ဤရွာနှင့်. . .ဤကောင်လေး . . .ဤ၍ဤမျှ. . .
ဤကောင်လေး ဤရွာထဲမှာ နေထိုင်ပျော်ပါးခဲ့တာ သုံးနှစ်သုံးမိုး ရှိခဲ့ပြီ ။
မပျော်လျှင် သုံးရက်တောင် နေမည့်ကောင်လေးမဟုတ် ။
ပျော်၍ နေခဲ့သည် ။
နေ၍ ပျော်ခဲ့သည်။
ကြွယ်ဝသော ပတ်ဝန်းကျင်တစ်ခုဟု ကောင်လေးက သတ်မှတ်ပြီး ကျနော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် ကောင်လေးက ချစ်ခဲ့သည် ။
ရိုးရိုးသားသားပြောရလျှင် ကောင်လေး ဤ ရွာ ဤစာ ဤလူ ဤမူတွေကို ချစ်သည် ။
ဤရွာကို ဘယ်လောက်တောင်များချစ်သလဲ. . .ဟု မေးလာခဲ့လျှင် ကောင်လေးက ရိုးစင်းစွာ ပြန်ဖြေပါ့မည် ။
ဤ ရွာ ကို ဤ ကောင်လေး က ပင်လယ်ကြီးလောက်ချစ်သည် ။
¥¥¥¥¥¥¥¥¥¥¥¥¥
ကောင်လေးက… … ကလေးသာသာ ရှိသေးသည် ။ လမ်းလျှောက်တတ်ကာစအရွယ်ဟုပင်ပြောနိုင်သည် ။
ကောင်လေး ဤရွာထဲ လမ်းလျှောက်ပြသည် ။
လျှောက်နိုင်ပြီ ဟု ယုံကြည်ချက်တစ်ခု ပိုက်ပြီး လျှောက်ပြသည် ။
တခါတရံ လဲကျသည် ။
တချို့က ဆွဲထူဖေးမသည် ။
မထနိုင်အောင် ထပ်တွန်းလှဲသူများကိုတော့ များများစားစား မမြင်ဖူးခဲ့ချေ ။
သို့သော်. . .
ကောင်လေးကြောင့် ဤရွာ ဂုဏ်ရှိန်ညှိုးငယ်ဖူးသလားးး
ဤရွာကြောင့် ဤကောင်လေးဂုဏ်ရှိ ညှိုးငယ်ဖူးသလား ဆိုသည့် မေးခွန်းနှစ်ခုတွင် ပထမမေးခွန်းကို မေးစရာ မလိုအပ် ။
ကောင်လေး လမ်းလျှောက်ရင်းဖြင့် လမ်းပျောက်သည် ။
တချို့က လမ်းမှန်ကို ပြသည် ။
တချို့က မင်းမှားတယ် မင်းမှားတယ် ဟုသာ အပြစ်ထိုင်ပြောသည်။ လမ်းမှန်ကိုတော့ ပြောမပြချေ။
ကိစ္စ မရှိ ။
ကောင်လေးမှာ ခံယူချက်ရှိသည် ။
လမ်းရယ် ခြေထောက်ရယ် အချိန်ရယ် ရှိနေသ၍ ကောင်းလေးဘဝ လမ်းလျှောက်၍ ရနိုင်သေးသည် ။
ထိုသို့ဖြင့် ကောင်လေး လမ်းတွေ လျှောက်မြဲ လျှောက်သည် ။
တခါတလေ. . . မထင်မှတ်သော မိတ်ဆွေတချို့နှင့် ဆုံတွေ ့သည် ။
ထိုမိတ်ဆွေများသည်. . . ယခု ဤရွာတွင် မရှိကြတော့သူများ
(ရွာက ထွက်သွားကြသူများ) ဖြစ်သည် ။
သူတို့ ဘာလို့များ ဒီလောက်ချစ်စရာကောင်းတဲ့ရွာကို စွန့်ခွါသွားကြပါလိမ့် . . . ဟု ကောင်လေးတွေးသည် ။
မေးသည် ။
ဖြေလည်း ဖြေကြပါသသည် ။
ဤရွာသည် . . . ချစ်စရာတော့ကောင်းပါရဲ့. . . . ဒါပေမယ့်. . .
