Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂဇက်ကြေငြာစာအမှတ် ၁/ ၂၀၁၄ (Edited by Mod7)

တွေ့မရှောင်သည် လက်ဝှေ့သမားမဟုတ်ပါ ။

မန္တလဂဇက်ပါလ များ ဖြစ်သည် ။

နာမည်နာမအားဖြင့် တွေ့မရှောင်ဟု သုံးစွဲသော်လည်း တစ်ဦးတစ်ယောက်တည်းမဟုတ်ပါ။ မန်ဘာဟောင်းများစွာ ပါဝင်နေပါသည် ။

ခေါင်းဆောင် နှစ်ဦးမှလွဲ၍ မည်သူပါဝင်နေသည်ကို မသိနိုင်ပါ ။

လျှို့ဝှက် အဖွဲ့အစည်းဖြစ်သည် ။ယူဇာနိမ်းတစ်ခု လျှို့ဝှက်ကုဒ် တစ်ခုတည်းဖြင့် ရွာအကျိုးလိုလားသူများပေါင်းစည်းပါဝင်နေသည် ။

အမြင်မတော် ဆင်တော်နှင့်ခလောက်များကို ဝေဖန်ပါမည် ။ နှောက်ယှက်ဖျက်ဆီးရန် ရည်ရွယ်ပြီးတင်သောစာများကို ကန့်ကွက်ပါမည် ။ ပုဂိ္ဂုလ်ရေး ထိပါးစော်ကားသူများကို တိုက်ခိုက်ပါမည် ။ ဘာသာရေးလူမျိုးရေး ရန်တိုက်သောစာများ၊ ခိုက်ရန်ဖြစ်ပွားရန်သွေးထိုးမြှောက်ပင့်သောစာများကို ဝေဖန်ရှုံ့ချပါမည် ။

ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ရေးသားသောစာကောင်းပေကောင်းများကို အားပေးပါမည် ။ ဂဇက်စည်းကမ်းထက်ပိုပြီး ဆဲဆိုကြမ်းတမ်းသောအရေးအသားများအား အားမနာတမ်းဝေဖန်ပါမည် ။

တွေ့မရှောင်သည် အဖွဲ့ဝင်ခြင်းမသိသောကြောင့် အချင်းချင်းလည်း မျက်နှာထောက်ခြင်းကင်းပါလိမ့်မည် ။ အတွေးအခေါ်အယူအဆလည်းမတူပါ။ ယနေ့မှစ၍ အသက်ဝင်ပြီဟု မှတ်ယူစေချင်ပါသည်။

မြန်မာ့ဂဇက်သည် လွတ်လပ်စွာရေးသားခြင်း၊ ပြောဆိုုခြင်းအားအားပေးသောနေရာတစ်ခုဖြစ်ခြင်းကြောင့်လည်းကောင်း

မြန်မာ့ဂဇက်ရှိ အမာခံစာရေးစာဖတ်သူများအားလုုံးသည် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြင်ပတွင်တွေ့ ဆုုံဖူးကြသူများဖြစ်ကြပြီး ကိုုယ်ပိုုင်တွေးခေါ်မှုဖြင့်ရေးသားနေကြသူများစုုစည်းနေကြသော အဆင့်အတန်းရှိလူ့အဖွဲ့အစည်းဖြစ်ခြင်းကြောင့်လည်းကောင်း

မြန်မာ့ဂဇက်တွင် ကိုုယ်ပိုုင်စည်းကမ်းထိန်းသိမ်းသူများရှိနေပြီးဖြစ်သလိုု သူကြီး (Admin) ကိုုယ်တိုုင်လည်း ဂဇက်စည်းကမ်းချက်များကို နိုုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းဖြင့်ထိန်းသိမ်းလျက်ရှိပါသည်။

ယခုုကဲ့သိုု့ ဂဇက်တစ်ခုုလုုံးအားသက်ရောက်စေချင်သည့် ရည်ရွယ်ချက်ဖြင့် အမိန့်ကြေငြာစာထုုတ်ပြန်ခြင်းသည် ဂဇက်စာရေးစာဖတ်သူများ၏အခွင့်အရေးကိုု ထိခိုုက်ချိုးဖောက်သည့်အတွက်သော်လည်းကောင်း၊ ဂဇက်၏ Admin နှင့်သူ၏ လုုပ်ပိုုင်ခွင့်ကိုု ဝန်ရောက်စွတ်ဖက်သကဲ့သိုု့ဖြစ်ခြင်းကြောင့် တွေ့ မရှောင်ဟူသည့်အဖွဲ့ အား ယခုုကဲ့သိုု့အမြင်မတော် ဆင်တော်နှင့်ခလောက်အပြုအမူများ ဆက်လက်မပြုလုုပ်ပါရန် ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့်

