ကေဇီ နဲ့ အက အခုန် အလွဲများ

ဇီဇီOctober 30, 20141min40054

 

ကေဇီ နှယ်…

နင်လို လူ နဲ့ အက အခုန် နဲ့ ဘာဆိုင်တုန်း ပြောလည်း ခံရမှာတော့မှာပဲ။
လူက အဆိုရော အကရော အင်မတန် ဝါသနာပါတာ။
အဲ။ အောင်မြင်အောင် လုပ်ရဲ တဲ့ “ဇ” ပဲ ပါမလာတာ။

:mrgreenn:

အလယ်တန်းကျောင်းတုန်းကများ နယ် ကျောင်းမှာ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက က တာ။
ကိုယ် က ရှေ့ကနေ နန့်နန့် နန့်နန့် က သလောက် ဇော်သန့်က ရှက်လွန်းလို့ ရှေ့ထွက်မလာ။

:mrgreenn:

ဆို က ရေး တီး ကို ဇွတ်ခေါ်လို့ ကျောင်းပွဲမှာတော့ ဝင်ပြိုင်လိုက်သေးးး၊

နောက်မှ မင်းသမီး ဝတ်စုံ ကလနား မခတ်နိုင်ပဲ ချောလဲ နေလို့ လက်ရော စိတ်ရော လျှော့လိုက်တာ။
ဘာမှတ်တုန်းးး၊ ယောက်ခမွနဲ့ချွေးမ တူတူပဲ တွေ့လားးး
ဟိဟိ….

😉

၆ တန်းလောက် မှာ ပက်ထရစ်ဆွေဇီ ရဲ့ Dirty Dancing ရုပ်ရှင် အရမ်းကြိုက်တာ။
အဲလို ဆရာ နဲ့ များ သင်ရရင် ဆိုပြီး ရူးတာ များ ပြောပါတယ်။

အဲ၊ ကိုယ် ၁ဝ တန်း အောင်ပြီးလောက်တော့ မော်ဒယ်တွေ အကတွေ ခေတ်စားပါရောလားးး
မော်ဒယ် တော့ စိတ်မဝင်စားပေါင်။

.
ကိုယ်က လှလည်း မလှဘူးး၊ အရပ်လည်း မရှည်ဘူးး
အကသင်တန်းတော့ သွားချင်တာ တပိုင်းသေလို့။
ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းကနေ အဆို အက သင်တန်းတက်ဖို့ ဆိုတာ အတော်ကို လော်လည်သလို အပြောခံရတာမို့ ဘာမှ မလုပ်ခဲ့ရ။

:f:
ကြိုက်တာက မတင့်မှ (တင့်တင့်ထွန်း) ကတာတို့ ဝတ်ပုံစားပုံတို့ အင်မတန်ကြွေတာ။
အဖိုးက အိမ်မှာ ကော့ကော်ကန်ကားတွေ မကြည့်ရဘူး ဆိုလို့ ခိုးကြည့်ရတာ။ ဘယ်နေမတုန်းးး၊ ဟေးဟေးဟေးးး။

ခု မြရွှေဝါ ရဲ့ အမျိုးသား အရင် အက မော်ဒယ်(လ) ဌေးမင်းထွန်းကို တအား သဘောကျသကွဲ့။ ခုတော့ လည်း အဖိုးကြီးဖြစ်နေပေါ့။
(ကွကိုယ် အဖွားကြီးဖြစ်တာတော့ မသိချင်ယောင်ဆောင်ထားသေးး)

😳

စလုံးရောက်လာတော့ ၂၀၀၈ နှစ်ပိုင်းလောက်မှာ မမ်ဘာဝင်ထားမိတဲ့ Tangs က မွေးနေ့အထိမ်းအမှတ်ဆို ရက်တို သင်တန်းတွေ အခမဲ့ ဝန်ဆောင်မှုပေးလေ့ရှိတယ်။
နာမည်ကြီး Gym တွေမှာ ပေါ့။

ဘယ်နေမတုန်းးး
သွားကြည့်တာ၊ အက သင်တန်းတွေဘက်။ ဟိဟိ။
အိမ်မက်တွေ အကောင်အထည်ဖော်မယ် ပေါ့လေ။

မော်ဒန် အက သင်တန်းတစ်ခုမှာ ဆရာက ငယ်ငယ်ချောချော ပြုံးပြုံးလေးး၊ အင်မတန်သွက်တယ်။
ချက်ချင်းကို စာရင်းပေးချင်တာ။
ဒါမဲ့လည်း ကွကိုယ်ရှက်ပြီး ကြည့်ဦးမယ်ပေါ့ ဆိုပြီး ဆက်ကြည့်တယ်။

.

