နောက်တစ်ခန်း ကျော် ရပ် – အပိုင်း (၁)
(2006 December)
”
“ဘာရယ်!!”
“ဟဲ့!! အသာ အော် ပါဟယ်၊ အတာ ကလဲ၊ လန့်လိုက်တာ…”
“နင်လန့်တာထက် ငါက ပိုလန့်သေးတယ်။ ဘာစိတ်ကူးပေါက်လို့ ဒီ အကြံတွေ ထွက်တာတုန်းဟာ။ နင်ဟာ ပြသနာကို မီးထွန်းရှာတယ်…”
“ဒါ ပြသနာမဟုတ်ပါဘူးဟ။ ငါက ဖြစ်ချင်တာကို ပြောပြတာ။ ကျန်တာ နင်တို့ အပိုင်းပဲ…”
ရှိသမျှ သူငယ်ချင်းတွေ နှုတ်ဆိတ်ကုန်တယ်။ ဟုတ်လည်းဟုတ်တယ်လေ။ မိုင်ခိ ရှာလိုက်တဲ့ ပြသနာတိုင်း ခေါင်းခဲစရာ။
ခုပဲ ကြည့်!!!
ရန်ကုန်မှာ မင်္ဂလာဆောင်မဲ့ ၁တွဲက သူငယ်ချင်းအရင်းကြီးတွေ တစ်ဖွဲ့တည်းမို့ သူငယ်ချင်း အကုန် မင်္ဂလာဆောင် သွားဖို့ စီစဉ်ကာမှ တစ်စခန်းထတဲ့ မိုင်ခိ။
“ငါ မင်္ဂလာဆောင် တွဲ တက်ဖို့အရပ်ရှည်ရှည် အသားဖြူဖြူ ကြည့်ကောင်းကောင်း တစ်ယောက်လောက် လိုချင်တယ်” တဲ့။
ပြောပြီး ငြင်းပြီး မိုင်ခိ တစ်ယောက် သူငယ်ချင်းတွေကို ကြည့်လိုက်တော့ ခုဏက ဝူးဝါး သလောက် ခု တစ်ယောက်ချင်းဆီ ငြိမ်ကာ စဉ်းစားနေကြပုံ။
ဒီပုံ အတိုင်းဆို ထုံးစံ အတိုင်း အလိုလိုက်ဦးမှာပဲ။
အဲဒါတွေ သူတို့ကို ချစ်တာပင်။
ဘယ်လောက် ဆူဆူ တားတား၊ နောက်ဆုံးတော့ မိုင်ခိ သဘော မိုင်ခိမှန်တယ် တွေဖြစ်ကုန်တာမို့ အစပိုင်းမှာ တားမိတဲ့သူတွေပဲ လူဆိုးဖြစ်တာမို့ တားချင်ရင်တောင် နှုတ်ဆိတ်နေကြတော့တာ။
“နေပါဦးး! နင် အဲဒီ ကောင် ကို စိတ်ထဲရှိတုန်းလားး၊ မရှိပဲနဲ့တော့ ဟိုက သူ့မိန်းမနဲ့ ပွဲတက်မယ်ဆိုတိုင်း နင် အတွဲရှာစရာ မလိုလောက်ဘူးးး၊ ပြီးတော့ နင် အတည်လည်း မဟုတ်ဘူးပဲ၊ အတုကြီးဟာကို ဇာတ်မရှုပ်နဲ့ဟာ။ ငါတို့နဲ့ပဲ တွဲ။ ကြိုက်တဲ့ကောင် ပြော၊ တစ်ကောင်မှ ရုပ်ရည် အချဉ်မပါဘူးး…”
ကျန်းးး၊ အချစ်ဆုံး သူငယ်ချင်းပီသစွာ ချက်ဆို နားခွက်က မီးတောက်တဲ့ အတာ!!
“ဟ။ နင်တို့နဲ့က အူမချေးခါး အကုန်သိတဲ့ လူတွေချည်းပဲ။
ဘယ်သူက ထူးဆန်းမှာလဲ။
ငါ ခြေလွတ်လက်လွတ်တော့မတက်ချင်ဘူးး ဒါပဲ…”
.
.
