ဇာတ်လမ်းသစ် – အမိကောင်းကင်
.တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။
ကိုယ်၏ ခြေဦး တည်ရာသည်ကား
ချင်းတောင်တန်းတနေရာ။
ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။
ကိုယ့်ချစ်သူသည်
”အမိကောင်းကင် ကြယ်စင်မောင်နှမ” နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။
ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။
ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့
ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။
ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ
သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။
နှစ်အနည်းငယ်ကြာအပြီးမှာတော့ ကိုယ့်ချစ်သူထံမှ စာကလေးတစ်စောင် ကိုယ့်ထံရောက်ခဲ့သည်။
ထိုစာထဲ ရေးထားသမျှထဲတွင်. . .တောင်ပေါ်ဒေသ တိုးတက်လာလိမ့်နိုးဖြင့် အားကြိုးမာန်တက်ခဲ့ပါသော်လည်း ပြောင်းလဲတိုးတက်နေပါပြီဆိုသော သတင်းများသာ ကြားရပြီး လက်တွေ့မှာတော့ ဘာမျှပင် ထူးမလာ ခြားမလာကြောင်း. . .
ဟိုးအရင်က တောင်ပေါ်ဒေသ ခေါင်ခိုက်ခိုက်နှင့် ယခုလက်ရှိ ဒီမိုကရေစီ အနှစ်သာရ စားသုံးနေရပါပြီဆိုသောခေတ်၏ တောင်ပေါ်ဒေသသည် ဘာမျှ ထူးပြီး ကောင်းမလာ။
ဤဒေသများတွင် မသေသင့်သော ရောဂါကလေးများဖြင့် သေမြဲသေကြဆဲ. . .
မစားသင့်သော အစားအစာများကို ရွေးချယ်ခွင့်မရှိဘဲ စား၊ မပြောချင်သောစကားများကို မပြောချင်ဘဲပြော၊ မလုပ်ချင်သော အလုပ်များကို မလုပ်ချင်ဘဲ လုပ်ရင်း မဖြစ်သင့်သော ဘဝအနေအထားများဖြင့် မနေချင်ဘဲ နေ နေရမြဲပင်ဖြစ်ကြောင်း. . .တိုးတက်ကောင်းမွန်နေပါပြီဆိုသော စကားလုံးများသည် စကားလုံးများသာဖြစ်၍ တကယ်တော့ ဘာတစ်ခုမျှ အသုံးမဝင်ကြောင်း. . .
အားမာန်အပြည့်ရှိခဲ့သမျှ သဲထဲ ရေသွန်နေရဖန် များပြီမို့ ဆက်သွန်စရာ ရေလည်း ခန်းခဲ့ပြီဖြစ်ကြောင်း . . .
ထို့ကြောင့် ဆက်လက်ကာ အပုပ်နံ့ကို ခံနေလျှင်ဖြင့် လင်းတဆန်ရုံအပြင် ထူးမလာနိုင်ကြောင်း သိလိုက်ပါပြီ. . .ဟု စာဖွဲ့ ရင်ဖွင့်ထားလေသည်။
ထိုစာ၏ အသွားအလာအရ ကိုယ့်ချစ်သူသည် ကြိုးစားသမျှ အရာမထင်သည့် ဗလာရင်ခွင်ဒေသမှာ ဆက်လက်ကာ မပျော်မွေ့တော့သည်ကို ခန့်မှန်းမိပါသည်။
ကိုယ်ကလည်း ကိုယ့်ချစ်သူမှလွဲလျှင် တထေရာတည်းတူပါသော သက်မွန်မြင့်ကိုတောင် အစားမထိုးချင်သူ။
ချစ်ဦးသူ မိန်းမချောလေးအား နှမြောတသစိတ်တို့ဖြင့် အလွမ်းသံသရာမြစ်ကြောဝယ် ကူးဟယ်ခတ်ဟယ် မမောဘဲ တမျောထဲမျောနေရသည်မှာ ဒီနေ့အထိ။
ချစ်သူ၏ ”ဗလာတိုင်း”တွင် တစ်ခါမဆိုင်းချင်တော့ပါဘုဟူသည့် သဘောပိုက်ကာရေးပါသည့် စာလွှာပုရပိုက်ကို ဖတ်ရှုရသော တခဏမှာဖြင့် ကိုယ့်ရင်အတွင်းမှာ မြစ်တစ်စင်း ပင်လယ်နှင့် ပူးပေါင်းကာ ထကသည့်အလား ဝုန်းဒိုင်းကြီးကြဲလျက် အပျော်ကြီးပျော်
အမြူးကြီး မြူးရသည်။
ချက်ချင်းမဆိုင်း လက်ငင်းရှိုင်းကာ ထ လိုက်လာရသည့် ဤခရီး . . . အပြန်တွင် အမှန်အကန်ချစ်ရသူကလေးနှင့် ရွှေလက်တွဲကာ ချစ်ပွဲဝင် လာရပါလိမ့်နိုး. . .
——————–
မြူခိုးတိမ်ငွေ့တို့ဖြင့်
ရွယ်မိုး သိမ်မွေ့ပါသော ချင်းတောင်မြေသာ ဌာနေရွာ. . .
ရိုးရာပန်းများကိုသာ ပန်မြဲပန်သော ချင်းသူမလေးများ ယဉ်ပါသည်။
ရိုးရာပန်းရနံ့ကိုသာ ရှုရှိုက်ချင်သည့် ချင်းလူငယ်ကလေးများ ရိုးလွန်း၍ ”အ”မည်ပင် စိုးရ. . .
.တောင်ပေါ်တနေရာရှိ ကိုယ်၏ချစ်သူ မဒီကညာတပါး ဘယ်ကိုများ သွားပါသနည်းဟု ဝေ့ဝဲကာ ဖွေရှာမိသည့်တခဏ. . .
”ဟယ်. . . ”ကို” ကို လိုက်လာတယ် ဟုတ်လား”
”အေးပေါ့. . . ဒီမှာ မင်းမပျော်တော့ဘူးလို့ ထင်လို့. . . ဒီတခါ ထပ် လာခေါ်တာ။ ကိုယ်နဲ့ ပြန်လိုက်ခဲ့မယ်မဟုတ်လား”
”အို. . .လာခေါ် ပြန်ပြီတဲ့လား ကိုရယ်”
”ဘာလဲ. . . ဟိုတခေါက် လာခေါ်တုန်းကလို မလိုက်ပါရစေနဲ့လို့ ငြင်းဦးမှာလားဟင်. . . တောင်ပေါ်မြေကလေးကို တိုးတက်အောင် ထောင့်လေးတစ်ထောင့်ကနေ အကျိုးသယ်ပိုးပါရစေတော့ လို့ ပြောဦးမလို့လား. . .”
”အို. . . ဟင့်အင်း မပြောပါဘူး။ မငြင်းတော့ပါဘူး ကို. .
လာခေါ်ပြန်ပြီတဲ့လား လို့ ပြောမိတာက …
အရင်တခေါက် ကို လာခေါ်တုန်းကသာ လိုက်ခဲ့ရရင် အခုလောက်ဆို မြို့ပေါ်မှာ သားတွေသမီးတွေနဲ့ ကိုနဲ့ညီမ မိသားစုဘဝလေး တည်ဆောက်တာ ခိုင်ခံ့နေလောက်ပြီလို့ ပြောမလို့ပါ။
အခုတော့ သဲထဲရေထိုင်သွန်နေမိတာနဲ့ ကိုနဲ့ညီမ အိမ်ထောင်ပြုဖို့တောင် နည်းနည်း နောက်ကျနေပါပေါ့လို့ ပြောမလို့ပါ ကို”
”အစမကောင်းရင် အနှောင်းမသေချာတဲ့တိုင်းပြည်မှာ
.ရေမြင့်မှ ကြာတင့်ဆိုသလို
.ရေကိုက မမြင့်ပဲ ကြာက ဘယ်လောက်တင့်ချင်လို့တုန်း။ ဒီကြာကန်ထဲနေ နေသ၍ ရွှံ့ညွန်တောက ကြာငပေါပဲ ဖြစ်တော့မပေါ့။ အခုတော့ ဘယ့်နှဲ့ရှိစ. . . သိပြီမဟုတ်လား ညီမရယ်. . .”
”သိပါပြီ ကို. . . ညီမဖြင့် ကောင်းကောင်းကြီး သိလိုက်ပါပြီ. .
ဒါကြောင့်လည်း ကိုသာ နောက်တခေါက် ထပ်လာခေါ်ရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ မျှော်လင့်ပြီး. . .ဟောဟိုမယ်ကြည့်!! အထုပ်ကလေးတောင် အဆင်သင့် ပြင်ထားပါပကောလား ကိုရယ်…”
”အော်. . . ညီမရယ် . . .ကိုယ့်ကို အဲ့သလောက်တောင် မျှော်လင့်နေသတဲ့လား”
”ကို့ကို မျှော်လင့်နေတာရော ဟောဒီတောခေါင်ခေါင်ထဲ သူတပါးအကျိုးတောင် ဘာမှ မျှော်ကိုးလို့မရဘဲ
”အပုပ်နံ့ ခံနေတဲ့ လင်းတမ”လိုဘဝမျိုးကို အဆုံးသတ်ချင်စိတ်က တားဆီးမရတော့တာလည်း ပါတာပေါ့ ကိုရယ်။ ”
.ပြောပြောဆိုဆိုပင် ကိုယ့်ချစ်သူကလေးက အထုပ်ကလေး ပြေးဆွဲပြီး ကိုယ့်လက်ကိုတွဲကာ ခွဲထားခဲ့မှာ ကြောက်ပုံမျိုးဖြင့် တောင်တန်းပေါ်မှ ဆင်းဖို့ပြင်သည်။
.တောင်ပေါ်ဒေသသည်ကား လွန်ခဲ့သော နှစ်များ ခေတ်များတုန်းကလိုပင် တရှဲရှဲ အော်မြည်ခြင်းငှာပင် မစွမ်းတော့ဘဲ
သစ်တောတုံးလုံးဖြင့် ဝတ်လစ်စလစ် ကျန်ရစ်ခဲ့လေသည်။
—————-
Alin Z @ Maung Thura
16/04/2015/13:11
22 comments
lu lu
April 27, 2015 at 9:51 am
ကွရင်မ ရှာတယ်ထင်တာ
ခုတော့ ချင်းမ ဖြစ်တွားပြန်ပီ
အတော် မျက်နှာ များတဲ့ မာမီဆက်
😆
Alinn Z
April 27, 2015 at 9:53 am
ကွင်ပြည်နယ်မှာ မီးအိမ်ရှင်သီချင်းကို နားထောင်ပြီး အာ့လေး ချရေးမိတာလေ
အဟိ
ခင်ဇော်
April 27, 2015 at 9:59 am
ဟယ်။ ပေါ်လစီ ပို့(စ) လားငင်?
ဟိဟိ
:kwi:
Alinn Z
April 27, 2015 at 10:07 am
အဟိ
ပလိုဂျိ ဇာတ်လမ်း
:k:
အောင် မိုးသူ
April 27, 2015 at 10:10 am
ဒါ……..သက်သက် နိုင်ငံတော်ကို ခလောက်ဆန်တာ……….. ဒညင်းဝက်အား အမြှောက်ဆံဖြင့် ပစ်စေ….။ 🙂
Alinn Z
April 27, 2015 at 10:20 am
အမြှောက် ကြိုက်ပါတယ်ဆိုမှ
(နီတောင် စိန်ပြောင်းတို့ဘာတို့ ကြိုက်သေးတာ ဆိုတော့)
ခွိ
ပလို့ ဂျိ
အောင် မိုးသူ
April 27, 2015 at 10:33 am
ဘာစကားတွေ ပြောနေတာလား………..။ ဒညင်းဝက် >_<
Kaung Kin Pyar
April 27, 2015 at 3:13 pm
နာ အိုက်သီချင်းကို အရမ်း ကြိုက်ခဲ့တာနော်…
စောဘွဲ့မှူးရေးတာထင့်….
နားထောင်လေ ပီပြင်လေ…
ဆရာမဂျူးရဲ့ ကြယ်စင်တံတားတို့…တိမ်နဲ့ချည်တာတို့ဖတ်တော့ ဒီသီချင်းလေး ပြန်သတိရခဲ့သေးတာ…
အင်းလေ…ပြောလဲပြောချင်စရာ…
အပြင်မှာသာဆို..ဒုတိယတစ်ခါ လာခေါ်ဖို့တောင် စောင့်ပါ့မား မသိ… (အထုတ်လဲ ပြင်ပြီးနေမင့်ကာ…)
Alinn Z
April 28, 2015 at 11:09 am
:k:
:k:
:k:
တိမ်နဲ့ချည်တဲ့ ကြိုးကတော့… ရင်ထဲ အခုထိ ရှိနေဆဲ…
အဲ့လို ဝတ္ထုမျို းရေးတတ်ချင်လိုက်တာ…
Mike
April 27, 2015 at 3:45 pm
.နိုင်ဂံဒေါ်အဆိုးမရ ရဲ့ စေဒဏှာ ကို နီ နားမလည်ပါလား ဒညင်းဝက် :k:
Alinn Z
April 28, 2015 at 11:02 am
အဟိ… ပလို့ ဂျိ
:k:
မြစပဲရိုး
April 28, 2015 at 12:25 am
{ “‘အပုပ်နံ့ ခံနေတဲ့ လင်းတမ”လိုဘဝမျိုးကို အဆုံးသတ်ချင်စိတ်က တားဆီးမရတော့တာလည်း ပါတာပေါ့ ကိုရယ်။ ” }
ဒါထက်ပိုပြီး လှပ တဲ့ စကားလေး များ စဉ်းစားလို့ မရဘူးလား ဆရာလေး ရယ်။
“သိင်္ဂ ါရ ရသ” ကနေ “ဝိဘစ္ဆ ရသ” ကို တစ်ခါထဲ ခုန်ကူး လိုက်ရတော့ ကိုးလို့ကန့်လန့် နဲ့။
lol:-)))))
Alinn Z
April 28, 2015 at 10:51 am
အဟိ…
:k:
ဒီ စကားလုံးလေးပဲ… စဉ်းစားလို့ ရလို့..
ကြွေလွင့် ပန်း
April 28, 2015 at 3:29 am
မီးအိမ်ရှင်မလေး သီချင်းကို ငယ်ငယ်ကတည်းက နှစ်သက်ခဲ့သူမို့ အပြန်ပြန် အလှန်လှန်နားထောင်ခဲ့ပြီး ကိုယ်တိုင်လဲ မကြာခဏရွတ်ဆိုနေဖူးတာမို့ သီချင်းရဲ့ လိုရင်းကိုသိတယ် ကိုဒညင်းခွက်။ ဒီသီချင်းကို ရေးခဲ့တဲ့ ဆရာစောဘွဲ့မှူးဟာလဲ တိုင်းရင်းသား ကရင်တစ်ယောက်ဖြစ်သလို ခရစ်ယာန်တစ်ယောက် ဖြစ်တဲ့အတွက် အဲ့ဒီပြည်နယ်က အကြောင်းတွေလဲ သူသိတာပေါ့။ သိဆိုချင်းတွေလဲ ခရစ်ယာန်တွေပဲလေ။ အသိုင်းအဝန်းက ထိစပ်နေတော့ သူလဲ အဲ့ဒီက ဇာတ်လမ်းလေးတွေ ကြားတာပေါ့။ ပြောရရင်ဗျာ ကျွန်တော် ဂိုက်ဆရာလုပ်တုန်းကဆို တီးတိန်ချင်းတစ်ယောက်ရှိတယ်။ သူဘယ်လိုလုပ်စာတော်လဲမေးတော့ ဒီသီချင်းလေးထဲက ဆရာမလေးတွေလိုမျိုးကြောင့်ဆိုတာ သိလာတယ်။ နောက်တော့ ကျွန်တော်က မက်သဒစ်အသင်းတော်ဆိုတာ လူရှိူင်းချင်းမျိုးတွေစုနေတာ။ အဲ့ဒီလူတွေ မေးတော့လည်း ထိုနည်းလည်းကောင်းပဲ။
ပညာတွေသိလာ၊ တတ်လာတဲ့သူတွေကျတော့ ချင်းတောင်ကို စွန့်ခွာလာကြတယ်ဗျ။ ဘာလို့လဲဆိုတော့ အဲ့ဒီချင်းတောင်မှာ တောင်ယာလုပ်၊ ပန်းသီးစိုက်၊ နွားနောက်မွေး၊ တစ်ချို့လဲ လက်ဖက်စိုက်ကြ၊ မိန်းမအများစုကတော့ ဂျပ်ခုတ်ထည်တွေရက်ပြီး အိနိ္ဒယကို နယ်စပ်ကတစ်ဆင့် တင်ပို့ရောင်းချ လုပ်ကြတယ်ပေါ့လေ။ ဆိုတော့ကာ ပညာတတ်လာရင် သူတို့မှာ အဲ့ဒီပညာနဲ့ လုပ်စားစရာ အခွင့်အလမ်းမရှိတော့ အခွင့်အလမ်းပေါများရာ (ပြောရရင် ရေကြည်ရာ မြက်နုရာ) ကို ရှာဖွေ ထွက်သွားတတ်ကြတယ်ဗျ။ ဘယ်လိုလူတွေပဲ ကျန်လဲဆိုတော့ ပညာလာသင်ပေးတာတောင် မသင်ချင်သူတွေ၊ ရေ/မြေ ကိုချစ်ခင်တွယ်တာလွန်းသူတွေကလွဲ ဘယ်သူမှ မကျန်ဘူး။ ပြောရရင် မျိုးဆက် တစ်ဆက်ကျော်က လူတွေပဲ ကျန်တော့တယ်။ သူတို့သားသမီးတွေ၊ မြေးမြစ်တွေ အလည်ပြန်လာချိန်ပဲ တွေ့ဖြစ်ကြတော့တယ်။
ပြောရရင် ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြလို့မရတဲ့ အောင်မြင်မှုတွေ အများကြီးရှိတယ်ဆိုတာ နီးစပ်သူတွေမှ သိမယ်။ အဲ့လိုတွေသိလာရင် အဲ့လို အနစ်နာခံသွားသင်ပေးနေတဲ့ ဆရာ/မ တွေရဲ့ ကျေးဇူးကို ပိုသိလာမယ်။ အဲ့လိုတွေ သိလာရင် သူတို့ဘာကြောင့် အဲ့လိုနေချင်ကြလဲဆိုတာသိလာမယ်။
ခုတော့ အဲ့လို မပြည့်စုံတဲ့ ဘဝ၊ ပညာသင်ဖို့ ခက်ခဲလွန်းတဲ့ဘဝက တိုင်းရင်းသားတွေကို စာသင်ဖို့သွားတဲ့ ဆရာ/မ တွေကို ဒီသောက်သုံးမကျတဲ့ အစိုးရကြီးကြောင့် သူတို့တွေပါ ဘဝပျက်ရတယ်ဆိုပြီး လိုရာဆွဲပြောသလိုဖြစ်နေတယ်။ အဲ့ဒီမှာ တစ်ကယ်လုပ်နေတဲ့ (ပြောတာက တစ်ကယ့်တောင်ပေါ်ပိုင်း ကျေးရွာတွေမှာ) သင်နေတဲ့ ဆရာ/မ တွေက အစိုးရစရိတ်နဲ့ သွားလုပ်နေတယ်ဆိုတာ မဟုတ်ဘူးဆိုတာ သိစေချင်တယ်။ မသိဘူးထင်လို့ပါ.. ဇာတ်အိမ်အရ။ ဒါက်တာသိန်းလှိုင်(နာဂ)နာဂသိန်းလှိုင် (ရွှေဓားဗိုလ်) တို့လက်ထက်တုန်းက တစ်ကယ့်ချင်းတွေကို မြင်ကြည့်ပါဦး။
ပြောရရင် တစ်ကယ်ပြောတာ၊ သောက်သုံးမကျတဲ့ အစိုးရကိုသာ ထိုင်စောင့်နေရရင် ချင်းပြည်နည်မှာ ခုထိ လူမျိုးစု တစ်စုနဲ့တစ်စု သွေးကြွေးဆပ်နေကြတာနဲ့တင် ကျုပ်တို့သိတဲ့ ချင်း အနုပညာရှင်တွေ သိတောင်သိကြရမှာမဟုတ်ဘူး။
ခွဲခွဲခြားခြား မြင်စမ်းပါဗျာ၊ အဲ့လိုမျိုး သွားသင်ချင်နေကြတဲ့ နောင်မျိုးဆက်တွေပါ အားယုတ်သွားပါ့မယ်။ ဆရာကောင်းသန့် အမျိုးသားစာပေဆုရတဲ့ အိမ်မက်လွမ်းချင်း လားပဲ၊ အဲ့ဒီထဲက ဆရာဘဝကို သနားလဲ သနား၊ အားလဲအားကျနဲ့ ကျုပ်တို့တွေ လက်တွေ့မလုပ်နိုင်ခဲ့ပေမယ့် လုပ်ချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာခဲ့တာမျိုးဖြစ်အောင် ရေးစေချင်တယ်။
(တော်သေးဘီ)
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
April 28, 2015 at 7:52 am
နောက်တခါကျရင် မငိးသမီးက ငှက်ဖျားနဲ့အသက်ငင်နေတုန်း
မင်းသားက အမှီလာတာ ကားမှောက်လို့ မာလကကြွသွားတာ
တောင်ခြေတဝိုက်မှာ ဟိုဘက်သည်ဘက်အပြိုင်သဂြိုလ်ရင်းမီးခိုးချင်းပေါင်းကြတဲ့ဇာတ်ရေးဗျာ
Alinn Z
April 28, 2015 at 10:33 am
မွဲပြာ လုံချီ
:buu:
Wow
April 28, 2015 at 9:59 am
အဲ့သချင်းလေးကြိုက်တယ်အေ့ :kwi:
Alinn Z
April 28, 2015 at 10:47 am
အဲ့ သီချင်းနဲ့ မတူတော့ တဲ ့ဒီဇာတ်လမ်းကိုရော…???
:k:
naywoon ni
April 30, 2015 at 10:38 am
မီးအိမ်ချင်မရေး
ဂုနာချင်မလေး တေးဒွေစို
ဒိန်းဂျာဂျာ ဒိန်းဂျာ ဒန်ဒါ ဒိန်းဂျာ ဒန်ဒါဟေ 🙂
Alinsett @ Maung Thura
May 2, 2015 at 11:39 am
ငင်
စိုတာက နှင်းတွေ ဟုတ်ဖူးလားးး
:k:
padonmar
April 30, 2015 at 8:38 pm
ဆက်ဆက်ရေ
အန်တီကတော့ ကွန်ဆာဗေးတစ်ပဲပြောပြော
အနစ်နာခံတတ်တဲ့ဆရာမလေးတွေရဲ့ ပုံရိပ်ကို မပျောက်စေချင်ဘူး။
လူတွေရဲ့ စိတ်နေစိတ်ထားတွေ အဆိုးဖက် ရောက်လာလို့ ဆက်ဆက်ရေးတဲ့ ဇာတ်လမ်းလို တကယ့်အဖြစ်တွေ အပြင်မှာ အများကြီး ရှိမယ်ဆိုတာ ယုံပါတယ်။
ဒါပေမယ့် အားကျစရာ အတုယူစရာ ဖြစ်တဲ့
ရွှေဥဒေါင်းရဲ့ ဇော်ဟိတ်၊
မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်
ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ သူ
ဂျာနယ်ကျော်မမလေးရဲ့ သူမ လို ဇာတ်ကောင်တွေကို ဖျောက်မပစ်စေချင်ဘူး။
ဒီလို ဇာတ်ကောင်မျိုးတွေအကြောင်း ထပ်ထပ်ရေးစေချင်တယ်။
ဒါမှ နောင်လာနောင်သားတွေ အတုယူမှန်မယ်လို့ မြင်တယ်။
ဆရာ ချစ်ဦးညိုက ဒသဂီရိကို ဇာတ်လိုက်လုပ်ရေးတာ လက်မခံနိုင်သလိုပေါ့။
Alinsett @ Maung Thura
May 2, 2015 at 11:38 am
အဲ့ဒီလိုဇာတ်ကောင်တွေအကြောင်းချည်း ထပ်ထပ်ရေးရင်
ရိုးသွားမှာစိုးလို့ . . .
:k:
မင်းခိုက်စိုးစန် ရေးတော့လည်း ဒါ
ဂျူး ရေးတော့လည်း ဒါ
မစန္ဒာ ရေးတော့လည်း ဒါ
ခင်ခင်ထူး ရေးတော့လည်း ဒါ
နေဝင်းမြင့် ရေးတော့လည်းဒါ
ကောင်းသန့် ရေးတော့လည်း ဒါ
ဖေမြင့် ရေးတော့လည်း ဒါ. . . ဆိုရင်. . . ဆိုရင်. . .
လက်ရှိ ပို့စ်မော်ဒန်ခေတ်မှာ အမှန်တရားမျိုုးံရှိတဲ့အထဲက
ဒီ စာမူက အမှန်တရားတစ်ခု
ထောင့်တစ်ထောင့်ကို ချပြလိုက်ရုံပါပဲ လို့. . .