ကားစုတ်ကြီး
(၁)
ပွိုင့်စိမ်းဘီဟေ့ ဆိုသော အသံနဲ့အတူ ဆောင့်ထွက်လိုက်သော ဘတ်စ်ကားပေါ်သို့ မီးပွိုင့်မှ ကားတက်စီးကြသော သူငယ်မတစ်စု အပြေးအလွှားခုန်တက်လာတာမြင်လိုက်၏။ ကားခပ်ချောင်ချောင်ပေါ်တွင် သက်တောင့်သက်သာ စီးရချည်ရဲ့အောက်မေ့ နေရာမှ ပွိုင့်ဖြတ်မယ်နော် တန်းတွေ ကွင်းတွေ ကိုင်ထား ဟူသော အသံနှင့်အတူ ဒေါက်ဖိနပ်ချွန်ချွန်နှင့် ခြေဖမိုးကို အားပါးတရတက်နင်းခံလိုက်ရလေသည်။ ကားပေါ်တက်တက်ချင်း မှီရာလှမ်းဆွဲဖို ့ မစဉ်းစားဘဲ ထိုင်ခုံနေရာရှာနေသော အနှီ ပေမမှီဒေါက်မမှီ တစ်ယောက်ကို ခပ်ချဉ်ချဉ်ရှိတာနဲ့ မျက်စောင်းလှည့်ထိုးလိုက်မိသည်။ ဘယ့်နှယ့်တော် ဒေါက်ဖိနပ်အချွန်စီးပီး တန်းမမှီရတဲ့ကြားထဲ ထိုင်ခုံလဲရှာနေသေး ကိုဖာသာ အေးဆေးရပ်နေတဲ့လူခြေထောက်ကို လဲ လာတက်နင်းရသေး…ဒွတ်ခ
(၂)
ကဲ ဒီဘက်က အမ အပေါက်ဝပိတ်မရပ်နဲ့ အလယ်ခေါင်ကိုတိုး….ကားကအချောင်ကြီးကို ဘယ့်နှယ့်အေပေါက်ပိတ်ရပ်နေတုန်း…ကွကို မစီတတ်ရင် စပယ်ယာဝင်လာလိုက်မယ်နော်…အိုက်ကျမှ ဘာဖစ်တယ် ညာဖစ်တယ် မလာနဲ့ ..ဟွန်း
သောက်ကျိုးနဲ မီနီဘတ်စ် ပိစိလေးပေါ်မှာ ၂ယောက်ကျောခိုင်းရပ်ရင်တောင် ဖင်ချင်းပေါက်နေရတဲ့ ကိတ်စ..အလယ်ကိုလာတိုးခိုင်းပီး အငေါက်ကခံရသေး…ဟွန်း (စိတ်ထဲကအိုက်ဂလိုတွေးပီးး..လူကတော့ ဖင်ချင်းပေါက်အနေအထားတိုင်း အံကြိတ်ပီးတိုးရလေသည်)။
(၃)
“ အောက်လမ်း အောက်လမ်း…ကားချောင်တယ်…
ဟုတ်ဘီ တကယ်လဲ ကားချောင်သည်။ ဝမ်းသာအားရပြေးတက်ပီး..နေရာယူလိုက်၏။ ဂနေ့တော့ အဆင်ပြေတယ်ဟဲ့ဟု တွေးပြီး အသက်ဝဝရှုသွင်းလိုက်သည်။ …အဟွတ် အဟွတ်….အောင်မငီး….နံလိုက်တဲ့ ချိုင်းဖတ်စော်….ဘေးနားကတစ်ယောက် လေတင်ကနေ လက်အနေအထား ပြောင်းလိုက်ချိန်နဲ့ …အသက်ဝဝရှုမိချိန်ကွက်တိ…အော် ငါ့နှယ် ဂလောက်တောင် မဆင်မခြင်လေရှုချင်ရတယ်လို့.. :-/
(၄)
မိုးရွာဘီဟေ့….ခရီးသည်များအားလုံး ဘေးနားက ပြတင်းပေါက်လေးတွေ ပိတ်ထားပေးပါ…ရေဝင်မှာစိုးလို့…နော်
အဲကွန်းမရှိသော လူအပြည့်တင်ဆောင်ထားသည့် ဘတ်စ်ကားကြီးပေါ်မှ မိုးရွာလို့ တံခါးအားလုံး အလုံပိတ်ပြီး စီးနင်းလိုက်ပါရသော ခရီးသည်များ ဘဝကို စဉ်းစားကြည့်ပါအရပ်ကတို့။
