ကျွန်မ…………
ကောင်းကင်ပြာ ရွာထဲရောက်တာ သုံးနှစ်လောက်ရှိပေမယ့်…ပို့စ်တွေ သိပ်မတင်ဖြစ်ဘူး…။ အလုပ်များတယ်၊ ကွန်နက်ရှင်မကောင်း ဆင်ခြေအမျိုးမျိုးနောက်မှာ ပုန်းအောင်းနေခဲ့မိတယ်..။ အမှန်တော့ စာရေးသိပ်မကောင်းတာ ကိုယ့်အကြောင်းကိုယ် သိလို့ပါ….။
ခုနောက်ပိုင်းတော့ မနက်နိုးတာနဲ့ ရွာဝင်လည်ဖြစ်နေတယ်..။ ဘယ်သူဘာတွေ တင်လဲ..၊ ဘယ်သူ ဘယ်လိုလေးများ မန့်ထားလဲပေါ့လေ….။ တခါတလေကျ မနေနိုင်တော့လဲ မန့်ပေါ့..။ တချို့ ပိုစ့်လေးတွေကျ ဒီတိုင်းလေး ကြည့်ပြီး ပြန်ထွက်သွားဖြစ်တယ်..။ ကိုယ်မန့်လိုက်မှ အရသာပျက်သွားမှာ စိုးလို့ပါ..။ အိမ်မှာ ဖုန်းနဲ့သုံးတာဆိုတော့ စာရေးရသိပ်အဆင်မပြေ၊ ရုံးမှာတော့လဲ ရောက်တာနဲ့ရွာထဲဝင်တယ်..။ ဒါပေသိ ကိုးနတ်ရှင်က မချေငံပါဘူး…။ အင်းပေါ့လေ…ဒီလိုင်းလေးရှိတာ…အားလုံးဝိုင်းဆွဲကြတာကိုး…။ ကွန်ပလိန်းနိုင်တဲ့ လူကြီးတွေကို အိုင်တီကသီးသန့်လုပ်ပေးထားလေတော့ သူတို့ ဒီဘက်ကို လျစ်လျူရှုနိုင်ကြတာပေါ့လေ…။ အိုင်တီ တော်ချက်..
ရွာသူားတွေ တစ်နေ့ထဲ ၂ ပုဒ်လောက်တင်တာ မြင်တော့ ကောင်းကင်ပြာလဲ အားကျတယ်..။ တချို့အကိုအမတွေဆို စာရေးသိပ်ကောင်းကြတာပဲ…..
ဟိုတစ်ရက်က ခဝဲခြံဘက်ရောက်ရင်း ရွာထဲပို့စ်တစ်ခုတင်မယ်လို့ စဉ်းစားပြီးနောက် ဒီပို့စ် တင်ဖြစ်ပါတယ်…
ကောင်းကင်ပြာက တိုင်းရင်းသားစပ်တယ်ဆိုရင် ဘယ်တိုင်းရင်းသားနဲ့ တူတယ်လို့ ထင်လဲရှင်…???
ကောင်းကင်ပြာအသိ တော်တော်များများက ကောင်းကင်ပြာကို ရှမ်းလား လို့မေးကြတယ်..။ တချို့က တရုတ်သွေးပါလားလို့လဲ မေးတယ်…။ ကောင်းကင်ပြာတို့မိသားစုကုတဲ့ ဆရာဝန်ကြီးကတော့ ရဝမ်နဲ့ တူတယ်လို့ ပြောဖူးတယ်…ရဝမ်က ဘယ်လိုပုံလဲ..? ကောင်းကင်ပြာ သေချာမသိဘူး.၊ ခင်လေးနွယ်ကယ်လို့သာ လီဆူးဆိုတာ အဲ့လိုမျိုးလေးပါလားလို့ သိတယ်..။ လုလုနဲ့ ကချင်နုထွားကြီးကိုပဲ မေးရတော့မယ်..။
ကောင်းကင်ပြာက ကရင်ပါ..။ အမေက ကရင်အစစ်ပေါ့…။ အဖေကတော့ ဗမာ..။ အမေ့ဘိုးလေးဘက်မှာ တရုတ်တွေလဲ ပါတယ်…။
ကောင်းကင်ပြာတော့ ဖထီးတို့ အမိုးတို့လဲ မခေါ်ဖြစ်ပါဘူး..။ အမေ့အမေ အဘွားလက်ထပ်ကတည်းက ရန်ကုန်ရောက်နေလို့ ကရင်စကားလဲ ဘာမှန်းမသိခဲ့ဘူး…။
ကောင်းကင်ပြာက ကရင်တွေထက်စာရင်..ရှမ်းတွေ၊ ချင်းတွေကို ပိုသိသေးတယ်..။
အဖေပြောင်းရာနောက်လိုက်ရင်း..လားရှိုးမှာ ရ နှစ်၊ ကျိုင်းတုံမှာ ၄ နှစ်၊ ကလေးမြို့မှာ ၄ နှစ်နေခဲ့တယ်..။ အဲ့နောက်ပိုင်း အဖေပြောင်းတဲ့ ပူတာအိုတော့ ဝေးတာရော..ကိုယ် ၁ဝ တန်းရောက်တာရောကြောင့် မလိုက်ဖြစ်ခဲ့ဘူး..။ ဒါကြောင့် မြစ်ဆုံဆိုတာကိုလဲ မမြင်ဖူးခဲ့ဘူး၊ ကောင်းမှုတုံဆိုတာကိုလဲ မဖူးလိုက်ရဘူး..၊ ကချင်လူမျိုးတွေကိုလဲ မသိခဲ့ပါဘူး..။
