Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခြောက်ချွေဖက် ဟင်းစပ် – KZ’s ထမင်းဆိုင်

ဇီဇီMarch 9, 20153min172442

ဒီ တစ်ခေါက် သယ်လာတာ……
– ငါးရံ့ခြောက်
– ပင်လယ် ငါးပြေမခြောက်
– ငါးပိကောင်ခြောက်
– ငါးကျည်းခြောက်
– ငါးနီတူခြောက်
– ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ)
– အာပြဲချောက်

– ချဉ်စော်ကားသီးခြောက်

– ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး
– အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ်

– အာလူးကြော်

– မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ

– လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက်
– ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး စတဲ့ အိမ်အပြန်ရိက္ခာတွေနဲ့ ဖက်စပ် ဟင်းစပ်ပါ့မယ်။
အသီးအနှံအတွက်တော့ ဈေးဝယ်မလွတ်ပါဘူးးး

ပါလာတဲ့ အခြောက်တွေနဲ့ ချွေတာပြီး ဖက်စပ်ချက်ရတဲ့ ဟင်းတွေမို့ ခြောက်ချွေဖက် ဟင်းစပ်

:kwi:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

IMG_7960
ငါးကျည်းကျပ်တိုက်အစပ်ကြော်.. မုန့်ညှင်းစိမ်း (သို့) ကိုက်လန်ခရုဆီ

 

 

ငါးကျည်းကျပ်တိုက်အစပ်ကြော်..
(ဒါက နော် ခရစ်လေးရဲ့ နည်းနဲ့ကြော်ချင်လို့ စားတဲ့ဟင်း၊ ကျနော်ကတော့ ကြက်သွန်ကြော်မထည့်ဘူး)

ငါးကျည်းကျပ်တိုက်အကြီး ၁ဝကောင်လောက်ရေစိမ်ထား..
ကြက်သွန်နီအကြီး၆၊ရလုံးလောက်ခွာ..ပါးပါးလှီး..
ငါးဖောင်းလာရင် အရိုးထုတ် အသားလေးတွေ နည်းနည်းသေးအောင်နွှင်ပြီး ငံပြာရည်၊ နနွင်း၊ အရသာမှုန့်နယ်ထား..
ချက်ပြီ..
ဆီများများထည့်.. ကြက်သွန်ထည့်ကြော်.. နီရောင်သမ်းလာရင်ဆယ်ထား..
ပြီးရင် ငါးထည့်ပြီး ၅မိနစ်လောက်မွှေကြော်..
နောက်..ငရုတ်သီးခွဲခြမ်းထည့်ပြီးဆက်မွှေမယ်.. ငရုတ်သီးမွှေးလာရင် ကြက်သွန်ကြော်ပြန်ထည့်မွှေပြီး မီးပိတ်..
တချို့လည်း မကျည်းမှည့်ရည်ထည့်တယ်..
ကျမတော့ မထည့်.. ငါးကျည်းကျပ်တိုက်က ဈေးကြီးတော့ ကြက်သွန်များများရောပြီးပွားတာ..
စိတ်ထဲ.. ကြက်သွန်များရင်လည်း ပိုကြိုက်လို့..

 

ကိုက်လန်ခရုဆီ

ကိုက်လန်သင်ပြီး ဆားရည်နဲ့ ရေဆေးပြီး စစ်ထား
ကြက်သွန်ဖြူ/နီ/ဂျင်း ညက်ညက်ပါအောင်ထောင်းပြီး ဆီအိုးထဲကို ပဲငံပြာရည်၊ ခရုဆီတို့နဲ့ ဆမ်းစားလို့ ရတဲ့ အနေထိ ကြော်လိုက်။
ကိုက်လန်ကို ၃ မီနစ်လောက် ပြုတ်ပြီး ဆယ်၊ ရေအေးနဲ့ ပြန်ဆေးထားးး
စားခါနီးမှ ဟို ဆော့ အနှစ်ကို ဆမ်းလိုက် ပြီးရော။။

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးရံ့ခြောက်ဖုတ်နဲ့ မရမ်းသီးသုပ်
ငါးရံ့ခြောက်ဖုတ်နဲ့ မရမ်းသီးသုပ်

 

 

ငါးရံ့ခြောက်ဖုတ်

အင်မတန်လွယ်ပါတယ်။
ပြန်တုန်းက ရတဲ့ ငါးရံ့ခြောက်ကို ရန်ကုန်အိမ်နားက မုန့်ဟင်းခါးသည်ကို ပေးပြီး ဖုတ်ခိုင်းလိုက်တယ်။

:mrgreenn:
ပြီးတော့ မွှာပြီး ယူလာတယ်။
ဒီရောက်တော့ ဖရီဇာထဲထားတယ်။
စားခါနီးမှ မိုက်ခရိုဝေ့နဲ့ နွှေးတယ်။
ဆီစမ်းတယ်။
မြည်းမယ်ဆိုရင် သံပုရာသီးအရည်ညှစ်ပီး ပျော့နေအောင် စိမ်ထားတယ်။

 

မရမ်းသီးသုပ် သုပ်နည်း

(Credit to https://www.facebook.com/TheOneMyanmar)
——————————-

မရမ်းသီးကိုတော. မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ အများဆုံးထွက်မယ်ထင်ပါတယ်..
အချဉ်သီးနှင့် အချိုသီးရှိရာ အချဉ်သီးကိုသာ အများဆုံး သုပ်စား၊ကြော်စား၊ ထောင်းစား၊
ငပိချက်ချက်စား ကြပါတယ်ရှင်၊ ဆားရည်စိမ်ပြီး တို.စရာအဖြစ်စားသလို… အချဉ်ပေါင်းလုပ်ပြီးသရေစာအဖြစ်လဲ စားကြပါတယ်ရှင်.
ကြိုက်တဲ.လူအတွကတော. ခံတွင်းမြိုင်စေတယ်ဆိုရင်လဲ မမှားဘူးပေါ.ရှင်..
မရမ်းသီးအမှည်.ကိုလဲ သစ်သီးအဖြစ်စားသုံးနိုင်ပါတယ်..
ဒါကကျွန်မသိသလောက်ပါပဲရှင် လိုအပ်တာများရှိရင်ထပ်ဖြည်.ပေးနိုင်ပါတယ်..