သိပ်မကြာခင် ဝေါကနဲ ဥဩဆွဲသံကြားလိုက်ရ၏။ ဟမ်မလေး အန်ချကုန်ဘီ…နံတယ် နံတယ်…ဟယ်…ပေကုန်ဘီလားမသိဝူး..ဆင်းတော့မှဘဲ …ဟူသော အသံပေါင်းစုံ စီစီညံညံ ထွက်လာလေတော့သည်။
(၅)
ကားချင်းဖိုက်နေတယ်နော် တန်းတွေ ကွင်းတွေ ကိုင်ထား….လိုအပ်ရင်ဘရိတ်သုံးမယ်
ပြောလို့မှ မဆုံးသေး..ကျွီကနဲအသံရှည်ကြီးနှင့်အတူ ဘရိတ်ဆောင့်အုပ်လေ၏။ ခရီးသည်များအားလုံး ကားမောင်းသူခုံနောက်သို့ တညီတညာတည်းပြေးကပ်ကြလေတော့သည်။ အောင်မလေး…ကျွတ်..ကျွတ်…ဟူသော အန်တီကြီးတစ်ယောက်၏ မသက်မသာညဉ်းတွားသံ ဒီကောင်တေနဲ့တော့ ဒုတ်ခပါဘဲကွာဟူသော ဦးလေးကြီးတစ်ယောက်၏ စိတ်ပျက်လက်ပျက် ညဉ်းတွားသံတို့ ဆက်တိုက်ဆိုသလိုထွက်လာ၏။ ရှေ့ကားဖင်ကို ဝင်ဆောင့်လုမတတ်ရပ်လိုက်သော မြင်ကွင်းကို သည်းထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရသော ရှေ့ဆုံးတန်းမှ ပွဲကြည့်ပရိတ်သတ်ထံမှ ဘုရားတ,သံလဲကြားရ၏။
(၆)
မီးပွိုင့်ကလဲကွာ ကြာထှာ…၉၉ ကနေမတက်တော့ဝူး…ဟ..စိမ်းဘီဟ….အပေါ်ကြော ယူထား…ပွိုင့်လွတ်အောင် မောင်းမယ်…စပယ်ယာ ပါးစပ်ကမောင်းနေသလောက်သာ ခရီးရောက်ရင်….ကောင်းလေစွ ဟုတွေးမိသည်။
လွတ်နိုင်တယ်ဟေ့ နင်းထား နင်းထား….ဘယ်ညာယိမ်းမယ်နော်…တန်းတွေကွင်းတွေကိုင်ထား
ကျွီ……ဝါသွားဘီဟေ့ မရတော့ဘူး…ဒီ ခွေးသားတွေနဲ့တော့ အကုန်လုံးတိုက်ကုန်တော့မယ်
(ပရုတ်လုံးတစ်ယောက်၏ ပညာပြခန်းကိုမြင်ယောင်ပြီးဖတ်ပါလေ)။
(၇)
မှတ်တိုင်ပါသေးလား…မေးရင်ဖြေနော်…အနားရောက်မှ ကပ်မအော်နဲ့…ဒီမှာ ရှေ့ကားကိုဝိုက်မလို့ အမြန်မောင်းနေတာ
ရှေ့မှတ်တိုင်ဆင်းမှာ နေရာချင်းချိန်းထား….မီးပွိုင့်မိရင်ဆင်းလို့ရတယ်…နောက်ကားကြည့်ဆင်း နောက်ကားကြည့်ဆင်း
သွက်သွက်လုပ် တန်းလေးတွေ သံယောဇဉ်ဖြတ်လိုက်….ဟုတ်ပီ နောက်ဆုံးတစ်ယောက်ပီးရင်မောင်းလို့ရဘီ….မောင်းးး
(လမ်းလယ်ခေါင်ပွိုင့်မိနေတုန်း ခရီးသည်များအား ကားပေါ်မှ တွန်းထိုးပီး ခုန်ချခိုင်းနေခြင်းသာဖြစ်တော့၏)။
ကိုင်း…အားလုံးဘဲ လိုက်မယ်ဆိုရင် သွက်သွက်လုပ် …တန်းလေးတွေ ဆွဲတက်လိုက်….လှိမ့်ထား လှိမ့်ထား…တယောက်ကျန်သေးတယ်…ပီးရင်…မောင်းးးးး… (ဂလိုနဲ့ဘဲ သများလဲ ထွက်အံ့ဆဲဆဲ ဘီးလှိမ့်နေသော ဘတ်စကားပေါ်သို့ ကျွမ်းကျွမ်းကျင်ကျင် ပြေးကာ ဆွဲကာ တက်နိုင်နေဘီဖြစ်လေတော့သတည်း)။
