မျှော်တော်မူ လွမ်းအလင်္ကာ
.တိမ်ယံထက်က ကွန်ရက်ရွာလေးထဲ ကွန်ပျူတာ ပျက်နေတာနဲ့ အလည်မရောက်တာတောင် နည်းနည်း
ကြာသွားပါပေါ့။ ဆိုင်မှာလာသုံးရင်း ရောက်တုန်းရောက်ခိုက် ရွာရိုးကိုးပေါက်
လျှောက်ကြည့်တော့ ရွာကလေးက ခြောက်ကပ်ကပ်။ တွေ့ဆုံပွဲမှာ စာရင်းပေးသူတွေထဲ
ကိုယ်လွမ်းနာကျရသူတွေ မပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ရွာလေးထဲ ခြေချမိစဉ်တုန်းက
ရွာခံလူတချို့ကို မှတ်မိနေသေးတော့တယ်။
.လူဟောင်းတွေထဲ ကျမ အကြီးအကျယ်မျှော်မိသူကတော့ တခြားလူ ဟုတ်ပါရိုးလား။
တရွာလုံးရဲ့ အသည်းကျော် ဆြာမိုက်ကယ်ဂျော်နီအောင်ပု။ ဒီလူကြီး
ဘယ်ပျောက်နေပါလိမ့်။ ရွာထဲ ကြွေးတွေထူ လို့ ပြေးပြီလား မသိဘူး။
.နောက်တစ်ဦးကတော့ ကျမရဲ့ သဲညှာဆိုင်တွေကို ကိုင်ကိုင်လှုပ်ပြသွားတဲ့ အဘ ဘိုးမင်းခေါင် … အဲလေ ဆြာခေါင်။
.ပြီးတော့ ကိုဂျွန်နီသမင်။ သူကတော့ ရွာထဲဝင်စမှာပဲ ဆိုင်ကယ်နောက်ကထိုင်ပြီး လိုက်တဲ့ မိန်းမတွေရဲ့ မျက်နှပေးအကြောင်း ဧရာမ အမှန်အကန်ကြီးကို ရေးပြသွားလို့ ကျမ ထူးထူးခြားခြား မှတ်မိနေတဲ့ ရွာသား။ သူ့စာဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သိပ်မလုံဘူး။ နောက်တစ်ဦးကတော့ အငြင်းသန်တဲ့ ကိုခန့် (ခေါ်) မင်းခန့်ကျော်။ .ဒီဆြာကလည်း နိုင်ငံရေး ဝါဒရေးရာမှာ ကိုယ်ပိုင်ရှုထောင့်နဲ့ဆိုတော့ လျှော့တွက်လို့ မရ၊ ကြောက်ရတယ်။
.နောက်ထပ် ရွာသားတစ်ဦးကတော့ နာမည်အမျိုးမျိုးပြောင်းပြီး ကျမကို ခေါင်းမူးအောင်လုပ်တဲ့ ကျောက်စိမ်း တိန်ညင်။ ဒီနာမည်ကိုမှ မှတ်မိနေတာက တိန်ညင်ကြက်ဟာ ကျမမျက်စိထဲ အလှဆုံး သတ္တဝါမို့ပါ။ သူဘယ်သူလဲဆိုတာ ကျမ ခုထိ ယောင်ချာချာဖြစ်တုန်း။ ခပ်ရင့်ရင့် ကွန်မင့်အပေးကောင်းတဲ့ မြွေဟောက်ကြီးကိုလည်း မတွေ့ရတာ ကြာပေါ့။ ကထူးဆန်းနဲ့ ခရီးသည်ကြီးတို့လည်း ပျောက်နေသလိုပဲ။
.ကျမကို တောက်ညင်အရမ်းကတ်တဲ့ ကိုစံလှကြီးကိုလည်း ဘယ်မေ့လိမ့်ဦးမလဲ။ LT ကို ဘယ်လိုခြွင်းချက်မျိုး နဲ့မှ လက်သင့်မခံနိုင်တဲ့ ရဲရဲတောက် ကွန်ဆာဗေးတစ်ကြီးဆိုတော့ စိတ်ချရတဲ့လူစားမျိုးလို့ တွေးလည်း မမှားဘူး။ ကျမ သတိရနေတဲ့ ရွာသားနောက်တစ်ဦးကတော့ မိုးမင်းသား လို့ခေါ်တဲ့ ကိုမင်းသိန်း။ အနစ်နာခံမှု အကြောင်းကို ရိုးရိုးလေးနဲ့ အလှဆုံးရေးပြသွားတဲ့ရွာသား။
.မနှင်းပြုံး လို့ခေါ်တဲ့ စာရေးကောင်းတဲ့ အမတစ်ယောက်ကိုလည်း မတွေ့ရတာကြာပြီ။ စီကာပတ်ကုံးရေးထား တဲ့ အပြည့်အဝ ပို့စ်ဆိုရင် ကျမကလည်း မျက်လုံးညှာရတော့ အစအဆုံး မဖတ်နိုင်။ မဖြီးချင်လို့ ကွန်မင့် တစ်ခါမှ ဝင်မပေးဖူးပေမယ့် သူ့ပို့စ်တိုင်းဟာ ကွန်မင့်တွေ ဝေစီနေတာ သတိထားမိတယ်။ ရွာ့ ဆယ်လီဗျစ်တီ ရွာတော်ရှင် ဆူးကတော့ ကျမ ရွာထဲဝင်ချိန်နဲ့ သူရွာထဲ အဝင်ကြဲချိန် တိုက်ဆိုင်သွားတာကြောင့် ဘာသာရေး အရေးကောင်းတယ်လို့ ကြားဖူးထားပေမယ့် ဆူးရဲ့ ပို့စ်တွေ သိပ်မဖတ်ဖူးဘူး။ LT နဲ့ပတ်သက်ပြီး စောင့်ထိန်းမှုအကြောင်း သူ ရှည်ရှည်ဝေးဝေး ကွန်မင့်ရေးတာကို ဖတ်ဖူးတော့ ကိုယ့်ထက် အသက် အများကြီးငယ်ပြီး ကိုယ့်ထက် အပုံကြီး လိမ္မာတဲ့သူပါလားလို့ အံ့ဩတကြီး ဖြစ်ခဲ့ရတာ မှတ်မှတ် ရရ။