ပါဝင်ပစ္စည်းများ

မရမ်းသီး (100 g)
ကြက်သွန်နီတစ်လုံး၊
မျှင်ငပိကင် (သို.) ငပိထောင်း- လက်ဖက်ဇွန်းတစ်ဇွန်း
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း – ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း – ထမင်းစာဇွန်း 1 ဇွန်း၊
ငရုပ်သီးအလှော်မုန်. – အနဲငယ်

ပြင်ဆင်နည်း

မရမ်းသီးကိုရေဆေး ထိပ်ဖြတ် နှစ်ခြမ်းခြမ်း အစေ.ထုပ်ကာပါးပါးလှီးထားပါ..
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ပါးပါးလှီးထား မရမ်းသီးကိုကြက်သွန်၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မုန်.တို.ကိုထည်.ကာသမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊..

အချဉ်မကြိုက်သူများ ပုဇွန်ခြောက်မှုန်.ပိုထည်နိုင်ပါတယ်ရှင်…
သတ်သတ်လွတ်စားသုံးသူများမြေပဲလှော်ထောင်းပိုထည်.ပြီး သုပ်စားနိုင်ပါတယ်ရှင်

Myanmar Foods & Other

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

၁) ဂေါ်ဖီထုတ်ကြော် ၂) လက်ပံခေါင်းတောချက် ၃) သရက်သီးအမှည့် ၄) ပုဇွန်ခြောက်ကြော်
၁) ဂေါ်ဖီထုတ်ကြော်
၂) လက်ပံခေါင်းတောချက်
၃) သရက်သီးအမှည့်
၄) ပုဇွန်ခြောက်ကြော် (သို့) ငပိရည်

 

၁) ဂေါ်ဖီထုတ်ကြော်
ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထား
ဆီအိုးတည် ဆီနည်းနည်းပဲထည့်
ကြက်သွန်ဖြူ ဒါးပြားရိုက်ကို ထည့်ကြော်၊
ဆား အရင်ထည့်
ပြီးမှ ဂေါ်ဖီထည့်
နည်းနည်း စိမ်းစိမ်းပျော့ပျော့ဖြစ်ချိန်မှ ကြက်ဥထည့်မွှေလိုက်တာပဲ။

 

၂) လက်ပံခေါင်း တောချက် (ခရက်ဒစ် တူ ခက်သီ)

လက်ပံခေါင်း ကို ရေနွေး နဲ့ စိမ်ထား
ကြက်သွန်ဖြူ နဲ့ ဆီ နည်းနည်း ကို ငပိ နဲ့
နနွင်း ထဲ့ပြီး ဆီသတ်
လက်ပံခေါင်းကို ဆယ်ပြီး ထဲ့
ဆား သင့်အောင် ထည့်ပြီး
ရေထဲ့တည်ထား
လက်ပံခေါင်းနူးလာရင်
ချဉ်ပေါင် ရွတ် သင့်ရုံ လက်ပံခေါင်းနဲ့
ပမာဏ ဆတုူ လောက် ထဲ့
ငါးခြောက် နည်းနည်းကို
လက်သန်းတဆစ် လောက် တုံးပြီးထဲ့
မရှိရင် ငါးနီတူ ကောင် လေးတွေ ထဲ့
ပြန်တည်ထား
အကုန် နူးပြီဆို
အရသာမြည်း
လိုတာထဲ့
ပြီးရင် မြေပဲဆံ အစိမ်းကို လုံးကွဲ ထောင်းပြီး ထဲ့
ငြုပ်သီးစိမ်းကို
အတုံးတုံးပြီး စပ်ချင် သလောက်ထဲ့
ငြုပ်သီးစိမ်း နွမ်းပြီဆို ရင်
ရေလည် ဆီလည် အသင့်လောက် ရေချန်ပြီး ချ
ဂွတ် ရှယ် လက်ပံခေါင်း တောချက် ရပြီ်

 

ဘာလချောင်ကြော် (လို့ ခေါ်မလားမသိ)၊

သူများတွေ ဘယ်လို ကြော်တုန်း တကယ် မသိဘူးးး၊ အဟီးးး

သများ အဒေါ်က အလွယ်နည်း ပြောထားလို့ ဒီလိုပဲ ကြော်တယ်။

ပုဇွန်ခြောက်တွေ ရေစိမ် ပြီး ဆယ်ထားး ကြက်သွန်ဖြူ/ နီ ရေဆေးပြီး စစ်ထားးးး ၊

အကုန်မွှေပြီး ဘလန်ဒါထဲထည့်/ဒါမှ မဟုတ် ထောင်းး ငပိနည်းနည်းကို သင့်ရုံ ရေနဲ့ဖျော်ထားး၊

အစပ်ပါချင်ရင် ငရုတ်သီး အကြော်မှုန့်ပါထည့်ဖျော်ထားလိုက်တာပဲ။

ဆီအိုးတည်ပြီး ကျက်ရင် ဆနွင်းနည်းနည်းလေး ထည့်ပြီး ပဇွန်ခြောက်/ဖြူ/နီကို ထည့်ကြော် အရောင်လှချင်ရင် အရောင်တင်မှုန့် နည်းနည်းထည့်။

ပြီးရင် ခုနက ဖျော်ထားတဲ့ ငရုတ်သီး ငပိရည်ကို ထည့်ပြီး နှံ့အောင်မွှေ ခြောက်လာတဲ့ အချိန်မှ မီးပိတ်လိုက်ရင် အိုကေသွားတာပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

၁) အာလူးကြော် ၂) ချဉ်စော်ကားသီးခြောက်နဲ့ ကြက်သားချဉ်စပ် ၃) ငါးပိထောင်း ၄) ဘုံလုံသီး အစာသွတ်
၁) အာလူးကြော်
၂) ချဉ်စော်ကားသီးခြောက်နဲ့ ကြက်သားချဉ်စပ်
၃) ငါးပိထောင်း
၄) ဘုံလုံသီး အစာသွတ်

 

၂) ကြက်ချဉ်စော်ကားသီး အရည်သောက်ဟင်း

(https://www.facebook.com/TheOneMyanmar?fref=nf)
ဒီ နည်း ကို စမ်းချက်ထားတာ စားလို့ကောင်းတယ်။