လားရှိုးမှာ အမှတ်ရဆုံးကတော့ ဂုတ်ထိပ်တံတားပဲ…။ အဲ့တံတားပေါ်က ဖြတ်တိုင်း ကိုယ် လေပေါ်ရောက်နေသလို ခံစားရတယ်..။ သိပ်ငယ်သေးတော့ သေချာမမှတ်မိဘူး..။
ကျိုင်းတုံမှာတော့ အမှတ်ရစရာတွေ များတယ်..။ အဲ့ဒီက ရှမ်းတွေ ရှမ်းမလေးတွေက သိပ်ချောကြတယ်..။ ရှမ်းတရုတ်လေးတွေ များတယ်..။ ရှမ်းမလေးတွေဆို ပါးလေးနီနီနဲ့ ဝတ်မှုန်ရွှေရည်တို့ ချောသလိုမျိုး ချောတယ်..။ နယ်စပ် ထိုင်းနဲ့လဲ နီးတော့ AIDS လဲ များမှများ..။ ကောင်းကင်ပြာတို့ အိမ်ရှေ့ကိုတင် တစ်ပတ်တစ်ပတ် ၃ လောင်းလောက် ဖြတ်တယ်..။ ဟိုဘက်ကမ်းကူး၊ အသေခံပြီး သူဌေးဖြစ်ကြံကြတာပဲ..။ ဘယ်လို စိတ်လေးလဲတော့ မသိဘူး..။
မင်္ဂလာဆောင်ရင် တစ်ပတ်ရရက်ဆောင်တယ်..။ နေ့ပိုင်းက လူကြီးပိုင်းအကျွေးအမွေးပေါ့..။ ညဘက်တော့ ခေါင်ရည်နဲ့ လူငယ်တွေပျော်ကြ စ ကြတယ်..
အဲ့ဘက်မှာ ရာမ ပေါတယ်..။ ဆိုင်ကယ်လ်တွေလဲ ပေါမှပေါပဲ..။ ၆ တန်းနှစ်လောက်ဆို ဆိုင်ကယ်လ်စီးကြပြီ..။ ရန်ကုန်မှာ ခု Hot တယ်ဆိုတာ သူတို့ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်ကတည်းက အဲ့မှာ ဖြစ်နေပြီ…။
နောင်တုံကန်၊ လမုန်းအက၊ ဂလုတ်ဂလုတ်ဆွဲတာ…အဲ့ဒါတွေတော့ အမှတ်ရနေတယ်…။ ရှမ်းစကားဆိုလို့
အိမေ..ခါရာမအစ်ပို့
အဲ့ဒါ တစ်ခုပဲတတ်တယ်..။ အမေ ပန်းသီးစားချင်တယ်လို့ ပြောတာပါ..။ ကောင်းကင်ပြာက ပန်းသီးအရမ်းကြိုက်တော့ အဲ့ဒါတစ်ခုတတ်ရင်ပဲ ဘယ်အိမ်ဝင်ဝင် ကောင်းကင်ပြာ ပန်းသီးစားရတယ်..။ ကိုယ်အသုံးတည့်တာ ရွေးသင်ထားရတာပဲ…
ကျိုင်းတုံမှာ အမှတ်အရဆုံးတစ်ခုကတော့ အဘွားတစ်ယောက်ကိုပဲ…။ ကောင်းကင်ပြာ ရ တန်းနှစ်က ကျူရှင်တက်ဖို့ သွားတော့ (အဲ့ချိန် ကောင်းကင်ပြာဆိုင်ကယ်လ်မစီးတတ်သေးလို့ စက်ဘီးနဲ့ပါ) လမ်းမှာ ဆိုင်ကယ်လ်တစ်စီးက အဘွားတစ်ယောက်ကို ပွတ်ဆွဲပြီး မရပ်ဘဲ ထွက်ပြေးသွားတယ်..။ အဲ့ဒါနဲ့ ကောင်းကင်ပြာလဲ အဲ့ဒီအဘွားကို အိမ်လိုက်ပို့ရင်း နောက်ပိုင်းအဲ့ဒီ အဘွားအိမ် ခဏခဏဝင်ဖြစ်တယ်..။ အဘွားကလဲ ကောင်းကင်ပြာကို ချစ်ပါတယ်..။ ကောင်းကင်ပြာယူလာတဲ့မုန့်တွေ အတူစား၊ အဘွားကလဲ မုန့်ပြန်လုပ်ကျွေးနဲ့ အတော်အဆင်ပြေတာပဲ..။ ကောင်းကင်ပြာလဲ စားရသောက်ရတဲ့အိမ် ကိုယ့်မိတ်ဆွေလို့ သဘောထားတော့ ကျူရှင်သွားတိုင်းလိုလို အဘွားဆီ ရောက်ဖြစ်တယ်..။ ကောင်းကင်ပြာမရောက်လဲ အဘွားက မျှော်တယ်..။
တစ်ရက်တော့ အဘွားနောက်မှာ ထမင်းချက်နေတုန်း ကောင်းကင်ပြာ အဘွားအိမ်မှာ ဟိုဟိုဒီဒီကြည့်တယ်..။ ကောင်းကင်ပြာမရောက်ဖူးတဲ့ အခန်းတစ်ခန်းရှိတယ်..။ အဲ့အခန်းက အမြဲပိတ်ထားတာ..။ အပြင်က သော့အမြဲခတ်ထားတော့ ကောင်းကင်ပြာလဲ အမှတ်တမဲ့ပဲ..။ အဲ့ဒီနေ့ကတော့ အဲ့ဒီအခန်း သော့ပွင့်နေတယ်..။ ဒါနဲ့ တခါးကိုလှပ်ပြီး ကြည့်လိုက်တော့……