ထိုထိုဤဤ အဖြေစကားများကြားခဲ့ရတုန်း ကလည်း ဤကောင်လေး မယုံနိုင်ခဲ့ ။
စိတ်ပျက်စရာကောက်းသော အခြေအနေများအကြောင်းပြောကြေးဆိုလျှင် ဤရွာ ဤစာ ဤစကားလုံးတွေကို ထည့်မစဉ်းစားခဲ့။
သို့သော်. . . . .
ကောင်လေးကပဲ မှားသည်လားးး
တစ်စုံတစ်ခုကပဲ မှားခဲ့ပြီလားမသိ။
ကောင်လေး. . . .ဤရွာမှ ထွက်ခွါသွားသူတို့၏ ခံစားချက်ကို ထပ်တူထပ်မျှ ခံစားလိုက်ရသည် ။
ခါးသီးသော. . .ရင်နာသော. . . စိတ်ပျက်လက်ပျက်ဖြစ်စေသော. . .
ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော . .
ခံစားချက်များစွာ ကြားမှာ. . . ဤကောင်လေး ငိုလည်း မငိုချင်တော့ ရယ်လည်း မရယ်လိုတော့. . .
ဖြစ်တတ်ပါတယ်လေ. . .
လူတွေရယ်. . .
ဒဿနတွေရယ်. . .
အတူပူးတွဲနေမှတော့. . . .
ထိုအတွေးဖြင့် ကောင်လေး ဖြေလိုက်သည် ။
ရှေ ့ဘာဆက်လုပ်ရမည်ကို တွေးရတော့သည် ။
ဘယ်လမ်းကို ရွေး လျှောက်မည်လဲ. . .
ခပ်ရဲရဲလျှောက်ခဲ့သမျှ ခြေလှမ်းတို့ တွန့်ဆုတ်. . .
ခလုပ်ကန်သင်းတွေကို သတိထားရတော့သည် ။
ကိုယ်က ရိုးရိုးသားသား လျှောက်သော်လည်း
တမင်ကြံစည်ထားသလို ဆန်းပြားသော ခလုပ်ကန်သင်းများကြောင့် လဲကျနိုင်သည်မဟုတ်လားးးးး
သို ့သော်. . .
ဤ ကောင်လေး ဆက်လျှောက်နေသော လမ်း၏ မျက်နှာမူရာ အရပ်သည်. . . ရွာ့အပြင်ဘက် ဖြစ်ခဲ့ပြီ ။
¥¥¥¥¥¥¥¥¥¥¥¥¥¥
မြန်မြန်မလျှောက်ပါ ။
ခပ်ဖြေးဖြေးသာ လျှောက်မည် ။
တဖြေးဖြေး ဝေးလွင့်သွားသော ဝါဂွမ်းတစ်စလို ပါးလျမှုမျိုးဖြင့် သွားပါမည် ။
ဗြုန်းခနဲပြေးထွက်သွားဖို့ရာက ညံ့ရာကျပါတယ်လေ. . . .
အိမ်ရှင် နှင်မထုတ်သော ဧည်သည်တစ်ယောက် အချိန်တန်လို့ ပြန်သွားတယ်ဆိုတဲ့အဖြစ်ထက် ဘာမှ မပိုပါဘူး ။
ရည်မှန်းချက်တစ်ခုကို ပိုက်ပြီး ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်ရတာ တမျိုးတော့ ကောင်းပါရဲ့ ။
တစ်ခုပါပဲ. . . .
အချိန်တန်ရင် ခွဲရမယ် ဆိုတဲ့အသိနဲ့ . .
တိတိရိရိ ခွဲစိတ်ထားသလို နှလုံးသား
အေးလေ. . . ပြုံးပြုံးလေး လက်ပြနိုင်ကြရင် ပြီးတာပါပဲ. . . .