—————————————————
(Chicken with Bael dried fruits Soup)

ချဉ်စော်ကားသီးအခြောက်တွေကို ကြက်သားနဲ ့ ရောပြီး အရည်သောက်ပုံစံလေး ချက်ထားတာပါ။ မနေ ့က ညစာကတော့ ချဉ်စပ်ဟင်းရည်ကို ထမင်းပေါ် ဆမ်းပြီးနယ်၊ တဖက်ကလည်း ဇွန်းလေးနဲ ့ခပ်သောက်နဲ ့ အရသာက ရှယ်ပါပဲရှင်။
ဆီကို ပါလေကာထည့်ပြီး သောက်ဆမ်းမျိုးလေးချက်ထားတော့ အိမ်ရှင်မတွေအတွက် ဟင်းရည်တခွက် စီစဉ်ရတာ သက်သာသွားပါတယ်

ကဲကဲရဲ ့ ကြက်သားနဲ့ ချဉ်စော်ကားသီး အရည်သောက်ဟင်းချက်နည်းလေးကို share ပါမယ်ရှင်။

Ingredients:
ကြက်သား၊အရိုး ၂၅ကျပ်သား
ချဉ်စော်ကားသီးအခြောက်အဖတ် ၁ဝဖတ်
ငရုတ်သီးအစိမ်းတောင့် ၁ဝတောင့် (optional)
ငရုတ်သီးအစိမ်းမှုန် ့ အနည်းငယ်
ကြက်သွန်ဖြူ ၃မွှာ
ကြက်သွန်နီ အနေတော် ၁လုံး
ငါးငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း
ဆား အနည်းငယ်
ဆီ အနည်းငယ်
နံနံပင် အနည်းငယ်
ချင်း အနည်းငယ်
နနွင်းမှုန် ့အနည်းငယ်

Preparation Method:
၁) ချဉ်စော်ကားသီးအခြောက်တွေကို ရေစိမ်ပါ။
၂) ကြက်သား၊အရိုးတွေကို သန် ့စင်ပြီး အနေတော် ခုတ်ထစ်ပါ။
၃) ကြက်သွန်ဖြူနီနှင့် ချင်းတို ့ကို ညက်အောင်ထောင်းပါ။
၄) အိုးထဲသို ့ ကြက်သား၊ ထောင်းထားသော ကြက်သွန်အရော၊ နနွင်းမှုန် ့၊ ဆီ၊ ငရုတ်သီးအစိမ်းမှုန် ့ အနည်းငယ်တို ့ထည့်ပြီး ရောနယ်ပါ။
၅) ရေ အနည်းငယ်ထည့်ပြီး အရသာလုံးအောင် အရင်တည်ပါ။
၆) ဟင်းရည်အတွက် ရေလိုသလောက် ထည့်ပြီး ဆူအောင်တည်ပါ။
၇) တပွက်ဆူပြီဆိုလျှင် ရေစိမ်ထားသောချဉ်စော်ကားသီးအဖတ်တွေကိုပဲ ထည့်ပါ။ ၁ဝမိနစ်ခန် ့ ဆက်တည်ပါ။
၈) ရေခမ်းသွားလျှင် ရေနွေးထပ်ထည့်ပြီး ဆူအောင် ဆက်တည်ပါ။
၉) ငါးငံပြာရည်နဲ ့ ငရုတ်သီးအစိမ်းတောင့်တွေကို ထည့်ပြီး အရသာ အပေါ့အငန် ပြင်ပါ။
၁၀) မီးပိတ်ပြီး နံနံပင် ထည့်ပါ။ စားခါနီး ဟင်းရည်ကို ဆူအောင် ပြန်တည်ပါ။

ထမင်းစားမြိန်စေမယ့် ကြက်ချဉ်စော်ကားသီး သောက်ဆမ်းဟင်းရည်လေး ရပါပြီရှင်။

မူရင်း = KaeKae’s FoodPalace

 

၃) သများ ငပိထောင်းနည်း ပြောပြဦးမယ်။

ငရုတ်သီးစိမ်းကို မီးကင်ပြီး အညှာခြွေထားး – ရ တောင့်
ပုဇွန်ခြောက် အကောင်ကြီးကို ရွေးထား – ဟင်းစားဇွန်း ၂ ဇွန်း
ငပိကင်ထား – ဟင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ အခွံခွါထား – ကြက်သွန်ဖြူ ၅ မွှာ

ဆုံထဲကို ပုဇွန်ခြောက် အရင်ထည့် ညက်အောင်ထောင်း
ပြီးရင် ငရုတ်သီးစိမ်းထည့် ညက်အောင်ထောင်း
ကြက်သွန်ဖြူထည့် ညက်အောင်ထောင်း
နောက်ဆုံးမှ ငပိကို ထည့်ထောင်းလိုက်၊ ဇွန်းနဲ့ မွှေလိုက် ထောင်းလိုက် လုပ်တာ။
ပြီးရင် ဘူးထဲကို အဲဒီတိုင်းထည့်ထားတာ။

စားချင်မှ ယူပြီး ဆီစိမ်းနဲ့ သံပုရာသီးညှစ်လိုက်ရင် စားလို့ရပြီပဲ။ ၂ ရက်လောက်နဲ့ ကုန်ရင် ပြသနာမရှိ။
၂ ရက်ကြော်ရင်ကြက်သွန်ဖြူက အနံ့ နည်းနည်းထွက်တတ်လို့ စားခါနီးမှ ထည့်ထောင်းနိုင်ရင် တော့ ကောင်းသပေါ့။

 

၄)  ဗုံလုံသီးကို ဝက်သားအကြေသား မရှိလို့ ပုဇွန်ခြောက် သွတ်တာ သွတ်ရင်း ပုဇွန်ခြောက်မနိုင်လို့ နှမြောရတဲ့ ဟင်းးး

ပုဇွန်ခြောက်ကို ကြိတ်

အဲဒါကို ပဲငံပြာရည် အကြည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထားပြီးသားနဲ့ နယ်ထားး

ဗုံလုံသီးဝယ်ရုံပဲ။ ပဲလင်းမြွေသီးလို့လည်း ခေါ်တယ်လေ။ ထိပ်ပိုင်းလေးကို ဈေးသည်မသိအောင် ချိုးကြည့်။ အဟွတ်။ ဖျောက် ကနဲ့ ကျိုးမှ ဝယ်။ :mrgreenn:

ကျနော်က အခွံခွါတယ် လက်လေးလုံးလောက် စီ ပိုင်းတယ်။ ပိုင်းလုံးတွေရရော။ အဟိ။

အလယ်က အနှစ်နဲ့ အစေ့တွေ ကို ဇွန်း အသေးနဲ့ လှည့်ထုတ်ပြီး ရေဆေး စစ်ထားး၊။

ပြီးရင် အဲ့ဒီ ပိုင်းလုံး အဲ ပိုက်လုံးလိုမျိုး ထဲကို ဝက်သားကို အပြည့်သွတ်လိုက်ပြီး စီ ထားး..

