Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Professionalism

Zaw ThantMarch 11, 20151min131841

.. အခုဖြစ်နေတာတွေကြည့်ပြီးProfessionalism ဆိုတာကိုတွေးကြည့်မိတယ်.. အခုဆန္ဒပြမှုကို ကိုင်တွယ်တဲ့သူတွေ Professional ကျကျကိုင်တွယ်ရဲ့လား.. လက်ရှိ စစ်တပ်ဟာProfessional ဖြစ်ရဲ့လား.. အစိုးရ၊ ဝန်ကြီးများ ကိုယ်တိုင်ကကော နိုင်ငံ့ရေးရာတွေမှာProfessional ဖြစ်ရဲ့လား.. ကိုယ်ကိုတိုင်ကော ကိုယ့်အလုပ်မှာ Professionalism ဘောင်အတွင်းဝင်ရဲ့လား..

..Professionalism ဆိုတာကို မြန်မာလို ဘယ်လို အတိအကျပြန်ရမလဲ မသိဘူး.. Professional ဘောလုံးသမားကိုကြေးစားဘောလုံးသမားဆိုတာက အဆင်ပြေပေမယ့် တခြားနေရာတွေကြတော့ ကြေးစားလို့ ပြန်ရတာသိပ်မနိပ်ဘူး.. (ကြေးစား ဆရာဝန်၊ ကြေးစားအင်ဂျင်နီယာ၊ ကြေးစားစစ်သား တခုမှ နားထောင်လို့အဆင်မပြေဘူး)..

.. ဒါနဲ့ပဲ အင်တာနက်ပေါ်ရှာကြည့်တော့ စကားလုံးတစ်လုံးထဲနဲ့အဓိပါယ်ပြန်ဖို့ ပိုခက်သွားတယ်.. ဒါပေမယ့် ဖတ်ရတာ အကျိုးရှိလို့ ပြန်ရှယ်ပါတယ်..

.. နည်းနည်းကြားဖြတ်ပြောဖို့ရှိတာက အခုချိန်မှာ စစ်တပ်၊ ရဲစတဲ့ အစိုးရလက်ကိုင်တုတ်များကို လူအများမုန်းတီးကြပေမယ့် မုန်းလွန်းလို့ဆိုပြီး အဖွဲ့အစည်းတစ်ခုလုံးကိုဖျက်သိမ်းပစ်လို့ မရပါဘူး.. အားနည်းသွားအောင်လုပ်လို့ မသင့်ပါဘူး.. ဒီလူတွေအကုန်ထွက်နောက်အသစ်တွေနဲ့ အစားထိုးဖို့ မဖြစ်နိုင်ပါဘူး.. ဦးသိန်းစိန် အစိုးရပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရပဲဖြစ်ဖြစ် ဒီအဖွဲအစည်းတွေ ရှိနေမှာ ဖြစ်တဲ့ အတွက် လူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့ အဖွဲ့အစည်းတွေမှာProfessional ကြဖို့ကအမြဲ အရေးနေဦးမှာပါ (ယုံကြည်ရတဲ့ အစိုးရကိုင်တွယ်တဲ့ အချိန်မှာ conflict တွေနည်းသွားမှာကသပ်သပ်ပါ)..

.. ပြန်ဆက်ရရင်Professionalism အတွက်လိုအပ်ချက်တွေက

၁. SpecializedKnowledge

.. ပြောစရာသိပ်မလိုပါဘူး..ကိုယ်လုပ်နေတဲ့ အလုပ်အကြောင်း ကောင်းကောင်းသိထားရမယ်ပေါ့.. တချို့အလုပ်တွေအတွက် ဘွဲ့တွေထောက်ခံချက်တွေလိုပေမယ့် တချို့အလုပ်တွေကျတော့ လည်း အဲ့လို စာရွက်အထောက်အထားတွေ သိပ်မလိုပါဘူးတဲ့..အဓိက ကတော့ အမြဲ up-to-date ဖြစ်ဖို့တော့လိုမယ်.. ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးလုပ်နိုင်မယ့် အသိရှိနေရမယ်ပေါ့.. မြန်မာနိုင်ငံ သမ္မတ ဖြစ်မဲ့လူဟာစစ်ရေးအမြင်ရှိရမယ် ဆိုတော့ ဘယ်လို ကြီး တုန်း စစ်သင်တန်းဆင်းလက်မှတ်ပါဖို့အထိလိုသလား..စစ်ရေးအမြင်ရှိရမယ်ဆိုတော့ ကျန်တဲ့ စီးပွားရေးအမြင်တို့ဘာတို့ကော.. စသည်ဖြင့်စဉ်းစားစရာ..

 

၂. Competency

.. လိုအပ်တဲ့အရည်အချင်းပြည့်နေရမယ်.. ကိုယ်လုပ်ရမယ့် အလုပ်ကို အောင်မြင်အောင်လုပ်နိုင်စွမ်းရှိရမယ်၊အခက်အခဲပေါ်လာရင်လည်း ကျော်လွှားနိုင်ရမယ်ပေါ့.. Professionals don’t make excuses,but focus on finding solutions တဲ့.. စစ်သားဆို စစ်တိုက်ရမယ်၊ အငတ်ခံနိုင်ရမယ်၊ အသေခံရဲရမယ်..ဆရာဝန်ဆို အိပ်ရေးပျက်ခံနိုင်ရမယ် ကိုယ်ပိုင်အချိန်အပဲ့ ခံနိုင်ရမယ်၊ စိတ်ရှည်ရမယ်..customer service လုပ်တဲ့ လူများ သည်းခံနိုင်ရမယ်၊ စိတ်တိုလို့မရဘူး၊ သိပ်ခံစားနေလို့မရဘူး..ရဲတွေလည်း အပင်းပန်းခံနိုင်ရတယ်၊ အရိုက်ခံရတယ်၊ အမုန်းခံရမယ် စသည်ဖြင့်ပေါ့.. ဘယ်သူမှသိပ်ညည်းနေလို့ မရဘူး.. ရအောင်ကျော်လွှားပြီး လုပ်နိုင်ရမယ့်သဘော.. ဆက်မပြောတော့ပါဘူး(ပြောရင်းနဲ့ ကိုယ်ပဲ အမုန်းခံရလိမ့်မယ်)

 

၃. Honestyand Integrity

.. ပိုခက်လာပြီ.. ရိုးသား ဖြောင့်မတ် ရမတဲ့.. ဒီခေတ်နဲ့တော့..ထားပါတော့ ရေးထားတာကတော့ ရိုးသားရမယ် ယုံကြည်ထိုက်တဲ့ လူဖြစ်ရမယ်၊ စကားတည်ရမယ် တဲ့..အစိုးရများ၊ ဝန်ကြီးများကို ချိန်ထိုးကြည့်လို့ကောင်းပါတယ်.. နောက်ပြီး ကိုယ်မတတ်နိုင်ရင်မတတ်နိုင်တဲ့ အကြောင်း ဝန်ခံရမယ်.. တတ်နိုင်တဲ့လူကို ဆက်လွှဲရမယ်.. စေတနာအမှားပါဆိုပြီးလုပ်လို့မရဘူး..

 

၄. Accountability

.. ပိုပိုပြီးခက်လာပြီ.. တာဝန်ခံနိုင်ရမယ်တဲ့.. ကိုယ့်စကား၊ကိုယ့်အပြုအမူ၊ ကိုယ့်အမှားအတွက် တာဝန်ခံနိုင်ရမယ်.. ဒီလိုတာဝန်ခံနိုင်ဖို့ အပေါ်က Honestyand Integrity လိုပါသတဲ့.. ဥပမာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ ပေါက်ကရလူတွေ လက်ပါတ်ဝတ်ပြီးလုပ်ခိုင်းတာ ဘယ်သူတုန်း.. သမ္မတကြီးလား၊ ပြည်ထဲရေးဝန်ကြီးလား၊ ရဲဘက်ကလား၊ ဖြစ်လာတဲ့ကိစ္စတွေကို ဘယ်သူကတာဝန်ယူမှာတုန်း.. ဘယ်သူကလုပ်ခိုင်းမှန်းမသိ ဖေ့ဘွတ်ဝန်ကြီး နှစ်ယောက်ကပဲဒိုင်ခံဖြေရှင်းနေတာ မဟုတ်သေးဘူး.. ကိုယ်လုပ်တာ မမှားဘူးလို့ယူဆရင်တောင် ဘာကြောင့်လုပ်ခိုင်းတယ်ဘယ်လိုတာဝန်ယူတယ်ဆိုတာ ပြောနိုင်ရမယ် (ဂျပန်ဝန်ကြီးတွေလို နုတ်ထွက်ဖို့ အထိမပြောပါဘူး)..

 

၅. Self-Regulation

.. ပိုပိုပိုပြီးခက်လာပြီ.. မိမိခံစားချက် အပြုအမူကို ထိန်းနိုင်ရမယ်..customer service လုပ်တဲ့နေရာမှာ ဒေါသထွက်နေတဲ့ customer နဲ့ အပြိုင် ဒေါသထွက်လို့မရပါဘူး.. အိမ်မှာစိတ်တိုလာတဲ့ ဆရာမ ကျောင်းက ကလေးတွေဆီမှာ ပေါက်ကွဲလို့ မရပါဘူး..ဒေါသကြီး ရန်ရှာနေတဲ့ လူအုပ်ကြီးကို ထိန်းမယ့် လုံခြုံရေးရဲ အဖွဲ့ဝင်များလည်း အပြိုင်ဒေါသထွက်နေလို့ပေါက်ကွဲလို့ မရပါဘူး.. လက်နက်ကိုင်စစ်သားတွေ ရှေ့တန်းရောက်တဲ့ အချိန် ဥပဒေအားနည်းတဲ့တိုင်းရင်းသားကျေးရွာတွေမှာ အနိုင်ကျင့်ဗိုလ်ကျမူတွေ မရှိအောင်လည်း ဒီ Self-Regulationလိုပါတယ်.. အခုနောက်ဆုံးဖြစ်တဲ့ ရဲ – ကျောင်းသားပြဿနာ မှာ ရဲ တွေဖက်က Self-Regulationအားနည်းတာတွေ့ရပါတယ်.. ရှေ့လျောက်လာဖို့ရှိပါသေးတယ်.. ဘောလုံးပွဲလူရမ်းကား၊ လယ်သမား၊အလုပ်သမတွေ၊ ကျူးကျော်တွေ၊ ပုံစံအမျိုးမျိုးကို ကိုင်တွယ်ရဦးမှာပါ.. သဘောကောင်းတဲ့ရဲက သဘောကောင်းသလို စိတ်တိုလွယ်တဲ့ ရဲက စိတ်တိုသလိုလုပ်လို့ မရပါဘူး.. lawenforcer တွေအနေနဲ့ Self-Regulation ပိုအရေးကြီးပါတယ်.. ဆန္ဒပြတဲ့လူတွေကတော့ တရားဝင်စနစ်တကျဖွဲ့စည်းထားတာမဟုတ်တဲ့ အတွက် Self-Regulation တွေပါတွေရှိမှာမဟုတ်ပါဘူး.. ပစ္စည်းနဲ့ပေါက်တာ ထုတာတွေပါမှာပဲ.. ဒါကိုကိုင်တွယ်ဖို့ law enforcer တွေက Competency ရှိဖို့လည်းပါတယ်..

