အတွေးအခေါ်နှင့် လမ်းစဉ်

kaiOctober 28, 201037min970

အတွေးအခေါ်နှင့် လမ်းစဉ် (ခင်မမမျိုး)

နိဒါန်း

လူတယောက်၏ ဘဝလမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်စေ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်း ဝေဝါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။ အချို့က လမ်းစဉ်ကို ရွေးချယ်ပြီးမှ အတွေးအခေါ်ကို လိုက်လံ စဉ်းစားတတ်သည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုသော စကားလုံးကား ဤသို့သော အခြေအနေကို ဆိုလိုရင်း ရှိဟန်တူသည်။ လမ်းစဉ်ကို အရင် ရွေးချယ် ထားခြင်း မရှိပဲ လေးစားရင်းစွဲရှိနေသော လူပုဂ္ဂိုလ်တဦးတယောက် (သို့မဟုတ်) အဖွဲ့အစည်း တခု၏ ဦးဆောင်မှုနောက်ကို လိုက်ပါခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနှင့် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ စိတ်ဓာတ် များ ပေါ်ပေါက်လာရခြင်းမှာ အဆိုပါ အခြေအနေကြောင့် ဖြစ်သည်။

အချို့ကကျတော့ အခြေအနေ တရပ်၏ လှုံဆော်မှုကြောင့် လမ်းစဉ်တခုကို ကိုင်စွဲလာခြင်းဖြစ်ပြီး၊ ထိုလမ်းစဉ်အခြေခံထားသည့် အတွေးအခေါ်ပိုင်းတွင်မူ ရှင်းလင်းပြတ်သားမှု မရှိ ဖြစ်နေတတ်သည်။ သာကူးလုပ်တတ်သူများ၊ ခွကျော်စားတတ်သူများ၊ နှစ်ဖက်ချွန်လုပ်တတ်သူများ၊ စမူဆာ လုပ်တတ်သူများမှာ ဤအမျိုးအစားမှ ထွက်ပေါ်လာလေ့ရှိသည်။ လမ်းစဉ်တခုကို ကိုင်စွဲပြီးမှ လမ်းဆုံးသည် အထိ ပြီးဆုံးအောင် မလျှောက်သူများမှာလဲ ဤအမျိုးအစားထဲမှ ပေါ်ထွက် လာတတ်သည်။ သို့ရာတွင် လမ်းဆုံးသည်အထိ မလျှောက်သူတိုင်းကိုကား အတွေးအခေါ် မရှိပဲ အခြေအနေ တရပ်၏ လှုံ့ဆော်မှုကြောင့် လမ်းစဉ်တခုကို ကိုင်စွဲလာသူများဟု တရားသေ သတ်မှတ်၍ ကား မရ။ အတွေးအခေါ်တရပ် ရှိပြီးမှ အဆိုပါအတွေးအခေါ် ဖောက်ပြန်သွားခြင်း (သို့မဟုတ်) လူမှုရေး၊ စီးပွားရေး အခြေအနေများကြောင့် အဆိုပါ အတွေးအခေါ်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည့် ခိုင်မာသော စိတ်ဓာတ် ပျက်ပြယ်သွားခြင်း (သို့မဟုတ်) အတွေးအခေါ်သစ်တရပ်၏ ဆွဲဆောင်ရာသို့ လိုက်ပါသွားခြင်း (သို့မဟုတ်) လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတရပ်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွားခြင်း စသည်များကြောင့်လဲ မူလဆုပ်ကိုင် ထားသော လမ်းစဉ်ကို စွန့်ခွာသွားခြင်းများ ရှိလာတတ်ပါသည်။

မည်သို့ဆိုစေ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ၏ နောက်ကွယ်တွင် အတွေးအခေါ်များ ပါဝင်နေစမြဲပင်ဖြစ်ရာ လမ်းစဉ်တခုကို မရွေးချယ်ခင် အဆိုပါလမ်းစဉ်နှင့် ဆက်စပ်နေသော အတွေးအခေါ်ကို ကနဦးကြိုတင် လေ့လာသင့်ကြပေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးရာများတွင် ရွေးချယ်စရာ လမ်းစဉ်များ၊ လမ်းကြောင်းများနှင့် လုပ်ငန်းစဉ်များ အများအပြား ရှိနေတတ်ပါသည်။ ထိုလမ်းစဉ်များကို အတွေးအခေါ်များက ဦးဆောင်ထားခြင်း ဖြစ်ပြီး၊ တခါတရံတွင် ဝိရောဓိများ၊ အငြင်းပွားဖွယ်ရာများ၊ ထိပ်တိုက်ထိခတ်နေခြင်းများ၊ တိုက်ရိုက်ဆက်စပ်နေခြင်းများ၊ သွယ်ဝိုက်ဆက်စပ်နေခြင်းများ ဖြစ်တည်နေတတ်ပါသည်။ ဆက်စပ်နေသော အတွေးအခေါ်များ ပေါင်းစပ်သွားပြီး လမ်းစဉ်သစ်များ ပေါ်ထွန်းလာခြင်းများ ရှိသကဲ့သို့၊ ထိပ်တိုက်ထိခတ်နေသော သဘောတရားနှင့် အတွေးအခေါ်များကြောင့် ပဋိပက္ခများ၊ စစ်ပွဲများ ဖြစ်ပွားလာခြင်းများလဲ ရှိပါသည်။

ကမ္ဘာ့နိုင်ငံရေးသမိုင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဤသို့သော အဖြစ်အပျက်များမှာလည်း များခဲ့ပြီ ဖြစ်သည်။ သမိုင်း တပတ်ပြန်လည်နေသော အဖြစ်အပျက်များမှာလည်း ဒုနဲ့ဒေး။ အတွေးအခေါ် တိုက်ပွဲများမှ စတင်လိုက်သော လမ်းစဉ်တိုက်ပွဲများ၊ နိုင်ငံများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဦးတည်ချက် လမ်းကြောင်းတိုက်ပွဲများ၊ ယင်းမှ တဖန် ဆက်လက်ပေါ်ထွက်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူတန်းစားအရေး၊ ကုန်ထုတ်လုပ်ရေးထဲက တိုက်ပွဲများကား စာဖွဲ့လို့ပင် မမှီနိုင်သည်မို့ သုတေသန နယ်ပယ်အသီးသီးတွေ လေ့လာဆန်းစစ် မှတ်တမ်းပြုနေကြရဆဲပင် ဖြစ်သည်။ ယခု ဆောင်းပါးသည်ကား အဆိုပါ သမိုင်းကြောင်းများကို ဆန်းစစ်လေ့လာထားသည့် ကျမ်းတခု မဟုတ်ပါ။ ယနေ့ မြန်မာ့နိုင်ငံရေးလောကကို လွှမ်းမိုးနေသော ဒီမိုကရေစီရေးရာ အတွေးအခေါ် နှစ်ရပ်ကို တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီ ပန်းတိုင်

ဂရိဘာသာဖြင့် demokratia ၊ အဓိပ္ပာယ်အားဖြင့် demos (people) kratos (rule) စသည့် စကားလုံးသည် ပြင်သစ်ဘာသာဖြင့် democratie သို့ ပြောင်းလဲ သွားခဲ့ပြီး၊ ဆယ့်ခြောက်ရာစုတွင် အင်္ဂလိပ်ဘာသာဖြင့် democracy ဟု ထပ်ဆင့် ပြောင်းလဲသွားပြီး နောက်ပိုင်းကာလတလျှောက် ဒီမိုကရေစီဆိုသော စကားလုံးသည် ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးအတွင်းသို့ တစထက်တစ တိုးဝင်လာခဲ့လေသည်။ ဒီမိုကရေစီ ဟူသော အတွေးအခေါ်တွင် မူကွဲများ၊ များစွာ ရှိပါသည်။ classical democracy, developmental republicanism, protective republicanism, protective democracy, legal democracy, developmental democracy, liberal democracy, direct democracy, participatory democracy, cosmopolitan democracy, competitive elitist democracy, social democracy စသည်ဖြင့် ဒီမိုကရေစီ အမျိုးအစားများကလဲ ကွဲပြားခြားနားကြသည်။ ဒီမိုကရေစီနှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဖြစ်ပေါ် တိုးတက်မှုအဆင့်များကလဲ ရှုပ်ထွေးနက်နဲလှသည်။