ဆီကို အရင်အပူပေးပြီးတော ့ ဆီပူလာရင် ဆနွမ်းမှုန် ့ လက်သန်းဖျားလောက် လေးထည် ့မွှေပေးပါ။ပြီးရင်အဆာသွပ်ထားတဲ ့ ဗုံလုံသီးလေးတွေကို အသာလေးထည် ့ပေးပါ။

စစနှပ်ခြင်း ချောက်ကပ်ကပ် ဖြစ်နေပါလိမ် ့မယ်။ခဏကြာလာရင် ရေတွေထွက်လာပါလိမ် ့မယ်။

မမွှေပဲ အိုးကို (ဟင်းအိုးကို) အသာလှုပ်ပေးပါ။ ကျနော်ကတော့ အရည်စပ်စပ်ကြိုက်လို့ ရေလိုသလောက် ထပ်ဖြည့်တတ်တယ်။

အဲဒီ ဟင်းအရည်ကို အပေါ့အငံမြည်းပြီးရင် မီးပိတ်လို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၁) ဝက်ပုံးရည် ၂) ဘရိုကိုလီ ပြုတ် ၃) ငါးပိကောင်သေးသေးငရုတ်သီးနဲ့ကြော်

၁) ဝက်ပုံးရည် ၂) ဘရိုကိုလီ ပြုတ် ၃) ငါးပိကောင်သေးသေးငရုတ်သီးနဲ့ကြော်
၁) ဝက်ပုံးရည်
၂) ဘရိုကိုလီ ပြုတ်
၃) ငါးပိကောင်သေးသေးငရုတ်သီးနဲ့ကြော်

 

 

၁) ဝက်ပုန်းရည်

ဝက်သားကို ရေစင်အောင်ဆေးပြီး ဆား၊ငံပြာရည်၊ ပဲငံပြာရည်အကြည် တို ့နှင့်ရောနယ်
ကြက်သွန်နီ ဆီသတ်
ကြက်သွန်နီအရောင်လေးနွမ်းရင်ကြက်သွန်ဖြူ နှင့်ဂျင်းရောထောင်းထားတာကို ထည့်
အနံ ့လေးမွှေးလာရင် အရောင်တင်မှုန် ့၊ဆားအနည်းငယ် နဲ ့ဝက်သားထည့်
ဝက်သားကို သူ ့ရေလေးနဲ ့သူတစ်ရေခမ်းအောင်တည်ပြီးမှရေထပ်ထည့်ပြီး နူးအောင်တည်
ဝက်သားနူးခါနီး အချိန်လောက်မှာ ပုန်းရည်ထုတ် (၁)ထုတ်ကို ဖောက်ထည့်
ဝက်သားနူးပြီ ဆိုရင် စားလို ့ရပါပြီ။

 

၃) ငါးကွမ်းရှပ်ဆားပေါ့တုံး/ငါးရောင်ခြောက်တုံး

(ဒါလည်း နော် ခရစ်လေးရဲ့ နည်းနဲ့ကြော်ချင်လို့ စားတဲ့ဟင်း)

ငါးခြောက်၂ဝသားလောက်ကို လက်သန်းတစ်ဆစ်စာလောက်တုံး..
ရေဆေးပြီး နေပြန်ပြထား..
နေ၁နာရီလောက်ပြပြီးရင်
နနွင်း..အရသာမှုန့်ထည့်နယ်ထား..
ဆီအိုးထဲ ဆီထည့်.. ငါးခြောက် ၂ဝသားဆို..
ဆီလည်း အဲလောက်ထည့်ကွာ..
များရင်ပြန်ခပ်ထုတ်ရတာပဲကို..
နောက် ငါးခြောက်ထည့်မွှေတော့ ရေဆေးထားတော့ နည်းနည်းကြာကြာလေးမွှေကြော်..
ကိုယ်လိုချင်တဲ့အနေအထားရောက်ပြီ..
(အမာ..အပျော့) ဆိုရင် ငရုတ်သီးခွဲခြမ်းတစ်ထုတ်.
(ဒီမှာဆိုရင် ၂၀ဝတန်အထုတ်လောက်) ဖောက်ထည့်မွှေ..
မီးလျော့..ငရုတ်သီးမွှေးနံ့ထွက်ရင် မီးပိတ်…
အအေးခံ.. ကြက်သွန်နီကြော်ရယ်ဒီမိတ်နဲ့ရော..
(ကွကိုယ်ကြက်သွန်ကြော်မယ်ဆိုရင်တော့ ဟိုငါးခြောက်တွေ မကြော်ခင် ကြက်သွန်အရင်ကြော်ပြီးခပ်ထား)
သများကတော့ ကြက်သွန်ကြော်ကြိုက်လို့ များများရောတယ်.. သများအရမ်းကြိုက်.. ပဲဟင်းတွေဘာတွေနဲ့လိုက်မှလိုက်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

၁) မှိုကန်စွန်းကြော် ၂) ကြက်ဥချက် ၃) လက်ဖက်သုပ်
၁) မှိုကန်စွန်းကြော်
၂) ကြက်ဥချက်
၃) လက်ဖက်သုပ်

 

 