အခန်းထဲမှာ အနံ့တစ်မျိုးအရင်ရတယ်..။ အောက်သိုးသိုးနဲ့ မိုးရာသီမှာ အဝတ်တွေမခြောက်လို့ ထွက်တဲ့အနံ့မျိုးနဲ့ တူတယ်..။ ပြီးတော့ မြေမှုန့်လိုလိုမျိုးတွေ၊ ရွှံ့ရုပ်တွေ၊ တံခွန်တိုင်လို့မျိုးတွေ..အပ်ချည်နဲ့ အပ်တွေ..။ မီးမဖွင့်ထားတော့ သေချာမတွေ့ရပါဘူး..အခန်းက ကျဉ်းလို့သာ မြင်နေရတာပါ…
ကောင်းကင်ပြာအဲ့အခန်းပေါက်မှာ ရပ်ကြည့်နေတာ မြင်တော့ အဘွားပြေးလာတယ်..။ အစကတော့ ဆူမလို့ထင်ပါတယ်..။ ကောင်းကင်ပြာ မော့ကြည့်လိုက်တော့ စိတ်ပြောင်းသွားပုံရပါတယ်..။
ကောင်းကင်ပြာကို သေချာကြည့်ပြီး.. သမီး စိတ်ဝင်စားရင် အဘွားသင်ပေးမယ်.. ဒါပေမယ့် သမီးအရမ်းငယ်သေးတယ်..။ ကျောင်းတွေပိတ်ရင် အဘွားဆီ လာပေါ့ လို့ပြောတယ်..။
ကောင်းကင်ပြာ စိတ်မဝင်စားပါဘူး..။ ပြီးတော့ အဲ့ဒီအချိန်မှာ ဘာလို့မှန်းမသိဘူး..အဘွားကိုကြောက်တဲ့စိတ် ပထမဆုံး ဝင်သွားတယ်…။
ဒါပေမယ့် နောက်ပိုင်းတော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ..။ အရင်ကလို ဝင်ထွက်ပေါ့..အဘွားလဲ အဲ့ဒီအကြောင်း စကားမစ တော့ဘူး..။
ကြာလာတော့ အဖေ့တပည့် ( ရွှေရင်ကျော်တွေလို့ ပြောတာပဲ..အဲ့တုန်းကတော့ ဘာမှန်းမသိဘူး..) ကောင်းကင်ပြာ အဲ့ဒီအိမ်ဝင်ထွက်နေတာ သိသွားတယ်..။ အဖေ့ကို တိုင်ပါလေရော…
အဖေနဲ့အမေ ဝုန်းဒိုင်းကြဲတာများကြောက်ဖို့တောင် ကောင်းတယ်..။ အဖွားဆီက ရသမျှပစ္စည်းအကုန်ထုတ်ပေး အကုန်မီးပုံရှို့..၊ ကောင်းကင်ပြာကို ဘုန်းကြီးကျောင်းခေါ်သွား…ပရိတ်ရေတွေရော ပရိတ်ချည်တွေရောနဲ့ တော်တော်တော့ ရှုပ်ရှက်ခတ်သွားတယ်..။
နောက်ပိုင်းတော့ အဖေ့တပည့်တွေ ကောင်းကင်ပြာကို ကျူရှင် ကြိုပို့ တာဝန်ယူလိုက်ကြတယ်..။ ဒါတောင် ကျူရှင် တစ်ချိန်နဲ့တစ်ချိန်အကူးမှာ အဖွားအိမ်ရောက်အောင် သွားလိုက်သေးတယ်….။
ရ တန်းနှစ်လဲ ကုန်ရော အဖေပြောင်းတဲ့ ကလေးမြို့ကို ပြောင်းပြီး ချင်းလူမျိုးတွေနဲ့ စ ကြုံရတာပါပဲ…။
ချင်းလူမျိုးတွေနဲ့ စစ တွေ့တော့ ကောင်းကင်ပြာ သိပ်အဆင်မပြေဘူး..။ သူတို့စကားပြောတာ တကယ်ကို တမျိုးပဲ..၊ အဲ့ဒီကောင်မလေးလို့ ပြောတာမဟုတ်ဘဲ အဲ့ဒီကောင်မ..။ အဲ့လို..။ ကြားခါစတော့ နားထဲကန့်လန့်ပဲ..။ ဒါပေမယ့် ဒါက သူတို့ရိုင်းချင်လို့မဟုတ်ဘဲ ပြောတတ်သလိုပြောမှန်းသိတော့လဲ အသားကျသွားတာပဲ..။
ချင်းစကားတော့ ဘာမှန်းမသိခဲ့ဘူး..။ သူငယ်ချင်းတွေကို ငါ့ရှေ့မှာ အချင်းချင်းလဲ ချင်းစကားမပြောရ လို့ အနိုင်ကျင့်ထားတော့ သူတို့လဲ မပြောကြဘူး..။ အိမ်က ညီမတောင် ချင်းစကားအတော်သိခဲ့သေးတယ်…
