Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

င ကို ပေါင်းပါ – KZ’s ထမင်းဆိုင်

ဇီဇီOctober 12, 20153min192739

ငါ့ ကို မပေါင်းချင်ရင်တော့ ငါး ကို ပေါင်းရအောင်။
ဟိ။
အချိုနည်းရော၊ အစပ်နည်းရော။

ထုံးစံအတိုင်းးးးစားဖိုမှူးဘယ်သူတွေတုန်း ကြည့်  ကြည့်…!!

:k:

~~~~~~~~~~~~~~~~

.
၁) ခရစ်နဲ့ ပေါင်း အဲလေ ခရစ် နည်းနဲ့ ပေါင်းရအောင်။

 

chris

  • ငါးကိုသေချာဆေး…
  • အရသာနယ်ဗိုက်ထဲစပါးလင်ထုထည့်…
  • ဂျင်းစိပ်လေး..
  • ငြုပ်သီးစိမ်း..
  • ရှမ်းနံနံနည်းနည်းထည့်..
  • ပြီးရင်.ပြုတ်…
  • ရေနည်းနည်းနဲ့ပြုတ်လို့..
  • တဖက်စီလှန်..
  • ငါးကျက်လောက်ရင်..
  • ပန်းကန်ထဲထည့်…
  • ငြုပ်သီးစိမ်း..နံနံ..ပင်စိမ်း..ရှမ်းနံနံ..ကြက်သွန်ဖြူကြိတ်ပြီးငါးပြုတ်ရည်ထဲထည့်..
  • သကြား..နန်းပါ..သံပုရာသီးညှစ်.. အရသာပြင်..ငါးပေါ်လောင်း..
  • ကောင်းလယ်..

~~~~~~~~~~~~~~~~~~

.

.

၂) ဦးကျောက်ခဲ နည်း ပေါင်းကြမယ်။

  • ကကတစ်ကို အကောင်လိုက် ကျောဘက်ကနေ တစ်ခြမ်းခွဲ…
  • ဂျင်းရည် နှမ်းဆီ ဆား/သကြားသဘောလောက် ပဲငံပြာရည်အကြည်နဲ့နှပ်ထား…
  • စားခါနီးမှ ပန်းကန်ထဲ စပါးလင်ခံ နှပ်ထားတဲ့ငါးကိုတင် ၊
  • ကြက်သွန်နီဥသေး (မီးကင်ရင် ပိုကောင်း) ကြက်သွန်ဖြူ ထူထူလှီးထားတာတွေတင် ၊
  • နူးအောင်ပေါင်း…
  • ပြီးမှ ငရုပ်စိမ်း နံနံပင် ကြက်သွန်မြိတ် ကြိုက်တတ်ရင် ရှောက်ဘီလူးရွက် ရှမ်းနံနံအပေါ်ကတင်ပြီး သံပုရာရည်ညှစ် ၊
  • သံပုရာသီး အကွင်းလိုက် အလှဆင်…
  • ခဏပြန်ပေါင်းရင် ရဘီ…

~~~~~~~~~~~~~~~~~~~~

.

.

.

၃) ဝေ့ ရဲ့  Easy ပေါင်းနည်း ကတော့

 

wei

 

  • ကကတစ်ငါးကို ဆား၊ ဂျင်းရည်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီနဲနဲနဲ့ခဏနယ်ထားတယ်။
  • ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ထောင်းပြီး သံပုရာရည်နဲ့ဆား သကြားထည့်ပြီး ငါးပေါ်လောင်းတယ်။
  • ငါးအောက်က စပါးလင်ခံပြီး ကြွေပန်းကန်ထဲထည့် ဇကာပေါ်တင်ပြီး ပေါင်းထားလိုက်ပြီ။
  • ကျက်ခါနီးမှ နံနံပင်လှီးထားတာထည့်လိုက်မယ်။

~~~~~~~~~~~~~

.

.

.

၄) မွဘုတ်ရဲ့ Hakka ငါးပေါင်းနည်း

 

IMG_9113

 

  • မြက်စားငါး သို့ ငါးကြင်း အမှန်က ဘာငါးဖြစ်ဖြစ်ပါ။
  • ငါးကို သန့်စင်ပြီး ငရုပ်ကောင်း နဲ့ ဖြူးထားပါ
  • ချင်းခပ်ကြမ်းကြမ်းကြိတ်ထားပြီး ငါးတစ်ကိုယ်လုံးနှံအောင်သုတ်
  • ငါးဗိုက်ထဲကို ငရုပ်ကောင်း နည်းနည်း ချင်းကြိတ်ဖတ်နဲ့ ကြက်သွန်မိတ် တစ်ပင် နံနံပင်အမြစ် ရှိရင်ထည့်
  • ငါးအတွက် sauce ချက်ရန် ကြက်သွန်ုဖြူ ဆီ ထဲ အကြွပ်ကြော် ပါ.. အကြွပ်ဖတ် ကိုဖယ်ထားပါ .. ကြက်သွန်ဖြူဆီထည့် နှမ်းဆီ၊ ခရုဆီ၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင် အနည်းငယ်စီ သင့်အောင်ထည့်
  • ငါးပေါ်က လောင်းချပြီး ၁ဝ မိနစ် .. အကောင်ကြီးရင် ၁၅ မိနစ်ပေါင်းပါ
  • ငါးအပေါ်မှဖြူးရန် ကြက်သွန်မိတ် တစ်လက်မခန်ု့ဖြတ်ပြီးတာနဲ့ အရှည်လိုက် အမျှင်လှီး ရေစိမ်ထား
  • နံနံပင်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါကြောင်း
  • သတိ၊ ဆား အချိုမှုန့် မပါ
  • သံပုရာမှ မဟုတ် ချင်းကလည်း အဆီကျပါကြောင်း
  • ဆိုင်တွေမှာတော့ ငါးပေါင်းရည်တွေ သွန်ပစ်ပြီးမှ
  • Sauce လောင်း
  • သံပန်းကန်ပြား ပေါ်တင်ပြီး မီးဖိုနဲ့ပေးတာမို့  အမြင်မှာ လှလည်းလှ စားရင်းနဲ့ အရသာလည်း တဖြေးဖြေးဝင်နေတာပေါ့
  • အိမ်မှာကတော့ တစ်ခါတည်းပဲရောပေါင်း လိုက်ပါတယ်

~~~~~~~~~~~~~~~

.

.

.

၅) မွမိုးခိုင်ရဲ့ အလွယ်ဆုံးနည်း

  • ငါးကိုနှစ်ချက်လောက်ဓားရာပေးပန်းကန်ပြားပေါ်တင်..
  • ဂျင်းပါးပါးလှီးထားတာထည့်
  • ၁၀..မိနစ်ပေါင်း
  • ပေါင်းနေတုန်းကြက်သွန်မြိတ.်.နံနံပင်..ပဲငံပြာရည်အကြည်..ငရုတ်သီးစိမ်း..သံပြာရည်အကုန်ရောထား
  • ငါးကျက်ရင်ငါးထဲကအရေတွေသွန်..
  • ခုဏကဆော့ရည်ထဲ့
  • မီးဖိုပေါ်ခဏပြန်တင်ရပြီ
  • လွယ်တယ်ဟုတ်

~~~~~~~~~~~~~~~

.

.

.

၆) မွသဲ ရဲ့ ငါး ဝီစကီပေါင်း

IMG_9114

  • ငါး သင့်တော်ရာ ငါးကြင်း ကက္တစ် အဆင်ပြေရာ ကို ဂျင်းရည် ကြက်သွန်ဖြူရည် ခရုဆီနဲ့နယ်
  • ဆားလေးလိုရင်ထည့် နှပ်ထား
  • အာလူးကိုအခွံခွာ ပါးပါးအဝိုင်းလေးဒေလှီး ဆားနယ်
  • ပေါင်းမဲ့ဇလုံထဲနှမ်းဆီမွှေးဖြန်း
  • အာလူးစီထည့်
  • အပေါ်ကနှပ်ထားတဲ့ငါးတင်
  • အပေါ်ကရှောက်ရွက်အုပ်
  • အဖုံးဖုံး ရေခံပေါင်း
  • သရီးအင်ဝမ်း အရည်လဲရ အာလူးလဲပါ
  • အသားလဲစားရ
  • (ဘူ့မှ မပြောနဲ့ တညားက ဝီစကီ ၂ ပက်လောက်ထည့်တယ်)

~~~~~~~~~~~~~~~~~~

.

.

.

၇) မွနိုလှလှ ငါးလှလှပေါင်း ငါးပေါင်း+ ချိုချဉ် ဟင်းရည်မွှေး
ငါးပေါင်းကနေစမယ်နော် ( ချိုချဉ်ဟင်းရည်) – ငါးကတော့ (ကကတစ်/ စလားပီးယား/ ငါးပါနီ) မိမိကြိုက်နှစ်သက်တဲ့ငါးအကောင်လိုက်ဝယ်ဖို့လိုပါတယ်
လူ ၅ယောက်စာ ပါဝင်ပစ္စည်းများ

  • ငါး – ၆ဝ သား ( 1kg)
  • ပဲပြား – ၁တုံး
  • မှို – ၁ဝ သား
  • ငုံးဥ – 5 လုံး
  • ချဉ်စော်ခါးသီးခြောက် – ၂ကျပ်ခွဲသား (40 ဂရမ်)
  • ရေသန့် – 3 လီတာ
  • ကြက်သွန်နီ – ၂ကျပ်ခွဲသား (40 ဂရမ်)
  • ကြက်သွန်ဖြူ – ၂ကျပ်ခွဲသား (40 ဂရမ်)
  • သကြား – ၂ကျပ်ခွဲသား (40 ဂရမ်)
  • စပါးလင် – ၂ ချောင်း
  • ပင်စိမ်း – ၁စီး (40 ဂရမ်)
  • ရှမ်းနံနံ – ၁စီး (40 ဂရမ်)
  • ဂျင်: – လက် ၂ဆစ် ((20 ဂရမ်)
  • ဟင်းခက် မှုန့် / ဆား / ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်း

ကဲစပြီးပြင်ပါပြီ…

  • ငါးကို အကြေခွာ ဗိုက်ခွဲကလီစာတွေ ဗဟတ်ထုတ် အကောင်မပျက်စေနဲ့နော်
  • ဆေးပြီးလို့မှ အငြီနံ့ရှိသေးတယ်ထင်ရင် ရှာလကာရေ၂ဇွန်းကို ရေရောပြီး ငါးကို ၂မိနှစ်လောက်စိမ်ပြီးပြန်ဆေးလိုက်ရင် ရပါပြီ
  • ငါးကို ဘယ်ညာနှစ်ဖက် ဓါးနဲ့မွန်းလိုက်ပါပြီရင် ဆား / သကြား /ဟင်းခက်မှုန့် သင့်တော်သလောက်ထဲ့ပြီးနယ်ပြီးနှက်ထားလိုက်ပါ
  • ပဲပြားကိုတော့ လက်မဝက်ပတ်လည်လောက်အတုံးလေးတွေတုံးထားပါ
  • မှို (ကောက်ရိုး / ငွေနှင်း / ပင်အပ် ) ကြိုက်ရာကို ရေဆေးပြီး အသင့် စားအရွယ်လေးတွေဖြစ်အောင် လှီးထားပါ
  • ငုံးဥ ပြုတ်ပြီး အခွံခွါထားပါ
  • ချဉ်စော်ခါးသီးခြောက် – ၂ကျပ်ခွဲသား (40 ဂရမ်) ကိုရေ1လီတာဖြင့်ပြုတ်ပါ
  • 10မိနှစ်လောက်ဆူပါစေ ပြီးလျှင် အဖက်များစစ်ယူပြီး နောက်ရေ၁လီတာဖြင့်ထပ်ပြုတ်ပါ
  • ပြီးလျှင် အဖတ်များပစ်ပြီး အရည်များကို ပေါင်းမည့်အိုးတွင်ထဲ့ထားပါ
  • ကြက်သွန်နီ ကို အခွံခွာအတုံးလေးတွေတုံးထားပါ
  • ကြက်သွန်ဖြူ အခွံခွါပြီး တံပြားရိုက်ထားပါ
  • ဂျင်း အခွံခွာပြီး အပြားလိုက် ပါးပါးလေးလှီးထားပါ
  • ပင်စိမ်း / ရှမ်းနံနံ ကို ဆေးကြောသန့်စင်ထားပါ
  • စပါးလင် ဆေးကြောသန့်စင် အရင့်တွေဘယ်ပြီး အနုတွေကို ပါးပါးတစ်စောင်းလေးတွေလှီးထားပါ
  • ပေါင်းအိုး အပေါ်စကာပေါ်မှာ စပါးလင်အရင့်တွေကိုခင်းပါ ပြီးလျှင်ငါးတင်ပါ
  • ငါးဗိုက်ထဲကို ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် / ဂျင်း လေးပုံတပုံထဲ့ပါ
  • နောက်တပုံကို ငါးအပေါ်ကနေဖြူးပါ (ပင်စိမ်း / ရှမ်းနံ့နံ) မပါ ချန်ထားရန်
  • ပေါင်းအိုးထဲမှာ ချဉ်စော်ခါးသီးခြောက်ပြုတ်ရေ ၂လီတာ ကျန်ရေ၁လီတာထဲ့ပါ
  • ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် /ဂျင်း လေးပုံ၂ပုံထဲ့ပါ
  • ဟင်းခက်မုန့် / ဆား/ သကြားထဲ့ပါ

ကဲ!! ဟင်:ရည်အအတွက်လည်းပြီးပြီဆိုတော့….

  • စပေါင်းမယ်နော်…
  • ဟင်းရည်ပေါင်းအိုးအပေါ်မှာ ငါးထဲ့ထားတဲ့အပေါ်စကာတင်ပြီးအငွေ့မထွက်အောင် အဖုံးလုံရပ့ါမယ်…
  • မီးဖိုပေါ်မှာ အရည်အိုးဆူးတာ မိနစ်၃ဝလောက်ပေါင်းပြီးပြီဆိုရင်တော့ ငါးကကျတ်သလောက်ရှိနေပါပြီ…
  • အပေါ်က ငါးပေါင်းထားတဲ့စကာကိုခဏဖယ်ပါ ( အပူဟပ်တက်ပါတယ် သတိထားဖယ်ပါ)…
  • ဟင်းရည်ကိုအပေါ့အငံမြည်းပါ အစဉ်ပြေပြီဆိုပါက ပဲပြား/ငုံးဥ/ မှိုတွေကိုထည့်ပါ ငါးပေါင်းထားတဲ့စကာကိုပြန်တင်ပါ ၁ဝမိနစ်လောက်ပြန်ဆူပါစေ…
  • အခုဆိုရင်တော့ မွှေးပျံတဲ့ ငါးပေါင်းလည်းကျတ်ပြီ ချိုချဉ်မွှေးဟင်းရေလည်းကျတ်ပါပြီ…
  • ငါးပေါင်းပေါ်မှာ ခုဏကချန်ထားတဲ့ ပင်စိမ်း / ရှမ်းနံ့နံလေးတွေ အလှဆင်လိုက်အပါအုံး…
  • ငါးအသားကိုတို့စားဖို့ဆော့ကတော့ လွယ်လွယ်ကူကူ ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်းတွေကိုဖျော်လိုက်ပါ…
  • ရေနဲ့တိုက်ရိုက်မထိပဲ ဟင်းရည်ငွေ့နဲ့ပေါင်းထားတဲ့ ငါးရဲ့လက်ဆက်ချိုမြိန်မှု အရသာကို ပဲငံပြာရည်ဆော့လေးနဲ့တို့ပြီးခံစားရင်း ချဉ်စော်ခါးသီး ပဲပြား/ငုံးဥ/ မှိုတို့ရဲ့ ချိုချဉ်မွှေး ဟင်းရည်ပူပူလေးသောက်လိုက်ပါ…
  • ဒါမှ ငါးပေါင်း ချိုချဉ်ဟင်ရည်မွှေး ရဲ့ ပြီးပြည့်စုံတဲ့ အရသာကို ခံစားနိုင်မှာပါလို……

~~~~~~~~~~~~~~~~~~~~~

.

.

.

၈) တညားရဲ့ ငါး ဖြစ်ကတဲ့ဆန်းပေါင်း

 

kz

 

  • တွေ့တဲ့ငါး အကြေးခွံ ချွတ်ပြီး ဆား ငံပြာရည်နဲ့ နယ်ထား
  • ဂျင်းရယ်၊ ကြက်သွန်ဖြူရယ်ထောင်း အရည်ညှစ်ထည့်
  • ငရုတ်သီးစိမ်းကို ထောင်းပြီး ခုနက ဂျင်း၊ ကြက်သွန်ဖြူဖတ်တွေကို ငါးပေါ်ဖြူးပြီး
  • အိုးထဲရေခံပြီး ပေါင်းတာပဲ။

39 comments

  • Kaung Kin Pyar

    October 12, 2015 at 11:11 am

    ဆိုင်တွေမှာ ငါးသံပုရာပေါင်းဆို.. ဈေးကို သောင်းဂဏန်းယူတာ… (Feel ပိုဆိုးသေးး)
    ဒီလိုနည်းသိရင် ကိုယ့်ဟာကိုယ်လုပ်စားရအလွယ်လေးကို..နော်..
    နောက်တစ်ပတ် ပိတ်ရက်.. ပေါင်းဖြစ်အောင် ပေါင်းမယ်….
    မီးဖိုခန်း ရှုပ်ဖို့သာ ပြင်တော့…
    (မနေ့က ရုံးမှာမြင်ပြီး အာလူးသုပ် လုပ်လိုက်တာ ထည့်တဲ့ ပဲကြာဇံက ပိုများတော့ ပဲကြာဇံသုပ်ဖြစ်သွားတယ်…။ ဒီငါးပေါင်းတော့ အကောင်မပျက်လောက်ဘူး ထင်တာပဲ…. :k: )

    • ဇီဇီခင်ဇော်

      October 12, 2015 at 1:03 pm

      အားမငယ်နဲ့။
      အကောင်ပျက်တော့လည်း လှအောင်လှီးပြီး ပြင်ဆင်ပလိုက်။
      စားဖိုမှူးတွေ ပေါင်းတော့လည်း လွယ်နေရောပဲ။
      ဟိဟိ

      :k:

  • တောင်ပေါ်သား

    October 12, 2015 at 1:14 pm

    ( ၆) မွသဲ ရဲ့ ငါး ဝီစကီပေါင်း )

    အဲသဟာ စမ်းဦးမယ် ၊ ၂ ပက်တော့ ရင်းရမှာပေါ့လေ 🙂

    • ဇီဇီခင်ဇော်

      October 12, 2015 at 1:52 pm

      နှမြောစရာကြီးနော်။

      :k:

  • Kaung Kin Pyar

    October 12, 2015 at 1:19 pm

    ၂ ပက်မက ပိုထည့်ပြီး ငါးစားရင်း မူးနေမှာမြန်းးးးး လို့…
    ပြောလဲ ပြောချင်တယ်…
    ပြောလဲ မပြောရဲဘူး…

    ပြေးဘီ

    • တောင်ပေါ်သား

      October 12, 2015 at 1:22 pm

  • kai

    October 12, 2015 at 2:29 pm

    ယူအက်စ်က ငါးတွေက.. ရေခဲရိုက်ထားတာတွေများတော့.. ဒိုက်စော်လိုလို.. ဘာလိုလိုအနံ့ထွက်တွေ တော်တော်များသဗျ..။
    အဲဒါကို.. ဘယ်လိုဖျောက်ရမလဲ.. သိချင်..။ :k:

    • Novy

      October 12, 2015 at 5:38 pm

      ရှာလကာရေကို ရေရောပြီး ငါးကို 5မိနှစ်လောက်စိမ်ပြီးပြန်ဆေးလိုက်ရင် အနံ့ပျောက်ပါတယ်

      • ဦးကြောင်ကြီး

        October 13, 2015 at 10:03 am

        အနော ်ကြောင်ကြီးကို အဲလိုဆေးပီး ဆားပါလား မားနိုဂ ျီး

  • Novy

    October 12, 2015 at 5:40 pm

    ကိုခင်ဇော်ရယ် ဓါတ်သေတွေပျောက်သွားတာနာသကွယ်

    • ဇီဇီခင်ဇော်

      October 13, 2015 at 7:59 am

      ဟုတ်ပါ့ မွနိုရယ်။
      :a:

  • မြစပဲရိုး

    October 13, 2015 at 4:03 am

    ဒီမှာ ပေါင်းဖို့ င က အကောင်လိုက် ရှားတယ်။ ဝေးဝေးကဘဲ လွမ်းပါတော့မယ်။

    • ဇီဇီခင်ဇော်

      October 13, 2015 at 7:59 am

      ငါးပိုင်းတွေကိုလည်း ပေါင်းလို့ ရတယ် အရီးရဲ့။
      ဟိဟိ။
      :k:

  • Yin Nyine Nway

    October 13, 2015 at 11:46 am

    ရခိုင်မှာ ငါးသလောက်ပေါင်းကျွေးတာအရမ်းကောင်းတယ် ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူနဲ့ပေါင်းတာ ခု မမရဲ့ ငါး ပေါင်းစားကြည့်အုန်းမယ်

    • ဇီဇီခင်ဇော်

      October 13, 2015 at 11:56 am

      အမက ငါးသလောက်ပေါင်းကို အကြိုက်ဆုံးပဲ။
      ဟီးဟီးး
      ခုပေါင်းတာတွေက ချဉ်ချဉ်စပ်စပ်ပေါင်းတွေ ဦးစားပေးထားတာ။
      :k:

  • HMM

    October 14, 2015 at 11:07 am

    ငါးဆိုအရိုးကြောက်လို့ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်.. 😛

    • ဇီဇီခင်ဇော်

      October 14, 2015 at 11:49 am

      ဟိုလို ပေါင်းအိုးနဲ့ ပေါင်းရင်တော့ အရိုးပါ နူးပြီး စားလို့ရတယ်လေ။

      :k:

      • HMM

        October 14, 2015 at 12:21 pm

        အရိုးနူးပေါင်းထားတဲ့ငါးအနံ့က အီလည်လည်ဂျီးမို့ မကြိုက် :a:
        ငါးဆို ညှီရင်မစား အရိုးများရင်မစား အကြေးခွံမစင်ရင်မစား ချက်တဲ့စတိုင်မကြိုက်ရင်မစားနဲ့ ဂျီးများလွန်းလို့ ငါးရှောင်တဲ့ဘွရောက်ကြောင်း :k:

  • Ma Ma

    October 15, 2015 at 8:08 am

    င (ငါ့) ကိုပေါင်းပါလို့များ ပြောသလားလို့။ :k:

    အီးဇီးတာနဲ့ ဖြစ်ကတတ်ဆန်း ၂နည်းကို ပိုပြီးစိတ်ဝင်စားတယ်။
    :kwi:

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:22 am

      စားဖိုမှူးတွေ တိုက်တိုက်ဆိုင်ဆိုင် ငါး ပေါင်းစားကြတာနဲ့ မပေါင်းရသေးသူတွေပါ ဇွတ်ပေါင်းခိုင်းပြီး ဓာတ်ပုံတွေပါ မ လာတာ မမရေ။

      :k:

  • Alinsett @ Maung Thura

    October 15, 2015 at 11:32 am

    .ဖွေးဖွေးကို ပေါင်းပြီး စားချင်တယ်
    ငါးပေါင်းစားရတာထက်တောင် ပိုကြိုက်မိမယ်ထင့်
    ပလို့ဂျိ
    :k:

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:23 am

      ဖွီးဖွီး အသား ခါးလှတယ်

      :mrgreenn:

  • surmi

    October 16, 2015 at 4:54 pm

    အပြင်မှာ ထမင်းဆိုင်ဖွင့်ကြမယ်လေ ……
    ဘယ်လိုလဲ စိန်ရဲ လား :mrgreen:

    • ဇီဇီခင်ဇော်

      October 18, 2015 at 12:30 pm

      စိနျလိုကျလေ။
      မခကြျရဘူးဆိုရငျေွပါဒါဘာ။

      :k:

  • pooch

    October 17, 2015 at 3:34 pm

    အမေနဲ့ အဒေါ်ကတော့ ပေါင်းကျွေးပါတယ် သူတို့သာဆို ပိုသိမယ်
    ကိုယ်ကတော့ စားကောင်းရင် စားလိုက်တာပဲ ချက်ချင်သလိုသာချက် အကုန်စား အကုန်ကြိုက် :mrgreenn:

    • ဇီဇီခင်ဇော်

      October 18, 2015 at 12:31 pm

      အဲဒီလို စိတ်ရှိလည်း အေးဒါဘဲ။
      ဟိ

      :k:

  • @QUIL@

    October 18, 2015 at 7:00 pm

    အို…
    ယွံ ဇာ ကောင်းထွာ…။
    ထွီ ..ထွမ်.. အော့ အော့ …။
    frutti di mare…..
    သနားဇယာငယ်….။

    • ဇီဇီခင်ဇော်

      October 18, 2015 at 8:22 pm

      သူများး စားးတာတွေ ရွံတယ်ဆိုတော့
      သူများး ရွံ သရာတွေ မှ စားးချင်တဲ့ သူပေါ့ ခိခိ

  • kai

    October 21, 2015 at 2:19 pm

    ဇီမမရေ..
    ဒီလ.. ရွေးကောက်ပွဲလ.. ငါးပေါင်းရွေးမယ်နော…
    ပေါင်းတယ်ဆိုတော့.. နိမိတ်ကောင်းပေါ့..။ :k:

    • ဇီဇီခင်ဇော်

      October 21, 2015 at 2:26 pm

      ရတယ်။
      Topping တွေကတော့ ပြုစုတုန်းမို့။
      ဟိဟိ

      :k:

  • kai

    October 22, 2015 at 4:19 pm

    ရေခဲရိုက်ထားတဲ့.. ငါပုဏ္ဍား၃ကောင်ဝယ်ထားတယ်..
    အပေါ်ကတနည်းနည်းနဲ့.. ပေါင်းကြည့်လိုက်ဦးမယ်..။

    စကားအတင်းစပ်…
    ကျုပ်မှာကိုလက်စရောတွေတက်နေတယ်ဆေးစစ်ချက်ထွက်သမို့.. ဆေးသောက်ပြီးချရတော့မယ်တဲ့..။
    အစားအသောက်လည်း.. လျှော့ရမယ့်ကိန်း..။
    အထူးသဖြင့်.. အသားနီ/အနီသားတွေ..။
    ဆိုတော့..
    ငါးတွေမသက်သာဘူးသာ ..မှတ်ပေတော့… လို့..။ :k:

    • ဇီဇီခင်ဇော်

      November 30, 2015 at 10:03 am

      မိုးအေးအေးလေးနဲ့ စားချင်လာပြီ

      :sar:

  • ကျောက်စိမ်း တိန်ညင်

    November 30, 2015 at 1:44 pm

    ငါးပုတ်သင်ပေါင်း(သဌေးစာ)
    ၃၅ကျပ်သားကောင်လောင်ဆို ၂၀၀၀၀/- လောက်ပေးရမယ်
    ကြက်သွန်ဖြူ(ဗမာအဖြူ)
    သီဟိုစေ့လှော်
    ဆားနည်းနည်း
    ငရုတ်သီး
    ဂျင်း
    အဲ့၅မျိုးကို မီးပြင်းထဲ ထည့်လှော် ၁မိနစ်ခွဲလောက် …. ပြီးရင် မညက်တညက်ထောင်း ဆီလေးနည်းနည်းထည့်နယ်(မြေပဲဆီ)
    ငါးကို သန့်စင်ပီး ရေစစ်ထား ဗိုက်ထဲ အဲ့အနှစ်ထည့် … ခဲပြားပဲပီး မိုက်ခရိုဝေ့ထဲ ၃/၄မိနစ်လောက်ထည့်လိုက် ရပီ
    မှတ်ချက်။ ။ အနှစ်ကိုမစားရ ….
    (ကိုယ်ကြိုက်မဲ့ အချဉ်ဆော့လေးသုံးပီး ငါးအသားကိုစားပါ)
    ———————————————————————————————————————————–
    ငါးရံ့စပ်စလူးပေါင်း(င ဟာ ငါ နာမည်ပေးထားတာ) 🙂

    ငါးရံ့ ၂၅ကျပ်သား
    မြေပဲ (အစိမ်းကို ၄စိပ်ကွဲလှော်ထောင်း)
    ငရုတ်စိမ်း
    ဆား
    ခရုဆီနည်းနည်း
    ကြက်သွန်ဖြူမီးကင်

    ရေဆေးသန့်စင်ပီးရင် ငါးရံ့အူလေးပါ (သန့်စင်ပီး) ဗိုက်ထဲပြန်ထည့်ပေး
    အပေါ်ကဟာတွေကို ရောနယ် ဗိုက်ထဲလည်းထည်း အပြင်မှာလည်းပုံ
    ပီးရင် ခဲပတ်ပီး ဆော်လဘန်တေလိုက်တော့ ၃/၄မိနစ်ဆိုရပီ
    ———————————————————————————————————————————–

    စကားမဆီမဆိုင် ….. ငဒို့ သဂျီးက သူများထက်ထူးတယ် …..
    ငါးပုဏ္ဏား ၃ ကောင် ပေါင်းစားမယ် ဆိုလားပဲ … အေးပေါ့လေ သူတို့ ယူအက်စ်က ငါးပုဏ္ဏားက ၁တောင်လောက်ရှိလားမှ မသိတာ …
    ကိုယ်တွေဆို ကိုလက်စထော မတက်အောင် ငါးသလဲထိုးတနေ့ ၁ကောင် ပေါင်းစားပြိုက်မှာ 🙂

    • ဇီဇီခင်ဇော်

      November 30, 2015 at 2:05 pm

      ဟိ။
      စိမ်းလိုက်ပြီ။
      နာ က ငါးမကျွမ်းဘူးကော။
      ဘယ်ငါးပြောလို့ ဘယ် အရွယ်မှန်းမသိဘူး

      :mrgreenn:

    • kai

      November 30, 2015 at 3:07 pm

      တကောင်တညိုလောက်ကလေးတွေပါကွယ်….။
      ဘယ်ချောင်ကပ်သွားမှန်းတောင်မသိ…။ :k:

Leave a Reply