၁) မှိုကန်စွန်းကြော်
ဂျင်းကို မီးခြစ်ဆံချောင်းပုံလေးတွေ လှီးထား
ကြက်သွန်ဖြူဒါးပြားရိုက်
အိုးထဲ ဆီ နည်းနည်း ထည့် တည်။
ဆီပူရင် ဆား အရင် ဂျင်းနဲ့ကြက်သွန်ဖြူကို ပစ်ထည့်
ဆား အရင် ထည့် (အစိမ်းကြော် နောက်မှ ထည့်ရင် မစိမ်းပဲ ဝပ် ဝပ် သွားလို့)
ကန်စွန်းရိုးတွေ သင်ထားတာ အရင်ထည့်
ပြီးမှအရွက်တွေထည့်၊
အရမ်းမနွမ်းခင် စိမ်းစိမ်းလေးမှာ ငရုတ်သီးတောင့် ဖင်ခွဲထည့်လိုက်တာပါပဲ ညော်။

 

၂)  ကြက်ဥချက်
ဒီဥဟင်း ဖြစ်လာဖို့ ပုစွန်ခြောက်ရဲ့ အကူအညီအများကြီးလိုပါတယ်။
ပုစွန်ခြောက်ကို ကြက်သွန်ဖြူ၊ နီ နဲ့ ရောထောင်းပြီး ငရုတ်သီးခြောက်ကို ရေစိမ် ရောထောင်း ပြီး ဆီသတ်ပါတယ်။ မာဆလာ ကို ထည့်ပါတယ်။
ပြီးရင် မန်ကျည်းအနှစ် ကို ရေဖျော်ထားတာကို ဆီသတ်ထားတာ မွှေးလာရင် ငံပြာရည်နဲ့ အတူ လောင်းထည့် လိုက်ပါတယ်။
ရှဲကနဲ အသံထွက်လာပါတယ်။
အဲဒီအခါမှာ ဥ ကို ဓားမွှန်းထားတာကို ထည့်လိုက်ပါတယ်။ ဥကို အခွံမာတဲ့ထိ ကျက်အောင် ဆီပြန်ရေကျန် ထည့်ပါတယ်။
ဆီပြန်လာရင် နံနံပင်လေး အုပ်လိုက်ပါတယ်။

 

၃) လက်ဖက်သုတ်
– ပန်းကန်တစ်ခုထဲကို လက်ဖက်ထည့်
– ခရမ်းချဉ်သီးလေးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးကို ပါးပါးလှီးး ပြီး သံပုရာရည်၊ငံပြာရည်နဲ့ စိမ်ထားပါတယ်။
– ဂေါ်ဖီထုတ်လေး ပါးပါးလှီးပြီး တစ်ပုံ ပုံ၊
– ကြက်သွန်နီလေး ပါးပါးလှီးပြီး တစ်ပုံ ပုံ
– ကြက်သွန်ဖြူ အသေးအမွှာလေးတွေ တစ်ပုံ၊
– ၂ ပြန်ကြော်လေး ထည့်
– ပုဇွန်ခြောက်မှုန့်လေး ထည့်
– ဆား နဲ နဲ ထည့် ဆီလေး ဆမ်းပြီး နယ်လိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁) ပင်လယ်ငါးပြေမ ခရမ်းချဉ်သီးနဲ့ချက် ၂) ဂေါ်ဖီကြော် ၃) ပုဇွန်ချဉ်သုတ် ၄) ဝက်သားအမွကြော် ၅) ကြက်ဥအချပ်ကြော်
၁) ပင်လယ်ငါးပြေမ ခရမ်းချဉ်သီးနဲ့ချက်
၂) ဂေါ်ဖီကြော်
၃) ပုဇွန်ချဉ်သုတ်
၄) ဝက်သားအမွကြော်
၅) ကြက်ဥအချပ်ကြော်

 

 

၁) ပင်လယ်ငါးပြေမ ခရမ်းချဉ်သီးနဲ့ချက် ၂) ဂေါ်ဖီကြော် ၃) ပုဇွန်ချဉ်သုတ် ၄) ဝက်သားအမွကြော် ၅) ကြက်ဥအချပ်ကြော်

၁) ပင်လယ်ငါးပြေမ ခရမ်းချဉ်သီးနဲ့ချက်
မမနှင်း ပြောတဲ့နည်းနဲ့ ချက်တာပဲ။ အပျင်းကြီးပြီးစိတ်မရှည်တော့ ဟင်းက သိပ်မလှ။
ဘာလုပ်လိုက်တုန်းဆို
အမှန်က ကြက်သွန်ဖြူနီဂျင်း ညက်ညက်ကို ဆီသတ်ပြီးမှ ခရမ်းချဉ်သီးကို လိပ်ရမှာ။
အဲလာတွေ အကုန်း ဘလန်ဒါနဲ့လှည့်လိုက်ပြီး ဆီအိုးထဲထည့်လှိမ့်လိုက်တယ်။
ရေခန်းစပြုမှ ငါးခြောက်တုံးလေးတွေကို ထည့်ပြီးရေခန်းအောင်ဆက်မွှေလိုက်တယ်။
ပြီးမှ ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်လိုက်တာပါပဲ။
သများက ခရမ်းချဉ်သီးများသွားလို့ အနှစ်များဂျီး ထွက်လာတယ်။
ဟိ

၃) ပုဇွန်ချဉ်သုတ်
ပထမဆုံး အကြိမ်သုပ်တုန်းက ဆီချက် ငရုတ်သီးကြော်မှုန့်နဲ့ သုပ်ပြီး ဆီတွေ များလို့ ခု ဒုတိယအကြိမ်သုပ်တဲ့ ပုံလေးကိုပဲ သုံးလိုက်ပြီ။
ပုစွန်ချဉ်ကို သေးသေးလေးတွေ တုံး
ကြက်သွန် ဖြူနီ ပါးပါးလှီး
ဒီတစ်ခါတော့ ငရုတ်သီးစိမ်းပါးပါးလှီးကို ပဲထည့်တယ်။
အပေါ့အငံထည့်ပြီး ဆီစိမ်းပဲဆမ်းလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၁) ပဲသီးကြော် ၂) အာဗြဲခြောက်ငရုတ်သီးကြော် ၃) ချဉ်စော်ကားခြောက် ဟင်းရည် ၄) ငါးခူ မလေးရှားချက်