 

၆. Image

..ကိုယ့်ပုံရိပ်အတွက် သင့်တော်တဲ့ ဝတ်စားဆင်ယင်မူ၊ အပြုအမူလိုပါတယ်တဲ့..လွှတ်တော်ထဲ ငိုက်နေတဲ့ အမတ်များ တွေ့ရရင် ကိုယ်စိတ်ထဲ ဘယ်လိုများအားကိုးချင်စိတ်ရှိမလဲ..

 

အဲ့တော့ နောက်ဆုံး ဒီ Professionalism ဆိုတာနဲ့ ကြည့်လိုက်တော့

အစိုးရလည်းအားနည်းနေတာပဲ

စစ်တပ်လည်းအားနည်းနေတာပဲ

ရဲ တွေလည်းအားနည်းနေတာပဲ

တခြား Professional တွေလည်းအားနည်းနေဆဲပဲ

ကိုယ်ကိုတိုင်လည်းအားနည်းနေဆဲပဲ…

 

.. အားနည်းနေတယ် ဆိုတာနဲ့ တင်မရပ်ပဲ အားဖြည့်ဖို့လည်းလိုတာပဲ..အခု ရဲတပ်ဖွဲ့တွေဆို EU ကသင်တန်းတွေဘာတွေလာပေးတယ်ဆိုတာလည်းအမှန်တော့ ကောင်းပါတယ်.. ဒါပေမယ့် လွဲတော့လွဲနေသေးတယ်………..

KZT

41 comments

  • ခင်ဇော်

    March 11, 2015 at 4:02 pm

    စစ်သား စစ်တိုက်ရင်းသေတာ ငိုပြတတ်ရမယ်။
    အမတ် အိပ်ငိုက်တာ လစာ ၁ဝ သိန်း တိုးမယ်။
    ဘာလာလာရှောင်ပြေးတဲ့ တမဒ က သိန်း ၅ဝ လစာ မလောက်ဘူး ညည်းတယ်။

    တော်ပါပြီလေ။
    ဆက်မပြောတော့ပါဘု။

    :g:

    အရှုပ်တော်ပုံ အောင်ရမီ။

    :mrgreen:

    • Mr. MarGa

      March 11, 2015 at 4:07 pm

      ရှင်းနေရင် ပြန်ရှုပ်
      ရှုပ်တာကို ပြန်ရှင်းရင်း ထပ်ရှုပ်
      :k:

    • Zaw Thant

      March 11, 2015 at 4:13 pm

      .. ဖောရိမ်းမှာ အလုပ်လုပ်နေသူများလည်း ဗမာအစားအသောက်လွမ်းသလေး ဘာလေးမညည်းနဲ့နော်..

      • ခင်ဇော်

        March 11, 2015 at 4:21 pm

        သူ့ ကို ပဲ ပလာတာလေး သယ်ခိုင်းမိပါတယ်။
        နာ့ ကို ပလော်ဖစ်ချင်နယ် မပီသဝူး ပြောတယ်ညော်။

        :k:

  • Mr. MarGa

    March 11, 2015 at 4:06 pm

    Professional ဖြစ်ဖို့ ချက်ချင်းလက်ငင်း လုပ်ယူလို့မရ
    Professional ဆိုတာ လွယ်လွယ်နဲ့လည်း ဖြစ်မလာ
    Professional တွေ ပိုများလာဖို့ဆိုတာ…
    စောင့်ရဦးမှာ……

    တစ်လက်စတည်း ကဖက်ကတ်ရဲ့ ပို့စ်လေးပါ တွဲဖတ်ဖို့ ထည့်လိုက်တယ်ဗျာ
    Professional နှင့် Personal တဲ့

    • Zaw Thant

      March 11, 2015 at 4:19 pm

      .. Professional ဖြစ်အောင် train ဖို့က ဘက်ဂျက်ကလိုသေးတယ်.. ဆိုတော့ ရဲသားများအတွက် နိုင်ငံတော် ဘက်ဂျက် ၂၀% သုံးဖို့ အချက် အခုချိန် တောင်းဆိုရအောင်ဗျာ.. Mr. MarGa ကလမ်းပေါ်ထွက်တောင်းဆို ကျွန်တော်က နောက်ကွယ်က ဝန်းရံပါမယ်.. 😀

      • ခင်ဇော်

        March 11, 2015 at 4:22 pm

        တွေ့လား တွေ့လားး..!!!
        တို့ အမျိုးက ကြိုးကိုင် တို့ မြှောက်ပေးတို့ မှာ ပလော်ဖစ်ရှင်နယ် ပါဆို..

        :mrgreen:

      • Mr. MarGa

        March 11, 2015 at 5:15 pm

        သေချာတယ်ဗျ
        ရဲသားနဲ့ စစ်သားအတွက် ဆိုရင် သိပ် ရှော့မရှိနိုင်ဘူး
        :mrgreenn:

    • Zaw Thant

      March 11, 2015 at 4:23 pm

      .. ကျေးဇူးဗျ.. ကို အလင်းဆက်ရေ..

  • kai

    March 11, 2015 at 5:01 pm

    professional ကို ဗမာတွေ”ကြေးစား” လို့ပြန်တာ.. ကြေးစားမိန်းမနဲ့ရောပြီး.. အဆင့်နိမ့်သွားသမို့.. ကျုပ်တော့.. ပရိုဖက်ရှင်နယ်.. (အတို- ပရို)လို့ပဲမွေးစားရေးချင်သဗျ..။

    ဒီရွာထဲ.. ခဏခဏရေးဖူးကြတယ်မှတ်ပါတယ်..။
    ဆိုတော့…
    ကျုပ်အယူအဆတခုကတော့.. ပရိုဆိုသည်မှာ.. ဆိုင်ရာဘာသာရပ်.. အတတ် တခုခုတွင်..၂နှစ်(ကောလိပ်ဘွဲ့တခုစာအချိန်) (သို့). ၄နှစ်(တက္ကသိုလ်ပညာရေးဘွဲတခုယူစာအချိန် )ခက်မနည်းတောက်လျှောက်လုပ်ကိုင်နေ၍.. ထိုအလုပ်..အတတ်မှ.. ထမင်းစားရပ်တည်၍ရသော ဝင်ငွေတခုရသောသူကို.. ဆိုလိုသည်… လို့..။

    နိုင်ငံရေးသမားကိုလည်း.. ဒီအတိုင်းဆိုချင်မိတယ်..။
    ၄နှစ်လောက်.. တောက်လျှောက်.. နိုင်ငံရေးအလုပ်နဲ့ လစာစားပြီး နေနိုင်သူပေါ့…။ :k:

    • Ma Ma

      March 11, 2015 at 5:31 pm

      ဖတ်ဖူးတဲ့စာတစ်ခုမှာတော့ ထမင်းစားလက်မှတ်တဲ့။

    • Zaw Thant

      March 12, 2015 at 11:54 am

      .. သူကြီး ဒက်ဖနေးရှင်း နဲ့ တွေ့တော့ ဒေါ်စုတောင် ပရိုမဟုတ်တော့ သလိုလိုပဲ.. 😀

      • kai

        March 12, 2015 at 1:23 pm

        မာစတာဘွဲ့.. ဒါမှမဟုတ်.. ဒေါက်တာဘွဲ့တွေကိုတော့.. အဲဒီဘွဲ့ရဖို့.. ဘက်ချ်လာရှိထားရင်.. သီးစစ်စာတမ်းတင်.. လက်တွေ့စမ်းသပ်ခန်းဝင်လုပ်ရတာတွေနဲ့ချိန်ဆပြီး.. ပရိုတန်း ပို့လိုက်ရကောင်းမလားပဲ..။
        ဒေါက်တာဆိုတာမှာ.. honorary degrees တော့မဟုတ်ဖူးပေါ့လေ…။

        ဒေါ်စုက..၁၉၈၈မှာ နိုင်ငံရေးစလုပ်တော့.. အဲဒီကနေ.. အဲဒီဝင်ငွေတွေနဲ့.. တခြားအလုပ်မလုပ်ပဲ ရပ်တည်နေနိုင်တာမို့.. နိုင်ငံရေးသမားပရိုလို့ဆိုချင်မိပါတယ်..။
        ပြောသာပြောတာ..
        ယူအက်စ်မှာ.. အိုဘားမားတောင်.. သမ္မတပထမသက်တန်းလောက်မှာ..သူကိုယ်သူ.. နိုင်ငံရေးသမားမဖြစ်သေးဘူးပြောဖူးတယ်မှတ်တယ်..။
        အဲဒီအတိုင်းပဲ.. လွန်ခဲ့တဲ့တပါတ်ကတင်… ရီပါ့ဗလစ်ကင်န်ဖက်က.. ၂၀၁၆မှာ သမ္မတအဖြစ်ဝင်ရွေးပြိုင်မဲ့ဆရာဝန်တယောက်က.. သူကဆေးပညာနယ်မှာသာပရို.. နိုင်ငံရေးမှာ နိုင်ငံရေးသမားမဖြစ်သေးဖူးလို့ဝန်ခံဖူးတယ်..။