မြန်မာ့ဂဇက်စည်းကမ်းထိန်းသိမ်းရေး

Mod7

 

 

32 comments

  • မင်း ခန့် ကျော်

    June 27, 2014 at 3:25 pm

    ဥပဒေအထက်တွင် လွတ်တော်ရှိသည်။

    သူကြီးအထက်တွင် တွေ့မရှောင်ရှိသည်။

    :mrgreen:

    • တွေ့ မရှောင်

      June 27, 2014 at 4:20 pm

      တွေ့မရှောင်သည် သူကြီးအထက်တွင် မရှိပါ
      တွေ့မရှောင်သည် ရမ်းကားနှောင့်ယှက်သူများအား တုန့်ပြန်၍ ဤရွာကြီး ပိုမိုစည်ကားလာရေးကိုသာ အလေးထားပါသည်။

  • မင်း ခန့် ကျော်

    June 27, 2014 at 3:27 pm

    အဟိ ကုဒ်နံပါတ်လေးများးးးးးး :mrgreen:

  • kyeemite

    June 27, 2014 at 3:42 pm

    ညွတ်စွာဖါး…အဲလေ..မြတ်စွာဘုရား…အဖွဲ့တွေ သိပ်များတာပဲညှော်..
    “တွေ့ မရှောင်”ထဲ တောင်လှေခါးကြီးမိုက်ကောပါလားဟင်..ငင် :harr:

    • တွေ့ မရှောင်

      June 27, 2014 at 3:52 pm

      အဖွဲ့ဝင်ခြင်းမသိနိုင်ပါ

  • ကို ငြိမ်းမောင်

    June 27, 2014 at 3:43 pm

    ရွာထဲလည်း အဖွဲ့နဲ့ ရမ်းကားမည့်သူ ရှိပြီဆိုပါလားးးးးးးးးး

    • တွေ့ မရှောင်

      June 27, 2014 at 3:46 pm

      အဖွဲ့ ဆိုသည်မှာ မှန်ပါသည် ။
      ရမ်းကားရန်မဟုတ်ပါ ။
      ရမ်းကားသူများနှောက်ယှက်သူများအား တုန့်ပြန်ရန်ဖြစ်သည် ။
      ဂဇက်လောကပါလ ဖြစ်ပါသည် ။

  • လူမိုက် ခင်ဇော်

    June 27, 2014 at 3:57 pm

    နေစမ်းပါဦးး;
    ဘယ်သူ့ ခွင့်ပြုချက်နဲ့ များ
    နာ့ နာမည်ကို ယူလိုက်ရတာတုန်း?

    • တွေ့ မရှောင်

      June 27, 2014 at 4:05 pm

      အမည်အား မှတ်ပုံတင် မူပိုင်ထားပြီးပါသလား
      မူပိုင်မဟုတ်ပါက အများပိုင်အဖြစ်သုံးစွဲပါမည်

  • kyeemite

    June 27, 2014 at 4:00 pm

    ခေါင်းဆောင် နှစ်ဦး..ဆိုပါလား…ကျောင်းစရာဂျီး 😛

    • တွေ့ မရှောင်

      June 27, 2014 at 4:09 pm

      ကြောက်စရာဟု မထင်ပါရန်
      ရင်းနှီးခင်မင်နိုင်ပါသည် ။
      တွေ့မရှောင် သည် လူပေါင်းများစွာပါဝင်နေ၍
      သင်နှင့် ရင်းနှီးသူများလည်း ပါဝင်ပါလိမ့်မည်

  • လူမိုက် ခင်ဇော်

    June 27, 2014 at 4:45 pm

    စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့ ဆိုပါတော့???
    ဘယ်လို အပြစ်ပေးမှာလဲ?
    ထိပ်တုံးလား??
    နွားတင်းကုပ်မှာ ချုပ်မှာလားးး
    နာ ဒက် ပြန်လာရင် နာ့ ကို လာရွေးနိုင်အောင် ပြောထားမို့။

