ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့ အပိုင်း(၂)

ေရႊညာသားJuly 9, 20144min82971

                                                      ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့    အပိုင်း(၂)

 

ညီလေးရေ

 

ရှင်းစရာတွေက တစ်ပုံတစ်ပင်ဆိုတော့ အကို တွေးနေရင်းနဲ့ရွာထဲမရောက်လိုက်တာဟာ          အတော်ကြာခဲ့ပေ့ါ ညီရေ။

တစ်ခုရှိတာက ညီလေးရေ အပိုင်း(၂) ကနောက်တစ်ရက်မှာပဲအကိုရေးပြီးသားပါ။သို့ပေမယ့်လည်း ရှင်းပြစရာ အဓိက ကတော့

ဒေါ်ကေဇီပေါ့ ညီရေ။ ရွှေညာသားကလောင်ကိစ္စက ရှင်းပြမှရမယ်ဆိုတော့ အကို မဝင်လာဖြစ်သေးတာပါ။

အန်တီဒုံ အရီးလတ် ဆရာပေါက်တို့ ခေါ်သံကို အရေးမလုပ်တာလည်း မဟုတ်ရပေဘူး ညီလေးရေ။

 

ပြန်ခေါ်ကြတဲ့ အန်တီဒုံအပါအဝင် ကျွန်တော်တို့ရွာထဲမှာ May 2014 Post က ငါးယောက်ပေါင်း ကလောင်စုံပါတဲ့

စာကြမ်းပိုးကိုတွေ့လိုက်ရမှ နဲနဲရှင်းပြဖို့အဖြေပေါ်သွားတယ်။

ကဲ ရှင်းပြမယ် ဒေါ်ကေဇီရေ ။

ရွှေညာသားကလောင်နာမည်တူတွေ အများကြီး ရှိကောင်းရှိနေမှာ ဖြစ်ပေမယ့် ဒီရွှေညာသားကတော့ မန်းမြေကပါ။ခေတ္တ ခဏ

နေတဲ့ နေရာကနေ အမြဲများနေဖြစ်လေမလားလို့ပဲဆိုရမလားပေါ့ညီရေ။ ဒီအထိလောက်ပဲ ပြောပါရစေနော်။

အဲဒါကြောင့် ရွှေညာသား(အထက်အညာမြေ)  ဆိုပြီးမှ ရေးထားတာပါ ဒေါ်ကေဇီ ရေ။

 

ရွှေညာသားကလောင်ကို ဖန်တီးခဲ့တာ သတင်းသီးသန့်အတွက်ပါ။အရင့် အရင်က သူ့မှာ မူရင်းစာရေးနေတဲ့ ကလောင်တစ်ချောင်း

လည်း ကိုယ်ပိုင်ရှိနေပါသေးတယ်။နောက်တော့ တပည့်လေး ရေးတဲ့ပို့တဲ့သတင်းကို Edited လုပ်ပြီးတင်ရင်းနဲ့ ရွာသားအချို့နဲ့

ငြိကြပြီးတဲ့နောက် ကလောင်ကို ထိမ်းထားလိုက်တာပါ။

နောက်ထပ်အစွန်းလွတ်အောင် ရှောင်ချင်တာလည်း ပါသပေါ့ညီရေ။ ဆိုချင်တာ သတင်းကလောင်ဆိုတော့ကာ မှန်သင့်သလောက်တွေ လည်းပါသလို ကလေးတွေရေးတာကို ဒီအတိုင်းတင်တာတွေလည်းပါသပေါ့။နောက်အကို ကိုယ်တိုင်ဝင်ရေးတဲ့

အမြင်ဆောင်းပါးလေးတွေလည်း ခဏတဖြုတ်တော့ ရေးခဲ့ဖူးလေသပေါ့။

ဒီတော့ ဒီကလောင်ကို အရင်ကထက် မရေးတော့တာထက် တစ်ခါတစ်ရံရေးတာမျိုးလေးတွေကို အကျိုးရှိရှိလုပ်ဖို့ သုံးသပ်ပြီးတော့

မှ အကို့အနေနဲ့ ဆက်ရေးနေရတာပါညီရေ။

ဒါဟာ ရွှေညာသား ကလောင်အကြောင်းနဲ့ မန်းဂေဇက်ကို ဝင်ရတဲ့ကနဦးရည်ရွယ်ချက်တွေပါ ညီရေ။

ကဲ စာအကြောင်း ပေအကြောင်းဆက်ကြဦးစို့ညီရေ   …. အချိန်တွေလင့်ကုန်တော့မယ် . . .

 

နောက်ရွာရာအိမ်မှူး မိကေဇီ နဲ့ ဆယ်အိမ်ခေါင်း မာမီတိုက်တို့အပါအဝင် အရီးလတ် အန်တီဒုံတို့ကို ရှင်းပြရင်းပြောချင်တဲ့အချက်က

ညီလေးရေ လို့ခေါင်းစဉ်တပ်ပေမယ့် တကယ်တမ်းက ရွာသူ/ရွာသားအားလုံးကို ရည်ရွယ်ပါတယ်။

အလင်းဆက်ကို ကျွန်တော်မတွေ့ဖူးပေမယ့် သူရေးတဲ့ Post လေးတွေမှာ စာပေချစ်စိတ် ကဗျာချစ်စိတ်လေးတွေ ပါနေတယ်လို့

ခံစားနေရတာ အထင်းသားမို့ သူ့နာမည်လေးတပ်လိုက်တာကို တစ်လွဲမထင်စေချင်ပါဖူးနော် ဒါက ရှင်းပြပေးတာပါ။

ကဲ ဆက်ကြဦးစို့ ညီလေးရေ . . .

 

ညီလေးရေ

တစ်ခုတော့ အကိုပြောချင်တယ်နော်။အကိုက မြန်မာစာကိုချစ်ပေမယ့် မတူညီတဲ့နယ်ပယ်နဲ့ဘွဲ့ရ ဆရာပြန်ဖြစ် စာပြန်သင်

ခဲ့ရပေမယ့် ကလောင်အသက်သွင်းတော့ မြန်မာစာကို ရင်နဲ့အမျှချစ်ခဲ့လို့ မြန်မာစာစာတမ်းတော်တော်များများကိုရေးခဲ့တဲ့သူတစ်ယောက်။

 

ကဲ ညီ့ကို သက်သေပြမယ်ကွာ တစ်ချိန်တုံးက အကိုတုံးခေါင်းတောင် မဖော်ဝံ့ခဲ့တဲ့ကာလမှာ တာရာမင်းဝေဆိုတဲ့ ကလောင်မဖြစ်ခင် ရွှေဘုန်းလူ အမည်နဲ့ရေးခဲ့တဲ့ ဒီကဗျာကို အကိုတို့ ဆရာတွေ အဆောင်မှာ ခိုးဖတ်ပြီး

သွေးတွေဆူပွက် တောက်တွေခေါက် အမိ ရန်ကုန်တက္ကသိုလ်ကြီးရှေ့ မှာ တတ်နိုင်သမျှ ဖြန့်ဝေခဲ့တဲ့ ကဗျာတစ်စပါ ။ဖတ်ဖူးသူတွေလည်း

ရှိပါလိမ့်မယ်။

အကို က ကောင်းပြီးသားကဗျာကို ကောင်းလိုက်တာလို့ မပြောချင်တော့ဘူးနော်။

 

ဒါဆိုရင် အကိုက အဖိုးကြီးပါဗျာ ။

အန်းတိတ်တွေရွတ်ပြမနေပါနဲ့လို့ ညီ မပြောတော့လောက်ပါဘူး။

အကို ကဗျာကိုချစ်တယ် စာကိုချစ်တယ်ဆိုတာ သွေးထဲကနေကို

လှိုက်လှိုက်လှဲလှဲချစ်တာပါညီ။ကဲ သက်သေပြမယ်ကွာ ။

 

ကဲ ညီဖတ်ကြည့်လိုက်ပါဦးကွာ . . . . ဥဒါန်းဆိုတဲ့ကဗျာ ညီကြားဖူုးခဲ့မှာပါ။

                                    ဇာဘုရင်ရဲ့ စံနစ်ဆိုးကြောင့်

                                    ပြည့်တန်ဆာဖြစ်ရတဲ့ ရုရှားမလေးဟာ

                                  အိပ်ယာထဲမှာ ငိုနေတယ်

                                 နေဝင်းရဲ့ စံနစ်ကြောင့်

သူပုန်ဖြစ်ရတဲ့ကျောင်းသားတွေ

                             လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

 

  ဒီနေ့ပွဲဟာ

ရှုံးရှုံးနိုင်နိုင်

ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ပွဲမဟုတ်ဘူး

                             သူသေကိုယ်သေ အပြိုင်နွှဲ

ဝိညဉ်ခြင်းရိုက်ခွဲတဲ့ ပွဲဖြစ်တယ်။

                             ဟေ့ ကြိုးစင်

ငါရင်ကော့ပြီးလာခဲ့မယ်။

 

မြန်မာပြည်ငြိမ်းချမ်းပါစေ

                             သွေးစတွေစိုလူး

အလံဦးမှာ

ကိုယ့်အမည်ချိတ်လို့

                             ကြိုးစင်ရိပ်ဝယ်

ကျွန်တော်တို့တိုက်ပွဲဝင်နေပါတယ်။

 

                             ပိတ်မထားရသေးတဲ့

သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ

                             ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့

မေမေမျက်ရည်ဝဲ ရော့မယ်။

 

                             ရှစ်ဆယ့်ရှစ် ခုနှစ်ရဲ့

လက်နက်နဲ့ လွယ်အိပ်တိုက်ပွဲများ

မှုန်ဝါးပြာဝေ

                             ကမာ္ဘမကျေဖူး

ဘီလူးတစ်ခေတ် ဒေါင်းတစ်ခေတ်

တစ်နေ့နေ့လေ

                             မသေသေးရင်

ပြန်လာချင်တယ်

ရင်ခွင်မှာ ထွေးလို့ကြိုပါ မေမေ ရယ်။

 

မြန်မာပြည်ငြိမ်းချမ်းပါစေ

                             သွေးစတွေစိုလူး

အလံဦးမှာ

ကိုယ့်အမည်ချိတ်လို့

                             ကြိုးစင်ရိပ်ဝယ်

ကျွန်တော်တို့တိုက်ပွဲဝင်နေပါတယ်။

            ကောင်းလိုက်တဲ့ ကဗျာလေးနော်ညီ ။အပြစ်ကို ရှာချင်ရင်တောင် အကို ရှာမရခဲ့ပါဘူး ညီရေ။ရှင်းပြစရာလည်းမလိုလောက်ပါဘူးနော်

ညီရေ။

 

ကဲ အကိုက အန်းတိတ်ကို ချစ်သလို ကောင်းတဲ့ အသစ်တွေကိုလည်း ချစ်ပါတယ် ညီရေ ။ဒါပေမယ့် ညီရေ အကိုပြောချင်တာက

သွေးတွေဆူပွက် တောက်တွေခေါက် ဒေါသတွေထွက်နေရတဲ့ ခေတ်ကာလဆိုးကြီးထဲ အကို့အသက်တွေလည်း ကြီးခဲ့ပေပေါ့။

ညီ့ကိုဒီလိုမဖြစ်စေချင်တော့တာ အကို့စေတနာပါ ညီ။ မှန်သော စကားပါ။လုံးဝအမုန်းမပါတဲ့ စာပေအလှတရားကိုပဲ ခံစားကြည့်

ကြရအောင်နော်။

တိုက်ပွဲဝင်ရဲရဲတောက်ဒီမိုကရေစီသူရဲကောင်းကြီးတွေအကြောင်း အကို အသိဆုံးပါ ညီ။ဒါကြောင့် စာကိုချစ်ရာမှာ အရင့်

ရင့်ကျက်စေချင်သေးတယ်ညီ။

ဒီတော့ ညီ့ကို ရင်ခုန်စေချင်တာက မြန်မာစာ စာဟောင်း စာကောင်းလေးတွေနဲ့ ရင်ခုန်ရင်းနဲ့ ပျော်ရွှင်စေချင်လို့ ဒီလိုခေတ်ပေါ်

ကဗျာတွေကို မဆွေးနွေးသေးတာပါ။တစ်ချိန်ချိန်မှာတော့ ကာရန်မဲ့ကဗျာ နောက်ဆုံးစာမဲ့ကဗျာတွေအထိအကိုတို့ ဆက်ဆွေးနွေးကြတာ

ပေါ့ညီရာ။ ညီစိတ်ဝင်စားရင်ပေါ့နော်။နိုင်ငံရေးကို အကို လုံးဝဆွေးနွေးမှာမဟုတ်ပါဘူး ညီရေ။

 

ကဲ ညီရေ မြန်မာစာ ကဗျာဟောင်းလေးတွေကို ဆက်ဆွေးနွေးကြည့်ကြရအောင်လား။

 

ညီလေးရေ

မနေ့ကအထိတော့ အကို ညီ့ကို ကဗျာအချို့နဲ့ စာပြောင်တစ်ချို့ကို ရှင်းပြပေးပြီးပြီနော်။

ဒီနေ့ ဆက်ပြီး ရှင်းပြစရာလေးလဲရှိနေသေးလို့ ညီရေ။ အကိုပြောတာသေသေချာချာနားထောင်နော်။အကိုကြိုက်တဲ့ကဗျာလေးတစ်ပုဒ်ရေးပြ

မယ် ။ ဖတ်ကြည့်နော်။

 

နေဝင်စချိုးမရယ်ကူ

 

ဆိုတဲ့ နာမည်ကျော် ကဗျာအကြောင်းကိုပါ။အကုန်မရရင်တောင် တစ်ပိုင်းတစ်စတော့ဖြင့် ညီလေးကြားဖူးမှာပါ။

 

ကဲ ညီရေ ဂျပန်ခေတ်မှာရေးဖွဲ့ခဲ့တယ်ဆိုတဲ့ ကဗျာပါ ညီရေ။ညီ ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။အကိုအနေနဲ့က ညီရေ ကဗျာတစ်ပုဒ်

ကိုကြိုက်ပြီဆိုရင် အလွတ်ကျက်ပစ်သကွ ။ဒါ့ကြောင့်လည်း နှစ်တွေကြာနေတာတောင် အခုထိမှတ်မိတုန်းဆိုပါစို့ ။

အကိုကြိုက်တာကတော့ စောစောက နေဝင်စချိုးမရယ်ကူဆိုတဲ့အထဲက နောက်ဆုံးပိုဒ်လေးပေါ့ညီရာ။

 

ဘယ် ဘယ်ကိုခွဲ ရင်ကိုခွဲ –

                                      ရှားမီးခဲတွင် ရဲရဲကင်သည်

                                      အကျွန်မမြင်ဝံ့ပါတကား။

 

ကဲ ညီရေ (ရင်ကိုခွဲ) နောက်မှာ စကားစပ်ပါသေးပေမယ့် စာရိုက်မရလို့ ဒီအတိုင်းပဲထားလိုက်တယ်ညီရေ။ကဲ ထားပါ။

ကြည့်ကြည့်စမ်းပါ။အစာငတ်လို့ ကူတာလား ရေကိုငတ်လို့ ကူသလားထင်နေတုန်းမှာ တကယ်တမ်းတော့ လင်ပျောက်ရှာတဲ့ ကဗျာ

လေးပေါ့ညီရာ ။လင်ဖြစ်သူကို ရှားမီးခဲမှာကင်တာကို မျက်မြင်တွေ့ရတဲ့ ဇနီးသယ် ငှက်မလေးရဲ့အဖြစ်ပါညီ။မမြင်ဝံ့စရာပေပဲပေါ့ ညီရယ်။

နွားကျောင်းသားငယ် ကျော့ကွင်းရယ်တည်

 

ဆိုတာလေးကလဲ သနားစရာပေါ့ညီရာ ။

ဘယ်လောက်ချစ်စရာကောင်းလိုက်လေသလဲ။ကဲ ညီရေ သိပ်လှတဲ့ ပြည့်သူ့ဘဝကိုထင်ဟပ်တဲ့ကဗျာတွေပေါ့။ညီရှာဖတ်

ကြည့်ပေါ့ကွာ။ဟုတ်လား ။ဆိုရှယ်လစ်စံနစ်မှာ သိပ်ထင်ရှားခဲ့တာလည်း ပြောကြသေးသကွ။နိုင်ငံရေးတွေပါလာမှာစိုးလို့ ထပ်မရှင်းတော့

ပါဘူးနော် ညီရေ။

ကဲ အကို ဆက်ရှင်းပြစရာရှိသေးတယ်။ မ Pooch မေးသွားတဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ဆိုတာလေ။

 

အဲဒါကတော့ အကိုတို့သိသလောက်တော့ ရှေးကဗျာကွ။ဒါကို နောက်ပိုင်းသီချင်းလုပ်ပြီးပြန်ဆိုကြသတဲ့။ မယ်ပုချ် မေးတဲ့အချိန်မ

တိုင်ခင်ထိ အကိုသတိရနေသေးသကွ။နားထောင်ကြည့်လိုက်ဦးနော်။အကိုက သီချင်းအလိုက်ပဲ ရေးပြမှာ ။ကဗျာလိုစာစပ်နဲ့ နဲနဲတော့ကွဲ

