စင်္ကာပူနိုင်ငံမှ သက်ကြီးရွယ်အိုများ၏ ဘဝ

etoneAugust 17, 20101min592

ဒီနိုင်ငံက သက်ကြီးရွယ်အို”အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊ “ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” …စတဲ့ အဆုံးအမတွေနဲ ့ ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက် ဒိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝကို တွေ ့တိုင်း၊ မြင်တိုင်း၊ ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို ့ဆို ့နင့်နင့် ခံစားရမြဲ။ ဆင်းရဲချမ်းသာမှ ုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို ့ မဆုံးနိုင်မေးခွန်းတွေနဲ ့လုံးလည်လိုက်စမြဲ။

မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ ့ရတတ်သည်။ အကျင်္ီဗလာ ဘောင်းဘီတိုနဲ ့ဘာဂျာကို အဆက်မပြတ်မှ ုတ် ဘောလုံးလေးကစားပြရင်း ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ် ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလို ပင်ပင်ပန်းပန်း ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို ့တွေလျှင် လူတွေက သူဖျော်ဖြေတာကို ပြူံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှ မပြုံးနိုင်ပါ။ ပိုက်ဆံလှ ူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့် သူ ့ကို ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ ့ကို မတွေ ့ရတာ ကြာပြီ။ တခုခုများဖြစ်သွားလားလို ့ တွေးပြီးစိတ်ပူမိသေးသည်။
*****

မြင်ကွင်း(၂)
ရုံးက သူငယ်ချင်းနဲ ့ စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ ့အမေက ရုံးတရုံးမှာ သန် ့ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံဩသွားသည်။ ရုံးမှာ သန် ့ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊ အိမ်သာဆေးတဲ့ အထိ။ Brandတွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊ နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကို ဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့်နေလောက်အောင်
မချို ့တဲ့တာ သေချာသည်။ အမေက အသက်ဘယ်နှနှစ်လဲဆိုတော့ ၆၅ တဲ့။ အကြောင်းပြချက်ကတော့ အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။ ကျွန်မမှာ စကားလုံးတွေ ရှားပါးကုန်သည်။
*****

မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကို တွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှ ုပ်သော စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို ့က စိတ်မရှည်။ ပြည့်နေသောအမှိ ုက်ပုံးကို တွေ ့တော့ အဖိုးအို၊အဖွားအိုရဲ့ မွဲခြောက်ခြောက် မျက်လုံးလေးတွေ အရောင်လက်သွားသည်။ အဖိုးက အမှိ ုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက အဖိုးကမ်းပေးသော သံဗူးလေးတွေကို ခြေထောက်နဲ ့ဖိပြားပြီး သူတို ့ရဲ့ ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ မျိုမကျ။ ဒီနိုင်ငံမှာ တွေ ့နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို ့နင့်မှ ုက အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့ သူတို ့လက်ထဲမှာ ညစာအတွက် ငွေစလေးတွေ။ တကယ်လို ့များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****

မြင်ကွင်း(၄)
အသက် ၈ဝကျော် ယောက္ခမကြီးကို မကျန်းမာလို ့ လူအိုရုံပို ့လိုက်ပြီလို ့ ကျွန်မ အရာရှိက လာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။ သူ ့ယောက္ခမကြီး နေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက အမြဲ စောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို ့တအိမ်လုံးကို ယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တမျိုး… မလိုတော့စွန် ့ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမာ္ဘပတ်နေသူတွေက အမေကို စောင့်ရှောက်ဖို ့ မစွမ်းသာတော့ဘူးလား။
သူ ့ကိုနေ ့တိုင်းတော့ သွားတွေ ့မှာပေါ့နော်လို ့ လျှာရှည်မိတော့ အချိ်န်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတလ တခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊ မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့မျက်ဝန်းတစုံကတော့။
*****

မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။ တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို စကားပြောနေသည့် သမီး။ အမေရေချိုးတာ ကြာလို ့ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍ အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။ ဆပ်ပြာတွေနဲ ့အမေထွက်မေးတော့ အမေကို သင်ခန်းစာပေးသည့် သမီးမျက်နှာက ရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။ မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ ့ ငေးကြည့်လို။ ဒါတကယ့် အဖြစ်အပျက်တဲ့။ ဒီနိုင်ငံက ပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ TVမျက်နှာပြင်ကို ကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့ ကြေကြေကွဲကွဲ။
*****

မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာ အဝတ်လာလျှော်နေကျ အဒေါ်ကြီးကို မုန် ့ဟင်းခါးဆိုင်မှာ တွေ ့တော့ အမေက နှ ုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ ့ကို မုန် ့ဟင်းခါးဆိုင်မှာ တွေ ့တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီးမုန် ့ဟင်းခါးစားချင်တယ်ဆိုလို ့ ရှိတဲ့ပိုက်ဆံလေးနဲ ့လာဝယ်တာတဲ့။ မြန်မာပြည် အလည်ပြန်တုန်း တွေ ့လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။ သူ ့စေတနာက သူ ့ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက် မုန် ့ဟင်းခါးကုသိုလ်လုပ်လိုက်တော့ သူ ့မှာ ဝမ်းသာလို ့။ မုန် ့ဟင်းခါးမစားရတာ နှစ်နဲ ့ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****

ကုန်ဆုံးခါနီး ဘဝနေ ့ရက်တွေမှာ အသက်ရှင် နေထိုင်ဖို ့အတွက် ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ ့ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို ့၏ ဘဝများကို တွေ ့ရတော့ မိခင်၊ ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို ့နိုင်ငံ၏ မြင့်မြတ်သော ယဉ်ကျေးမှ ု အတွက် ဂုဏ်ယူမိသည်။

2 comments

  • bigcat

    August 17, 2010 at 3:43 am

    လူမှုဖူလုံရေးစနစ်ဆိုတာမရှိတဲ့၊ အလုပ်ချင်သေးတဲ့ အို၊နာ၊ကျိုး၊ကန်းတွေအတွက် အလုပ်ကိုင် အခွင့်အလမ်း မရှိတဲ့ မြန်မာပြည်မှာ သား သမီး၊ သမက် ချွေးမ တို ့ရဲ ့မျက်နှာကိုနေ့စဉ်ကြည့်ပြီး ညှိူးညှိူးငယ်ငယ် နေထိုင်စားသောက်ကြရတာ၊ စိတ်သွားတိုင်းကိုယ်မပါတာ တွေကိုလည်း ယှဉ်တွဲစဉ်းစားပြီးမှ ဘယ်ဟာက ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကောက်ချက်ချရင် ပိုပြီးမပြည့်စုံနိူင်ဘူးလား။

  • winne

    August 17, 2010 at 4:44 am

    ဘယ်ဟာ ကောင်းတယ် မကောင်းဘူးထက် အဘိုးအဘွားတို့ကလည်း အတိတ်က ကံမကောင်းခဲ့လို့ အသက်ကြီးမှာ ဒုက္ခတွေ များတာနေမှာပါ။ ဘယ်သူကိုမှ အပစ်မတင်ဘဲ ကိုယ်တိုင် နှင့် ကိုယ်ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေကို နားလည်ပေး နိင်အောင် ကြိုးစားတာ အကောင်းဆုံး နည်းလမ်း ဖြစ်မယ်ထင်တယ်။ မြန်မာမှာကတော့ ငယ်ငယ်ထဲက အရိုးစွဲနေကြတာဆိုတော့ အဲဒီမှာလောက်တော့ အဖြစ်မဆိုးဘူးထင်တာဘဲ။

Leave a Reply