    😀

  • မင်း ခန့် ကျော်

    June 27, 2014 at 4:50 pm

    လူတွေဒီလောက်စုပြီးမှ အကောင့်တခုတည်းနဲ့ထိန်းမယ်ဆိုတော့
    နှမြောပါဘိ။
    တချို့ဆို(ကျာမပုတ် ကျုပ်မပါ)
    လူတယောက်အကောင့်သုံးလေးခုနဲ့ဝုန်းနေတာ။
    နှမြောလိုက်တာ တွေ့မရှောင်အဖွဲ့ကြီးရေ။

  • TNA

    June 27, 2014 at 5:12 pm

    ပလုတု ဘယ်တုန်းက ဘယ်သူဖွဲ့လိုက်တဲ့အဖွဲ့ပါလိမ့်။ ကိုခင်ဇော်မှတ်နေဒါ ကိုခင်ဇော်ဖွဲ့တာမဟုတ်ဘူးကိုး။ ဆန်းပ့ါ။ ကိုင်းကိုင်းရည်ရွယ်ချက်မှန်ရင်တော့ ကောင်းပါတယ်။ မဟုတ်ရင်တော့ မကောင်းဘူးထင်တယ်။ ဒီအဖွဲ့ကိုစောင့်ကြည့်နေပါ့မယ်။

  • alinsett (gazette)

    June 27, 2014 at 5:25 pm

    အဲ့လို အဖွဲ့မျိုး လိုနေတာ ကြာပေါ့

    ဘာလို့အခုမှ ထဖွဲ့တုန်း
    အေးလေ ဖွဲ ့ပြီးပြီဆိုတော့ ဒီအဖွဲ့လေး သက်ဆိုးရှည်ပါစေလို့ ဆန္ဒပြုပါတယ်။

    :kwi:

  • JackSkellington

    June 27, 2014 at 7:24 pm

    ဟယ် SS အဖွဲ့ကြီး ပါလား။ း)

  • တကယ် စေ တ နာ သန့် သန့် နဲ့ လုပ် မယ် ဆို ရင်တော့ ကောင်းပါတယ်။

    စေတနာကောင်းတယ်ဆိုရင်လဲ အများ က ထောက်ခံ မှာ ပါ။

  • kotun winlatt

    June 27, 2014 at 11:20 pm

    ရွာထဲလည်း မရောက်တာကြာတော့ အဖွဲ့တွေ တော်တော်များနေတယ် ထင်ပါ့…

  • naywoon ni

    June 27, 2014 at 11:29 pm

    ရှိသင်​့တာ​တော့မှန်​ပါရဲ့ တစ်​စုံတစ်​​ယောက်​ကို ရန်​စသလိုကြီးများဖြစ်​​နေသလားလို့ ကိုယ်​နဲ့​တော့ဆိုင်​မယ်​မထင်​ပါဘူး ။ ပို့စ်​တင်​ထားတဲ့ စာအသွား အလာကိုကြည်​့​ပြောတာ ။

  • စုန်းမ

    June 28, 2014 at 2:56 am

    အောင်မယ်လေး။ ဘာတွေဖြစ်ကုန်ကြပြီလဲ။
    (ခွက်ဒစ် – UML)
    :-)))))))))))

  • ဇီဇီ

    June 28, 2014 at 10:35 am

    မော့ ဆဲဗင်း က ဘူတုန်းဟင်? 🙄
    အ ရင် ၂ ရက် ရွာထဲ ဘွက်ပေါက်နေချိန်က ဘာလုပ်နေလဲဟင်? 🙄
    ခုမှ သတင်းကြားပြီး ဝင်လာဖွတဲ့ အသံကြားပြီးမှ ဒီလိုဖျက်တာတော့ မကောင်းဝူးများလားးး 🙄
    အို မသိပါဘူးးး :mrgeenn:
    နာလည်း မူတူးနဲ့ အိပ်ချင် အဲလေ ဟုတ်ပေါင် အိပ်ချင်မူးတူးနဲ့ လာမေးမိပြန်ပါပြီ။
    ပြန်အိပ်လိုက်ဦးမယ်နော်။

    😀

  • lu lu

    June 28, 2014 at 10:44 am

    ရွာထဲမ ရောက်တဲ့အချိန်လေးခဏမှာဘာတွေဖြစ်
    ကုန်ပြီလဲဟင် လန် ့ချင် စရာကြီး
    သဂျီးကယ်ပါ
    🙂
    😆