သကွ။

ရွှေခြည်ငွေခြည် တန်းပါလို့

                                               ယက်ကန်းကိုဆင် တန်းကိုဆင်

                                            ရွှေခြည်ငွေခြည် တန်းပါလို့

                                           ယက်ကန်းရွှေစင် တန်းရွှေစင်

                                       ဘုရားငုတ်တိုရောင်တော်လွှတ်မှ

                                      ပုံတော်ရှင်ဝတ်ကြပါစို့

                                      မောင်ကြီးရေ ……. တော့။

                                    (အချို့ကလည်း ပုံတော်ဆင်လို့ ဆိုသကွဲ့ ညီရေ )

                                      အောက်ပြည်ကို လှေတော်ထိုး

                                       ပိုးမှာလိုက်တယ်လေး လေ့။

                                      (မူကွဲမှာလည်း ပိုးမှာလိုက်သလေ လေ့ ဆိုသကွ )

 

                                      အနားတစ်ဖက်တစ်ချက်ရယ်က

                                    စိမ်းနုခြယ် စိမ်းနုခြယ်

                                      အလယ်မှာ မှန်ရောင်ကွပ်တယ်

                                      ချစ်တဲ့သူဝတ်ဖို့ရယ်

                                      လက်ခတ်သံ လက်ခတ်သံ

                                    ပျိုလေးလက်ခတ်သံ

                                      လက်ခတ်သံ လက်ခတ်သံ

                                        နှမလေးလက်ခတ်သံ

                                      လက်ခတ်သံ မိုးကြိုကြား

                                        သောင်းတိုင်ကကြား သလေးလေ့။

                                      ( အမှန်က သောင်းတိုက်ကကြားပါ ညီရေ)

 

သီချင်းဆိုတော့ အသံလိုက်အောင်ဆိုရပေသပေါ့ညီရာ။ကဲ နန်းမတော်မယ်ပုချ် ရေ တစ်ခေါက်လောက်နော်။

 

( အရေးကြီးတာလေးရှင်းပြပေးရရင်တော့ ဒီရွာထဲက အကိုချစ်ခင်တဲ့ ဆရာခေါင်တော့ဖြင့် ပိုဆိုတတ်မယ်ထင်တယ်။အကိုရေးတာကတော့ ရှေးကဗျာအတိုင်းပဲလေ။ ဒါ့ပုံဆြာပေါက်ပြောတဲ့ ရှေးမြန်မာသီချင်းဟောင်းများထဲမှာတော့

အကိုသွားမကြည့်ရသေးပါဘူး။ဆိုလိုတာက ကဗျာကနေသီချင်းပြောင်းဖွဲ့ရာမှာ အချို့အချို့သော စာသား သံနေသံထားပြောင်းသွားရတဲ့

သာဓကတွေ အများအပြားရှိခဲ့သေးသပေါ့ညီရာ။ဒီတော့ ဒီရွာထဲက ကိုခေါင်ရေ တတ်နိုင်ရင် ကျွန်တော်ဖိတ်ခေါ်တာကို လက်ခံပြီး ကျွန်တော့်ညီလေးကို ဝင်ပြီးရှင်းပြပေးပါဦးလို့ . . . . လေးစားစွာဖြင့် )

 

          တတ်နိုင်ရင် ဒါ့ပုံဆြာပေါက်ကလည်း ရေးပေးစေချင်ပါတယ်။ အမှန်ကိုသိရတာပေါ့နော်။ဆြာပေါက် ရဲ့ Post နှစ်ခုကို ကုမုဒြာဂျာနယ်

မေလထုတ် အတွဲ(၄) အမှတ်(၉) ၁ရ – ၆- ၂၁၀၄ အင်္ဂါနေ့ထုတ် စာမျက်နှာ ၂၂ – ၂၃ မှာ ဆက်တိုက် တစ်ပတ်တည်းဖော်ပြခံရတာကိုလည်း

ဂုဏ်ယူပါတယ် ဆရာပေါက်ရေ …

          အယ်ဒီတာမင်းများကရော ယူသားသုံးတာ အကြောင်းရောကြားပါရဲ့လား …. ရွာထဲပြောသံမကြားလို့ပါ….. ဆက်လုပ် ဆြာပေါက် ..

 

 

          ဘာကြောင့်လည်းဆိုတော့ ဒီကဗျာမှာ မူကွဲပေါင်းများစွာရှိနေလို့ ဦးမောင်မောင်တင် ( မြန်မာစာမဟာဝိဇ္ဖာ) ကိုယ်တိုင်ငြင်းချက်ထုတ်ဖူးတယ်လို့လည်း အကိုကြားဖူးနေလို့ပါ ။အကို လည်း မှားကောင်းမှားနိုင်တာပေါ့ ညီရေ။

အကိုကတော့ ဟံသာဝတီတိုက်ထုတ် စာအုပ်ကိုကိုင်ပြီးကျက်ခဲ့ရတာ မို့ပဲ ညီလေးရေ ။

 

ကဲ ညီ တွေးကြည့်စမ်းပါ။ပျို့မောင်ကြီးအတွက် ယက်မဲ့ ယက်ကန်းလွန်းစင်ကိုဆင်တာ ရွှေခြည်ငွေခြည် နဲ့တန်းပြီးဆင်

သလိုလို စပ်ဆိုထားတဲ့ ကဗျာလေးပေါ့ညီရာ။ဘယ်လောက်လှလိုက်လေသလဲ ပြီးတော့ မောင်ကြီးအတွက် ယက်မဲ့ ပုဆိုးအတွက်

ပိုးဆင်ကို အောက်ပြည်သွားမဲ့ လှေတော်သားတွေကို ပိုးချည်မှာပြီးတောင်ယက်မကွဲ့တဲ့ ညီရေ။

 

ကဲ ညီရေ

အကိုရှင်းစရာထပ်ပြန်ပေါ်လာပြသကွ။ညီ သိမှာပါရှေးရှေးတုန်းက လူပျိုအတွက် ကို အပျိုတွေက

ကိုယ်တိုင်ယက်ပေးတာကိုမှ ဝတ်ဆင်ကြသတဲ့ ။ အပျိုတွေက မယက်တတ်ရင်တောင် ဝယ်ပေးကြသတဲ့ညီရ။

 

လူပျိုတွေကလည်း ဂုဏ်ယူသတဲ့ညီရေ။ဒီလိုမျိုး ပျို့မောင်ကြီးကို ယက်ကန်းယက်သလိုမျိုး

ဆက်စပ်တဲ့ ကဗျာတွေအများကြီးထဲက တစ်ပုဒ်လောက်အကိုရှင်းပြပေးမယ်နော် ညီ။လေ့လာကြည့်လို့ရနိုင်တာပေါ့ ညီရာ။

 

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပေါ့ညီလေးရာ

 

ချာရစ်ကလေး မပျောက်စေချင်

                                        ထွက်ခဲ့စေချင်

                                       လိင်ပြန်ရင် ဆံရှည်ထားပါနဲ့

                                     သန်းတွေကများ။

                                      လိင်ပြန်ရင်ကိုရင်ဝတ်ဖို့

                                      ပလေကပ်အနံကျယ်

                                    ဈေးကြိုကဝယ်

                                      အနံကျယ် ခါးပုံနွဲ့တယ်

                                      ဆုတ်လိုက်ပါတဲ့။

                                      (ရေးတော့ ချာရစ် – ဖတ်တော့ ဂျာရစ်ပေါ့ ညီလေးရာ )

 

ကဲ ဘယ်လောက်လှသလဲ ညီ။ သိပ်လှတဲ့ ကဗျာလေးပေါ့ ။ကောင်းပါတယ်လို့ အကိုညွှန်းနေရဦးမလားညီရာ။အလွတ်ကျက်ပစ်

လိုက်စမ်းပါ့ ညီရာ။ အော်ဖတ်လိုက်စမ်းပါ။ ကာရန်ရဲ့ အလှ ၊ ကဗျာရဲ့ အလှကို ညီမြင်လာပါလိမ့်မယ်။

ရှေးရှေးက ကိုရင်လူထွက်တာကို လိင်ပြန်တယ် ခေါ်သကွညီရဲ့။တစ်လွဲမတွေးနဲ့နော်။အခုခေတ်ကလေးတွေမသိမှာစိုးလိုပါ့ ညီရာ။

ဒါ့ထက် အဲဒီ့လိုတစ်လွဲတွေးမိလို့ ပြသနာတတ်တဲ့ ကဗျာလည်း ရှိသေးသပါ့ညီရာ။ အမှန်က အကိုတို့အမှတ်မှားတာပါ။

နောက်များမှအကျယ်ချဲ့ရှင်းပြပေးမယ် ညီရေ။ပြောရရင်တော့

 

အကိုတို့ဆယ်တန်းမှာ သင်ရတဲ့ စိန်ခြူးကြာညောင် ဘောလယ်   ပေါ့ညီရာ။

စိန်ခြူးကြာညောင် လရောင်းတွေမလင်းပါလို့

                       မှန်ရွှေပြတင်းရယ်ကမယ်ခုမျှော်

                   သုံးချက်စည်တော် ရိုက်ခတ်ခြည်သော် . . . . .

 

ကဲ ကနောင်မင်းသား အမျက်တော်ရှနေတဲ့ လှုိုင်ထိပ်ထားခမျာ သုံးချက်စည်တော် ယွန်းသော်မှ စက်ယာဆောင်မှာ လူးလူး

လွန့်လွန့်နေရပုံကို အကို ဝင်ပြီးမှများရှင်းနေရဦးမလား ညီရေ။

အကိုအကြိုက်ဆုံးကတော့ အဆုံးအပိုဒ်က သဖြန်ခွန်းထောက်လေးပေါ့ညီ။ အသနားခံတဲ့ လေသံလေးနဲ့ မေးထားပုံလေး

ကိုပေါ့ ညီ။ အကိုတို့ခေတ် ရည်းစားစာရေးရင် ထည့်သုံးလေသပေါ့ ညီရယ်။မှတ်လိုက်စမ်းပါ။

 

အချစ်ကိုယုံ ပုံပါ့ငဲ့အလုံး  

                                                       ရှောင်လွှဲနေပျော်လို့

                                                မကြည်သော် မျက်တော်ဖုံးတယ်

                                                 ဘယ့်တွက်ကြောင့်မုန်း။

 

ကဲ ညီရာ ။လှလိုက်တာ။ရေးတတ်လိုက်တာ ။ဘယ်လောက်ကောင်းတဲ့ မြန်မာစာပေရဲ့ အနုအလှလည်း ။သမိုင်းစဉ်တစ်ဆက်မှာ

မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ မြန်မာစာရဲ့ အလှတရားပါညီ။

 

အဲ အကိုတို့ ပြသနာတတ်ခဲ့တယ်ဆိုတာ ဒီကဗျာကို လှိုုင်ထိပ်ခေါင်တင်က ဘောလယ် အနေနဲ့ ရေးခဲ့တာညီ။

 

ဘောလယ် – ဘောလည် ဆိုတာက စိတ်သဘောတော်ပြန်လည် လာအောင်လို့ အဓိပါယ်ရသကွ။

 

သို့သော်ငြားလည်းပဲ ဆရာမ အပျိုကြီးက ဘောလည်ဆိုတာဘာတုန်းလို့ မထမဆုံး စသင်တဲ့ရက်မှာ မေးပါလေရော။

 

အဲ ……. အဲဒီ့တော့ အကိုတို့အဖွဲ့ ( စာတော်တယ်နော် ) အရမ်းကြီးတွေးလိုက်ပြီးတော့မှ

ကနောင်မင်းသားရဲ့ ဘောကြီးသူ့ဘက်ပြန်လှည့်လာအောင်ရေးလို့ ဘောလည်ခေါ်ပါတယ် ဆရာမဆိုတော့ကာ

 

အင်း ညီရာ။ တစ်ခန်းလုံး ရုံးခန်းရောက်သပေါ့။ အကိုတို့ခေတ်က ယောက်ျားလေး ဟဝှာကို ဘော ခေါ်သကိုးကွ။

 

( ဒီအနားမှာ ဒေါ်ကေဇီ တစ်ယောက် ဝင်ကစ်တော့မှာကိုလည်း အကိုမြင်ယောင်သပေါ့ ငါ့ညီရာ . . . . )

 

ကဲ ကဲ ထားပါ။ဒါက ဟာသပြောတာပါ။ဖြစ်လည်းဖြစ်ခဲ့လေသကိုး။ ကနောင်မင်းသားမပြောနဲ့။အကိုတောင် လှိုင်ထိပ်ထားလေး

ဘက်ပြန်လှည့်ချင်စိတ်ပေါ်သွားသကွ ညီရေ။

ကဲ လှလိုက်တဲ့ ကဗျာတွေ စာတွေညီရာ။မြန်မာစာဟာ အရမ်းလှပါတယ်ညီရေ။

 

ကာရန်သံလှလှနဲ့ဆိုလို့ရသလို စန္ဒယားနဲ့တောင်ဆိုလို့ရတဲ့ ကဗျာတွေလည်းအများကြီးပေါ့။

 

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေဆို အကိုသိထားတာ အပိုင်ခွဲ ကဗျာပေါင်း (၄၀) ကျော်သကွ။

တကယ်တမ်းလူသိများတာ အပိုဒ်(၉) ကိုပဲအသိများတာ။ညီသိမှာပါ။

 

ဘဲအုပ်က တစ်ရာ နှစ်ရာ ဆိုတာလေးပေါ့ညီ ။သီချင်းအဖြစ်အရမ်းအောင်မြင်ခဲ့လေသပေါ့။

တကယ်တမ်းကျတော့ အချင်းကျုရိုးရှင်တို့ ဘာတို့နှင့်စတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတွဲတွေက ပိုလို့တောင်လှသေးသပ ညီရာ ။

 

အဲဒါကိုတော့ သီးသန့်နောက်မှ ရှင်းရအောင်ပေါ့ညီ။အခု စန္ဒယားနဲ့ဆိုလို့ရတဲ့ကဗျာကို အကိုပြပါဦးဆို ရင်တော့ ဆရာကြီးမင်းသုဝဏ် ရေးတဲ့ ကလေးကဗျာတွေပေါ့ညီ ။ ဆရာကြီး ဂျေ.အိပ်(စ) လုခ် ကနေ အသံ (တုန်း) Tone သွင်းပေးထားသတဲ့ညီ ။

ကြားဖူးမှာပါ။

 

ကဲ လေ့လာလို့လွယ်အောင် အကို တစ်ပုဒ်ပြမယ်ညီ။

 

မောင်လေးရေ ထပါတော့

                                          ရောင်နီလာလှပေါ့။

                                      တစ်ကြော့ နှစ်ကြော့ တေးကိုသီ

                                        ငှက်ကျားနုတ်ပလီ။

                                      တောင်ဆီနားက ခရေပန်း

                                         ပင်အောက်ကြိုင်လို့ လန်း။

 

ကဲ ညီရေ။ဆိုကြည့်လိုက်စမ်းပါဦး။လှလိုက်တဲ့ စာစပ်လေးပေါ့ညီ။အကိုတို့ကို အမေ သားချော့တေးအနေနဲ့ ငယ်ငယ်လေးထဲက

ဆိုပြခဲ့တဲ့ သီချင်းကဗျာလေးပေါ့ညီ။

 

ဒါ့ထက်များ ညီက အကိုရေ မောင်ရင်လောင်း အလှူအတန်းနဲ့ပတ်သတ်တဲ့ ကဗျာလေးတစ်ပိုဒ်လောက်ဆိုရင်ရော။

အကိုပြပါ့မယ်ညီ။

ဗြုန်းနိုင်ပေ့ ကိုရွှေစည်

                                                     တီးနိုင်ပေ့ကိုရွှေနှဲ

                                                ရွှဲနိုင်ပေ့ ကိုရွှေမောင်

                                               လုံမငယ်အရှက်အိုးမို့

                                                အငြိုးနဲ့ပြောင်ရော့ထင်။

 

 

ကဲ ဆရာကြီး မင်းသုဝဏ် မြန်မာစာနည်းပြပေါက်စဘဝမှာရေးခဲ့လေတဲ့။အလှူကိုမြင်တွေ့ခဲ့ပြီး ရွာအလှူကို ပြန်မြင်ယောင်ပြီးရေးဆိုကွ ညီရ။

 

ကဲ ဆိုချင်တာက ဒီနေရာမှာ ပါတဲ့

                                                                                                       ရွှဲနိုင်ပေ့ကိုရွှေမောင် ဆိုတာပါ

ရှေး ရှေးကအလှူတွေမှာ ရွှဲလိုက်တယ်ဆိုတာရှိသကွ။အခုခေတ်တော့ မတွေ့ရတော့ပေဘူး ညီ ရေ။တစ်ခုခုဆို လှောင်တာပေါ့ညီရာ။ အလှူမှာ ကျွေးတဲ့ မွေးတဲ့ အရာမကောင်းလည်း လှောင်သကွ။ အပျိုကိုလည်း လှောင်ကြသကွ။

 

အချို့များဆို ရွှဲ တိုက်မှာ စိုးလို့ မလုပ်အောင် ကြိုတင် ပေးကျွေး ပြီးတောင် ညှိထားတယ်ဆိုကြတာပဲ ညီရေ။ မြန်မာစာကို

လေ့လာရင်းတွေ့လာရတာပေါ့ ညီ။

 