ချင်းတွေက နည်းနည်းတော့ အရိုင်းဆန်ကြတယ်..။ အဲ့ဒီမှာ မှတ်မိနေတာတော့ ကောင်းကင်ပြာ ဆိုင်ကယ်လ်စ စီးဖြစ်တာပဲ..။ အဖေသင်ပေးတာပါ..။ အမေက ဒီဝင်းထဲပဲစီးနော်လို့ ပြောတဲ့အချိန်မှာ ကောင်းကင်ပြာ မြို့ပြင်ရောက်ပြီးသွားပြီ..။ အဲ့လိုလဲ မိဘစကားနားထောင်ပါတယ်..။ ဆိုင်ကယ်လ်စီးရင် မျက်နှာကိုလေတိုးတဲ့အရသာကို အရမ်းသဘောကျတယ်..။ ဒါပေမယ့် အဲ့ဒီအရသာက ဆောင်းတွင်းဆိုရင်တော့ အတော်အိပ်ချင်စရာပဲ..။ အမေက ၁ဝ တန်းပြီးတော့ အိမ်က အစ်မနဲ့ မနက်အစော ဈေးအတူလိုက်သွားခိုင်းတိုင်း ကောင်းကင်ပြာတော့ လမ်းက သူငယ်ချင်းအိမ်တံခါးခေါက်ပြီး ဝင်အိပ်တာပဲ..။ အစ်မဈေးကပြန်လာရင် ဝင်ခေါ်တယ်..။ သူဘာဝယ်ခဲ့ပြီး ဘယ်လောက်ပေးရတယ် ပြန်ပြောတယ်..။
တိုင်းရင်းသားတိုင်း ချစ်ဖို့ကောင်းတယ်.။ ချင်းလူမျိုးတွေကလဲ ချစ်ဖို့ကောင်းပါတယ်..။
ကရင်လူမျိုးကို သိတာတော့ ရန်ကုန်ရောက်မှပဲ..။ ခဝဲခြံမှာ သူငယ်ချင်းတစ်ယောက်ထားလိုက်တော့ အဲ့ဒီကို ခဏခဏရောက်ဖြစ်တယ်..။ သူတို့ကို ချစ်လဲချစ်တယ်..။ သူတို့က ပွင့်လင်းတယ်..၊ ဖော်ရွေတယ်..၊ သဘောလဲ ကောင်းကြတယ်..။ ဆိုးပြီဆိုရင်တော့ မိုင်ကုန်ကိုဆိုးတယ်..။ ကရင်တော်တော်များများက အရက်ကြိုက်တယ်၊ ကွမ်းကြိုက်တယ်..။ ဒါပေမယ့် အရက်သောက်ပြီး ရစ်တယ်တော့ မကြားမိဘူး..။ သူတို့ပြောတာ သူတို့က ရစ်ချင်လို့အရက်သောက်တာမဟုတ်၊ အရက်ကို ကြိုက်လို့သောက်တာတဲ့..။ ကြွက်ပေါက်စ အရှင်လေးတွေကို ငါးပိရည်နဲ့တို့စားတာလဲ မြင်တယ်…။
သူတို့က ဒေါသထွက်ခဲတယ်..။ ဒေါသထွက်ရင်လဲ အသေကိုလုပ်တာပဲ….။ ခဝဲခြံကလူကို လာမထိနဲ့ဆိုတာမျိုးလဲ ခဏခဏပြောတယ်..။ တော်ရုံလိုင်းကားသမားတွေတောင် ခဝဲခြံသားဆို လက်ရှောင်ကြတာ ကိုယ်တွေ့ကြုံဖူးတယ်..။
အမှတ်ရတာ တစ်ခုက ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံလှူဖို့သွားတော့ အဲ့ဒီဝင်းထဲမှာ ကရင်တွေ ပွဲလုပ်နေကြတယ်..။ ကောင်းကင်ပြာ သွားရမယ့်စတူဒီယိုက မျက်မမြင်တွေ နှိပ်ပေးတဲ့ ပန်းရောင်တိုက်ကြီးရယ်၊ အဲ့ဒီပွဲလုပ်တဲ့ ဟောခန်းရယ်ကို ဖြတ်ရမှာပါ..။ ဟောခန်းရှေ့မှာ ကရင်အမျိုးသမီးကြီးတစ်ယောက် ကရင်ဝတ်စုံနဲ့ ရပ်နေတယ်..။ ကောင်းကင်ပြာတွေ့တော့ သူ့ကို ပြုံးပြလိုက်တယ်..။ သူကလဲ ပြန်ပြုံးပြတယ်..။ သူ့အပြုံးက လှလိုက်တာ…..။ အနယ်နယ်လှည့်ခဲ့ပေမယ့် ဒီလောက်လှတဲ့ ပြုံးပုံမျိုး မတွေ့ခဲ့ဖူးဘူး…။ ပုံမှန်လူတစ်ယောက်ကို နည်းနည်းတော့ ရှိုးတိုးရှန့်တန်းဖြစ်မယ်ထင်တယ်..။ ငါနဲ့လဲမသိဘဲ ငါ့ကိုပြုံးပြတာဟုတ်ပါ့မလား၊ နောက်မှာ တစ်ယောက်ယောက်များရှိနေမလား၊ ဘာများအကူအညီတောင်းမလို့လဲမသိဘူး..။ ဒီလိုတော့ တွေးကြမယ်ထင်တယ်..။ အဲ့ဒီအမျိုးသမီးကြီးကတော့ အဲ့ဒီလိုမဟုတ်ဘူး..။ အရင်ကတည်းက ခင်ခဲ့ပြီး ခုမှ ပြန်တွေ့သလို၊ သူ့ကို ပြုံးပြတာလုံးဝကိုသေချာနေသလိုမျိုး..လှိုက်လှိုက်လှဲလှဲနဲ့ကို ပြန်ပြုံးတာပါ..။ သူ့အပြုံးကြောင့်ဘဲ ကောင်းကင်ပြာ လိုရင်းပျောက်ပြီး ဟောခန်းထဲဝင်ထိုင်ဖြစ်ခဲ့သေးတယ်..။