ဒီမိုကရေစီရေးရာ အတွေးအခေါ်များဖြင့် ကမ္ဘာတဝှမ်းတွင် ကြွေလွင့်သွားခဲ့သော အသက်များစွာ ရှိသကဲ့သို့ ရှင်သန်သွားခဲ့သော အသက်များစွာလဲ ရှိခဲ့သည်။ ပေးဆပ်ခဲ့ရသော ဘဝများစွာ ရှိသကဲ့သို့ ထွန်းတောက်လာသော ဘဝများစွာလဲ ရှိခဲ့သည်။ အဆိုပါ အတွေးအခေါ်များနှင့် ပတ်သက်၍ အမှန်၊ အမှားများကိုလဲ ယနေ့အချိန်ထိ ငြင်းခုန်နေကြဆဲ။ ငြင်းခုန်မှုများအကြားတွင် ယနေ့ခေတ်ကာလ မှန်ကန်နေသော အချက်နှစ်ခုကတော့ ရှိသည်။ တခုကား ကမ္ဘာပေါ်ရှိ နိုင်ငံရေးအဆောက်အအုံ အများအပြားသည် မိမိတို့ကိုယ်ကို ဒီမိုကရေစီ အသွင်သဏ္ဍာန် တမျိုးမျိုး၏ အဆောက်အအုံတခုဟု သတ်မှတ်ပြောဆိုလေ့ ရှိကြပြီး၊ နိုင်ငံရေးသမားအများစုသည် မိမိတို့ကိုယ်ကို democrat ဟု သတ်မှတ်ထားကြခြင်းဖြစ်သည်။ အခြားတခုမှာကား မည်သို့သော အတွေးအခေါ် မူကွဲများဖြင့် တည်ဆောက်သည့် ဒီမိုကရေစနစ်ပင်ဖြစ်စေ၊ နေ့ချင်းညချင်း ပေါ်ထွက်လာသည် မဟုတ်ပဲ တည်ဆောက်မှု ဖြစ်စဉ်တရပ် ရှိနေခြင်းပင်ဖြစ်သည်။

၂ဝ ရာစုနှောင်းပိုင်းတွင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် (ဝါ) အသွင်ကူးပြောင်းမှု ဖြစ်စဉ် (democratization) ဆိုသော အတွေးအခေါ်တရပ်က ကမ္ဘာကို စိုးမိုးလာခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးသော နိုင်ငံရေးစနစ်များ၏ ခြောက်ဆယ့်ရှစ်ရာခိုင်နှုန်းမှာ အာဏာရှင်စနစ် ဖြစ်ခဲ့ရာမှ၊ နောင်အနှစ်နှစ်ဆယ်ကြာ ၁၉၉၅ ခုနှစ်တွင်ကား အာဏာရှင်စနစ် ကျင့်သုံးသော နိုင်ငံ ၂၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ထိုမှ တဆင့် တဖြည်းဖြည်း လျော့ကျသွားခဲ့ရာ နှစ်ဆယ့်တစ်ရာစုကာလတွင် အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ ရလာခဲ့ပြီး၊ ယင်းတို့အထဲတွင် စစ်အာဏာရှင်စနစ် ကျင့်သုံးနေသော မြန်မာနိုင်ငံလဲ ပါဝင်နေခဲ့သည်။

အဆိုပါ အခြေအနေမျိုးတွင် မိုးကြိုးပစ်ချိန် ကွင်းလယ်ခေါင်တွင် ထီးထီးကြီး ရပ်နေရန် မဝံ့မရဲ ဖြစ်၍ ပုန်းအောင်းရာ အရိပ်ကို ရှာကြသည့် ထုံးစံအတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆိုသော အတွေးအခေါ် အောက်သို့ ဝင်ရောက်ပုန်းအောင်းနိုင်ရန် စစ်အုပ်စုတို့မှ ကြိုးပမ်းရပါတော့သည်။ ယင်းသို့ကြိုးပမ်းရာတွင် တပိုင်းတစ ဒီမိုကရေစီ (partial democracy) နှင့် အာဏာရှင်စနစ် (authoritarianism) တို့ အကြားတွင် တည်ရှိနေသော Political liberalization လမ်းကြောင်းကို အာဏာရှင်တို့ ရှာဖွေ တွေ့ရှိသွားကြဟန် တူပါသည်။ အဆိုပါ လမ်းကြောင်းအရ ဖိနှိပ်မှု ဖြေလျှော့ခြင်း (ease of repression) မှာ အာဏာရှင်တို့ မှ စတင် ပြုလုပ်ရခြင်းဖြစ်ပြီး၊ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ပန်းတိုင်သို့ ဦးတည်သွားရာတွင်လည်း အာဏာရှင်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍက မပါမဖြစ် ပါဝင်သည်ဖြစ်ရာ မြန်မာစစ်အာဏာရှင်တို့သာမက မည်သည့်အာဏာရှင်အတွက်မဆို နှစ်ခြိုက်ဖွယ် လမ်းကြောင်းပင်ဖြစ်သည်။ အာဏာရှင်တို့အတွက် ပိုမို နှစ်ခြိုက်ဖွယ်ရာ အချက်ကား political liberalization မှတဆင့် democratic consolidation သို့ အသွင်ကူးပြောင်းမှု လမ်းကြောင်းသည် အာဏာရှင်တို့ လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်သည့် လမ်းကြောင်း ဖြစ်သဖြင့် ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ဘက်မှ သော်လည်းကောင်း၊ နောက်ကွယ်မှ ကြိုးကိုင်ထားသည့် အဖွဲ့အစည်းများမှသော် လည်းကောင်း အရေးမလှပါက liberalization ကို abort လုပ်လိုက်ပြီး အာဏာရှင်စနစ်ကို အသက်ပြန်သွင်းရန် (ဝါ) အာဏာပြန်သိမ်းရန် လွယ်ကူခြင်းပင် ဖြစ်သည်။

အာဏာရှင်များဘက်က မည်သို့သော ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ political liberalization ကို စတင်သည်နှင့်တပြိုင်နက် political space ကို အနည်းငယ် ဟပေးရစမြဲဖြစ်ရာ၊ အဆိုပါ ဟပေးသည့် အပေါက်ငယ်လေးမှတဆင့် တစတစ ချဲ့ထွင်ယူ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ ပန်းတိုင်ဖြစ်သော ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု (Democratic Consolidation) ကို အရောက်သွားရန် ရည်ရွယ်ချက်ဖြင့် political liberalization အတွေးအခေါ်ကို လက်ခံကျင့်သုံးသူများလဲ ပေါ်ထွက်လာခဲ့ပါသည်။ အချို့ကလဲ ဤအတွေးအခေါ်တွင် အခြေခံ၍ ပေါ်ထွက်လာသည့် လမ်းကြောင်းကို evolution လမ်းစဉ်ဟု ခေါ်ဝေါ် သမုတ်ကြပါသည်။

ဤအတွေးအခေါ်နှင့် လမ်းစဉ် ပေါ်ထွက်လာသည်နှင့် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Transition) အတွေးအခေါ်တွင် အခြေခံ၍ ပေါ်ထွက်လာသော နှစ်နှစ်ဆယ်ကြာ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးထားခဲ့သည့် လမ်းကြောင်းများနှင့် ထိပ်တိုက် ထိခတ်မှုများ ဖြစ်ပေါ် လာပါတော့သည်။ Initial Transition ဆိုသည်ကား ဒီမိုကရေစီအတိုက်အခံများမှ ဦးဆောင်၍ ဖြစ်စေ၊ စစ်မှန်သော ဒီမိုကရေစနစ်ကို လိုလားလာသည့် အာဏာရှင်များမှ ဦးဆောင်၍ ဖြစ်စေ၊ နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများမှ ဦးဆောင်၍ ဖြစ်စေ၊ ဒီမိုကရေစီအတိုက်အခံများနှင့် အာဏာရှင်များ ပူးပေါင်း၍ ဖြစ်စေ၊ ကြားဖြတ်အစိုးရ (interim government) များ ဖွဲ့စည်း၍ democratic consolidation ပန်းတိုင်ကို အရောက်သွားစေမည့် အသွင်ကူးပြောင်းမှုများကို ပြုလုပ်ခြင်းဖြစ်ပါသည်။

အချို့က ဤလမ်းကြောင်းများကို revolution လမ်းစဉ်ဟု ခေါ်ဝေါ် သမုတ်ကြပါသည်။ သို့ရာတွင် တော်လှန်ရေး (revolution) ဆိုသည်ကား အလွန်တရာပင် နက်နဲသိမ်မွေ့လှသော အကြောင်းအရာ တခုဖြစ်ပြီး၊ ၎င်းကိုယ်တိုင်ကပင် ဒီမိုကရေစီ ဆိုသော အတွေးအခေါ်ကြီး တရပ်ကဲ့သို့သော အတွေးအခေါ်ကြီး တရပ်ဖြစ်လေရာ ဒီမိုကရေစီရေးရာ တစိတ်တပိုင်း အတွေးအခေါ် လေးတခုဖြစ်သည့် Initial Transition အတွေးအခေါ်ဖြင့် မရောထွေးမိစေရန် သတိပြုစေလိုပါသည်။ Initial Transition အတွေးအခေါ်ပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာခဲ့သည့် လမ်းကြောင်းလေးခုကို ဆက်လက်တင်ပြပါမည်။

Initial Transition အတွေးအခေါ် (သို့မဟုတ်) အာဏာရှင်စနစ်အားဖြိုချခြင်း (authoritarian breakdown) အတွေးအခေါ်

Initial transition ဖြစ်လာစေရန်အတွက် အရေးကြီးဆုံးမှာ ကြားဖြတ်အစိုးရပင်ဖြစ်လေသည်။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၏ အဓိကသော့ချက်မှာ interim period တွင် မည်သူများက အုပ်ချုပ်၍ အာဏာကို မည်သို့ခွဲဝေသုံးစွဲမည်နည်းဆိုသည့် အချက်အပေါ်တွင် မူတည်သည်။ ထိုအချက်ကို သေချာစွာဖော်ထုတ်ပြီးမှသာ ဒီမိုကရေစီလှုပ်ရှားမှု လမ်းကြောင်းမှာ တည့်တည့် မတ်မတ်နှင့် ထိထိရောက်ရောက်ရှိသည်။

နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်များအား လေ့လာ၍ ပညာရှင် Shain နှင့် Lintz ဆိုသူတို့က အဆိုပါပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်သော ကြားဖြတ်အစိုးရ ပုံစံလေးမျိုးကို ထုတ်ဖော်ခဲ့ကြသည်။

() အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (Opposition-led interim government)

လူထုတိုက်ပွဲပုံစံဖြင့်ဖြစ်စေ၊ လက်နက်ကိုင်တော်လှန်ရေးအသွင်ဖြင့်ဖြစ်စေ အာဏာရှင် အစိုးရအား ဖြုတ်ချတော်လှန်၍ ကြားဖြတ်အစိုးရအဖြစ်ကြေငြာကာ၊ ရွေးကောက်ပွဲကျင်းပခြင်းနည်းလမ်းဖြင့် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အချိန်တိုအတွင်း ဖြစ်ပေါ်လာစေရန် ဦးဆောင်ဦးရွက်ပြုသည့် အစိုးရတရပ် ဖြစ်သည်။ အာဏာရှင်အစိုးရ၏ ဥပဒေစိုးမိုးမှု၊ အာဏာသက်ရောက်မှုကို total rejections လုပ်ရမည်ဖြစ်၍ အသွင်ကူးစဉ်ကာလတွင် လူထုအပေါ်၌ တာဝန်ခံမှုရှိရမည်။ တာဝန်ယူရမည်။ (၁၉၇၄)ခုနှစ်မှ (၁၉၇၆)ခုနှစ် ပေါ်တူဂီနိုင်ငံ ကနဦးဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်သည် ဤပုံစံမျိုးဖြစ်သည်။

ထိုသို့သော ပြောင်းလဲမှုကို လုပ်ရန်ရည်ရွယ်ပါက အတိုက်အခံအုပ်စုများ စုစည်းကျစ်လစ်မှုရှိရန် လိုအပ်သည်။ ဉာဏ်အမြော်အမြင်ရှိရန်လိုအပ်သည်။ နိုင်ငံရေးသုံးသပ်မှုမှန်ကန်ရန် လိုအပ်သည်။ အချိန်အခါကို မှန်မှန်ကန်ကန် တွက်ချက်တတ်ရန် လိုအပ်သည်။ လူထုစည်းရုံးရေး ကောင်းမွန်ရန်လိုအပ်သည်။ ပြုတ်ကျသွားသော အာဏာရှင်များမှ ပုန်ကန်ခြားနားမှု ရှိလာနိုင်သည် ဖြစ်သဖြင့် အချိန်မှီထိန်းကွပ်နိုင်ရန် စစ်ရေးသတိ၊ နိုင်ငံရေးသတိရှိရန်လိုအပ်သည်။ မူလအာဏာရှင်သည် စစ်အာဏာရှင်ဖြစ်ပါက လက်နက်ကိုင်အင်အားစုများ ပြန့်ကျဲသွားနိုင်သည်ဖြစ်သောကြောင့် အဆိုပါ အင်အားစုများကို ပြန်လည်စုစည်း၍ နိုင်ငံတနိုင်ငံအတွက် လိုအပ်သော ကျစ်လျစ်သည့် တပ်မတော်တရပ်ပြန်လည်ဖွဲ့စည်းနိုင်ရန် အတိုက်အခံခေါင်းဆောင်များတွင် အုပ်ချုပ်မှုစွမ်းရည်ရှိရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ (၁၉၈၈) လူထုအရေးတော်ပုံကြီးသည် ဤသို့သော ပြောင်းလဲမုှလမ်းကြောင်းကို ဦးတည်ခဲ့သော်လည်း အားနည်းချက်အချို့ကြောင့် အသက်သွေးချွေးများရင်းပြီးမှ ပေးဆပ်ခဲ့ရသည်နှင့် မတန်စွာပင် အောင်ပွဲနှင့် လွဲခဲ့ရသည်။ သမိုင်းသင်ခန်းစာ ယူတတ်ရန်လိုပေသည်။ ထပ်ခါတလဲလဲ မှားနေသည်ဆိုလျှင်တော့ မှားသူများ၏ အသုံးမကျမှုပင် ဖြစ်ပေတော့မည်။

အရေးကြီးဆုံးအချက်မှာကား ထိုပြောင်းလဲမှုကို ဦးတည်သည်ဆိုပါက လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းတခုခုကိုဖြစ်စေ၊ နှစ်ခုလုံးကိုပေါင်းစပ်၍ တစိုက်မတ်မတ် လုပ်ကိုင်ရမည်။ စုစည်းမှုအားများ၏ လားရာသည် ထိုပြောင်းလဲမှုကိုသာ ဦးတည်ထွက်သွားရမည်။ ကြိုတင်ပြင်ဆင်သင့် သည်များကို “ ဖြစ်လာရင်လုပ်ဖို့နည်းရှိပါတယ်“ ဆိုသော မီဒီယာကြားကောင်းရုံ စကားလုံးများ ပြောနေခြင်းဖြင့် မဟုတ်ပဲ လက်တွေ့လုပ်ဆောင်ထားရမည်။ ခင်းစရာလမ်းကြောင်းကို ခင်းကျင်းထားရမည်။ လိုအပ်ချက်များကို ဖြည့်စွက်ထားရမည်။

() ပါဝါခွဲဝေသုံးစွဲသောကြားဖြတ်အစိုးရများ (power-sharing interim governments)

ပါဝါခွဲဝေသုံးစွဲသော ကြားဖြတ်အစိုးရများဆိုသည်မှာ အာဏာရှင်အစိုးရမှ အချို့သော အဖွဲ့ဝင်များနှင့် အတိုက်အခံများမှ အချို့သော အဖွဲ့ဝင်များတို့ နားလည်မှုယူ၍ ရွေးကောက်ပွဲများ မကျင်းပမီ ယာယီ ကြားဖြတ်အစိုးရအဖြစ် ဖွဲ့စည်းကာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ ထိုသို့သော ပြောင်းလဲမှု လမ်းကြောင်းမှာ နိုင်ငံရေးအရ ပဋ္ဋိပက္ခ မများလှပဲ တည်ငြိမ်သည်။ ပြောင်းလဲမှုမှာ ညင်သာသည်။ အတိုက်အခံများ၏ ပညာသားပါပါ ဆောင်ရွက်နိုင်မှု အထူးလိုအပ်သည်။ (၁၉၈၉) မှ (၁၉၉၁)ခုနှစ်အထိ ပိုလန်နိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုသို့သော ပုံစံမျိုးဖြစ်သည်။

ထိုပြောင်းလဲမှုမျိုးကို ဦးတည်ပါက အာဏာရှင်ဘက်မှ ဘက်ပြောင်းလာသူများရှိလာစေရန် စည်းရုံးလှုံ့ဆော်မှု အားကောင်းရမည်။ ထိုစည်းရုံးရေးစွမ်းရည်တွင်လည်း လျှို့ဝှက်နိုင်မှု စွမ်းရည်ပါ လိုအပ်သည်။ မည်သူနှင့် ပူးပေါင်းဆောင်ရွက်ရန် အတိုက်အခံများမှ nominate လုပ်နေသည်ကို အာဏာရှင်ဘက်သို့ သတင်းပေါက်ကြားခြင်း မရှိစေရ။ မဟုတ်လျှင် ပွဲမပြီးခင် အချိန်မှာပင် အတိုက်အခံနှင့် ပူးပေါင်းချင်သူများ လုပ်ကြံခံလိုက်ရခြင်း၊ အဖမ်းခံလိုက်ရခြင်း၊ ထိုသူမှ စိတ်ပြောင်းသွားခြင်းများဖြစ်နိုင်သည်။ လုံခြုံရေးသည် အရေးပါလှသည်။ ထိုသူများနှင့် အချိတ်အဆက်ရှိ ထားပြီးမှသာ လူထုတိုက်ပွဲကို ပုံစံဖော်ရမည်။ လူထုတိုက်ပွဲအချိန်တွင်မှ ပေါ်လာလိမ့်မည်ဆိုပြီး စောင့်စားခြင်း၊ လိုက်လံစည်းရုံးခြင်းများသည် မိမိ၏အင်အားကို ဖြုန်းတီးလိုက်သကဲ့သို့ပင်ရှိသည်။ မည်သို့မျှအကျိုးမထူးပါ။ ရန်သူ့ထက် ခြေတလှမ်းနောက်ကျနေသည်ကို သတိပြုသင့်သည်။ တွေ့ဆုံဆွေးနွေးရေးခေါ်ခြင်း သည်လည်း ဤပြောင်းလဲမှုလမ်းကြောင်းပေါ်မှာပင်ရှိသည်။ သို့ပေမယ့် ထိုသို့ခေါ်ချိန်သည် နှစ်ဘက်ဘက်မျှနေသည့် အချိန်မျိုးတွင်သာ ဖြစ်သင့်သည်။ ပိုလန်နိုင်ငံတွင် ထိုပြောင်းလဲမှုလမ်းကြောင်းပေါ်တက်သွားနိုင်ခဲ့သည်က ပိုလန်နိုင်ငံ people power movement အားကောင်း၍ဖြစ်သည်။

() အာဏာရှင်များမှဦးဆောင်သော အိမ်စောင့်အစိုးရများ (incumbent- led caretaker governments)

အချို့သောအခြေအနေများတွင် အာဏာရှင်အစိုးရကိုယ်တိုင်မှ နိုင်ငံ၏စီးပွားရေးယိုယွင်းမှုကို မည်သို့မျှမထိန်းနိုင်တော့၍ဖြစ်စေ၊ အုပ်စိုးသူများအချင်းချင်းသဘောထား ကွဲလွဲမှုကြောင့် ဖြစ်စေ၊ အတိုက်အခံများ၏ ခြိမ်းချောက်နိုင်စွမ်းကြောင့်ဖြစ်စေ၊ ဆက်လက်ထိန်းထားလျှင် တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်လာနိုင်ချေ ရှိသောကြောင့်ဖြစ်စေ၊ ကနဦးဒီမိုကရေစီအသွင် ကူးပြောင်းမှု ဖြစ်စဉ်ကို စတင်လိုက်ရသည်များရှိသည်။ တောင်အာဖရိကဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်သည် ထိုသို့သောပြောင်းလဲမှုနှင့် စတင်ခဲ့သည်။ incumbent de Klerk government သည် အိမ်စောင့်အစိုးရအဖြစ်စတင်ခဲ့ပြီး၊ (၁၉၉၃) စက်တင်ဘာတွင်မှ power-sharing coalition အနေဖြင့်ပြောင်းလဲကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ထိုပြောင်းလဲမှုဖြစ်စေရန်အတွက် ထိရောက်သောနိုင်ငံတကာဖိအားမှာ အရေးပါလှသည်။ ထိရောက်သောဟူသော စကားလုံးကို ဆိုထားပါသည်။ မစို့မပို့ဟိုစပ်စပ်ဒီစပ်စပ်၊ ရှေ့ကဖုံးနောက်ကပေါ် နိုင်ငံတကာဖိအားကို ဆိုလိုခြင်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်ကား လူထုအားပင်ဖြစ်ပါသည်။ လူထုအားသည် စုစုစည်းစည်းပြတ်ပြတ်သားသားရှိနေရပါမည်။ အာဏာရှင်တို့အား မပြောင်းလဲလျှင် လုံးဝမရနိုင်သည့် အခြေအနေသို့ရောက်အောင် တွန်းပို့ထားနိုင်ရပါမည်။

() အပြည်ပြည်ဆိုင်ရာကြားဖြတ်အစိုးရများ (international interim governments)

အကယ်၍ အာဏာခွဲဝေသုံးစွဲသည့် ကြားဖြတ်အစိုးရ ဖြစ်လာနိုင်ချေများ လုံးဝမရှိသည့်အခါ (သိုမဟုတ်) နှစ်ဘက်စလုံးတွင် သမိုင်းကြောင်းအရ ကြမ်းကြုတ်သော ယှဉ်ပြိုင်မှုများနှင့် တဦးပေါ်တဦးယုံကြည်မှု လုံးဝဥဿုံကင်းမဲ့နေသည့်အခါ (သို့) နှစ်ဘက်စလုံးမည်သူမျှ အောင်ပွဲရတော့မည် မဟုတ်ကြောင်း သေချာလာသည့်အခါတွင် ကုလသမဂ္ဂကြီးကြပ်မှုဖြင့် အပြည်ပြည်ဆိုင်ရာကြားဖြတ်အစိုးရများကို ဖွဲ့စည်းရလေသည်။ နာမီးဘီးယား (၁၉၈၉၁၉၉၀)နှင့် ကမ်ဘောဒီးယား (၁၉၈၃၉၃) အခြေအနေများသည် အဆိုပါပြောင်းလဲမှုဖြစ်စဉ်၏ ဥပမာများပင်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပြောင်းလဲမှုဖြစ်စဉ်များတိုင်း အောင်မြင်သည်ကား မဟုတ်ပါ။ အာဖဂန်နစ္စတန်နိုင်ငံ၏ (၁၉၉၀)ပြည့်နှစ် အစောပိုင်းကာလများအခြေအနေသည် မအောင်မြင်သော အပြည်ပြည်ဆိုင်ရာ ကြားဖြတ်အစိုးရကနဦး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို မီးမောင်းထိုးပြနေသည်။ ထို့အပြင် အခြားအရေးကြီးသော အချက်မှာကား သူတပါးနှာခေါင်းဖြင့် အသက်ရှူသူများသည် ကိုယ့်နှာခေါင်းဖြင့် အသက်ရှူရန် ခဲယဉ်းသည့် နောက်ဆက်တွဲဖြစ်ရပ်များပင်ဖြစ်သည်။

မည်သို့ဆိုစေ ထိုပြောင်းလဲမှုဖြစ်စဉ်ကို ဦးတည်သည်ဆိုလျှင်ကား Humanitarian intervention ဖြစ်လာစေရန် ဦးစားပေးဆောင်ရွက်ရမည်။ သတိပြုရန်အချက်ကား ထိုဖြစ်စဉ်စတင်ရန် အချိန်သည် နှစ်ပေါင်းများစွာ ကြာတတ်သည်။ ဖြစ်လာပြီးလျှင်လည်း နောက်ဆက်တွဲပြဿနာများ အလွန်ပင် ကြီးမားသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ ပန်းတိုင်ဖြစ်သော democratic consolidation ဖြစ်ရန် ပိုမိုခက်ခဲသည်။ Long-term effects များပြားသည်။ autonomous development တည်ဆောက်ရန် political and economic challenges များသည်။ ထို costs များကို benefits များဖြင့် weighted လုပ်ကြည့်ပြီး benefits က costs ထက် exceed ဖြစ်မှသာ ထိုလမ်းကြောင်းကို ဦးတည်သင့်သည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်သည့် ထူးခြားသော အချက်တခုမှာကား ၁၉၈၈ လူထုအရေးတော်ပုံကြီးနောက်ပိုင်းကာလ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းခဲ့ကြသည့် အနှစ်နှစ်ဆယ်ခရီးတွင် အတိုက်အခံများ အားလုံးသည် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်စတင်ရန် အထက်တွင်ဖော်ပြကဲ့သို့ နည်းလမ်းပေါင်းများစွာကို ခုန်ပြန်ကျော်လွှား အသုံးပြုခဲ့ကြပြီးသားပင် ဖြစ်ပါသည်။ ထိရောက်မှုရသင့်သလောက် မရခဲ့သည့်အချက်မှာကား မည်သည့်လမ်းကြောင်းကိုမှ တစိုက်မတ်မတ် ဦးတည်ခြင်းမရှိပဲ ဟိုကွေ့ဟိုတက်နှင့် လှော်၊ ဒီကွေ့ဒီတက်နှင့် လှော်နေကြခြင်းကြောင့်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ လှိုင်းထန်လှသော ပင်လယ်ပြင်မှ ဒီမိုကရေစီ လှေငယ်ကား လက်နက်ကိုင်တော်လှန်ရေးဆီ ရောက်လိုက်၊ နိုင်ငံတကာဖိအားဆီ ရောက်လိုက်၊ လူထုတိုက်ပွဲဆီ ရောက်လိုက်၊ စီးပွားရေးပိတ်ဆို့မှုဆီရောက်လိုက်၊ ယူအင်ဆီရောက်လိုက်၊ အမေရိကန်ဆီရောက်လိုက်၊ အာဆီယံဆီရောက်လိုက်၊ Humanitarian Intervention ဆီရောက်လိုက်၊ တပ်မတော်အားခွဲ၍ မျိုးချစ်ခေါင်းဆောင်များ ပြည်သူနှင့်ပူးပေါင်းရေးဆီ ရောက်လိုက်ဖြစ်ကာ ပင်လယ်ပြင်ထဲတွင် ဝိုင်းကြီးပတ်ပတ်လည်နေသကဲ့သို့ ဖြစ်လာပါတော့သည်။

ပို၍ ဆိုးသည့်အချက်မှာကား Initial Transition အတွေးအခေါ်ပေါ်တွင် အခြေခံထားသည့် လမ်းကြောင်းများကို အကောင်အထည်ဖော်နေသော်လည်း အဆိုပါအတွေးအခေါ်၏ အရေးကြီးဆုံး အချက်ဖြစ်သည့် ကြားဖြတ်အစိုးရဖွဲ့စည်းရေး ရေတိုရည်မှန်းချက် ပန်းတိုင်က ပျောက်ကွယ်နေခြင်းသာ ဖြစ်လေသည်။ ကြားဖြတ်အစိုးရ အသွင်ဆောင်သည့် တောင်းဆိုချက်များ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နိုင်ငံရေးစစ်မျက်နှာသည် မေရီချက်ပလင်း ဆွံ့အနားမကြားကျောင်း အသွင်သို့ ပြောင်းလဲသွားခြင်းများ (သို့မဟုတ်) ခါးပိုက်နှိုက်များ နယ်လုသည့် အသွင်သို့ ပြောင်းလဲသွားခြင်းများ ဖြစ်လာလေတော့သည်။

ပြည်သူလူထုက ရွေးချယ်တာဝန်ပေးထားသည့် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များက ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးဆိုသည့်အချက်ကို တတ်နိုင်သမျှ ရှောင်လွှဲပြောဆိုလေ့ရှိကြပြီး၊ မလွဲသာ မရှောင်သာ အခြေအနေများ ပေါ်လာလျှင်လဲ ရေငုံနှုတ်ပိတ် နေလိုက်ကြလေ့ရှိပါသည်။ ပြည်သူလူထုက မရွေးချယ်ထားပဲ တာဝန်သိသည့် နိုင်ငံရေး ခေါင်းဆောင်များက ကြိုးပမ်းတောင်းဆိုမှု စတင်လိုက်ပါလျှင်လဲ ခါးပိုက်နှိုက်များ ကုန်းလမ်း၊ ရေလမ်း သူ့နယ်၊ ကိုယ့်နယ် လုသကဲ့သို့ ပွဲပျက်လျှင်ပြီးရော သဘောထားကား ထိုးနှက် တိုက်ခိုက်ကြပါတော့သည်။

အဖြေကားရှင်းပါသည်။ တက္ကသိုလ်က ဘွဲ့ရချင်လျှင် အထက်တန်းစာမေးပွဲကို အရင်အောင်ရပါမည်။ အထက်တန်းစာမေးပွဲကို ကျော်ခွသွားလို၍ မရပါ။ မဖြစ်မနေ ဖြတ်သန်းရပါမည်။ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာစေလိုသည့် ရှေရည်ပန်းတိုင်ကို Initial Transition အတွေးအခေါ်ပေါ်တွင် အခြေခံသည့် လမ်းကြောင်းများဖြင့် သွားလိုလျှင် အထက်တွင်ဖော်ပြထားခဲ့သော ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုးကို ရေတိုပန်းတိုင်အဖြစ် ဦးတည်သတ်မှတ် ရတော့မည်ဖြစ်သည်။ ယင်းအချက်ကို လက်မခံလိုလျှင် Initial Transition အတွေးအခေါ်ကို လက်ခံကျင့်သုံးခြင်း မပြုပဲ Political liberalization အတွေးအခေါ်ကို လက်ခံလိုက်သည်က ပို၍ ကောင်းမွန်သည်။ အတွေးအခေါ်က လမ်းစဉ်များကို ဦးဆောင်သည်ဖြစ်ရာ အတွေးအခေါ် မရှင်းလင်းပဲ နိုင်ငံရေးကို ဦးဆောင်နေလျှင် မပြတ်သားသော လမ်းစဉ်များကြောင့် ရှင်းလင်းသည့် အတွေးအခေါ် ရှိနေသော နိုင်ငံရေးသမားများသာမက ပြည်သူလူထု တရပ်လုံးကိုပါ ထိခိုက်စေနိုင်သည်။

ကြားဖြတ်အစိုးရ အသွင်ဆောင်သည့် အစိုးရတရပ် ပေါ်ထွက်လာရေးဆိုသော အခြေခံ ပန်းတိုင်ကို လက်ခံရုံနှင့် ပြီးသေးသည်ကား မဟုတ်ပဲ ဦးတည်သော ကြားဖြတ်အစိုးရအသွင်ပေါ်မူတည်၍ ပိုမိုအာရုံစိုက်လုပ်ရမည့် လမ်းကြောင်းများ၊ လျှော့ရမည့် လမ်းကြောင်းများလည်း ရှိလာတတ်သည်။ ဥပမာလူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို အာရုံစိုက်သည်ဆိုလျှင် တော်လှန်ရေးကို လူထုနှင့် တသားတည်းဖြစ်အောင် ပြုလုပ်ရပါမည်။ ပြည်သူအများအား ကိုယ့်အားကိုယ်ကိုးစိတ် ဖြစ်လာစေရန် တွန်းအားပေးရပါမည်။ မျှော်တော်ယောင်ဖြစ်အောင် အခုပဲ နိုင်ငံတကာ ဝင်လာတော့မည်ဆိုလိုက်၊ အခုပဲ လူထုနည်းနဲ့မှ အောင်မြင်တော့မည်ဆိုလိုက် လုပ်နေခြင်းမှာ တိုက်ပွဲအတွင်း တွေဝေမှုကို ဖြစ်စေနိုင်ပါသည်။

တိုက်ပွဲတခုတွင် စစ်ကူလာမည်ဟု ယုံကြည်ထားသော တပ်မှူး၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ခံယူချက်နှင့် စစ်ကူမလာနိုင်၊ မိမိဘာသာတိုက်ရမည်ဟု သိထားသော တပ်မှူးတယောက်၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ ခံယူချက်တို့ မည်မျှကွာခြားလှသည်ကို ဂရုပြုပြီး လူထု၏ နိုင်ငံရေးရေချိန်၊ အတွေးအခေါ် ရေချိန်နှင့် အကိုက်ညီဆုံးသော လမ်းစဉ်များကို အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ အတွေးအခေါ် ရှင်းလင်းမှသာ ထိရောက်သော အလုပ်များကို လုပ်နိုင်မည်ဖြစ်လေသည်။

အခြားသော အတွေးအခေါ် တခုဖြစ်သည့် Political liberalization သို့ ပြောင်းလဲ လက်ခံကျင့်သုံးသူများက Initial Transition အတွေးအခေါ်ကို လက်ခံကျင့်သုံးခဲ့ကြသည်မှာ အနှစ်နှစ်ဆယ် ကျော်လာပြီး ထူးခြားမှု မရှိတော့၍ (ဝါ) Initial Transition အတွေးအခေါ်မှ ဦးဆောင်ထားသော လမ်းကြောင်းများသည် အောင်မြင်နိုင်ခြင်း မရှိတော့၍ အတွေးအခေါ် ပြောင်းလဲသွားခြင်းဟု ဆိုတတ်ကြပါသည်။ သို့ပေမယ့် မြန်မာ့ဒီမိုကရေစီ အရေး အနှစ်နှစ်ဆယ်ခရီးတွင် Initial Transition အတွေးအခေါ်က ဦးဆောင်ခဲ့သည် ဟူ၍ကား တပ်အပ်သေချာ ပြောဆို၍ မရပါ။ Initial Transition အတွေးအခေါ်၏ လမ်းကြောင်းများဖြစ်သော လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံတကာဖိအားပေးရေး စသည်တို့ကို ကိုင်စွဲခဲ့ကြသော်လည်း အဆိုပါအတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ပေါက်လာရေးကို ဦးတည်ခြင်း မရှိခဲ့ကြပါ။

ရေတိုပန်းတိုင်ရောက်ပြီးမှ ရေရှည်ပန်းတိုင်သို့ သွားရသည့် လမ်းကြောင်းပေါ်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး စသည်တို့ကို ဦးတည်ရင်း အချိန်ကုန် ခဲ့ကြသည်က များပါသည်။ ဆယ်တန်းကျောင်းသားက တက္ကသိုလ်နောက်ဆုံးနှစ် စာများကိုပဲ ဖတ်နေသည့်အခါ ဆယ်တန်းစာမေးပွဲလဲ မအောင်နိုင်၊ တက္ကသိုလ်က ဘွဲ့လဲ မရပဲ ကန့်လန့်ကန့်လန့် ဖြစ်နေသည့် အခြေအနေမျိုးသို့ ရောက်နေခြင်းသာ ဖြစ်ရာ Initial Transition အတွေးအခေါ် (သို့မဟုတ်) အာဏာရှင်စနစ်အား ဖြိုချ ခြင်း (authoritarian breakdown) အတွေးအခေါ်မှာ လုံးဝ ကျဆင်းသွားပြီဟုကား မည်သူမျှ တပ်အပ်သေချာ ပြောပိုင်ခွင့်မရှိ။ အင်အားများစုစည်းပြီး၊ လူထုနှင့်အတူ လက်တွဲ၍ ရေတိုပန်းတိုင်ကို ဦးတည်နိုင်သည့် အချိန်တွင် အောင်မြင်နိုင်ပေလိမ့်မည်။

အလားတူပင် အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးခြင်း၊ ဖိနှိပ်မှု ဖြေလျှော့ခြင်းများဖြင့် စတင်ပြုလုပ်လေ့ရှိသည့် Political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းကြောင်းများမှာ အောင်မြင်မည်၊ ကျဆုံးမည်ကိုလည်း မည်သူမျှ တပ်အပ်သေချာ ပြောပိုင်ခွင့် မရှိ။ အောင်မြင်ပြီး democratic consolidation ပန်းတိုင်သို့ ရောက်သွားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် သက်သေသာဓက များရှိသကဲ့သို့၊ လမ်းတဝက်မှာတင် partial democracy အဖြစ် ကန့်လန့်ဖြစ်နေသည် များလဲ ရှိပါသည်။ ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ဘက်မှ သော်လည်းကောင်း၊ နောက်ကွယ်မှ ကြိုးကိုင်ထားသည့် အဖွဲ့အစည်းများမှသော် လည်းကောင်း အရေးမလှသဖြင့် liberalization ကို abort လုပ်လိုက်ပြီး အာဏာရှင်စနစ်ကို အသက်ပြန်သွင်းသွား သည်များရှိသကဲ့သို့၊ တပိုင်းတစ အခြေအနေကျမှ အာဏာရှင်တို့စိတ်ပြောင်းကာ အာဏာပြန်သိမ်းသွား သည်လဲ ရှိပါသည်။

ယခုဆက်လက်ပြီး Political liberalization အတွေးအခေါ်က ဦးဆောင်သည့် နိုင်ငံရေးသဘောတရားများကို တင်ပြပါမည်။
Political Liberalization အတွေး အခေါ်
Political Liberalization ဆိုသည်မှာ အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးပေးခြင်းနှင့်ဖိနှိပ်မှုများ လျှော့ချခြင်း (ease of repression) လုပ်ခြင်းများကို ဆိုလိုပါသည်။ အဆိုပါအတွေးအခေါ်အား အာဏာရှင်တို့ဘက်က ကျင့်သုံးလာချိန်တွင် အာဏာရှင်ရွေးကောက်ပွဲ
(authoritarian elections) များ ပေါ်ထွက်လာလေ့ရှိပါသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သော democratic consolidation ကိုဖော်ဆောင်ပေးနိုင်သည့် အတွေးအခေါ် တရပ်ဖြစ်သော်လည်း political liberalization နှင့် initial
transition မှာ ကွဲပြားခြားနားပါသည်။ Initial transition ကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်
(Democratization)၏ ကနဦးအစိတ်အပိုင်း အဖြစ်သတ်မှတ်ထားသော်လည်း political liberalization
ကျင့်သုံးအကောင်အထည်ဖော်မှု ဖြစ်ရပ်တိုင်းအား ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏
ကနဦးအစိတ်အပိုင်း အဖြစ် သတ်မှတ်ထားခြင်း မရှိပါ။
နိုင်ငံရေးပညာရှင်များက အဆိုပါ ကွဲပြားခြားနားမှုကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြလေ့ရှိကြပါသည်။
Holger နှင့် Schlumberger တို့က political liberalization နှင့် ဒီမိုကရေစီ
အသွင်ကူးပြောင်းမှုဖြစ်စဉ်တို့မှာ နောက်ဆုံးရလဒ်အဖြေ (end result) ပေါ် မူတူ၍ ကွဲပြားကြောင်း
ရေးသားခြဲ့ကပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ ဒီမိုကရေစီ စနစ် အမြစ်တွယ်
ခိုင်မာရှင်သန်မှုရှိရန် ဦးတည်သည့် ရှင်းလင်းသော နောက်ဆုံးရလဒ် ရှိသော်လည်း၊ political
liberalization မှာကား ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာရှင်သန်မှု (Democratic consolidation) သို့
ဦးတည်ခြင်းမရှိပဲ လမ်းတဝက်တွင်ပင် အာဏာရှင်တို့ဘက်မှ liberalization ကို ရပ်ဆိုင်းကာ
အာဏာပြန်သိမ်းပြီး၊ authoritarian စနစ်ကို အသက်ပြန်သွင်းခြင်းလည်း ဖြစ်နိုင်သည်။ တပိုင်းတစ
ရပ်ဆိုင်းထားခြင်းများလဲ ဖြစ်နိုင်သည့်အတွက် တိကျသော end result ကို သတ်မှတ်၍ မရနိုင်ကြောင်း
သုတေသနပြုချက်များအရ တွေ့ ရှိခြဲ့ကပါသည်။
နိုင်ငံရေးပညာရှင် Pool ကလဲ Political Liberalization ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံ
သဘောတရားများကို မိတ်ဆက်ခြင်းမျှသာ ဖြစ်ပြီး၊ ဒီမိုကရေစီပန်းတိုင်ကို ဦးတည်ဖော်ဆောင်သည်ဟု
မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုင်ငံရေးပညာရှင်
Monshipouri က Political Liberalization ဖြစ်ရပ်တိုင်းတွင် ဒီမိုကရေစီစနစ် တည်ဆောက်မှု
ဖြစ်မလာနိုင်သော်လည်း political liberalization ပြုလုပ်ခြင်းအားဖြင့် အာဏာရှင်တို့၏ သက်တမ်းကို
ဆွဲဆန့်ပေးနိုင်ကြောင်းနှင့် အာဏာရှင်တို့ ရင်ဆိုင်ရတတ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
အကျပ်အတည်းများကို ရေတို ဖြေရှင်းခြင်း အတွေးအခေါ်တခုအဖြစ် အသုံးချနိုင်ကြောင်း
ရေးသားဖော်ပြခ့ပဲ ါသည်။ ဖွံ့ ဖြိုးဆနဲ ိုင်ငံများတွင် ဖြစ်ပေါ်နေတတ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၊
စစ်ပွဲများ၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို political liberalization အတွေးအခေါ်ဖြင့် ဖြေရှင်းပါက
ညင်သာသော ပြောင်းလဲတိုးတက်မှုများ ရှိနိုင်ကြောင်းနှင့် အဆိုပါနိုင်ငံများရှိ လူ့အဖွဲ့အစည်းများကို
ဒီမိုကရေစီ စနစ်အတွက် ကြိုတင်မိတ်ဆက်ပြင်ဆင်ပေးရာ ရောက်ကြောင်း Monshipouri က
ဆိုထားခ့ပဲ ါသည်။
Political Liberalization နှင့် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့သည် ဤသို့
ကွဲပြားခြားနားနေသော်ငြား political liberalization သည် civil liberties အချို့ကို အကာအကွယ်
ပေးနိုင်လာသဖြင့် expansion of public space ဖြစ်ကြောင်းကိုကား ပညာရှင်အများစုက
တညီတညတွ ်တည်း လက်ခံထားခြဲ့ကပါသည်။ ခြုံငုံကြည့်ပါက political liberalization ဆိုသည်မှာ
အာဏာရှင်တို့မှ ပိတ်ဆို့ထားသည့် တံခါးအား အနည်းငယ် ဟပေးခြင်းဖြင့် လူတဦးချင်း၏
အတွေးအမြင်ဖော်ပြချက်၊ လူ့အဖွဲ့အစည်းအတွင်း လှုပ်ရှားမှုနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှုတို့ကို
အကန့်အသတ်ဖြင့် ခွင့်ပေးခြင်း ဖြစ်ပေသည်။ သို့ရာတွင် အာဏာရှင်တို့ ဖွင့်ပေးသော အပေါက်မှ
အာဏာရှင်တို့ ချုပ်ကိုင်ထားသော အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ရမည်ဖြစ်ရာ ဧည့်သည်တို့၏
ထုံးစံအတိုင်း အိမ်ရှင်များ ချမှတ်ထားသော စည်းကမ်းကိုတော့ လိုက်နာရန် လိုအပ်ပေသည်။
ဧည့်သည်များမှ စည်းကမ်းကို မလိုက်နာလျှင်ကား အိမ်ပေါ်မှ နှင်ချ၍ ဖွင့်ထားသော တံခါးကို
အာဏာရှင်တို့ဘက်မှ အချိန်မရွေး ပြန်လည် ပိတ်ပိုင်ခွင့်လည်း ရှိလေသည်။ ယင်းမှာ political
liberalization အတွေးအခေါ်၏ အခြေခံ သဘောတရား ဖြစ်လေသည်။
political liberalization သည် စစ်မှန်သော ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းရေးကို
ဆောင်ကျဉ်းပေးနိုင်သည်လား (ဝါ) political liberalization အတွေးအခေါ်ကို ကိုင်စွဲခြင်းဖြင့် ဒီမိုကရေစီ
ရနိုင်သလား ဆိုသည်နှင့် ပတ်သက်၍မူ အယူအဆနှစ်မျိုး ပေါ်ထွက်လာပါသည်။ တမျိုးက political
actors များပေါ်တွင် မူတည်သည့် အတွေးအမြင် ဖြစ်ပါသည်။ အဆိုပါ အယူအဆအရ
ဒီမိုကရေစီအရေးတွင် အာဏာရှင်များဘက်၌ hardliners နှင့် softliners ဆိုသော
နိုင်ငံရေးဇာတ်ကောင်နှစ်မျိုး ပေါ်ထွက်လာပြီး၊ အတိုက်အခံများဘက်၌ opportunists, moderates နှင့်