ဘယ်လောက်ချစ်စရာကောင်းတဲ့ ကဗျာလေးတွေလည်း မြန်မာ့ရနံ့ မြန်မာ့ဓလေ့ အညာဓလေ့ စာဓလေ့ကို ဖော်ကျုးနေကြတာတွေနော် ညီ။

 

( ညီလေးတို့ ကာရံမဲ့ကဗျာကြိုက်တာတွေကိုလည်း ခေတ်ဦးအစကနေ ဒီနေ့ခေတ် အထိတတ်နိုင်ရင် ပြန်တူးဆွချင်ပါ

သေးတယ် ညီရေ အချိန်များရရင်ပေါ့။

         

          ဘလက်ချောရဲ့ စာရေးသားဟန်ကလည်း မြင်ရင် မကောင်းတဲ့ အင်တာနက်ကို အတင်းကျိတ်မှိတ်ပြီးတတ်တတ်ဖတ်ရတဲ့ ဒုက္ခ

          ပဲ ညီလေးရေ။ )

 

ဆိုလိုတာက ကာရံမဲ့ကိုလည်းချစ်ပါ စာပြောင်တွေ ဆောင်းပါးတွေ ဝတ္တုတွေထဲကမှ အကိုကြိုက်တဲ့ ရှေးမြန်မာကဗျာလေးတွေ

မြန်မာ ခေတ်စမ်းစာပေကစလို့ အဆင့်ဆင့် လေ့လာသွားကြရင် စာပေချစ်စိတ်တွေများပိုလို့ တိုးတတ်လာလေမလား။

တစ်နည်းပြောရရင် လက်ရည်တတ်လာလေမလားပေါ့ညီ ။

 

နောက်ပြောချင်တာကတော့ အကိုတို့ခေတ်က မြန်မာစာကိုလေ့လာတော့ ကျီးသဲလေးထပ်ဆရာတော်ကြီးပြန်ဖြေဆိုထားတဲ့

စွယ်စုံကျော်ထင်ကျမ်းက

 

အမေး –   ကြည့်ကန်ရှင်ကန်ရှင်ကြီးမေးတဲ့

 

မနာလိုပဲ လိင်ဆုတ်ဆွဲ      မိညဲလျော်ရိုး မည်မျှနည်း

                                      လက်ယာ လက်ဝဲ သည်နှစ်ကွဲ    ဝတ်မြဲကျောက်မျိုး ဘယ်မျှနည်း

 

ဆိုတာတွေရော

 

                                      ရဟန်းတို့ဝယ် မွေးကျင်စွယ် မပယ်အာပတ် သင့်ချိမ့်နည်း

                                      ကျဉ်းမြောင်းရာဝယ် မွေးကိုပယ် အဘယ်အာပတ် သင့်သနည်း

                                                                                                              

စတဲ့ အမေးပုစာ္ဆတွေကို ပါ အကိုကျက်ခဲ့ဖူးတယ်ဆိုရင် ….. ညီယုံမှာတောင် မဟုတ်ဖူးညီ။

ဘာကြောင့်လဲဆိုတော့ ဆရာက မြန်မာစာ တကယ်တတ်ချင်ချင်ရင် ကြည့်ကန်ရှင်ကြီး ကျက်ကွ ဆိုလို့ အကိုတို့ တကယ်ကို

အမေးနဲ့အဖြေပုစာ္ဆ တော်တော်များများ ရအောင် လေ့လာပြီး ကျက်ခဲ့ဖူးတယ်ဆိုတာကို ညီ့ကို ပြောပြတာပါညီ။

တတ်နိုင်ရင်ညီလည်း လေ့လာပါညီ ။ ဖတ်ပါ မှတ်ပါ ကျက်ပစ်လိုက်ပါညီရေ ။

ကဲ တော်သေးပြီ ညီရေ အချိန်တွေလဲ တော်တော်လင့်ကုန်ပြီဆိုတော့ ……

ကျန်တာလေးတွေကို နောက်အပိုင်းတွေများမှပေါ့ညီ ဆက်လေ့လာကြသေးတာပေါ့။

ဆိုလိုချင်တာကလည်း ညီတို့ဆွေးနွေးကြတာကို အကိုစောင့်ဖတ်ရင်း လိုအပ်တာလေးတွေကို အကို ပြန်ဖြည့်တွေးပြီးရေးပေး

ရတာပေါ့ ညီ။

အကို ဝင်မဆွေးနွေးပေမယ့်လည်း ရွာသူ/ရွာသားတွေအားလုံး ထူးချွန်သူတွေကြည့်ပဲမို့ ညီတို့ပြောကြ/ဆိုကြတာတွေကို

ကြားရင် အကို ရေးချင်စိတ်ထပ်ပေါ်လာမှာပါ။ ဆွေးနွေးသူများရင်ဖြင့် အပိုင်း(၃)ကို အမြန်ဆုံးဆက်ရေးပေးပါ့မယ်လို့ပဲ ညီ့ကိုပြော

ချင်တယ်ကွာ။Post တင်တယ်ဆိုတာကလည်း စိတ်ဝင်တစားရှိသူများမှ ရေးရတာ လက်တွေ့တာ ညီရဲ့…….

 

နောက်အရီးလတ်ပြောထားတဲ့ ကိစ္စလေးကလည်း ရေးဖြစ်တန်ကောင်းပါရဲ့လို့ပဲ ပြောချင်တယ်ညီရေ။

 

ညီလေးရေ Post တွေအပြီးမှာ အပြီးနားမယ်ဆိုပေမယ့် …. လက်ရှိ ညီလေးရေ Post တွေရေးနေချိန်ကတော့ ရှိနေဦးမှာပါ …

ပြီးတော့လည်း တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲဓမ္မတာပေါ ညီရေ …….

ခွဲရမှာ စိတ်မကောင်းမဖြစ်ပါနဲ့ ….. ကံပါသလောက်ပေါ့ညီရေ . . . . .

 

အခုရေးသလောက်ကို အန်တီဒုံတို့ အရီးလတ်တို့ရော စောင့်ဖတ်မယ့် စွယ်တော်ရွက်တို့ရော Mr.MarGa , Nozomi , ဆရာနီ

တို့ ဦးဆာတို့ ပါ စိတ်အဆာပြေလောက်ပါရဲ့လို့ပဲပြောချင်တယ်   ညီရေ . . . . .

ပြောရရင် အသံသာတဲ့ ရှေးကဗျာလေးတွေကနေ အဆင့်ဆင့်လေ့လာရင်းနဲ့ ညီလေးရဲ့ ကဗျာချစ်စိတ် စာချစ်စိတ်လေး ပိုတိုးလာ

ပါစေလို့ အကို ဆန္ဒပြုရင်းနဲ့ . . . . .

 

 

မြန်မာစာကိုချစ်သလို ညီ့နဲ့ရွာကိုလည်းချစ်တဲ့ အကို

ရွှေညာသား(အထက်အညာမြေ)

71 comments

  • ရွှေညာသား

    July 9, 2014 at 1:13 pm

    ကဲ ညီလေး အလင်းဆက် နဲ့ ဆက်ဖတ်ချင်တယ်ဆိုတဲ့ အန်တီဒုံ ရွာရာအိမ်မှူးမိကေဇီ အပါအဝင်
    အားလုံးကို သတိရပေမယ့် မတင်ဖြစ်တာလေးကို အခုစာစုလေးဖတ်ပြီးကျေနပ်ကြပါလို့
    ဆရာပေါက် နဲ့ အကုန်အကုန်သော ရွာသူ/ရွာသားတွေကို သတိရတွေ့မြင်နေရပါတယ်လို့
    စကားမစပ် မိတုံတစ်ယောက်လည်း ဟိုတစ်နေ့က Post တစ်ခုနဲ့ ပျောက်ဆုံး ကမှော်တစ်ယောက်လဲ
    Post တစ်ခုနဲ့ တွေ့လိုက်တယ်ဆိုတာလေး Message …………….. ပေးတာပါ………………..
    အမှန်အကန် ရွာပြင်ထွက်နေပေမဲ့ အကန်သိနေပါတယ် ဆိုတာလေးရော
    နောက်ရွာမှာမအောင်မြင်တဲ့ အာဏာသိမ်းပွဲကို မြင်နေလို့ နောက်ဆုတ်နေတာဆိုတာလေးပါ ….
    အားလုံး စိတ်ချမ်းသာကြပါစေဗျာ . . . . . . .

  • ဇီဇီ

    July 9, 2014 at 1:13 pm

    ကျနော် ပြန်လာပါ့မယ်။
    ခုလို ရှင်းပြချက် အတွက် ကျေးဇူးပါ ကိုရွှေညာသားရေ။

    🙂

  • ရွှေညာသား

    July 9, 2014 at 1:18 pm

    သာဓုပါတော် မိကေဇီရေ…..ကျုပ်က ညီးကိုကြောက်တယ်အေ့ . . ဟိုအာဏာရူးအဖွဲ့က
    အယောင်ဆောင် စောဖောရှောကို ညီးက တတ်မလာနဲ့ တောက်ချလိုက်မယ်ဆိုတာနဲ့
    ငါလန့်ပြီးအိပ်လို့ကို မရတော့တာ … ဟီး …. အာရုံထဲကကို မထွက်တော့ဘူး ….
    ကြောက်တယ်အေ . .. . . . ခင်လို့စတာနော် . . . . မိကေ

    • ဇီဇီ

      July 9, 2014 at 1:24 pm

      ဟားဟားဟားးးး
      ဒီမှာ ပို့(စ) ဖတ်ပြီး သဘောကျနေတုန်း ရီနေတုန်းးး
      ဒီကော်မန့်မြင်ပြီး အော်ရီမိသွားတယ်။
      :mrgreen:

      မကြောက်ပါနဲ့ဟ။
      နာ့ အကို ကို ဘာမှ မလုပ်ပါဘူးးး
      :mrgreenn:

      နောက်ပြီး ရှင်းဦးမယ်။
      စောဖောရှောနဲ့ ဟိုအဖွဲ့နဲ့လည်း ဘာမှ မဆိုင်ဝူးဗျ၊…
      ဘယ်သူလည်းတော့ မမေးနဲ့ပေါ့ဗျာ။
      အကုန်သိပြီး ပြောလို့ မရတဲ့ ကိစ္စတွေမို့ပါ။

      😀

  • ရွှေညာသား

    July 9, 2014 at 1:21 pm

    အဲနောက် အန်တီဒုံ အရီလတ် လာနော် ကြာကြာနေနေတုန်း စိတ်ပြောင်းရင် ထွက်သွားတော့မှာ
    ဟဲ စတာပါ .. ညီလေးအလင်းဆက်ရေ ….
    အကိုကြာကြာနေနေတုန်း … လာဆွေးနွေးချင်ဆွေးနွေးနိုင်ပါတယ်။

    အဘနီ ဆရာပေါက် သကြား မိတိုက် ဦးကြောင် မိတုံ မွန်မွန် ရေမြေ့သနင်း နန်းတော်ရာသူ

    မိဂီ မိနို နဲ့ ဘလက်ကြီးရေ

    သတိရနေကြောင်းပါ . .. . ဆြာခေါင် … ကြုံနေလို့ သတိရနေတယ်ဗျာ….

    • ဇီဇီ

      July 9, 2014 at 1:28 pm

      ဆြာခေါင်က မျက်စိက စာကြာကြာဖတ်လို့ မရဝူးးး
      အာတီဒုံက စာမွဲရှိလို့ ခွင့်ယူထားတယ်။
      အရီးက သောကြာညမှ ပြန်လာလိမ့်မယ်။
      ကိုနိုက အွန်လိုင်းစွဲရောဂါကို သူ့မဟေသီက ဘိုက်ခေါက်လိမ်ထားလို့ မရောက်တာကြာပြီ။ ဟိ
      ကျန်တဲ့သူတွေကတော့ တွေ့မှာပါ။
      ကြာကြာနေပါဦးးး
      အနော် ဧည့်ခံပါ့မယ်။ ဟိ။
      လက်ဖက်ရည်သောက်မားးး

      😀

    • ကျုပ်လဲ သတိရသမှ တောက်တောက်ကို ယို လို.ပါတော်……… ကျန်းခမ်းသာလို.မာပါစ ကိုရွှေညာသားရေ..
      ကဗျာတွေကို သိပ်သိပ်ခံစားတတ်ပေမယ့်.. ဘဝအတွက်ရုန်းကန်နေရတော့ ကဗျာသိပ်မဆန်တော့ဘူးပေါ့ဗျာ…
      အခုလိုလေးတွေ ဖတ်ရတော့ အားရသဗျာ…. နော..

  • မင်း ခန့် ကျော်

    July 9, 2014 at 1:22 pm

    အဟိ။
    မေးလ် နိုတီလာယူတာပါ ဗျာ :mrgreen:

  • ရွှေညာသား

    July 9, 2014 at 1:36 pm

    ညီးလက်ဖက်ရည်ဆိုင်အလွမ်းကြောင့် အေ … မပြောချင်ပါဘူး…
    မန်းတက္ကသိုလ်နားက ဗိုထီး ကိုတိုးကြီး နဲ့ ခိုင်ထူးအလွမ်းတွေ ငါစာဖွဲ့နေတယ် . .. . .
    လက်ဖက်ရည်နဲ့မြီးခဲ့တာတွေပေါ့ …
    သဂျီးပြောတာ ကျုပ်တို့ခေတ်က စက်မှု့နဲ့ ရန်ကုန်တက္ကသိုလ်မှာ နာမည်သိပ်ကြီးတဲ့
    ခရမ်းပြာလက်ဖက်ရည်ဆိုင်ကိုပြောတာလားမသိဝူးးးးးးးးး
    ထင်တာပြောတာနော်…. ဒီ Post နဲ့မဆိုင်ပေမယ့် မိကေရေ ငါလက်ဖက်ရည်သောက်ချင်တယ်…
    သာဓုပါတော် ….. တောက်မချတာကို ပြောတာပါ ……
    တတ်မလာနဲ့ တောက်ချလိုက်မှာ Credit to : မိကေ ( ရွာရာအိမ်မှူး)

    စကားမစပ် ညီလေးအလင်းဆက် ဘယ်ရောက်နေလဲ . . . .. . . .

    • ဇီဇီ

      July 9, 2014 at 1:48 pm

      ရှိတယ်။
      မနက်က။
      ခေါ်ထားပေးမယ်။
      အနော်က အားတိုင်း မတောက်ချပါဝူးးးး
      ဟိ။ :mrgreenn:
      ရွာနဲ့ လူကို ထိမှ။

      လက်ဖက်ရည်ဆိုင်အလွမ်းလေး ရေးပါဦးးး
      အရေးကောင်းးး

      🙂

  • kyeemite

    July 9, 2014 at 1:43 pm

    ပြောရရင် ခုခေတ်ကာရံမဲ့ကဗျာတွေထက် အသံသာတဲ့ ရှေးကဗျာလေးတွေ ပိုနှစ်သက်သဗျာ..
    ရွတ်ကြည့်ရင်ကို ကဗျာထဲမှာ သံစဉ်အလိုလိုပါပြီးသလိုခံစားရတယ်….နောက်..အသံသာတော့
    အလွတ်ရဖို့လည်းလွယ်တယ်ထင်မိတယ်….ဥပမာ…ဆရာဇော်ဂျီရဲ့…
    ထလော့ မြန်မာ ထလော့..။
    ထလော့ မြန်မာ ထလော့..။
    တို့တိုင်းပြည်
    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
    မစားလေရ ဝမ်းမဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
    သီးနှံချိုပျား များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင်
    မြင်သာမြင်ရ မစားရ၍
    တောက ပြိတ္တာဖြစ်မည်တည်း။
    ထလော့မြန်မာ မြန်မာထလော့
    အားမပျော့နှင့် မလျှော့လုံ့လ
    သူကစ၍ ငါကအားလုံး
    လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
    စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
    ဤမြေဤရွာ ဘယ်သူ့ရွာလဲ
    ဤယာစပါး ဘယ်သူ့စပါးလဲ
    ထားလော့တာဝန် ပွန်လော့လုပ်ငန်း
    ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။
    ဇော်ဂျီ

    အခုတော့ ကျုပ်တို့မှာ ဆရာကြီးကြိုမြင်ခဲ့သလို…
    ယာစကာမျိုး….လည်းဖြစ်နေပြီ။
    တောက ပြိတ္တာ…လည်းဖြစ်နေပြီ။ :p:

    • kai

      July 9, 2014 at 2:24 pm

      စေတီစပါး များလည်းများ၏
      များပါလေလည်း တမွဲမွဲနှင့်
      ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
      တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
      ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
      မစားလေရ ဝမ်းမဝ၍

      ုမုတ်ကွက်က..”စေတီစပါး များလည်းများ၏” “ပုထိုးမြင့်မောင်း”မှာရှိတယ်ထင်မိတယ်..
      ပုထိုးကြီးတွေမြင့်.. ကျောင်းကြီးတွေဟီးထလို့.. အလှူရှင်ဒါယိကာ၊ဒါယိကာမတွေခမြာ.. ယာစကာ(သူတောင်းစား)မျိုးပေါ့..။
      ဒီအတွေးအခေါ်ဟာ.. “မရှိလို့မလှူ..မလှူလို့မရှိ”ဆိုတဲ့.. အယူမှားကလာတယ်ထင်မိတယ်..။
      ဘာတဲ့..
      မရှိတဲ့ကြား.. ဆင်းရဲသားမိန်းမက.. ကိုယ့်ငတ်နေတဲ့ကလေးကိုပစ်ပြီး ရှိတဲ့ရွှေနားကပ်ကလေးကို.. စေတီလှူတာ.. ဂုဏ်ယူတဲ့စာမျိုး..
      မြှောက်ပေးတာမျိုးတွေကရှိသေးတယ်..။
      တကယ်က..မရှိရင်.. လှူကိုမလှူသင့်…။
      အထူးသဖြင့် ဘာသာရေးဖက်မှာ မလှူသင့်..။

  • Nyo Win

    July 9, 2014 at 1:55 pm

    ဒီပို ့စ်လေးဖတ်ရတာအရသာရှိသဗျာ….ငယ်ငယ်တုန်းကများ ကိုရွှေညာသားပြောတဲ့ အဲ့ဒီရှေးကဗျာ
    လေးတွေများ ဖတ်ရင် သံစဉ်ထည့်ပြီးအော်ဆိုပစ်လိုက်တာပဲ…
    အထက်တန်းကျောင်းတုန်းကဆို… ဆရာမက ခုံပေါ်တက်ပြီးကိုဆိုခိုင်းခံရခဲ့တာ….. 🙂

  • weiwei

    July 9, 2014 at 1:57 pm

    ဝင်ဖတ်သွားပါတယ်ဆိုတာလေး အသိပေးတာပါ ..
    ကဗျာတွေထဲမှာတော့ ရှေးကဗျာတွေကို ခံစားလို့ရတယ် ..