“အေးလေ အဲလိုသိတဲ့ကောင်မို့ ငါတို့ရှေ့ နင် တစ်ခြားတစ်ကောင်နဲ့ တွဲနိုင်တယ်လို့ ဘယ်သူယုံမှာလဲဟ”
“မျိုး က လဲ လေ။ ဝေးပြန်ပြီ။ အဲလိုယုံအောင်လို့ ရုပ်ရည်မခေတာလေး ရှာခိုင်းနေတာပေါ့”
.
.
“မိုင်ခိ၊ နင် လေ …. အရှုပ်ပဲ၊ ငါ့ အကို နိုးနိုးကို ခေါ်လာမယ်ဟာ။ ဘယ်လိုလဲ”
“ငါစဉ်းစားပြီးပါပြီ။ နိုး က ချောပေမဲ့ အရပ်မရှည်ဘူးး၊ သူထက်သာတာ အရပ်ရှည်တာ အသားဖြူတာ ချောတာ အဲဒီ ၃ ခု ပြည့်စုံမှ ရမှာ။
သိဘူးး၊ ရအောင် ရှာပေးကြ။ နို့မို့ ငါ့ ဟာငါ ရှာရင် ပိုဆိုးမှာနော်။ နင်တို့သိတယ်နော်…!!!!”
မိုင်ခိ၊ ခြိမ်းခြောက်နှုန်း အမြင့်ဆုံး သုံးလိုက်ရတယ်။
:dd:
မိုး ကတော့ ခေါင်းတခါခါနဲ့ “ညက အိမ်မက် မကောင်းတာ ဒါကြောင့်” လို့ရေရွတ်နေတယ်။
ဖြိုးတို့ အိတို့ မိန်းကလေး ၄ ယောက်ကတော့ အချင်းချင်းဘက်ပင်းသူများမို့ ကြည့် ရီနေရုံ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
.
“မိုင်ခိ၊ ငါ ညနေလာခေါ်မယ်၊ စောင့်နေ” ဆိုတဲ့ အတာ့ ဖုန်းကောကြောင့် အပြင်သွားမယ် ပြင်ဆင်ပြီး စောင့်နေမိတယ်။
လာပါပြီ။
ခါတိုင်း ဆိုင်ကယ် နဲ့ လာခေါ်သမားက ကားယူလာတာမို့ ဘယ်သူ့ကားလည်း စူးစမ်းမိနေတုန်း “နောက်ခန်းက တက်” ဆိုတဲ့ အသံကြောင့် ကားပေါ်တက်လိုက်တယ်။
ကားစထွက်မှ အတာက ကားမောင်းနေရင်း ရှေ့ခုံ မှာ ထိုင်နေတဲ့ တစ်ယောက်ဘက်လှည့်ပြီး
“ထက်လေး၊ ဒါ မိုင်ခိ၊ မိုင်ခိ၊ ဒါ ထက်လေးတဲ့၊ ငါ့ သူငယ်ချင်း”
.
မိုင်ခိ ပြုံးအပြမှာ ထက်လေး ဆိုတဲ့တစ်ယောက်က ငဲ့ကြည့်ရုံပဲ ကြည့်ပြီး ပြန်လှည့်သွားတယ်။
ဘာလဲဟ!! မိုင်ခိ စိတ်ချဉ်ပေါက်သွားတယ်။ နေပါဦးး သူ့ကို သိသလိုပဲ။ 🙄
အတာ ပြောဖူးတဲ့ ဟို ရည်းစားနဲ့ စီးပွါးတွဲလုပ်ပြီးမှ ကွဲကြတဲ့ အတွဲ ထင်တယ်။
🙄
.
.
အိုး!!! သိပြီ။ သူ့ သူငယ်ချင်းတစ်ယောက် မိုင်ခိကို ကပ်ဖို့ ကြိုးစားလို့ အတာတို့မျိုးတို့ ပညာပြတာ ခံဖူးတယ်။
ဟိုးဟိုးးး ဒါကြောင့်ကိုးးး။
ခုနက မကျေနပ်စိတ်တွေပျောက်ပြီး ကစားစရာအသစ်တစ်ခု ရတဲ့ ကလေးလို ပျော်လာတယ်။
ကော်ဖီဆိုင်ရောက်တော့ ဒင်းက မျက်မှန်မည်းကြီးတပ်ကာ စေ့စေ့ မကြည့်။
ကော်ဖီ မှာဦးမယ် ဆိုပြီး ထွက်သွားတယ်။
အဲဒီကျမှ အတာက တိုးတိုးနဲ့ဟန်မပျက်၊ အနားလာပြီး “မိုးတို့ မျိုးတို့မသိစေနဲ့၊ ဒီ ကောင်ကို မင်္ဂဆောင်ကို ခေါ်ဖို့ ငါ စဉ်းစားထားတယ်”
ဟာ။ မိုင်ခိ မျက်လုံးပြူးသွားတယ်။ 😯
ဟုတ်တာပေါ့…!!!! မိုင်ခိ လိုချင်တဲ့ပုံစံ ကွက်တိ။
.
