Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝဋ်ကြွေးရှိခဲ့ရင် ပြေပါရစေ ရာဇသံရွှေပေ . . .

.ကျွန်မ၏အီမေးလ်ထဲကို သူတိတ်တဆိတ်လေး ဝင်ရောက်လာခဲ့သည်။ သူဆိုသည်ကတော့ ရာဇသံရွှေပေ၏ အနှစ်သန္ဓေ၊ သို့မဟုတ် ရာဇသံရွှေပေ၏အသက်ဓာတ်၊ သို့တည်းမဟုတ် ရှင်ဘုရင် အလောင်းမင်းတရား၏ ဖြစ်ရပ်မှန်သက်သေကို ဖော်ထုတ်ထားသော စာတမ်းတစ်စောင်။
.သက္ကရာဇ် ၂၀ဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr.Friedrich Hülsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာ Jacques. P. Leider ထံအကူအညီတောင်းခံလာခဲ့သည်။  Ms IV 571a  ဟုသာ မှတ်တမ်းတင်ထားခဲ့သော ထိုရွှေသားအစစ်ရွှေပေလွှာသည် ရှင်ဘုရင်အလောင်းမင်းတရားမှ ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ ပေးပို့တော်မူသော မူရင်းရာဇသံစာလွှာဆိုသည်ကို ဒေါက်တာလိုင်ဒါ တွေ့ရှိလိုက်ရပြီ။
. ရွှေအစစ်ဖြင့်ခတ်ထားသော ရွှေပြားထက်တွင် ပြစ်ချက်မရှိ စီစီရီရီရေးထွင်းထားသော မြန်မာစာလုံးများကို ပတ္တမြား ၂၄လုံးဖြင့် တန်ဆာဆင်ယင်ထားပြီး သေသပ်လှပစွာ ပုံဖော်ထားသော ဖောင်းကြွဟင်္သာပုံ ရှင်ဘုရင့်တံဆိပ်တော် ခတ်နှိပ်ထားသည့် ဤရာဇသံရွှေလွှာ။ သမိုင်းကြောင်းထဲမှ ပစ္စည်းတစ်ခုအတွက် ဒေါက်တာ  လိုင်ဒါ သမိုင်းကိုလှန်ကာ စာတမ်းတစ်ခု အသက်ဝင်ဖြစ်ထွန်းလာရန် သုံးနှစ်သုံးမိုး အချိန်ယူခဲ့သည်။ ၂၀၁၁ ခု တွင် ထိုစာတမ်းကို အဆိုပါစာကြည့်တိုက်တွင် ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် မြန်မာပြန်ရန် ဘာလင်၊  Humboldt  တက္ကသိုလ်မှ  Dr. Uta Gartner  သည်  Cologne တက္ကသိုလ်မှ  Professor Frauke Kraas   ထံအကူအညီ တောင်းခံခဲ့သည Professor Frauke Kraas  သည် ရန်ကုန်တက္ကသိုလ်မှ ဒေါက်တာဇင်နွယ်မြင့်ထံ ဆက်သွယ်ခဲ့ရာ ထိုမှတဆင့် ၂၀၁၁ ခု၊ မေလ ၄ ရက်တွင် ကျွန်မ၏အီမေးလ်ထဲ ရာဇသံရွှေပေ၏ အသက်ဓာတ်သည် pdf. file  အဖြစ် တိတ်တဆိတ် ကိန်းအောင်းလာခဲ့တော့သည်။
. ကျွန်မကို သူတဖြည်းဖြည်း ညှို့ငင်နိုင်ခဲ့သည်။ သူ့ကြောင့် ကျွန်မ စာအုပ်တွေ မနည်းမနောဖတ်ဖြစ် ခဲ့သည်။ ရာဇဝင်စာအုပ်ပုံထဲ ကျွန်မ၏ဦးခေါင်းကို နှစ်မြုပ်ထားလိုက်ချိန်သည် ကျွန်မ၏စကြဝဠာအလည်ဗဟိုချက် ဆီ သူချင်းနင်းဝင်ရောက်လာချိန်။
.သမိုင်းပုံရိပ်ထဲဝယ် အလောင်းမင်းတရား။ ပြင်းထန်သောဇာတ်ကြောင်းဖြင့် အရပ်သားဘဝမှသည် မြန်မာ့ ထီးနန်းပလ္လင်ပေါ် ထိုက်ထိုက်တန်တန် လှမ်းတက်လာနိုင်ခဲ့သူ။ သို့ရာတွင် ဟိုင်းကြီးကျွန်း သုတ်သင်ပွဲအမှတ်တရ သည် မြန်မာပြည်သမိုင်းမှတ်တမ်းတွင် မြန်မာသက်ဦးဆံပိုင်ဘုရင်စနစ်၏ ရက်စက်သော၊ အကြွင်းမဲ့အာဏာရှင် ဆန်သော အမှတ်တံဆိပ်အဖြစ် ကြာရှည်လေးမြင့်စွာ တည်နေခဲ့သည်။ အလောင်းမင်းတရား၏ အပိုင်းကဏ္ဍနှင့် ရည်ရွယ်ချက်အပေါ် အရိပ်မည်းထိုးခဲ့သည်။ အမှန်မှာ မြန်မာ့ရာဇဝင်သမိုင်းတွင် စိတ်နေသဘောထား  အပွင့်လင်းဆုံး ရှင်ဘုရင်တစ်ပါးဖြစ်နိုင်သော အလောင်းမင်းတရားသည် အင်္ဂလိပ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ဖို့ တစ်လျှောက်လုံး စိတ်ထက်သန်ခဲ့သူ။ ဤအဖြစ်ကို အလောင်းမင်းတရား၏ ရာဇသံရွှေပေက သက် သေထူသည်။
.မွန်-မြန်မာ တိုက်ပွဲကာလတွင် မင်းတရားသည် အများနားလည်ထားသလို လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူနိုင်ရန် အရှေ့အိန္ဒိယကုမ္ပဏီကို မျက်နှာချိုသွေးခြင်းမပြုခဲ့။ ဗြိတိသျှတို့၏ အရှေ့အိန္ဒိယကုမ္ပဏီနှင့် တည် ငြိမ်သော ဆက်ဆံရေးကို ထူထောင်ထားရန် ဆုံးဖြတ်ခဲ့သည်။
. ဗြိတိသျှတို့က မြန်မာပြည်တွင် နယ်မြေခြေကုပ်ရယူရန်နှင့် ဒေသတွင်းနိုင်ငံရေးထဲ ပြောရေးဆိုခွင့်ရရန်၊ ကုန်သွယ်အခွင့်အရေးရရန် ရည်ရွယ်ထားကြစဉ် အလောင်းမင်းတရားကြီးသည် အမြင့်မားဆုံး နိုင်ငံရေးအဆင့်ဖြင့် ရင်းနှီးစွာဆက်ဆံရေးအတွက် အားတက်သရောဆောင်ရွက်ခဲ့သည်။ အရှေ့အိန္ဒိယကုမ္ပဏီနှင့် ကုန်သွယ်ရေးသည် လက်နက်ခဲယမ်းမီးကျောက် ရရှိရန်ဖြစ်သည်ဟူသောကောက်ချက် မမှန်ခဲ့။
. ဗြိတိသျှတို့နှင့် စစ်မှန်သောတိုးတက်မှုကို လုပ်ဆောင်ရန်မှာ သူ့လိုပင်ဆုံးဖြတ်ရသူ၊ တန်းတူရည်တူများ နှင့် စကားပြောဖို့လိုအပ်သည်ဟု မင်းတရားကြီး တွေးမိခဲ့ပါလိမ့်မည်။ ဤသို့ဖြင့် အင်္ဂလိပ်ဘုရင်ထံ စာတစ်စောင် (ရာဇသံရွှေပေ)၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ထံတစ်စောင်၊ မဒရတ်စ်ဘုရင်ခံထံတစ်စောင်နှင့် ဟိုင်းကြီးကျွန်းဦးစီးမှူး ထံတစ်စောင်၊ စုစုပေါင်းလေးစောင်ကို ရေးသားရာတွင် ထိုခေတ် ပညာရည်အပြည့်ဝဆုံး စာဆိုတော်များထဲမှ တစ်ဦးဖြစ်သော လက်ဝဲနော်ရထာကို ရေးသားစေခဲ့သည်။ အလောင်းမင်းတရား၏ ရိုးရင်းဘက်တစ်ဦးဖြစ်သလို ဝန်ကြီးတစ်ဦးလည်းဖြစ်သော လက်ဝဲနော်ရထာသည် ရာဇသံရွှေပေ၏စာသားများကို စီကုံးခဲ့သူတည်း။
.ရာဇ ဟူသည် ရာဇာမင်း၊ သံဟူသည် သံတမန် သို့မဟုတ် ချစ်ကြည်ရေး၊ ရာဇသံရွှေပေဟူသည် ရာဇာမင်းတို့၏ချစ်ကြည်ရေးရွှေသဝဏ်လွှာ။ ရှင်ဘုရင်အချင်းချင်း ဆက်ဆံရေးအတွက် ထိုချစ်ကြည်ရေးသဝဏ်လွှာ ရာဇသံရွှေပေကို အထူးခြားဆုံး၊ အရှားပါးဆုံးဖြစ်အောင် မင်းတရားသည် အစွမ်းကုန်ဂရုတစိုက် စီမံခဲ့သည်။  မြန်မာ့သမိုင်းကြောင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာဘုရင်သည် အနောက်တိုင်းဧကရာဇ်တစ်ပါးနှင့် တိုက် ရိုက်ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
.သို့သော် အလောင်းမင်းတရား၏ သံတမန်ရေးရာ အဖွင့်နိဒါန်း ကြမ္မာငင်ခဲ့သည်။ ရာဇသံစာပေးပို့ရာ တွင် တမင်သက်သက်ဖင့်နွှဲအောင် အလုပ်ခံခဲ့ရသောကြောင့် စာရေးပြီး နှစ်နှစ်နီးပါးအကြာ ၁၇၅၈ ခု၊ မတ်လ ရောက်မှ ရာဇသံစာနှင့် ဘာသာပြန်စာများ လိပ်စာရှင်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့သည်။ အရှေ့အိန္ဒိယ ကုမ္ပဏီမှ အရာရှိအရာထမ်းတို့၏ လျစ်လျူရှုမှုနှင့် မသိသားဆိုးဝါးနိုင်ခြင်းများသည် အလောင်းမင်းတရား၏ ဆန်းသစ်သော ပဏာမခြေလှမ်းကို လုံးလုံးအကျိုးကျေးဇူးမဲ့အောင် ပုံစံပြောင်းပေးလိုက်သည့် အဆုံးအဖြတ်ပေး သော အကြောင်းခံများဖြစ်ခဲ့သည်။ အလေးထားမှုမရှိခြင်းသည် ကုမ္ပဏီ၏ကျဉ်းမြောင်းသော ချဉ်းကပ်မှုဟုခေါ် ရမည်။
. မြန်မာပြည်ကို မျက်မြင်ထင်ရှားရပ်တည်နေသော တိုင်းပြည်ဟုမြင်ရမည့်အစား ဈေးကွက်တစ်ခုဟု အထင် သေးစွာ မြင်ခဲ့ကြသည်။ မြန်မာဘုရင်ကိုလည်း တန်းတူရည်တူမြင်ရမည့်အစား အလားအလာရှိသော ဖောက်သည် တစ်ဦးအဖြစ်မြင်ခဲ့ကြသည်။
. နိုင်ငံရေးအရ အရေးကြီးသော ယဉ်ကျေးမှုထုံးတမ်းကို ဗြိတိန်မှ လိပ်စာရှင် ဂျော့ဘုရင်-၂ တင်မက ကုမ္ပဏီဒါရိုက်တာများပင် နားလည်ပုံမရခဲ့ပေ။ ရာဇသံရွှေပေနှင့် အခြားစာသုံးစောင်၏ အင်္ဂလိပ်ဘာသာပြန်မူ များကို ဟိုင်းကြီးကျွန်း မှတဆင့် မဒရတ်စ်သို့ဆောင်ယူလာပြီး ထိုမှတဆင့် လန်ဒန်သို့ပို့ပေးပြီးနောက် ရာဇသံရွှေပေ ကိုလည်း အတွင်းဝန်မင်း ဝီလျံပစ်က ဒုတိယမြောက်ဂျော့ဘုရင်မင်းမြတ်ထံ ဆက်သခဲ့သည်။ သဝဏ်လွှာထဲပါ သည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ ဝီလျံပစ် မည်သို့တင်လျှောက်သည်ကို မသိရ။
. ဂျော့ဘုရင်မင်းမြတ်သည် ရာဇသံရွှေပေလွှာကို လက်ခံတော်မူသော်လည်း ဗြိတိသျှဧကရာဇ်မင်းနှင့် ရင်း နှီးချစ်ကြည်စွာ ဆက်ဆံလိုသော အလောင်းမင်းတရား၏ ကမ်းလှမ်းချက်ကို တရားဝင်ပြန်ကြားစာ တစ်စောင် တလေမှ ပေးပို့ခြင်းမရှိခဲ့ပေ။ ထိုရာဇသံရွှေပေကို လက်ခံရရှိပြီး ဂျော့ဘုရင်-၂ သည် ဟန်နိုဗာမြို့မှ သူ၏ စာ ကြည့်တိုက်ဆီ စာကို ချက်ချင်းပို့လိုက်သည်။ နောင်သုံးပတ်အကြာ (၁၇၅၈ ခု၊ မတ်လ ၂၈ ရက်)တွင် စာကို မှတ်ချက်ရေးသွင်းခဲ့သည်။
.အလောင်းမင်းတရားသည် လန်ဒန်မှပြန်ကြားလွှာ တစ်စောင်တလေမှ မရခဲ့သလို ပို့လိုက်သော ရာဇသံစာ လက်ခံရရှိကြောင်းကိုပင် အသိအမှတ်ပြုမှု တစ်စုံတရာမရခဲ့ပေ။ နောက်ပိုင်းတွင် သက်သေများက ပြသခဲ့သည်မှာ ထိုအဖြစ်ကို အလောင်းမင်းတရား နာခဲ့သည်။
.မွန်-မြန်မာ တိုက်ပွဲကာလအတွင်း ပေါ်ပေါက်ခဲ့သော ထိုသံတမန်ရေးရာကျရှုံးခြင်းနှင့် အခြားသောဘေး စကားများကြောင့် အလောင်းမင်းတရားသည် ဟိုင်းကြီးကျွန်းပေါ်မှ ဗြိတိသျှတို့ အခြေစိုက်မှုကို ချေမှုန်းရန် ဆုံး ဖြတ်ခဲ့သည်။ ဤသို့ဖြင့် ဟိုင်းကြီးကျွန်းလူသတ်ပွဲသည် မင်းတရား၏သမိုင်းတွင် အကျည်းတန်ဆုံး အမည်းစက် အဖြစ် ကမ္ပည်းတင်ခဲ့သည်။ ဒီဂျီအီးဟော အပါအဝင် နောင်ကိုလိုနီခေတ် သမိုင်းဆရာများ၏ တစ်ဖက်စောင်းနင်း  ကိုလိုနီရေးသားချက်တို့၏ အမွေအဖြစ် အဆိုးရွားဆုံးသမိုင်းမှတ်တမ်းထဲတွင် အလောင်းမင်းတရား အိပ်မောကျ ခဲ့ရသည်။
. နောင်နှစ်ပေါင်း ၂၅ဝအကြာ ၂၀ဝရ ခုတွင်မှ မျက်မြင်ထင်ရှားပေါ်ထွက်လာသော ရှင်ဘုရင်မင်းတရား၏ ရာဇသံရွှေပေ-၎င်းရွှေပေကို နောက်ယောင်ခံလိုက်ရာမှ ပေါ်ထွက်လာသော သမိုင်းအမှန်တရားများအတွက် ပြင် သစ်လူမျိုး ဒေါက်တာလိုင်ဒါသည် စာတမ်းတစ်စောင်ကို မဖြစ်မနေ တပတ်တကုပ်ပြုစုရတော့သည်။ ရာဇသံ ရွှေပေသည် ထိုပညာရှင်ကို ညှို့ငင်နိုင်ခဲ့သလို ထိုပညာရှင်၏စာတမ်း-တနည်းအားဖြင့် ရာဇသံရွှေပေ၏ အသက် ဓာတ်သည် ကျွန်မကို ညှို့ငင်ဖျားယောင်းနိုင်ခဲ့ကာ ရာဇဝင်သမိုင်းကြောင်းထဲမှ ကျွန်မ ရုန်းထွက်မသာ။
. ရွှေသဝဏ်လွှာ၏တန်ဖိုးသည် နှစ်ခုတစ်တွဲ။ ရွှေစင်ရွှေသားဖြစ်နေခြင်း၊ အနုပညာလက်ရာမြောက်နေခြင်း၊ စာများပေါ်မှ ရေးဟန်နှင့်လေသံ ဂုဏ်သိမ်သဘောတရား စသော ဒြပ်ထည်တန်ဖိုးနှင့် ၎င်းကိုနောက်ယောင်ခံ လိုက်ရာမှ ပေါ်ထွက်လာသော သမိုင်းအရှိတရား၊ သို့မဟုတ် စာတမ်း။ ထိုနှစ်ခုတစ်တွဲ မကွဲမပြားရှိနေမှသာလျှင် တိုင်းပြည်၏သမိုင်းဝင်တန်ဖိုး အစစ်အမှန်ဟု ဆိုလိုက်ပါရစေ။
.သို့ဆိုလျှင် ဒေါက်တာလိုင်ဒါ ဟူသောပညာရှင်၏ ပညာစွမ်းနှင့် အားထုတ်လုံ့လပြုမှုကြောင့် ငွေတစ်ပြားမကုန်၊ ချွေးတစ်ပေါက်မကျဘဲ သမိုင်းဝင်ပစ္စည်းတစ်ခုဖော်ထုတ်နိုင်ခဲ့သည့်အပေါ် ပညာရှင်ကို ဂုဏ်ပြုအသိအမှတ်မပြုထိုက်ပေဘူးလော။
.မည်သို့ဆိုစေ ရှင်ဘုရင်အလောင်းမင်းတရားသည် လက်ရုံးရည်တွင်သာ ဘုန်းတောက်ခဲ့ခြင်းမဟုတ်၊ နှလုံးရည်ပြည့်ဝသလောက် ခေတ်အခါထက် ရှေ့ပိုပြေးသော အမြင့်မားဆုံး သံတမန်ရေးရာကို နားလည်ခဲ့သော ဘုရင်တစ်ပါးဖြစ်ခဲ့သည်ကို ယခုမှမျက်မြင်ထင်ရှား ပေါ်ထွက်လာသော ရာဇသံရွှေပေက အတိအကျ သက်သေထူနိုင်ခဲ့ကြောင်း ရာဇဝင်တွင် အောင်မောင်းရွမ်းခဲ့ပြီ။ သို့တိုင် ထိုအရှိတရားမြုပ်ကွယ်နေဆဲ။
.တချိန်တုန်းက ရာဇသံရွှေပေသည် လိုက်ဘ္ဘနစ်ဇ်စာကြည့်တိုက်၏ ထောင့်တစ်နေရာကို တိတ်တဆိတ် အပို့ခံလိုက်ရကာ အမေ့လျော့ခံဘဝတွင် နှစ်ပေါင်း ၂၅ဝကျော် ကြာညောင်းသွားခဲ့သည်။ .၎င်း၏အသက်ဓာတ်ဟု ခေါ်ရမည့်စာတမ်းသည်လည်း ကျွန်မမေးလ်ထဲ တိတ်တိတ်လေး ဝင်ရောက်လာကာ သည်လိုပဲ အမေ့လျော့ခံဘဝမှာ နှစ်တွေ ဘယ်လောက်တောင် မိုင်ရှည်ဦးမလဲ မပြောတတ်တော့ပြီ။ သူ့ကိုမှ တယုတယတွယ်ငင်မိခဲ့သူအပေါင်း၊ .သူနှင့်ပတ်သက်ဆက်စပ်သမျှ နောက်ဆက်တွဲ တန်ဖိုးအနဂ္ဂအပေါင်းကို အမေ့လျော့ခံဘဝမှာ နေစေညွှန်းရော့သလား။ ဆုတောင်းတိုင်းသာပြည့်မည်ဆိုလျှင် ကျွန်မ၏စကြဝဠာကို စိုးပိုင်သသူ အရှင်သခင် သူ့အတွက် ဆုတစ်ခု ပန်ချွေပါရစေ။ .ဝဋ်ကြွေးရှိခဲ့ရင် ပြေပါစေ၊ ကျေပါစေ၊ သမိုင်းနေရာမှန်မှာ မော်ကွန်းထွန်းပါစေ ပြိုင်စံကင်းသော ရာဇသံရွှေပေ။     ။

ဝင့်ပြုံးမြင့်
ဒီဇင်ဘာ၊ ၂၀၁၅
 

 

yar za than

 

 

 

 

 

 

 

 

 

 

31 comments

  • အူးမြောက်မြောက် - ( Book.E)

    January 8, 2016 at 8:18 pm

    ပတ္တမြားမှန်ရင် နွံမနစ်လို့ ခုပြန်ပေါ်လာပြီပဲလေ
    ဟတ်တမလား သဂျီး
    ဟတ်တဘော့ င့တူရယ်

    • ဝင့်ပြုံးမြင့်

      January 8, 2016 at 11:26 pm

      .အင်းလေနော့။ ပတ္တမြားတွေ အများကြီးပါတာကို။ ရွှေကလည်း ငါးကျပ်သား ဆိုတော့ မနည်းဘူး ဟိဟိ။

      • သင့်အေးရိပ်

        February 15, 2016 at 5:13 pm

        ချက်ကျောက်တွေတော့ မဟုတ်ဘူးထင်တယ်…
        အဲဒီခေတ်က ချက်ကျောက် ပေါ်ပြီလား မပေါ်သေးဘူးလား မသိ။

        .အောက်ဆုံးက ပတ္တမြားတစ်လုံးကိုတော့ အတော်ကြိုက်…
        အပေါ်က အလုံးတွေက အရည်ချိုတိုတိုတွေမို့ …
        အဲ… အဲ့လောက် အရည်ကိုမှ အဲ့လောက် ဆိုက်နဲ့ ဒီခေတ်မှာ အတော် ရှားလာပြီ…
        လုံးချောလိုလိုနဲ့ သေချာ မသွေးထားပေမယ့်…. ဖြုတ် ရောင်းလိုက်ရရင် ဈေးအတော်ရမယ့်ပုံ…

        :k:

  • ဦးဦးပါလေရာ

    January 8, 2016 at 10:42 pm

    ဆိုးတာက ..
    ဒီကိစ္စက ဒီအစိုးရနဲ့ ဒီအစိုးရရဲ့ အုပ်ချုပ်ရေးယန္တယားရှိနေတဲ့အချိန်မှာ ပေါ်ထွက်လာခဲ့တာပဲ…
    စစ်အစိုးရရဲ့ အရည်အချင်းတစ်ခုက-
    သက်ရှိ/သက်မဲ့ ဘယ်တခုခုရဲ့ တန်ဖိုးကိုမှ အမှန်အတိုင်း ဘယ်တော့မှမသိတာ
    တကယ်ကိုမသိတာ… ဒီတသက်လဲ ဘယ်လိုမှ သိနိုင်မယ်မဟုတ်ဘူး..
    ဒီအုပ်ချုပ်ရေးယန္တယားရဲ့ ပြသနာက –
    ကိုယ့်အလုပ်တာဝန်ကို ကိုယ်မလုပ်ပဲ ကိုယ်ကျိုးပဲ ရှေ့တန်းတင်လေ့ရှိတာ…
    ……..
    အင်း………
    ပေါက်ဆိန်တခုကို အရိုးရော အသွားရော တလှည့်စီလဲရမှာဖြင့်တော့..
    အသစ်သပ်သပ် ထပ်ဝယ်တာက ပိုကောင်းဦးမယ်……

    • ဝင့်ပြုံးမြင့်

      January 8, 2016 at 11:32 pm

      .ခုလည်း ပညာရှင် ဒေါက်တာလိုင်ဒါကို ဘယ်တော့လောက် နိုင်ငံတော်အဆင့် ဖိတ်ခေါ်ဂုဏ်ပြုမလဲ မျှော်မောနေရဆဲပါ ဦးဦးပါရေ။ ဒါမှမဟုတ်လည်း ပြတိုက်ဖွင့်ပွဲ ပရင်စင်တေးရှင်းအတွက် ဖိတ်ခေါ်တာမျိုး လုပ်မယ် မျှော်လင့်ရတာပါပဲ။ စာအုပ်ထွက်သွားပြီဆိုတော့ ဒေါက်တာ လိုင်ဒါက ဝမ်းသာကြောင်း မေးလ်ပို့ပါတယ်။ တိုင်းပြည်မှာ တခြား ဦးစားပေးကိစ္စတွေ များနေတယ်ဆိုတာ သူသဘောပေါက်ကြောင်းလည်း ပြောပါတယ်။

  • ဈာန်​

    January 8, 2016 at 11:39 pm

    အမျိုးသားပြတိုက်​က မူပွားကို မှန်​​ဘောင်​သွင်​းပြထား​ပေမယ်​့
    သမိုင်​း​ေ​ကြာင်​းအကျဉ်​း​လေးကို မ​ရေးထား​လေ​တော့
    ကြည်​့တဲ့သူ​တွေ ဘာမှန်​းမသိကြဘူး ။
    မြပြုံးစာဖတ်​ဖူးလို့သာ မှန်​းြပြီးနားလည်​ခဲ့ရတာ ။
    တစ်​​နေ့​တော့ …
    တစ်​​နေ့ ​နေ့​ပေါ့ဗျာ …

    • ဝင့်ပြုံးမြင့်

      January 9, 2016 at 12:29 am

      .ကမာ္ဘပေါ်က တစ်ခုတည်းသော လက်ကျန် ရွှေပေလွှာပါ။ သမိုင်းတန်ဖိုးအင်မတန်ကြီးလှပါတယ်။ ပြောလို့ ပြောတာမဟုတ်။ သူတို့တွေလက်ထဲရောက်သွားလို့ အခုကျန်နေတာ။ မြန်မာတွေလက်ထဲရောက်သွားရင် ရွှေကိုကျိုပြီး လက်ကောက်တွေ လက်စွပ်တွေ လုပ်ဖို့များတယ်။

      • ဇီဇီခင်ဇော်

        January 9, 2016 at 6:40 am

        ဘုရားးတည်တဲ့ ထဲ
        ထည့်ဖို့များးမယ် ထင် …
        :k:

  • alinsett

    January 9, 2016 at 10:09 am

    မည်သို့ဆိုစေ ရှင်ဘုရင်အလောင်းမင်းတရားသည် လက်ရုံးရည်တွင်သာ ဘုန်းတောက်ခဲ့ခြင်းမဟုတ်၊ နှလုံးရည်ပြည့်ဝသလောက် ခေတ်အခါထက် ရှေ့ပိုပြေးသော အမြင့်မားဆုံး သံတမန်ရေးရာကို နားလည်ခဲ့သော ဘုရင်တစ်ပါးဖြစ်ခဲ့သည်ကို ယခုမှမျက်မြင်ထင်ရှား ပေါ်ထွက်လာသော ရာဇသံရွှေပေက အတိအကျ သက်သေထူနိုင်ခဲ့ကြောင်း ရာဇဝင်တွင် အောင်မောင်းရွမ်းခဲ့ပြီ။ …

    . အောင်မောင်းရွမ်း…ဆိုတာ…ဘယ်လိုမျိုးပါလိမ့်လို့… စဉ်းစားမိသေးတယ်..။

    ဒီအစ်မတော်နဲ့… မြန်မာစကားလုံး အသုံးအနှုန်း ချဲ့ထွင်ဖန်တီးမှုဆိုင်ရာတွေ… ထိုင် ဆွေးနွေးချင်သေး…

    :k:

    • ဝင့်ပြုံးမြင့်

      January 10, 2016 at 5:21 pm

      .မြန်မာစကားလုံးက ဘယ်လိုပြောရပါ့။ လှအောင်ရေးလည်းရတယ်။ ပညာရပ်ဆိုင်ရာမှာကျတော့ မြန်မာစာပေ အားနည်းသွား။ ရသပိုင်းကတော့ ဘယ်လိုရေးရေး ရပါတယ်။

  • .အောင်စည်အောင်မောင်းရွှမ်း တယ်ဆိုတာရှိတယ်လေ…
    .အင်း..သမိုင်းမှန်ကိုဖေါ်ထုတ်သူကထုတ်…ဘာသာပြန်တင်ပြသူကပြနဲ့
    .ပညာရှင် ဒေါက်တာလိုင်ဒါ နဲ့ ဘာသာပြန်သူ မဝင့်ပြုံးမြင့်တို့တာဝန်ကြေခဲ့ပါပြီလေ…
    .ကျန်တာတော့…..

    • ဝင့်ပြုံးမြင့်

      January 10, 2016 at 5:32 pm

      .ဟုတ်ပါတယ် ဦးကြီးမိုက်။ ပညာရှင်ဘက်ကကော ၊ ဂျာမန် စာကြည့်တိုက်မှူး ဘက်ကကော၊ ဂျာမန် MOFA အဖွဲ့ကကော၊ မြန်မာဘက်က ငါတို့စာပေတိုက်ကကော၊ တာဝန်ကျေခဲ့ပါတယ်။ ဂျာမဏီဘက်ကနေ မြန်မာဘက်ကို ရွှေပေမူပွားပေးခဲ့တာ တန်ကြေးကြီးပါတယ်။ ဒီဘက်က ပြန်လည်တုန့်ပြန်ဖို့ တစ်ခုပဲ ကျန်ပါတယ်။

  • ဦးကြောင်ကြီး

    January 10, 2016 at 1:56 am

    .ဝဋ်ကြွေးရှိ
    .အသစ်လေးမိ
    .ခေတ်ဆွေးဘိ
    .တစ်ပ်ပေးဖိ…

    • ဝင့်ပြုံးမြင့်

      January 10, 2016 at 5:35 pm

      .ဝဋ်ကြွေးရှိလို့ နှစ်ပေါင်း ၂၅ဝ အိပ်မောကျခဲ့တာလေ ကကြောင်။ ဒါကို ဥစ္စာစောင့်ဖွက်တယ်လို့ ပြောမလား။

    • ဝင့်ပြုံးမြင့်

      January 10, 2016 at 5:36 pm

      .ကျမ စာအုပ်တွေ မရသေးလို့ပါ လေးပေါက်။ ရတာနဲ့ စာအုပ်လက်ဆောင် ပို့ပေးပါမယ်။

  • kai

    January 10, 2016 at 5:45 pm

    ရုပ်ရှင်ရိုက်ရင်.. တော်တော်သွက်တာလေး.. ထွက်လာမယ်ထင်မိတယ်..။
    အင်္ဂလန်ဘုရင်ပါတယ်.. ဂျာမဏီပါတယ်.. အိနိ္ဒယက.. အရှေ့အိန္ဒိယကုမ္ပဏီပါတယ်.. မြန်မာပြည်ရဲ့ထိပ်တန်းဘုရင်.. အလောင်းဘုရားပါတယ်.. ဆိုတော့လေ…။

    ဒေါက်တာလိုင်ဇာကို.. ဟောလိဝုဒ်ကို.. ဆက်သွယ်ခိုင်းပါလား…။
    ဖြစ်လာလိမ့်မယ်..။ :k:

    • ဝင့်ပြုံးမြင့်

      January 10, 2016 at 11:47 pm

      .သဂျီးရယ် အဲဒါကို ရုပ်ရှင်မရိုက်ခင် ရာဇသံရွှေပေ အရှုပ်တော်ပုံ ဆိုပြီး စာအုပ်တစ်အုပ် ထပ်ထုတ်လို့ ရသေးတယ်။ တက်လာမယ့် အစိုးရသစ် လက်ထက်မှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်မယ် မျှော်လင့်ရတာပါပဲ။

    • ဝင့်ပြုံးမြင့်

      January 11, 2016 at 5:14 pm

      .သွားတက်လေးကို လက်ဆောင်ပေးဖို့ စာရင်းတို့ထားပြီးသား။ ကိုယ်တိုင်က တစ်အုပ်မှ မရသေးလို့။

  • ဝင့်ပြုံးမြင့်

    January 11, 2016 at 5:25 pm

    .ဟိုအရင် ဓမ္မစေတီ ခေါင်းလောင်းကြီးဆိုရင် ငွေကုန်ကြေးကျခံပြီးကို ကျားကုတ်ကျားခဲ ဆယ်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ကုန်တာ သိန်းရာချီမယ်။ အခု ရွှေပေကို ငွေတစ်ပြားမကုန်၊ ချွေးတစ်ပေါက် မကျဘဲ ဖော်ထုတ်နိုင်ခဲ့ပြီး အတိတ်ရဲ့ အရိပ်မည်းကြီး ကို ပယ်ချနိုင်ခဲ့အောင် သမိုင်းဝင် အချက်အလက်တွေ ရတော့လည်း ဘယ်သူမှ တုတ်တုတ်မလှုပ်ကြတော့ဘူး။

  • uncle gyi

    January 14, 2016 at 3:42 pm

    ခေါင်းလောင်းကြီးကလူစိတ်ဝင်စားအောင်နဂါးကြီးထည့်ထားတယ်
    အဲနဂါးကြီးကလည်းသူတို့အသုံးချလို့ရတယ်
    အခုရွှေပေကပြည်သူစိတ်ဝင်စားအောင်မလုပ်နိုင်တော့သူတို့စိတ်မဝင်စား
    သမိုင်းဘယ်လိုတန်တန်သူတို့အတွက်မတန်တော့မလုပ်ဖူးလေ
    ရှင်းပါတယ်မပြုံးရေ

    • ဝင့်ပြုံးမြင့်

      January 14, 2016 at 11:13 pm

      အင်းနော် သမိုင်းဘယ်လိုတန်တန် သူတို့အတွက် မတန်တော့ မလုပ်ဘူး။

  • CharTooLan

    January 16, 2016 at 11:56 am

    သေချာတာကတော့ အစိုးရသစ်တက်ရင် ဒီရွာကိုလာကိုလာမှဖစ်ဒေါ့မှာဘာ…

    • ဝင့်ပြုံးမြင့်

      January 16, 2016 at 8:39 pm

      ဟုတ်တယ် ဒီရွာကို လာဖတ်စေချင်တယ်။ တိတ်တိတ်လေးပဲ ဖြစ်ဖြစ်

  • nozomi

    January 16, 2016 at 8:12 pm

    တဝက်တော့ ဖတ်ပြီးပြီ သုတဆိုပေ မဲ့ စိတ်ဝင်စားဘို့ကောင်းတယ်
    အခုထိဖတ်မိသလောက်နဲ့တောင် ဦးအောင်ဇေယျအကြောင်း ပို သိ ပို ဖတ် ချင် လာတယ်
    ဟိုတလော က ဖွဘုတ် မှာ တွေ့လိုက်တဲ့ ထိန်းသိမ်းဘို့ လိုအပ်နေတဲ့ အလောင်းဘုရားအုတ်ဂူဆီလဲ ရောက်အောင်သွားချင်တယ်

    • ဝင့်ပြုံးမြင့်

      January 16, 2016 at 8:42 pm

      .ဒေါက်တာ လိုင်ဒါက အံ့ဩဖို့ကောင်းတယ်နော်။ အင်မတန်စေ့စပ် သေချာလွန်းတဲ့လူ။ မြန်မာကို အထင်သေးစိတ်အခံ နဲ့ အဲဒီ စာတမ်းကို မပြုစုခဲ့ဘူး။

  • padonmar

    January 19, 2016 at 10:06 pm

    ဒီဆောင်းပါးလေးကို နာမည်ကြီး ဂျာနယ်တွေထဲ ပါစေချင်တယ်။ဒါဆို လူတွေ ပိုသိသွားမှာပဲ။
    မျှစ်မမ FB ပေါ်မှာ Status တင်ပါလား။ share လိုက်ရင် ပိုပြန့်တယ်။

    • ဝင့်ပြုံးမြင့်

      January 20, 2016 at 1:12 pm

      .ပြောသင့်ပြောထိုက်တာ ပြောပြတဲ့အတွက် ကျေးဇူးအထူးပါ အာတီဒုံ။ ဆောင်းပါးကို လူသိစေချင်တယ်။ အစိုးရက တမင်ကြီးကို ပညာရှင်ကို နင်းထားတဲ့ကိစ္စ။ ရွှေပေကိုသာ တဂျီဂျီတောင်းတာ။ မြန်မာပြည်ဘက်ကို သိန်းရာချီတန်တဲ့ မူပွားကော၊ 3D ကော ပေးထားတာ ဘာမှ ပြန်မတုန့်ပြန်ဘူး။ ပညာရှင်ကိုသာ စောစောစီးစီး ဂုဏ်ပြုတာလေး ဘာလေး လုပ်ရင် ပြန်ရနိုင်ရက်နဲ့။

  • အောင် မိုးသူ

    January 22, 2016 at 11:03 am

    အစ်မရေ ဝယ်မယ်ဝယ်မယ်နဲ့ မဝယ်ဖြစ်သေးဘူး ။ ဒီလတော့ ဝယ်ဖြစ်အောင်ဝယ်ရမယ်။

Leave a Reply