စနက်ရှော့……လက်ဆော့
ကြာခဲ့ပါပြီပေါ့။ ဂရတ်ဖစ်သမားဆိုတော့လည်း ဓာတ်ပုံလေးတွေဘက်မှာ ဝါသနာကပါခဲ့ပါတယ်။ အရင်တုန်းကရိုက်ခဲ့တဲ့ ပုံလေးတွေ ပြန်လည် ဝေမျှလိုက်တယ်။ ပရိုတော့မဟုတ်ဘူးပေါ့။
လေးစားစွာဖြင့်
အောင်မိုးသူ
ကြာခဲ့ပါပြီပေါ့။ ဂရတ်ဖစ်သမားဆိုတော့လည်း ဓာတ်ပုံလေးတွေဘက်မှာ ဝါသနာကပါခဲ့ပါတယ်။ အရင်တုန်းကရိုက်ခဲ့တဲ့ ပုံလေးတွေ ပြန်လည် ဝေမျှလိုက်တယ်။ ပရိုတော့မဟုတ်ဘူးပေါ့။
လေးစားစွာဖြင့်
အောင်မိုးသူ
15 comments
ခင်ဇော်
May 9, 2015 at 3:45 pm
စနက်ရှော့ တွေက မိုက်…
ပထမဆုံးးပုံနဲ့ ခေါင်းးလောင်းး ပုံလေးး ကြိုက်..
အောင် မိုးသူ
May 9, 2015 at 3:48 pm
ရိုက်ထားတာတွေ များကြီးပဲ နောက်တစ်ခါ ဆိုက်ဒ်ကြီးကြီးနဲ့ တင်မယ်။
Alinsett @ Maung Thura
May 9, 2015 at 3:52 pm
ရာဇဝင်များရဲ့ သတို့သမီးဆိုတာလေး.. ကြိုက်တယ်.. ။
ဒါနဲ့.. အဲဒီ မြစ်ပေါ်မှာ ရှိနေတဲ့ နေမင်းကြီးကို ရာဇဝင်များရဲ့ ဖခင်ကြီး တင်စားချင်မိတယ်..
.နေမင်းကြီးကိုလေ…နေ့လည်ဘက်မှာ… သိပ် မချစ်တတ်သလောက်…
ညနေခင်း..ဝင်တော့မယ့်ဆဲဆဲတဲ့..ထွက်ပြူလာကာစနေမင်းကြီးကိုတော့ …ချစ်တယ်..
:k:
kai
May 9, 2015 at 5:10 pm
မြကန်သာ၊
တောင်ကျချောင်းတေး၊
ရေဝင်ပြေးလှည့်၊
ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊
ကြာပေါင်းထုံထုံ၊
နံ့မျိုးစုံသည်၊
ဘုံဝတိ ံသာ၊
နန္ဒာပေလော၊
တူစွဟုတ္တာ။
==
မြန်မာတွေဆည်ဆောက်တဲ့အတတ်က…မခေဘူးဆိုတာပြတာပေါ့….။
ပုဂံခေတ်ကနေ… အခုထိ… အရိပ်အယောင်ကျန်ဆဲ..။
မြစပဲရိုး
May 9, 2015 at 8:56 pm
ဆက်ဆက် ရဲ့ ပို့စ်ထဲ က ပန်ထွာဘုရင်မ ရဲ့ တိုင်းပြည် ကလဲ ဆည် ကို အကောင်းစား ကို ဆောက်ထားတာလို့ ပြောကြတာဘဲ။
ဓာတ်ပုံလေး တွေ ရဲ့ အိုင်ဒီယာ ကို ကြိုက်တယ်။ :-))
မြကန်သာနား မှာ သစ်ပင် တွေအများကြီး ရှိနေသင့်တယ် ထင်တယ်။
ဒီ ပုံထဲ က စိမ်းတော့စိမ်းနေသေးတဲ့ အစိမ်းတွေ ရှိသေးတာကို ဘဲ ဝမ်းသာရမလိုဘဲ။
တကယ်တော့ မြန်မာပြည်ထဲ သစ်ပင်တွေ ရှားလာတာ မဖြစ်သင့်ဆုံး ကိစ္စပါဘဲ။
ရန်ကုန် ဆို လူနေ လမ်းတွေထဲ ဘာ အပင်ကြီး မှ မရှိသလောက် ရှားနေပြီ။
padonmar
May 10, 2015 at 8:39 pm
မြကန်သာကို မြင်ရတာ အသည်းကွဲသွားတယ်။
အောင် မိုးသူ
May 11, 2015 at 9:57 am
စာအုပ်ထဲက မြကန်သာနဲ့တစ်ခြားစီလေ 🙂
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
May 11, 2015 at 12:51 am
နောက်ပိုင်းရော …ရိုက်ဖြစ်သေးလားဗျ..
ရိုက်လက်စရှိမှတော့ ဆက်သာရိုက်ဗျို့…
😀
စကားမစပ် ပုဂံ သွားချင်တယ်ဗျ.. ဓာတ်ဖမ်းဖို့ပါ…
မိသားစုနဲ့ သွားလို့ ကောင်းမယ့် ခရီးဖြစ်မှာမဟုတ်ဘူးရယ်..
သိတော်မူတဲ့အတိုင်း သူတို့ က ဖူးစရာ ရှာ ကိုယ်က ရိုက်စရာရှာ နဲ့ …
ကွန်းဖလစ်အော့ဖ် အင်းထရက်စ်တွေ ဖြစ်ကုန်ရော…။
သည်နွေတော့ လက်လျော့ထားတယ် … အသိတယောက် အဲ့သည်က ပြန်လာလို့ အိမ်ကိုလက်ဆောင်လာပေးရင်း
အမေ့ကို ပြောသွားတာက …
အန်တီရယ် … ငရဲပြည် ရောက်သွားတဲ့အတိုင်းပဲ ပူလိုက်တာ လွန်ရော… တဲ့…
ပြီးမှ ..အဲ အဲ ..ကန်တော့ ကန်တော့ …. သည်မှာ သည်လောက်ပူနေတာ ငရဲပြည်ဆို ဆိုနိုင်ဖွယ်ရာ မရှိ ဆိုပဲ…။
ဆား ကြောက်ဆယ်….။
😛
အောင် မိုးသူ
May 11, 2015 at 9:56 am
ဆက်ရိုက်ချင်တာပေါ့ ခရီးထွက်ရင် ဘော်ဒါဆီက Canon Kiss လေးငှားငှားပြီးထွက်ရတာ။ ကင်မရာတစ်လုံးလောက် ဝယ်ဖို့ ပိုက်ဆံစုနေတယ်။ ပုဂံကို ထွက်သွားချင်သေးတယ်။ ပထမဆုံးတစ်ခေါက်က အမျိုးတွေနဲ့မို့ ကသောရောပါးရိုက်ခဲ့ရတယ်။
ကိုပေါက်(မန္တလေး)
May 11, 2015 at 6:23 pm
ပုဂံနေဝင်ချိန် ထက် ပုဂံက လူတွေရဲ့ နေ့စဉ်ဘဝ ကို သွားပြီး ဓါတ်ဖမ်းချင်ပါသေးတယ်
uncle gyi
May 11, 2015 at 11:13 pm
ဘာပြောပြောဓါတ်ပုံလေးတွေက
ဘဝရဲ့အမှတ်တရလေးတွေပါ
အောင် မိုးသူ
May 12, 2015 at 8:53 am
ဘဝမှာ အမှတ်တရလေးတွေ ပြန်ကြည့်ပြီး ကြည်နူးနိုင်တာ ဓာတ်ပုံတွေပဲရှိတယ်။
Mike
May 12, 2015 at 10:03 am
.ကျုပ်လည်းဓါတ်ပုံတေါတော့ရိုက်ဖြစ်ပါရဲ့
.မတင်ဖြစ်တာ..တင်အုံးမှ
Mr. MarGa
May 12, 2015 at 11:52 am
ငါ့ ပေါက်ကရ ရိုက်ချက်လေးတွေ မတင်တော့ပါဘူး လေ :mrgreenn:
စကားအတင်းစပ် အိုင်ဒီယာ ကြိုက်၏
အောင် မိုးသူ
May 12, 2015 at 12:38 pm
ပရိုတွေကလည်း လုပ်စမ်းပါဟ။ ကြည့်ရတာပေါ့။ ငါက ခုမှ ဘီဂင်နာပဲရှိသေးတယ်။ ဟိဟိ