“ဒါမဲ့!! အတာ… မဖြစ်ဘူးထင်တယ်။
နင့် ကောင် ကြည့်ရတာ ငါ့ လည်း ကြည်ပုံမပေါ်ဘူးး၊
ခုမှ သူ့ကောင်မလေးနဲ့ကွဲပြီးထားတာမလားးး၊ ခဲ မှန်မှာကြောက်တဲ့ ဗျိုင်း နဲ့ တူတယ်”
.
.
“ဟ။ နင်ပဲ မွှေစိန်လုပ်လို့ ငါ ဟိုကောင်တွေ အဆဲခံပြီး ရှာထားရတာ။
နင့် အနေအထိုင်ပေါ်လည်း မူတည်သေးတယ်ဟ။
ဒီ ကောင်က အင်မတန် သဘောကောင်းပြီး ရှက်တတ်တာလည်းပါတယ်ဟ”
“နောက်ပြီး သူကြားဖူးတဲ့ နင့် အကြောင်းက လန့်စရာတွေချည်းး၊ ငါ့လည်း အရမ်းနိုင်တယ်လို့ သိထားတော့ ကြိုကန်တာ..”
.
“အင်းး သိပြီ”
ခနနေတော့ ကော်ဖီ ၃ ခွက် ကိုင်ပြီး ရောက်လာတာမို့ မိုင်ခိလည်း သူ့ကို စေ့စေ့မကြည့်ပဲ ကော်ဖီပဲ သောက်နေလိုက်တယ်။
စကားလည်း တစ်လုံးမှ မပြောတော့။
သူငယ်ချင်း ၂ ယောက် စကားပြောနေတာကို မသိချင်ယောင်ဆောင်ပြီး အပြင်ကိုပဲ ဟိုငေးဒီငေးစတိုင်နဲ့ပေါ့။
နောက်တော့ ထက်လေး က မိုင်ခိ ဆီ ကွက်ကြည့်၊ ကွက်ကြည့်၊
.
ဟိ။ မှတ်ပလားး၊ ဒင်း စကားမစရင် ငါ စကား မပြောဘူးမှတ်!! :mrgreenn:
“မိုင်ခိ၊ နင် ကော်ဖီပဲ လားး၊ မုန့်စားချင်သေးလားး၊ ဟေ့ကောင် အတာ မေးလေကွာ ကိုယ့်သူငယ်ချင်းကို ခေါ်လာပြီးး၊ မိန်းကလေးတစ်ယောက်တည်း ပျင်းမှာပေါ့။”
ကိုယ့်ကို ပြောရင်း အတာ့ဘက်လှည့်သွားတာမို့ စိတ်ပေါက်ပြီး မျက်နှာသေနဲ့ စကားမပြန်တော့။
သူ့ဟာသူ အနေခက်ပေ့စေစမ်းးး။ ပြန်တဲ့ထိ စကားပြောရမဲ့ အခွင့်အရေးမပေးဖြစ်၊ မှတ်ဟ။
အိမ်ရောက်ခါနီးမှ ထက်လေးက အတာ့ ကို “ဟေ့ကောင်၊ မင်းတို့ ၂ ယောက် တစ်ပတ် ၃ ခါလောက် ညနေစာ အပြင်သွားသွားစားတယ် ပြောတယ်။
ငါ့ကိုလည်း ခေါ်ပါကွ။ ခုတလော ငါတစ်ယောက်တည်း ပျင်းနေလို့ပါ။ နော် မိုင်ခိ”
.
