မိုးနှင့်အတူ မျောလိုက်ချင်တယ်….

moonpoemMay 11, 20141min3106

တဖွဲဖွဲတဖြောက်ဖြောက် ဖြင့်ကျနေသော မိုးရေစက်တို ့သည် ကောင်းကင်မှသည် စိန်ပန်းနီနီတို ့ကြား၊ ငုဝါပန်းတို ့ကြားမှ တိုးလျှိုးဝင်ရောက်ကာ ကမာ္ဘမြေကြီးကို လာရောက်နှုတ်ဆက်ကြလေသည်။ မိုးရေစက်တို ့နှင့်အတူ ပန်းအလှရောင်စုံ၊ စိမ်းလန်းသောမြက်ခင်းတို ့သည်လည်း သက်ဝင်လှုပ်ရှားလာလေရာ
သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြည့်လို့ကောင်းသော ရုပ်ရှင်ဇာတ်လမ်းတစ်ခုပမာ ။

မိုးစက်တို ့တည်ရှိရာ ကောင်းကင်ထက်သို မော့အကြည့် မျက်ဝန်းအိမ်သည် မိုးရေစက်အချို ့တို ့ကြောင့် စိုစွတ်ဝေဝါးလာလေသည်။ဝေဝါးနေသော မျက်ဝန်းတို ့တွင်တော့ မြင်ယောင်နေမိသည်က အတိတ်က မိုး နေ ့များဆီသို ့…..။

ထစ်ချုန်းမိုးရွာသွန်းသော မိုးနေ ့လယ်ခင်းတစ်ခုတွင် ကျွန်မနှင့်သူ စတင် တွေ ့ဆုံခဲ့ကြသည်။ မိုးနေ ့များတွင်မိုးရွာထဲ လျှောက်သွားရခြင်းသည် နွေ နေ ့များတွင် နေပူပူထဲ သွားရခြင်းထက် အေးချမ်းသည်ဟူသော အယူအဆများဖြင့် ကျွန်မတို ့မိုးထဲလေထဲတွင် ရန်ကုန်မြို ့ရှိလမ်းများပေါ်တွင် လျှောက်လှမ်းခဲ့ဘူးကြသည်။

ကော်ဖီဆိုင်ထဲတွင် ထိုင်ကာ ရွာနေသောမိုးကို ငေးကြည့်ရင်း မိုးနှင့်ပတ်သတ်သော သီချင်းတွေ၊အနုပညာအကြောင်းတွေ ပြောကြသလို၊အနာဂတ်ဧ။် ခြေလှမ်းအချို ့အကြောင်းတွေ ပြောကြရင်း အတူတူ အချိန်ကုန်ခဲ့ကြဘူးသည်။

မိုးရာသီ ၂ရာသီစာသည် ပျော်ရွှင်မှုများကို ဆောင်ကျဉ်းပေးနိုင်ခဲ့သော်လည်း ၃ရာသီမြောက် မိုးရာသီသည်တော့ ကျွန်မအတွက်ရော သူ ့အတွက်ပါ ပျော်ရွှင်မှုအစား ဘဝဆိုသည့်အရာ၊ မသေချာသော အနာဂတ်စာမျက်နှာများ၊မရေရာသော မျှော်လင့်ချက်များဝင်ရောက်လာသောအခါ နားလည်မှုတွေ သည်းခံမှုတွေ ပျောက်ဆုံးပြီး ခါးသီးမှုတွေသာ ယူဆောင်လာခဲ့သည်လေ။

ခါးသီးခြင်းတွေ ခံရဖန်များလွန်းသော တစ်နေ ့တွင်တော့ အချစ်ဧ။် ပထမလမ်းခွဲဖြစ်သော ပေါင်းဖက်ခြင်းအစား ဒုတိယလမ်းခွဲဖြစ်သော စွန် ့လွှတ်ခြင်းကိုသာ ကျွန်မတို ့ရွေးချယ်ခဲ့လိုက်ပါသည်။နာကျင်ခြင်း ခါးသီးခြင်းတို ့ဖြင့် ချစ်နေတာထက် စာလျှင်တော့ လွမ်းမောခြင်း တမ်းတခြင်းတို ့ဖြင့် စွန် ့လွှတ်ခြင်းသည်သာ ပိုကောင်းသည်မဟုတ်ပါလား။ထိုနေ ့ထိုရက်မှစရျ် ကျွန်မဘဝတွင် အချစ်ကန် ့လန့်ကာ တစ်ချပ်အပြီးတိုင ်ချသွားခဲ့လေသည်။