  • ရွှေညာသား

    July 9, 2014 at 1:57 pm

    အန်ကယ်မိုက် သိပ်စိတ်မပျက်ပါနဲ့ ကဗျာချစ်စိတ်လေးနဲ့ပဲစိတ်ဖြေပေါ့နော်….
    နိုင်ငံအရေးကတော့ …. ခေါင်မိုးကမလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာအမှန်ပဲဆိုတဲ့
    ဗိုထီး … သီချင်းလေး နာနာဖွင့်ပြီးလိုက်ဆိုယုံပါပဲ….
    အဲ ကိုမင်းခန့်ကျော် ဘာနိုထွီလဲဟင်……..
    ရှေ့လာမယ့် Post မှာ အန်ကယ်မိုက်ရဲ့ ကဗျာလေးထည့်မလား စဉ်းစားထားမိတယ်..
    မိကေရေ …. ညီးကြပ်ကြပ်လုပ် ….
    ငါတော့ … အေ … လက်ဖက်ရည် ပြန်စွဲပြန်ပါပြီ .. . . ..

  • Yae Myae Tha Ninn

    July 9, 2014 at 2:20 pm

    ဟုတ်ကဲ့ဗျာ.. သတိရတယ် ကြားတော့ ဝမ်းသာပါတယ်.. ရွှေညာသား(အထက်ညာမြေ)ရေ.. သတိရတာထက် ကျွန်တော့်ကို အဖက်လုပ်ပြီး ထည့်ရေးပေးတာကို ကျေးဇူးတင်ပါတယ်.. အဲလို အဖက်လုပ်တာ မခံရဖူးတော့ နေတောင် မနေတတ်ဘူး.. တကယ်ပါဗျာ… 🙂 ကျွန်တော် ခရီးသွားဦးမှာဆိုတော့ ပြန်မန့်ထားတာ ကို Reply မလုပ်သလို ဖြစ်ရင် ခွင့်လွှတ်ပါနော်… ပို့စ်တွေကို ဖတ်နေတာသိရလို့ အားရှိပါတယ်… မမန့်တော့ မဖတ်ကြဘူး ထင်နေတာဗျ… 🙁 တယောက်ပြောသလိုပေါ့.. အိုင်တီပိုင်းက သိပ်နားမလည်တော့ မမန့်ဖြစ်ဘူးတဲ့.. ဒါဆို ကျွန်တော် ဆွဲခေါ်ပါ့မယ်.. အရမ်းတတ်လို့တော့ မဟုတ်ပါဘူး.. သိသလောက်ပေါ့.. စာပေဖက်မှာလဲ ပြန်ဆွဲခေါ်လေ.. အပြန်အလှန်လေးပေါ့.. 🙂

  • black chaw

    July 9, 2014 at 2:22 pm

    ကိုရွှေညာသားရေ…။
    ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေလို့ ရွာထဲကွန်းမန့်တောင် ဝင်မရေးနိုင်ဖြစ်နေပေမယ့်
    ကိုရွှေညားသား ပို့စ် တက်လာတယ်လို့ သတင်းရလို့
    တကူးတက ဝင်လာဖတ်ပြီး ကွန်းမန့် ဝင်ရေးသွားပါတယ်ဗျာ…။
    နောက်မှ…အချိန်ရရင် ကွန်းမန့် ထပ်ရေးပါဦးမယ်…။
    နောက်ပို့စ်တွေလည်း စောင့်ဖတ်နေပါမယ် ဆိုတဲ့အကြောင်း…
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Kaung Kin Pyar

    July 9, 2014 at 2:30 pm

    မြင်ဖူးတဲ့ကဗျာလေးတွေရော..မမြင်ဖူးတဲ့ ကဗျာလေးတွေရော ဖတ်လိုက်ရတယ်…..
    အနန္ဒသူရိယအမတ်ကြီးရဲ့ သူတည်းတစ်ယောက်ကဗျာလေးကိုတော့ အလွတ်ကျက်ခဲ့ဖူးတယ်…။
    :
    တချို့ရှေးကဗျာလေးတွေက နည်းနည်းရိုးစင်းပွင့်လင်းတယ်ထင့်…
    :
    “တို့ချစ်ခြင်းကို ကွင်းအောင်တစေ
    နေ့တိုင်းမွှေတဲ့
    နေလို လလို စုန်းမအို
    ရေလို ခန်းခြောက်ပါစေသားး” ဆိုတာမျိုးလေးတွေလေ..
    😀

  • Kaung Kin Pyar

    July 9, 2014 at 2:43 pm

    ဒီပိုစ့်ကို ဖတ်ပြီးတော့မှ တက္ကသိုလ်တုန်းက ရခဲ့တဲ့ ရှေးမြန်မာကဗျာပေါင်းချုပ်စာအုပ် ဂိုက်ဆရာမတောင်းလို့ ပေးလိုက်မိတာ ပိုပိုနောင်တ ရသွားတယ်…

    😥

  • alinsett (gazette)

    July 9, 2014 at 2:48 pm

    ကိုရွှေညာသားရေ. . .
    ဒီပိုစ့်နဲ့အတူ ပြန်တွေ့ရတာ ဝမ်းသာမိပါကြောင်း

    ကျနော် ဒီပိုစ့်ကို အစကနေအဆုံး အခေါက်ခေါက်အခါခါ ပြန်ဖတ်နေပါကြောင်း
    ကိုရွှေညာသားရဲ့
    မြန်မာ့စာ/ကဗျာချစ်စိတ်ကိုလည်း
    ပိုပို မြင်တွေ ့ ခံစားမိလာကြောင်းပါ

    ကိုရွှေညာသားရဲ့ စာပေအနုပညာအကြောင်းတွေ ကျကျနနရေးထားတဲ့ ဟောဒီလိုပိုစ့်မျိုးတစ်ခါဖတ်ရတိုင်း မြန်မာ့ကဗျာ/မြန်မာ့စာပေအနုပညာကို ချစ်မြတ်နိုးစိတ်လေးတွေ ပို ဖြစ်မိပါကြောင်းးး

    ရွာ့အခြေအနေက အခုတလော လှုပ်လှုပ်ရွရွနဲ့ မို့ ရွာထဲမှာ ကဗျာလလေး သာလို့ ရပြီလား
    သာရင် လှမှာလား. . .
    အဲဒီအတွေးနဲ့ ကဗျာနဲ့ရွာ ခပ်ကွာကွာလေး ခြားနေချိန်. . .
    အခုလို ကိုရွှေညာသားက
    ရွာမှာ ကဗျာလ သာပြလိုက်ပြီကိုး

    ကျနော် ဟောဒီ လအရိပ်အောက်မှာ
    အေးမြစွာ အိပ်စက်လိုက်ပါရစေဦး
    တစ်ရေးနိုးရင်. . .
    ကျနော် ကဗျာရွတ်မယ်ဗျာ. .

    ချစ်ခင်လေးစားလျက်
    အလင်းဆက်(Gazette)

  • sorrow

    July 9, 2014 at 2:51 pm

    ”…မယ်တော့့်ဆောင်က၊ ညိုရောင်စမ်းလဲ၊့ ကူးကြွခဲ့မှ၊
    မင်းငဲ့စက်ခွင်၊ သုတ်သုတ်ဝင်၍၊ ရွှေစင်ရတနာ၊ လျှောင်းလှည့်ရာမှာ
    အသာတစောင်း၊ ရွှေလက်မောင်းကို၊ ပျောင်းပျောင်းနွဲ့နွဲ့၊
    မှီခါတွဲ့လျက်၊ ရဲ့ရဲ့နီစင်၊ ခန်းလုံးရွှင်သည်၊ ပန်းရင်ဝတ်တွင်း၊
    လက်တော်သွင်း၍၊ မြဆင်းရှက်ဖြာ၊ ကြောစိမ်းမြွာလျက်၊
    လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝ
    ပန်းရည်၊ ဆုပ်နယ်နည်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊
    နီလာသီးကို၊ မငြီးဖန်ဖန်၊ ကစားပြန်သော၊ အလွန်ယားလှ၊
    ကြက်သီးထ၍၊ ဟာဖျာ့ထိပ်တင်၊ လျှောက်ပါလျှင်လည်း….”

    ညှီတာဟုတ်ဘူးနော်…အဲ့ရာ…ရှေးကဗျာဆိုလို့ …..မင်းနန်ပျို့ထဲက….သူကြီးအကြိုက်ဆုံး အပိုဒ်…..အဟိဟိ

  • ရွှေညာသား

    July 9, 2014 at 3:09 pm

    ဟဲ့ မောင်မောင် Sorrow ရဲ့ သွားပါပြီ…………

    ”လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝ
    ပန်းရည်၊ ဆုပ်နယ်နည်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊
    နီလာသီးကို၊ မငြီးဖန်ဖန်၊ ကစားပြန်သော၊ အလွန်ယားလှ၊
    ကြက်သီးထ၍၊ ”
    ငါ နောက်တစ် Post မှာထည့်ထားတာဟဲ့ …. အဲနော် … မဆင်မခြင်

    ဟဲ ဟဲ စတာပါ….. ဒေါင်းဥခန့်မျှဆိုတော့ကာ … သားသားက …… နဲနဲများ ….
    သေးးးးးးးးးးးများးးးးးးးးးးးးးးးနေးးးးးးးးးးးးးးသးးးးးးးးးးးးးးးးလားးးးးးးးးးးးးးးးးးးးးးးးးးးလို့းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    အဲလေ ဒါထက် ဒီ Post မှာ စာနဲ့ပတ်သတ်ပြီး ဆွေးနွေးတာနည်းနေသလိုပဲ
    နုတ်ဆက်တာတွေကနေလည်နေတာများလား …
    အဟဲ … ကဗျာတွေကိုဆွေးနွေးကြပါဦးလို့……
    ကောင်းကင်ပြာ ညီးလိုတဲ့စာအုပ် ကျုပ်ပြန်ပေးမယ်….. ဒါဗြဲ…. ကျုပ်မှာ အကုန်ရှိတယ်…
    ဘလက်ကြီးကတောင် လာတတ်ဖတ်သွားတယ်ဆိုတော့ကာ…..
    ငါကွ……. အဲလေ ….. တတ်လာတာမဟုတ်ဘူးနော်….
    တောက်အချနဲ့ ………… သွားတော့မယ်…. အားသေးဝူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • Kaung Kin Pyar

      July 9, 2014 at 3:25 pm

      သတင်းကောင်း..သတင်းကောင်းးးး
      :mrgreen:
      :mrgreen:

    • kai

      July 10, 2014 at 12:42 am

      အမှတ်မမှားရင်… ဒေါင်းဥမွမွ သွားဆုပ်တဲ့အရွယ်.. ရေးချိန်က.. မင်းသမီးက ၁၃နှစ်လောက်…။
      တပင်ရွှေထီးယူတဲ့မိန်းမကတဲ့.. ၈နှစ်သမီးတဲ့..

      ဆိုတော့..
      ဥကိုင်..ဥကိုင်နဲံ.. ဒေါင်းဥအရွယ်တော့ မဖြစ်စေချင်…
      ယူအက်စ်မှဆို.. မိုင်နာထိတွေ့အမှုနဲ့…အကုန်ထောင်ထဲရောက်ကိန်း…. :mrgreen:

  • ရွှေညာသား

    July 9, 2014 at 3:19 pm

    အဲ ဒါ့ထက် ကျုပ် Post က စတစ်ကီဆိုတာမျိုးလား အခုမှဝင်ကြည့်မိတာ…
    နားတော့မလည်ပါဘူး….. ဟုတ်သလား ဖြေကြစမ်းပါ ….
    အလင်းဆက်အတွက်ရော … ကဗျာချစ်သူတွေအတွက်ရော … ရေးပြီးမတင်ဖြစ်တာ..
    အခုမှတင်တာ …
    ဒါ့ထက် …. ရွှေဘုန်းလူကဗျာတွေအပါအဝင် ဘယ်အမျိုးအစားကြိုက်တယ်ဆိုတာ
    ပြောကြစမ်းပါ…ဦး…………..
    နောက် Post မှာ ပြင်ဆင်ဖြည့်သွင်းရေးသားမလို့ပါ….
    ဒါထက်သဂျီးရေ ….. ကျုပ်အခေါ်ဥကိုင်ပေါ့…..
    အဟဲ …. ကျုပ်အထင် မြန်မာတွေရဲ့စိတ်ထဲမှာ ရှိခြင်း/မရှိခြင်းထက် လှူချင်တန်းချင်စိတ်က
    အမြဲရှိနေမှာပါ …တားမရလောက်ဘူး…ထင်တယ်ဗျ………
    ဆိုလိုတာ ကျုပ်လဲ လှူမိတာပဲ…
    အဲ အနောက်နိုင်ငံမှာအနေကြာနေတဲ့ ကိုကိုင်တို့ဆိုရင်တော့ မပြောတတ်ဘူး…
    ဒါ့ထက် … ဒါကကျုပ်အမြင်ပါ … မလှူရင်ပဲ အပြစ်လိုခံစားနေရတာ…..
    မြန်မာတိုင်းလို့ထင်ပါတယ်။
    ရိုးသားစွာဆွေးနွေးတာပါ………… သဂျီး ဥကိုင်………..
    Wow ဖတ်တယ်ဆိုလို့ ….သာဓုပါဗျာ……….

    • alinsett (gazette)

      July 9, 2014 at 5:54 pm

      စတစ်ကီတင် ဘယ်ဟုတ်ဦးမလဲဗျာ..
      Editor’s Choice ပါ..ဖြစ်နေတာဗျ…
      ကျနော့် နာမည်ကြီးတပ်ထားတဲ ့.. ပိုစ့်တစ်ပုဒ် စတ်စကီလည်း ဖြစ်…
      Editor’s Choice လည်း.ဖြစ်နေလေတော့..
      ကျနော်လည်း..ဝမ်းသာဂုဏ်ယူမဆုံးဘူးဗျို ့….

  • နှူးဘာ မိဂီ

    July 9, 2014 at 3:34 pm

    ဒီလေကျ ကို သိသလိုပဲ…
    ဟုတ်များဟုတ်ရင်တော့…ဗျာ…
    ဘာပြောကောင်းမဒုံး …

    ချောင်းရိုက်ပစ်မယ်

    နောက်တာ .. အတည်..

    • ဇီဇီ

      July 9, 2014 at 3:35 pm

      မဟုတ်လောက်ဘူးးးး
      😀

  • ရွှေညာသား

    July 9, 2014 at 3:47 pm

    နှူးဘာ မိဂီ says:

    ဒီလေကျ ကို သိသလိုပဲ…
    ဟုတ်များဟုတ်ရင်တော့…ဗျာ…
    ဘာပြောကောင်းမဒုံး …

    ချောင်းရိုက်ပစ်မယ်

    နောက်တာ .. အတည်..