အထက်ဖေါ်ပြပါအကြောင်းအရာများထဲတွင် ဘတ်စ်ကားစီးရင်း ဖုန်းပြော(ကြူ)သူ များ ဘတ်စ်ကားစီးရင်း မိုးမမြင်လေမမြင်အကြည်ဆိုက်ကြသူများ…အခွင့်အရေးရရင် ရသလို မိန်းခလေးများအနားကပ် ပွတ်သီးပွတ်သပ်လုပ်ချင်သူများ ထိုင်ခုံလုကြသူများအပြင်..ကျားဝင်ကိုက်ခံရသော ကုလားသိုက်၏ လက်ပံပင်ဆက်ရက်ကျသလို ဆူညံသံများကြောင့် ခေါင်းကိုက်ရုံမက သွေးပါတိုးခဲ့ရသော အဖြစ်အပျက်များ မပါဝင်သေးပေ။
ကြုံရင်ကြုံသလိုဆက်ပါအုံးမည်။
.ရွှေအိ
31ST Aug 2014
39 comments
Crystalline
September 4, 2014 at 12:48 pm
မောလိုက်တာချွေအိရယ်… နေ့တဓူဝ အလုပ်အသွားအလုပ်ပြန် ဘတ်စ်ကားစီးနေရသူတွေကို တကယ်ကိုယ်ချင်းစာမိတယ်.. မသေခင်လေးတော့ မြန်ကျန့်မယ်.. နီးနီးနားနား ဘန်ကောက်က မက်ထရိုအဆင့်လောက်တော့ စီးခွင့်ရချင်ပါသေးရဲ့… :p:
Shwe Ei
September 4, 2014 at 1:34 pm
~မျှော်သာမျှော်သီ ~မယုံကြည်~ ရင်မာဝေဒနာ~ ပွင့်ခက် ဝါ…နီ 😀
ကိုပေါက်(မန္တလေး)
September 4, 2014 at 12:52 pm
မယ်အိ
ရေး လိုက်တာကတော့ ရှင်းကနဲ ထင်းကနဲဘဲ။
မိန်းမစပယ်ယာ နေရာ ကနေ ဝင်ခံစားပြီးရေးထားသလာ းမသိဘူးနော်
မန်းလေး ကတော့ အဲဒုက္ခသိပ်မရှိ
ဆိုင်ကယ်လေး နဲ့ ပြေး ကြ တာကိုး
Shwe Ei
September 4, 2014 at 1:39 pm
ရန်ကုန်မှာ မိန်းမ စပယ်ယာရှိတယ် လေးလေးရဲ့…ဂျာနယ်မှာတောင် အင်တာဗျူးးးပါလာသေးတယ် 🙂
လူနေထူထပ်ပြီး အထောက်အပံ့ပေးနိုင်တဲ့ ပစ္စည်းှ (ရေ မီး သယ်ယူပို့ဆောင်ရေး) ရှားသထက် ရှားလာတာနဲ့အမျ ရန်ကုန်မှာ နေဖို့ စိတ်ကုန်သထက်ကုန်လာတာတော့ အမှန်ပါဘဲ။
ခင် ခ
September 4, 2014 at 1:16 pm
ရန်ကုန် ဘတ်စ်ကားနဲ့ ရုံးတက်ရတဲ့ ဘဝက လွန်ခဲ့တာ ဆယ်စုနှစ်မကတောင်ရှိပြီဘဲ။
မရွှေအိ ဘတ်စ်ကားတိုးစီးရတာ စိတ်ညစ်ရင် မန်းမှာလာနေပါလား လေကတဖြူဖြူ လိုရာခရီးကို ကိုယ်တိုင်မောင်းဖန်းတီးနိုင်တဲ့ ဆိုင်ကယ်နဲ့ သွားလို့ရတယ်နေ။