        တော်တော်ရှုပ်ပါတယ်နော…
        ဘာပဲဖြစ်ဖြစ်.. ကျုပ်တို့ရွာထဲမတော့.. နှစ်ပေါက်အောင်.. စားသောက်စရာတွေ သတင်းစာထဲပုံနှိပ်ဖေါ်ပြဖို့.. လစဉ်ရေးပေးတဲ့.. ဇီဇီ(ခင်ဇော်) က.. သူ့အစားအသောက် ဝယ်စားငွေနဲ့သူများမိသားစုတစု.. ထမင်းအိုးတည်နိုင်ဖြစ်သမို့.. “အစားမြိုပရို” ပေါ့…။
        အဲလိုအသိအမှတ်ပြုမိကြောင်း.. :k:

  • black chaw

    March 11, 2015 at 5:13 pm

    ကိုဇော်သန့် ရေ…။
    ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ…။
    မနေ့က အဖြစ်နဲ့ပဲ ပူပူနွေးနွေး ဆွေးနွေးကြည့်ချင်ပါတယ်ခင်ဗျ…။
    မနေ့က လက်ပံတန်းအရေးအခင်းကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်ရော
    ကျောင်းသားခေါင်းဆောင် တွေရောဟာ အင်မတန်အားနည်းလွန်းတယ်လို့
    ထင်ပါတယ်…။
    မနေ့က ဒေါက်တာညိုညိုသင်းနဲ့ စကိုင်းနက် က အင်တာဗျူးပါတယ်…။
    အာဏာပိုင်တွေက ရန်ကုန်ကို ကားနဲ့ ချီတက်ဖို့ ခွင့်ပြုချက်ပေးထားတဲ့ အခြေအနေပါ…။
    အဲဒီမှာ ကျောင်းသားတွေ ရှိနေတဲ့နေရာနဲ့ ကားတွေရပ်ထားတဲ့နေရာက
    ကိုက် ၃၀ဝ လောက်ပဲ ဝေးတာပါတဲ့…။
    အဲဒီနေရာလောက်ကလေးကို အလံတွေ နဖူးစီးတွေ နဲ့ သပိတ်ပုံစံ သွားခွင့်မပြုခဲ့ဘူးတဲ့ခင်ဗျ…။
    အဲဒီနေရာကို တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ က ခွင့်မပြုတာနော်…။
    ဒေါက်တာညိုညိုသင်းပြောပုံအရ အဲဒီ ကိုက် ၃၀ဝ လေးကို ခွင့်ပြုပေးလိုက်ရင်
    မနေ့က ဖြစ်ခဲ့တဲ့ မြင်မကောင်းတဲ့ ရိုက်ပွဲတွေကိုလည်း ရှောင်နိုင်လိုက်မှာတဲ့ ခင်ဗျ…။
    ဆိုတော့…တာဝန်ရှိတဲ့လူတွေဘက်က ဘာမဟုတ်တာလေးကို လာကတ်နေသလိုကြီးပေါ့…။
    တစ်ဖက်က ပြန်စဉ်းစားကြည့်ကြဦးစို့ဗျာ…။
    ကျောင်းသားခေါင်းဆောင်တွေပေါ့…။
    ဒီလောက် ရက်ပေါင်းများစွာ မိုင်ပေါင်းများစွာကို နေပူကြီးထဲမှာ အပင်ပန်းခံဖြတ်သန်းခဲ့ရတဲ့
    ခရီးကြမ်းကြီးရဲ့ အဆုံးသတ်ဟာ ဒီလို ရိုက်နှက်ခံရတာမျိုးကြီးနဲ့တော့ဖြင့် အဆုံးမသတ်သင့်လှပါဘူး။
    ဆိုတော့…
    အာဏာပိုင်တွေ ပြောတဲ့အတိုင်း ကားပေါ်ကိုတက်ပေးလိုက်ပြီး
    ရန်ကုန်အထိရောက်အောင်လာခဲ့လိုက်ပေါ့…။
    ရန်ကုန်မှာ သူတို့ကို ဝန်းရံပေးကြမယ့် အင်အားတွေကလည်း ရှိနေတာပဲ…။
    ရန်ကုန်သာ ရောက်လာခဲ့ရင် ပွဲက ပိုလှမယ်လို့ ကျွန်တော်တော့တွေးမိတယ်…။
    အခုတော့ ဘာမဟုတ်တဲ့ လက်ပံတန်း က ကိုက် ၃၀ဝ လောက်ကလေးကို
    အလံတွေ နဖူးစည်းတွေ နဲ့ သပိတ်ပုံစံဖြတ်သန်းခွင့်မရတာနဲ့
    အခုလို အရိုက်အနှက်ခံပြီး လူစုခွဲခံလိုက်ရတာ မတန်ဘူးလို့ ကျွန်တော်က ထင်ပါတယ်…။
    တာဝန်ရှိတဲ့ ရဲခေါင်းဆောင်လည်း ပရို မပီသဘူး။
    တာဝန်ယူထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကလည်း နည်းဗျူဟာပြောင်းလဲနိုင်မှု
    နည်းလွန်းတယ်…။
    ကလေးတွေပဲလို့တော့ ဆင်ခြေမပေးကြနဲ့ပေါ့…။
    သူတို့သာ အဲဒီ လက်ပံတန်း ကိုက် ၃၀ဝ လောက်ကို မသိချင်ယောင်ဆောင်ပြီး
    ကားပေါ်တက်ခဲ့လိုက်ရင်…၊
    ရန်ကုန်ကို ရောက်လာခဲ့မယ်ဆိုရင်…
    အို…ပွဲပေါ့ ကိုဇော်သန့်ရယ်…။

    ကျွန်တော် ကွန်းမန့်ရေးနေတာနဲ့ ကိုဇော်သန့် ပြောနေတာနဲ့ နည်းနည်း အံချော်နေရင်
    ခွင့်လွှတ်ဗျ…။
    ဆက်ပြောလိုက်ပါရစေဦး…။

    ဒေါက်တာ ညိုညိုသင်း အနေနဲ့ ဒီဖြစ်ရပ်အပေါ်က ရခဲ့တဲ့ သင်ခန်းစာလေး
    ပြန်ရေးပြချင်ပါသေးတယ်။
    ကျမ နိုင်ငံရေးသမားတစ်ဦး အနေနဲ့ ကျမ တွေ့ရတဲ့ သင်ခန်းစာကို
    ပြည်သူလူထုကိုရော၊ နိုင်ငံခေါင်းဆောင်တွေကိုရော နိုင်ငံရေးသမားတွေကိုရော
    Share လုပ်ချင်ပါတယ်။
    အဲဒါကဘာလဲဆိုတော့ ကျမတို့နိုင်ငံမှာ Decision Maker ပေါ့။
    ဆုံးဖြတ်ချက်ချမှတ်တဲ့လူဟာ
    သူက အောက်ခြေကို Decentralize မလုပ်ဘူး။
    အာဏာကိုလိုအပ်သလောက်ခွဲဝေမပေးဘူး…။
    မပေးတဲ့အခါမှာ အပေါ်ကလူက ချုပ်ကိုင်ထားပြီးတော့ အပေါ်က လူက ဆုံးဖြတ်တယ်…။
    အဲ့တော့ အပေါ်က ဆုံးဖြတ်တဲ့ အခါကျတော့ ဒီဆုံးဖြတ်ချက်ကို
    အကောင်အထည်ဖေါ်တဲ့လူတွေက
    သူတို့မှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့်မို့
    သူတို့က မြင်တွေ့နေရတဲ့
    အရေးအခင်းနဲ့လျော်ညီတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ဘူး။
    ဆုံးဖြတ်ချက်ချတဲ့လူက ဟိုးအပေါ်က တစ်ယောက် ဖြစ်နေတယ်။
    အဲ့တော့ အဲလို အမိန့်ပေးတဲ့အတိုင်း အောက်က အကောင်အထည်ဖေါ်ရတဲ့အခါ
    ဒီနေ့လို မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်ပေါ့နော်။
    ဥပမာအားဖြင့်ပေါ့နော် ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။
    ဒီနေ့ ဒီအရေးအခင်းကြီးကို ကိုင်တွယ်နေရတဲ့ ရဲမှူးကြီးတွေ
    လုံခြုံရေးဝန်ကြီးတို့ကသာ Decision Maker ဖြစ်မယ်ဆိုရင်
    ခုနက ကိုက် ၃၀ဝလေးကို အလံလေးနဲ့ နဖူးစည်းပြီး သွားတဲ့
    အကွာအဝေးကို သူတို့ လုံးဝ ခွင့်ပြုမှာ။
    ကိုက် ၃၀ဝ ဆိုတာ ၅ မိနစ်ပဲ။ ဘာမှ မဖြစ်ဘူး။
    ဒီလို နိုင်ငံ့ပုံရိပ်ကို ကျဆင်းစေမယ့် ဒီလို အကြမ်းဖက်မှုမျိုး
    လုံးဝ မဖြစ်ဘူး။
    ကျမလုံးဝအာမခံလို့ရတယ်။
    အဲ့တော့ ကိုက် ၃၀ဝ လေးကို ဒီလို အလံလေးကိုင်ပြီးတော့
    နဖူးစည်းနဲ့ သွားခွင့်ကို ဒီနေ့ ငြင်းလိုက်တဲ့အတွက်ကြောင့်
    ဒီနေ့ ဒီအကြမ်းဖက်မှုကြီးဖြစ်လာတာ။
    အဲ့တော့ အောက်က အောက်ခြေကလူကလည်း
    ဒီအော်ပရေးရှင်းကိုဆင်နွှဲနေတဲ့လူတွေကလည်းပဲ
    အပေါ်ကဆုံးဖြတ်ချက်ချရင် ဒါဆိုရင် ဒါပဲ။
    ဟာ အဲဒါကတော့ အဲလိုတော့မဖြစ်သင့်ဘူး
    အမှန်မှန်တော့ သူတို့ကိုဒီလိုလုပ်ပေးသင့်တယ်ဆိုပြီး
    ပြန်ပြောရဲတဲ့ သတ္တိလုုံးဝမရှိဘူး။ ကျမ ဒီနေ့တွေ့တာပေါ့နော်။
    ကျမ သာအဲလိုနေရာမှာဆိုရင် ကျမ ပြောပြီပဲ။
    ဗိုလ်ချုပ်ပေးတဲ့အမိန့်က ဒါ မသင့်တော်ဘူး။
    ကိုက် ၃၀ဝ ဆိုတာ သူတို့ပိတ်ထားတဲ့ နေရာနဲ့ ကားတွေရှိတဲ့နေရာလေးပဲ။
    တာဝန်ယူစိတ် တာဝန်ခံစိတ် ကျမတို့ ဝန်ကြီးအသီးသီးမှာရှိဖို့
    လိုတယ်လို့ ကျမတွေ့ရတယ်။