¥¥¥¥¥¥¥¥¥¥¥¥¥
အလင်းဆက် (Gazette)
14 / 3 / 2014 /
******
ဘာရယ်မဟုတ်ပါဘူး။ ဝတ္ထုလေးတစ်ပုဒ်ရေးကြည့်တာပါ။ ဝတ္ထုအဖြစ်ပဲ ဖတ်ပေးကြပါနော် ။
ဒီဝတ္ထုထဲက ရွာနာမည်ကို
” ဤရွာ ” လို့ နာမည်ပေးထားပါတယ် ။
ဒီ ဝတ္ထုထဲက ဇာတ်ကောင် ကောင်လေးရဲ့ နာမည်က
” ဤကောင်လေး ” တဲ့ ။
40 comments
ဖြူစိုင်း လူ
March 14, 2014 at 7:39 am
” ဤရွာ ” ထဲမှ ” ဤကောင်ကြီး ” သည်ကား ဆွေခန်း မျိုးခန်းပြတ်သွားလေပြီ။
ပြောစရာတွေရင်ထဲမျို
ရေးစရာတွေ အသာထိန်း
စိတ်လိုလက်ရရှိသော်မျှ
ဖွဘုတ်မှာသာ
ဝေဒနာ အပိုင်းအစတွေထုတ်ပြရင်း
တစ်ယောက်တည်း
ကြေ..
ကွဲ…..။
alinsett (gazette)
March 14, 2014 at 8:34 am
ရပ်ဆွေရပ်မျိုးဖြစ်တဲ့
ကျနော့်ကိုတော့ မပြတ်လိုက်ပါနဲ့ ခင်ဗျ
ဘရန်းဒက် ကေဇီ
March 14, 2014 at 8:20 am
တစ်ခုတော့ သတိထားလိုက်ပေါ့။
ကိုယ် လုပ် သမျှ ဟာ ……………….
1) ကိုယ် လုပ်ချင်လို့ လုပ်တာရယ်
2) ကိုယ် လုပ်သင့်ထင်လို့ လုပ်တာရယ်ပဲ ဖြစ်သင့်တယ်။
ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုတာတွေက ကိုယ် လုပ်ရပ် ကိုယ့်စကားတွေကို တာဝန်မယူနိုင်ရာကျပါတယ်။
ငါ့မောင်လေး က ဒီလောက်ပြောရင် သဘောပေါက်မှာပါနော့။
ကိုယ့်ပျော်ရွှင်မှု တက်ကြွမှု ယုံကြည်မှုတွေက သူများအပြော အပြုအမူပေါ် မှီခိုနေရတာလောက် ပင်ပန်းတာမရှိ။။
ပြီးတော့ သူများ ပေါ့ပေါ့ပြောတဲ့ ၊ တမင်ပြောတဲ့ စကားမျိုးတွေမှာ လမ်းမဆုံးစေချင်ဘူးးး
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တသားတည်း တထပ်တည်းပဲဖြစ်စေချင်တယ်။
ရှေ့လျှောက် ကြုံရမဲ့ လောကဓံဆိုတာ ………..
ဒီရွာထဲမှာ ……………..
အဝေဖန်ခံရတာထက်
ကော်မန့်တွေ အနီပေးခံရတာထက်
အဆဲခံရတာထက်
ကော်မန့်မရတဲ့ ပို့(စ) တွေ တင်မိတာထက်ကို …..
အများကြီး ………အများကြီး …………ဆိုးပါတယ်။
ဒီလောက်ကို စာမဖွဲ့ပါနဲ့တော့။
မမဂျီးက ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူးး
ငါ့မောင်လေးကို ချစ်လို့ပြောတာမှတ်ပါ။ (စီဒီတူ ချစ်နိုင် စိတ်ပညာ)
:chit:
alinsett (gazette)
March 14, 2014 at 8:32 am
ဟုတ် မမဂျီး
အဲဒီ အားပေးစကား အကြံပေးစကားက အားဖြစ်ပါပြီ။
ကျေးဇူးပါ။
snow smile
March 14, 2014 at 8:20 am
ဖတ် ရင်း နဲ့
တ ခု ခု ကို ခံ စား မိ သ လို လို
တ ခု ခု ကို မြင် မိ သ လို လို
တ ခု ခု
ဒါ ဟာ တ ခု ခု လား
alinsett (gazette)
March 14, 2014 at 8:35 am
ဒါဟာ
တခုခုပါ။
🙂
snow smile
March 14, 2014 at 9:09 am
လော က ကြီး ထဲ မှာ တ ခု ခု တွေ များ လှ ပါ တယ်
အ လင်း ဆက် ရေ
တ ခု ခု တွေ ဟာ
ကြာ လာ တဲ့ အ ခါ
တ ခု ခု တောင် မ ဖြစ် တော့ တာ တွေ
အ များ ကြီး ပါ
မ လို တာ တွေ dekete လုပ် ပြစ် လိုက် ပါ
အ လေး မ ခံ ပါ နဲ့
snow smile
March 14, 2014 at 9:11 am
မ လို တာ တွေ delete လုပ် ပြစ် လိုက် ပါ
(မှား နှိပ် မိ လို့)
မဟာရာဇာ အံစာတုံး
March 14, 2014 at 9:15 am
နင့်ဝတ်ထုထဲက အတိုင်းဆိုရင်
နင့် ကောင်လေးက
ပျော့မလိုလိုနဲ့ အတော် မာတာပဲ
မာတာမှ ကြွတ်ဆပ်နေအောင် ပါတာ ..
