MYANMAR GAZETTE NEWSLETTER XV

kaiApril 5, 20244min13390

Asian အာရှလူမျိုးများကို ရန်လိုရွံမုန်းခြင်းဖြစ်စဉ်များအတွက် ပထမဆုံးဒစ်ဂျစ်တယ်အရင်းအမြစ်
” The Asian Resource Hub”

AAPI Asian American Pacific Islander များကိုရန်လိုရွံမုန်းခြင်းနှင့်ခွဲခြားဆက်ဆံခံရခြင်းအရေအတွက်သည် ပြီးခဲ့သည့်နှစ်များအတွင်း United States တွင်မြင့်မားလျက်ရှိသော်လည်း ရန်လိုရွံမုန်းခြင်းကြောင့်တိုက်ခိုက်ခံရခြင်း၊ ရာဇဝတ်မှုမြောက်ခြင်းကိစ္စအများစုမှာ တိုင်ကြားခြင်းမရှိကြချေ။ တုန့်ပြန်ချက်အနေဖြင့် AAPI တို့ကိုလိုအပ်သည့် လူမှုရေးဝန်ဆောင်မှု၊ ဥပဒေရေးရာအကူအညီ၊ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ civic engagement နှင့် policy advocacy များကိုဝန်ဆောင်မှုပေးနေသောအဖွဲ့အစည်းများ၊ anti-Asian hate incidents များနှင့် APPI ကွန်မြူနတီ Data များကို နိုင်ငံအဝှမ်း ရှာဖွေနိုင်သော လမ်းညွှန်ဖြစ်သည့် Asian Resource Hub ကို Asian Americans Advancing Justice Southern California (AJSOCAL) and Asian Americans Advancing Justice (AAJC) တို့က ဖန်တီးလိုက်ပြီဖြစ်သည်။ Ethnic Media Services, AJSOCAL, Advancing Justice-AAJC နှင့် Microsoft တို့က စီစဉ်သော The Asian Resource Hub နှင့်မိတ်ဆက်ခြင်း ဆွေးနွေးပွဲကို ၂၀၂၄၊ ဖေဖော်ဝါရီ၂၉က ပြုလုပ်ခဲ့သည်။

အားပေးနှစ်သိမ့်ဆွေးနွေးခြင်းဝန်ဆောင်မှုများနှင့်အခြားသောဝန်ဆောင်မှုများကိုရှာဖွေလက်လှမ်းမီဖို့ ဘာသာစကားအခက်အခဲရှိသူများအတွက် Asian Resource Hub သည် ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်ဘာသာစကားတို့ဖြင့်လဲသုံးနိုင်အောင်ဖန်တီးထားသည်။ ၂၀၂၄ခုနှစ်အတွင်းမှာ Hindi, Teymur, Tagalog ဘာသာစကားတွေကိုဘာသာပြန်နိုင်ဖို့တိုးချဲ့သွားမည်ဖြစ်သည်။ AJSOCAL Chief Executive Officer Connie Chung Joe က ” Pandemic ကာလမှာ Los Angeles က San Gabriel Valley မှာ anti-Asian hate နဲ့ပတ်သက်ပြီး စစ်တမ်းတွေကောက်တဲ့အခါမှာ AAPI ကွန်မြူနတီကလူတွေအများစုဟာ လူမျိုးရေးခွဲခြားဆက်ဆံခံရတာတွေ၊ နှောက်ယှက်ခံရတာတွေအတွက် ကူညီဖေးမမှုတွေရတယ်လို့ သူတို့မခံစားရဘူး” ဟု Ethnic Media Services က ဖေဖော်ဝါရီ၂၉မှာ ကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ ပြောခဲ့သည်။ Connie Chung Joe, Asian Americans Advancing Justice Southern California (AJSOCAL) က “လွန်ခဲ့တဲ့နှစ်တွေက ကျမတို့ကွန်မြူနတီဟာ Atlanta spa သေနတ်ပစ်မှုကနေ, Indianapolis သေနတ်ပစ်မှုကနေ၊ Monterey Park နဲ့ Half Moon Bay သေနတ်ပစ်မှုတွေကနေ၊ အကြမ်းဖက်မှုတွေအများကြီးတွေကနေ စိတ်ဒဏ်ရာတွေတလုံးတခဲထဲ ခံခဲ့ရပြီးပြီ။ လိုအပ်နေတာတွေကို မဖြည့်ဘဲနဲ့ ကျမတို့တွေ နောက်ထပ်ဝမ်းနည်းစရာအဖြစ်အပျက်တွေကို ထပ်မစောင့်နိုင်တော့ဘူး။” ဟု ဆိုသည်။ AJSOCAL and AAJC တို့ဟာ Microsoft ဦးဆောင်သူတွေနဲ့အတူပူးပေါင်းပြီး AAPI ကွန်မြူနတီအတွက် ရန်လိုရွံမုန်းခြင်းတွေဝိုင်းနေတာကနေ အကူအညီရဖို့ကာကွယ်ဖို့ လက်လှမ်းမီတဲ့ ယဉ်ကျေးမှုနဲ့ဘာသာစကားနေရာကိုဖန်တီးပေးရုံမကဘဲ FBI ကိုသတင်းပို့ထားတဲ့ data တွေ၊ ဒေသတွင်းမှာသတင်းပို့ထားတဲ့ ရန်လိုရွံမုန်းခြင်းရာဇဝတ်မှု data တွေ၊ ့ ပြည်သူလူထုနဲ့ nonprofit
တွေဆီကနေ data တွေကိုပေါင်းပြီး anti-Asian hatred ကိစ္စကိုရှာဖွေဖော်ထုတ်ထားတယ်။ Visualizations တွေ၊ ဂရပ်ဖစ်တွေ၊ ဇယားတွေ၊ ဓာတ်ပုံ၊ မြေပုံတွေ၊ pop-up text stories တွေကနေ အာရှလူမျိုး တွေကို ရန်လိုရွံမုန်းခြင်းဆိုးကျိုးတွေသက်ရောက်မှုတွေကို မြင်နိုင်ပါတယ်” ဟု Connie Chung Joe ကဆက်ပြောပါသည်။

“အခု ဖန်တီးလိုက်တဲ့ Hub အကြောင်းပြောတာဟာ ၂၀၂၀ခုနှစ်နဲ့ နောက်ပိုင်းမှာ Covid ကပ်ရောဂါကြီးခဲ့တာတွေနဲ့အတူ အာရှလူမျိုးတွေကို အကြမ်းဖက်မှုတွေမှာ ကျမတို့တွေ ဘာတွေသက်သေရှိခဲ့တယ်ဆိုတာကို ပြောတာနဲ့အတူတူပါပဲ။ အာရှလူမျိုးတွေကို နှုတ်အားဖြင့်၊ ခန္ဓာကိုယ်အားဖြင့်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအားဖြင့် တိုက်ခိုက်ခဲ့တဲ့ အရှိန်တသတ်မှတ်ထဲထိခိုက်ပေါက်ကွဲစေခဲ့တဲ့ပုံပြင်ဇာတ်လမ်းတွေလိုပဲ ခံစားရတယ်။ တတိယမျိုးဆက် ဂျပန်အမေရိကန်တယောက်အနေနဲ့ပြောရရင်တော့ ဒီ Hub ဟာ data အချက်အလက် တွေနဲ့ နည်းပညာကိုသုံးပြီး လူ့အခွင့်အရေးအခြေခံတွေကို ကာကွယ်ပေးဖို့လို့ပြောရတာ အကောင်းဆုံးဥပမာပါပဲ ” ဟု Merisa Heu-Weller, General Manager of Innovation and Society at Microsoft က ပြောကြားခဲ့သည်။

“မကြာခဏကိုဖြစ်ပျက်နေတဲ့ အာရှသားတွေကို ရန်လိုရွံမုန်းခြင်းတွေဟာ မပြောဘဲ နှုတ်ဆိတ်နေကြတယ်။ ဒါမှမဟုတ် ကျနော်တို့ကွန်မြူနတီတွေရဲ့အမြင်နဲ့စိတ်ထဲရောက်အောင် မပြောကြဘူး။ ၂၀၂၀ကစပြီး အာရှသားတွေကို ရန်လိုရွံမုန်းခြင်းတွေဟာ တရှိန်ထိုးများလာပြီး သက်ကြီးရွယ်အိုတွေတိုက်ခိုက်တာကို ကျနော်တို့တွေမြင်နေခဲ့ရတယ်။ ရွယ်တူတွေ နာကျင်ခံစားနေတာကို ကျနော်တို့မြင်တွေ့နေခဲ့ရတယ်။ ကျနော်တို့ကွန်မြူနတီကလူတွေဟာ အပြင်ကိုလမ်းထွက်ရှောက်ဖို့ ကြောက်ရွံစိုးရိမ်နေတာကို မြင်တွေ့နေခဲ့ရတယ်။ အခု hub လမ်းညွှန်မှု ကနေ ကျနော်တို့ကွန်မြူနတီကို အခြားရှုထောင့်ကနေ လူတွေက နားလည်ပေးစေချင်တယ်။” ဟု AAJC President and Executive Director John C. Yang က ပြောခဲ့သည်။

AAPI Resource Directory တွင် အာရှလူမျိုးများကိုခွဲခြားဆက်ဆံသော အဓိမူဝါဒများ၊ အဖြစ်အပျက်များအကြောင်းကို အချိန်ကာလအစီအစဉ်အတိုင်း ဥပမာ Chinese Exclusion Act of 1882 ကစပြီး Pandemic ကာလတလျှောက်ကြုံတွေ့ခဲ့ရသော အာရှလူမျိုးများကိုရန်လိုရွံမုန်းခြင်းများ၊ Hate Crimes Act နှင့် နိုင်ငံတဝန်းရှိ မြို့များတွင် Stop Asian Hate ဆန္ဒပြမှုများကို ဖော်ပြထားသည်။ AJSOCAL Senior Research Analyst Steven Zhang က ” ဒီလမ်းညွှန် hub ဟာ AAPI လူထုအကြောင်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ရန်လိုရွံမုန်းခြင်းကို ပိုကောင်းအောင် သရုပ်ဖော်ထားတဲ့ ဇာတ်ကြောင်းပြောတဲ့ကြားခံပစ္စည်းတခုပဲ” ဟု ပြောခဲ့သည်။ ” ကျနော်တို့က hate crimes နဲ့ hate incidents တွေကြားမှာ ခွဲထားတဲ့သတ်မှတ်ချက်ကိုအမြဲထားပါတယ်။ ရာဇဝတ်မှုဆိုတာက ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်တာ ဒါမှမဟုတ် ဒဏ်ရာရအောင်ထိုးကြိတ်၊ ရိုက်နှက်တာတွေကနေ အဆိုးဆုံးမှာ လူသတ်တာတွေထိ အဓိပ္ပာယ်ဖွင့်ထားတယ်။ ကျနော်တို့တွေ့နေရတဲ့ Asian American လူမှုအသိုင်းအဝိုင်းတွေမှာ ဥပဒေနဲ့အဓိပ္ပာယ်သတ်မှတ်ချက်အရ ရာဇဝတ်မှုမမြောက်တဲ့အနေအထားထိ ရန်လိုရွံမုန်းခြင်းမျိုးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီဟာက ကျနော်တို့ကွန်မြူနတီပေါ်ကိုဆိုးကျိုးသက်ရောက်မှုကို အကျဉ်းချုံးလျှော့တွက်စေဖို့မဟုတ်ပါဘူး” ဟု Zhang က ဆက်ပြောခဲ့သည်။

Asian Americans Advancing Justice – AAJC သည် ၁၉၉၁တွင်တည်ထောင်ခဲ့သော non-profit, non-partisan အဖွဲ့အစည်းဖြစ်ပြီး တနိုင်ငံလုံးတွင်အကြီးဆုံး Asian American policy advocacy အဖွဲ့အစည်းလည်းဖြစ်သည်။ Washington D.C တွင်ရုံးစိုက်သည်။ အာရှအမေရိကန်ကွန်မြူနတီအတွက် တရားဥပဒေနှင့်civil rights ကိစ္စများအတွက် ဦးဆောင်မှုပေးသော တနိုင်ငံလုံးရှိဦးဆောင်နေသောအဖွဲ့များတွင် တခုအပါအဝင်ဖြစ်သည်။ (www.advancingjustice-aajc.org) Asian Americans Advancing Justice Southern California (AJSOCAL) သည် Asian Americans နှင့် Pacific Islanders (AAPIs) တို့အတွက် တရားဥပဒေနှင့်civil rights ကိစ္စများအတွက် ဦးဆောင်မှုပေးသော တနိုင်ငံလုံးတွင် အကြီးဆုံးအဖွဲ့အစည်းဖြစ်သည်။ ၁၉၈၃ခုနှစ်တွင်တည်ထောင်ခဲ့ပြီး တနှစ်လျှင် လူပေါင်း ၁၅၀၀၀ နှင့် အဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးလျက်ရှိသည်။ Downtown Los Angeles and Orange County တို့တွင် ရုံးခန်းများရှိပြီး Sacramento တွင် ရုံးခွဲများရှိသည်။ (www. AJSOCAL.org)

AAPI Resource Directory တွင် ပြည်နယ်၂၁ခုတွင်ရှိသော အဖွဲ့အစည်းပေါင်း၆၀ကျော်နှင့် ၎င်းတို့ပေးသော ဥပဒေရေးရာအကူအညီ၊ လူမှုရေးဝန်ဆောင်မှုများ၊ civic engagement အခွင့်အလမ်းများအပါအဝင်အခြားသောဝန်ဆောင်မှုများကို စာရင်းပြုထားသည်။ Searchable resource directory ဖြစ်ပြီး တဦးချင်း(သို့) ကွန်မြူနတီအလိုက် အရင်းအမြစ်နှင့်စာရင်းပြုစုထားသောအချက်များကို ရှာရလွယ်ရန် သက်ဆိုင်ရာဘာသာစကားများဖြင့်လဲ ဖော်ပြထားသည်။ အာရှလူမျိုးများကို ရန်လိုရွံမုန်းခြင်းဖြစ်ရပ်များအတွက် ပထမဆုံးဒစ်ဂျစ်တယ်အရင်းအမြစ် The Asian Resource Hub နှင့်ပတ်သက်ပြီး အသေးစိတ်ကို https://asianresourcehub.org/ မှာ လေ့လာနိုင်ပါသည်။

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/