၁) ပဲသီးကြော် ၂) အာဗြဲခြောက်ငရုတ်သီးကြော် ၃) ချဉ်စော်ကားခြောက် ဟင်းရည် ၄) ငါးခူ မလေးရှားချက်
၁) ပဲသီးကြော်
၂) အာဗြဲခြောက်ငရုတ်သီးကြော်
၃) ချဉ်စော်ကားခြောက် ဟင်းရည်
၄) ငါးခူ မလေးရှားချက်

 

၂) အာဗြဲခြောက်ငရုတ်သီးကြော်
ဆီအိုးထဲကို အာပြဲခြောက်တွေ ထည့်ပြီး ကျွပ်နေအောင် ကြော်။
ပြီးရင် ဆယ်ထားး၊
ကြက်သွန်ဖြူ /နီ ကို ဘလန်ဒါနဲ့ ကြေနေအောင် မွှေထားတာကို ထည့် ဆီသတ်။
မွှေးလာမှ ငါးခြောက်ကြော်ကို ထည့် နှံ့အောင် မွှေ။
မီးဖိုပေါ်က ချခါနီးမှ ငရုတ်သီး ခွဲခြမ်းကို ထည့် ကြော်လိုက်တာပဲ။
ငရုတ်သီး မတူးခင် မီးပိတ်ပြီး ပန်းကန်ထဲထည့်လိုက်ပါ။

၄) ငါးခူ မလေးရှားချက်
ငါးခူကို ရှာလကာရည်နဲ့ ဆေးပြီး တုံးထား၊ ဆားဆနွင်းနယ်ထား
စပါလင် ၂ ပင်ကို အထုံးထုံးထား
ဂျင်းရယ်၊ ပဒဲကောရယ် ငရုတ်သီးခြောက်ရေစိမ်ပြီးသားရယ် ကြက်သွန်ဖြူနီ ရယ်ကို ရောကြိတ်ထားတာကို ဆီသတ်
စပါးလင်အထုံးထည့် ပြီးရင် ငါးထည့်ပြီး ရေထွက်လာအောင်စောင့်။
အရမ်းမမွှေပဲ ငါးကျက်ပြီဆိုရင် ရှောက်ရွက်ခတ်ပြီး ဆီပြန်ရေကျန်မှာ စားလို့ရပါပြီ။

42 comments

  • ဦးကျောက်ခဲ

    March 9, 2015 at 10:13 am

    ဟီ ဟိ ဘေးကင်းရန်ကွာ မငြင်းရတဲ့ ထမင်းဆိုင်ပဲမန့်တော့မယ်…
    လက်ပံခြောက်ကို အလွန်စားချင်နေတာ ၊ ရွာပြန်ရင်သယ်မယ် …
    အမဲအရွတ်နဲ့ လက်ပံခေါင်းချက်ရင် အလွန်စားကောင်း…
    မြေအိုးမြီးရှည်ထဲ ပြုတ်ထည့်ပြီးစား … ရှလွတ်စ် ရှလွတ်စ်…
    :k:

    • ခင်ဇော်

      March 9, 2015 at 10:15 am

      အဟီးဟီးး
      ဟုတ်တယ်။
      ကွကိုယ် အစားစားလိုက် ဓာတ်ပုံလေးရိုက်လိုက်က ကောင်းမယ်။
      :mrgreenn:

      အမဲသားမစားလို့ ဗျ။
      ဟိ။
      ၁ဝ ရက်နေ့ကို မရမ်းသီး ရောက်မယ်။
      ချက်နည်းလေးတွေ ပေးကြပါအူးးး

      :k:

      • pooch

        March 9, 2015 at 12:16 pm

        မရမ်းသီး ဆားရည်စိမ်ပြီး အမှုန့်နဲ့တို့စားရတာ ပိုကြိုက်တယ်
        ငယ်ငယ်ကနေခဲ့တဲ့ တောင်ငူအိမ်ကြီးမှာ သူ့ရာသီရောက်ရင် ခြံထဲက အပင်တွေ ပုတ်ပြတ်လာခူးကြတာ လွမ်းတာ

        ဒီမှာတော့ မားသားကြီးက ထောင်းကျွေးတယ် ကြော်ကျွေးတယ် တခါတလေလည်း သုပ်တယ် ကြက်သွန်နီနဲ့
        ဘယ်လိုပဲ စားရစားရပါ စားရဖို့က အဓိက ကိုယ်မချက်ရပြီးရော :mrgreenn:

        ဆွိကိုရမဲ့သူ တော့ ကံကောင်းတယ် အစပ်ဟပ်တည့်ပြီး ချက်တက်လို့ :mrgreenn:

        • ခင်ဇော်

          March 9, 2015 at 12:25 pm

          နောက်တစ်ပတ်မှ မရန်းသီး စုံလင် ချက်မို့။
          နက်ဖြန် မရမ်းသီးတွေ ရောက်မှာ ဆိုတော့။
          ဟိ။
          ရတဲ့ သူ ကံဆိုးမှာ။
          ဟင်းစပ်ပေးပြီး ချက်ခိုင်းမှာမို့။
          ဟိ :mrgreenn:

  • Kaung Kin Pyar

    March 9, 2015 at 10:26 am

    ဒီပိုစ့်ဖတ်ပြီး…လာမယ့် ပိတ်ရက်အတွက်တော့ မီးဖိုချောင်ထဲ ဝင်ရှုပ်လို့ရပြီ….
    :k:
    မရမ်းသီးသုပ်နဲ့ ဝက်ပုန်းရည်ဟင်း ချက်မယ်…။ အရည်သောက်ဟင်း တစ်မျိုးမျိုးနဲ့…..
    ရှလွတ်..!!!!