ဒါကြောင့် တစ်ခုခုနဲ့ ခိုက်မိတဲ့အခါ ကွဲလွယ်တာပေါ့ဟာ …
ငါကတော့ ဒါပဲ ပြောချင်တယ် …
alinsett (gazette)
March 14, 2014 at 9:31 am
အင်းးး
—-
🙂
alinsett (gazette)
March 14, 2014 at 9:36 am
ကျားးးကျားးးလို ့ နောက်တစ်ခါ ပြောလိုက်ပြန်ပါပြီ။
နောက်တယ်ပဲ ထားကြပေါ့။
ဝတ္ထုတစ်ပုဒ် ပုံပြင်တစ်ပုဒ်လို့ပဲ ထင်ကြပေါ့။
ဒါမှ တကယ့်တကယ် ကျားလာသလို ဖြစ်တဲ့အခါ. . .
ဘယ်သူမှ မယုံနိုင်တော့မှာ. . . .
——-
ကျနော် ဂဇက်မှာ ပိုစ့်တွေတင်လာတာ သုံးနှစ်နီးပါး
ပိုစ့်သုံးရာကျော်
အကြောင်းတစ်စုံတစ်ရာ
ရည်ရွယ်ချက်တစ်ခုခု မရှိပဲ မတင်ပါဘူး ။
တစ်ပုဒ်ပဲ မူးမူးနဲ့တင်ဖူးတယ် ။
အားးးးးးးးးး ဆိုတဲ့ပိုစ့်။
ကျန်တဲ့ပိုစ့်တွေအားလုံး အစီအစဉ်တကျတွေးပြီး ရည်ရွယ်ချက်တစ်ခုကြောင့်တင်ပြတာချည်းပဲ။
ဒါပါပဲ။
အခုလည်း ဒီပိုစ့်က ဝတ္ထုတစ်ပုဒ် အဖြစ်
စကားပြေတောင် ဖြောင့်အောင်မရေးတတ်တဲ့ကြားက ရေး တင်လိုက်တာပါ ။
🙂
Foreign Resident
March 14, 2014 at 10:24 am
alinsett (gazette) says:
” ကိုယ့်ပိုက်ဆံနဲ့ကိုယ် တိုင်ကပ်နာရီ ဝယ်ကြေးဆို
အဲဒီလောက် ကောင်းတဲ့နာရီ မဝယ်နိုင်ပါဘူးဗျာ
အလွန်ဆုံး လေး ငါးထောင်တန်ပဲ ဝယ်နိုင်မှာ . . .