“အင်း။ ရပါတယ်။ ငါတို့က စိတ်ကူးပေါက်ရာ သွားစားတာနော်၊ တစ်ခြားသူငယ်ချင်းတွေ လိုက်နိုင်တဲ့ အခါ ပါလေ့ရှိတယ်။”
.
“တစ်ခြား သူငယ်ချင်းတွေနဲ့တော့ မလိုက်တော့ပါဘူးဟာ။ ပညာတတ်တွေကြား အားငယ်ပါတယ်။
နင် တို့ ၂ ယောက် အပြင်သွားဖြစ်မှ ငါ့ကို ဖုန်းဆက်လိုက်နော်..”
~~~~~~~~~~~~~~~~~~~~~~
33 comments
တောင်ပေါ်သား
February 27, 2015 at 3:52 pm
နောက်တစ်ပိုင်း မြန်မြန်ဗျို့ 🙂
ခင်ဇော်
February 27, 2015 at 3:56 pm
ဟိုက်၊.
ကိုကြီး မျိုး မြန်လှချည်လား??
ဟီးးး
:k:
တောင်ပေါ်သား
February 27, 2015 at 4:00 pm
🙂
ကျုပ် လေသိုင်းကျင့်နေတာ
လိုက်ရင် မြန်မြန်ရအောင်
ပြေးရရင်လည်း လွတ်အောင်
Wow
February 27, 2015 at 4:07 pm
နားလယ်ပုစ် နာမယ်တွေရှုပ်နေတာပဲ အစကပြန်ရှင်းပြ
ခင်ဇော်
February 27, 2015 at 4:13 pm
အို။
မင်းသမီး နာမည်ပဲ မှတ်ထားရင်ရပြီ။
ကျန်တာတွေက ထားခဲ့မှာ။
အလင်းဆက်
February 27, 2015 at 4:18 pm
ကျနော့်အမေ့နာမည် အိမ်အခေါ်နာမည်လေးက
အတာလွင်တဲ့
—-
ခင်ဇော်
February 27, 2015 at 4:20 pm
အမ သူငယ်ချင်းတွေ ကိုကျ
နာမည်ပြောင်ကိုမှ ရှေ့က “အ” ထည့်ပြီး ခေါ်လိုက်လို့ အဲလိုဖြစ်သွားတာ။
ဟီးးး
နာမည် အရင်းထက်တောင် လူသိများသေးးး
:k:
Mr. MarGa
February 27, 2015 at 4:52 pm
ဪ…………
မခံချင်စိတ်…မခံချင်စိတ်…
ပမာဏက အရမ်းများတော့ ရွဲ့တဲ့အဆင့်ကိုရောက်သွားပြီ
နောက်တစ်ပိုင်း မြန်မြန်ကူး
တို့လို့တန်းလန်းဆိုလို့ကတော့ မချောင်ဘူးမှတ်!
:a:
ခင်ဇော်
February 27, 2015 at 4:58 pm
နာ့ ကို မမုန်းအောင် ရေးရမှာကိုးး
အဟေးဟေး
အာ့ကြောင့် ဘယ်လို သနားအောင် ရေးရမလဲလို့။
ခု အပိုင်းကို နာ့ ကို အမြင်ကတ်ပြီ မှတ်တာ။
ဂျား က သနားတယ်ဆိုလို့ အားတက်သွားဘီ
:k:
Mr. MarGa
February 27, 2015 at 5:05 pm
2006 ကနေ ဘယ်ကိုခုန်ကူးမလဲဆိုတာကြည့်ပြီး မျက်ခုံးလှုပ်နေတယ်
Kaung Kin Pyar
February 27, 2015 at 5:08 pm
ဒီလို သူငယ်ချင်းတွေရှိတာ…ပျော်စရာ….
နောက်တစ်ခန်း မျှော်နေမယ် မချွိရေ…….
ခင်ဇော်
February 28, 2015 at 9:26 am
ဘဝ မှာ ရရှိခဲ့တဲ့ ထဲ အကျေနပ်ဆုံးးးဖြစ်တဲ့ထဲ မှာ
သူငယ်ချင်းးတွေ မိတ်ဆွေတွေ ပါတယ်…!!!