ဘာဟန်ဆောင်မှုမှလဲ မရှိတဲ့ ကရင်တွေကိုတော့ ကိုယ်သွေးမနှောရင်တောင် ကောင်းကင်ပြာ တော်တော်ချစ်တယ်..။
ရွာသူားထဲမှာရော..တိုင်းရင်းသား ဘယ်နှယောက်လောက်များ ပါမလဲလို့ စိတ်ဝင်စားတယ်..။……။
31 comments
kyeemite
May 29, 2014 at 10:57 am
“အမှန်တော့ စာရေးသိပ်မကောင်းတာ ကိုယ့်အကြောင်းကိုယ် သိလို့ပါ….။”
ခိခိ..စာရေးမကောင်းပေလို့ပဲ…ရေးထားတာများချောနေတာပဲ….
တိုင်းရင်းသား စစ်စစ်တွေက ရိုးသားကြတယ်ဆိုတာ အမှန်ပဲ…
သူငယ်ချင်းတွေထဲ…ရှမ်း၊ ပအို့၊ ချင်း၊ ရခိုင်၊ ကရင်၊ ကချင်….အစုံရှိခဲ့ဖူးပါတယ်… :S:
kyeemite
May 29, 2014 at 10:58 am
:s:
Kaung Kin Pyar
May 29, 2014 at 11:03 am
ဦးကြီးမိုက်မြှောက်ပေးတော့ အတော်တောင် မြောက်သွားပြီ….။
ဟုတ်တယ် ဦးကြီးမိုက်ရေ…တိုင်းရင်းသားတွေက အတော်ရိုးသားပြီး ဟန်ဆောင်တာမျိုး၊ လှည့်ပတ်တာမျိုး သိပ်မရှိကြဘူး…။
နယ်မှာ နေခဲ့ရတော့ ရန်ကုန်ကမွန်းကြပ်သလို ခံစားရတယ်..။ ဒါ နယ်မှာ နေဖူးတဲ့လူတိုင်းဒီလိုခံစားရမယ်ထင်တယ်…။
ဦးကျောက်ခဲ
May 29, 2014 at 11:20 am
ဟမ်မယေး… ဂလောက်စာရေးကောင်းတာကို လျှိုပြီးပြောတယ်…
တက္ကသိုလ်တက်တုန်းက အတန်းထဲမှာ တိုင်းရင်းသားကျောင်းသားတွေရော…
မြန်မာပြည် တနံတလျားက နယ်ကျောင်းသားတွေရော အတော်စုံသဗျ…
ချစ်ဖို့ကောင်းတာကတော့ ပရိယာယ်မရှိကြဘူး… အတော် ရိုးသားကြတယ်…
အတန်းဖော် ချင်းလူမျိုးသူငယ်ချင်း ဆလိုင်းတွန်ဘိစ် အကြောင်း ရေးပါဦးမယ်…
ရယ်ဖို့သာပြင်ထား… အဟိ
😀
Lucifer
May 29, 2014 at 1:01 pm
ရယ်ရမယ်ဆိုရင် အဆင်သင့်ပဲ…. ဦးကျောက်စ်ရေ…. မြန်မြန်သာရေးဗျိုး…
Kaung Kin Pyar
May 29, 2014 at 11:37 am
စောင့်မျှော်လျှက်ပါ ဦးကျောက်စ်ရေ…..:-D
လုံမလေးမွန်မွန်
May 29, 2014 at 12:04 pm
ကောင်းလိုက်တာ..
အမွန်လည်း အဲ့ဒီလိုမျိုး တိုင်းရင်းသားဒေသတွေကိုသွားပြီး တိုင်းရင်းသားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တယ်…
တိုင်းရင်းသားတွေကို ချစ်လို့လေ…
စာရေးကောင်းပါ့.. နောက်လည်း များများရေးနော်..
lu lu
May 29, 2014 at 12:13 pm
ကောင်းကင်ပြာက တိုင်းရင်းသားစပ်တယ်ဆိုရင် ဘယ်တိုင်းရင်းသားနဲ့ တူတယ်လို့ ထင်လဲရှင်…???
