LG Tablet ကွန်ပျူတာသစ် ထုတ်လုပ်သွားမည်ဟုကြေညာ

introAugust 16, 20101min1192

LGကုမ္ပဏီက ၎င်းတို့သည် Googleထုတ် Operating Systemဖြစ်သော Androidကို အခြေခံထားသည့် Tabletကွန်ပျူတာသစ်တစ်မျိုး ထုတ်လုပ်သွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီး ယခုနှစ် နောက်ဆုံး(၃)လပါတ်အတွင်း ယင်းTabletကွန်ပျူတာသစ် ဈေးကွက်ထဲ ရောက်ရှိလာမည်ဟု ပြောကြားထားသည်။ Open Sourceအဖြစ် ပေးထားသည့် Androidကို အဓိက Operating Systemအဖြစ် သုံးစွဲမည်ဟု LGက ပြောကြားထားသော်လည်း အခြားအသေးစိတ် အချက်အလက်များနှင့် ဈေးနှုန်းတို့ကို LGက ကြေညာခြင်း မရှိသေးပေ။

LG UX10
(LG UX10 Tablet Computer)

LGသည် ယခုကွန်ပျူတာသစ်အား Tabletကွန်ပျူတာ လောကကို ကြီးစိုးထားသည့် Appleထုတ် iPadအား အဓိက ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်

။ LGက ယင်းကွန်ပျူတာသစ်သည် နှစ်ကုန်ပိုင်းတွင် ကုမ္ပဏီမှ စတင်ရောင်းချမည့် မိုဘိုင်းလ်ဖုန်းနှင့် နည်းပညာပစ္စည်း အမျိုးအစားသစ် (၁၀)ခုအနက်မှ (၁)ခုဖြစ်ကြောင်း LGက ကြေညာထားသည်။ LGသည် Microsoft၏ Windows 7စနစ်သုံး UX10အမည်ရှိ Tabletကွန်ပျူတာသစ် တစ်မျိုးကိုလည်း Computexနည်းပညာ ပြပွဲတွင် ပြသသွားဖူးရာ မည်သည့် Tabletကွန်ပျူတာကို ဈေးကွက်ထဲဦးစွာ ဖြန့်ချီမည်ကို တိတိကျကျ မသိရသေးပေ။ LGသည် LG Optimus Oneနှင့် LG Optimus Chicအမည်ရှိ Android 2.2စနစ်သုံး ဖုန်းနှစ်မျိုးကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားသည်။

Source: Forward Mail

2 comments

  • khinmintatthu

    August 16, 2010 at 11:05 pm

    သုံးနိုင်တဲ့သူတွေအတွက်ကတော့ ပစ္စည်းအသစ်တွေဟာ တကယ့်ကိုမှ တန်ဖိုးရှိနေတာပါ….

  • Gong Zhu

    September 14, 2010 at 11:10 pm

    နည်းပညာတွေကတော်တော်တိုးတက်နေတာပဲနော် . . . ပစ္စည်းအသစ်

Leave a Reply