အခုလို သောင်းကျော် နှစ်သောင်းနီးပါး တန်မယ့် အမျိုးအစားကောင်းနာရီ ကို
အခုမှ အိမ်မှာ တစ်လုံး ချိတ်ဖူးတဲ့ ဆင်းရဲသားပါ ”
” ဂဇက်နဲ့ ပက်သက်သမျှ ရထားသမျှလေးတွေ
ကျနော့်ဆီမှာ တရိုတသေ သိမ်းထားတာတွေအများကြီးပါ။
ဂဇက်သတင်းစာလေးတွေ စာမူစုထုတ်ထားတဲ့စာအုပ်လေးတွေ
လက်ဆောင်ရထားတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်ကြီးရယ်
ကုန်ကုန်ပြောရရင် သဂျီးလှမ်းပို့တဲ့ကဗျာစာမူခဒေါ်လာ ၁ဝ ထည့်တဲ့
စာအိတ်အဖြူလေးတောင် အခုထိ သိမ်းထားပါသေးတယ် ”
” အိမ်မှာ အဲဒီလို ပုံစံတူ နာရီတစ်လုံး ရှိပါသေးတယ် ဂဇက်က ပေးတာပါပဲ။
ကျနော့်အမေ နာမည် အတာလွင်ဆိုတာနဲ့ရေးထားတဲ့
လူသားအတွေး ဆိုတဲ့ ကဗျာ . . .ဆု လက်ဆောင်လေးပေါ့။
အိမ်မှာ ချိတ်ထားပြီး ပီတိဖြစ်နေတယ်။
နောက်တစ်ခု ဂဇက်က ဆုပဲ . . .ကျောက်စီပန်းချီကားလေး
ဒါလည်း အမှတ်တရ အဖြစ် ချိတ်ပြီး ကြည့်ပြီး ကြည်နူးနေတာ ”
” ဒီ နာရီကတော့ တန်ဖို့ထားလွန်းလို ့ပိုအသုံးတည့်မယ့်နေရာကို ပို့မိတာပါ ”
ညီလေး အလင်းဆက် ရေ ။
ပထမဆုံး အချက်အနေနှင့် ပြောရရင်တော့ ၊
ရင်ထဲကို တကယ်ထိခိုက် ခံစား ၊ ကိုယ်ချင်းစာမိပါတယ် အလင်းဆက်ရေ ။
အဘ တို့ ဖတ်ရွေးတွေရဲ့ လက်ဆောင်ကို ၊ တန်ဖိုးထားကြောင်း သိရလို့ ၊
အဘတို့လည်း ရင်နှင့်အမျှ ကြည်နူးရပါတယ်ကွယ် ။
ဒုတိယ အချက်ကတော့ ၊ အမှန်က ၊
တစ်ဘက်သားကလည်း ညီလေး ကို နစ်နာပါစေတော့ ဆိုပြီး ပြောပုံ မရပါဘူး ။
အဖြစ်အပျက် လေးတစ်ခုကို ၊ ချမ်းသာပြီးသား လူကြီး တစ်ယောက်က ၊
ဒါဆိုရင် ဒီလိုတော့ဖြစ်လောက်တယ် ဆိုပြီး အလွယ် မြင်မိလိုက်တဲ့ အမြင် နှင့် ၊
ချမ်းသာမှုကို ရှာဖွေ ရုန်းကန်နေရဆဲ လူငယ်လေး တစ်ယောက် ရဲ့ ၊
ရုန်းကန်နေရဆဲ အမြင် ၊ ခံစားမှု တွေ နှင့် ကွဲလွဲသွားရတဲ့ တစ်ခဏလေး တစ်ခုပါဘဲ ။
ဒီလို အဖြစ်မျိုးတွေဟာ ၊ ယခင် ကလည်း ရှိခဲ့ ၊
ယခု လည်း ရှိ ၊ နောင် လည်း ထပ်ရှိလာဦးမယ့် အဖြစ်တွေပါ ။
( ဒီ ကိစ္စမှာ အဘ ကိုယ်တိုင်လဲ သင်္ခန်းစာ ယူမိပါတယ် )
တတိယ ပိုအရေးပါတဲ့ အချက်ကို ပြောရရင်တော့ ၊
အပေါ်မှာ မ ခိုင်ဇာ မန့်သွားသလိုပါဘဲ ။
ဘဝ မှာ ရှေ့လျှောက် တွေ့ရမယ့် လောကဓံ တွေဟာ ၊
အခု ညီလေး ကြုံခဲ့ရတာထက် အများကြီး ပိုဆိုးပါတယ်ကွယ် ။
ဒါလေးကို သင်္ခန်းစာလေး / လေ့ကျင့်ခန်းလေး တစ်ခု အနေနှင့် ၊
ယူလိုက်နိုင်ရင် ဒီ အဖြစ်အပျက်ကနေ ညီလေး အမြတ်ရပါတယ် ကွယ် ။
Fighting !!!
alinsett (gazette)
March 14, 2014 at 10:47 am
ဟုတ် အဘဖော
အဘဖောရဲ့ စကား ဖတ်ရတာ
ရင်ထဲ လှိုက်ခနဲတောင်ဖြစ်မိပါတယ်။
အားလည်း တက်မိပါတယ်။
ကျနော် အားတင်းထားပါ့မယ်
ကျေးဇူး အထူး အထူး ပါနော်
kyeemite
March 14, 2014 at 11:06 am
သို ့သော်. . .
