင်းစာ ပါတယ် ။ နောက် တစ်ခါ အိမ်ပြန်ဖို့၊ မိသားစု နဲ့တွေ့ဖို့၊ သူငယ်ချင်း တွေနဲ့ တွေ့ဖို့ ကြိုတွေး ရင်း၊ ကြိုပျော်ရင်း အလုပ် ထဲမှာ စိတ်မြှုပ် ကြည့်ပါ လို့ အကြံပေးကြည့် ပါရစေ 🙂
nozomi
January 23, 2014 at 2:24 pm
အိမ် နဲ့ ပတ်သက်လို့ ဂျူး ရေးထားတာလေး ကိုတောင် သတိရသွားတယ်
နွေးထွေးတဲ့ မိသားစုလေး တစ်ခုကတော့ လူတိုင်းလိုအပ်တယ်
လိုအပ်တဲ့အချိန်တိုင်း မရနိုင်တောင် ရနိုင်တဲ့ အချိန်တွေ ရှိနေတဲ့ moon အတွက် ၊ လုံးဝ မရှိနိုင်တဲ့ သူတွေထက် သာပါသေးတယ်
နောက်ထပ် နွေးထွေးကြင်နာမှုတွေ ပေးမဲ့ မိသားစုတစ်ခုကို အမြန်ဆုံးတည်ဆောက်ကြည့်ပါလား
KZ
January 23, 2014 at 3:27 pm
ဟို အရင်က အိမ်လေးမှာ…..
ဖေဖေထိုင်တဲ့ ဆေးခန်းလေး ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
အမေချက်ကျွေးတဲ့ ထမင်းပူပူ ဟင်းမွှေးမွှေးလေးတွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
မောင်လေး စီးတဲ့ ပြိုင်ဘီးလေး ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
ကြောင် လေးတွေ အများကြီးရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
ဝတ္တရားကျေတဲ့ သံစုံနာရီ တစ်လုံးရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
ဆူညံဝေစည်နေတဲ့ စာကျက်သံတွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
မိသားစု ညနေစကားဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
ဥဩသံနဲ့ နိုး ရတဲ့ နွေ မနက်ခင်းတွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
စံပယ်တွေပွင့်တဲ့ မိုးနေ့တွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
တိုးတိုးဝှေ့ဝှေ့အိပ်ခဲ့ရတဲ့ ဆောင်းညတွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
တစ်ယောက်နဲ့ တစ်ယောက် မပျက်ကွက်တဲ့ နားလည်မှုတွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
၁၂ ရာသီ မပြတ်လပ်တဲ့ ရီမောသံတွေ ရှိခဲ့တယ်။
ဟို အရင်က အိမ်လေးမှာ…..
ငွေ အဓိက မထားတဲ့ ပျော်ရွှင်မှုတွေ ရှိခဲ့တယ်။
အရင်က အိမ်လေး ၁ လုံးထဲမှာ လိုအပ်တာမှန်သမျှ အကုန်ရခဲ့တယ်…..
အခု ရှိတဲ့ အိမ်တွေအားလုံး နဲ့ လဲလို့ ရရင် အလိုက်ပေးလဲ ချင်ရဲ့…..
________
ဟိုတလောက အိမ်ကို လွမ်းတုန်းက ရေးထားတာ။
လမင်း စာလေးဖတ်ပြီး ခု အလွမ်းရောဂါပြန်ထလာပြီ။
😥
Ma Ma
January 23, 2014 at 5:50 pm
အခုအိမ်ကလေးမှာ ချစ်စရာတူ ချောချောကလေး ရှိတယ်။
အခုအိမ်ကလေးမှာ မပျင်းရအောင် အလုပ်ပေးမယ့်သူရှိတယ်။
အခုအိမ်ကလေးမှာချစ်စရာ ကလေးရယ်သံ လွင်လွင်လေးရှိတယ်။
🙂
moonpoem
January 23, 2014 at 4:23 pm
ကျွန်မနဲ ့ခံစားချက်ချင်းတူ အိမ်လွမ်းသူအချင်းချင်း အားပေးကြတာ ကျေးဇူးတင်ပါတယ်။ လက်ရှိမိသားစုအပေါ်မှာတောင် တာဝန်မကျေသေးတဲ့အတွက် နောက်ထပ်မိသားစုဘဝထူထောင်ရမှာ ကြောက်တောင်ကြောက်မိပါတယ်။
sorrow
January 23, 2014 at 4:52 pm
အလိုလေး သာမီးလေးရယ်..ကြောက်စရာမဟုတ်တာကို ကြောက်နေတယ်..ဦးဦးတောင် မကြောက်လို့ ခုန်ချမို့ ….လေယဉ်မယ်ဖက်တီးမကြီးက လက်မခံသေးလို့…အာဟိ
TNA
January 23, 2014 at 4:50 pm
ဘဝဆိုတာဒီလိုပါပဲ လမင်းကဗျာရယ်။ ပျော်ရာမှာမနေရ တော်ရာမှာနေရတာ ဘဝတဲ့
ဒညင်းဝက်
January 23, 2014 at 9:12 pm
ဟုတ်ပါ့ဗျာ..။
(( ကျနော်လည်း.ဝက်သားဒုတ်ထိုးကြိုက်တယ်..အဟိ ))
😆
kai
January 24, 2014 at 2:55 pm
အတူတူနေနေတဲ့သူမရှိဘူး… ပြောနေတာဗျို့…. ပြောနေတာ…။
Mr. MarGa
January 24, 2014 at 3:51 pm
အိမ် ဆိုလို့
သတိရသွားတာလေး လာတင်တာဗျို့
http://myanmargazette.net/173766
ဘာပြောပြောပါ
ပျော်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ဆီကို မရွှေ့နိုင်သေးရင်တော့
ပတ်ဝန်းကျင်ကိုသာ ပျော်အောင်ဖန်တီးပြီး နေတာ ပိုသက်သာမယ် ထင်တာပဲ
မဟာရာဇာ အံစာတုံး
January 27, 2014 at 4:58 pm
မိသားစု နဲ့ နေရတာ
တစ်ခါတစ်လေ ကောင်းတယ်
တစ်ခါတစ်ခါ မကောင်းဘူး
ဒါပေမယ့် ….
အနေဝေးတဲ့ လူတွေအတွက်တော့
အိမ် ဆိုတဲ့ အဓိပ္ပါယ်ဟာ အတော့်ကို လေးနက်တာပါ ဆိုတဲ့ အကြောင်း …
အဖော် မရှိရင်လည်း
ကျုပ်ရဲ့ မစွံသေးတဲ့ ဥငေးတွေ ရှိသေးပါကြောင်း
စိတ်ဝင်စားရင် ဆက်သွယ်ပါနော့ ..
အားမနာနဲ့ တိလား .. ခိခိ