.

နောက် တစ်နေရာက Belly Dance ဗျာ၊ အင်ဒီးယား ကား အင်မတန်ကြိုက်သော ကေဇီ ချက်ချင်း စာရင်းသွားပေးတယ်။ ရ ရက် ပေါ့။
ဟုတ်ပြီပေါ့။
စတဲ့ နေ့ပဲ၊ ကြိမ်ကွင်းလေးတွေ ခါးမှာ လှည့်ရတယ်။
လှည့်တယ် … ပြုတ်ကျတယ် … 😳
လှည့်တယ် … ပြုတ်ကျတယ် … 😳
လှည့်တယ် … ပြုတ်ကျတယ် … 😳
တစ်နာရီ လုံးလုံး ဒီ သံသရာ နဲ့ ပြီးတာပဲ။
အတူ က တဲ့ ကလေးမတွေလည်း ကိုယ့်ကြည့်ပြီး ရီနေတာနဲ့ သူတို့ဟာသူတို့ မ က နိုင်။
ကွကိုယ် ဘာမဆို လုပ်လို့ ဖြစ်သဟဲ့ ဆို တဲ့ မာန် ကလည်း လျော့ကျသွားတာပေါ့လေ။
အာ့နဲ့ ဆရာမကို သွားပြောတယ်။ နောက်ရက် ဟိုဘက်မှာ ဆက်တက်မယ်ပေါ့။

.

.
Modern Dance ကြည့်ရတာ က ဒီ Belly Dance လောက် လည်း မခက်။
ဟိုပြေး ဒီပြေး မြင်ရတာ ဆိုတော့ ကိုယ်လည်း အပြေး ချန်ပလုံပဲ ဟာ ပြေးနိုင်မယ်ပေါ့။
မပြေးနိုင်လည်း မောလည်း ဆရာ့ထိုင်ကြည့်ရ မနည်းဘူးဟဲ့ ဆိုပြီး ဖောင်ကျွံပြီး သင်တန်းပြောင်းမယ် ပေါ့။ ဂလိုတွေးတာ။
နောက်ရက် ရုံးဆင်းတော့လည်း ခပ်တည်တည်ပဲ အဲဒီ အဖွဲ့ထဲ ဝင်က တာ။

.

.

:c:
ငင်!!!
အမှန်က သူတို့က ဒီတိုင်း ပြေးတာမှ မဟုတ်ပဲ။ စည်းချက်နဲ့ ခြေထောက် အကွက် နဲ့ ပြေးနေကြတဲ့ဟာ။
ကိုယ်က ဒီ တစ်လှမ်း လိုက်နေတုန်းရှိသေးး…
သူတို့ က ဟိုဘက်လှည့်သွားပြီ။
အဲဒါ လိုက်လှည့်ဖို့ ကြိုးစားတုန်း သူတို့က ရှေ့တိုးသွားပြီ။
ဂစ်ဂစ်….

😯
ယုန်တောင်ပြေး ခွေးမြောက်လိုက် အက က နေတာ ကိုယ်မှ အစစ်။

.
တစ်မျိုးကို ၁ နဲ့ ၁ဝ ရှိတာမှာ ၁ က နေ ၈ လောက်ထိ ကို့ရိုးကားရား လိုက်က ပြီး မှီရုံလေး ၉ လောက် မှာ ကိုယ်က က နိုင်ပြီ ဆို သူတို့ က တစ်မျိုးပြောင်းတော့ ကိုယ့်မှာ ကန့်လန့်ကြီးးး

.
အရှေ့မှာ ခန်းလုံးပြည့်မှန်ကြီးကလည်း တပ်ထားတော့ကာ ကွကိုယ် မြင်ရတာ ဘယ်လိုမှ အစဉ်မပြေ။
သူများတွေ အချိုးတပြေ ခါးလေးတွေ ချိုးနေချိန် ကိုယ်က အတောင့်လိုက်။

.
အစ က စသင်တာလိုမျိုး မရှိ လိုက် က ရင်းမှ တတ်သွားတဲ့ သင်တန်းမျိုး ဆိုတော့ အတော် ဒုက္ခရောက်ပါတယ်။

.

.