ဟိုရှေ့က အမကြီး ပေရပ်မနေနဲ့ ရှေ့နဲနဲတိုး ဟို အပေါက်အဝက အကို ဆင်းရင် လေးဘီးလုံးရပ်ပေးမှာ အထဲဝင်နည်းနည်းဝင်ပေးပါ ဟောဟိုရှေးဆုံးက ဦးလေးနဲ့အဒေါ်တွေ ဒရိုက်ဘာနောက်ထိတိုးပါဗျာ အဲဒီမှာ ဇာတ်ကလို့တောင်ရတဲ့ဉ္စာ လုပ်ကြပါဗျာ ရုံးတက်ရုံးဆင်းချိန်လေး လုပ်စားရတာမို့ ….. အဲလို အဲလို တွေ ဒီမှာ မရှိဘူးဗျ။
Crystalline
September 4, 2014 at 1:53 pm
လေးခတို့ မန်းလေးမှာလည်း ကားမောင်းရမ်းကားသူတွေက ဆိုင်ကယ်တွေဆင့်တိုက်တာ.. ခုရက်ပိုင်းတင် ၂ခုဖတ်မိတယ်.. ဆိုင်ကယ်စီးရတာ ဆေ့ဗ်မဖြစ်သလိုခံစားရတယ်.. :((
ကိုပေါက်(မန္တလေး)
September 5, 2014 at 2:22 pm
မပူ နဲ့ Crystalline
မန်းလေးက ဆိုင်ကယ်တိုက်တယ် ဆို တာ ရမ်း ကား တဲ့ သူ နဲ့ ကံ ဆိုး စွာတိုးမှ တိုက်တာ
ရန်ကုန် ကလို မှား ရင် ကျုးံ ထဲ့ လိုက်မယ်ဆိုတာက မန်းလေးမှာ မရှိ ဘူး လေ
Shwe Ei
September 4, 2014 at 3:14 pm
အန်ကယ်ခ.ရေ …နယ်မှာနေရတာကြိုက်ပါတယ်။
မန်းမှာနေရမယ်ဆို ပိုတောင်ကြိုက်သေးတယ် 🙂
အလုပ်ကြောင့်မို့လို့နေရပေမဲ့…အခွင့်အရေးရတိုင်း…ခရီးထွက်ဖို့ကြိုးစားမိတာ အိုက်လိုအကြောင်းတွေကြောင့်ဘာဘဲ။
ဆိုင်ကယ်တော့ မစီးရဲပါဝူး..စက်ဘီးတောင် တစ်ယောက်ထဲစီးနေရင်း လဲတာ ခနခန 😛
ဇီဇီ ခင်ဇော် (15102012)
September 4, 2014 at 2:21 pm
အရေးကောင်းလိုက်တာ။
:).
.
.
နောက်ခါဆို ဒူးရင်းသီး ၂ လုံး ဆွဲသွားလိုက်။
အဲဒီ ဒုက္ခတွေ ကင်းဝေးလိမ့်မယ်။
:mrgreenn:
Lucifer
September 4, 2014 at 3:06 pm
ဒူးရင်းသီးကတော့နိပ်လောက်ဘူးချွိရေ မတော်ကိုယ်သယ်လာတဲ့ဒူးရင်းသီးကသူများမစူးပဲ ကိုယ့်ပြန်စူးနေမှဒုတ်ခွ … punk fashion လိုအချွန်တွေအတက်တွေကို ခြေဆုံးခေါင်းဆုံးဝတ်မှ တော်ကာကျပေမည်
ဇီဇီ ခင်ဇော် (15102012)
September 4, 2014 at 3:10 pm
အဟီးဟီးးး
မနေ့ကလေ သိလားးး
ကောင်မလေးတစ်ယောက် ဖက်ရှင်ကို မြင်လိုက်တာ။
ဖိနပ်မှာလည်း သံချွန်တွေနဲ့ ဘု
အိတ်မှာလည်း သံချွန်တွေ
သူ့ဂျပ်ကက်ကလည်း သံချွန်တွေနဲ့။
အဲဒါမြင်ပြီး နာတို့ ဘတ်စကားကို ဒီလို ဝတ်စုံနဲ့ စီးရရင် ကောင်းမယ် တွေးမိသေးးး
:kwi:
Shwe Ei
September 4, 2014 at 3:23 pm