.နှမျောတသမှုတွေနဲ့အတူ ကျမ သတိအရဆုံး ရွာသားကတော့ ကျမထက် ရွာသက်ပိုရင့်တဲ့ ကိုရွှေညာသား။ ရွာထဲမှာ ပဋိပက္ခတွေ၊ တစ်ဦးကိုတစ်ဦး နားမလည်မှုတွေနဲ့ ရွာကို လက်ပြသွားခဲ့တဲ့ ကိုရွှေညာသား။ သူ့ကိုရော ရွာကိုရော ကျမပြောပြချင်တဲ့ စကားလေးတစ်ခွန်း ရှိတာကို မပြောပြဖြစ်လိုက်ဘူး။ ကျမမှာ ယုံကြည်ချက် တစ်ခုရှိတယ်။ စာသမား ဘယ်တော့မှ လူယုတ်မာမဖြစ်ဘူးဆိုတဲ့ ယုံကြည်ချက်။ စာသမားတစ်ဦးဟာ လူ့ဂွစာဖြစ်ချင်ဖြစ်မယ်။ လောကကြီးကို ဇောက်ထိုးမြင်ချင်မြင်မယ်။ ဒါပေမယ့် ဘယ်တော့မှ လူယုတ်မာ မဖြစ်ဘူးလို့ ကျမယုံပါတယ်။ ကဗျာကို ကာရံအလွတ်နဲ့ မော်ဒန်၊ ပို့စ်မော်ဒန် ကိုမှ တစိုက်မတ်မတ် အရေးကောင်းတဲ့ အလင်းဆက်ထံကို သူက နဘေကာရံ အလွတ်မခံတဲ့ ရှေးဟောင်း ရှားပါး ကဗျာလေးတွေ ရှာရှာဖွေဖွေ တခုတ်တရ ပို့တတ်တယ်။ မတူကွဲပြားမှုကို သူ့ဘက်က အစောကတည်းက လက်သင့်ခံထားခဲ့ပြီး ကိုယ့်ဘက်ကတော့ မတူကွဲပြားတဲ့ သူ့သဘောထားအတွက် ဘူဒိုဇာနဲ့ ကော်ထုတ်သလိုဖြစ်ခဲ့တယ်။ ရွာထဲက ဘူဒိုဇာတွေကို ဆော်ဖို့ တင့်ကားမောင်းပြီး တပ်ချီလာပါလားလို့ မျှော်တော်ဇောနဲ့ မောမိပါ့ ကိုရွှေညာသားရေ။
.အလာကျဲရုံမက ပျောက်သွားတယ်လို့ စိတ်ထဲထင်မှတ်မိသမျှ ရွာသူရွာသားတွေထဲ မဖြိုးလည်း အပါအဝင်။ ရွာလေးထဲ ဟိုဟိုသည်သည် ပတ်ချာလည်ကြည့်ရင်း လူဟောင်းတွေ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ မှတ်မိသမျှကို ဦးနှောက်ထဲ စာရင်းသွင်းနေမိတယ်။ နှစ်နှစ်ကာကာ ချစ်ရတဲ့ ရွာကလေးမို့ ဒီလိုနဲ့ လွမ်းအင်္လကာ စီမိပါပြီကော။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ခြေရာဖျောက် ချစ်ရွာသူ ချစ်ရွာသားတွေ ရွာကလေးဆီ အခွင့်သင့်တိုင်း ပြန်ဝင်လာပါစေ။ ရွာထဲမှာ မကျေလည်တာတွေရှိခဲ့ရင်လည်း အာဃာတတွေ အာကာသတွေ ခဝါချပြီး စိတ်ကူးနဲ့ ဖွဲ့စည်းထားတဲ့ ဟောဒီရွာကလေးထဲ ပျော်လိုက်ကြစို့လေ။
.ဘဝဆိုတာ သူ့နဂိုနေအတိုင်းက ပုံသဏ္ဍာန်မဲ့တယ်။ အရှိတရားတွေနဲ့ ကြမ်းထော်နေတတ်တယ်။ စိတ်အာရုံရဲ့ ကျက်စားရာ အနုပညာကတော့ ဘဝကို ပုံသဏ္ဍာန်ဖော်ပေးလိုက်တယ်။ အနုပညာဆိုတာ လူ့ဘဝကို ဂုဏ်တင်ဖို့လို့ ဆရာသခင်တွေ အဆိုအမိန့်ရှိလာတဲ့အခါမှာ အနုပညာသဘောစွက်တဲ့ စိတ်ကူးကမာ္ဘ စိတ်ကူးရွာ ဆိုတာကလည်း လူ့ဘဝထဲက ခင်မင်ရင်းနှီးမှုတွေ စိတ်ရဲ့အရည်အသွေးတွေကို ဂုဏ်တင်ဖို့ပဲ မဟုတ်ပါလားရှင်။ ။
ဝင်ြ့ပုံးမြင့်
(၂၇၊ ဒီဇင်ဘာ၊ ၂၀၁၄)
42 comments
manawphyulay
December 27, 2014 at 4:12 pm
ဒီလွမ်းတေး အလင်္ကာထဲမှာ မနော မပါဝင်တဲ့အတွက် မပိုးရေ မနော စိတ်မကောင်းဖြစ်မိပါတယ်။ ဒါဆိုရင် မနောကိုတော့ မလွမ်းဘူးလို့ ဆိုလိုတာလားဟင်…. 😥 😥
ဝင့်ပြုံးမြင့်