    အခုတော့ ဘာမဟုတ်တဲ့ ကိုက် ၃၀ဝ လေး ကို အလံကိုင်ပြီး
    နဖူးစည်းတွေနဲ့ သွားမယ်ဆိုတာလေးကိုတောင်
    ခွင့်ပြုမပေးခဲ့လို့ ဒီလို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့
    ဒေါက်တာ ညိုညိုသင်းက တရားဝင်ပြောသွားပါပြီ။
    ဟိုး မိုင်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီးမှ
    ကိုက် ၃၀ဝ လောက်လေးကိုခွင့်မပြုခဲ့တာမှာ
    ရိုးသားမှု ရှိပါရဲ့လားဆိုတာ စဉ်းစားစရာပါ…။
    ကွန်းမန့်ကအတော်ရှည်သွားပါပြီ။
    အပေါ်က အဲကွန်းခန်းထဲက ထိုင်ပြီး ညွှန်ကြားချက်ပေးနေတယ်ဆိုတဲ့လူကလည်း
    ပရို မဆန်ပါဘူး။
    အရေးအခင်းကြီးကို ကိုင်တွယ် ဖြေရှင်းနေရတဲ့ ရဲမှူးတို့ လုံခြုံရေးဝန်ကြီးတို့ကလည်း
    ပရို လုံးဝ မဆန်ခဲ့ပါဘူး။
    အားနာနာနဲ့ (ဆဲချင်လည်းလွတ်လွတ်လပ်လပ်ဆဲကြပါ) ပဲ ပြောပါရစေဦး။
    ကျောင်းသားခေါင်းဆောင် တွေကလည်း ပရို မဆန်ခဲ့ကြပါဘူး။
    ဒီလောက် လှပစွာကခဲ့တဲ့ ဇာတ်ကို လှပစွာ ဇာတ်သိမ်းနိုင်အောင်
    ဦးမဆောင်နိုင်ခဲ့ကြပါဘူး။
    အဲ့ဒီတော့ ဒီကွန်းမန့်ကိုရေးနေတဲ့ ဘလက်ချောကြီးကိုယ်တိုင်ကလည်း
    ပရို တစ်ယောက်လုံး…ဝ လုံးဝ မဟုတ်ပါကြောင်း။ :k:
    ကိုဇော်သန့်ရေ။
    ရေးချင်တာ ရေးသွားတာအတွက် ခွင့်လွှတ်ပါခင်ဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • Zaw Thant

      March 12, 2015 at 11:29 am

      .. အသေးစိပ်အဖြစ်တွေကတော့ ရှေတန်းရောက်လူတွေဆီကပဲ ပြန်သိရတာပဲ.. ကိုယ်တိုင်တော့ အတိအကျမပြောတတ်ဘူးပေါ့.. ဒါပေ့မယ့် ကျွန်တော့်အထင်တော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ဒီပုံစံပဲ ဇာတ်သိမ်းမယ်ထင်တာဗျ.. ဇာတ်ညွှန်းက ဒီဇာတ်ညွှန်းကြီးပဲကိုး.. ဒီဇာတ်ညွှန်းဖြစ်အောင်လုပ်တာ ဟိုဖက်ကပါ ဒီဖက်ကပါတွေလည်း မငြင်းချင်တော့ဘူး..

      .. ကျွန်တော့် ခံယူချက်ပြောရရင်တော့ အစိုးရ၊ စစ်တပ်၊ ရဲ စတာတွေကို တူးတူးခါးခါး မုန်းတဲ့လူမျိုးထဲတော့ မပါဘူးဗျ.. ဒါကြောင့် အစိုးရကို ဆန့်ကျင်တယ်ဆိုတာနဲ့ ဆန်ကျင်တဲ့ ကျောင်းသား အုပ်စုကို အော်တိုမက်တစ် ထောက်ခံတာမျိုးတော့ မရှိဘူး.. ဒါပေမယ့် ပညာရေးကိစ္စပြင်ဖို့လိုတာကတော့ ချွင်းချက်မရှိထောက်ခံတယ်.. (ဘာတွေပြင်သင့် မပြင်သင့် ကတော့ ပရိုတွေ ဆွေးနွေးကြပေါ့ဗျာ).. ဒါပေမယ့် ပညာရေးပြင်တဲ့ ကိစ္စက important ဖြစ်ပေမယ့် urgent လို့တော့ မထင်ဘူး.. အခုချက်ချင်းပြင်နိုင်ဦး အကျိုးရလာဒ်တွေက ရက်ပိုင်း လပိုင်း အတွင်း မြင်ရ မှာမှ မဟုတ်တာ.. အဲ့တော့ ကျောင်းသားတွေဖက်က လွှတ်တော်ကို အချိန်မပေးပဲ ရန်ကုန်တွင်း ဝင်ပါရစေ ဇွတ်လုပ်တာတော့ မကြိုက်ဘူး.. အဲ့တာကို တားဆီးတဲ့ အစိုးရအပိုင်းကို လက်ခံတယ်.. အကြမ်းပတမ်းဇွတ်တိုးလာရင် ခပ်ကြမ်းကြမ်းလူစုခွဲရတာ တားဆီးရတာကိုလည်း လက်ခံတယ်.. ဒါပေမယ့် တားဆီးတဲ့ law enforcer တွေ ပရိုမဖြစ်တာ ကိုအဓိကပြောချင်တာပါ.. ဒါလည်း ကိုယ်တိုင်အပါအဝင် နေရာတိုင်း ပရို မကျနိုင်ကြတဲ့ အတွက် အပြစ်လည်းမတင်နိုင်တော့ပါဘူး.. ထောက်ပြတဲ့ သဘောလောက်ပါပဲ..

      .. ကျောင်းသားတွေဖက်မှာလည်း သဘောရိုးတွေကော မရိုးတွေကော ရောထွေးနေပါလိမ့်ဦးမယ်.. ပညာရေးဥပဒေ ပြင်ဖို့အတွက် စွန့်စားတာအားပေးပေမယ့် ရန်ကုန်ကို သပိတ်ချီဖို့ သက်သက် အထိခိုက်အနာကျင်ခံရတာ မတန်ဖူးလို့ထင်တယ်.. ဒီလိုအခြေအနေရောက်အောင်တွန်းပို့သူတွေကိုလည်း ဘဝင်မကျဘူး.. ကြိုးစားပမ်းစား ရန်ကုန်ရအောင်တိုးထွက်လာနိုင်လည်း ပညာရေးဥပဒေက ချက်ချင်းပြင်ရတာမှမဟုတ်တာ..

      • Mr. MarGa

        March 12, 2015 at 11:50 am

        ပြောချင်တာနဲ့ ကွက်တိမို့ ဝင်ထောက်ခံပါတယ် :k:

        • ခင်ဇော်

          March 12, 2015 at 12:03 pm

          နိ ကို တူ အဖြစ်က အမွေဖြတ် စွန့်လွှတ်မယ်။

          👿

        • Mr. MarGa

          March 12, 2015 at 12:13 pm

          အရင်ဆုံးပြောတဲ့တစ်ယောက်ကို အရင်စွန့်လွှတ်ပါ :mrgreenn: :mrgreenn: :mrgreenn:

        • ခင်ဇော်

          March 12, 2015 at 12:24 pm

          ဒင်းကိုတော့ ပဲ ပလာတာဝယ်ခဲ့ဖို့ ပူစာလို့ မရတည်းက စွန့်လွှတ်တယ်

          :mrgreenn:

        • Mr. MarGa

          March 12, 2015 at 12:35 pm

          မန်းက ပဲပလာတာကို သီဟပူရအထိ မှာသပေါ့
          အစားသောင်းကျန်းချက်ကတော့…. လက်လန်တယ်
          :mrgreenn: :mrgreenn:

        • ခင်ဇော်

          March 12, 2015 at 12:45 pm

          ၁. SpecializedKnowledge
          ၂. Competency
          ၃. Honestyand Integrity
          ၄. Accountability
          ၅. Self-Regulation
          ၆. Image

          ဒီ အချက်တွေနဲ့ အကုန်စစ်ကြည့်တာ နာ ပရို အကျဆုံးက အစားအသောက်ပဲ။
          စားတဲ့ နေရာ မှာ ပရို ကျတာ။
          ငိငိ။

          အဲတော့ နာ့ လို ပရို တစ်ယောက်ကို မလှောင်သင့်ဘူးး

          :sar:

      • ဦးကျောက်ခဲ

        March 12, 2015 at 12:10 pm

        အတ္တတွေအတွက် အနိုင်ကနေ အရှုံးဖြစ်တဲ့ပွဲလို့ မြင်ပါတယ်…
        .
        လွှတ်တော်ရောက်ရင် ဘွားတော်နဲ့ ဒီမိုတွေ ဥပဒေနဲ့အညီ ဆက်ဆွဲပါစေပေါ့ဗျာ (NNER ရဲ့ ပညာရေးဥပဒေမှာ ဟာကွက်တွေ အများကြီး) ၊ ပြောတဲ့အတိုင်းမှ မဟုတ်ရင် ကျောင်းဖွင့်ချိန် နောက်တစ်ချီပြန်ဆွဲ ။ ၈၈-တုန်းကတောင် မဆွေးနွေးခဲ့တာ ၊ အခု အခွင့်ကောင်းကိုယူပြီး အောင်မြင်စွာ အဆုံးသတ်လိုက်ရုံပေါ့ ။
        .
        အခုတော့ ၁၃၀၀-ပြည့် သပိတ်ပုံစံကိုနင်း ၊ နိုင်ငံရေး ဖြတ်လမ်းနဲ့ သူရဲကောင်းကြီးတွေလုပ်ချင်လို့ ရန်ကုန်ကို ပြည်တော်ဝင်လုပ်ချင်တာလို့ မြင်ပါတယ် ။ နောက်ဆုံးတော့ အပျက်ပျက် နှာခေါင်းသွေးထွက်ပြီ ။ မရိုးသားတာက ရန်ကုန်ကိုဝင်ရင် သပိတ်ကြိုပြီး ဝရုန်းသုံးကား အောင်ပွဲခံ ၊ မငြိမ်မသက်ဖြစ်ဖို့ ကြိုတင်ပလန်ချထားတာ နောက်ကွယ်က ဆြာဂျီးတွေကိုယ်တိုင် ထုတ်ပြောထားတာပဲ ။ အဲသည့်တော့ ဒါမျိုးကို ဒီမိုအစိုးရတောင် လက်ခံမှာမဟုတ် ။
        .
        တမင်အကွက်ချ ကျောင်းသားလေးတွေကို ထိုးကျွေးပြီး ဘွားတော်နဲ့ ၈-ပူးတွေကို နိုင်ငံရေးအကြပ်အတည်းဖြစ်အောင်လုပ်တယ်လို့ သံသယဖြစ်မိတယ် ။
        🙁

        • Zaw Thant

          March 12, 2015 at 12:49 pm

          .. နောက်ထပ် ရှုပ်နေတာက ဟိုဖက်ဒီဖက်မှာ လူအမျိုးမျိူ းရောနေတယ်ထင်တယ်.. အစိုးရပိုင်းမှာ ပြင်ပေးချင်တဲ့သူရှိမယ်၊ မပြင်ပေးချင်တဲ့သူ ရှိမယ်၊ ညှိချင်တဲ့သူရှိမယ်၊ ကျောင်းသားဆိုရင်ကို ကြိုဖိထားချင်တဲ့သူမျိုးတွေလည်းရှိမယ်.. တားနေရတဲ့ ရဲတွေမှာလည်း ပြေပြေလည်လည်ဖြစ်စေချင်သူတွေရှိမယ်၊ သူတို့ကိုယ်တိုင် ပညာရေးပြောင်းလဲဖို့လိုတယ်လို့ ယူဆသူတွေရှိမယ်၊ ဒီလောက်ဆူပူတဲ့ ကောင်တွေ ရိုက်ပစ်မှအေးမယ်လို့ ကြိမ်းနေမယ့်သူတွေရှိမယ်..

          .. ကျောင်းသားတွေဖက်မှာလည်း ရိုးရိုးသားသားတောင်းဆိုသူတွေရှိမယ်၊ သူရဲကောင်းလုပ်ချင်သူတွေရှိမယ်၊ သွေးကြွသူအောင်ပွဲခံချင်သူတွေရှိမယ်၊ ကျောင်းသားတွေ အဆိုးဖြစ်အောင် ဒလန်လုပ်နေသူတွေရှိမယ်၊ ဘာရယ်မဟုတ် အစိုးရ ကိုအမြင်ကပ်လို့ ဝင်နွဲသူတွေရှိမယ်.. နိုင်ငံရေး အရ ရွေ့တဲ့သူတွေလည်း ၂ ဖက်လုံးမှာ ရှိရင်ရှိမယ်..

          ဘေးကလူတွေကတော့ ကိုယ်သန်ရာ ကိုယ်မြင်ကြတာပဲ..

          .. ဆိုတော့ အမှန်အမှား က ငြင်းအလကားကြီး လိုဖြစ်နေသလိုပဲ.. ဒါကြောင့် ပရိုဆန်ဖို့ အပိုင်းကွက်ကွက်လေးပဲ ရေးလိုက်တာ..

  • naywoon ni

    March 11, 2015 at 7:14 pm

    တစ်​ခုခက်​တာက “ကိုယ်​​တွေက နိုင်​ငံတစ်​ကာ စံနှုန်​းနဲ့ တိုင်​းတယ်​ ဒါ​ပေမဲ့ သူတို့​တွေ ( လက်​ရှိ အုပ်​ချုပ်​​နေသူ​တွေနဲ့ သူ့ဝန်​ထမ်​း​တော်​​တော်​များများ ) က ​ခေါက်​ရိုးကျိုး​နေတဲ့ လက်​ရှိ ထုံးတမ်​းစဉ်​လာ တို့ ယိုယွင်​း​နေတဲ့ ယဉ်​​ကျေးမှုဆိုတာ​တွေနဲ့ တိုင်​းတယ်​ ။ ဒီ​တော့ အမြင်​​တွေက ဘယ်​​တော့မှ တူမှာမဟုတ်​ ။ ကမ္ဘာ နဲ့ ရင်​​ဘောင်​တန်​းဖို့​ဝေးလာ​ဝေး ​ဒေသတွင်​း ( အာစီယံထဲမှာ​တောင်​ ) ဝင်​ဆန်​့လို့မရ ။

    • Zaw Thant

      March 12, 2015 at 11:34 am

      .. စံ တွေကတော့ ကိုယ်လိုရာစွဲသုံးနေကြတာပါပဲဗျာ.. မြန်မာပြည် ဒီမိုကရေစီသည် အနောက်တိုင်း ဒီမိုကရေစီ နဲ့ ထပ်တူချလို့ မရဘူးလို့ ဆိုတဲ့ အခါဆိုတယ်..ဒါပေမယ့်လည်း အနောက်တိုင်း ဒီမို နိုင်ငံတွေမှာလည်း ရဲ တွေ ဒီလိုပဲ ရိုက်ကြတာပဲ ဆိုပြီး ဓါတ်ပုံတွေနဲ့ ယှဉ်ပြောပြန်ရော..

  • မြစပဲရိုး

    March 11, 2015 at 8:50 pm

    မြန်မာပြည်ထဲ Profession ကို ကျွမ်းကျင် ပညာရှင်ခေါ် သလားလို့။
    Professional စိတ်ဓာတ် နဲ့ ကျွမ်းကျင်မှု မရှိတဲ့ သူတွေ အများစု ထိပ်တန်း မှာ နေရာယူထားတဲ့ မြေမှာ
    အစိုးရဆီက ဘယ်လို အရည်အချင်းကောင်းမျိုး တွေ ကိုများ မျှော်လင့် နေတာလဲ မောင်ဇော်သန့် ရယ်။

    +++++++++
    ဖိုး သိကြား
    Proessional မှာ လဲ Level တွေ ရှိပါတယ်။
    လုပ်ရမဲ့ အလုပ် ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ရင် အခြေခံ အဆင့်ပေါ့။
    အခြေခံ မှာ သူများ တွေ နဲ့ လဲ ထိထိရောက်ရောက် ဆက်သွယ် ပြောဆို နိုင်တယ်။ အောင်မြင်အောင် သိမ်းသွင်း နိုင်တယ် ဆိုရင် အလယ်အလတ် အဆင့်ပေါ့။
    အလယ် ကို တာဝန်ယူ/ခံ မှု တွေ ပေါင်းလိုက်ရင် ထိပ်တန်းအဆင့် ပေါ့။
    တကယ်တော့ ရာထူးတိုး တယ် ဆိုတာ ဒီ လို လုပ်နိုင်မှု အဆင့်ဆင့် အတိုင်း သွားရတာပါ။
    မိုးပေါ်က ဝုန်းကနဲ ကျပြီး ရာထူးကြီး ယူတာ က အာဏာရှင် နိုင်ငံ တွေ မှာဘဲ ရှိတယ်။
    မြန်မာပြည်မှာလဲ အစိမ်းရောင် တွေ နေရာမဖယ်သေးသ၍ ဒီမိုကရေစီ မရသေးတာ လို့ သာမှတ်။
    တစ်ခြားလူသားချင်းစာနာဖို့ တွေ ဘာတွေ ဘာမှ မျှော်မနေ နဲ့။
    အပိုပါဘဲ။

    +++++++++++
    သူကြီး
    ကြေးစားမိန်းမ ဆိုတာလဲ အဲဒီ နေရာ မှာ သူ့ဟာသူ ပညာရှင်လေ။
    ဒါကို ငြင်းလို့ မှမရတာ။
    ဒီအတွက်ဘဲ ငွေပေးတာမဟုတ်လား။
    သာမာန် အရုပ်ကြီး လိုဘဲ ဆိုလို ကတော့ သူ့ ဆီ ဘယ်သူ ပြန်လာပါ့မလဲ။
    ဒီတော့ ကျွမ်းကျင်စွာ Customer ကျေနပ်အောင် ပြုစု ပေးနိုင်ရင် သူဟာလဲ Professionalမိန်းမ တစ်ယောက်ဘဲ ပေါ့။
    မခွဲခြားပါနဲ့ လေ။

    +++++++++
    အဘနီ
    လက်ရှိ အစိုးရ ဆီမှာ သူတို့ အာဏာမြဲ ဖို့ က လွဲ လို့ ဘာမှ မသိ၊ ဘာကို မှ ဂရုမထားပါဘူး။
    နေရာ မပျောက်ဖို့ အတွက် ရှေးရိုးလဲ စွဲသင့် စွဲမယ်၊ လမ်းသစ်ဖောက်သင့်ဖောက်လိမ့် မယ်။
    ဘာသာ တွေ၊ ယဉ်ကျေးမှုထုံးတမ်း တွေကို ခုတုံးလုပ်နေတာ။
    သူတို့စိတ်ထဲ လိုတရ ငွေတွင်းကြီး ပျောက်မသွားဖို့ အဓိက ဘဲ။

    • Zaw Thant

      March 12, 2015 at 11:41 am

      .. Professional စိတ်ဓာတ် နဲ့ ကျွမ်းကျင်မှု မရှိတဲ့ သူတွေ ဆိုတာနဲ့တင် မရပ် စေချင်တာပါဗျာ.. ကိုယ်ကသူတို့ အလုပ်ရှင်ဆိုရင်တော့ တခါတည်းထုပ်ပစ်လို့ ရတာပေါ့.. အခုက ဒီလူ ဒီလူတွေ နောက် ၁ဝ နှစ် အနှစ် ၂ဝ လောက် ပါတ်သတ်နေရဦးမှာမို့လိုပါ.. Professional ဆန်ရေး အတွက် နိုင်ငံတကာ အကူအညီတွေပဲ လာလာ.. အစိုးရကပဲ ကြိုးစားကြိုးစား အားပေးချင်တဲ့ သဘောပါ..

  • Mike

    March 12, 2015 at 10:42 am

    .Professional ပရို ဆိုတဲ့ အဆင့်တွေမှာ ၅. Self-Regulation ကလေ့ကျင့်ဖို့အခက်ဆုံးဖြစ်လိမ့်မယ်မှတ်တယ်
    .ကိုယ်တိုင်နဲ့နှိုင်းကြည့်မိတာပါ… :))

    • Zaw Thant

      March 12, 2015 at 11:50 am

      .. ကျွန်တော့် မှတ်မိသလောက် နိုင်ငံခြားရုပ်ရှင်ကားတွေမှာ ဇာတ်လိုက်မင်းသား ရဲ အရာရှိက သူ အသေအကြေမုန်းတဲ့ လူဆိုးကို နောက်ဆုံးဖမ်းမိတဲ့ အချိန်ကျရင် သတ်မိမလိုဖြစ်ရင်းနဲ့မှ စိတ်ထိန်းပြီး အရှင်ဖမ်းခဲ့တဲ့ ဇာတ်ဝင်ခန်းမျိုးတွေကြည့်ရတာ မကြာခဏပဲ.. လူတိုင်းအတွက် ခက်တယ်လို့ပြောရမယ်ထင်ပါတယ်..

  • မြစပဲရိုး

    March 13, 2015 at 5:30 am

    အရေးကြီး တာ ကျန်သေးတယ်။ သိလား မောင်ဇော်။
    ပရို တိုင်း အတွက် ethics တွေ သတ်မှတ်ထားတယ်။
    အဓိက က လာဘ်စား မှု အတွက်ဘဲ။
    မြန်မာပြည်မှာတော့ အဲဒီ နိုင်ငံရေးပရို တွေ၊ ဥပဒေ ပရို တွေ၊ စီးပွါးရေး ပရိုတွေ ရဲ့ လာဘ်စားမှု တွေ ကို ဖော်ထုတ်ဖို့ ပရိုအစစ် မီဒီယာ ကောင်းကောင်း လိုနေတာဘဲ။
    သူကြီး ရဲ့ မြန်မာ့ဂဇက် က နေ ဒီလို အမှု တွေ ကို ဘက်လိုက်မှုကင်းကင်း နဲ့ ဖော်ထုတ်ပေးဖို့များ အာရုံ မရဘူးလား။
    ဒီလိုမရေးပါနဲ့ကွာ။ ရော့ သမီးလေး အတွက် စိန်တစ်ဆင်စာ ဆို ဘိုလုပ်မလဲ။

    အခု ကျောင်းသားသပိတ်မှာတော့ ဟိုဘက် ဒီဘက် မီဒီယာများ ဘက်လိုက်ပုံ က တော့ လိုရာ ပုံ ဘဲ ရွေးပြနေကြတယ်။
    ပြောချင်တာဘဲ ဆွဲရေးပြတယ်။
    ဟုတ်ပါတယ်။ ကျုပ် တို့ တွေ က ငတုံး တွေမို့ ပြောချင်တာ ပြော၊ ပြချင်တာ တွေသာပြကြပါ။
    ဘယ်သူ့ကို မှ မယုံရင်လဲ ခွေးလွှတ်ပါ။
    ဒီမှာ ကြောင်တစ်ကောင် ရှိတယ်။
    lol:-))))

    • Zaw Thant

      March 13, 2015 at 10:32 am

      .. မူရင်းရေးထားတဲ့ အထဲမှာတော့ တွေ့လိုက်တယ်ဗျ.. Ethic တို့ Value တို့ .. Honesty and Integrity ခေါင်းစဉ်ထဲ ဝင်သွားတယ်မှတ်တယ်.. လောလောဆယ်တော့ Ethic ဆိုတာ စာအုပ်ထဲရှိမှန်းသိရင်ကို မဆိုးပါဘူး ပြောရမယ့် အခြေအနေ..

  • မြစပဲရိုး

    March 13, 2015 at 5:51 am

    ပရို ဒိုင်လူကြီး တဲ့ ဟေ့။ ဒီမှာကြည့်ကြ။ lol:-))))))))))))))))))
    ဒီ ဒိုင် လို နှစ်ဖက်လုံး ကို ဗျင်း နိုင်သူ ရှိရင် ကောင်းမယ်။

    https://www.youtube.com/watch?v=SKBvl5YAbcc

  • padonmar

    March 14, 2015 at 8:40 pm

    င်္FB က တွေ့တာလေး မလာတာပါ။

    Thein Min Win added 4 new photos.

    ပျောက်ဆုံးခဲ့သော ပီ နှစ်လုံး

    မင်းက ကျောင်းသား…
    ကျောင်းတက် စာကျက်.. နိုင်ငံရေး မင်းနဲ့ မဆိုင်ဘူး…။

    ခင်ဗျားက ဝန်ထမ်း…
    ရုံးအလုပ်လုပ်.. ဝန်ထမ်းဆိုတာ နိုင်ငံရေး ကင်းရတယ်…။

    ညီမလေးက စက်ရုံအလုပ်သမလေး…
    စက်ရုံမှန်မှန်ဆင်း ပေးတဲ့လခယူ နိုင်ငံရေး မလုပ်နဲ့…။

    အစ်ကိုက သဘောင်္သား..
    သဘောင်္တက် သင်တန်းတက်.. နိုင်ငံရေး လုပ်စရာမလို..။

    ဦးလေးက စာရေးဆရာ..
    စာဖတ် စာရေး.. နိုင်ငံရေး မလုပ်ရ..။

    သမီးက ရုပ်ရှင်မင်းသမီး..
    ရုပ်ရှင်ရိုက် သရုပ်ဆောင်.. နိုင်ငံရေး..ဘာဆိုင်လို့ တုန်း..။

    မန်နေဂျာကြီးက… နိုင်ငံရေးနဲ့ မဆိုင်ဘူး…။
    ကုမ္ပဏီသူဌေးက… နိုင်ငံရေးနဲ့ မဆိုင်ဘူး…။
    ဈေးရောင်းတဲ့သူက… နိုင်ငံရေးနဲ့ မဆိုင်ဘူး…။
    ကျောင်းဆရာမ က… နိုင်ငံရေးနဲ့ မဆိုင်ဘူး…။
    ကားမောင်းတဲ့သူက… နိုင်ငံရေးနဲ့ မဆိုင်ဘူး…။

    နိုင်ငံရေးနဲ့ မဆိုင်ဘူး… နိုင်ငံရေးနဲ့ မဆိုင်ဘူး..ဒီလိုနဲ့ပဲ..
    … နိုင်ငံရေးနဲ့ မဆိုင်ဘူး…… နိုင်ငံရေးနဲ့ မဆိုင်ဘူးဒီလိုနဲ့ပဲ ပြည်သူတွေရဲ့အရေး နိုင်ငံရဲ့အရေး နိုင်ငံရေး Politics ( Actvities aimed at improving someome’s status within organization)ဟာ ပျောက်ဆုံးသွားခဲ့တယ်…။

    ဗိုလ်ကြီးက… သဘောင်္ကျင်းမှာ ဌာနမှူး
    ဗိုလ်မှူးကြီးက… ကညနမှာ ညွှန်ချုပ်
    ဗိုလ်မှူးက… အကောက်ခွန်မှာ ညွှန်မှူး..
    ဗိုလ်မှူးကြီးက… ပညာရေးမှာ ဒု ဝန်ကြီး…
    ဗိုလ်ချုပ်က…စက်မှုဝန်ကြီးဌာနမှာ ဝန်ကြီး..
    ဗိုလ်ချုပ်ကြီးက.. ရွေးကောက်ပွဲကော်မရှင်မှာ ဥက္ကဌ..

    ဒီလိုနဲ့ပဲ ကျွမ်းကျင်ရာနယ်ပယ်မှာ ထူးခွန်ပြောင်မြောက်တဲ့ အရည်အသွေးတွေနဲ့ စွမ်းရည်အမြင့်ဆုံး တာဝန်ယူ ဆောင်ရွက်တတ်တဲ့… Professional တွေလည်း ပျောက်ဆုံးသွားခဲ့တယ်….။

    စစ်ချီသံ.. သေနတ်သံ.. ဒုတ် ဒိုင်းတွေနဲ့ ရိုက်နှက်သံတွေနဲ့အတူ… နိုင်ငံ့အရေး စိတ်ဝင်စားသူတွေကို သတင်းစာတွေက ရုပ်သံတွေက အွန်လိုင်းပေါ်က သတိပေးသံ ဆဲဆိုသံ အပုတ်ချ တိုက်ခိုက်သံ စစ်ဝါဒီ.. စစ်မှိုင်းသံ စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ပီ နှစ်လုံး ပျောက်ဆုံးသွားခဲ့ရပါတယ်….။

  • ဝင့်ပြုံးမြင့်

    March 15, 2015 at 2:26 am

    .ခါတော်မှီ ပို့်စ်လေးပါနော်။ အရမ်းကောင်းပါတယ်။ ကိုဇော်သန့် ပထမဆုံး ဝင်တုန်းက ဆီးရီးယား အကြောင်း ရေးဖူးသေးတယ် မဟုတ်လား။ အဲဒီ လင့်ခ်လေး ပေးပါလားဟင်။ ဆီးရီးယား ကိစ္စ အမ ချာလပတ်လည်နေလို့။

