ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၅)
ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၄) သို ့….
ဝတ္ထုတိုအမည် . . .” မိတ်ဆွေ ”
ဖန်တီးသူ . . . ”တာရာမင်းဝေ ”
ပြန်လည် ခံစား တင်ပြသူ . . . အလင်းဆက်(Gazette)
———————————
ကိုယ်ကတော့ ရိုးရိုးပဲ မေးမိခြင်းဖြစ်သည် ။
” အဲဒီတုန်းက အမှောင်ထဲမှာဆိုတော့ ခင်ဗျား ဘာကိုမှ မမြင်လိုက်ရဘူးပေါ့ ဟုတ်လား ”
သူက. . .နဖူးကြောကြီးရှုံ့ကာ. . .အတော်ကြာအောင် စဉ်းစားသည် ။
ပြီးမှ. . . . .
” ဘာကိုမှ မမြင်ရဘူးတော့ မဟုတ်ပါဘူး ”
” ဟင် ဒါဖြင့် ဘာကို မြင်ရသလဲ ”
” အမှောင်ကိုတော့ မြင်ရတာပေါ့ဗျာ ”
ထိုအခါကျမှ . . .
ကျွန်တော် သဘောပေါက်သွားသည် ။
” အော်. . . ခင်ဗျားက ဒဿနဆရာကိုး. . . .”
((‘တာရာမင်းဝေ / ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း . . .မှ. . ))
#####################
ဒီ ဝတ္ထုတိုလေး ဖတ်အပြီးမှာ. . .
သူရ . . .
တခြား ဘာမှ . . .
ထူးထူးထွေထွေ. . . . . ခံစားပြမနေတော့ပါဘူး ။
တစ်ခွန်းသော စကားကိုပဲ. . . . .ပြုံးစိစိလေးနဲ့ ရေရွတ်မိတော့တယ် ။
” အော်. . .သူက ဒဿနဆရာကိုး. . .”
——————————–
အလင်းဆက် ( Gazette )
14 / 3 / 2014 / 10 : 24 PM
#####################
4 comments
kai
March 16, 2014 at 6:06 am
စင်္ကြာဝဌာကြီးထဲ.. ပါဝါအကြီးဆုံးက.. Dark Energy ပဲ..။
ဘယ်လောက်အာဏာပါဝါကြီးသလဲဆို.. အလင်းကသူ့ကိုမနိုင်ဘူးလေ..။
သူက..တချိန်လုံးကြီးမားပြန့်ကားနေပါသတဲ့..။
အဲဒါကိုမြင်အောင်ကြည့်… ။ မြင်တဲ့နေ့.. ပါဝါအကြီးဆုံးသူဖြစ်မပေါ့..။
Dark Energy: The Biggest Mystery in the Universe | Science …
http://www.smithsonianmag.com/…/dark-energy-the-biggest-myst…
Smithsonian
Rather than slowing down, scientists say, the expansion has been speeding up, driven by dark energy. This map of hot spots across the infant universe shows …
ဘရန်းဒက် ကေဇီ
March 16, 2014 at 6:19 am
အာ့ဆို တို့နိုင်ငံက ပါဝါအကြီးဆုံးပေါ့။
မီးမလာတော့ မှောင်နေလို့။
alinsett (gazette)
March 16, 2014 at 9:24 am
မြင်တတ်မယ်ဆိုရင် အမှောင်စွမ်းအားကို
ခမ်းခမ်းနားနားကြီး တွေ ့ရမယ့်နိုင်နံပေါ့နော်
🙂
alinsett (gazette)
March 16, 2014 at 10:52 am
ကြည့်သောသူမှ မြင်အိ
မြင်သောသူမှ သိအိ
သိသောသူမှ ရှိအိ
🙂