December 28, 2014 at 8:11 pm
.လုံးဝပျောက်သွားတဲ့ လူတွေထဲမှာ မနော မပါဘူးလေ။ မနောက ကြိုးကြားကြိုးကြား ဝင်နေတာပဲ။
manawphyulay
January 7, 2015 at 9:29 am
သိဘူး… သတိမရတာက မရတာပဲ… မပိုးနော် မေ့ထား ဟွန်း 😆
ရွှေညာသား
December 27, 2014 at 6:23 pm
ရွာထဲက ထွက်သွားပေမယ့် အမြဲလိုလို ဝင်ဖတ်နေကြပါ။ လွမ်းလည်းလွမ်းပါတယ်။
နောက်ပြီး အယူအဆမတူတာတွေနဲ့ပြသာနာမဖြစ်ချင်တော့လို့ပါ။
မပြုံး သတိရတယ်ဆိုလို့ ဝမ်းသာပါတယ်။
အဲ တင့်ကားတပ်နဲ့ချီဖို့ကတော့ လွတ်လပ်ရေးနေ့ ဗိုလ်ရှူခံကြရင် ချီတတ်မယ့်
တင့်ကားတပ်ကိုငှားထားတယ် လိုအပ်ရင်ကြည်းတပ်တင်မကဘူး လက်ရုံးတပ်နဲ့ ရေတပ် ရော လေတပ် ရော အကုန်နဲ့ ဆော်မလို့
စတာပါ။ ကျေးဇူးတင်ပါတယ် မပြုံးရေ …
သတိရတယ်ဆိုလို့
အကုန်လုံးကို စာဖတ်ရင်း (မပျက်မကွက် ဝင်ဖတ်ရင်း ) သတိရနေပါတယ်လို့ ။
ရွာသူ/ရွာသားတွေ နှစ်သစ်မှာပျော်ရွှင်ကြပါစေ . .. . …
အလင်းဆက်@မောင်သူရ
December 27, 2014 at 6:35 pm
ကိုရွှေညာသားကြီး ပြန်ပေါ်လာတယ်ဟ…
တွေ့ရတာ ဝမ်းသာလိုက်တာဗျာ..
ကျနော့်ကို ညီလေးရေလို့ ခေါ်ခေါ်ပြီး ရေးမယ့် စာပေရေးရာတွေ ဖတ်ချင်နေသေးတာနော်.. ။
ဘာပဲ ဖြစ်ဖြစ် ( ဘာပဲဖြစ်ဖြစ်) ရေးပါဦး အစ်ကိုတော်ရာ…
—-
padonmar
December 28, 2014 at 12:30 am
တော်တော် နေစိမ့်တဲ့ အညာသားကြောကုန်း။
အောက်သူမ ဗိုက်ပူနဲ့ ညားပါစေတော်။
(အဲဒါ ဘာမုန့်တွေလဲ ရအောင်ဖော်ပါ)
ဝင့်ပြုံးမြင့်
December 28, 2014 at 8:16 pm
.တွေ့ဆုံပွဲကို မတက်ဘူးလား ကိုရွှေညာသားရေ။ ကျမကတော့ ခလေးမွေးစားမယ့်လူရှိရင် ကောင်းမှာပဲ လို့ စဉ်းစားနေရတယ်။ ရွာထဲလည်း အခါအခွင့်သင့်ရင် ဝင်ပါဦးနော်။ အခုလို ကွန်မင့်လေးဝင်ပေးတာလည်း ကျေးဇူးပါပဲ အစ်ကိုကြီးရေ။
. သံယောဇဉ် ဆိုတာမျိုး … ပိုးကြိုးလေး တစ်မျှင်လို တဲ့။
. တွယ်ငင်ရစ်ပတ် … ဖြစ်တတ်ပေမယ့်
. ဖြတ်ရမယ့် အသိက … သံမဏိ ကြိုးသွားပမာ တဲ့။
အလင်းဆက်@မောင်သူရ
December 27, 2014 at 6:37 pm
အစ်မတော် ပြုံး…ကို… မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ… ။
” ဒီရွာမှာ အနုပညာ ရှိတယ်လို့ ထင်သလား… ”
”ရှိတယ်ဆိုရင်… ပြပါဦး ”
:k:
ဝင့်ပြုံးမြင့်
December 28, 2014 at 8:18 pm
. ရှိပါသော်ကော။ အလက်ဇင်းတစ်ယောက်လုံး ရှိနေသရွေ့ ဒီရွာမှာ အနုပညာ ရှိတယ်။
Ma Ma
December 27, 2014 at 8:20 pm
လွမ်းအလင်္ကာကိုဖတ်ပြီး လွမ်းသွားပြီ။
လွမ်းရတဲ့အထဲမှာ ရွာထဲကို ယိုင်တိယိုင်ထိုးနဲ့ ပုလင်းလေးဆွဲပြီး ဝင်လာရဲ့ ဆယ်လီပေါက်ဖော်ကိုလည်း လွမ်းမိပါရဲ့။
padonmar
December 28, 2014 at 12:27 am
မျှစ်ကြော်ပြုံးကို ပိုချစ်သွားပြီ။
Foreign Resident
December 28, 2014 at 5:39 am
” စာသမားတစ်ဦးဟာ လူ့ဂွစာဖြစ်ချင်ဖြစ်မယ်။ လောကကြီးကို ဇောက်ထိုးမြင်ချင်မြင်မယ်။ ဒါပေမယ့် ဘယ်တော့မှ လူယုတ်မာ မဖြစ်ဘူးလို့ ကျမယုံပါတယ်။ ”
Agree.