ဤ ကောင်လေး ဆက်လျှောက်နေသော လမ်း၏ မျက်နှာမူရာ အရပ်သည်. . . ရွာ့အပြင်ဘက် ဖြစ်ခဲ့ပြီ ။
ဘိုဖစ်တာလည်းဤကောင်လေးရယ်…နီ့ကိုဘူတွေက ဘာပြောလို့လည်းကွယ်…နာ့ကိုပြောပြ
နာ..နင့်ကိုယ်စားတွယ်ပစ်မယ်…မျှော့လို :loll: 😛 😀
alinsett (gazette)
March 14, 2014 at 1:05 pm
မျှော့လိုတွယ်မယ်ဆိုလို ့ စိတ်ညစ်နေတာတောင် ပျောက်ပြီး
ပြုံးမိသွားတယ် ။
🙂
ဦးဦးပါလေရာ
March 14, 2014 at 11:38 am
တကယ်တော့ ကျုပ် ရွာဝင်တိုင်း အီလီးဂဲလ်ပါရာမီတာ ဆိုပြီး အယ်ရာပြပြနေလို့
အမြင်ကတ်တာနဲ့ ရွာမဝင်တာကြာပြီ…
အခု ဒီဝတ္ထုထဲက ကောင်လေးကို မတ်စိ ပေးချင်လို့ မနည်း ကြိုးစားဝင်လာတာ….
ဒမှာ ကောင်လေး ရေ …..
ဒီရွာက ဇောက်ထိုးမိုးမျှော် ကပြောင်းကပြန် ထော်လော်ကန့်လန့်တည်ထားတဲ့ရွာ မလို့ ..
ဝင်္ကဘာ နဲ့ တူ သကွဲ့ ……
အပြင်ထွက်ဖို့ ကြိုးစားရင်း အထဲ ချည်း ပြန် ပြန်ရောက်တတ်တယ်….
အဲဒါ …. ပြောင်းပြန် သီအိုရီ ကိုသုံး….
ကျုပ်ကိုကြည့် …..
အထဲဝင်ဖို့ ကြိုးစားတော့မှ တဖြေးဖြေးနဲ့ အပြင်ရောက်လာတာ ခြံစည်းရိုးနားကပ်နေပြီ…။
alinsett (gazette)
March 14, 2014 at 1:03 pm
ခက်ခက်ခဲခဲ ဝင်လာ အားပေးစကားပြောတာ ကျေးဇူးပါ ဦးပါရေ
🙂
ကျနော်လည်း တကယ်တော့ ထော်လော်ကန့်လန့်တစ်ယောက်ပါပဲ။
ကြေကွဲလွယ်သော
ခံစားမှုပြင်းထန်သော ထော်လော်ကန့်လန့်ကောင်လေးပေါ့
🙂
kai
March 14, 2014 at 11:42 am
ဟဲ့.. အဲဒီအိပ်.. ကျုပ်ထည့်လိုက်တာမဖြစ်နိုင်ဘူး..။
ကြားထဲကဂျီးဒေါ်တွေ အမြင်မတော်လို့ထည့်ပေးလိုက်တာနေမယ်…
ဆိုတော့..
နောက်ဆို.. အိပ်တွေချည်း(အထဲဗလာ) ပို့ပေးမယ်နော..
နောက်တာ.. (ကြည့်ရတာ.. အတည်ကြီးလိုက်လုပ်နေသမို့ နောက်လို့ကောင်းမယ့်ပုံ..။ )
ပြောချင်တာက..
လောကမှာ.. တော်ယုံကိစ္စတွေ.. သိပ်ပြင်းပြင်းမခံစားနဲ့.. (no hard feelings!)