မွမွဆွိ ရဲ့ ဖက်ရှင်ပြောင်းတာတွေ ဒွင်းသီးဆွဲတာတွေထက် ပိုအသုံးဝင်တာလေးရရင် လိုချင်တယ် သိလား…နဂါးမျက်စောင်းတို့ဘာတို့လေ..ခိခိ
Lucifer
September 4, 2014 at 3:36 pm
ဪဒေါ်ရွှေအိရယ် လွယ်လွယ်လေး… ခေါင်းလောင်းဖော်တဲ့နားသွားပြီး အပိုလေးရှိရင်စွန့်ခိုင်းလိုက်ရင်ရလောက်ကောင်းရဲ့
Yae Myae Tha Ninn
September 4, 2014 at 3:43 pm
စဉ်းနီတုံး… စဉ်းနီတုံး… ဗျို့…. 🙂
kai
September 4, 2014 at 4:07 pm
ရထားစနစ်သေသေချာချာမဖွံ့ဖြိုးသေးတာက.. ဆိုးနေတာလို့ထင်မိတယ်…။
ဆိုတော့…
ဂျပန်မှာလို… ရဲမေက..အန်ဒါကာဗာလုပ်… ထောက်လှမ်းရေးတွေဖမ်း.. ဒါမျိုးတွေမရှိသေးဖူးပေါ့… :k:
Yae Myae Tha Ninn
September 4, 2014 at 4:31 pm
လုပ်နေပါတယ်… ကိုင်… ကိုင် မှီမလား.. မမှီလားဆိုတာသာ စောင့်ကြည့်ရမှာပါ… ထွက်လိုက်တဲ့ မြို့ပြစီမံကိန်း 3D တွေ … သောက်သောက်လဲပဲ… ကိုယ်တွေလဲ အဲနောက်လိုက်ရင်း မောနေတာ ကြာပါပြီ… 🙂
Shwe Ei
September 4, 2014 at 5:05 pm
ရထားတွေတော့ အဲကွန်းတပ်တယ် ကြားတာဘဲ…
ဒါမဲ့ လိုရာခရီးချောချောမွေ့မွေ့မရောက်နိုင်ဘဲ ဘာထူးမှာလဲ…
အချိန်ပိုကုန်..လမ်းပိုလျှောက်ရတာနဲ့စာရင်…အိုက်ဂလိုဘဲ တိုးကြိတ်စီးပီး မြန်မြန်ရောက်မဲ့
ဘတ်စ်ကားဘဲရွေးမှာပေါ့…
ကိုပေါက်(မန္တလေး)
September 5, 2014 at 2:24 pm
ထောက်လှမ်းရေး များ အတွက် အထူး စံပယ်ရှယ် အပ်ချိတ်တွေ ထုတ်ဘို့ ကောင်းတယ်
ဒီဇိုင်း လှလှ လေး နဲ့ ဆို ရောင်းလို့တောင်လောက်မယ် မထင်
မြစာကလေး (23122011)
September 5, 2014 at 4:46 am
ပုံ တွေ့တွေ့ချင်း အရင်က စီးဖူး တဲ့ ၄၅တို့ ၃၃တို့ ၁၆တို့ ကို လွမ်းလိုက်တာ ဟယ်။
ဂလိုမျိုး စာတွေ ညားညားဖတ်ချင်တယ်။
ရီရလို့။
:-)))
Shwe Ei
September 7, 2014 at 8:20 pm
စာထဲမှာမို့လို့ ရီရတာပါဆို :'(
ကြောင်ဝတုတ်
September 5, 2014 at 9:40 am
ကျုပ်ကတော့ဗျာ… ဘတ်စကားပေါ်ရောက်တိုင်း…
စပါယ်ယာက အားမနာလျာမကြိုးပြောဆိုနေတာကြားတိုင်း
သောက်ကြီးသောက်ကျယ်ပြောရရင် လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ခံစားမိလို့…
စက်ဘီးနင်းပြီး အလုပ်သွားပလိုက်တယ်… မှတ်ထား….