Ma Ma
December 28, 2014 at 9:07 am
ရွာသူားပီသအောင် နည်းနည်းလေးတော့ ကွဲလွဲလိုက်အုံးမယ်။ :kwi:
ကြားဖူးသလောက် စီးပွားရေး၊ နိုင်ငံရေ၊ တရားရေး စသဖြင့် ကိစ္စတွေမှာ ကိုယ်လိုရာ (သို့) သူတပါးလိုရာဆွဲ ရေးပေးကြသူတွေ ရှိနေကြသလားလို့။ :k:
အလင်းဆက်@မောင်သူရ
December 28, 2014 at 11:31 am
.ပြောရရင် ဆရာချစ်(ချစ်ဦးညို)တောင်မှ အပြစ်မလွတ်လောက်ဘူး။
ကျနော့် အယူအဆအရပြောပါတယ်။
စာရေးဆရာဟာ အကောင်းကို အကောင်းအတိုင်း ပေါ်လွင်အောင် ပြတ်ပြတ်သားသား ရေးသားတင်ပြမှ
မကောင်းတာကို မကောင်းခြင်း ပေါ်အောင် တိတိကျကျ ပြတ်သားစွာ ရေးသား တင်ပြမှ
စာပေနဲ့ ရက်စက်မှုဆိုတဲ့ အပြစ် လွတ်မှာပါ။
ဒေဝဒတ်ကို ဇာတ်ကောင်မင်းသားအဖြစ်ထားပြီး ရသမြောက်အောင် ဇာတ်လမ်းဆင် ရေးတယ်ဆိုပါစို့
ဒေဝဒတ် မကောင်းမှုလုပ်တဲ့ အချက်တွေ
ဆိုးဝါးတဲ့ စိတ်ထားတွေကို ပေါ်အောင် ဖော်နိုင်ရပါမယ်။
ဒေဝဒတ်က ငါ့ဝတ္ထုထဲမတော့ ဇာတ်ကောင်မင်းသားပဲဆိုပြီး ဟီးရိုး ဝတ်ရုံကြီးခြုံပေးထားတာ
တစ်နည်း အကောင်းနဲ့ အဆိုး မပြတ်မသား ရေးပြသွားတာဆိုရင် အဲ့ဒီ စာရေးဆရာကို အပြစ်တင်ရမယ်။
ဟစ်တလာအကြောင်းတွေ ရေးခဲ့တဲ့ မြန်မာ ဘာသာပြန်ဆရာကြီးတစ်ယောက်လည်း
ဟစ်တလာကို လူငယ်တွေ ငေးမောအားကျ ကိုးစားယုံကြည်ရတော့မလောက် မြန်မာမှု ပြုခဲ့တာ ဖတ်ဖူးတယ်။
အကောင်းနဲ့အဆိုးကို ပြတ်ပြတ်သားသား မတင်ပြပဲ
ဝေဝါးမှုန်ရီ ပြသွားတယ်။
ဆိုတော့ ဒီနေရာမှာ ရသ ဆိုတဲ့ အခန်းကဏ္ဍက ဝင်လာတယ်။
ရသမြောက်အောင်ဆိုပြီး
ဖတ်တဲ့သူတွေ တနင့်နင့်ဖြစ်အောင်
နှစ်သက်ကြည်နူးတဲ့ခံစားချက်ရအောင် စသည်ဖြင့်
ရေးသားခြင်း အတတ်ပညာ အနုပညာနဲ့ ဖန်တီးလိုက်တဲ့အခါ
အပြစ်သင့်သွားတာတွေ ရှိတာပေါ့။
စာပေသမားဟာ မယုတ်မာဘူး ဆိုတဲ့အထိ မရောက်ပေမယ့်
ကုလားကြီးနဲ့ မာမူကြီးလို ဖြစ်နေတာပေါ့
ဟစ်တလာအကြောင်း သူရဲကောင်းသဖွယ် ရေးတာကို အကောင်းအဆိုး သေခချာ မခွဲနိုင်သေးတဲ့ လူငယ်တွေ ဖတ်မိပြီး
ဟစ်တလာ့ခြေရာ နင်းကုန်ကြတယ်ဆိုရင်
အဲ့ဒီ စာရေးသူဟာ ကုလားကြီး သို့မဟုတ် မာမူကြီးပဲ
အဲ . . . ရသ ဘက် ပြန် လှည့်ပြောရမယ်။
စာပေအနုပညာဟာ ဘယ်သောအခါမှ သန့်စင်ခြင်း မရှိဆိုတဲ့ ကမ႓ာကျော် ပုဂိ္ဂုလ်ကြီး ရဲ့ စကားက ဝင်လာပြန်တယ်။
ဟုတ်တယ်။
သမားရိုးကျ စာပေ အခင်းအကျင်းအရတော့
(ပိုစ့်မော်ဒန်တွေရဲ့ ဝါဒနဲ့ တိုင်းတာရင်)
စာပေ ပုံစံတစ်ခု ဖန်တီးမှုတစ်ခုမှာ
နောက်ခံ အကြောင်းချင်းရာတွေ
သမိုင်း အဖြစ်အပျက်တွေ ပါနေသမျှ(ပါနေသမျှ)
မသန့်စင်ဘူး။
အခု ပိုစ့်မော်ဒန်ဝါဒီတွေဟာ အဲ့ဒါကို ကျော်ဖြတ် လွန်မြောက်ဖို့ ကြိုးစားနေကြပြီ။
အင်းးး ဒီ စကားတွေကို အကျယ်အပြန့် ထပ်ပြောချင်သေးတယ်ဗျာ။
အချိန်ရရင် ပိုစ့်တစ်ပုဒ်အဖြစ် ပြောဖို့ တေးထားလိုက်မိပြီ။
:k:
အစ်မတော် ပြုံးနဲ့ အဘတော် ဖော တို့
သဘောချင်း တူညီတဲ့ အချက်ကို