    • ခင်ဇော်

      March 9, 2015 at 11:40 am

      ဘူ့မှ မပြောနဲ့ တိယားး
      ဒီလို တပတ်စာ ရဖို့ တစ်လလောက်ချက်ပြီးမှ သင့်ရာနဲ့ တွဲရတာရယ်။
      ဟိ။

      :k:

  • black chaw

    March 9, 2015 at 10:27 am

    ပုဇွန်ချဉ်သုတ်က ဝါးခယ်မ ပုဇွန်ချဉ်သုတ် မဟုတ်ရင်
    လုံးဝ မစားဘူးနော်…။
    ပုဇွန်ချဉ်သုတ်ရယ်…၊ ဝက်ပုန်းရည် ရယ်…၊
    ကြက်ချဉ်စော်ကားသီး အရည်သောက်လေးရယ်…၊
    ငါးဂျီးကျပ်တိုက် အစပ်လေးရယ်…။
    လောက်နဲ့ဆို စားလို့ ဖြစ်ပါပြီ…။
    သိတ်ကိန်းခန်း မကြီးပါဘူး…။
    ဘီယာလေးပါ ထည့်ပေးမယ်ဆိုရင်တော့
    ပြီးပြည့်စုံသော ထမင်းပွဲလေး ဖြစ်သွားပြီပေါ့ကွယ်…။

    • ခင်ဇော်

      March 9, 2015 at 11:42 am

      ဂယ်ပါ။
      စားဖူးသမျှ ထဲ ဝါးခယ်မ ပုဇွန်ချဉ်နဲ့ ငါးခြောက်ကိုတော့ အတော်စွဲတယ်။
      တိယားးး
      နောက်ခါဆို ဘီယာနဲ့ မြည်းဖို့ ငါးခြောက်လေးကို ဘိုလိုလုပ်ရမလဲ သိသွားပြီ။
      တညင် က အနော့ အိမ်ရှင်မ ကို ပူစာလိုက်မယ် တိယားးးး

      :k:

  • ဦးကြောင်ကြီး

    March 9, 2015 at 10:29 am

    ပန်းသေးခေါက်ဆွဲကြော် ချက်နည်းလေး လုပ်ပါဦး ဝီဂါမွတ်ခင်ဇော်…။
    ကင်းကောင်ပြာကိုလည်း ပေါလိုက်ပါ… ဝက်တားစားပီးယဉ် ဦးကြောင် အိတ်ချဉ်သမို့ တွေ့လျင် အယင်လို သွက်မြည်မထိန်..လို့စ်။

    • ခင်ဇော်

      March 9, 2015 at 11:43 am

      အနော် ရှလွတ်ခန်း နဲ့ ယူပြီးမှ မွတ်ဟင်းတွေ ချက်ပြပါရဇီ ဥကြောင်

      :kwi:

  • Kaung Kin Pyar

    March 9, 2015 at 11:11 am

    &^%$&*(%$@%^&()*&^$#^&*(%##@%$^%*^*&)&)(

  • naywoon ni

    March 9, 2015 at 11:41 am

    ​မေ​မေ ×× အ​ခြောက်​​တွေ သားမကြိုက်​ဖူး ​မေ​မေ
    လည်​​ချောင်​းထဲ မျိုမကျ​အောင်​ မလုပ်​နဲ့ ××× ​မေ​မေ

    • ခင်ဇော်

      March 9, 2015 at 11:45 am

      ခက်တယ် ဥနီရယ်။
      အခြောက်က မှ မြည်းလို့ ကောင်းသကွဲ့!!

      :kwi:

      • ကူမားရ်

        March 10, 2015 at 9:50 am

        တောက်စ်!!!

        • ခင်ဇော်

          March 10, 2015 at 9:54 am

          အမြည်းခံဖူးတယ်နဲ့ တူတယ်

          :kwi:

  • မွသဲ ( 17082011 )

    March 9, 2015 at 11:44 am

    သနားလိုက်တာဟယ် ချွိချွိခြောက်ခြောက်ထမင်းဆိုင်လေး။ ယောက်ခမွက ငါးကျဉ်းခြောက်ကြော်ရင် မန်ကျည်းသီး အစိမ်းအခွံကျွတ်တဲ့အချိန်ကြော်တယ်။ ငါးကျည်းခြောက်ကိုရေစိမ်။ အဖတ်ကြီးကြီးခွာထား။ ကြက်သွန်ဖြူနီဆီသပ်။ ခရမ်းချဉ်သီးကြေအောင်ထည့်သတ် ပြီးရင် မန်ကျည်းမှည့်အစိမ်းအခွံချွတ်အတောင့်လိုက်ထည့် ဆီပြန်ရင် ငါးကျည်းခြောက်ထည့် ရှလွတ်

    • ခင်ဇော်

      March 9, 2015 at 11:47 am

      အီးးးးဟီးဟီးးး
      သများမယ် အချိန်မရှိလို့
      ငါးကျည်းခြောက်ကို အကောင်လိုက် ကြော်ပြီး စားရင်းမှ ခွါစားရတဲ့ ဘွ။
      😥
      အာ့လည်း အကုန်ကုန်တာပဲ။
      :mrgreenn:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 9, 2015 at 11:51 am

    ယွံဇာ​အေ

    • ခင်ဇော်

      March 9, 2015 at 11:58 am

      ညည်းက သူများစားစရာ ကို ရွံစရာ မြင်တော့ သေချာပြီ။
      သူများ ရွံစရာမြင်တာကို စားချင်မဲ့ သူ ဖြစ်မှာပဲ။

      :kwi:

    • ခင်ဇော်

      March 9, 2015 at 12:09 pm

      ချက်ရတာတော့ မသက်သာ။
      မချက်ခင် ဟိုလိုက်မေး ဒီလိုက်ရှာ။

      :k:

  • Mike

    March 9, 2015 at 1:26 pm

    .ကျုပ်လည်း ဟင်းမျိုးစုံချက်တတ်သဗျ…ခုမိန်းမရပီးမှပျင်းသွားတာ
    .သူများချက်ကျွေးတာပဲစားတတ်တော့တယ် ..ရှလွတ် :k:

    • ခင်ဇော်

      March 9, 2015 at 2:17 pm

      ဟယ်။
      အရည်အချင်းတွေ နှမြောစရာ

      :k:

  • Mr. MarGa

    March 9, 2015 at 2:03 pm

    သရက်သီးကလေ
    အမှည့်တွေ ပေါ်ပလား
    ခုထိ သရက်သီးမှည့် မစားရသေးလို့
    ရှလွတ်….