:chit:
naywoon ni
February 27, 2015 at 7:02 pm
ဒါ ဒါ ဓန ရှင် ဖျော်ဖြေရေး စာပေအမျိုး အစားထဲပါပါတယ် ။ အများကို ကိုယ်စားမပြုပါဘူး ။ ကန့်ကွက်ပါတယ် ။ ဆန်ဒ ပြပါ့မယ် ။ ဒီပို့ဂို သပိတ်မှောက်ရပါ့မယ် 🙂
ခင်ဇော်
February 28, 2015 at 9:28 am
ငင်???
အပျော်ဖတ် စာပေ လောက် တံဆိပ်ကပ် ရင်တော်ပါပြီ ဘနီ..!!
:g:
:k:
မြစပဲရိုး
February 28, 2015 at 3:12 am
ထက်လေးတဲ့လား။
ခပ်နွဲ့နွဲ့ တော့ ဝုတ်ပါဘူးနော်။ ဟိ။
ဒေါ်ဇီဇီ တို့ အကြောင်း သိနေလို့။
သို့ပေမဲ့ ထင်တာ လွဲမှာမို့ စိတ်ဝင်စားစွာ မျှော်နေပါတယ်။
ဟောလိဝုဒ် ရုပ်ရှင် တစ်ကားရှိတယ်။
မင်းသားက Matthew McConaughey ထင်တာဘဲ။
ရီစားဟောင်း မင်္ဂလာဆောင် ကို သွားဖို့ ကြေးစား escort တစ်ယောက် ငှားသွားတာ။
အဲဒီကနေ …..
အဲဂလို ဇာတ်လမ်း ဆို ဆုချမယ်အေ။ lol:-))))
မြစပဲရိုး
February 28, 2015 at 3:16 am
တွေ့ပြီ။
http://en.wikipedia.org/wiki/The_Wedding_Date
The Wedding Date – မင်းသားက Dermot Mulroney။ :))
ခင်ဇော်
February 28, 2015 at 9:24 am
သများနဲ့ စလုံးး ကို တူတူ လာဖြစ်မယ့် သူငယ်ချင်းး စုံတွဲက မင်ဂါဆောင်မှာ..
အဲဒီ ပွဲ ကို အဲတစ်ယောက်က သူ့လေဒီနဲ့ ပွဲတက်မှာာာာ
အာ့ကို သူငယ်ချင်းးတွေ နဲ့ ပွဲသွားးရမှာ အောက်တယ်ထင်ပြီးးး အမြန် လူရှာမိတာာာ
အဲလို အဲလို
ရူးးးကြောင်ကြောင်ပါဆို အရီးးးရယ်…!!
:k:
•*¨နန်းတော်ရာသူ •*¨
March 2, 2015 at 9:20 pm
အရီးရေ wedding date မှာ Debra Messing က သွသူ ပိုက်ပိုက်ပေးပြီး ငှားသွားတာနော်

ဒီထဲက မိုင်ခိက စားဖို့လောက်ပဲ ပိုက်ပိုက်ထွက်ခံချင်ပုံရတယ်။
ကျန်တာ စပွန်ဆာရှာတာကြည့်ပါလား
Nyo Win
February 28, 2015 at 9:25 am
မာယာများတဲ့သူကြီးရယ်……… 🙂
မြန်မြန်ဆက်ပါဗျို ့…. 🙂
ခင်ဇော်
February 28, 2015 at 9:31 am
နောက်အခန်းး ဆို
မုဆိုးးးတစ်ပိုင်းးး မိန်းးမရိုင်းးးကြီးးး ဖြစ်တော့မယ်ထင်…!!!