ကျနော်(ကျနော်) သဘော မတူပါဘူး။
😆
ဝင့်ပြုံးမြင့်
December 28, 2014 at 8:23 pm
.ဒီလိုရှိပါတယ် အန်တီမမရေ။ သူတစ်ပါးလိုရာဆွဲ ရေးပေးတယ်ဆိုရင်တောင် ကိုယ်ပိုင်ရှုထောင့်မရှိရင် ဘယ်လိုမှ ခိုင်မာအားကောင်းမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အမြင်ထက်သန်မှ မတ်တည်နိုင်မှာပါ။
ဝင့်ပြုံးမြင့်
December 28, 2014 at 8:35 pm
.တီဒုံ တကယ်ပြောတာလား။
.ဘဖောရေ ။ အဲဒါ ကျမယုံကြည်ချက်ပဲ။ ဘဖောရဲ့ ယုံကြည်ချက်က Honesty is the best policy. ဟုတ်တယ် မဟုတ်လား။ ဘဖောရဲ့ ပေါ်လစီကို ကျမလည်း agree ပါပဲ။
ဝင့်ပြုံးမြင့်
December 28, 2014 at 8:30 pm
.အလက်ဇင်းရေ စာပေရေးရာမှာ အသေးစိတ် ပြောမယ်ဆိုရင် အများကြီးပေါ့။ ဒါပေမယ့် အသေးစိတ်ကို ကြည့်လွန်းရင် ယေဘုယျသဘော ပျောက်သွားမှာ စိုးရတယ်။ ယေဘုယျ သဘောအားဖြင့်တော့ စာသမားတွေဟာ လူ့ဂွစာတွေဖြစ်တာများပြီး စိတ်ရင်းလည်းကောင်းကြပါတယ်။
မြစပဲရိုး
December 28, 2014 at 11:07 pm
အစ်မ ရဲ့ Post က ညီမ ပြုံး ရဲ့ စာ ကြောင့် ပိုပြီး တွန်းအား ပေး ဖြစ်ခဲ့တာ မို့ ကျုပ် ညီမ ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။
အစ်မဒုံ နောက် ကလိုက်ပါတယ်။
ပိုပြီး ချစ်ပါတယ်လို့။
ကိုယ့် ညီမ ချ ပြတဲ့ လူစာရင်းထဲ “ကဘုန်းကျော်” လဲ ကျန်သေး။ သူ့ တွဲဘက် “မောင်နာဂ” လဲ ရှိသေး။
ပြန်လာကြပါလေ။
မိုးမင်းသား ကတော့ “ကာရံ” ဖြစ်နေတယ် လို့ ထင်ပါတယ်။
ဟုတ် မဟုတ် အတည်ပြုပါလော့။
ကပေါက်ကြီး လဲ ဒီရက် အသံတိတ် လို့။
အလှူ ထဲ ဒီ လူကြီး ကို ရ အောင်ခေါ်ကြပါ။
:))
အလင်းဆက်@မောင်သူရ
December 29, 2014 at 12:00 am
မိုးမင်းသားက နာမည်မပြောင်းသေးပါဘူး အရီးရေ
သူက အခု ဖေ့ဘုတ်မင်းသားကြီးပဲ လုပ်နေလေရဲ့
ရွာထဲ ဝင်ဖို့ကို မစဉ်းစားသေးဘူး။
ရွာ့တွေ့ဆုံပွဲ လာမယ်လို့တော့ ပြောတယ်
စာရင်းလေးတောင် ဝင် မပေး
🙁
ကာရံဆိုတာက အရင်က ပိတောက်မိုးပါ အရီး
တလက်စတည်းးး
အလင်းဆက်ကနေ ပြောင်းထားတော့မှာမို့ ကျနော့်ကိုယ်ကျနော်လည်း မိတ်ဆက်ပါရစေ
.မောင်သူရ ဆိုတာက အရင်က အလင်းဆက်ပါ
တနည်းအားဖြင့် အောင်ရဲလင်းထက် တောင် အောင်ရဲလင်းနဲ့ပိုတူတဲ့အလင်းဆက်ပါ။
:k:
မြစပဲရိုး
December 28, 2014 at 11:19 pm
ပြုံးညီမ က ပြောတယ်။
{ကျမပြောပြချင်တဲ့ စကားလေးတစ်ခွန်း ရှိတာကို မပြောပြဖြစ်လိုက်ဘူး။
ကျမမှာ ယုံကြည်ချက် တစ်ခုရှိတယ်။ စာသမား ဘယ်တော့မှ လူယုတ်မာမဖြစ်ဘူးဆိုတဲ့ ယုံကြည်ချက်။
စာသမားတစ်ဦးဟာ လူ့ဂွစာဖြစ်ချင်ဖြစ်မယ်။ လောကကြီးကို ဇောက်ထိုးမြင်ချင်မြင်မယ်။
ဒါပေမယ့် ဘယ်တော့မှ လူယုတ်မာ မဖြစ်ဘူးလို့ ကျမယုံပါတယ်။
}
ဒီ ရက်ပိုင်း ဆရာဝန် တစ်ချို့ ပြသနာ ဖြစ်နေတယ် ဟုတ်။
ကျွန်မ သူငယ်ချင်း အရင်း ဆရာဝန်မတစ်ယောက် ရှိတယ်။
ဆရာဝန်ဆိုတာ လူ့ အသက်ကယ် သူတဲ့။