    ဇီဇီ says:

    မဟုတ်လောက်ဘူးးးး

    အဲ့ ရွှေညာသားဟာ ရွှေညာသားပါပဲခင်ဗျာ …
    Post ကလဲ လက်ချိုးရေလို့ရပါတယ်…
    ဘလက်ချော .. မာမီတိုက်တို့ကိုဖတ်ရင်း ပေါ့ပေါ့ပါးပါးဖြစ်အောင် ကလောင်ပြောင်းပြီးရေးထား
    တာပါ…
    နောက် ရောက်လက်စနဲ့ … နုတ်ဆက်နေတာပါ ဘာရယ်မဟုတ်ပါဘူး……
    ရွှေညာသားအနေနဲ့ ……. မူလတစ်ယောက်ထဲသာရှိပါကြောင်း…….
    အထင်လွဲနေကြသူများအဖို့ …. တစ်မျိုးထင်နေကြမှာစိုးလို့ …

    Account ပြောင်းနဲ့ မဟုတ်ရပါကြောင်းကို ရှင်းပြခဲ့ပါတယ်…….
    အဲလိုရေးရင် ပြသနာတွေများတတ်လွန်းလို့ Comments ပြန်မရေးတာ ဒီတစ်ခါမှားသွားတယ်ဗျာ…
    ဒါပဲဗျာ …

    ယခုပင် ….. ရွာမှ ပြန်ထွက်သွားပြီဖြစ်ပါကြောင်း……………….
    အားလုံးပျော်ကြပါစေဗျာ …… ကျုပ်ကြောင့် ရွာဆူမှာ စိုးလို့ ပြန်ထွက်သွားပါပြီ…
    ကျန်းမာပျော်ရွှင်ကြပါစေ

    • နှူးဘာ မိဂီ

      July 9, 2014 at 3:58 pm

      ကဲပါဗျာ ..ပြောပြပါ့မယ် ဘွင်းဘွင်း
      ၂နှစ်နီးပါး ကျော်နဲ့ မိုင်၅ဝ ပါတ်လယ်အတွင်းနေပီး တခါလေးတောင် မတွေ့လိုက်ရဖူးတဲ့
      ကိုသစ် လား လို့ မေးချင်တာပါ…
      မဟုတ်လည်း အေးဆေးပါ အစ်ကိုရာ…
      ကိုရွှေညာသား ကိုလည်း ကိုရွှေညာသား အနေနဲ့ သပ်သပ် အားပေးပီးသားပါ
      ရသ ပိုင်း အားနည်းတာ မန့်လေ့မရှိတာ က မူရင်းအကျင့်ပါ

      ရွာမဆူပါဘူးဗျ
      ပြန်လာခဲ့ပါ…
      နော်.. နော်…

      • ဇီဇီ

        July 9, 2014 at 4:02 pm

        အထုနကပဲ ကိုဘက်က အဲလာမေးနေလို့ မဟုတ်လောက်ပါဝူး ပြောတာပါ။
        သများတို့ က မစွပ်စွဲပါဘူးးး
        ရွာလည်း ဆူအောင် လုပ်တယ် မမြင်ပါဝူးးး။
        ပြန်လာခဲ့ပါ နော်…. နော်…

  • အပေါ်မှာတော့ ပေးပြီးသား မမြင်မှာစိုးလို. ထပ်ပေးတာနော်…

    ကျုပ်လဲ သတိရသမှ တောက်တောက်ကို ယို လို.ပါတော်……… ကျန်းခမ်းသာလို.မာပါစ ကိုရွှေညာသားရေ..
    ကဗျာတွေကို သိပ်သိပ်ခံစားတတ်ပေမယ့်.. ဘဝအတွက်ရုန်းကန်နေရတော့ ကဗျာသိပ်မဆန်တော့ဘူးပေါ့ဗျာ…
    အခုလိုလေးတွေ ဖတ်ရတော့ အားရသဗျာ…. နော..

  • kyeemite

    July 9, 2014 at 3:50 pm

    ဗြုန်းနိုင်ပေ့ ကိုရွှေစည်

    တီးနိုင်ပေ့ကိုရွှေနှဲ

    ရွှဲနိုင်ပေ့ ကိုရွှေမောင်

    လုံမငယ်အရှက်အိုးမို့

    အငြိုးနဲ့ပြောင်ရော့ထင်။
    ရွှဲနိုင်ပေ့ကိုရွှေမောင် ဆိုတာပါ

    ရှေး ရှေးကအလှူတွေမှာ ရွှဲလိုက်တယ်ဆိုတာရှိသကွ။အခုခေတ်တော့ မတွေ့ရတော့ပေဘူး ညီ ရေ။တစ်ခုခုဆို လှောင်တာပေါ့ညီရာ။ အလှူမှာ ကျွေးတဲ့ မွေးတဲ့ အရာမကောင်းလည်း လှောင်သကွ။ အပျိုကိုလည်း လှောင်ကြသကွ။
    —————————————————–
    ကျုပ်သူငယ်ချင်းသားတွေရှင်ပြုတုန်းက ကျုပ်တို့တွေကနောက်ပြောင်ပြီး ရွှဲ လိုက်ဖူးသေးတယ်…
    တိုင်တဲ့လူကတိုင်ပေး
    ကျုပ်တို့က “ရွှဲ” ဆိုပြီးလိုက်အော်ကြတာ……သတိရမိသေးတော့…
    ခုလူငယ်တွေ မသိလောက်တော့ဘူးဗျ……
    ဆရာရွှေညာသားရှင်းပြတာအားလုံးဗဟုသုတရပါတယ်ဗျာ..

    မှတ်မိပါသေးရဲ့…
    ကျုပ်ပထမနှစ် ဒေသမှာတက်တော့ မြန်မာစာသင်တာ ဆရာဦးသန်း(မဟာဝိဇ်ဇာ)ဗျ
    စာသင်ကောင်းချက်ကတော့ဗျာ…သူ့အချိန်ဆို အတန်းမှာလူတောင်မဆံ့ဘူးဗျ
    ကဗျာ၊ ရတု၊ ရကန်….စတာတွေကို စာနဲ့ဆက်စပ်မိတိုင်း အသံနေအသံထားနဲ့ရွတ်ပြတာ အားရပါးရပဲ…

    ဟိုးတုန်းကမြန်မာစာဆရာတွေ အားလုံး လူချွန်တွေချည်းပဲ…ဝါသနာပါလို့ကိုမြန်မာစာယူခဲ့ကြတာဆိုတော့
    တော်ပြီပေါ့ဗျာ…

  • Choo

    July 9, 2014 at 4:47 pm

    သများက ခုတလော ဆေးလိပ်ခုံတခုကိုရောက်ခဲ့ပီးမှ ဟိုဂဗျာလေးရွတ်ဖစ်နေတယ် –
    မီးမကူ နေပူမှာမကင်အားလို့
    ထားရတယ် အိပ်ယာအောက်မှာ
    မင်း သောက်ဖို့ကို~~~~ ဆိုတဲ့ဂဗျာ သင်ရိုးမှာလဲပါခဲ့တယ်ထင့်
    ဟိုးးတစ်ရက်က အဲ့အပိုဒ်လေးကို အသံနေအသံထားနဲ့ ရွတ်မိတော့ ဘီအီးကျောင်းစင်းတျောက်ကရီလေယဲ့
    ဘာရီတာလဲဆိုတော့ ရှေးခေတ်သချင်းတွေလဲရတယ်ပေါ့တဲ့…….. တိန်!!
    သချင်းမဟုတ်ပါဝူး ဂဗျာပါလို့ ဘာကိုပြောတာလဲသိလားလို့မေးလိုက်တော့ မတိဝူးဒဲ့ဗျာ 🙁

  • Wow

    July 9, 2014 at 4:50 pm

    ငင်င်င် နာတောင်ဘာမှမပြောရတေးဝူး ဖတ်တာသိသွားဘီ… :mrgreen:

    ဖတ်တာ နောက်ကျတယ်လို့တောင် ထင်ရတဲ့အဖိုးတန်ပို့စ်လေးပါ :kwi:

  • Yae Myae Tha Ninn

    July 9, 2014 at 4:52 pm

    ဒီလောက်လေးနဲ့တော့ ရွာမဆူပါဘူးဗျာ.. လှုပ်ရုံလေးပါ.. ကျွန်တော်ဝင်တုန်းကများ.. သတ်မယ် ဖြတ်မယ်.. အာဏာသိမ်းမယ်ထိ ဖြစ်တာဗျ.. အဲဒါနဲ့ ယှဉ်ရင် ပါးပါးလေးပါ.. ပြန်လာခဲ့ပါ.. ကိုယ်မှန်ရင် ခေါင်းမရွေ့ပါဘူး.. ဖြစ်စဉ်တွေ မသိပေမဲ့.. အဲလို ထွက်မယ်ပြောတော့ စိတ်မကောင်းဘူးဗျ… 🙁

  • ရွှေညာသား

    July 9, 2014 at 5:03 pm

    အဲ မိဂီ နဲ့ မိကေရေ

    စိတ်ဆိုးလို့မဟုတ်ပါဘူး…. ဥကိုင် နဲ့ကျုပ် အရင်တုန်းကစရင်းနောက်ရင်း ဆော်ကြဖူးတော့
    နောက်ထပ်ဖြစ်မှာစိုးလို့ပါ….
    ရွာထဲလည်း နိုင်ငံရေးအခြေအနေက မကောင်းဘူးလေ..
    ရွှေညာသားသည် … တစ်ယောက်ထဲပါ.. Account ပုန်းလုံးဝမရှိပါ….
    ပိုပြီးတိတိကျကျဆိုရပါမူ …… ရွှေညာသားကလောင်တွင်
    Email လိပ်စာသည် loveforjustic@gmail.com
    ဖြစ်ပါသည်။မော့မော့ များကပိုသိပါလိမ့်မည်………….
    လိုအပ်ပါလျှင် Mandalay ရှိ ဆြာပေါက်ကိုဆက်သွယ်ပေးနိုင်ပါသည်…….

    အထင်လွဲကြလျှင် ပြသနာများနိုင်ကြသောကြောင့် တိတိကျကျရှင်းပြပေးရခြင်းဖြစ်ပါသည်…..

    ကတောက်(စ်) … သဂျီးကို ….. ဥကိုင်ခေါ်ရင် …… ၆ ပြသနာ တတ်တာကြည့်ပဲ….
    နောက် ထပ် ခေါ်ကြည့်ဦးမယ်………….
    ဥကိုင် …. ဥကိုင်……… ဥကိုင်…… ဥကိုင်…………
    အဲပြီးတော့ WaiWai နဲ့ Wow နဲ့မှားသွားတာ Sorry နော်…
    Thanks ပါ WaiWai ရေ……………..ပြီးတော့ Wow ရော Choo ရော…

  • alinsett (gazette)

    July 9, 2014 at 5:55 pm

    ကျောင်းဖွင့်ချိန်

    (၁)
    ငါတို့ကျောင်းတော်ကြီးရဲ့
    မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
    ဟစ်တလာရုပ်ထုကို
    လူတစုထုဆစ်နေကြတယ်။
    သူတို့ဟာ …
    ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
    ပျားရည်စက်တွေကို မီးရှို့ပူဇော်
    ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
    ဟစ်တလာပါးစပ်ထဲက
    ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
    သူတို့ဟာ …
    ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
    “ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
    သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
    ဖိတ်ခေါ်ကြပါပြီ။

    (၂)
    ငါတို့ကျောင်းတော်ကြီးရဲ့
    ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
    တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
    အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
    နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
    အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
    ဝိညာဉ်တွေပဲ …
    ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
    ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
    အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
    ခု … သူတို့ရဲ့ ဝိညာဉ်တွေဟာ
    “ကမ္ဘာမကြေဘူး … … …
    ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
    သီချင်းလေး နားဆင်ရင်း
    ရာဇဝင်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
    မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

    (၃)
    ငါတို့ကျောင်းတော်ကြီးရဲ့
    ဒီဘက်ခေတ် ၁၉၈ရ – ၈၈ နှစ်များထဲမှာပါ
    တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
    ဖြူဝါးဝါးအရိပ်တချို့
    စာထိုင်ဖတ်နေကြတယ်။
    တချို့ဖတ်တာ .. ကဗျာစာအုပ်
    တချို့ဖတ်တာ .. သမိုင်းစာအုပ်
    တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
    ရုတ်တရက်
    အဖြူရိပ်တခုဟာ ထိုင်ရာကထ
    “ဗမာပြည်ကို ကယ်တင်ရတော့မယ်”
    နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
    “ဗမာပြည်ကို ကယ်တင်ရတော့မယ်
    ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
    သူတို့ဟာ တိတ်ဆိတ်စွာ
    အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
    စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
    လွယ်အိပ်လွယ်သံများ
    ဖိနပ်စီးသံများ အဆုံးမှာ
    နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …
    … … နောက်ထပ် … …
    … … နောက်ထပ် … …

    (၄)
    ငါတို့ကျောင်းတော်ကြီးရဲ့
    စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
    အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
    အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ
    “ကျနော်တို့ တော်လှန်ရေး
    အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
    စသည်ဖြင့် ပြောကြား
    အားလုံးငြိမ်သက်နားထောင်နေကြတယ်။
    အခန်းထဲမှာ
    အကျဉ်းထောင်က ပြေးထွက်လာတဲ့
    ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
    သတိ္တဗုံးကို နှောင်ထုံးခတ်
    ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
    အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်
    သူ့နှုတ်က တိုးတိုးလေးပြော
    “တောက အဖေနဲ့အမေတော့
    ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
    ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
    မျက်ရည်ဖြူတစက်
    စီးသက်ကျလာတယ်။

    (၅)
    ငါတို့ကျောင်းတော်ကြီးရဲ့
    ပရဝဏ် အဝင်အထွက်လမ်းတွေမှာ
    အချုပ်ကားပြာပြာကြီးတွေ
    ဒရကြမ်းနှင်နေကြတယ်။
    အဲဒီကားကြီးတွေထဲမှာ
    “ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
    ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
    တေးသံသာယာ
    ညီညာစွာ ပဲ့တင်ပေါ်ထွက်
    ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
    အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
    သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ
    ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
    ကျောင်းခေါင်းလောင်းအိုကြီးဟာ
    ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
    ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
    ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
    “သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
    ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
    ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

    (၆)
    ငါတို့ကျောင်းတော်ကြီးရဲ့
    နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
    ဒေါင်းအလံတလူလူလွှင့်ထူလို့
    ကျောင်းသားတွေ ချီလာပါပြီ
    ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
    ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
    ကျောင်းသားတွေက
    နောက်က ချီတက်လိုက်ပါလာတယ်။
    “ဒီမိုကရေစီရရှိရေး … တို့အရေး”
    “အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။
    ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
    တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
    ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …
    သေနတ်သံတချက်ဖောက်ရင်
    ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် …
    နောက်ဆုံးနေ့အထိ …

    (၇)
    ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
    ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
    ချက်ခြင်းပဲ ရေငွေ့ပျံတက်
    ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
    ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
    လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …
    ဒိန်းဒုံး ဆူညံသွားတယ် …
    အဲဒီအခါ … ကျောင်းတော်မှာ …
    ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
    ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
    သစ်ရွက်တွေ တလက်လက်တောက်ပကြ
    ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
    မြေကြီးတွေ တုန်ခါတော်လဲကြ
    တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
    ကြွေးကြော်သံတွေနဲ့
    ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
    နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
    ငါတို့ကျောင်းတော်ကြီးဟာ … …
    တလဲ့လဲ့ တဝင်းဝင်း
    သွေးနီရောင် တောက်ပခါ …
    အာဇာနည် သူရဲကောင်းတို့ရဲ့
    ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။

    (၈)
    ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
    ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …
    “ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
    သွေးပင်လယ်ကြီးကို ကျော်နင်း
    ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
    တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …
    အဲဒီထဲက တချို့ဟာ …
    “အကြောင်းကြောင်းကြောင့်ပါ” လို့
    စိတ်မကောင်းစွာပြောရင်း …
    ထုံးတံတားကို လျှောက်နင်း …
    ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
    ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …
    တချို့ကတော့ …
    “ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
    ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …
    ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
    အဲဒီလို … လူစားတွေကိုတော့ …
    ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
    ရာဇဝင်က ခွင့်မလွှတ်သရွေ့
    သူတို့ဟာ … သမိုင်းမှာ …
    “သစ္စာဖောက်” များသာဖြစ်တယ်။

    (၉)
    ကျောင်းသားနဲ့ကျောင်း
    တနေ့တော့ ပေါင်းရမှာပဲ
    ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
    ကျောင်းကြီးဆီ အရောက်သွားကြမယ်။
    သွေးပင်လယ်ကြီးဟာ
    တငွေ့ငွေ့ပူခြစ် ဆူပွက်
    ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
    သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
    ငါတို့တွေ
    ငါတို့တွေ လှည့်မပြန်ဘူး၊
    ငါတို့ထဲက တချို့ဟာ …
    ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
    ငါတို့အထဲက တချို့ဟာ …
    ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
    ငါတို့အထဲက တချို့ဟာ …
    ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
    လှေရွက်အဖြစ် စပ်ချုပ်
    မုန်တိုင်းကို ခွဲဝင်
    သွေးပင်လယ်ကို ဖြတ်ပြီး
    ကျောင်းတော်ကြီးဆီသွားဖို့
    လုပ်နေတယ်…။

    (၁၀)
    နောက်ဆုံးမှာ …
    ဒေါင်းအလံကို … ဇြောင်းဆန်အောင် လွှင့်ထူရင်း
    အမှန်တရားတခုထံ
    ငါတို့ သစ္စာအဓိဌာန်ပြု
    အို … သူရဲကောင်းတို့
    အို … ကျဆုံးခဲ့လေသော
    ဒီမိုကရေစီ တိုက်ပွဲဝင်
    သူငယ်ချင်းဟောင်း …
    သူရဲကောင်းတို့
    ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
    မြင့်မြတ်စွာ ကျဆုံးခဲ့သော …
    သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
    ငါတို့၏ရှေ့နောက်ဝဲယာ …
    ထက်အောက်ဝန်းကျင်၌
    ပျံ့နှံ့တည်ရှိကြကုန်တော့၏။
    ထိုသော …
    သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
    ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
    ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
    ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
    အို … သူရဲကောင်းတို့
    အို … ကျဆုံးလေသော
    ဒီမိုကရေစီတိုက်ပွဲဝင်
    သူငယ်ချင်းဟောင်း သူရဲကောင်းတို့
    ဗမာပြည်ကို ရှိခိုးကာ
    ဤသွေးပင်လယ်အား
    ငါတို့ ဖြတ်ကူအံ့
    မိုးလုံးပြည်ကောင်းချီးဩဘာပေးသံများကြားမှာ
    ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