  • Shwe Poe

    June 28, 2014 at 10:50 am

    ဘာတွေလဲကွာာာာာာာာ
    :buu:

  • alinsett (gazette)

    June 28, 2014 at 11:16 am

    အော်. . .
    ဒီလို ဒီလိုတွေ ဖြစ်သွားပြီကိုးးးး

  • ဦး ဂျစ်

    June 28, 2014 at 11:49 am

    ဘယ်လိုတွေ ဖြစ်ကုန်ကြတာပါလိမ့်
    နားလည်သလို မလည်သလိုလို ၊ ဂေဇက်ကြီးလဲ ဂိုဏ်းအုပ် ဂိုဏ်းချုပ်တွေနဲ့
    ဖြစ်နေတာမျိုးလား ကွယ်ရို့ ။

  • မဟာရာဇာ အံစာတုံး

    June 28, 2014 at 12:24 pm

    ဒီအဖွဲ့ကလည်း
    ဟက်ကာတွေ ဝင်တုန်းက
    ဘယ်ချောင်းသွား အိပ်နေလဲ မသိပါဘူး ….

  • ရွာစားကျော် မင်းနန္ဓာ

    June 28, 2014 at 12:32 pm

    တွေ့မရှောင်လည်း ပြောသေးတယ် အဖွဲ့ဝင်ချင်း မသိနိုင်ပါတဲ့..
    တွေ့မရှောင်သည် အဖွဲ့ဝင်ခြင်းမသိသောကြောင့် အချင်းချင်းလည်း မျက်နှာထောက်ခြင်းကင်းပါလိမ့်မည် ။ အတွေးအခေါ်အယူအဆလည်းမတူပါ … တဲ့
    ဂေဇတ်ရွာမှာ ပို့စ်တွေထဲ အမြင်မတူရင်ဆဲချင်ဆဲမယ် ဆိုချင်ဆိုမယ်
    အပြင်မှာ ရယ်မောဆက်ဆံ အတူ သောက် စား နေတဲ့သူတွေ အများကြီးပါဗျာ

  • Foreign Resident

    June 28, 2014 at 12:40 pm

    Mod – 7 ကြီးကော ၊ တွေ့မရှောင်ကော ၊
    နှစ်ဖက်စလုံးက ကိုယ်ရွာသူား Senior အချင်းချင်းတွေပဲဟာ ။
    အသာ လုပ်ကြပါကွယ် ။ အပြောအဆိုတွေ လက်လွန်ကုန်ပါ့မယ်ကွယ် ။

  • (ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ရေးသားသောစာကောင်းပေကောင်းများကို အားပေးပါမည် ။ ဂဇက်စည်းကမ်းထက်ပိုပြီး ဆဲဆိုကြမ်းတမ်းသောအရေးအသားများအား အားမနာတမ်းဝေဖန်ပါမည် ။)

    ဒီအချက်က တော့ ကောင်းသောရည်ရွယ်ချက် လေး လို့ ထင် ပါတယ်။

    ဒီလိုလုပ်မယ်ရေးထားတာကို မောဒ်က မျဉ်းတားလိုက်တော့ ကောင်းတာ လုပ် မယ်ဆို တောင် မှ တွေ့ မရှောင်လုပ်တာကိုဆို လက် မခံ ဘူးဆိုတဲ့ သဘောသက်ရောက်သွားသလိုပါဘဲ။

    သူတို့ ရဲ့လုပ်ဆောင်ချက်ေ ကာင်းတာ ကို လက် ခံ ပြီး မကောင်းတာ ကို တော့ ကန့် ကွက် မယ် ဆိုရင် အခုလို edit လုပ်တာ ထက် ပို သင့် တော် မယ်လို့ ထင် မိ ပါ တယ်။
    စာအားလုံးကိုမျဉ်း တား ပြီး ပိတ်လိုက်တော့ ဘာလုပ်လုပ်လက်မခံဘူးဆိုတဲ့ သဘောသက်ရောက်သွားတယ် လို့ ခံစားရ ပါတယ်။
    ပြန်လည်စဉ်းစား ပြီး ဆွေးနွေး သင့် တယ် လို့ ထင် ပါတယ်။
    ကောင်းသောရည်ရွယ်ချက် နဲ့ ဟုတ်မဟုတ်ကတော့ သူတို့ ပေး တဲ့ ကော်မင်း တွေ ပိုစ်တွေ နဲ့ ချိန်ထိုးပြီး စဉ်းစားရမှာဖြစ်ပါတယ်။