ဟင်၊ ဒါလည်း မဖြစ်သေးပါဘူး ဆိုပြီး စိတ်ဓာတ်ကျတာ ကို မနည်း ပြန်ဆွဲတင်ပြီး သကာလ ခါးမချိုးရတဲ့ သင်တန်း ကို လိုက်ရှာလိုက်တော့ တွေ့ပါပြီ။
၂ ယောက် တစ်တွဲ တောင့်တောင့်လေးတွေ က နေတာ။
ဟုတ်ပြီပေါ့။
အကွက်ရွှေ့တတ်ရင် အိုလကေတယ်ပေါ့။
ကိုယ့်လို အတောင့်လိုက်သမား အတွက် လွယ် မပေါ့။
တတိယနေ့ကျ အဲ ဒီ သွား တက်တယ်။

.

:mrgreenn:

ဆရာ က အသက်ကြီးကြီးပဲ။ စိတ်ရှည်တယ်။
သူ့ ခြေထောက် အသွားအတိုင်း လိုက်နင်းရုံ အိုလကေပေါ့။
နောက်ရက်တွေကျ ခြေထောက် ကွက်လေးတွေ မြန်လာတယ်။
ဒါလည်း ရသေးတယ်။ အိုစကေပဲ။

:mrgreenn:
နောက်တော့ ခြေထောက်ကို နောက်ကို မြှောက်ရတာတွေ ပါလာရော။
ကိုယ့် အတောင့်လိုက် အကြောင်း ကိုယ်သိတာမို့ သာသာလေး နောက်ကို မြှောက်တယ်။
ကိုယ်က အကြောတင်းရယ်၊ မပျော့ပျောင်းဘူးးး

ဆရာ က ရဲရဲ မြှောက်ပေါ့။ ဒါမှ လှမယ်ပေါ့။
သူစီးခိုင်းလို့ ပင်စယ်ဟီး(လ) ကလည်း စီးထားရသေးးးး၊ အဲဒီ အက က အဲဒါမှ လှတာဆိုဗျဲ။

အဲလာ။
အဲလာ။ ရဲရဲကြီး မြှောက်ပလိုက်တာ။

 

ဂျွတ်!!!

 

 

ငင်!! တင်ပါးနားက အသံ ကြားလိုက်ရအောင် ကို မျက်သွားတာ။

:byee:

ဟမ်မငေး၊ နာချက်က ပစ်ထိုင်ချင်လောက်အောင်ပဲ။
ဆရာကတော့ လှတယ် ဆိုပဲ။ သူ့ အပြုံးနဲ့ ချီးကျူးသံကြောင့် အောင့်သွားတာကို အောင့်အီးပြီး ဆက် က တယ်။
နောက်တစ်ဖက် မြှောက်။

 

ဂျွတ်!!!

 

 

ငင်!!! နောက်တစ်ဂျွတ် အဲလေ နောက်တစ်ဖက် မျက်သွားရော။

:byee:
ကိုယ်လည်း ချက်ချင်း မက်ရည်တွေ ဝိုင်းတက်လာတာ။

:h:
ဆရာက ဘာဖြစ်လို့လဲတဲ့။
အဲဒီတော့မှ ခြေထောက်မျက်ကြောင်း (အမှန်က တင်ပါးက မျက်သွားတာ၊ ၂ ဖက်လုံး) ပြောလိုက်ရတော့တယ်။

အတော်သနားသွားတယ်ထင်တယ်။
ထိုင်နေဆိုပြီး ရေတွေ ယူပေး သက်သာလားမေးနဲ့…

:ff:

 

ကိုယ့်မတော့ အက ဆိုတာကို အင်မတန် စိတ်နာသွားတာ ဒီ နေ့ထိပဲ။
အခုပုံကို မြင်နေမှာဆိုးလို့ ၂၀၀၈ တုန်းက ပုံထည့်ပေးလိုက်တယ်။
ညင်းညင်းညင်းးး

မယုံရင်တော့ ပုံပြင်လို့ မှတ်ကြတော့…. (ခွက်ဒစ် တူ ဆာဆာ)

:k:

 

8467

54 comments

  • Mr. MarGa

    October 30, 2014 at 8:34 pm

    အဲ့ထက် ဝါးတဲ့ပုံ ရှာထည့်လို့ မရတော့ဘူးလား ဂျီးဒေါ်ရ
    :mrgreenn:
    ညန်မာ အက ကို ခြင်္သေ့ကျွန်းမှာ နာမည်မဖျက်လိုု့ ကျေးဇူးတင်ကြောင်း :mrgreenn:

    • ကေဇီ

      October 31, 2014 at 9:13 am

      ဂလို ဝါး အောင်
      ပစ်ဆယ် အရင် ချုံ့.။
      တင်တော့လည်း ဆိုဒ် အသေးဆုံးနဲ့ တင်ထားရတာ။

      မုန်းဆေးကုန်ချိန်မို့။
      အဟွတ်အဟမ်းးး

      :mrgreenn:

      • Mr. MarGa

        October 31, 2014 at 12:06 pm

        ထပ်လိုချင်နေပြီလားး
        :mrgreenn:

        • ကေဇီ

          October 31, 2014 at 12:09 pm

          နေပါအူးးး
          ခေါင်းကို နင်းဖို့ ရွယ်ရွယ်နေနဲ့ ဆင် ၃ ကောင် ကို အရင်ဖယ်လိုက်ဦးမယ်။
          ဟိ
          :mrgreenn:

    • nicolus agral

      October 31, 2014 at 6:47 pm

      လက်မောင်းလေတွေက ဆင်ဆွယ်လေးတေလိုပါလား
      ခုရော.
      .
      .
      .
      .
      .
      .
      ဆင်နှာမောင်းတော့ဟုတ်ပါဘူးနော် 🙂

      • ကေဇီ

        November 1, 2014 at 6:38 am

        ဆင်ခြေထောက်

        :k:

  • ဦးကျောက်ခဲ

    October 30, 2014 at 8:54 pm

    ကျောက်စ်လည်း ငယ်ငယ်တုန်းက သင်္ကြန်ဆို ဒွန့်သပေါ့…
    အခုများ အသက်ကြီးလာတော့ ပြန်တွေးမိရင် ရှက်လွန်းလို့… အဟိ အဟိ
    :k:

    • ကေဇီ

      October 31, 2014 at 9:12 am

      အရင်က….
      သူငယ်ချင်းတွေ ပါမှ လူစုံမှ ဒွန့်ရဲတယ်။
      တော်သေးး….
      ကိုယ်တွေ ကဲ တုန်းက ဒီလို မီဒီယာခေတ်ကြီးမဟုတ်သလို ဂလောက် အဆိုးကြသေးလို့။
      နို့မို့ အင်တာနက် သီတင်းပေါ် ပါနေမှ,,….
      “ဟယ် ဟိုမှာ ကိုကိုကျောက် ဒွန့်နေပြီတော”့ ဆိုပြီးးးး

      :mrgreen:

  • ဝင့်ပြုံးမြင့်

    October 30, 2014 at 11:46 pm

    ဓာတ်ပုံလေးကတော့ လှပါတယ်။ အဝါနောက်ခံမှာ ခရမ်းလေးတင်ထားတာ။

    • ကေဇီ

      October 31, 2014 at 9:10 am

      ဟိဟိ။
      သားလေး ဖြူဖြူချောချောလေး ကို ကျောက်ပျဉ်ရွက်ပြီး စောင့်ခွင့်ရပြီလားဟင်?

      :chit:

  • လုံမလေးမွန်မွန်

    October 31, 2014 at 12:01 am

    ခိ.. ရယ်​လိုက်​ရတာ… မမဂျီးစာ​တွေဖတ်​ရရင်​ စိတ်​ညစ်​တာ​တွေ ​ပျောက်​သွားတယ်​…
    ဒီပို့စ်​ကို ဖတ်​လိုက်​ရလို့ မမဂျီးကို​ရော.. တယ်​လီ​နောကို​ရော ​ကျေးဇူးတင်​ပါ​ကြောင်​း 🙂

    • ကေဇီ

      October 31, 2014 at 9:08 am

      ဟီးဟီးးး
      အမှန်က မမဂျီးက ဟောလိုးဝင်း အတွက် ဓာတ်ပုံရိုက်ချင်နေတာ။
      အိုင်ဒီယာမရတာနဲ့ ပို့(စ) ရေးပြီး တင်လိုက်တာ။
      တယ်လီနောနဲ့ အိုစကေနေသလားး

      🙂

  • မြစပဲရိုး

    October 31, 2014 at 4:13 am

    ဒါ့ပုံလေး က လှတယ် ။
    အခု က ပိုပြီး လှ ပါတယ် ဇီကလေး။
    စာတော့ နောက်မှ ပြန်လာဖတ်မယ်။ :))

    • ကေဇီ

      October 31, 2014 at 9:07 am

      ဝါးတားတားမို့ပါ အရီးရေ။
      ဟိ။
      ခုကတော့ ပို ညာဏ်များလာလို့ ပါ အဟိ။
      :mrgreen:

    • ကန္နားစီး မိဂီ

      November 1, 2014 at 6:18 am

      ပလီပလာ တွေပါဗျာ

  • MAUNG

    October 31, 2014 at 5:18 am

    ယုံပါတယ် ဗျာ

    • ကေဇီ

      October 31, 2014 at 9:06 am

      ဟိ။
      နာ့ စကားတွေကို ယုံတာ မောင် ပဲ ကျန်တော့တယ်။

      :mrgreenn:

  • တောင်ပေါ်သား

    October 31, 2014 at 8:38 am

    ယုံဘူး 🙂

    • ကေဇီ

      October 31, 2014 at 9:05 am

      ဘာကိုမယုံတုန်းးး
      ပုံပြင်လို့သာ မှတ်ပါတော့ ကိုဂျီးညိုးရယ်

      :k:

  • Wow

    October 31, 2014 at 8:59 am

    နာကတော့အလှမှာ ငယ်ကတဲကနာမယ်ကြီးအေ့… အဟွတ်.. အဟွတ်… အော် ဒီချောင်းနှယ် :mrgreen:
    နာတို့ စတိတ်တုံးက အလှမယ်ပြိုင်ပွဲတွေခေတ်စားတော့ နှစ်ပွဲသုံးပွဲဝင်ပြိုင် ပြိုင်သမျှပွဲ ပြုတ်.. ဟီးးးးးး
    တက္ကသိုလ် ပုသိမ်မှာ first year စတက်တော့ ကွင်းရွေးတာ ဒီတိုင်းရွေးလိုက်တာဟုတ်ဖူးအေ… ချာမဒွေ ထွင်ချက်မြန်းးးး သူတို့လှတယ်ထင်တဲ့သူတွေ (၄) ယောက်လား (၅)ယောက်လားမမှတ်မိ စင်ပေါ်တက်ခိုင်းတယ် ဖရက်ရှာဝဲလ်ကမ်းမှာ ပြီးတော့ ကျောင်းသူားတွေ စာရင်းပေးခိုင်းတော့… ထုံးစံအတိုင်း ပြုတ်ပေါ့… တက္ကသိုလ်တလျှောက်လုံး ကွင်းပြုတ် ဆိုပီးနာမယ်ကျီးရောပဲ :byee:

    အိုက်ထဲက အာစရိရဆြာမဆို စိတ်နာထှာ.. နောက် ဘဂျီးတို့ကောင်းမှုနဲ့ တက္ကသိုလ်တွေပိတ်မှ အရှက်နဲနဲ သက်သာတယ်.. 😥

    • ကေဇီ

      October 31, 2014 at 9:03 am

      အေးလေ
      အေးလေ။
      :mrgreenn:
      ဂလောက် အကိတ်ကြီးတွေ လုံးကြီးပေါက်လှတွေ ရှာကြည့်ကြစမ်းပါ့ အေ လို့ ပေါလိုက်၊.
      ၊မက်နှာလေးကလည်း ဘေစင် (အဲလေ) ဘိုဆင် လေးဟာကို။

      နိရဲ့ အလှဟာ အားလုံးပြည့်စုံပြီးသားပါ ဝါးရယ်။
      အဲ.။
      စကားမပြောပဲ ငြိမ်ငြိမ်လေးသာနေ။
      အဟိ….
      :mrgreen:
      ကွင်းပြုတ် အကိတ်ကြီး ပေါ့။
      အဟီးဟီး

      :k:
      နိ ကော့မန့်ဖတ်ပြီး ရေတောင် သီးတယ်။

      • Wow

        October 31, 2014 at 9:31 am

        စကားမပြောရင်ရယ် မစားရင် မသောက်ရင်ရယ်… ပိုပြည့်စုံသွားပီး နာစွံဘီပေါ့နော်… :mrgreen:

        • ကေဇီ

          October 31, 2014 at 9:37 am

          နာ့ မွေးမေလေ့ မှာတာလေး သွားသတိရတယ်။

          သမီးတဲ့။
          ကိုယ်သဘောကျတဲ့ လူရှေ့မှာ ထင်သလောက် အစားတွေ မစားရဘူးနော်တဲ့။
          ဂိ။
          :p:

          အဲဒီလူရှေ့တော့မစားဘူးပေါ့။
          အွန်လိုင်းမှာ စားတာတော့ မြင်တဲ့ အတိုင်းပဲ။
          :k:
          ဒါကို ထမင်းလက်စုံစားချင်ပါတယ်တို့ ဘာတို့။