နှလုံးသားဆိုတာက.. တခုထဲရှိတာ.. စပယ်ယာရှိတာမဟုတ်..။
ချစ်ရမယ့်ကိစ္စတွေအတွက်….. ချန်ထား..
alinsett (gazette)
March 14, 2014 at 1:01 pm
အိတ်တွေချည်း ပို့ပေးရင်တော့ များများပို ့နော်
ပိဿာချိန်နဲ့ ရောင်းစားမှာ
အဟိ
*******
ကျနော်ကလည်း ခက်တယ် သဂျီးရယ်
သူများအတွက် ဘာမှ မဟုတ်တာလေးတွေကတောင်
ကျနော့်ကို ဒဏ်ရာဖြစ်တယ်
surmi
March 14, 2014 at 1:05 pm
သဂျီးစကားတော့ ဒီတခါ အကြိမ်တသိန်း ထောက်ခံတယ်ကွာ
မိန်းမတောင်ယူဖို့ သတ္တိရှိရင် ၊ ကျန်တာ အေးဆေးပါကွယ်
အခုလောလောဆယ်ဆယ်ကောင်မလေးဆီက အကြွေးရအောင်တောင်း
alinsett (gazette)
March 14, 2014 at 1:19 pm
အချစ်ပွဲမှာလည်း
အလဲလဲ အကွဲကွဲပါ ဦးဆာရယ်
ဘွဂ အက်သလို. . . .
🙁
sorrow
March 14, 2014 at 1:51 pm
ဒါလေးတော့ အချစ်ကိစ္စမို့ …ဝင်ပြောလိုက်ပါအုံးမယ်…ငါလေ..ငယ်တုန်းက မုန့်တစ်ခုအလွန်စားချင်…ပိုင်ရှင်ကလဲမကျွေး…အတင်းတောင်းမရ….စိတ်မရှည် လာ…ဇတ်ကနဲဆွဲလု ..ပါးလုပ်ထဲပစ်ထည့်ပလိုက်တာ….
ပိုင်ရှင်…ဘာဆိုဘားမှမတတ်နို်င်ဘူး….ဆိုတော့ကာ ပေးချင်တဲ့မတ်ဆေ့က …
တချို့ ကိစ္စတွေမှာ သိပ် လူကြီးလူကောင်းမဆန်နဲ့ ..ခွင့်တောင်းမနေနဲ့….ဇတ်ကနဲဆွဲလုပလိုက်….အဟီးးး…
ရွှေတိုက်စိုး
March 14, 2014 at 1:29 pm
ဤ ကောင်လေး ဤ ကိစ္စ ကို ဤ လို ခံစားနေသမျှ… ဤ ရွာမှ ဤ အကြောင်းပြချက်ဖြင့် ဤ ကောင်လေး ထွက်ရမည်မထင်နှင့်..
ဤ ကောင်လေး ဤ နှလုံးသာ နုနေသမျှ ဤ သို.ခံစားနေရအုံးမည်အမှန်..
ဤ ရွှေတိုက်..
alinsett (gazette)
March 14, 2014 at 4:21 pm
ဤ comment ကို ပေးသွားသော
ဤ ရွှေတိုက်တိုက်အား
ဤကောင်းလေးက
ဤသို့ ကျေးဇူးတင်မိပါကြောင်းး
🙂
Ma Ma
March 14, 2014 at 2:09 pm
လောကကြီးထဲမှာ ရှိနေသရွေ့ လာကဓံဆိုတာ ကြုံနေရ/ကြုံကြရအုံးမှာပဲ။
ချီးမွှမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်ဆိုတဲ့စကားရှိတယ် မဟုတ်လား။
ကိုယ့်ကို ချီးမွှမ်းတာလည်း ကြာကြာမခံဘူး ပျောက်ကွယ်သွားမှာပဲ။
ကိုယ့်ကို ကဲ့ရဲ့တာလည်း ကြာကြာမခံဘူး ပျောက်ကွယ်သွားမှာပဲ။
ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်၊ ကိုယ့်လိ်ပ်ပြာကိုယ်လုံဖို့သာ အရေးကြီးပါတယ်။
ရဲရဲဝံ့ဝံ့ ဆက်လက်ချီတက်စေလိုပါကြောင်းးးးးးးးးးးးး 🙂
alinsett (gazette)
March 14, 2014 at 4:19 pm
ဟုတ် အန်တီမမ
ကျေးဇူး
😆
လုံမလေးမွန်မွန်
March 14, 2014 at 2:35 pm
သိပ်မခံစားပါနဲ့ဟာ… နင့်အစား ပင်ပန်းလိုက်တာ.. အစွဲအလန်းလည်း သိပ်မထားနဲ့.. ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တဲ့.. သိလား..
ဟိ..တရားဝင်ဟောတာ..