အဲ့ဒါတော့မမြင် ဖူးလို ့သိဘူး းးးးး
က လေးမြို ့မှာတပတ်လောက် နေဖူးတယ်
ကချင် ပြည်ပြန်မလို ့လိုက်ခဲ့ပါလာ ဝေ့ အားရှောင်(အစ်မ ) ချင်း နဲ ့ကချင် က ရုပ်ချင်းဆင် တယ် လေ ရဝမ် လူမျိုး ဆိုတာ ကချင် ရဲ ့ခွဲထွက်တိုင်းရင်းသားပဲ လီဆူး ရဝမ် ဂျိန်းဖော အားလုံး
ကရုပ်ချင်းဆင် တယ် ဒါနဲ ့ကောင်းကင် ပြာက ဘာလူ
မျိုးလဲ ဟင်
🙂
ကေဇီ
May 29, 2014 at 1:14 pm
ဘာ တိုင်းရင်းသားမှန်းတော့ မသိဘူးးးး
သိတာက ကောင်းကင်ပြာလေးက ချောတယ် ချစ်စရာလေး လို့ တော့ မြင်တယ်။
:s:
alinsett (gazette)
May 29, 2014 at 1:19 pm
ကျနော်လည်း ကရင်လူမျိုးကို ချစ်တယ်
ရှမ်းလူမျိုးကိုလည်းချစ်တယ်
လူက ရခိုင်သွေးတစ်ဝက် ဗမာတစ်ဝက်
🙂
ကောင်းကင်ပြာကို စာရေးမကောင်းဘူးလို့ ဘယ်သူပြောမလဲ
🙂
sorrow
May 29, 2014 at 1:33 pm
ကချင်နဲ့တော့တူပါဘူး..ခင်ညားလေးက ရုပ်ဆိုးတယ်….အငိငိငိ
ရွှေတိုက်စိုး
May 29, 2014 at 2:31 pm
သားသားက မွန်နဲ. ဗမာနဲ. စပ်ထားတာ မွန်မာ လူမျိုး ချောလိုက်တာမှ မှုံနေတာပဲ….. ချစ်ချာလေးရယ်ဗျ… ငိငိငိ…
မေမေကတော့ ပြောတယ်.. ငါ့သားလေးက သူများတွေထက် ချစ်ချာကောင်းဒယ်ဒဲ့….. ခွိ
Kaung Kin Pyar
May 29, 2014 at 3:00 pm
ကောင်းကင်ပြာက ကရင်ပါ..။ အမေက ကရင်အစစ်ပေါ့…။ အဖေကတော့ ဗမာ..။ အမေ့ဘိုးလေးဘက်မှာ တရုတ်တွေလဲ ပါတယ်…။
သများရေးထားတာ သေချာလဲ ဖတ်ကြဝူး…။ လူဇိုးတွေ…… :s:
မန့်ထားတဲ့ထဲမှာ မမကေဇီကို အချစ်ဆုံး…။ ကိုSorrow ကို မုန်းဆုံးပဲ…ငိငိငိ..။ သများရုပ်ဆိုးတာ လူသိအောင် ပြောရလား..ဟွင့်..
အမွန့်ကို နယ်တွေခေါ်သွားရမယ်…ပျော်သွားမှာ…။
လုလုကိုလဲ ဖိတ်ခေါ်လို့ ကျေးဇူး..။
ကိုအလင်းစက်ကို ရခိုင်စပ်တယ် မထင်ထားဘူး…။ အောင်ရဲလင်းလဲ ရခိုင်စပ်တယ် ကြားမိပါဘူးတော်…
မွန်ယောကျာင်္းလေးတွေတော့ မသိဘူး ကိုရွှေတိုက်စိုးရေ…။ မိန်းကလေးတွေလှတာတော့ အမှန်ပဲ….။ မမိလေး တွေလေ…
စကားပြောရင် ပလောက်ပလောက်နဲ့ ပြောတယ်..။ ဘိုလေးဒွေမှန်းကို သိဝူး….