:mrgreenn:
pooch
February 28, 2015 at 10:45 am
နာမည်တွေက အဆန်းပဲ
စောင့်နေတယ် မြန်မြန်
ခင်ဇော်
February 28, 2015 at 11:39 am
http://myanmargazette.net/170648
http://myanmargazette.net/187949
http://myanmargazette.net/172291
မိုင်ခိ တစ်ခန်းးးရပ်တွေ
:k:
မွသဲ ( 17082011 )
February 28, 2015 at 3:50 pm
ဇာတ်လမ်းဖမ်းမရသေးဘူး။ နောက်တပိုင်းနေမှမန့်မယ်
ခင်ဇော်
February 28, 2015 at 4:13 pm
နောက်တစ်ပိုင်း က ဘယ်ဆီဘယ်ဝယ် မသိသေးဝူးးး မွသဲ။
အဟေးဟေး
မြစပဲရိုး
February 28, 2015 at 4:26 pm
ဆိုတော့
တကဲ့ အသဲကွဲ ဇာတ်လမ်း ပေါ့လေ။
ကံကောင်းလိုက်တာ။ 😀 😀 😀
တစ်ခါတစ်လေ လဲ အဲဂလို အသဲကွဲဇာတ်လမ်း လေးများ ရချင်ခဲ့သလိုဘဲ။ 😉
ဘဝ မှတ်တိုင် တစ်ခုအနေနဲ့ ပေါ့။
အခုတော့ ဒုံးစင်းကြီး။
ပြန်တွေး ရတာ ဘွ ကြီးက ပျင်းစရာ။
အခုမှလဲ တရာ ရိပ် ကို မှီ ရတော့ မှာမို့ ဤမှာ တစ်ခန်းရပ်။ lol:-)))
black chaw
March 1, 2015 at 9:27 am
တကယ့် ဂန္တဝင် ဇာတ်လမ်းပါပဲ…။
ကျွန်တော်တို့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ Wuthering Height တို့
Gone with the Wind တို့လို ဂန္တဝင်စာရင်းဝင်ဦးမယ့်
ဝတ္ထုကြီးတစ်ပုဒ်ပါ…။
ဖတ်လိုက်တာနဲ့ ဇာတ်လမ်းရဲ့ ဆွဲခေါ်ရာနောက် ကောက်ကောက်ပါအောင်
လိုက်မိပြီး မချင့်မရဲ ဖြစ်ကြဦးတော့မှာ မြင်ယောင်နေပါတယ်…။
တောင်ပေါ်သား၊ ကောင်းကင်ပြာ၊ ညိုဝင်း၊ ပုချ် တို့ရဲ့ ကွန်းမန့်တွေကို
ကြည့်ခြင်းအားဖြင့် သူတို့ နောက်တစ်ပိုင်းကို
ပျင်းပြသောဆန္ဒဖြင့် စောင့်မျှော်နေကြကြောင်း ထင်ရှားပါတယ်ခင်ဗျာ…။
ဒီလို ဝတ္ထုကြီးမျိုးကိုသာ ရုပ်ရှင်ရိုက်လိုက်မယ်ဆိုရင်
အကယ်ဒမီတွေ တန်းစီရကြမှာ သေချာပါတယ်ခင်ဗျာ…။
ဆိုတော့
ဤ ကလောင်ရှင်အား မြန်မာစာပေလောကအတွက်သာမက
ကမ္ဘာ့ စာပေလောက အတွက်ပါ အားထားရဦးမည့် ကလောင်ရှင်တစ်ဦးအဖြစ်
ကြိုဆိုလိုက်ရပါကြောင်း…။
ပုံ
စာပေအရူးကြီး ဘလက်ချော…။
:k:
(အပျော် ပါဗျာ…။)
ခင်ဇော်
March 1, 2015 at 9:44 am
နောက်တာလား
နောက်စာလား
ရွဲ့တာလား
ရွဲ့စာလား
ကျန်းးးးး
:k:
black chaw
March 1, 2015 at 9:51 am
အပျော်ပါ လို့ ပြောထားပါရဲ့နဲ့
နောက်တာလား လို့ မေးနေသေးတယ်…။
လူဆိုး…။
:k:
လုံမလေးမွန်မွန်
March 1, 2015 at 11:57 am
ဟိ… မိုက်စ်တယ်ကွာ… အကြံပိုင်ချက်….
အာ့နဲ့ ဘိုဆက်ဖြစ်မှာတုန်း.. 🙂
ခင်ဇော်
March 1, 2015 at 12:09 pm
ငင်။
အရှုပ်တော်ပုံ အောင်ရမီ
nicolus agral
March 1, 2015 at 12:53 pm
မြန်မြန်ဆက်ပါဗျိုး
Mike
March 6, 2015 at 3:49 pm
.ဒီအရေးအသားကလည်း တစ်မျိုးဖတ်ကောင်းတာပဲ
.မျောက်စိနဲနဲလည်တာတခုပဲ :k:
ခင်ဇော်
March 6, 2015 at 4:08 pm
မင်းသမီးနာမည်ပဲ မှတ်ပါဆို
:k: