မြန်မာ နေရှင်နယ်လိဂ် နိုင်ငံခြားကစားသမားများနှင့်တွေ့ဆုံ မေးမြန်းကြည့်ခြင်း

ဆုိးဆုိးAugust 21, 20101min440

မေး။  ။ ခင်ဗျာတို့ မြန်မာပရိတ်တွေပြောတာနားလည်တယ်ပေါ့နော်

ဖြေ။  ။ နားမလည်ဘူး

မေး။ ။ဘာဖြစ်လို့ပြန်လက်ပြပြန်နှုတ်ဆက်တာလဲ

ဖြေ။  ။ လူမှုရေးသဘောပါ

မေး။ ။ သူတို့ကဆဲတာဆိုရင်ရော ဒါမှမဟုတ် ခင်ဗျာ အမပေးလိုပြောရင်ရော

ဖြေ။  ။ အန်………

မေး။  ။မြန်မာနိုင်ငံရောက်ရောက်ချင်း မြန်မာစကား ဘာစကားလုံးစတက်လဲ

ဖြေ။ ။မင်္ဂလာပါ ဆိုတဲ့စကား

မေး။  ။ခင်ဗျာတို့ ဂိုးသွင်းပြီး ဘောင်းဘီချွတ်အောင်ပွဲခံခဲ့တယ်နော်

ဖြေ။ ။ဟဲ…..ဟဲ

မေး။ ။အဲဒီအတွက် ဒဏ်ငွေရိုက်ခံရတဲ့အပေါ် ဘယ်လိုများခံစားရလဲ

ဖြေ။ ။ မဖြစ်သင့်ဘူးဗျာ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ဘယ်သူမှအောင်ပွဲမခဲ့တဲ့ ကိုယ်ပိုင်စတိုင်နဲ့အောင်ပွဲခံတာပါ

မေး။ ။ခင်ဗျာတို့အသင်းနိုင်နေတဲ့အချိန်ကျရင် ခင်ဗျာတို့ဘာလို့ခဏခဏလဲကျပြီးအချန်ဖြုန်းနေကျတာလဲ

ဖြေ။  ။နည်းပြခိုင်းလို့ပါ…..ဟဲ  ဟဲ။

မေး။ ။မြန်မာစကားဘယ်လောက်ထိ ကျွမ်းကျင်လာပြီလဲ

ဖြေ။ ။ဆဲတာလောက်တော့ တက်နေပြီ

ကျွန်တော်။ ။အန်….နောက်တပတ်မှ ဆက်မေးမယ်နော်

ဖြေ။ ။မင်္ဂလာပါဗျာ

ဘယ်သူမှာ မရည်ရွယ်ပါ အပျော်သက်သက်တင်ပြခြင်းသာဖြစ်ပါသည်။