မှားရင်တောင် တမင် သတ်တာ မဟုတ်ဘူး တဲ့။
ပေါ့ဆလို့ မဟုတ်ဘူးတဲ့။
တမင် ရည်ရွယ်တာ မဟုတ်ဘူး တဲ့။
သူတို့ လူဆိုး မဟုတ်ဘူး တဲ့။
ကိုယ့် ညီမ ရေ
မျက်နှာတိုင်း မှာ သူ့ဟာသူ မှန် တယ် ဆိုတဲ့ ယုံကြည်ချက် တွေ နဲ့ ချည်းပါဘဲ။
ဒါ ကို တစ်ခြား မျက်နှာ တွေ နဲ့ ဘယ်ကို ညှိ မလဲ ဆိုတာပါဘဲ။
တစ်ခါတစ်ခါ ကိုယ့် အဖြူရောင် က တစ်ခြားဖက် မှာ အရိပ်ကြောင့် မဲ နေတတ်တယ်။
ခင်ဇော်
December 29, 2014 at 9:09 am
ကောင်းကောင်း ချက်ကျလက်ကျ ငြင်းနိုင်တဲ့ ထဲ ဆို
ဂဠုန်ကြီး ဂရုဒ လည်း ကျန်သေးတယ်။
ပေါ်မလာ အတော်ကြာ။
:mrgreenn:
Yae Myae Tha Ninn
December 29, 2014 at 10:09 am
အနော်လဲ အရေးကျဲပါတယ်နော်… 🙂
ရေးတဲ့သူတွေများနေရင် အနော်ပို့စ်ကို နောက်ဆုတ်တတ်ပါတယ်… အနော့်ပို့စ်တွေထက် ကျန်ပို့စ်တွေ ကကောင်းတော့ ပိတ်သလိုဖြစ်မှာစိုးလို့… ရေးတဲ့သူများနေရင် အနော်ကျဲပါတယ်… ကိုယ့်ကိုယ်ကို အဖြည့်ခံပို့စ်လို့ပဲ သတ်မှတ်ထားပါတယ်… 🙂
ကိုရင်စည်သူ
December 29, 2014 at 11:07 am
ပုံမှန်လောက်တော့ ပို့စ်တွေ ရွေးဖတ်သွားဖြစ်ပါတယ်။ အန်တီပြုံး။။
စာရေးချင်ပေမယ့် အိမ်ထောင်ကျပီးကတည်းက မအားတော့တာရယ်ကြောင့်ပါ။
အဃာတ ခဝါချ… မုဒိတာတရားကသာ အောင်မြင်နိုင်စေကြောင်း ဝင်ဖောရှော့သွားပါတယ်ဗျာ.. 🙂
kyeemite
December 29, 2014 at 1:02 pm
.လွမ်းလွန်းလို့ ကျုပ်လည်းတစ်ခါက ရွာသူားတွေကို အော်ခေါ်ခဲ့ဖူးပါရဲ့
.အဲ့ဒီပို့စ်မှာပဲ လာထူးကြပြီးပျောက်သူတွေကတော့ပျောက်မြဲပါပဲ
.ဖုန်းနဲ့ဝင်ရခက်တာလည်းပါပါလိမ့်မယ်ထင်ရဲ့
.နောက်တစ်ချက်က ဖုန်းတွေအင်တာနက်သုံးလို့ရတော့ ရပ်ကွက်တကာက ကွန်ပြူတာအင်တာနက်ဆိုင်တွေ
.ပျောက်ကုန်တာလည်းပါတယ်ဗျ…ဘာဖြစ်ဖြစ် တွေ့ဆုံပွဲကိုတော့ မပြုံးလာစေချင်ပါတယ်ဗျာ
ဝင့်ပြုံးမြင့်
December 30, 2014 at 1:13 am
.အမလတ် ၊ အလက်ဇင်း
စာသမား ဆိုတာ စာပေ အနုပညာသမားကို အတိုကောက်ပြောလိုက်တာပါ။ ရသစာပေတွေကို ဖတ်ရှုခံစားနိုင်တဲ့လူ၊ ရသစွက်တဲ့ စာမျိုးကို ထုတ်လုပ်နိုင်တဲ့လူ၊ ခံစားချက်ကို ခံယူနိုင်စွမ်းရှိတဲ့လူတွေကို ဆိုလိုတာပါ။ စာသမား ဘယ်တော့မှ လူယုတ်မာ မဖြစ်ဘူးဆိုတာ ယုံကြည်ပေးစရာတောင် မလိုပါဘူး။ ဒါဟာ ယုံကြည်ချက်ဆိုတာထက် ပိုတယ်။ သချင်္ာ အီကွေးရှင်းလိုပဲ။ အမှန်တရားတစ်ခုအနေနဲ့ သူ့ဟာသူ ရှိနေတယ်။ လူတစ်ယောက်မှာ ခံစားတတ်တဲ့ နှလုံးသားရှိမှ စာပေအနုပညာသမား စာသမား ဖြစ်တော့မှာပေါ့။ ခံစားတတ်တဲ့ နှလုံးသားရှိပြီဆိုမှတော့ ဒီလူ ဘယ်လိုလုပ် လူယုတ်မာ ဖြစ်တော့မလဲ။ အီကွေးရှင်း တစ်ကြောင်းလိုပဲ သူ့ဟာသူ ရှိနေပြီးသားကိစ္စလေ။ ဟိုတပ်ချုပ်ကြီး ခုမှ စာထဖတ်သလို မဟုတ်ဘူးလေ။
—-
ကေ ပြောတဲ့ရွာသားကို မသိဘူး။
—
ကိုရေမြင်းရေ။ ရွာကိုတော့ ခွဲမသွားပါနဲ့။ အလုပ်တွေရှုပ်လည်း အခွင့်သင့်ရင် ဝင်ပေးပါနော်။ ဒါမှ ရွာလေး လူစည်မှာ။