မိုးရေစက်များအကြား…အတိတ်အကြောင်းကို တွေးတောနေသည်မှာ မည်မျှကြာသည်မသိ။
ကားဟွန်းတီးသံအချို ့ ဘေးနားက အသံအချို ့ကြားတော့မှ ကျွန်မ ပြန်လည် အသိဝင်လာသည်။ကျွန်မအိမ်ပြန်ဖို ့တောင် နောက်ကျနေပါရောလား။

မိုးစက်များကို နှုတ်ဆက်ရန် မိုးပေါ်ကို ပြန်မော့ကြည့်လိုက်ပြန်တော့ မိုးရေစက်တွေကား
မရှိတော့။မိုးစက်တို ့မရှိတော့သော်ငြားကျွန်မဧ။်ပါးပြင်ပေါ်သို ့ကျဆင်းလာသည့် ရေစက်အချို့သည် မိုးရေစက် အကျန်တစ်ချို ့လား။ဒါမှမဟုတ် အချစ်လက်ကျန် မျက်ရည်စက်အချို ့လားဆိုတာတော့ ကိုယ့်ကိုယ်တိုင် ပင် မသိ။ဝေခွဲရျ်ကြည့်နိုင်သော စိတ်စွမ်းအားလည်း မရှိတော့သဖြင့် မိုးနှင့်အတူ အလွမ်းများကိုပါ ထားရစ်ကာ နှုတ်ဆက်ခဲ့တော့သည်။ဒီဘဝ ဒီမျှနှင့်တင် ရှိပါစေတော့လေ…။

6 comments

  • alinsett (gazette)

    May 11, 2014 at 3:29 pm

    မိုးရွာထဲမှာ ငိုခြင်းး
    အင်းးးးး
    ကျနော့်ဒိုင်ယာရီစာရွက်တချို့ထဲမှာကော
    အဲဒါမျိုး ရှိခဲ့ဖူးသလားပဲ
    တော်ပါပြီကွယ်
    မေ့တေ့တေ့လက်စနဲ့
    ပျောက်တောက်တောက် လိုက်ပါတော့မယ်

    • moonpoem

      May 11, 2014 at 3:41 pm

      မေ့လက်စနဲ ့မေ့တော့မှာတဲ့လား ကိုအလင်းဆက်ရယ်။ ကျွန်မ အကြွေးတွေ ပြန်မဆပ်တော့ဘူးလား။ 😛

      • alinsett (gazette)

        May 11, 2014 at 4:01 pm

        တိန်

        :mrgreen:

        စပါးပေါ်ရင် ကြည့်ကျက် ဆပ်ပါ့မယ်
        အသိမ်းမခံရသေးတဲ့ လယ်လေးတစ်ကွက်နဲ့
        ကြိုးစားနေပါတယ်

        :mrgreen:

  • lu lu

    May 11, 2014 at 7:15 pm

    Lဆိုင်းဇီ နဲ ့ပဲလွမ်းတော့မယ်
    မိုးရာသီထဲ

  • ခင် ခ

    September 15, 2014 at 12:32 am

    ဒီနေ့ မန်းမှာမိုးတွေရွာလို့မိုးနဲ့ပက်သက်ပြီးတစ်ခုခုခံစားနေမိ သလိုလိုဖြစ်မိတယ်

  • Yae Myae Tha Ninn

    September 15, 2014 at 1:41 pm

    အော်.. ရယ်သောသူလဲ မရယ်နိုင်တော့ပါလား.. Own Tune လား… Own Event လားဗျ… 🙂

Leave a Reply