ခင်မင်လျက်-
ဖက်ဖက်ကက်
alinsett
September 5, 2014 at 9:57 am
ဟှာာာာ ကိုကြီးဖက်
ဒါဆို စက်ဘီးဝဝကြီးနဲ့ သွားတာလား
ချစ်လို့ ဝင် စသွားတာပါ။
😆
Shwe Ei
September 7, 2014 at 8:23 pm
အခု အိုက်စက်ဘီး ကျိုးသွားဘီမို့လား ???
kyeemite
September 5, 2014 at 10:48 am
bus car ဒုက္ခတင်မက ကားလမ်းဂျမ်းဖြစ်တာလည်း နေ့တိုင်း နေရာတိုင်းပဲ..တစ်နေ့ တစ်နေ့
အလုပ်သွားအလုပ်ပြန် အချိန်တော်တော်ကုန်နေရတယ်…ဆိုက်ကယ်ကလည်းတရားဝင်ခွင့်မပြုလို့
နို့မို့ဆို ဆိုက်ကယ်ပြောင်းစီးတယ်… 😆
Shwe Ei
September 7, 2014 at 8:33 pm
အနှေးယာဉ်နဲ့ အမြန်ယာဉ် လမ်းကြောင်းသီးသန့် ထားမပေးနို်င်သရွေ့
အန္တာရာယ်ရှိနေအုံးမှာဘဲ အူးမိုက်ရေ…
ကားကြိုကားကြား ပွတ်ကာသီကာမောင်းနေတဲ့ စက်ဘီးတွေ ဆိုင်ကယ်တွေမြင်တိုင်း
အသည်းယားလို့ :-/
manawphyulay
September 5, 2014 at 12:32 pm
ရွှေအိရေ..
အဲဒီ အန်းဒိတ်ကားကြီးက ဘယ်တွေကို ခုပြေးဆွဲနေလဲဟင်…
မနောတော့ အဲလိုကားတွေ မစီးရဲဘူး။
ခု ၂၂၆ စီးနေတာတောင် အတော်အသက်ရှူကြပ်နေတယ်။
Shwe Ei
September 7, 2014 at 8:35 pm
B.M တွေတော့ ရှိနေတုန်းဘဲ အမရေ…
ဘယ်လမ်းကြောင်းဆွဲလဲ သေချာမသိဝူး 😛
weiwei
September 5, 2014 at 1:55 pm
ဒုက္ခတွေက နေရာတိုင်းပါပဲ .. အလုပ်နဲ့အိမ်နဲ့ ၅ မိနစ်ပဲ လမ်းလျှောက်ရလို့ ကံကောင်းလိုက်တာလို့ တွေးခဲ့တာလေး အခုတော့ မရတော့ဘူး .. လမ်းဖြတ်ကူးဖို့စောင့်ရတာ အခန့်မသင့်ရင် 15 မိနစ်လောက်ကြာတဲ့အပြင် အသက်ကိုဖက်နဲ့ထုတ်ထားရသလိုဖြစ်နေပြန်တော့ တော်တော်လေးကို စိတ်ပျက်နေမိတယ် …
မနေ့ကတောင် လမ်းဖြတ်ကူးရင်းတွေးမိသေးတယ် .. ဟိုဘက် ပလက်ဖောင်းမှာ ရပ်နေတဲ့သူနဲ့ ဒီဘက်ပလက်ဖောင်းကလူ မြင်ရက်နဲ့ လမ်းကူးမရဖြစ်နေတာက ကိန္နရီချောင်းခြားဇာတ်လမ်းလိုပါပဲလားလို့ ..
Shwe Ei
September 7, 2014 at 8:41 pm
ကားတွေကလဲ ပွိုင့်လွတ်တုန်းလေး မောင်းရတာဆိုပီး ရပ်မပေးချင်..
လမ်းကူးဖို့ကလဲ တနေကုန်အောင် စောင့်လို့မဖစ်တာနဲ့ ..
အိုက်လိုဘဲ စွန့်စွန့်စားစား လမ်းဖြတ်ကူးကြရတာ အလုပ်တခုလိုဖြစ်နေပါဘီလေ..
မျဉ်းကျားတောင် အသုံးမဝင်မှတော့ ကျန်တာမပြောတော့ဝူး…
Myo Thant
September 5, 2014 at 4:44 pm
မနက် ၈ နာရီ လှည်းတန်း မှ သံလမ်း
ညနေ ၅ နာရီ သံလမ်း မှ လှည်းတန်း
တနင်္ဂနွေကလွဲလို့ နေ့တိုင်း အဲသလိုပဲသွားနေရတော့
ဘာပဲဖြစ်ဖြစ် ကားကျပ်တဲ့ဒဏ် မခံရပါဘူး
နေရာတောင် ရသေး ၊
ဒါပေမယ့် အပြန်လမ်း ဆင်ရေတွင်းလောက်မှာတင် ကားပိတ်တာမျိုးကတော့ ဆိုးသဗျာ ၊ 🙁
Shwe Ei
September 7, 2014 at 8:44 pm
အင်းစိန်လမ်းမပေါ်ကတော့ ကားရယ် စက်ဘီးရယ် ဆိုင်ကယ်ရယ်
ဆိုက်ကားရယ်နဲ့ အမြဲတမ်းရှုပ်လို့ပါဘဲ..