ပုံ
ဆရာလေး
alinsett (gazette)
March 14, 2014 at 4:18 pm
ဦးဘဟန်ကြောင့် ဦးဘ ရောက်တယ်ပေါ့နော်
🙂
မိုး မင်းသား
March 14, 2014 at 5:27 pm
အီးရွာနဲ ့အီးကောင်လေးဆိုတော ့ရွာထဲမမှာတော်တော်နံနေလောက်ပြီ
ဗုံဗုံရေ ရွာထဲကိုမဝင်နဲ ့ဦး
အီးဇါတ်လမ်းကမပြီးသေးတာမို ့ပါ
alinsett (gazette)
March 14, 2014 at 5:31 pm
ဤဇာတ်လမ်း လို့တော့ လုပ်ပါဗျာ
ဒါနဲ့ ဘာလို့များ ဗုံ ကို ဆွဲထည့်ရပြန်တာလဲဟင်
🙂
TNA
March 14, 2014 at 6:47 pm
စိတ်လျှော့ပါအေရယ်။ ထွက်တော့မသွားပါနဲ့။ ကိုယ်ရေးတဲ့စာ ကိုယ်ကျေနပ်ရင်ပြီးတာပါပဲလေ။ သိပ်တော့လဲခံစားချက်မထားပါနဲ့။
alinsett (gazette)
March 14, 2014 at 7:48 pm
အခု ချက်ချင်းကြီးတော့
ထွက်မသွားသေးပါဘူး။
:kwi:
padonmar
March 14, 2014 at 9:39 pm
ကျု ုပ်တို့တော့ ဘူဘာပျောပျော ဒီရွာက ထွက်ဘူးအေ။
စာကိုချစ်လို့ ၊ရွာကိုချစ်လို၊့ ရွာသူားတွေကိုချစ်လို့ နေနေတာ။
ညည်းကလည်း ဒီလိုပဲ ချစ်ရဲ့သားနဲ့
ထွက်မယ်ထွက်မယ်ပြောရင်
ကျုပ် စိတ်ကောက်ပလိုက်မှာနော်။
alinsett (gazette)
March 15, 2014 at 8:25 am
ချစ်တော့ ချစ်တုန်းပဲ။
ဒါပေမယ့် ကြောက်လည်း ကြောက်လာတယ်
🙂
padonmar
March 15, 2014 at 10:55 am
တခုသောမြို့မှာ မြတ်စွာဘုရားကို ဆဲရေးကြတော့ အရှင်အာနန္ဒာက ဒီမြို့ ကပြောင်းကြဖို့ လျှောက်သတဲ့.
မြတ်စွာဘုရားက နောက်မြို့ ကလူတွေကလည်း ဆဲရေးကြရင် ဘာလုပ်မလဲအာနန္ဒာလို့ တမြို့ပြီး တမြို့မေးရင်း `ချီးမွမ်း ခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက် ´ဆိုတဲ့ စကားပေါ်လာပါတယ်။
အလင်းဆက် တော်လိုက်တာလို့ ချီးကျူးကြတဲ့ စကားတွေကိုလည်း ဒီလိုပဲ သဘောထားလိုက်ပါ။
alinsett (gazette)
March 15, 2014 at 4:27 pm
ဟုတ်…တီတီ…
ဦးကြောင်ကြီး
March 17, 2014 at 12:52 pm
ဗုံမရဒေါ့
အိုးစည်ရှာ
ရှမ်းသူပုန်နဲ့တွေ့
ဂုဒေါ့သေလျှာပီ
ရွာထဲဂကောင်လေး
နောင်မမေးလေနဲ့
အမျှ အမျှ..
alinsett (gazette)
March 17, 2014 at 1:06 pm
သာဒု သာဒု သာဒု
အဟိ
🙂
lu lu
April 9, 2014 at 7:58 pm
ကိုဆက်ကြီး
ဟိုရွာ က ဟိုကောင် မ လေး ဇာတ်လမ်းရော မ ရေးချင် ဘူး
လား ဤကောင် လေး ကရွာအပြင် ထွက်သွား တာဆို တော့
ဟိုရွာကို ရောက်သွားပြီ လားလို ့
alinsett (gazette)
April 9, 2014 at 10:15 pm
ဟိုရွာကို ရောက်လုရောက်ခင်….
အင်း…ရောက် လု ရောက် ခင်….
🙂