ရွှေတိုက်စိုး
May 29, 2014 at 3:18 pm
အမလေးဟယ်… မွန်းထီးလေးတွေလဲ ချောပါတယ်အေ… စကားပြောရင် ပလောက်ပလောက်နဲ.မြည်ယုံတင်မကဘူး.. ကလွတ်ကလွတ်တောင်ပါသေး..ဟေးဟေးဟေး… များများကလွတ်ရင် လူကို မထောင်နိုင်အောင် မူးလာရောအေ….. ဟေးဟေးဟေး
nozomi
May 29, 2014 at 5:36 pm
နေရာစုံ တော်တော်ရောက်ဖူးတာပဲ ဒေသန္တရ ဗဟုသုတလဲ စုံမှာပဲ
စာရေးလဲ ကောင်းဆိုတော့ များများရေးပြပါဦး ဖတ်လို့ကောင်းလို့ပါ
ကျနော်လဲ အဖေ့ဘက်က ကရင်သွေး နဲနဲပါတော့ အမျိးတွေလို့ ပြောလို့ရတာပေါ့
ရ တန်း တုန်းက ကရင်မလေး တစ်ယောက်နဲ့ အကြည့်ချင်း ဆုံခဲ့ဘူးတာပေါ့
( ဆက်ပြောရင်ပေါ်တော့မယ်)
အဘွားဆီက ပညာတတ်ခဲ့ရင် ဒီ အချိန် ရွာအတွက် အသုံးတည့်နေလောက်ပြီး
ကြောင် နေတဲ့ ကြောင် ကို ပညာနဲ့ သင်းပစ်လိုက်လို့ ရပြီ
Kaung Kin Pyar
May 29, 2014 at 6:22 pm
ဟာာ ခုမှပဲ အမျိုးတွေဆုံတော့တယ်။
ကြောင့်ပညာက အဖွားထက် သာမှာ။ ဘယ်လိုပညာနဲ့ သင်းသင်း သူကတော့ ဖြုံမထင်ပါ။ ဒီပြန်လာလို့ မီးပျက်ရင် နှာခေါင်းပေါ်တင်ပြီး ဟင်းချက်လို့ ရအောင် မီးပြင်းတိုက်ထားတာ နည်းနည်းနောနော ပညာ ဟုတ်ဝူး။ အဖွားကတောင် ပြန်သင်ရဦးမယ်။
စာရေးပါ အားပေးလို့ အားတက်မိပါတယ်။ ဒီထက် စာတွေ ရေးနိုင်အောင်လဲ ကြိုးစားပါဦးမယ်လို့။
padonmar
May 29, 2014 at 11:47 pm
အဖွားက ဘာတွေ သင်ပေးမှာပါလိမ့်၊သိချင်လိုက်တာ။
ရေ လက်ကြား
လူကပြားတဲ့။
ကောင်းကင်ပြာကလေးက လူမျိုးစုံ သွေးနှောထားလို့ လှတာဖြစ်မယ်။
စာရေးကောင်းပါတယ်။များများရေးပါနော်။
naywoon ni
May 30, 2014 at 12:03 am
နေဝန်းနီ အဖေက ကရင်သွေးပါမယ်နဲ့ တူတယ် ။ အဘွားက (နေဝန်းနီ တော့ မမှိီလိုက် ) တလိုင်း နတ်တွေ ဘာတွေ တင်တယ်လို့ တော့ ခုတော့ ပြန်ပြောကြတာပဲ ။ အဖေ့ကို ဖိုခွားလို့ခေါ်တယ် ။ နာမယ်ထင်ပီးလိုက်ခေါ်ကြတာ အဲ့နာမယ်ပဲတွင်တာပေါ့ ။ ဖိုးခွားဆိုတာ ကရင်လို ခေါ်တာဆို ” ဖိုးသား” လို့ …… အဲ့လိုဆို နေဝန်းနီလဲ ကရင်သွေးနဲနဲ ပါမှာပေါ့ ။ ( အရက်ကလည် း ရစ်ဖို့မဟုတ်ဘူး ကြိုက်လို့သောက်တာ ဆိုတော့ ) အမေက မြေလတ်သူစစ်စစ်လေ :):):):)
kai
May 30, 2014 at 12:31 am
“ကျွန်တော်” ဆိုတဲ့.. သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်အသုံးကို.. သခင်ဘသောင်းတို့.. အဓိကကတော့.. ဗန်းမော်တင်အောင်ပေါ့.. ဆရာကြီးတွေတော်လှန်.. ပြင်ရေးခဲ့တယ်..
“ကျနော်”တဲ့..
“ကျွန်မ”ဆိုတာတွေ့ရလို့ပြောပြတာပါ..
ကျွန်မ မဟုတ်..
“သခင်မ”…။
နည်းနည်းလန့်သေးရန်.. ဒေါ်အောင်ဆန်းစုကြည်လို.. “ကျမ”လောက်တော့.. လုပ်ပါဗျ..
တော်ကြာ.. နှိမ်ချရင်း.. နိမ့်ကျပြီး.. အဘွားသင်ပေးမယ့်.. ဆယ်နှစ်ကြိုးအတတ်တွေသင်လို့မရဖြစ်နေမယ်…။
ROssI
May 30, 2014 at 9:17 am
လူထုဒေါ်အမာ လည်း ကျမလုံး သုံးတာ ဖတ်ဖူးပါကြောင်း..
စကားမစပ် နေကန်းတယ်နော သဂျီး..
ဘီယာသောက်မား …
ပလပ် ပလပ် ..