          :kwi:
          မကြောက်မရွံ့ တောင်းဆိုကြတာ ပြောပါတယ်။ :mrgreenn:

        • Wow

          October 31, 2014 at 9:43 am

          ဆိတ်သားကင်လေး မဝလို့ တစ်ခါတောင်းစားလိုက်ပါဒယ် ဂလိုတောင်မှာရသလား :mrgreen:

      • ကန္နားစီး မိဂီ

        November 1, 2014 at 6:21 am

        လုံးကြီး ကတော့ သများ နားလည်ပါရဲ့
        ပေါက်လှ ဆိုတာ ဘာတုန်းဟင်င်င်င်

        သများ တကယ် မသိလို့ပါ

        Lolzzz

        • ကေဇီ

          November 1, 2014 at 6:33 am

          သိတယ်!!!
          ဒီ စကားးလုံးးး ကို ညည်းးး ဂလို ချောက်ချ တတ်မှန်းးးး
          ကိုဖက် ပြောဖူးးတယ်
          ဟင့်!!!

          :re:

    • Crystalline

      October 31, 2014 at 12:00 pm

      ခွိ… ခွီ….ခွီး….အဟွတ်​…အဟွတ်​.. :k:

      • ကေဇီ

        October 31, 2014 at 12:03 pm

        ဝါးးးး
        နိ လှတာကို ခွစ် လှောင်နေဒယ်။

        :k:

        • Wow

          October 31, 2014 at 4:14 pm

          နာလှလွန်းတာကို အားရပီး ဝမ်းသာလုံးဆို့နေဒါ :mrgreen:

  • pooch

    October 31, 2014 at 10:06 am

    ယုံတယ် ယုံတယ်
    ဆွိက အပြင်မှာ ပိုလှပါတယ် ပုံတွေထဲမှာ မျက်နှာကပိုဝသလိုထင်နေရတာ ပါ
    အသားအရည်လည်း လှတယ်

    အကလား ပုလည်း Body shape က ဆရာမဆီမှာ ဆရာရင်း တပည့်ရင်းဖြစ်ခဲ့ဖူးတယ်

    အခုတော့ အသက်ကြီးသွားလို့ ယောဂဘက်လိုက်နေတယ် တော်တော်ကို ကြိုက်နေတာ
    စိတ်လည်း ငြိမ်လို့ အသက်ရှူတာလည်း ပိုကောင်းလာတယ်
    တခုပဲ ပုတို့ အရွယ်မှာ အစားထိန်းလိုက်ရင် ရှေ့လျှောက်ဒီဘော်ဒီနဲ့ ဆက်သွားလို့ ရတယ်

    အစားလေးတော့ လျှော့ပါ ချစ်ဆုံးလေးရာ မင်းအတွက် စိတ်ပူလို့ပါ :mrgreenn:

    • ကေဇီ

      October 31, 2014 at 11:09 am

      ဟမ်မလေးနော်။
      ပု လေးကို ချစ်လိုက်တာ။
      :chit:
      ဘီစီပေးချင်တာ၊ မကောင်းတတ်လို့။
      အဟေးဟေးးးး
      :mrgreen:
      သများ ဟမ်ဘာဂါတွေ သများကို နာမည်ဖျက်နေတာနော့။
      😉

      တခြားဟာ လျှော့ခိုင်းပါလားဟင်??

      :g:

  • kyeemite

    October 31, 2014 at 10:11 am

    :ff: :h: :c: 😯 ဒါကအသစ်လေးတွေတွေ့လို့စမ်းကျိတာ :k:
    .ခါးဆိုလို့ ကျုပ်ခါးကလည်းအထူးအဆန်း …အကော့ဗျ
    .ငယ်ငယ်က အဖွား ခါးတစ်ခွင်ချီလေ့ရှိတော့ လူကနောက်ကိုလန်နေပြီး ခါးကော့သွားတာ
    .နဖူးနဲ့ဒူး ထိလို့ကိုမရ …ဆိုတော့..ဇော်က တော့ကလို့ရမယ်ထင်မိတယ် :k:

    • ကေဇီ

      October 31, 2014 at 11:12 am

      အသစ်တွေ့တိုင်း စမ်း နေတော့တာပဲ။
      :k:

      နဖူးနဲ့ ဒူး ထိလို့ မရဆိုတော့ကာ ….
      ဒူး နဲ့ မက်ရည်သုတ်ရကိန်းမရှိတော့ ကောင်းတာပေါ့။
      ဟိ။

      :mrgreenn:

      • kyeemite

        October 31, 2014 at 2:58 pm

        .အမှန်ပဲ ကေဇီရေ..ထိုင်ပီး ထူးနှစ်လုံးထောင်ထိတာတောင်မရ :k:
        .အငြိမ့်ကြည့်ကြတော့ ငိုက်လာရင်သူများတွေက ဒူးထောင်ပီး .ဒူးပေါ်နဖူးတင်အိပ်တတ်ကျတယ်..ကိုယ့်မှာထိမရ :mrgreenn:

  • Yae Myae Tha Ninn

    October 31, 2014 at 10:38 am

    ဟောလဝင်း က နောက်မှ… Mr. Thief Night က အရင်… အနော် ပို့စ်တင်ဖို့ လုပ်ထားပါသည်… ခါတော်မှီ… 🙂

    • ကေဇီ

      October 31, 2014 at 11:08 am

      လပြည့်က ဘယ်နေ့တုန်းးး
      မယ်ဇလီဖူးသုပ်လေး ဘာလေး စီစဉ်အူးမှ
      ဒီညပဲ ဟောလိုးဝင်း နေဘီ မောင်နင်းရဲ့။

      :k:

  • Yae Myae Tha Ninn

    October 31, 2014 at 11:20 am

    ဟီး… ဟုတ်သား… ချောတီး… 🙂

  • ခင် ခ

    October 31, 2014 at 2:14 pm

    စာဖတ်ပြီး သူ့ အက ကို စိတ်ထဲမှန်းကြည့်လိုက်တယ် အဲဒီတုန်းက ဗီဒီယိုတာရိုက်ထားရင် ကကွက်ဆန်းတွေ တီထွင်နိုင်သူတောင် ဖြစ်မလားဘဲနော်။

    • ကေဇီ

      October 31, 2014 at 2:28 pm

      ဖစ်နိုင်တယ် ကိုကြီးခ
      တင်ပဆစ်လွဲ အက တို့ ဘာတို့။
      မြှီးညှောင့်ရိုးအက် အက တို့ ဘာတို့။

      :mrgreen:

  • မွသဲ ( 17082011 )

    October 31, 2014 at 5:23 pm

    အောင်မယ်လေးရီလိုက်ရတာဟယ်။ မျောက်ရည်မျောက်ခွက် အဲ့ မျက်ရည်မျက်ခွက်။ ယောက်ခမွထက်တောင်ပိုသာပါသေးလား 🙂 တနေ့လုံးမောသမျှ အခုမှပဲ မျက်ကြောရော့တော့တယ်ဟယ် :mrgreen: ဒီမှာမျက်ကြောလျော့ပီး ဟိုဖက်အမှောင်ထဲပြေးစမ်းလိုက်အုံးမယ် :mrgreen:

    • ကေဇီ

      November 1, 2014 at 6:34 am

      မှောင် မည်းးမည်းထဲ သတိထားးးစမ်းးးဦးးး
      ခိခိ

      :mrgreenn:

  • manawphyulay

    November 1, 2014 at 10:22 am

    ပုံလေးထဲက အကျီ လက်ဆောင်ပေးပါလား လိုချင်လို့ပါ…
    မနောတို့နဲ့တွေ့ရင် တစ်ကွက်လောက်တော့ ကပြရမယ်နော် ဒါပဲ :mrgreen:

    • ကေဇီ

      November 1, 2014 at 2:20 pm

      နော နဲ့ ဆို
      ခြင်ထောင် တို့ စောင်တို့ လိုလောက်တော့ဘူးးးး

      :k:

  • Kaung Kin Pyar

    November 1, 2014 at 1:28 pm

    စာရော ပုံလေးရော သဘောကျတယ်…။ မချွိခရမ်းကြိုက်တာ သတိထားမိတယ်….
    အကတော့ ဘာအကမှ မတတ်….
    သင်္ကြန်တောင် အဖေက တက်ကရမယ် အမိန့်ထုတ်လို့….မကချင်တာနဲ့….ရေမဆော့ရ နေပေ့စေဆိုပြီး တရားစခန်းဝင်လိုက်ရသေး….
    Belly ကတာတော့ သဘောကျတယ်….။ Tangoလဲ ကြိုက်တယ်…။ သများကရင်တော့ ကြည့်လို့…လှနေတာပဲ….
    ဒါနဲ့ ….
    ရွာသူားတွေစုံတုန်း … တစ်ခါလောက် က ပြဘာရားးးး…
    :mrgreen:

    • ကေဇီ

      November 1, 2014 at 2:19 pm

      ငင်!!!
      က တတ်ဘူးးဆို။
      ၃ ရက် လောက် နဲ့ တပ်ခေါက်ပြန်လာတာ။
      မတော် ဘီးးတပ် ကုလားးထိုင် နဲ့ သွားးနေရမှဖြင့်!!!