  • padonmar

    March 19, 2015 at 7:59 pm

    FB ကစာလေး လာစုပေးတာပါ။
    Dr Pe Thet Tun with Htay Htay Win and 48 others
    July 8, 2014 · Edited ·

    ” Professional ”

    Professional ဆိုတဲ့စကားကိုလူအများစုက ကြေးစားလို့ဘဲ မြင် မိတတ်ပါတယ်။အပျော်တမ်း မဟုတ်တဲ့ ကျွမ်းကျင်သူ၊ အလွန်အဆင့်မြင့်တဲ့ အတတ်ပညာ စတဲ့ နေရာတွေမှာလည်းဒီစကားကို သုံးကြပါတယ်။
    မိမိကတော့ ကြေးစား ဂေါက်သီးသမားတွေ၊ ကြေးစားဘောလုံးသမားတွေကို ပြေးပြီး မြင်မိပါတယ်။ ဒီနေရာမှာ ကြေးစားဆိုတဲ့ ငွေကြေးနဲ့ ဆက်နွယ်တဲ့ အပိုင်းကိုမပြောဘဲ Professional တွေရဲ့ကြိုးစားအား ထုတ်မှုနဲ့ Professional စိတ်ဓာတ်အကြောင်းကိုသာ မိမိစဉ်းစားမိသလောက် ဆွေနွေးသွားချင်ပါတယ်။ မပြည့်စုံတာတွေ ရှိနေမှာကိုတော့ နားလည် ပေးစေလိုပါတယ်။

    Professional တစ်ယောက်ဖြစ်ဖို့ ငယ်စဉ် ကထဲက အချိန်များစွာပေးပြီး ကြိုးစားကြရပါတယ်။ သူတို့လုပ်မဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ သိစရာတွေကို မှန်ကန်တဲ့ data တွေသင်ခန်းစာတွေနဲ့ တိတိကျကျ သင်ယူရပါတယ်။ လက်တွေ လေ့ကျင့်ခန်းတွေကိုလည်း အပင်ပန်းခံပြီး အချိန်မှန်စွာ လေ့ကျင့်ကြရပါတယ်။ ဒီအလုပ်ကိုသာ စိတ်ဝင်စားပြီး အာရုံတစ်ခုထဲမှာ တစ်စိတ်ထဲထားပြီး လေ့ကျင့် သင်ယူကြရပါတယ်။
    သင်တန်းပြီးလို့ အလုပ်ခွင်ထဲဝင်တဲ့ အခါမှာလည်း professional ပီသစွာ အလုပ်ကို တန်ဖိုး ထားပြီး သစ္စာရှိစွာ လုပ်ကြရပါတယ်။
    ဘောလုံးပွဲတွေမှာမြင်ဖူးကြမှာပါ။
    Spain Club တစ်ခုမှာရောက်နေတဲ့ England က ကစားသမားဟာ သူ့နိုင်ငံ အသင်းနဲ့ ပြန်ကန်ရတဲ့အခါမျိုးမှာ လျှော့ပြီးတော့ မကန်ပါဘူး။ professional ပီသစွာ အကောင်းဆုံး ကန်ခဲ့တာပါပဲ။ နည်းပြကလည်း Pro ပီသစွာနဲ့ Eng ကစားသမားကို ထည့်ပြီး သုံးတာပါပဲ။ ဘောလဲုးပွဲရှုံးသွားတယ်ဆိုရင်လည်း နည်းပြ ဖြစ်သူဟာ သူတစ်ချက်မှ ဝင်မကန်ရတဲ့ ပွဲရဲ့ ရလာဒ်ကို Pro ပီသစွာ တာဝန်ယူရပါတယ်။
    အလွန်လေးစားဖွယ်ကောင်းတဲ့ Proတွေမှာ ရှိနေတတ်တဲ့ ကောင်းမွန်လှတဲ့ အမူအကျင့်တွေ ပါပဲ။

    Professionalတွေ နဲ့ပါတ်သက်ပြီး စဉ်းစားမိ သလောက် မိမိအနေနဲ့ လွန်စွာနှစ်သက်ရတဲ့ အရည်အသွေးတွေ ရှိနေတာကို သတိထားမိလိုက် ပါတယ်။

    ၁။သူတို့ဟာဘာဘဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လုပ်တတ်ပါတယ်။

    ၂။အမြဲတန်းသင်ယူလေ့ကျင့်နေတတ်ပါတယ်။

    ၃။စိတ်ပါလက်ပါနဲ့ တစ်စိတ်ထဲထားပြီး စွဲစွဲ မြဲမြဲ လုပ်တတ်ကြပါတယ်။

    ၄။ကိုယ်လုပ်တဲ့အလုပ်အပေါ် တာဝန်ယူတဲ့ စိတ်ထားနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို စောင့်ထိမ်းကြ ပါတယ်။

    ၅။နေရာ အခွင့်အရေးနဲ့ တာဝန်တွေရဲ့သဘာဝကို ကောင်းစွာနားလည် လက်ခံပြီး ကျရာနေရာမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြပါတယ်။

    ၆။နောက်ဆုံးစဉ်းစားမိတဲ့ တစ်ချက်ကတော့ အလုပ်အပေါ်မှာ သဘောထားမှန်စွာ၊ အဂတိနည်းပါးစွာနဲ့ ဆောင်ရွက်တတ်တဲ့ စိတ်ထားပါပဲ။
    ဒါဟာpro အစစ်တွေ ရဲ့သဘာဝပါပဲ။

    အမှန်အတိုင်းဝန်ခံရရင် မိမိအပါအဝင် လူတော်တော် များများဟာအဲဒီ pro အရည် အသွေးမျိုးနဲ့ စိတ်ထား မျိုးတွေအားနည်းလှ ပါတယ်။
    အဲဒီအရည်အသွေးတွေနဲ့ ပြည့်စုံဖို့ နေနေသာသာ မိမိတို့ရဲ့စိတ်ထားကိုက professional တွေကို တန်ဘိုးထားတတ်တဲ့ အလေ့အကျင့် မရှိကြပါဘူး။
    ကျွမ်းကျင်တဲ့သူတွေကို အလေးမထားပါဘူး။ သူတို့အကြံပေးတာထက် ဘေးက ကိုယ်လိုသူလို ဘာမှမသိတဲ့ သူတွေရဲ့ စကားမှာ နားယောင် တတ်ပါတယ်။

    ဥပမာ ဆေးကုတဲ့အခါ ဆရာဝန်တွေ ပြောစကားထက် အရပ်ထဲကအပ်ပုန်းတွေ ပြောတာကို ပိုပြီးနားယောင်ပါတယ်။ အဆောက်အအုံတွေဆောက်တဲ့အခါ အင်ဂျင်နီယာတွေ အကြံပြုတာကိုဘေးဖယ်ပြီး ပန်းရံသမားပြောသလို ပြီးစလွယ် ဆောက်တတ် ပါတယ်။
    တခြားနေရာတွေမှာလည်း ဒီအတိုင်းပါပဲ။ပါရဂူတွေ အသိပညာ အတတ်ပညာရှင်တွေ expertတွေ အကြံပေးတာကို ပစ်ပယ်ပြီး ဘာမှနားမလည် သူတွေ ပြောတဲ့အတိုင်းသာ တစ်သွေမတိမ်း မှားယွင်းစွာ ဆောင်ရွက်တတ်ပါတယ်။ ကျွမ်းကျင်သူတွေ စနစ်တကျ ပြုစုထားတဲ့ data အချက်အလက်တွေထက် ဘာမဟုတ်တဲ့ ကိုယ်တွေ့တွေကို အသုံးချတတ်ပါတယ်။
    နောက်ဆုံး တရားနယ်ပယ်မှာတောင်မှ ဘုရားဟောတာကို ပစ်ပယ်ပြီး ဆရာတွေ ခိုင်းတဲ့ အမှားတွေကို တရားထင်ပြီး အားရပါးရ လုပ်တတ်ပါတယ်။
    နတ်ကတော် ဘိုးတော် ဗေဒင် အကြားအမြင် ဆရာတွေ ပြောတာကို မြေဝယ်မကျ နားထောင်ပေမဲ့ ဘုရားစကားကို ကျတော့ တန်ဖိုးမထားပဲ နေတတ်ကြပါတယ်။

    အဲဒီလို တန်ဖိုးရှိတဲ့ အရာတွေကို တန်ဖိုးမထား တတ်တဲ့ မိမိတို့ရဲ့ စိတ်ထားဟာ မိမိတို့ကို တန်ဖိုးရှိတဲ့ အရာတွေနဲ့ မထိုက်တန်သူတွေ ဖြစ်စေပါတယ်။ တန်ဖိုးရှိတဲ့ အရည်အချင်းတွေကို စိတ်မဝင်စားသူ၊ မမွေ့လျော်သူ၊ အံမဝင်သူတွေ ဖြစ်စေပါတယ်။
    တန်ဖိုးရှိတဲ့ အရာတွေကို ရရှိဖို့ ကြိုးစားချင်စိတ် မရှိသူအဖို့ အဲဒီတန်ဖိုးရှိတာတွေကို ဘယ်တော့မှ မရနိုင်တော့ပါဘူး။

    အဲဒီလိုပါပဲ Pro သဘာဝတွေကို တန်ဖိုးမထား တတ်သူအဖို့ Pro တစ်ယောက်ဖြစ်ဖို့ ဆိုတာ အလွန် အလှမ်းဝေးလှပါတယ်။
    Pro အရည်အသွေးတွေနဲ့ ပြည့်စုံဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
    လောကထဲမှာ နေထိုင်အသက်ရှင်ရင်း အသက် မွေးနေရတဲ့ သူတွေအတွက် “ဒါတွေ အရေးမကြီးပါဘူးကွာ”လို့ ထုံးစံအတိုင်း စည်းလွတ် ဝါးလွတ် ပြောဆိုနေတာတွေဟာ အလွန် အသိဉာဏ်နည်းလှပါတယ်။