    သူတို့ သာ စေ တာ မမှန်ခဲ့ ရင် အမှားတွေ လုပ် ရင် အလို လို ဘေး ရောက်သွားမှာပါ

    ဒါက ကျနော့် အမြင်ပါ။

  • ခင် ခ

    June 28, 2014 at 2:55 pm

    အင်း အရင်နဝတ နဲ့ အခုအစိုးရ ဘာကွာလဲလို့ ကျုပ်ကိုမေးရင် ကျုပ်ကတော့ ဘာမှမကွာဘူး အရင်နဝတက တီဗီသတင်းမှာ ဘောင်းဘီအဝတ်များပြီး အခုအစိုးရက ပုဆိုးဝတ်တာများတယ် မျက်နှာတွေကတော့ တူသလားလို့။

  • kai

    June 28, 2014 at 3:16 pm

    ဒီပို့စ်ကို စတစ်ကီက ဖြုတ်ချလိုက်ပါ့မယ်..။
    အထူးမင်န်ဘာတွေပဲမြင်ရအောင်လုပ်လိုက်ပါ့မယ်..။

    ဆိုတော့…
    ကျုပ်ကိုယ်ပိုင်သဘောကတော့.. လူသားတဦးတယောက်ကို.. ထိမ်းချုပ်..ကန့်သတ်တဲ့.. စည်းကမ်းတွေ..ဥပဒေတွေမုန်းတယ်..။
    အခြေခံစည်းကမ်းကလွဲလို့.. ကန့်သတ်ထိမ်းချုပ်မှုတွေ… နည်းနိုင်သမျှနည်းစေချင်တယ်..။
    ရွာကိုလည်း.. ဒီလိုပဲ..

    အထဲပါဝင်နေသူတွေကိုယ့်ကိုယ်တိုင်… အသိစိတ်ဓါတ်ရှိရှိနဲ့.. ကိုယ့်နေရာ.. ကိုယ့်ဒေသအနေနဲ့.. ထိမ်းသိမ်းလည်ပါတ်စေချင်တယ်..။
    မန်ဘာ(ရွာသူား) တဦးတယောက်ရေးပုံ.. ဆိုပုံက…. အများစုသဘောနဲ့မကိုက်ညီတာတွေ့ရင်.. ဝိုင်းဝန်းဖြောင်းဖျကြ.. ညှိပေးကြစေလိုပါတယ်..။
    (ဖြစ်နိုင်ရင်).. အခြေအနေတခုရောက်တဲ့အထိ.. သူ့အလိုလိုသိတတ်သွားတဲ့အထိ.. အချိန်တခုပေး.. စောင့်ကြည့်ကြစေလိုပါတယ်…။
    ပုဂ္ဂလိကအခြေအနေ.. ပုဂ္ဂိုလ်ရေးထိခိုက်အောင်.. တွန်းတိုက်ပြောတာမျိုး မဖြစ်/မလုပ်ကြစေချင်ပါ..။
    အဲလိုပြောခွင့်ဘယ်သူ့မှာမှ..(ဘယ်သူ့မှာမှ) အာဏာ/ပြောပိုင်ခွင့်မရှိပါ..။

    ဆိုတော့…
    ခုတလော.. ၂ဖက်အစိုးရပိုင်းကတ်သက်သူတွေနဲ့တွေ့တာ.. စကားပြောဖြစ်တာများပြီး.. ရွာ..အဲ..မြို့ကို.. တဆင့်မြှင့်ဂီယာထိုးမလို့လုပ်နေတာနဲ့.. အလုပ်များနေတာပါ..။
    ကဲ.. ထိုးလိုက်ပါပြီ..
    ဂွတ်.. ဂီ… ဂိ့…။
    ဂျမ်းဖြစ်နေကြောင်း…။ :mrgreen:

    • ဦးကြောင်ကြီး

      June 29, 2014 at 12:25 am

      သန်ဆင်ခိုင်မ် လေးဂိုခြစ်တယ်… အိုယေးရို ယေးရိုရေးယို့ရေ… ခြစ် ခြစ်လိုက်တော့..

Leave a Reply