    (ရွှေဘုန်းလူ)
    —————————————————-

    အဲဒီကဗျာကိုလည်း.. အသည်းထဲကနေ..ချစ်နေတာ.. ။

  • black chaw

    July 9, 2014 at 6:16 pm

    မနက်ဖြန် စာပေ နဲ ့ ပတ်သက်တဲ့ ကွန်းမန် ့
    လာပါမယ် ကိုရွှေညာသားရေ။

  • ဝင့်ပြုံးမြင့်

    July 9, 2014 at 7:56 pm

    အခုရက်ပိုင်းမှာ အလက်ဇင်း ပျောက်သလိုဖြစ်နေလို့ မေးလ်ပို့ကြည့်တော့ ၄ရက်နေ့ညက ပြန်စာလာတယ်။ အဲဒီစာလေး သူ့အတိုင်းပြန်ကူးထည့်ပေးလိုက်ပါတယ်။ ရွာသူရွာသားတွေ သိရအောင်လို့။

    –အမှန်တော့ ကျနော် ဒဏ်ရာရထားလို့အစ်မရေဝ
    ၂၉ရက်နေ့ညက ရုံးကမိန်းကလေးတစ်ယောက် မင်္ဂလာဆောင်တယ်။ ညစာစားပွဲလိုက်သွားလိုက်တာ
    KTV ထိ ဆက်သွားပြီးအဲဒီညက ညတစ်နာရီလောက်မှ ခရေပင်လမ်းခွဲက KTV ကနေ ပြန်ရတယ်။
    ခရေပင်လမ်းခွဲနဲ့ မင်္ဂလာဒုံဈေးကြားက လူပြတ်တဲ့နေရာမှာ တစ်ယောက်နည်းလမ်းလျှောက်ပြန်တုန်း အလုခံရတယ်။
    စစ်သားဝတ်စုံနဲ့ လူတစ်ယောက် စက်ဘီးရပ်ပြီး ကျနော့် စစ်ဆေးစရာရှိတယ်ဆိုပြီး ဆွဲခေါ်တယ်။ အကျီ င်္ရင်ဘက်ကိုဆောင့်ဆွဲပြီး လူပြတ်တဲ့ ကျောင်းအုတ်နံရံဘေးထဲ အတင်းဆွဲခေါ်တာ။ ကျနော်က ဘီယာတွေသောက်လာတော့ မူးတူးတူးနဲ့ ရုန်းမရပဲ ပါသွားတယ်။
    ချောင်ထဲရောက်ရော ကျနော့်ကို အတင်းတွန်းလှဲပြီး အပေါ်ကနေ လည်ပင်းညှစ်တာ။ နာရီတွေ ဖုန်းတွေ ပိုက်ဆံအိတ်တွေ အတင်းလုတယ်။
    ကျနော်က အောက်ကနေ ရုန်းကန်ပြီးသူ့ကို ထိုးတော့ ပြန်ထိုးတယ်။ ကျနော်သူ့ကို ဆောင့်ကန်ပြီး အတင်းကုန်းထ ထွက်ပြေးတယ်။ အော်ဟစ်အကူအညီတောင်းပေမယ့် ဘယ်သူမှ ရောက်မလာဘူး။
    သူ့ခန လဲကျသွားတုန်းကျနော် အတင်းထပြေးပေမယ့် ကျောင်းဘေးက ရေမြောင်းး ငါးပေလောက်ထဲ ပြုတ်ကျတယ်။
    ခေါင်းနဲ့ ရေမြောင်းအုတ်ဘောင်နဲ့စောင့်မိပြီး နောက်စေ့နားမှာ ဘုတစ်ဘုထွက်တယ်။ ညာဘက်နားထင်မှာ လည်း ရောင်သွားတယ်။ ထိလိုက်တိုင်းနာတယ်။
    မြောင်းထဲက ကုန်းကနေတုန်းမှာလည်း လုတဲ့ကောင်ရောက်လာပြီး အတင်းကန်ကျောက်သေးတယ်။
    ကျနော် အသည်းအသန် အသက်လုပြေးရတာ ပုဆိုးတောင်မပါတော့ဘူး။ ကားလမ်းပေါ်ရောက်တော့မှ သူ ဆက်မလိုက်ပဲကျန်ခဲ့ပြီး သူ ့စက်ဘီးနဲ့ ထွက်ပြေးသွားတယ်။
    အဲဒီအချိန်မှာ ဆိုင်ကယ် ကယ်ရီတစ်စီးက ကျနော့်ကို ဘာဖြစ်တာလဲမေးပြီး လိုက်ပို့မယ်ဆိုလို့ တက်လိုက်တယ်။ ပုဆိုးကို ခုနနေရာမှာ သွားကောက်ပြီး အိမ်ထိ လိုက်ပို့ပေးတယ်။
    အိမ်ရောက်တော့ ညနှစ်နာရီထိုးတော့မယ်။ တကိုယ်လုံး ရွှံ ့တွေ ပေတူးပြီး လည်ပင်းနဲ့ ဒူးတွေ လက်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့
    ခေါင်းကလည်း မူးလိုက်တာမှ
    ထိလိုက်တိုင်းနာလိုက်တာမှ
    နောက်စေ့နားက ဘုက သွေးမထွက်ပဲ ဖုနေတာ။
    ဒီနေ့ဆို အဲဒီ ဘုက ပိန်တော့ပိန်သွားပြီ။ နာတော့နာနေတုန်းပဲ။
    ညာဘက်နားထင်ကရောင်နေတာတော့ နာနေတုန်းပဲ။
    နောက်တနေ့မှာ အမေတို့နဲ့အဲဒီနေရာကို သွားပြီး ကျန်ခဲ့တဲ့ဖိနပ်သွားရှာတာ။
    တစ်ဖက်ပဲတွေ ့တော့လို့ မယူခဲ့တော့ဘူး။
    ဆေးခန်းပြတော့ ဆရာဝန်က
    နှစ်ဆယ့်လေးနာရီအတွင်း ခေါင်းက ချာချာလည်အောင်မူးနေမယ် အန်လည်း အန်နေတယ်ဆိုရင် ဓါတ်မှန်ရိုက်ပြီး ခေါင်းကိုကုရမယ်တဲ့ ။
    နှစ်ဆယ့်လေးနာရီအတွင်း နည်းနည်းပဲ နာကျင်ကိုက်ခဲ မူးဝေတယ်။ မအန်ဘူး ဆိုတော့ စိတ်မပူတော့ဘူးပေါ့။
    အခုထိတော့ ထိရင်နာနေတုန်းပဲ အစ်မရေ။ ရဲတိုင်ဖို့ကတော့
    အမေတို့က မတိုင်တော့ပါဘူးတဲ့။ ဘာပစ္စည်းမှ ပါမသွားတာရော
    စစ်သားဆိုတော့ ရဲက သေချာလည်း လိုက်ပေးမှာမဟုတ်တာရော
    မိရက်တောင် သက်သေမရှိလို့ အဲဒီစစ်သား ပြန်ငြင်းပြီး ကိုယ့်ကို ပြန် အမှုဆင်နိုင်ချေရှိတာရော
    တကယ်လို့ သူ ဝန်ခံတယ်ဆိုရင်တောင် စစ်သားမို့ ကွာတားချရုံလောက်နဲ့ပြီးသွားမှာဆိုတော့ အမှုဖွင့်လည်း အလုပ်ရှုပ်ငွေကုန်တာသာ အဖက်တင်မယ်ပေါ့။
    ဒါကြောင့် မတိုင်တော့ပဲ ကြိတ်ကုနေတာ။
    —-
    အဲဒီလောက်ဖြစ်နေတာတောင် ရွာထဲဝင်ပြီး ပို့စ်တစ်ပုဒ်တင်၊ ကွန်မင့်တွေဖြေနဲ့ တော်တော်ခံနိုင်ရည်ရှိတာ
    ကိုရွှေညာသားရေ … ကျမကတော့ ရွာထဲသိပ်မဝင်အားတဲ့ လူသစ်ပါ။ ပို့စ်ကို အရမ်းကြိုက်တယ်။ ကဗျာလေးတွေချည်းပဲ သတ်သတ်ခွဲကူးထားတယ်။

    • alinsett (gazette)

      July 9, 2014 at 8:29 pm

      http://myanmargazette.net/200259

      ပိုစ့်တစ်ပုဒ် အဖြစ်..ဒီစာကို…တင်လိုက်ပါပြီ..အစ်မရေ…

      ကျနော်ချစ်သော ရွာသူားများ..အဲဒီထဲမှာ.လာဆွေးနွေးပေးကြပါဦး..နော်..

  • ရွှေညာသား

    July 9, 2014 at 8:42 pm

    အလင်းဆက်လေး ဒီလိုဖြစ်တယ်ဆိုလို့ စိတ်ထဲမကောင်းပါဘူး ညီရေ…..
    ဒါထက် နေကောင်းအောင်သာ ဂရုစိုက်ပါကွာ…..
    အကို အပေါ်မှာရေးခဲ့သလိုမျိုး ခေါင်းမိုးကမလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာအမှန်ပဲ
    ဆိုတဲ့ ဗိုထီး သီချင်းကို (၃) ခါပြည့်အောင်နားထောင်လိုက်ပါ……
    မပြုံးရေ …. ကျွန်တော်က မပြောဖြစ်ပေမယ့် မပြုံးကို ရင်းရင်းနှီးနှီးသိတယ်ဗျ…..
    Email လိပ်စာလေးပေးနိုင်ရင်ပေးပေးပါ….
    နောက်ပိုင်း ထုတ်ဝေရေးလေးဘာလေးညှိနိုင်ရင်ညှိကြတာပေါ့………….
    ဘလက်ချောရေ ဘာများပြောမလဲသိချင်နေပါတယ်…
    ဘကြီးမိုက် ပြောတဲ့အတွက် ရွှဲအကြောင်းစိတ်ဝင်စားကြလို့ ဝမ်းသာပါတယ်ဗျာ….
    သမီးတော်လေးအတွက်လည်း ဂုဏ်ယူပါတယ်ဗျာ……….
    နောက် ….. မာမီတိုက်ရေ မကြာမကြာ လာလာပြောပါဦး ….. သတိရနေပါတယ်
    ဆြာပေါက်ကို မတွေ့သေးဘူးဗျ…………
    ကဗျာချစ်တယ်ဆိုရင် ရှေ့တစ် Post မှာ တွေ့ကြသေးတာပေါနော်…
    စိတ်ဝင်စားလို့ကျေနပ်ပါတယ်ဗျာ…..
    အပိုင်း(၃) မှာ ပြည့်ပြည့်စုံစုံလေးဖြစ်အောင်ရေးနေပါတယ်….
    စကားမစပ် ကြည့်ကန်ရှင်ကြီး ကို ရွာသူ/ရွာသားတွေ
    သိပ်စိတ်မဝင်စားကြသလိုပဲနော်….
    နှမြောထှာအေ………………… သာဓုပါတော်…………….

  • ရွှေညာသား

    July 9, 2014 at 8:48 pm

    အဲ ဒါ့ထက် မြန်မာ ကဗျာ ဒွေးချိုး လေးချိုး တြိချိုးတွေ
    (၄) လုံးစပ်တွေများ ခပ်သွက်သွက် ပိုပြီါ်စိတ်ဝင်စားကြသူတွေ ပါလေသလား…………
    မေးကြည့်တာနော်………..

  • Foreign Resident

    July 10, 2014 at 4:07 am

    ရွှေညာသား says:
    ” ဘာကြောင့်လဲဆိုတော့ ဆရာက
    မြန်မာစာ တကယ်တတ်ချင်ချင်ရင် ကြည့်ကန်ရှင်ကြီး ကျက်ကွ ဆိုလို့ ”
    ” စကားမစပ် ကြည့်ကန်ရှင်ကြီး ကို ရွာသူ/ရွာသားတွေ သိပ်စိတ်မဝင်စားကြသလိုပဲနော် ”
    ” နှမြောထှာအေ………………… သာဓုပါတော်……………. ”

    ကို ရွှေညာသား ကျေးဇူးကြောင့် ၊
    ကြည့်ကန်ရှင်ကြီး ရဲ့ စာတွေ အစအဆုံး ပြန်ဖတ်ဖို့ စဉ်းစားမိတယ် ။
    ဘယ်နား ဝယ်ရမလဲ ။ ဘာ နာမည်နှင့် ထုတ်သလဲဗျ ။

    ရွှေညာသား says:
    ” အဲ ဒါ့ထက် မြန်မာ ကဗျာ ဒွေးချိုး လေးချိုး တြိချိုးတွေ
    (၄) လုံးစပ်တွေများ ခပ်သွက်သွက် ပိုပြီးစိတ်ဝင်စားကြသူတွေ ပါလေသလား ”

    ကျနော် မြန်မာ ကာရန် ကဗျာကို ပို ကြိုက်သဗျ ။

  • ရွှေညာသား

    July 10, 2014 at 6:02 am

    Foreign Resident says:
    ကို ရွှေညာသား ကျေးဇူးကြောင့် ၊
    ကြည့်ကန်ရှင်ကြီး ရဲ့ စာတွေ အစအဆုံး ပြန်ဖတ်ဖို့ စဉ်းစားမိတယ် ။
    ဘယ်နား ဝယ်ရမလဲ ။ ဘာ နာမည်နှင့် ထုတ်သလဲဗျ ။

    အတယ်ကြီး ( အဘေဖော)
    မေးထားတဲ့ ကြည့်ကန်ရှင်ကြီးဆိုတာ
    အမေးကတော့ ကြည့်ကန်ရှင်ကြီးက မဖြေနိုင်အောင် မေးထားသမျှကို
    ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး က ခြောက်ခြောက်ချားချား
    ဖြစ်အောင် ဖြေဆိုပြထားတာပါ။
    မေးသူ-ဖြေသူ နှစ်ယောက်စလုံး လူတော်တွေကြည့်ပဲ
    တနည်းပြောရရင် ပါရမီရှင်တွေ ဆုကြီးပန်တွေပေါ့
    မြန်မာ့သမိုင်းမှာ နောက်ထပ်ထွက်လာဖို့တောင် မရှိနီုင်တော့ဘူးလို့ထင်တာပဲ
    အမေးကြည့်ကန်ရှင်ကြီး – အဖြေ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး
    ခက်တာက ဘုန်းကြီးကျောင်းတိုင်းလိုလိုရှိကြပေမယ့် စာရွက်စာသား
    ကောင်းကောင်းနဲ့ ပုံနှိပ်တာသိပ်မရှိတာပါ
    ဂျပန်ကမိတ်ဆွေတွေလာရင် ခဏခဏဝယ်ပေါ့ ခက်တာက
    စာရွက်စာသားချုပ်ပုံသိပ်မကောင်းတာ

    Foreign Resident says:
    ကျနော် မြန်မာ ကာရန် ကဗျာကို ပို ကြိုက်သဗျ ။

    ရှင်းပြပါ့မယ် အတယ်ကြီးရေ………

    ဒွေးချိုး – လေးချိုးတွေက အသံသာပါတယ် အတယ်ကြီးရေ… ကာရန်လည်းပါပါတယ်…….
    ဥပမာ –
    ဖိုးသူတော်ဦးမင်း – လူဦးမင်းတို့ဆို
    ဒွေးချိုးမှာ နာမည်သိပ်ကြီးပေါ့ ( ဒွေးချိုး ဥပမာပြမယ်နော် )

    – မဂ်ဖိုလ်ကိုရွယ်
    ကယ်ပါတော့လား (တစ်ချို့ကလည်း နိဗာန်ကိုရွယ် ကယ်ပါတော့လားလို့ဆိုကြပါတယ် မူကွဲပေါ့ )

    – ကြုံပလေတစ်ကောင်ထဲ
    ဖော်ကွဲတဲ့ငါး

    (လှေပေါ်ကို ရောက်လာတဲ့ ခုန်ဝင်လာတဲ့ငါ့းကို ကြည့်ပြီး ကယ်ဖို့စာစပ်ကြတာပြောပါတယ်)
    ဒွေးချိုးကို စပ်ရင် အသံလည်းသာရပါတယ်။
    အချို့က အခံပိုဒ် – အအုပ်ပိုဒ်လည်းပြောတယ်
    အချို့က အဖွင့်ပိုဒ် – အပိတ်ပိုဒ်လည်းပြောကြပါတယ်။

    နောက် လေးချိုးကတော့ အသံသာတဲ့နေရာမှာ ပထမတန်းပါပဲ
    စလေဦးပုညဆိုရင် လေးချိုးအရေးကောင်းလွန်းလို့

    စာရေးသူတို့ဂစ်တာတီးတဲ့ခေတ် နံပတ်(၄)ကြိုးပြတ်ရင်တောင်
    ဦးပုညပြတ်ပြီဟ ပြောရလောက်အောင်ခေတ်စားခဲ့တာပါ

    ကာရန်လှမှ မြန်မာကဗျာစပ်လို့ရသလို ……… အသံသာမှလည်း စာစပ်လို့ရတာပါ …)
    သာဓုပါတော် အတယ်ကြီးရေ …….. သာဓုပါ……………

    သဂျီးရေ Comments တွေ ရှေ့ရောက်လိုက် နောက်ရောက်လိုက်နဲ့နော် …….