      :mrgreen:

  • တကယ်လို့များ မယ်ဇီသာ အက ကောင်းခဲ့ရင်

    ဖူဖူလို တစ်ပွဲ သုံးသိန်းလောက်ပေး ကြည် ့ နေရမယ်ထင်ပါအိ

    • ကေဇီ

      November 1, 2014 at 3:31 pm

      အဲလောက် ဇ ပါမလာတာခက်တယ်
      :mrgreenn:

  • အလင်းဆက်

    November 1, 2014 at 7:23 pm

    အယ်…မမဂျီးနှယ်…
    အဲ့တုန်းက..ဖွေးဖွေးထက်တောင်..လှရန်ကော…

    အခုကျတော့..ဖွေးဖွေးလောက်တော့ လှလိမ့်မယ် မထင်… ။
    ——

    ဒါနဲ့… ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲ ထိုင်ပြောနေသလို..
    ထိုင်တွေးနေသလို…ရေးသားထားတဲ့ ဟန်လေးကို…
    သဘောကျလွန်းလို့… နှစ်ခေါက်လောက် ဖတ်မိသွားတယ်.. ။

    အဲဒါလာပြောတာ..
    အလာ ရယ်.. နောက်တောင် ကျနေတယ်။
    နောက်တခါ..ကျနော် အလာနှောင်းလို့…အခါမနှောင်းအောင်….
    ဖွေးဖွေးပုံလေး တစ်ပုံလောက် ပို်စ့်ထဲ ထည့်ပြပေးထားနော်။

    ပိုစ့်ထဲမယ်..ဖွေးဖွေးအကြောင်း ပါပါ မပါပါ ဆိုင်ဆိုင် မဆိုင်ဆိုင် ။
    လမ်းကြုံလေးပေါ့ ။ ထည့်ပေးထားပေါ့ ။
    ဂွစ်ဂွစ်

    :k:

    • ကေဇီ

      November 2, 2014 at 4:26 pm

      နိ ဖွေးဖွေးမပါပဲ နာ့ ပို့(စ) လာတဲ့နေ့ နာ ထီထိုးအူးမှ။

      :kwi:

      • Mr. MarGa

        November 3, 2014 at 1:37 pm

        အင်းးးးးးးးးးးးးးးးးးးးးးးး
        ဖွေးဖွေး ယောက်ျားရသွားရင်တော့ ဖြစ်နိုင်မယ်

  • weiwei

    November 2, 2014 at 5:19 pm

    ဖတ်မိတာနောက်ကျသွားလို့ သူများထက်နောက်ကျပြီးမှ ရယ်နေရတယ် …
    အကမြင်ရင် ကချင်တာတော့အရမ်းပဲ .. ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သိလို့ ငြိမ်နေရတယ် ..
    တစ်ခါတစ်လေ သိပ်စိတ်ညစ်နေတဲ့သူငယ်ချင်းကိုတွေ့ရင် ငါကပြရမလားလို့မေးပြီး တစ်ချက်လောက် ကပြလိုက်တာနဲ့ သူစိတ်ညစ်တာတွေအကုန်ပျောက်အောင် ရယ်တော့တာပဲ .. ပါရမီကတော့ အဲလောက်ကိုပါတယ် ..

    • ကေဇီ

      November 2, 2014 at 6:51 pm

      ဟိဟိ။
      တွေ့ဆုံပွဲမှ အတူက ပြ လိုက်ရင် ကောင်းမယ်ထင်တယ်။
      မွဝေ ရယ်
      မွသဲ ရယ်
      ကျနော်ရယ်
      :k:

  • ဗုံဗုံ

    November 3, 2014 at 2:35 pm

    အဝှါ ဆရာက ဂျွတ်​သွားတဲ့​နေရာ နှိပ်​​ပေးဘူးလားဟမ်​…… ခိခိ

    • ကေဇီ

      November 3, 2014 at 2:45 pm

      ဆရာကြီးဆိုတော့ မခိုင်းတော့ဘူးလေ။
      .

      .
      .
      .
      .

      အဟွာ။
      အသက်ကြီးသူကို မရိုသေရာကျမစိုးလို့ပါ။

      :kwi:

Leave a Reply