—-
ကိုရင် စည်သူက အိမ်ထောင်ကျသွားတာကိုး။ ဒီလိုဆိုတော့လည်း သနားစရာ။ ဘယ်လိုပဲဖြစ်ဖြစ် အခါအခွင့်သင့်ရင် မဒမ်ထံမှာ ခွင့်တောင်းပြီး ရွာထဲဝင်လည်ပါဦး။
—-
အန်ကယ်ကြီးမိုက်ရေ အန်ကယ်ပြောတာလည်း မှန်ပါတယ်။ လူတွေက ဖုန်းနဲ့သုံးလို့ရတော့ ဆိုင်မှာ သွားမသုံးကြတော့ဘူး။ အင်တာနက်ဆိုင်တွေ တော်တော်ဒေါင်းကုန်တယ်။ လူတွေကလည်း ဖုန်းပဲကလိနေကြတယ်။ ရွာထဲဝင်ရေးဝင်ဖတ်တာ ကွန်ပျူတာနဲ့ပဲ အဆင်ပြေတာပါ။ တက်ဘလက်တို့ ဖုန်းပိစိတို့နဲ့ ဘယ်လိုမှ အဆင်မပြေဘူး။
.ဟိုလေ တွေ့ဆုံပွဲ မလာနိုင်တာကတော့ မျှစ်မလည်း အရှေ့တိုင်းသား တစ်ယောက်ကို တော်တော်ခိုက်နေတာ၊ မစားနိုင်မသောက်နိုင် ဖြစ်တဲ့အထိကို ကြွေနေတာနဲ့ လာနိုင်စွမ်း မရှိတော့တာပါ။ တွေ့ဆုံပွဲမလာနိုင်ကြတဲ့ တခြားမိန်းကလေးတွေလည်း မျှစ်မလိုပဲ ဖြစ်ချင်ဖြစ်နေမှာပေါ့နော်။ ဘယ်ပြောလို့ရမလဲ။ နားလည်ပေးလိုက်ပါနော် ဦးကြီးမိုက်ရေ။
မြစပဲရိုး
December 30, 2014 at 4:10 am
ကိုရင်စည်လေး သဘောင်္ပေါ်ကနေ နှုတ်ဆက်ပြီး အသံပျောက်သွားတော့ တောထွက် သွားပြီမှတ်တာ။
လက်စသတ်တော့ ဘဝပြောင်း သွားတာကိုး။
ဘဝ သစ် အတွေ့အကြုံ လေးများ ရွာထဲ မမျှချင်ဘူးလား။
ကြည့်ရတာ မပြုံး အရှေ့တိုင်းသားက ကင်မ် ထင်ရဲ့။ 😉
စာအုပ်ထွက်လို့ က တော့ ဒီအချိန် အချိန်ကိုက်ဘဲ ပြုံးရေ။
The Interview ကတော့ နာမည်ထွက်ခဲ့ သလောက် မစွံ ဘူး။
ဝင့်ပြုံးမြင့်
January 5, 2015 at 12:59 am
.စာအုပ်က ရေးပြီးပြီ။ ထုတ်ဝေသူလက်ထဲ ထည့်ပြီးပြီ။ အမြန်ဆုံးထုတ်ဝေနိုင်အောင် စိုင်းပြင်းနေကြတယ် အမလတ်ရေ။ မြောက်ကိုရီးယား ဘာကောင်လဲဆိုတာ ဗြန်းဗြန်းကွဲဖွင့်ပြမယ့် စာအုပ်ပါ။
pooch
January 2, 2015 at 12:54 am
မပြုံးစာအုပ်တချို့ဒီပိတ်ရက်လက်စသတ်မလို့ သတိရနေတာ
ကလေးတွေနေကောင်းတယ်ဟုတ်
From the land of green ghosts ဖတ်မလားလို့ အဲ့ဒါလေးရော ဖတ်ပြီးပလားအမပြုံး
ဝင့်ပြုံးမြင့်
January 5, 2015 at 1:02 am
.မယ်ပုရေ အစ်မမှာ မကောင်းတဲ့အကျင့်က အဲဒါပဲ။ ဖတ်ပြီးသားစာအုပ်ကို စာရင်းမမှတ်ထားဘူး။ မနည်းပြန်စဉ်းစားယူရတယ်။ သိပ်ထူးခြားတဲ့စာအုပ်တွေကိုပဲ မှတ်မိတယ်။ မယ်ပုပြောတဲ့စာအုပ်က လတ်တလော ထွက်ထားတဲ့စာအုပ်ဆိုရင် မဖတ်ဖူးသေးပါဘူး။
မိုး မင်းသား
January 2, 2015 at 8:47 pm
ဆက်ဆက် သတင်းပေးလို့ ပြေးလာရတယ်…အမရေ…
ကျနော်လည်း အလုပ်တွေ မအားတာနဲ့… ရွာနဲ့….အနေဝေးနေရတယ်လေ…
သတိတယ ထည့်ရေးထားလို့ ကျေးဇူးတင်လိုက်တာအမရေ…
ဝင့်ပြုံးမြင့်
January 5, 2015 at 1:05 am
.ရွာထဲကို အားရင် အခါအခွင့်သင့်ရင် ဝင်ပါဦး ကိုမင်းသိန်းရေ။ ဟိုဘက်ကပို့စ်ထဲမှာ အမလတ်ပြောသလိုပဲ၊ လူတိုင်းမှာ စကားပြောလို့ရတဲ့ အသိုက်အဝန်းလေးရှိသင့်တယ် မဟုတ်လား။
လုံမလေးမွန်မွန်
January 3, 2015 at 4:37 pm
ကိုဘုန်းကျော်ကြီးရောဟင်င်..