:harr:
အရီးခင်
May 31, 2014 at 4:27 am
ကိုယ့်သတ်ပုံ အညွန်း ကိုယ်အရင်ပြင်ပါဦး သူကြီးမင်း ရဲ့။
အခါတစ်ရာမကတော့ဘူး။ ပြောရတာ။ 🙄
http://myanmarwords.pikay.org/2008/12/ka-gyi.html#kagyi167
Kaung Kin Pyar
May 30, 2014 at 1:52 am
ကျွန်မဆိုတဲ့အသုံးကိုုပဲ စိတ်ထဲစွဲနေတာ သဂျီးရေ. ကောင်းကင်ပြာလဲ ကျမပါပြီ။ ပြောပြပေးလို့ ကျေးဇူးပါ။ ဆယ့်နှစ်ကြိုးတတ်ရင် ဘယ်ရွာသားကို တားဂတ်ထားရ ကောင်းမလဲငင် သဂျီးးး
တီပဒုမ္မာရေ
ကောင်းကင်ပြာကို လှတယ်ပြောတာကို ကျေးဇူးတင်ပါတယ်။ စာရေးကောင်းတယ်ဆိုလို့လဲ နောက်ထပ်ပို့စ်တွေ ထပ်တင်ချင်စိတ် ပေါက်မိတယ်။
ဖိုးခွားကတော့ ကရင်တွေပဲ သုံးတာပါ ကိုနေဝင်းနီရေ။ ဒါဆို က်ုနေဝင်းနီလဲ ကရင် ကပြားဖြစ်မယ်။ ကောင်းကင်ပြာအမေတော့ နတ်တင်တာတွေ ဘာတွေ မတွေ့ဘူး။ အနက်ရောင်တော့ ဝမ်းဆက် မဝတ်ခိုင်းဘူး။ အဲ့လိုဝတ်တာ နတ်မကြိုက်ဘူးပြောတုန်းတော့ အတော်ဆန်းတဲ့စကားပဲလို့ တွေးလိုက်သေးတာ။ အိမ်မှာတော့ အိမ်တွင်းနတ်တောင် မထားဘူး။
ကေဇီ
May 30, 2014 at 9:04 am
ဟမ်မလေးးး
၁၂ ကြိုးတတ်တာများ ဒီရွာသားကို ပြုစားဖို့ကြံနေသေးးးး
မင်းသားလေး ဘာလေး စဉ်းစားစမ်းဘာ။
စိုင်းစည်တွမ်ခမ်း လေးလောက်တော့ ပါအောင် ယူ။
:s:
ROssI
May 30, 2014 at 8:15 am
ကရင်ကိုး ..
ချဉ်ထှာဗျာ..
🙁
Crystalline
May 30, 2014 at 1:16 pm
ချဉ်ချင်သလောက်သာချဉ်… :mrgreenn:
ကောင်းကင်ပြာရေ… အစ်မကလည်း ကရင်သွေး ၉ဝလောက်ပါတယ်.. အဖွားဖက်ကတော့ ရှမ်းနည်းနည်းစပ်တယ်ပြောတယ်… ဒါပေမယ့် စကားကတော့ ထမင်းစားရေသောက်ကလွဲမတတ်… အရင်က ဘာလူမျိုးမှန်းမသိပေမယ့် ကောင်းကင်ပြာကတော့ တော်တော်လေးချစ်ဖို့ကောင်းတဲ့အထဲပါတယ်.. ကိုရီးယားမလေးနဲ့တူတယ်… :))
ROssI
May 30, 2014 at 1:29 pm
အော်.ရယ်…
ကေအင်ယူ နဲ့ ဒီကေဘီအေ… အလွမ်းသင့်နေကြပုံ
:'(
kyeemite
May 30, 2014 at 9:00 am
ဟီဟိ..မရိုစီ မခံစားနိုင်ဘု ♥ ♪♫
ROssI
May 30, 2014 at 9:15 am
ပြောပါတော့ဗျာ …
စကားမစပ် ဘီယာသောက်မလား အူးလေး
ပလပ် ပလပ် …
pooch
May 30, 2014 at 1:20 pm
မြစ်ဆုံက မလှတော့ဘူး သွားကြည့်မိရင်စိတ်ဆင်းရဲနေအုန်းမယ်
ပူတာအို ရဲ့ တောထဲတောင်ထဲလောလောလတ်လတ်မှ ပြန်လာတာမို့မြစ်ဆုုံကို ရောက်တော့ မျောက်အိုမကြီးတွေ့လိုက် ရသလိုကို ဖီလင်ပျက်သွားတာ။
ကောင်းမှုတုံ မဟုတ်ဖူးလေ ကောင်းမှုလုံစေတီ
အထက်မှာ ကောင်းမှုလုံ
အလယ်မှာ ရွှေစည်းခုံ
အောက်မှာ ရွှေတိဂုံ
အဲ့ဒီ စေတီ ၃ ဆူ တနှစ်အတွင်း ဖူးပြီး တဆုထဲတောင်းရင် ဆုတောင်းပြည့်တယ်ဆိုလားပဲ
ပြောကြတယ်။
Kaung Kin Pyar
May 30, 2014 at 2:23 pm
@ မမချွိ
တွမ့်ကို မချစ် တွမ့်ကို မချစ်
စိုင်းစိုင်းဂိုသာ ချစိတယ် (ရန်စ တာ)
မမခွစ်ရေ
ဒီလောက်သဘောဖြူ တဲ့ ကရင်ကို မကောင်းပြောတယ်။ အံ့ထှာနော်
@ ကိုဂီ
ကောင်းကင်ပြာတော့ ကရင်မချဉ်၊ ကုလားသာ ချဉ်သည်။ အဟေးဟေးးး
black chaw
May 30, 2014 at 2:57 pm
ကျွန်တော်ကတော့ ကရင် မဟုတ်ဘူးဗျာ…။
ကောင်းကင်ပြာကတော့ စာရေးကောင်းသူတစ်ယောက်ပါဗျာ…။