    အဲဒီလို အရည်အသွေးကောင်းဖို့ဆိုတာတွေကို အလေးမထားတတ်တဲ့ သူတွေဟာ ဘာလုပ်လုပ် ပြီးစလွယ်လုပ်ချင်ပါတယ်။
    ဖြစ်သလိုနေ၊ ဖြစ်သလိုလုပ်၊ ဖြစ်သလိုပြော၊ ဖြစ်ချင်သလိုဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးတွေ ညံ့ဖျင်းနေတာကိုပဲ ဂုဏ်ယူစရာ လုပ်နေပါ သေးတယ်။
    အရည်အသွေးချို့တဲ့သူတစ်ယောက် ငါတကောကော နေတာဟာ နီးစပ်ရာ ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေပါတယ်။ လောကအတွက် အလွန်မတင့်မတယ် ရှိလှပါတယ်။
    ပြီးစလွယ် ပေါ့ပျက်ပျက်နိုင်တဲ့ စိတ်ထားရှိသူ တွေဟာ သိစရာတွေကို အလေးအနက် လေ့ကျင့်သင်ယူဖို့လည်း အလွန်ပျင်းတတ်ကြ ပါတယ်။
    တစိုက်မတ်မတ် မလုပ်တတ်သလို အလုပ်အပေါ် သစ္စာရှိဖို့ တာဝန်ယူဖို့ကျတော့လည်း ဆင်ခြေတွေပေးပြီး ခေါင်းရှောင်တတ်ပါတယ်။
    ရှိရှိသမျှသော ကောင်းမွန်တဲ့ အရည်အသွေးတွေ ပျောက်ဆုံးနေသူတစ်ယောက်ဟာ မိမိအတွက် ကော လောကအတွက်ပါ အကျိုးပြုနိုင်သူ တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။

    တကယ်တော့ဒါတွေကိုမိမိတို့မဖြစ်မနေပြင်ကြရ မှာပါ။ သူများနိုင်ငံတွေ၊ တခြားလူ့အဖွဲ့အစည်း တွေနဲ့ယှဉ်ရင် မိမိတို့များ စွာနောက်ကျကျန်ခဲ့ တာဟာ မိမိတို့မှာအဲဒီPro သဘာဝ၊ Pro စိတ်ထား၊ Pro အရည်အသွေးတွေနဲ့ အလှမ်းဝေးနေကြလို့ပါပဲ။
    ဖိနပ်ချုပ်တာကအစ ဈေးရောင်းတာ စီးပွားရေး လုပ်ငန်းတွေ လုပ်တာ အဆုံး Pro အရည်အသွေးတွေရှိလေ ကောင်းလေပါပဲ။ လောကထဲမှာ ကိုယ်ဘာဘဲလုပ်လုပ် Pro အရည်အသွေးတွေကို တန်ဘိုးထားတဲ့ စိတ်ဓာတ်တွေကိုမွေးမြူရင်း မိမိကိုယ်တိုင်လည်း Pro အရည်အသွေးတွေ ရှိလာအောင်ကြိုးစား သင့်ပါတယ်။ ကိုယ့်မှာ Pro အရည်အသွေးမရှိပဲ Pro အခွင့်အရေးလိုချင် ရင်တော့မဖြစ်နိုင်ပါဘူး။ အဲဒီလို အရည်အချင်းမရှိပဲနဲ့ အခွင့်အရေး အပြည့်အဝ လိုချင်တဲ့ စိတ်ထားတွေကိုလည်း ပြင်ကြရမှာပါ။

    စောစောက ပြောခဲ့တဲ့အချက်တွေလောက်နဲ့ ပြည့်စုံ တယ်ဆိုရင်တောင်တော်တော်quality ကောင်း နေပါပြီ။pro လမ်းကြောင်းပေါ်ရောက်နေပါပြီ။ မိမိရဲ့အလုပ်အ ပေါ်ထားတဲ့ သဘောထား မှန်လေလေ၊ အလုပ်ရဲ့ အရည်အသွေးတွေ ကောင်းလေလေ၊ မိမိနဲ့ မိမိပါတ်ဝန်းကျင် အတွက် မှန်ကန်စွာ အကျိုးပြုနိုင်လေလေပါပဲ။ မိမိနဲ့မိမိပါတ်ဝန်းကျင် အကျိုးရှိဖို့၊ သာသနာတော် အကျိုးကို ထိရောက် မှန်ကန်စွာ ထမ်းရွက်နိုင်ဖို့ ဒီလိုpro အရည်အသွေးရှိတဲ့ သူတွေ များစွာ လိုအပ်ပါတယ်။

    တရားအလုပ်လုပ်တဲ့နေရာမှာလည်းဒီအတိုင်းပါပဲ။
    နားလည်လွယ်အောင် ရှေ့ကဥပမာနဲ့ပြောခဲ့ပေမဲ့
    အခုပြောနေတဲ့ လောကထဲက pro အရည်အသွေး လောက်ကတော့ ဘုရားရှင် ဟောကြားထားတဲ့ တရားတွေထဲမှာ ပါပြီးသားပါ။ ဒီ့ထက်မြင့်မြတ်တာတွေချည်းပါပဲ။ တကယ်တမ်းပြောရရင် ဘုရားရှင်လောက် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတွေလောက် အရည်အသွေးမြင့်တာ လောကမှာမရှိပါဘူး။

    ဒီတရားအလုပ်ကိုသာ ယောနိသောမနသိကာရ ဆိုတဲ့ စိတ်ကောင်းတွေကိုမွေးမြုရင်း အကုသိုလ်မဖြစ် ကုသိုလ်ဖြစ်စေတဲ့ လုံ့လဝီရိယနဲ့ တရားအပေါ်မှာသာ ဖြောင့်နေတဲ့ သတိရှိတဲ့ စိတ်နဲ့သာ ကြိုးစားအားထုတ်မယ် ဆိုရင် ဓမ္မလမ်းပေါ်မှာ မှန်ကန် ဖြောင့်တန်းစွာ လျှောက်နိုင်မှာမလွဲပါဘူး။
    ကိုယ့်ရဲ့အားထုတ်မှုဟာ တရားအားထုတ်မှုနဲ့ ပါတ်သက်တဲ့ professional အရည်အသွေး တွေနဲ့ ပြည့်စုံမှသာ ပန်းတိုင်ကို ရောက်နိုင်မှာပါ။
    ကိုယ့်မှာ အရည်အသွေးမပြည့်စုံပဲနဲ့ ပန်းတိုင် ကိုရောက်ချင် ရချင်ပါတယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

    ဒါကြောင့်မို့ ကိုယ့်ဖက်က မဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ စိတ်အရည်အသွေးတွေနဲ့ ပြည့်စုံအောင် အားထုတ်ဖို့သာ မေတ္တာဖြင့် အားပေးတိုက်တွန်းချင်ပါတယ်။
    အဲဒီအရည်အသွေးတွေနဲ့ ပြည့်စုံလေလေ ပန်းတိုင်နဲ့ နီးလေလေပါပဲ။

    မေတ္တာဖြင့်

    • kai

      March 20, 2015 at 3:17 am

      ပရိုဆိုတာကြီးအပေါ်.. ဘာသာရေးလွှမ်းမိုးချက်ကတော့.. မြန်မာပြည်က ဘာမဂ္ဂဇင်း.. ဂျာနယ်.. စာအုပ်ကောက်လှန်လှန်… ဘာသာရေးနဲ့ကင်းကင်းရေးတာမတွေ့ရတတ်…။
      ၉မကရှိတယ်..။
      ဆိုတော့…
      ဘာသာရေးသင်ကြားနေတဲ့ဘုန်းကြီးတွေ.. ဘာသာရေးမှာပရိုဖြစ်သလား/မဖြစ်သလားတော့မသိ…။ အရှိန်လွန်ပြီး..ပညာရပ်စုံ.. အကုန်ပရိုဖြစ်…။
      အခြေခံပညာရေးမှာအထိဝင်ပါ.. အုပ်ချုပ်ရေးဝင်ပါ..။ ဥပဒေစောင့်ရှောက်သူ(ရဲ)အလုပ်တွေအလုပ်ဝင်ပါ..။ တရားရေးမှာဝင်စွက်ဖက်… စစ်ရေးမှာဝင်ပါ..။ အဲ.. လောကီအိမ်ထောင်ရေးမှာလည်းဝင်ပါ..။
      ဘာကျန်သေးလည်း.. စဉ်းစား..စဉ်းစား..။

      အဲ..
      အဆောက်အဦး.. လမ်းဖောက်..တံတားဆောက်လည်း.. အင်ဂျင်နီယာတွေကျော်ပြီး..ဝင်ပါသေးသဗျ..။
      ကျုပ်မိခင်များဆို.. ဇွဲကောင်းတာ.. ဘုန်းကြီးကဆောက်လိုက်.. ပြိုလိုက်.. ငွေလှူလိုက်.. ပြန်ဆောက်လိုက်.. အဲလို..။

      အနိစ္စ… အနိစ္စ…။ :i:

      မှတ်ချက်။ ။ ဇီဇီမပြောစေ…မမြင်စေရ..။

      • မြစပဲရိုး

        March 20, 2015 at 5:50 am

        မီဒီယာ ဘုန်းကြီး ၊ ကင်မရာ ကိုင်ပြီး သတင်းယူ သူ သတင်းထောက် ဘုန်းကြီး ကျန်ပါသေးတယ် သူကြီး မင်းရှင့်။ lol:-)))))

      • ခင်ဇော်

        March 20, 2015 at 6:24 am

        ပြောတော့ပါဘူးးဗျာ..
        :mrgreenn:
        ကျနော်တို့ မျက်မြင်ပဲဟာကို…
        ခုနောက်ပိုင်းး ပိုပို ဆိုးး လာသလိုပဲ…
        တဂျီးးပြောတာတွေ ကို ရွဲ့ လုပ်နေသလားးမှတ်ရ..
        :k:
        တဂျီးး အမေလိုမျိုးး က ကျနော်တို့ မန်းးလေးးက အမျိုးးတွေလို တူတူပါပဲ…
        ဒီတစ်ခေါက်ပြန်တော့ကို ကျနော့ ကို သံဃာအရေးးကိစ္စ မလုပ်လို့ မွေးမေလေ့ ကပြောတုန်းးဗျ..!
        :i:

      • kai

        March 20, 2015 at 4:33 pm

Leave a Reply