ဝင့်ပြုံးမြင့်
January 5, 2015 at 1:07 am
.ကဘုန်းကျော်ကြီးက အမထက် ရွာသက်ပိုရင့်တယ်။ အမဝင်ချိန်မှာ သူရွာထဲက ထွက်သွားပြီ။
kai
January 4, 2015 at 4:25 pm
ဒီရက်ပိုင်းအရှုပ်တွေလုပ်ပြီး.. အလုပ်တွေရှုပ်နေတာ…
အခုလိုသတိတရဖြစ်နေကြတဲ့သူတွေကို.. ကျုပ်လည်းသတိရပါ့….။
အံ့တော့ဩစရာ…လူလူချင်းမတွေ့ဖူးပဲနဲ့များ… သံယောဇဉ်ရယ်လို့ဖြစ်ရတယ်လို့..
အို.. အသင်လောက…။
မိတ်ဆွေကောင်းများကို.. လေထဲတွင်တည်ဆောက်၍ရသည်..။ :k:
ဝင့်ပြုံးမြင့်
January 5, 2015 at 1:09 am
. အနုပညာဆိုတာ လူ့ဘဝကို ဂုဏ်တင်ဖို့လို့ ဆရာသခင်တွေ အဆိုအမိန့်ရှိလာတဲ့အခါမှာ အနုပညာသဘောစွက်တဲ့ စိတ်ကူးကမာ္ဘ စိတ်ကူးရွာ ဆိုတာကလည်း လူ့ဘဝထဲက ခင်မင်ရင်းနှီးမှုတွေ စိတ်ရဲ့အရည်အသွေးတွေကို ဂုဏ်တင်ဖို့ပဲ မဟုတ်ပါလားရှင်။ ။
တောဇီးကွက်
January 4, 2015 at 6:47 pm
အပေါ်က အကိုကြီး ကိုကအီ ပြောတဲ့
မိတ်ဆွေကောင်းများကို.. လေထဲတွင်တည်ဆောက်၍ရသည်..။
စာကြောင်းကို အရမ်းနှစ်သက်မိပါတယ်ရှင့်..။ ။
လေထဲတွင်လည်း တည်ဆောက်လို့ရသည်။ ဘေလ်ထဲတွင် တည်ဆောက်လို့မရလို့
ဆိုလိုချင်တာလား မသိဘူးရှင့်.. ဉာဏ်ဝေးတဲ့လူမို့ ခွင့်လွှတ်ပါရှင့်..
အားလုံးကို ခင်ပါတယ်ရှင့်.. 🙂
ဝင့်ပြုံးမြင့်
January 5, 2015 at 1:13 am
.တောဇီးကွက်က လူသစ်ထင်တယ်။ အပေါ်က အကိုကြီး ကိုကအီ က ဒီရွာရဲ့ သဂျီးပါ။ အက်ဒမင်ပေါ့လေ။ တောဇီးကွက်က လူသစ်ဆိုရင် ကြိုဆိုပါတယ်။ ဒီရွာလေး သိပ်ချစ်ဖို့ကောင်းတာ တဖြည်းဖြည်း သိသွားလိမ့်မယ်။
တောဇီးကွက်
January 6, 2015 at 2:46 pm
ကန်တော့ပါနော်.. ဦးနဲ့ အန်တီတို့ သမီးက မသိလို့… အဲ့လို ကိုကအီ ခေါ်လိုက်မိတာပါရှင့်
အသက်အရမ်းကြီးတဲ့ ဦးလေးကြီးဆို ခွင့်လွှတ်ပါနော့်..။
ဂျပန်စာတတ်တဲ့ သူကြီးဆိုတော့ ကိုလိုနီထွက် ဖက်ဆစ်ဝင်တုန်းကလို
နှစ်လုံးပြူးကြီး တပြပြနဲ့ အုပ်ချုပ်နေတာလားမသိဘူးနော်..
အန်တီလေးတို့ကိုလည်း သမီးက ခင်ပါတယ်ရှင့်..
padonmar
January 4, 2015 at 10:01 pm
ဝမ်းသာလိုက်တာကွာ….
ကိုကအီတဲ့။
သဂျီး မျက်နှာကြီး မြင်ယောင်ပြီး တခွိခွိ…
တောဇီးကွက်ရေ..လူသစ်လား၊လူဟောင်းပဲလားတော့ မသိ၊အရမ်းခင်ဖို့ ကောင်းသွားပြီ။ရွာသူားတွေရဲ့ ခင်မင်မှုကတော့ လေထဲရော ဘေလ်ထဲရော တည်ဆောက်လို့ ရပါတယ်။
Mr. MarGa
January 5, 2015 at 9:38 am
သဂျီးစကားကို ထပ်ဆင့်ထောက်ခံရင်း
လွမ်းတဲ့ စာရင်းမှာ ပါအောင်လို့ တစ်နှစ်လောက် ပုန်းနေမလား တွေးနေမိတယ် :mrgreenn:
kyeemite
January 5, 2015 at 4:00 pm
.ရွာသဂျီး..ကိုကအီ တဲ့လား…ခေါ်တတ်ပါပေ့ :k:
kai
January 6, 2015 at 11:40 am
ခိုင်ကို..
Kai
Kyle
Khai
Khine
Khaing
ခေါ်ကြတာထဲ…
Ka = က..။ i=အီ ခေါ်သွားပုံထောက်တော့… ဂျပန်စာကကောက်ယူတယ်မှတ်တယ်..။
ကအီ..။ ကီအ..အီက.. ပြည်ကြီးငါးတဲ့..။
(ဘာမှမဆိုင်) :k: