MYANMAR GAZETTE NEWSLETTER XIX

kaiMay 22, 20244min1930

” Asian American, Native Hawaiian and Pacific Islander Heritage Month” by SweSwe Aye

၁၉၇၈ခုနှစ်က US Congress တွင် Asian/Pacific American Heritage Week အတွက် Resolution ကို သမ္မတ Jimmy Carter က လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့ပြီး ၁၉၉၂ခုနှစ်မှ စတင်ပြီး နှစ်စဉ်မေလကို Asian American, Native Hawaiian and Pacific Islander Heritage Month အဖြစ် United States တွင်သတ်မှတ်ထားခဲ့သည်။ Asian American Pacific Islander Month ဟူသောအမည်မှ ” Asian American, Native Hawaiian and Pacific Islander Heritage Month ” အမည်အဖြစ် ၂၀၂၁ခုနှစ်တွင်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

၁၅၈၇ခုနှစ်တွင် California သို့ ပထမဆုံးတရားဝင်အခြေချသော အာရှလူမျိုးစုမှာ ဖိလစ်ပင်နိုများဖြစ်ကြပြီး
၁၆၃၅တွင် Jamestown, Virginia သို့ အိန္ဒိယလူမျိုးများက တရားဝင်အခြေချလာခဲ့ကြသည်။ ၁၇၇၈တွင်
ပထမဆုံး Chinese လူမျိုးစုများက Hawaii တွင်အခြေချခဲ့ကြသည်။ ၁၇၈၈တွင် ပထမဆုံး Native Hawaiian များသည် Oregon တွင်အခြေချခဲ့ကြသည်။ ၁၈၀၆ တွင် ပထမဆုံးဂျပန်လူမျိုးများသည် Hawaii တွင်အခြေချခဲ့ကြသည်။ ၁၉၂၀တွင် Samoans လူမျိုးများသည် Hawaii နှင့်အမေရိကတိုက်သို့ပြောင်းရွှေ့အခြေချခဲ့ကြပြီး United States သို့ ၁၉၁၂တွင် ပထမဆုံးဗီယက်နမ်များပြောင်းရွှေ့အခြေချခဲ့ကြသည်။

2020 US Census အရ United States တွင် အာရှလူမျိုးပေါင်း ၅.၅သန်းနေထိုင်လျက်ရှိကြပြီး ၁၆% မှာ Chinese များဖြစ်ကြသည်။ Asian Indian များမှာ ၄.၉သန်း၊ Filipino များမှာ ၄.၅သန်း၊ Vietnamese များမှာ ၂.၃သန်း၊ Korean ၂.၁သန်း၊ Japanese ၁.၆သန်း တို့ဖြစ်ကြသည်။ ၂၀၂၁ခုနှစ်တွင် US စီးပွားရေးလုပ်ငန်း၁၀ခုလျှင် တခုမှာ အာရှသားများပိုင်သော စီးပွားရေးလုပ်ငန်းများဖြစ်ကြပြီး ခန့်မှန်းချက်အရ ၆၄၂, ၉၅၀ ရှိကြသည်။

Asian American, Native Hawaiian and Pacific Islander Heritage Month တွင် မြို့အသီးသီး၌ အာရှသားများ၏ ရိုးရာယဉ်ကျေးမှုကိုဖော်ထုတ်သောပွဲတော်များ၊ အာရှသားများ၏အရေးပါမှုကို ပြသသော
အခမ်းအနားများကို နှစ်စဉ်ကျင်းပကြသည်။ ၂၀၂၄ခုနှစ်၊ Herbst Theater, San Francisco မြို့ ၌ Asian American Pacific Islander Heritage Month အခမ်းအနားကို APA Heritage Foundation ၏ 20th Annual Heritage Month Celebration အဖြစ် မေ၁၊ ၂၀၂၄က ကျင်းပခဲ့ရာ Japan, Vietnam, Mongolia, Indonesia, Thailand, India, Philipines, Nepal. Thailand, Korea, Samoa, Chinese, Hawaii, Maori, Tahiti နိုင်ငံများ၊ ပစိဖိတ်ပင်လယ်ရှိကျွန်းများမှ လူမျိုးစုများ၏ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသော အကပဒေသာများ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ One Myanmar Communityမှ မဆွေဆွေမြင့်၊ မမေမျိုးသန့်၊ မအေးအေးခိုင်(ရုပ်ရှင်သရုပ်ဆောင်)တို့ပါဝင်သော ” ထာဝရမြန်မာ” အကအဖွဲ့ကလည်း မြန်မာအက ဖြင့်ကပြကာ မြန်မာလူမျိုးများကိုယ်စားပြုပြီး ပါဝင်ခဲ့သည်။ မြန်မာအမျိုးသမီးဖြစ်သော Valerie Sheibels သည် APA Heritage Foundation ကပြုလုပ်သော Asian American Pacific Islander Heritage Month အခမ်းအနားများ တွင် ကော်မတီအဖွဲ့ဝင်အဖြစ် ၂၀၁၃ခုနှစ်မှစတင်ပြီးပါဝင်ခဲ့သည်။ အခမ်းအနားကို နိုင်ငံအသီးသီးမှာ သံတမန်များ၊ ကောင်စစ်ဝန်ချုပ်များအပြင် ပြည်နယ်၊ ခရိုင် အစိုးရအရာရှိများနှင့် မြို့တော်ဝန်များတက်ရောက်ခဲ့ကြသည်။ ယခုနှစ် အခမ်းအနားအတွက် ဆောင်ပုဒ်မှာ ” Moving Forward Together ” ဖြစ်သည်။

အာရှအမေရိကန်လူမျိုးများအား Covid-19 pandemic ကာလများတွင် ရန်လိုရွံမုန်းခြင်းကြောင့်တိုက်ခိုက်မှုများများပြားလာရာ ၂၀၁၉မှ ၂၀၂၀ထိ hate crimes များသည် အားလုံးအနေအထားအရ ကျဆင်းလာသော်လည်း California State University, San Bernardino ရှိ Center for the Study of Hate and Extremism ၏ လေ့လာတွေ့ရှိချက်အရ အာရှလူမျိုးများကိုပစ်မှတ်ထားသော Anti-Asian hate မှာ ထိုးတက်လာခဲ့ပြီး New York တွင် Anti-Asian hate ၃ခုမှ ၂၈ခုထိ၊ Los Angeles တွင် ၇ခုမှ ၁၅ခုထိ မြင့်တက်ခဲ့သည်။

FACT%20SHEET %20Anti Asian%20Hate%202020%203.2.21

California တွင် အာရှလူမျိုးများအား ရန်လိုရွံမုန်းခြင်းကို လျှော့ချရပ်တန့်နိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စစ်တမ်းများ၊ နယ်ပယ်အသီးသီးမှ ဝိုင်းဝန်းကြိုးစားလျက်ရှိရာ ယဉ်ကျေးမှုဖော်ထုတ်ပြသခြင်းသည်လည်း နည်းလမ်းတခုအနေဖြင့်အရေးပါခဲ့သည်။ အာရှလူမျိုးများ တန်းတူညီမျှအခွင့်အရေးရရှိရေးအတွက် AAPI Equity Alliance https://aapiequityalliance.org/
ရှေ့တန်းမှပါဝင်ဦးဆောင်နေသော အဖွဲ့အစည်းတခုဖြစ်သည်။ California သည် Lunar New Year ကို တရားဝင်အလုပ်ပိတ်ရက်အဖြစ် အာရှလူမျိုးတို့၏ယဉ်ကျေးမှုကို အသိအမှတ်ပြုပေးသော ပထမဆုံးပြည်နယ်ဖြစ်သည်။ Gov. Gavin Newsom သည် Assembly Bill 2596 ကို ၂၀၂၂၊ စက်တင်ဘာတွင် လက်မှတ်ထိုးအတည်ပြုပေးခဲ့ပြီး ဇန်နဝါရီ၂၂၊ ၂၀၂၃ခုနှစ်နှင့် ဖေဖော်ဝါရီ၁၀၊ ၂၀၂၄ခုနှစ်တို့ကို California တွင် Lunar New Year အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့သည်။

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/