  • black chaw

    July 10, 2014 at 8:24 am

    ကိုရွှေညာသားရေ…။
    ကျွန်တော်က ကဗျာရေးကောင်းသူတစ်ယောက်မဟုတ်ခဲ့ပေမယ့်
    ကဗျာကောင်းကြိုက်သူတစ်ယောက်တော့ ဖြစ်ခဲ့ပါတယ်ဗျာ…။
    ငယ်ငယ်က ရွှေသွေးပေါင်းချုပ်စာအုပ်ထဲပါခဲ့တဲ့
    ကာတွန်းကဗျာလေး အခုထိ အလွတ်ရနေပါတယ်…။
    ကာတွန်းထဲမှာ ကလေး သူငယ်ချင်းသုံးယောက် အပြိုင်အဆိုင်
    ထူးဆန်းတာလေးတွေပြောပြကြတာကို ကဗျာပုံစံနဲ့ ရေးထားတာပါ…။
    ပထမတစ်ယောက်က ညောင်ပင်ကြီးက သရက်သီးတွေ သီးနေတယ် ဆိုတာကို
    ကဗျာလေးနဲ့ ပြောတာပါ…။
    အဲဒီမှာ ကျန်တဲ့ ၂ ယောက်ကလည်း မယုံဘူးဆိုတာကို ကဗျာလေးနဲ့ပဲ ပြောတာပေါ့…။
    မှတ်မိသလောက်လေး ပြန်ရေးပြလိုက်ပါရစေဦး…။

    ဒီမှာ ငဖျင်း သူငယ်ချင်း
    တုံးလိုက်ပါဘိ အပါဘိကွာ
    ညောင်နဲ့သရက် ရောနှောယှက်တော့
    အင်အားကြီးမား ညောင်ပင်သားက
    သရက်သားကို ဝါးစားမြိုသွား
    အသီးထွက်တော့ သရက်သီးတွေ သီးတာပေါ့…။

    ဒါက ညောင်ပင်ကြီးက သရက်သီးတွေ သီးနေတာကို ပြောတဲ့ ကလေးပါ…။
    နောက်တစ်ယောက်က သီချင်းဆိုတဲ့ နွားကို မွေးထားတယ် လို့ ဆိုပြန်ပါတယ်…။

    မင်းအချက်ထက်သာ
    ထူးဆန်းတာက
    သီချင်းဆိုတဲ့ နွား
    ငါမွေးထားတယ်…။

    လို့ပြောတော့ ကျန်တဲ့ ကလေးနှစ်ယောက်က
    ဟဟဟဟ ရယ်လိုက်ရ ဘာညာ နဲ့ လှောင်ကြပြောင်ကြတာပေါ့…။
    အဲဒီအပိုဒ်လေးတွေတော့ မမှတ်မိတော့ဘူးရယ်…။

    နွားတွေသေသွား
    သူတို့သားရေ
    ဗုံတိုတွေဖြစ်
    အိုးစည်ဖြစ်ပြီး
    ထမင်းနဲ့ပြာ
    ကပ်ခါသွင်းတော့
    သီချင်းသံထွက်
    ဒီအချက်ကို မင်းတို့ သတိမထားမိလို့ပါ…။

    တဲ့…။
    ဆိုလိုတာက အဲဒီ ရွှေသွေးထဲက ကလေးကဗျာကာတွန်းလေးတွေက ကျွန်တော့်ကို
    ကဗျာချစ်တတ်အောင်သင်ပေးခဲ့တယ်လို့ ပြောရမှာပါပဲ…။
    ကျွန်တော့်ဘဝမှာ ပထမဆုံး ကဗျာစာအုပ်တစ်အုပ်ကိုပိုင်ဖူးတာက
    မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ သောကခြေရာ ရတနာ ကဗျာများ စာအုပ်ပါ…။
    တချို့ကဗျာလေးတွေကို အလွတ်ကျက်ထားတဲ့အထိ စွဲလန်းခဲ့ဖူးပါတယ်…။
    ဥပမာ…

    ကိုယ့်ခရီး နဲ့
    ကိုယ်စီးမယ့်လှေ
    မေအမြင်ပဲ
    လိုက်ရဲရင်တက်
    ကမ်းက ထွက်မယ်…။

    ဆိုတာမျိုးလေးတွေပေါ့…။
    မြင်ကတည်းက ရင်ထဲက စွဲခဲ့တယ် မဏိစန္ဒာ ဆိုတဲ့ ကဗျာကတော့
    အထစ်အငေါ့မရှိလောက်အောင် အလွတ်ရခဲ့ဖူးတာပေါ့…။
    မှတ်မှတ်ရရ ဒဏ္ဍာရီ ဆိုတဲ့ ရုပ်ရှင်ကားမှာပါတဲ့ ကဗျာလေးတစ်ပုဒ်ကို
    အခုအထိ အလွတ်ရနေသေးတယ်ဗျ…။

    ချစ်သူ့နှုတ်ခမ်း လွမ်းလို့နမ်းသော်
    နမ်းရာမထင် လွမ်းရာထင်၏
    ရင်ထဲငြိပြီ ဒဏ္ဍာရီ…။

    အဲဒီကဗျာလေးနဲ့ ဒဏ္ဍာရီ ဇာတ်ကား ပြီးသွားတာ အခုထိမှတ်မိနေပါသေးတယ်…။
    နောက်တော့ တက္ကသိုလ်မင်းမော်ရဲ့ သူငယ်ချင်း ကဗျာလေးတွေ ဖတ်တတ်လာတယ်…။
    အောင်ဝေး ကဗျာလေးတွေ ဖတ်တတ်လာတယ်…။
    အောင်ဝေး ဆိုလို့ ၁၉၉၉ ခု အောက်တိုဘာလထုတ် စတိုင်သစ်မဂ္ဂဇင်းထဲက ဆရာအောင်ဝေး ရဲ့
    “သူဖုန်းစား နှစ်ယောက် နှစ်ခန်းရပ်ဒိုင်ယာလော့ဂ်” ဆိုတဲ့ ဆောင်းပါးထဲက အပိုင်းအစလေး ၂
    ကွက်လောက် ရေးပြလိုက်ပါရစေဦးဗျာ…။

    ကြုံလို့ပြောရဦးမယ်။ ကျွန်တော် ကဗျာရေးရင် နိုင်ငံခြားက အဆိုအမိန့်တွေ၊
    လူနာမည်တွေ တယ် မလွတ်ချင်ဘူးလို့လူရင်းတွေကကော စိမ်းတဲ့ လူတွေကပါ
    ခဏခဏ ဝေဖန်ထောက်ပြတတ်ကြပါတယ်။ ချစ်လို့ ပြောတာလို့ မှတ်ခဲ့ပါတယ်။
    ကျွန်တော်ကလည်း ကျွန်တော်ပဲ။
    ကဗျာလေးတစ်ပုဒ် လေး…ငါး…ဆယ်ကြောင်းလောက်လေး ရေးတဲ့ ဟာကိုပဲ။
    အဲဒီလို ဝေဖန်ခံရတဲ့ အပြစ်က တယ်ပြီး မလွတ်ချင်လှဘူး။
    ကြည့်လေ။
    တစ်ခါတုန်းက အင်မတန်ကို မြန်မာဆန်ဆန် ရေးလိုက်တဲ့ ကဗျာမှာတောင်မှ
    အဲဒီ နိုင်ငံခြားနာမည်တစ်ခုက ပါနေသေးတော့တာကပဲ။ ကြာတော့ ကြာပါပြီ။
    ၁၉၉၆ ဧပြီလထုတ် ရွက်နုဝေမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ကဗျာပါ။ ဒီလိုဗျ။

    ရိုးမြေကျ ပိတောက်
    ဖွင့်လိုက်တယ်
    ပြတင်းပေါက် တစ်ခုလုံး ဝါထိန်သွားရော
    ရထားတစ်စင်းလုံး ဟယ်လင်မင်းသမီးတွေချည်း
    ပါသွားသလို
    လှလိုက်တာ
    ဘူတာရုံကလေးရှေ့
    စစ်ကြီးထဲ
    စက်ခေါင်းတွေ အဖေ မောင်းနေတုန်းပေါ့
    အမေစိုက်ခဲ့တယ်လေ…။ ။

    အဲဒီမှာ ဝေဖန်ကြတာပေါ့။
    ဟယ်လင် မင်းသမီး အစား ဥမ္မာဒန္တီ မင်းသမီး လို့ သုံးရင်ကော မရဘူးလားတဲ့။
    အင်း…။
    ကျွန်တော် ငိုင်သွားပါတယ်။ မပြောတတ်တော့ဘူးဗျာ။
    ရုတ်တရက် စိတ်ထဲပေါ်လာတဲ့ဟာ ချရေးလိုက်မိတာပါ…။
    နိုင်ငံခြားဆန်သွားတယ်ဆိုရင်လည်း ခွင့်လွှတ်ကြပါလို့ပဲ ကျွန်တော် တောင်းပန်ခဲ့ရတယ်…။
    ကျွန်တော်ကတော့ ကျွန်တော့်ခံစားမှုနဲ့ ကျွန်တော်။ နားစောင့်နဲ့ စိတ်ထဲမှာ
    ကဗျာကို အကြမ်းရေးနေတုန်း စစ်ကြီးထဲ စက်ခေါင်းတွေ အဖေ မောင်းနေတုန်းပေါ့ ဆိုတာကိုလည်း
    ကိုယ်က တွေးမိထားတော့ စစ်သင်္ဘောတစ်ထောင် ရေချ တိုက်ခိုက်ယူရလောက်အောင် လှပတယ်
    ဆိုတဲ့ ဟယ်လင်မင်းသမီးရဲ့ အလှဟာ ကွက်ကနဲ ကိုယ့်စိတ်ထဲ ဝင်ရောက်လာတာပါ။
    စစ်မှာ အခြေခံပါတယ်။ ဒါ…ရိုးရိုးသားသား ဝန်ခံတာပါ။ ကဗျာတစ်ပုဒ်ရဲ့ အတွေ့အကြုံ
    ဆိုပါတော့။
    ဒီတော့ ကျွန်တော် ပြောချင်တာက ကျွန်တော့်ရင်ထဲမှာ
    (အဲဒီ အချိန်တုန်းက) ဟယ်လင်ကိုပဲ ရင်ခုန်လို့ ဟယ်လင်လို့ပဲ ချရေးခဲ့တာပါ။

    ဆရာအောင်ဝေးရဲ့ ကဗျာအတွေ့အကြုံလေး ဘယ်လောက် ဖတ်လို့ကောင်းလိုက်ပါသလဲဗျာ…။
    နောက်အတွေ့အကြုံလေးတစ်ခုကိုလည်း ဆရာအောင်ဝေးက ထပ်ရေးပြထားပြန်ပါတယ်…။

    နောက်ပိုင်းတော့လည်း ကိုယ့်ကိုယ်ကို သတိထားပြီး အတတ်နိုင်ဆုံး နိုင်ငံခြားအငွေ့အသက်ကင်းကင်းနဲ့ ကဗျာလေးတွေ
    ကြိုးစား ရေးဖွဲ့ ကြည့်မိပါတယ်။ ကိုယ်တတ်စွမ်းသလောက်ဆိုပါတော့။
    ဥပမာ ကျွန်တော် “နာမည်” လို ကဗျာမျိုး ရေးကြည့်တယ်။
    ကဗျာထဲမှာ နိုင်ငံခြားက အဆိုအမိန့်တွေ၊ လူနာမည်တွေ မပါစေရ။
    အောင်ဝေးရဲ့ ကိုယ်ပိုင် ဖြစ်ရမယ်။
    အဲဒီလို စိတ်နှလုံးသွင်းပြီး ရေးကြည့်လိုက်တာ

    နာမည်
    ကျွန်တော့် သားက မေးတယ်။
    “ကြယ်တွေမှာ
    နာမည်ရှိသလား ဖေဖေ” တဲ့…။
    မြစ်ကမ်းနဖူးမှာ
    ထိုင်တဲ့ည
    သားက ကောင်းကင်ကို ငုံ့ကြည့်နေတယ်…။
    ကျွန်တော်က
    ကြယ်တွေ တလက်လက်ထ
    ရေစီးထဲ ငေးလို့…။
    “အေး…မတော်တဲ့ ကြယ်တွေမှာ
    နာမည် မရှိဘူး၊
    တော်တဲ့ ကြယ်တွေကျတော့
    ……………………………………..
    ……………………………………..”
    အဲဒီလို
    ကြယ်တစ်လုံးချင်းစီရဲ့ နာမည်
    ကျွန်တော်ပြောပြ။
    “ဖေဖေ…ဒါဆိုရင်
    ကမ္ဘာပေါ်မှာ
    သားနာမည်နဲ့ ကြယ်လည်း
    ရှိမှာပေါ့နော်”
    ကျွန်တော် သားကို ပြုံးကြည့်
    ခေါင်းညိတ်ပြတော့
    သားက ပျော်သွားပြီး
    ကျွန်တော့် မျက်လုံးထဲမှာ
    သူ့ နာမည်နဲ့ ကြယ်ကို ရှာတွေ့သွားတယ်။
    သားက ဖအေထက်
    ပိုပြီးတော်ရမယ် မဟုတ်လား။
    ကျွန်တော်က သားကိုထမ်းလို့
    ကျွန်တော့်ကို မြစ်ကမ်းပါးကထမ်းလို့
    အိမ်ပြန်လာတဲ့ လမ်းမှာ
    ခေတ်ကလည်း စီးတုန်းပါ။
    ဖအေ နဲ့ သား
    လွမ်းမိတဲ့ တရားမှာ
    နာမည်တွေလည်း စီးဆင်းနေတုန်းပေါ့။ ။
    (LIFE STYLE ၁၉၉၉ မတ်)
    ဒါတောင် အပြောသိတ်မလွတ်ချင်ဘူး။
    “သားက ဖအေထက် ပိုပြီး တော်ရမယ် မဟုတ်လား” ဆိုတာကို
    တချို့က ဒါကို ဝီလျံဝဒ်စ်ဝပ်သ် ဟာလို့ ထင်ချင်ကြတယ်။ မဟုတ်ရပါ။
    ဝဒ်စ်ဝပ်သ် ဟာက “ကလေးဟာ လူကြီးရဲ့ ဖခင်” ဆိုတာပါ။
    ကျွန်တော့်ဟာက ကျွန်တော့်ဟာပါ။
    ဒါပေမယ့် ကျွန်တော် ဝန်ခံစရာတော့ ရှိပေသပေါ့။
    ဘာလဲဆိုတော့ “သားက ဖအေထက် ပိုပြီး တော်ရမယ်မဟုတ်လား” လို့
    ကျွန်တော် ရေးလိုက်တဲ့ဟာက ဆရာကြီး ဦးဖေမောင်တင် ပြောတဲ့
    “တပည့်က ဆရာ့ထက် တော်ရမယ်” ဆိုတဲ့ စကားရဲ့
    အရိပ်အဝန်းကတော့ မလွတ်ချင်ဘူးပေါ့။ (ဦးဖေမောင်တင်ကတော့ နိုင်ငံခြားမဟုတ်ပါ)

    ဆရာအောင်ဝေးရဲ့ ကဗျာအတွေ့အကြုံလေးတွေက ဖတ်လို့ကောင်းပါတယ်…။
    အခု ကိုရွှေညာသားက ကဗျာအကြောင်းလေးတွေ ပို့စ်တင်လာတော့
    ကျွန်တော်မှတ်သားသိမ်းဆည်းထားတဲ့မဂ္ဂဇင်းလေးတွေပြန်ရှာပြီး ပြန်ရေးလိုက်ရခြင်းပါ။
    နောက် ကျွန်တော် ကြိုက်ခဲ့ဖူးတဲ့ ဆရာဒေါင်းနွယ်ဆွေ ကဗျာလေးတစ်ပုဒ်ကိုလည်း
    တင်ပြချင်ပါသေးတယ်…။

    အနမ်းပါသော ထမင်းပွဲ
    တစ်နေ့လုံးလျှင်
    ပိုက်ငင်ကွန်ချ၊ ငါးမရ၍
    ထိုည ပူပန်၊ အိမ်သို့ပြန်သော်
    ဖန်ခါးသီးနှင့်၊ သခွတ်ပွင့်ညို
    ငါးပိကျိုလျက်၊ ဖားပျိုပေါင်သား
    ဆီ ဆားနှင့်ပြင်၊ မီးကင်တမြှိုက်
    မြင်လိုက်ရသော်
    ပိုက်ကွန်ပစ်ချ၊ ပေါ့ပါးစွလျှင်
    အမ အိမ်သူ၊ ပါးဖြူဖြူကို
    ဟင်းပူနွေးနွေး၊ ဝဝလွေးသို့
    မွှေးမွှေးကြူကြူ နမ်းနမ်း မြိန်မြိန် တည်း။

    ဆရာဒေါင်းနွယ်ဆွေရဲ့ ကဗျာလေးတချို့ကိုလည်း
    ကျွန်တော် ကြိုက်ခဲ့ဖူးပါတယ် ကိုရွှေညာသားရေ…။
    နောက်…ကာရန်နဲ့ ပတ်သက်လို့
    ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ အမြင်လေးကို ကျွန်တော်ကြိုက်တယ်ဗျာ…။
    ပိတောက်ပွင့်သစ် မဂ္ဂဇင်းထဲပါခဲ့တာ ခင်ဗျ…။
    မေးခွန်းက

    ခေတ်ပေါ်ကဗျာကို ရေးဖွဲ့တဲ့ အခါမှာ ကာရန်ကို
    ပစ်ပယ်သင့်ပြီလား။ ခေတ်ပေါ်ကဗျာမှာ ကာရန်လိုမလို ဆိုတဲ့ ကိစ္စနဲ့
    ပတ်သက်တဲ့ မောင်သိန်းဇော်ရဲ့ အမြင်ကို သိပါရစေ…။

    မောင်သိန်းဇော်ရဲ့ အဖြေက…

    ကဗျာရယ်လို့ မြို့တည် နန်းတည်ကတည်းက
    ကာရန်ကို အကာအရံ အပြောက်အမွမ်း အဖြစ် အဓိက အားယူခဲ့ကြတယ်လို့
    ထင်ပါတယ်။
    ဒါကလည်း ကျွန်တော်တို့ အစကို မသိမီလိုက်ပေမယ့်
    ဒီကနေ့အထိ ကဗျာတွေပေါ်မှာ စွဲထင်နေတဲ့ ကာရန်ရဲ့
    ရနံ့နဲ့ အမှတ်အသားတွေကြောင့် ပြောနိုင်ခြင်းပါ။
    ဒီနေ့ ခေတ်ပေါ်ကဗျာ ဆိုတာတွေမှာလည်း ကာရန်ကို လုံးဝ ပြတ်ပြတ်စဲစဲကြီး
    လုပ်ထားတာမျိုးဟာ မတွေ့ရသလောက် နည်းပါတယ်။
    ခြွင်းချက်အနေနဲ့ တစ်ပုဒ်တလေတော့ ရှိကောင်းရှိမှာပေါ့။
    ဒါပေမယ့်
    အများအားဖြင့် ကဗျာတွေဟာ ကာရန်နဲ့ မကင်းနိုင်ပါဘူး။
    ကဗျာဆရာက ကာရန်ကို အဓိက ထားမရေးပါဘူး ဆိုရင်တောင်
    တစ်နေရာမဟုတ် တစ်နေရာမှာတော့ သူ့ကဗျာသွားဟာ
    သူ့ဆရာမသိအောင် ကာရန်ကို လှမ်းရှူရှိုက်တဲ့ အသံ (ဒါမှမဟုတ်)
    အမူအရာတွေကို တွေ့ရတတ်တာပါပဲ။
    ဒါကလည်း ကိုယ့်ကဗျာတွေအပေါ် ကိုယ် ပြန်သုံးသပ်မိသမျှ နဲ့
    တခြား ခေတ်ပေါ်ကဗျာတွေ အပေါ် ခံစားနားလည် ရမိသမျှတွေထဲက ထုတ်နုတ်ကြည့်ရတာပါ။
    ကိုယ့်ခေတ်နဲ့ ကိုယ့်ဘဝအတွေ့ပဲ ဆိုပါတော့ဗျာ။
    ခုပြောမယ့် စကားကိုတော့ ကျွန်တော် တရားဝင်ပဲ ပြောပါရစေ။
    ကျွန်တော်တို့ ကာရန်ကို မမုန်းပါဘူး…လို့ပေါ့ဗျာ။
    နောက်ထပ် ပြောချင်သေးတာက ရှေ့ကို သွားချင်တဲ့ ကဗျာတွေဟာ
    ကာရန်ရဲ့ ဖြားယောင်းမှု အောက်မှာ လမ်းစပျောက်မနေကြပါဘူး…လို့ပါပဲ။
    ကျွန်တော် ဘာလို့ အဲလို ပြောတာလဲဆိုရင် ကဗျာဟာ ကာရန်ကြောင့်
    ခွန်အားရှိသွားစေနိုင်သလို အသုံးမတည့်ရင်
    ကာရန်ကြောင့်ပဲ ရောဂါထွေပြားသွားနိုင်ပါတယ်။
    ဒါကလည်း ဒီနေ့ ခေတ်ပေါ်ကဗျာကို ဆိုလိုတာပါ။ လေးချိုး၊ ဒွေးချိုး လို
    ရတု ရကန်လို ပင်စည်ကိုက ကာရန်ဖြစ်နေတဲ့ ကဗျာမျိုးတွေကို မဆိုလိုပါဘူး။
    တချို့ကဗျာတွေဆိုရင် ကာရန်ကြောင့် အညွန့်ကျိုးရသလိုတောင် ထင်ရပါတယ်။
    ဘာကြောင့်လဲဆိုတော့ ဘာကိုပဲ ရေးရေး ကာရန်ပါရင် ကဗျာလို့ အစဉ်အလာကတည်းက
    လူသာမန်တွေက သတ်မှတ်လေ့ရှိတယ် မဟုတ်လား။
    အဲဒီ အချက်ကပဲ ကာရန်ဟာ ကဗျာရေးသူ တစ်ယောက်ကို
    အားထုတ်မှု လျော့ရဲသွားအောင် ဆွဲဆောင်သွားနိုင်တယ်လို့
    ကျွန်တော် ယူဆပါတယ်။ ကျွန်တော် ဆိုလိုတာက ခုခေတ်မှာ
    ကာရန်နဲ့ ရေးတဲ့ ကဗျာတွေ တစ်ပုဒ်မှ မကောင်းဘူးလို့ ပြောနေတာ မဟုတ်ဘူးနော်။
    သတိမထားမိရင် ကာရန်ရဲ့ အန္တရာယ်ပြုတတ်ပုံကို ပြောချင်တာပါ။
    ကာရန်ကို အဓိက မထားတဲ့ ကဗျာတွေမှာတော့ သူ့ရဲ့ စကားလုံးတွေရဲ့
    အသွေးအသားကမှ တကယ် သွေးအားမကောင်းခဲ့ဘူး ဆိုရင်၊
    သူ့မှာ အကာအရံအားကိုးစရာ ဘာမှ မရှိပါဘူး။
    အဲဒီတော့ သူဟာ ခုနက ပြောတဲ့အတိုင်း စကားလုံးနဲ့ ခံစားဖွဲ့နွဲ့မှုကမှ သွေးအားမကောင်းခဲ့ဘူးဆိုရင်…
    ကဗျာကောင်းတစ်ပုဒ်ဖြစ်နိုင်ဖို့ အခွင့်အလမ်း နည်းသွားပါပြီ။
    တကယ်တော့လည်း ကဗျာကိုယ်၌ကိုက ကာရန်နဲ့ ဝေးဝေးလံလံ အရပ်မှာ
    ကြာရှည်ကြာမြင့် မနေနိုင်ပါဘူး။
    ဒီကနေ့ ခေတ်ပေါ်ကဗျာတွေဟာ ရေးပြီးလို့ အေးအေးဆေးဆေး ပြန်ဖတ်ကြည့်တဲ့အခါ
    ကိုယ့်အစီအစဉ်နဲ့မဟုတ်ပဲ သူ့အလိုလို ကာရန် အချိတ်အဆက် မိနေတာလေးတွေကို
    တွေ့ရတတ်တယ်။ ကျွန်တော့်အထင်တော့
    ကျွန်တော့် စိတ်ရဲ့ မူလအလိုကိုက လွတ်လပ်မှုကို ကဗျာထဲမှာ
    ရှာကြည့်နေတာဆိုတော့ ကာရန်တွေနဲ့ အတုတ်အနှောင်မခံချင်သလို
    ကာရန်မဲ့ရမယ်ဆိုတဲ့ သဘောထားကြီးနဲ့လည်း အတုတ်အနှောင် ခံနိုင်ပုံ မရကြပါဘူး။

    ကာရန်နဲ့ ပတ်သက်လို့ မောင်သိန်းဇော်ရဲ့ အမြင်လေးကို ကျွန်တော် တော်တော်ကြီးကို
    သဘောကျမိတယ် ကိုရွှေညာသားရေ။
    ခုနောက်ပိုင်းတော့ဗျာ…၊
    ခုနောက်ပိုင်းဆိုတာ လေးဆယ်ကျော်လာတဲ့ ဒီဘက်ပိုင်းနှစ်တွေကို ဆိုလိုတာပါဗျာ…။
    ကိုရွေး ဆိုတဲ့ ကဗျာဆရာကို ကျွန်တော် တော်တော် ကြိုက်နေမိပါတယ်။
    သူ့ကဗျာလေးတွေ တော်တော်များများက ဖတ်လိုက်တာနဲ့
    ကျွန်တော့်ရင်ထဲကို လျှောကနဲ ရောက်သွားတတ်လို့ပါဗျာ…။
    ကဲ…ကွန်းမန့်လည်း အတော်ရှည်သွားပြီ…။
    ကိုရွှေညာသားကို ချစ်ခင်စိတ်နဲ့ ရေးတဲ့ ကွန်းမန့်မို့ ဒီလောက်ရှည်သွားတာကို
    ခွင့်လွွှတ်ပေးပါဗျာ…။
    နောက်ကြုံတဲ့အခါလည်း ဒီလို စိတ်ပါလက်ပါ ကွန်းမန့်ရေးပါဦးမယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ရွှေညာသား

    July 10, 2014 at 8:27 am

    အဟဲ အတယ်ကြီး(အဘဖောရေ)
    ပြောရင်းစာအုပ်အမည်မေ့သွားလို့ …………
    စာအုပ်နာမည်က ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး စီရင်ဖြေဆိုအပ်သော
    စွယ်စုံကျော်ထင်ကျမ်းပါ အတယ်ကြီးရေ…………..

    ဘလက်ကြီးရေ …………. Comments ကအခုမှ တတ်လာလို့
    ဖတ်ပြီးမှ အေးအေးဆေးဆေးပြန် မန့် တော့မယ်………..
    အပေါ်က ဖတ်ကြောင်းဝင်ပြောတဲ့ မာမီတိုက်ရော ……….. ကိုညိုဝင်းရော…..
    သာဓုပါတော်………………… သာဓုပါ……………………..

  • ရွှေညာသား

    July 10, 2014 at 10:35 am

    ဘလက်ကြီးရေ ကွန်းမန့် ရှည်ရှည်ရေးပေးတာ ကျေးဇူးပါ…..
    ဟုတ်ပါတယ် အဲဒီ့ ကဗျာတွေကိုလည်း တစ်နေ့မှာ Post တစ်ပိုင်းပိုင်းမှာ
    ဖြည့်သွင်းမိဦးမှာပါ………….
    အခုလို Comments ရှည်ရှည်ပေးတော့ ရေးရတဲ့သူလည်း ကျေနပ်မိပါတယ်။
    အရှည်ပြန်မမန့်တော့ဘူးဆိုတာက ….. Post အသစ်မှာ ဒါတွေကို
    ဘလက်အပြောနဲ့အတူ ပြန်လည်ရေးသားမှာမို့ပါ……………
    ကျွန်တော်သိပ်ကြိုက်တဲ့ အရေးအသားထဲမှာ ဘလက်ကြီး ကထိပ်ဆုံးကဆိုတာလေးကို
    မမေ့မလျှော့ထပ်ပြောလိုက်ပါတယ်။
    ဆက်လုပ် ဘလက်ကြီး…………..

    ဒါ့ထက် အန်တီသဲ……..အရီးလတ် ………. အမဒုံ ပျောက်နေကြပါ့လား……………
    မလာရင်တော့ မိကေ ညီးတာဝန်နော်….
    ဟွင်း…ဟွင်း……… ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး
    ညီး …… ရာအိမ်မှူးလုပ်နေတာ …
    ဟိုဘက်လက်ဖက်ရည်ဝိုင်းမှာ သတင်းကြားလာပြီးသား……………..
    ဘာတဲ့အပျိုကြီးဆိုတာ………… ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတဲ့…………..

    ခွီး..ခွီး………………သာဓုပါတော်

    • sorrow

      July 10, 2014 at 11:19 am

      မဆိုင်တာလေး ဝင်မန့်လိုက်ပါအုံးမယ်…ကိုကြီးညာသား ပြောသလို .အပျိုကြီးဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုရင် ကျော့်လေယာဉ်မယ်လေးက စစ်အစိုးရဗျ…. ကိုကိုရေဆိုပြီး လုပ်ချင်တာလုပ်တာ….မဆီမဆိုင် သမ္မတကြီးရဲ့ ..မိဘပြည်သူများခင်ဗျာ ဆိုတာတောင် ပြေးသတိရသေး…..အဟိဟိ ဘာမှာဟုတ်ဘူး…အလွတ်ဝင်ကြွားတာ…..
      ပုံ..ကချင်နုထွားကြီး ….ခုခွိခုခွိ

    • ဇီဇီ

      July 10, 2014 at 12:58 pm

      ကော်မန့်တွေကို သေချာဖတ်ပါ။
      ဒီလူဂျီးနှယ်!

      :mrgreenn:

      သများကို အပြစ်ပြောမယ်ဆိုတာချည်းပဲ။
      လာပါလိမ့်မယ်ဆို။
      :mrgreen:

      ((ဆြာခေါင်က မျက်စိက စာကြာကြာဖတ်လို့ မရဝူးးး
      အာတီဒုံက စာမွဲရှိလို့ ခွင့်ယူထားတယ်။
      အရီးက သောကြာညမှ ပြန်လာလိမ့်မယ်။
      ကိုနိုက အွန်လိုင်းစွဲရောဂါကို သူ့မဟေသီက ဘိုက်ခေါက်လိမ်ထားလို့ မရောက်တာကြာပြီ။ ဟိ))

      အဲလို့ ပြောထားတယ်လေ။
      အန်တီသဲ က အနော့ ကောင်လေး (သူ့ သားလေး) နေမကောင်းလို့ ဆေးခန်းနဲ့ အိမ်နဲ့ ပြေးနေရတယ်၊။
      အဲဂလို။ အဲဂလို။
      :mrgreenn:

  • pooch

    July 10, 2014 at 2:53 pm

    ရွှေခြည်ငွေခြည်တန်းတဲ့ ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်။
    ဒီပိုစ့်ကို ဖတ်ရတာ ရှေးရနံ့တွေ လှိုင်နေလို့ ကြိုက်တယ်။ ပြောချင်တာတွေ ရှိပေမဲ့ မအားသေးလို့ လေမရှည်နိုင်တာပါ။ နောက်ကြုံတော့ အများကြီးပြောပါ့မယ်။

  • ရွှေညာသား

    July 10, 2014 at 3:15 pm

    ဒါက ဒီလိုရှိပါတယ် ကိုကို Sorrow ရေ စစ်အစိုးရဆိုတာမျိုးက
    သူတို့ကြိုက်တာလေးတွေ ပေးကျွေးပြီး ဆိုလိုတာက ခရိုနီလုပ်နည်း
    လုပ်ဟန်လိုမျိုးဆိုရင် သူတို့က ကြိုက်တာ လုပ်ပိုင်ခွင့်ပေးပါတယ်
    သေချာတာပြရရင် နှစ်ဆယ့်ခြောက်နှစ် ဥပမာတစ်ခုပဲကြည့်ပါ
    ဒီတော့ကာ ကိုကိုSorrow အနေနဲ့ လေယာဉ်မယ်လေးကြိုက်တာပေး
    ကျွေးပြီးသကာလ းးးးးးးးးးးးးးးးးးးးးးးးးး

    ”လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝ
    ပန်းရည်၊ ဆုပ်နယ်နည်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊
    နီလာသီးကို၊ မငြီးဖန်ဖန်၊ ကစားပြန်သော၊ အလွန်ယားလှ၊
    ကြက်သီးထ၍၊ ”
    အင်း …. တော်ရင်သလိုပါ့လေ……
    သူများ ခရိုနီတွေများ …………..
    စစ်အစိုးရလက်ထက် ဒေါက်တာဘွဲ့တောင်ရသသေးသကွဲ့
    မောင်ရင့် လုပ်ရည်ကိုင်ရည်ကြည့်ရဦးမှာပလေ……….
    နန်းမတော်မယ်ပုချ်ရေ …………
    လာဖတ်တာ ……
    သာဓုပါတော်

  • ရွှေညာသား

    July 10, 2014 at 3:20 pm

    အဟဲ နောက်ပြောချင်တာက အပျိုကြီးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
    ဆိုရင် လူပျိုကြီးတွေကို က ဘယ်လို ခေါ်မလဲ
    သိချင်စမ်းပါဘိတယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ဒီရွာထဲ အခုမှ ကြာကြာနေဖြစ်ပေမယ့်
    အပျိုဂျီး / လူပျိုဂျီး သိပ်ပေါဆိုပဲ
    သတင်းရတာပါ
    အတိအကျတော့ ….. သိသေးဝူးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဝင့်ပြုံးမြင့်

    July 11, 2014 at 6:37 pm

    ကျမက ဂဇက်ထဲဝင်ထားတဲ့ လိပ်စာပဲသုံးပါတယ်။ အီမေးလ်က poelaylar@gmail.com
    ရွာထဲက လိုင်းမကောင်းလို့ ဝင်ရခက်ပေမယ့် မေးလ်တော့ ၃ရက်တစ်ခါလောက်စစ်ပါတယ်။ သူများကလည်း ခင်တတ်မင်တတ်ပါတယ် ကိုရွှေညာသားရေ။

Leave a Reply