pooch
September 6, 2014 at 11:39 am
ဒီနှစ်ထဲ ရန်ကုန်လာဖို့တောင် ကြောက်နေပြီ မသွားမဖြစ်မို့ တခေါက်ကတော့ ရောက်ရအုန်းမှာ
;'(
Shwe Ei
September 7, 2014 at 8:49 pm
ကားကျပ်တဲ့ အရသာလေး မြည်းသွားအုံး အမရေ 😛
မွသဲ ( 17082011 )
September 7, 2014 at 9:01 am
အောင်မယ်လေးမောလိုက်တာ။ ကိုယ်တကယ်စီးနေရသလိုပဲ မောလိုက်တာ။ မျက်စိထဲလဲကွက်ကွက်ကွင်းကွင်းမြင်သွားတာပဲ။ အရေးကောင်းလွန်းလို့ပါးတောင်ပြန်နာလာသလိုပဲ။ တခါသားပေါ့ မြေနီကုန်းစီးတီးမတ်ရှေ့မှာ ပေါ့ မီးပွိုင့်အဖြတ် ရွှေအိပြောဒလို ပရုတ်လုံးပညာပြ ကားကလဲမတရားချောင်နေလေတော့ သုံးလေးယောက်ပဲရှိတဲ့ရပ်နေသူတွေ အုန်းဆိုလွင့်သွားတာ ကိုယ်ပါပါသွားသပေါ့။ ရှေ့နားကတန်းနဲ့ပါးနဲ့ပြေးဆောင့်တာ သုံးရက်လောက်ဆန်ပြုတ်နဲ့နှပါးသွားရပါကောလား 😥
Shwe Ei
September 7, 2014 at 8:57 pm
ကျားပေါက်သီချင်းလေးဆိုပြမယ်…
*** သည်းခံ သည်းခံ မှားရင်ခံ မှန်လဲ ခံလက်စနဲ့ခံ
ဒီနိုင်ငံမှာ လူဖစ်လာတော့ ကိုယ့်ရဲ့ကံ ***
kai
September 8, 2014 at 6:12 am
အောင်ခြင်းရှစ်ပါးမှာ.. မြတ်စွာဘုရားဟာ.. သည်းခံ..သည်းခံဆိုပြီး..အောင်ခြင်းပြုခဲ့တာမဟုတ်..။
ထိုက်သင့်တဲ့.. အပြန်အလှန်တုံ့ပြန်မှုနဲ့.. အနိုင်ယူခဲ့တာချည်း…။
သည်းခံရဲ့..အဓိပ္ပါယ်ကို.. ထေရာတို့ဝါဒသမားတွေ.. အဖွင့်မှားနေတယ်လို့.. ယူဆမိတယ်..။
ဆိုတော့…
ကျုပ်ဆိုတဲ့… စကားလုံးတွေဖြတ်တောက်ယူငင်ပြီး.. လိုရာနှိုက်တဲ့.. လူနှိုက်ကြီးတယောက်.. သတိရမိသား..
ကွိ.. :k:
Shwe Ei
September 8, 2014 at 2:37 pm
လုပ်ဘီ သဂျီးကတော့…
ပါးရိုက်လို့ နားပြန်ကိုက်ရမဲ့ ဝါဒဘဲ လာလာချပြနေတော့တယ်…
လမ်းမကောင်းလို့ ကားကျပ်လို့ ဆိုပီး အပြင်မထွက်ဘဲ နေလို့ရလို့လား…
အိုက်ဂလိုဘဲ စိတ်ညစ်ခံပီးသွားရတာကို…သည်းမခံလို့…ဘာလုပ်ရမလဲ ပြော ???
ဦးကြောင်ကြီး
September 8, 2014 at 1:45 pm
ရွှေအိ
ငွေဖိ
ဖြေဘိ
မြွေသိ
Shwe Ei
September 8, 2014 at 4:46 pm
သဝေထိုးတွေလဲ ပျောက်လို့ 😀