ကောက်ညှင်းကို ကောက်ရိုက် – Sticky Rice
၁) ကောက်ညှင်းပေါင်းးး (ဝယ်မစားနိုင်တဲ့ နေရာတွေ အတွက်၊ ကိုယ့်အိမ်မှာ ပေါင်းချင်တဲ့ သူတွေ အတွက် ပြောတာနော်)
ကောက်ညှင်းဆန် – နို့ဆီဘူး ၄ လုံး
ပဲလွန်းစေ့/ကုလားပဲ – နို့ဆီဘူး ၁ ဘူး
နှမ်းလှော် – နို့ဆီဘူး တစ်စိတ်
- မပေါင်းခင် ညကို ကောက်ညှင်းတွေကို ရေစိမ်ထားပါ။ (ဒီက ဆန်က အဲလို စိမ်ရတယ်)
- မနက်ကျ ပဲလွန်းစေ့တွေကို နူးအောင်ပြုတ်ထားပါ။
- စိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ပဲစေ့တွေနဲ့ ရောပြီး ပေါင်းအိုးးး (သို့) ရိုက်(စ) ကွတ်ကာရဲ့ ပေါင်းချောင်ထဲကို ထည့်ပါ။
- ပေါင်းအိုးထဲကိုတော့ ရေတစ်ဝက်လောက် ထည့်ထားပါ။
- အဲဒီ ပေါင်းချောင် အပေါက်က ကျမယ် မမှတ်နဲ့ မကျဘူးးး။ (သင်ပေးတဲ့ အမ ပြောတုန်းက မယုံဘူးး)
- ပြီးရင် ပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ထားလိုက်ပါ။ ထမင်းချက်သလိုပေါ့။
- ခလုပ်တက်တဲ့ အချိန် နပ်မနပ် လက်နဲ့ဖျစ်ပြီး စမ်းကြည့်။ (အပူလောင်မှာ သတိထားဦးနော်)
- မနပ်သေးရင် ရေးလေးပြန်ဖြန်းပြီး အပေါ်အောက် လှန်ပြီး ပြန်ပေါင်းထားးး။ ဒီလိုနဲ့ ကျက်သွားလိမ့်မယ်။
- ဟုတ်ကဲ့။ သော့ချက်က လာပါပြီ။ ကောက်ညှင်းပေါင်းကျက်ရင် ဇလုံထဲကို သွန်ချပြီး လက် ဒါမှမဟုတ် ယောင်းမ ကို ဆီသုပ်ပြီး နာနာရိုက်ပေးမှ……အလွန်စားကောင်းတဲ့ ကောက်ညှင်းပေါင်းဖြစ်လာသတ္တံ့။
- ပြီးရင် နှမ်းလှော်နဲ့ ဆားထောင်းထားတာလေးဖြူးပြီး
- ငါးခြောက်ဖုတ်
- ဒါမှ မဟုတ်
- ငါးကြော်
- ဒါမှ မဟုတ်
- ကြက်သားကြော်
- ဒါမှမဟုတ် (အဲ စားချင်တာတွေ အကုန်ပြောမိနေပြီ)
အဲ။ အဲဒါတွေနဲ့ စားကြတော့နော်။
ဟိ။ :mrgreenn:
အဝေးရောက် မြန်မာများ အတွက် ပဲပြုတ်နည်းလေးပါဒီမှာ ပေါင်းထားပါရစေအူးးးး။
မဝတ်ရည်ရဲ့ နည်းလေးပါ။
FOOD Magazine မှာ ပါပြီးသားပါ။ မောင်အာဂ ရဲ့ ဖဘက ယူပါတယ်။
ပဲပြုတ် ဆီဆမ်း http://www.wutyeefoodhouse.com/
.
ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။ အိမ်မှာပဲကိုယ်တိုင် လုပ်စားနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ ချက်ပြုတ်နည်းလေးကို ကြည့်ကြည့်ရအောင်။
.
ပါဝင်ပစ္စည်းများ
၁။ စားတော်ပဲ(Garden Pea)-၂၀ဝဂရမ်(၁၃ ကျပ်သား) (Marke၊ အိန္ဒိယကုန်စုံဆိုင်များမှာ ဝယ်ယူနိုင်ပါသည်။)
မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက Yellow Pea ကို အစားထိုးဝယ်ယူနိုင်ပါသည်။
၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တစ်ဝက်
၃။ ထန်းလျက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ
.
ချက်ပြုတ်နည်း
၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီး ရေများများထည့်၍ ရေဝအောင် ၂၄ နာရီ ရေစိမ်ထားပေးပါ။
၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကိုအပေါက်ပါသော ဆန်ခါဗန်းထဲ ထည့်ပြီး ရေစစ်လိုက်ပါ။
၃။ ပြီးနောက် အညှောက်ထွက်အောင် နောက် ၂၄နာရီခန့်ထပ်ထားပေးပါ။ ၄နာရီခြားတစ်ခါ ရေအနည်းငယ် တောက်ပေးပါ။ အပေါ်မှ အဝတ်သန့်လေးဖြင့်အုပ်ထားလိုက်ပါ။
၄။ အညှောက်ထွက်လာပြီဆိုလျှင် ဇလုံတစ်ခုထဲ ပဲများကို ထည့်လိုက်ပါ။
၅။ ပြီးမှ ပဲထဲသို့ ဆားဆိုဒါ(လက်ဖက်ရည်ဇွန်း တစ်ဝက်) ထည့်မွှေပြီး မပြုတ်ခင် နာရီဝက်ခန့် နှပ်ထားပေးပါ။
၆။ ပဲကို စပြုတ်လို့ရပါပြီ။ ပဲမြုပ်ရုံ ရေကို ထည့်ပြီး မီးအနည်းငယ်ဖြင့်ရေခန်းအောင် အထိ (၁ နာရီ ၄၅ မိနစ် မှ ၂ နာရီခန့်) တည်ထားပေးပါ။ တည်ထားစဉ် အဖုံးအုပ်ထားပေးပါ။
၇။ စတည်သည်နှင့် ထန်းလျက်ခဲလေးများပါ တစ်ခါထဲ ထည့်ပေးပါ။ ထန်းလျက်ရည် ကြောင့် ပဲများ ဝါရာက ညိုပြီး ချိုဆိမ့်ပြီး စားလို့ ပိုကောင်းပါသည်။ (ဆားလုံးဝ မထည့်ပါနှင့်။ ပြုတ်ပြီးမှ ထည့်ချင်ထည့်ပါ)
၈။ ပြုတ်ပြီး ၄၅မိနစ်ခန့် ကြာလျှင် ပဲပြုတ်အခွံလေးများ ကျွတ်ပြီး အပေါ်သို့ တက်လာပါ လိမ့်မည်။ ထိုအခွံလေးများ ဇွန်းဖြင့် အသာလေး ဖယ်ပေးလိုက်ပါ။
၉။ ရေခန်းသွားလျှင် ပဲပြုတ်အိအိလေး ရရှိပါပြီ။
.
~~~~~~~
.
တင်ပြီးသားကြီးလို့ မပြောကြနဲ့နော်။
ခိခိခိ။ :mrgreenn:
ဓာတ်ပုံတင်ချင်လို့ အကြံအဖန်ထုရတာ။
ဘယ်သူရှိမလဲ ဆရာအုပ် ပေါ့။
ရောဂါပေးသွားတာနဲ့ “မြန်မာ ကောက်ညှင်းပေါင်း ကဘာက သိစေရမယ်” ဆိုတဲ့ ခါချဉ်ကောင် စိတ်မျိုးနဲ့ အိမ်မှာ ကောက်ညှင်းတွေ ပေါင်းပြီး ဓာတ်ပုံရိုက်ဖို့ ကြံလိုက်တယ်။ :mrgreenn:
ထည့်စရာ ယွန်း ပန်းကန်က မရှိ။ (မြန်မာဆန်ချင်ပုံမြန်း)
အာ့နဲ့ လက်ဖက်အုပ်က အဖုံးကို ပန်လန်လက် ပတ်လက်လှန်လိုက်တယ်။ :mrgreenn:
ခင်းစရာ အမှန်တော့ ဗာဒံရွက် လိုချင်တာ။ မရှိဘူးးး
အာ့နဲ့ ၃ ထပ်က မလေး အိမ် ကို ဆင်းပြီး ငှက်ပျောရွက် ခိုး (အဲလေ) ခူးလာပြီး ဟိုဖြတ်ဒီဖြတ်။ :mrgreenn:
ဘူးသီးပါးပါးလှီးပြီး ရွှေလိပ်ပြာမှုန့်နဲ့ ကြော်ထားလိုက်တယ်။
ငါးကလေး သေးသေးကို ကြော်ထားတယ်။
ပဲပြုတ်ကို ဆီဆမ်းထားတယ်။
ပထမ ရိုက်တယ်။ ယွန်းအုပ်ဖုံးနဲ့ပုံ။
ရိုက်ပြီး စားဆိုတော့ ဘူမှ မစားတော့ဘူး အေးခဲလို့။
ကိုယ်ပဲ စားရတယ်လေ။ :mrgreenn:
နောက်တော့ ပြင်ရင်း စိတ်တိုင်းမကျ။
အိုင်ဒီယာ အသစ်ထပ်ရတာနဲ့ ရေနွေးကြမ်း ပန်းကန်လုံးနဲ့ ပုံသွင်းပြီး ထပ်ရိုက်။
ဘယ်သူမှ မစား ကိုယ်ပဲစားးး :mrgreenn:
နေရင်းထိုင်ရင်း ကောက်ညှင်းပေါင်း ၂ ပန်းကန် ဝင်သွားတာ…
:sar:
အာ့နဲ့ စိတ်တိုင်းမကျတာတောင် ထပ်မရိုက်ရဲတော့ဘူးးး
ခိခိ
ဆရာ့ကို ပြတော့ ငှက်ပျောဖက်ကို ဆီနည်းနည်းသုတ်ရိုက်ရင် ပိုလှမယ်တဲ့။
:g:




28 comments
ဟေသီ
August 14, 2015 at 10:14 am
ကျွန်မက ကောက်ညှင်းပေါင်း မကြိုက်ဘူး။ ဒါပေမယ့် ဒီပုံမြင်တော့ စားချင်မိသား 🙂
ဇီဇီခင်ဇော်
August 14, 2015 at 10:15 am
ရိုက်ရကျိုး နပ်သကွယ်။
ဒီ စကားလေး ကြားရတာ။
:chit:
အောင် မိုးသူ
August 14, 2015 at 10:14 am
ငါးရံ့ခြောက် ဒါမှမဟုတ် အာဗြဲခြောက်နဲ့ စားရတာပိုကြိုက်တယ်။ ကောက်ညှင်းပြန်ပေါင်းကို ပိုကြိုက်တယ် ပိုမွှေး ပိုအရသာရှိတယ်။ ဆိမ့်နေတဲ့ နှမ်းထောင်းရယ် အုန်းသီးလေးရယ် ငါးခြောက်လေးနဲ့ လုံးပြီးစား ရှလွတ်။
ဇီဇီခင်ဇော်
August 14, 2015 at 10:18 am
ငါးခြေါက်က ကုန်နေလို့ကွဲ့။
ခိခိ
ရှိတာလေးနဲ့ဖြစ်အောင် ရိုက်ရတာ။
၂) ကောက်ညှင်းပြန်ပေါင်းးး
ခုနက အချိုးကို ပေါင်းတဲ့ထိ ရပြီးရင်….
အုန်းသီးကို ခြစ်ထားတဲ့ အဖတ်တွေနဲ့ သကြားနဲ့ ထည့်နယ်၊ အုန်းရည် နည်းနည်းလေး ဖြန်းး
ပြီးရင် ၁၅ မိနစ်လောက် ပြန်ပေါင်းလိုက်ရင် ကောက်ညှင်းပြန်ပေါင်းရပြီ။
ငှက်ပျောသီးကြော်လေး စားးး … ဟိ။ :mrgreenn:
အောင် မိုးသူ
August 14, 2015 at 10:45 am
ငါးခြောက်နဲ့ ပဲပြုတ်နဲ့ပဲ ကြိုက်တယ်။
Ma Ei
August 14, 2015 at 10:33 am
ပုံလေးမြင်တော့ စားချင်တယ်
ကောက်ညင်းပေါင်းကို ငါးရံ့ခြောက်ဖုတ် ဆီရွှဲရွှဲလေးဆမ်းစား ရေနွေးကြမ်းလေးနဲ့ အကြိုက်
ကောက်ညင်းပြန်ပေါင်းကို အုန်းသီးခြစ်လေးဖြူး ကော်ဖီလေးနဲ့ အကြိုက်
လိုက်မှလိုက်…
🙂
ဇီဇီခင်ဇော်
August 14, 2015 at 11:15 am
ငါးရံ့ခြေါက်ရမှ ထပ်ရိုက်အူးမယ်။
ဟီးဟီးးးး
ဒီတခါကော်ဖီ နဲ့ မြန်မာ မုန့် တစ်ခုခု စဉ်းစားလိုက်အူးမယ်။
:k:
Wow
August 14, 2015 at 10:40 am
ငယ်တုံးက မြောင်းမြမှာ ကောက်ညှင်းပေါင်းကို ဗန်ဒါရွက်နဲ့ ထုတ်ပေးပီး နှမ်းထောင်းအပြင် ပုဇွန်ဆီအခြောက် လှော်ထားတာတွေပါထဲ့ပေးတာ…… စားကောင်းချက်… :sar:
ဇီဇီခင်ဇော်
August 14, 2015 at 11:13 am
အာ့ကြောင့် ဗာဒံရွက်ရချင်တာပါဆို။
ဟီးဟီး
ပုဇွန်ဆီ အခြေါက် ဟုတ်လားးး
ကြားရတာ စားချင်စရာအေ။
:sar:
HMM
August 14, 2015 at 11:14 am
ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်နဲ့ ရေနွေးကြမ်းနဲ့…အင်း.. ဂလွတ်စ်…
ဇီဇီခင်ဇော်
August 14, 2015 at 11:17 am
အမှန်က ပုံထဲလှအောင် ကောက်ညှင်းကို မပေါက်ထားဘူးးး
ခွီးခွီးခွီး
:mrgreenn:
weiwei
August 14, 2015 at 12:41 pm
ကောက်ညှင်းကြိုက်တယ်။ မတည့်ဘူး။ ရုံးကလူတွေကို ပေါင်းကျွေးအုန်းမယ်။
ဇီဇီခင်ဇော်
August 14, 2015 at 12:47 pm
ကျိန်စာမိမှာ ကြောက်လို့ လာတာလားဟင်??
:mrgreenn:
Mike
August 14, 2015 at 4:05 pm
.ဟုတ်မဟုတ်မသိ..ရောင်းတန်းတွေမှာတော့ ရိုးရိုးဆန်နဲနဲရောရတယ်ကြားဖူးတယ်..ကောက်ညှင်းချည်းပဲဆို
.တအားစေးလို့ဆိုပဲ..အေးရင်မာ၊ ပူရင်အရမ်းပျော့လို့တဲ့…
.တစ်ခါတရံတော့စားပါတယ်…ဆီထမင်းပိုကြိုက်တယ်…ကောက်ညင်းငချိတ်လည်းကြိုက်၏
ဇီဇီခင်ဇော်
August 14, 2015 at 4:11 pm
မိုက်မိုက်။
သများက ဓာတ်သေရိုက်ချင်တော့ လွယ်တာ စဉ်းစားရတာလေ။
ဆီထမင်းက မကျွမ်းကျင်လို့။ ရိုက်ရင်တော့ လှမှာ။
ဟီးဟီး
ကြိုးစားလိုက်အူးမယ်။
Alinsett @ Maung Thura
August 14, 2015 at 4:54 pm
.ကောက်ညှင်းငချိတ်တွေ စားတာ များသွားပြီးနောက်ပိုင်း….. ကျနော် အခုလို အသားမဲသွားတာ…
.ကောက်ညှင်းဆိုမုန်းသယ်..
:k:
ဒါမယ့် ကောက်ညှင်းကို ပြားအောင် ထောင်းထားတဲ့… ဘာဆိုလား….
မုန့်ဆန်း လုပ်တဲ့ဟာလေ…
အဲ့ဒါကို ဝါဝင်ဝါထွက်တိုင်း အမေက… ဦးတင်ကြီးရှင်..အဲလေ.. ဦးရှင်ကြီးတင်ရင်….
ကန်တော့ရမယ်ဆိုပြီးအမေကခေါ်ချိန်ကျ ပတ်ပြေး…
.ပြီးတာနဲ့ မုန့်ဆန်းဇလုံကြီး ခွထိုင်ပြီး….. ကြိုက်လွန်းလို့… စားတာ..စားတာ…
:k:
ဇီဇီခင်ဇော်
August 15, 2015 at 12:05 pm
မုန့်ဆန်း ကို လည်း သိပ်ကြိုက်။
မလုပ်တတ်လို့သာ။
အဲဒါတွေ သင်တန်းတက်အူးမှပါအေ။
:k:
hmee
August 14, 2015 at 10:03 pm
ပဲပြုတ်ကို အမတို့ အညာမှာ ပဲပေါင်းလို့ ခေါ်တယ်။ တကယ်လည်း ပေါင်းရတာကိုး။ ဇီရေ အဲ့လို ရေခန်းပြုတ်ရင် နဲနဲမာတယ်။ ရေခန်းအောင်ပြုတ် ြပြီးးတော့ အခုနက ကောက်ညှင်းပေါင်းသလို ထမင်းပေါင်းအိုး ပေါင်းချောင်ထဲမှာ ပိတ်ပါးလေးခင်း အမကတော့ စွပ်ကျယ်ခင်းတယ် ပြုတ်ထားတဲ့ ပဲကို ခပ်ဖွဖွလေးထည့် ဘေးက ပိုနေတဲ့ စွပ်ကျယ်အစတွေကို ပဲပေါ်ပြန်ဖုံးလိုက် ပေါင်းအိုး အဖုံးအုပ် ခလုတ်နှိပ်လိုက် တော်တော်ကြာတော့ နပ်လောက်ပြီထင်မှ ဖွင့်ြပြီးပဲပပေါင်းကို ဖိကြည့် အြိပြီးနေလိမ့်မယ်။ မာဆတ်ဆတ် လုံးဝ မဖြစ်ဘူး အဲ့ဒါကမှ ပဲပေါင်း အစစ်။ အမ အစ်စရေးမှာတုန်းက အဲ့လိုပဲ လုပ်စားခဲ့တာ မြန်မာပြည်က မနက်အစော ရောင်းတဲ့ ပဲပြုတ်နဲ့ တပုံစံတည်းပဲ။ 🙂
ဇီဇီခင်ဇော်
August 15, 2015 at 12:07 pm
အမရေ။
နည်းပါအောင်လို့သာ ထည့်လိုက်တာ။
ကျနော် အိမ်မှာ မလုပ်ဖြစ်ဘူးးးး
အမပြောတာမှန်တယ်။ ပဲပြုတ် လုပ် ခေါ်ဘူးးး
စားတော်ပဲပေါင်းလို့ ခေါ်တာ။
ဒီလို အလုံးသေးသေးလေးတွေလည်း ဟုတ်ဘူးးး
အိအိကြီးကြီး ပူပူမွှေးမွှေးလေးတွေ။
ဒီမှာတော့ မြန်မာဆိုင်က ဝယ်ရတဲ့ စားတော်ပဲပြုတ်ကို ခဲထားတယ်။
စားခါနီးမှ အဲဒီ တစ်ပန်းကန်နဲ့ တူတူ ရေတစ်ခွက်ပါ မိုက်ခရိုဝေ့ထဲ ထည့်လှည့်လိုက်တယ်။
ဟီးဟီးဟီး
မွသဲ ( 17082011 )
August 14, 2015 at 11:20 pm
မီနက်ဖြန်ကြက်ကောက်ညှင်း လုပ်မည်။ ဖြစ်လျှင်လာပေါင်းမည်။ တရက်မှအုန်းပေါင်းလုပ်မည် သို့ပေသိကြာအူးမည် ခိခိ။
ဇီဇီခင်ဇော်
August 15, 2015 at 12:08 pm
စတစ်ကီ ကြက် ဖြစ်တယ်လို့ သတင်းရပြီးပြီ ။
ခိခိ
:mrgreenn:
ဦးကြောင်ကြီး
August 17, 2015 at 2:43 am
တဖက်ပိတ်မဲသွပ်အား လုံးဝ အယုန်အက ျီ မယှိပါ။
kai
August 15, 2015 at 12:49 pm
ဒီလ..သတင်းစာထဲဘာထည့်ရမှန်းမသိဖြစ်နေလို့.. ဒါပဲထည့်လိုက်ရမလား..
နွေပူပူ.. အယ်လ်အေမှာ… ဝမ်းချုပ်ကုန်အောင်…။
ဇီဇီခင်ဇော်
August 15, 2015 at 1:22 pm
Wait.
This was in newspaper last year.
I will find out what to put.
Or you can take the fish curries in schedule.
:k:
ဇီဇီခင်ဇော်
August 15, 2015 at 1:33 pm
အီးမဲ ကနေ ပေးလိုက်ပြီ။
အဲဒီ တစ်ပတ်ကဟာတွေက ပေးထားတာ ကြာပြီ။
အသစ်တွေပဲထည့်ရင်း ထည့်ရင်း ကျန်ခဲ့တာ။ အဲဒါ အရင် ထည့်နှင့်ပါအူးးး
နောက်တပတ်က စ ထမင်းဆိုင် ဆက်တိုက်ပြန်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။
:k:
Ma Ma
August 15, 2015 at 8:41 pm
ကောက်ညှင်းဆို ဘယ်လိုလုပ်လုပ်ကြိုက်တယ်။
(ဝတာလည်း မပြောနဲ့) :k:
ကောက်ညှင်းပေါင်းက ငါးကြော်နဲ့အလိုက်ဆုံးပဲ။
နယ်ဘက်တွေသွားရင် ကောက်ညှင်းပေါင်းတို့၊ ဆီထမင်းတို့ပဲ ကျွေးခိုင်းတယ်။
နယ်ကလူတွေကလည်း စားမှကြိုက်တာဆိုတော့……….
ထမင်းပန်းကန်ပြားကြီးနဲ့ ထည့်လာတာကို ကောက်ညှင်းတစ်ပန်းကန်၊ ငါးကြော်တစ်ပန်းကန်လောက်ကို အကုန်စားမိမှာစိုးလို့ မနည်း ဘရိတ်အုပ်ရတယ်။ :kwi:
ဇီဇီခင်ဇော်
August 17, 2015 at 9:02 am
သများရောပဲ။
ဟိဟိ။
မုန့်ရော
ထမင်း လိုမျိုးရော အကုန်ကြိုက်တယ်။
:mrgreenn:
Shar Thet Man
June 29, 2018 at 2:52 pm
မကြိုက်