    • ခင်ဇော်

      March 9, 2015 at 2:15 pm

      ဒီမှာတော့ ယိုးဒယားသီးတွေ ရတယ်။
      တစ်လုံး ၂ ဒေါ်လှ။

      😥

  • kai

    March 9, 2015 at 3:29 pm

    တေးထားတယ်… တေးထားပါတယ်..။
    ယူအက်စ်ကသူတွေ.. သွားရေတမြားမြားဖြစ်ပြီး.. မစားရမှာတွေ….။ :k:
    ဒီတခါတွေက.. ယူအက်စ်မှာ.. ရွှေထက်ရှားတွေတာချည်း…။
    အထူးသဖြင့်.. အဲဒီအခြောက်အခြမ်းတွေ..။

    တလောကများ.. ငါးကျည်းကျပ်တိုက်လေး ရထားပါတယ်..။
    သမီးပိပိကပါ.. ဒီလောက်နံတူးနေတာကို.. ကြိုက်ကြိုက်ဖြစ်ပြီး.. ဝင်ဝင်ဆွမ်းကြီးလောင်းတော့ကာ… ဖွက်လို့မရ..ပြုလို့မရ.. ၂ရက်လောက်နဲ့ ရှိတာအကုန် ပြောင်ပါရောလား..
    အနိစ္စ.. အမြဲကို.. မရှိ..။ :i:

    • ခင်ဇော်

      March 9, 2015 at 3:32 pm

      ညင်းညင်း
      သိနေတယ်လေ။
      ဘာတွေ တေးထားတာတုန်းတော့ မသိ။
      ခိခိ။
      သများတောင် နည်းမျိုးစုံသုံးပြီး စု ပြီး သယ်လာရတာ။
      ဟိ။
      :mrgreen:

      • kai

        March 9, 2015 at 3:50 pm

        “တေး”ထားတယ်ဆိုတာ.. “မှတ်”ထားတာကိုပြောတာပါ..။
        နောက်လအတွက်လေ..။

  • Crystalline

    March 9, 2015 at 4:29 pm

    မရမ်းသီးသုတ်လေး သရေ… ဝက်ပုန်းလေးစားချင်…. ကြက်ချဉ်စော်ကားလေးရယ်… စားချင်တာတွေများ…
    တီဒုံ့ ဝါးခယ်မပုဇွန်ချဉ်ကတော့ တကယ့်ရှယ်… လက်ဆောင်ယူသွားပေးတာအရမ်းကြိုက်ကြတယ်… လက်ပံပွင့်လှလှလေးတွေကို…မဲမဲကြီးဖြစ်သွားအောင် ချက်ထားတဲ့ဟင်းလေးလည်း..စားချင်တယ်… :))

    • ခင်ဇော်

      March 9, 2015 at 4:34 pm

      လက်ပံပွင့်ဟုတ်ဘူးးး
      လက်ပံခေါင်းပါဆို။
      ဟွန့်
      :mrgreenn:

  • Alinsett@Maung Thura

    March 10, 2015 at 8:42 am

    မိန်းမလျာလောကသားတို့ အကြိုက်ပဲ ထင်ရဲ့
    ဂ ွိ
    :k:

    သားသားကတော့ ငါးရံ့ဂျောက်က လွဲရင် သိပ်မကြိုက်
    ပင်လယ်ထဲ နေဖူးတဲ့ ငါးနှစ်ကျော်အတွင်းးး ပင်လယ်ဘက်က ငါးခြောက်ငါးခြမ်းတွေကို တမုန်းစားပြီး
    တမုန်း မုန်းသွားသမို့. . .

    :kwi:

    • ခင်ဇော်

      March 10, 2015 at 10:59 am

      ဒီဘက်မှာတော့ အထားခံတာ အခြောက်တွေပဲကိုးး ဆက်ဆက်ရဲ့

      :kwi:

  • Wow

    March 10, 2015 at 9:39 am

    အခြောက်တက အခြောက်ထဲမယ် လက်ပံခေါင်းခြောက်ကိုတော့ မစားဖူးလို ဘယ်လိုမှကို သရေမကျ :mrgreen:

    • ကူမားရ်

      March 10, 2015 at 9:52 am

      ကျန်တဲ့ အခြောက်တွေတော့ မြည်းစမ်းဘူးတဲ့သဘောပဲ ..ခိခိ

      • Wow

        March 10, 2015 at 10:00 am

        ငါးကျဉ်းခြောက် တို့ဘာတို့ ပေါပါဒယ် :mrgreen:

    • ခင်ဇော်

      March 10, 2015 at 9:58 am

      စားဖူးရင် နိ ဟို အခြောက်ကြီး ပါမေ့သွားမယ်

      :mrgreen:

  • Ma Ma

    March 10, 2015 at 9:45 am

    အခြောက်အခြမ်းလေးတွေကို ချွေတာပြီး စပ်ဟပ်ချက်ထားရလို့ပဲနော်။ :))

    ဒီပိုစ့်ကိုဖတ်ပြီး စိတ်ကူးပေါ်လာတာက……………
    နော်ခရစ်လေးကို ငါးခြောက်ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းရမယ်။။ :kwi:

    • ခင်ဇော်

      March 10, 2015 at 9:55 am

      ခွစ် ရဲ့ ငါးခြောက်ပို့(စ) က ပိုကောင်းသေးတယ် ချစ်မ

      :k:

  • မြစပဲရိုး

    March 11, 2015 at 5:24 am

    တရုတ် ဟင်း များလားလို့ အေ။ lol:-)))
    တစ်ခါတစ်ခါ အခြောက်လေး တွေ (ဟင်း) နဲ့ စားရတာ အတော်လေး ထမင်း မြိန်တယ်။
    ဒီမှာ အာလူးကြော်၊ ထမင်းသုတ် ကတော့ မငတ်ပါဘူး။
    ကျန်တာ တွေ သာ မစားရတာ။
    ပုဇွန်ခြောက် တစ်ထုတ် လက်ဆောင်ရထားတာ ထောင်းထု နေရတာ ပျင်းလို့ ဒီအတိုင်း ရေခဲအိမ် ထဲ ထည့်ထားတာ နှစ်ချို့တော့မယ်။

    • ခင်ဇော်

      March 11, 2015 at 6:18 am

      ပုဇွန်ခြောက်က ဖရီဇာ ထဲသာထားးး
      နှစ်ပေါက်အောင် ထားးလို့ရ
      :k:

  • တောင်ပေါ်သား

    March 11, 2015 at 1:39 pm

    ပင်လယ်ငါးပြေမဆိုတာ ခုမှကြားဘူးတယ်

    ဘယ်လိုပုံပါလိမ့်

Leave a Reply