radicals ဆိုသော နိုင်ငံရေးဇာတ်ကောင် သုံးမျိုး ပေါ်ထွက်လာနိုင်ပါသည်။
Hardliners ဆိုသူများမှာ အာဏာရှင်စနစ်ကိုပင် ရေရှည်တည်တံ့ခိုင်မြဲလိုသူများဖြစ်ပြီး၊ softliners
ဆိုသူများမှာ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်ရေး
စေ့စပ်ညှိနှိုင်းရေးကို လိုလားသူများဖြစ်သည်။ opportunists ဆိုသူများကား ဒီမိုကရေစီစနစ်
တည်ဆောက်ရေးကို စိတ်ဝင်စားသူများ မဟုတ်ပဲ ဒီမိုကရေစီ အရေးကို အကြောင်းပြု၍
ကိုယ်ကျိုးရှာလိုသူများဖြစ်သည်။ moderates ဆိုသူများကား ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရေးကို
လိုလားသူများဖြစ်ပြီး၊ မည်သို့သော ပြောင်းလဲမှုများကိုဖြစ်စေ လက်ခံနိုင်သူများ ဖြစ်သည်။ radicals
ဆိုသူများကား အာဏာရှင်တို့နှင့် compromise မလုပ်ရသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို
ဖော်ဆောင်လိုသူများ ဖြစ်သည်။ လက်တင်အမေရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှု သင်ခန်းစာများအရ
political liberalization ကို အာဏာရှင်ဘက်မှ softliners များနှင့် အတိုက်အခံဘက်မှ moderates
များက ထိန်းကျောင်းပေးနိုင်လျှင် ဒီမိုကရေစီ ခိုင်မာရှင်သန်ရေး လမ်းကြောင်းပေါ်သို့
ရောက်သွားနိုင်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြလေသည်။
အခြားအယူအဆတခုမှာကား အာဏာရှင်တို့တွင် အာဏာရှင်စနစ်ကို ထိန်းသိမ်းထားလိုသောအုပ်စုနှင့်
အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံး၍ မဖြစ်နိုင်ဟု ယူဆသော အုပ်စုနှစ်စု ကွဲပြားသွားသဖြင့်
အာဏာရှင်တို့အကြား အကွဲအပြဲ (intra-regime factionalism) နှင့် စစ်တပ်မှ
ခေါင်းဆောင်အချို့ခွဲထွက်ပြီး အတိုက်အခံတို့နှင့် ပေါင်းသွားသည့်အခါ ဖြစ်လာလေ့ရှိသော intramilitary
factionalism များ၊ degradation of military institution ဖြစ်ခြင်းများကို ထိန်းချုပ်ရန်
political liberalization ကို အာဏာရှင်ခေါင်းဆောင်များက အကောင်အထည်ဖော်လာသည်ဆိုသော
အယူအဆဖြစ်လေသည်။ ဤအယူအဆအရ political liberalization ကို အကောင်အထည်ဖော်ရာတွင်
အာဏာရှင်တို့ဘက်မှ paradox of success ကို သေချာစေရန် ဆောင်ရွက်ရသည်။
ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ကြိုးကိုင်နိုင်သည့် ပါတီများ ဖွဲ့စည်းခြင်း၊ အာဏာရှင်တို့၏
ရပ်တည်မှုကို မထိပါးစေသော ဥပဒေများ ပြဌာန်းသတ်မှတ်ခြင်း၊ ကြိုးကိုင်နိုင်သည့် ပါတီများသာ
အနိုင်ရနိုင်မည့် ရွေးကောက်ပွဲဥပဒေများ ပြဌာန်းခြင်း စသည်တို့မှာ political liberalization ၏
လိုအပ်ချက်တရပ်ဖြစ်သော အဆိုပါ paradox of success စည်းမျဉ်းကို ဖော်ဆောင်ခြင်း ဖြစ်လေသည်။
paradox of success မသေချာပဲနှင့် political liberalization ကို မည်သည့် အာဏာရှင်ကမှ
ဖော်ဆောင်ခြင်း မရှိပါ။
အထက်ဖော်ပြပါ အယူအဆနှစ်မျိုးအနက် ပထမအယူအဆမှ ကြည့်လျှင် political liberalization သည်
ဒီမိုကရေစီ ပန်းတိုင်အရောက်လှမ်းရေးကို ဦးတည်သည့် အတွေးအခေါ် ဖြစ်ပြီး၊ ဒုတိယအယူအဆမှ
ကြည့်လျှင်ကား political liberalization သည် အာဏာရှင်စနစ်ကို ပုံစံတမျိုးဖြင့် ရေရှည်
ရှင်သန်နေစေနိုင်သည့် dead end ဖြစ်နေသော အတွေးအခေါ် ဖြစ်လေသည်။ လက်တင်အမေရိက
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ပထမအယူအဆက မှန်ကန်ပြီး၊
အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ
ဒုတိယအယူအဆက မှန်ကန်နေသည်ဖြစ်ရာ နိုင်ငံတနိုင်ငံ ကြုံတွေ့လာမည့် political realities
အခြေအနေကိုကား ခန့်မှန်းရ အလွန်ပင် ခက်နိုင်ပါသည်။
မည်သို့ဆိုစေ အာဏာရှင်တို့၏ political liberalization ဖော်ဆောင်မှုများကို public space
ချဲ့ပေးခြင်းဟု ရှုမြင်၍ ပထမအယူအဆကို လက်ခံကျင့်သုံးလိုသော moderates များအနေဖြင့်
ရလိုရငြား စမ်းသပ်ကြည့်လိုသည်ဆိုလျှင် political liberalization မှ democratic consolidation သို့
ပြောင်းလဲရန် ကြိုးပမ်းမှုများတွင် တွေ့ကြုံနိုင်သည့် obstacles များကို အာရုံစိုက်ရန် လိုအပ်ပေသည်။
အဆိုပါ obstacles များကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကြံဆရှာဖွေသင့်လေသည်။ Political
liberalization စတင်လာပြီးမှ ပြောင်းပြန်ဦးတည်သွားသော political deliberalization မဖြစ်စေရန်
ကြိုးပမ်းကြရန် လိုအပ်သည်။
(၁) Civil Society ဆိုင်ရာ အခက်အခဲများ
political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်သို့ သွားရန် ကြိုးပမ်းမှုတွင် civil
society ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ နိုင်ငံတော်မှ ကြိုးကိုင်ခြယ်လှယ်မှု ကင်းရှင်းသည့်
အစုအဖွဲ့များ၊ လူထုလှုပ်ရှားမှုများနှင့် ပညာတတ်လူပုဂ္ဂိုလ်များ ပါဝင်သော active civil society
ရှင်သန်လာရေးသည် အရေးကြီးလှသော လိုအပ်ချက်တရပ်ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများသည်
လူ့အဖွဲ့အစည်းမှ ဒီမိုကရေစီ စံများကို နားလည်ကျင့်သုံးလာစေရေး၊ ကွဲပြားခြားနားမှုများအကြားမှ
ညီညွတ်မှုကို နားလည်လက်ခံလာစေရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ
ရှိလာစေရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ဝင်ရောက်စွက်ဖက် ကြိုးကိုင်
ချယ်လှယ်မှုများနှင့် တတ်နိုင်သမျှ ကင်းရှင်းရမည် ဖြစ်လေသည်။ သို့မှသာ နိုင်ငံတော်၏
ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ
ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို)
များသည် state နှင့် society တို့ အကြားတွင် buffer zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။
political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင် civil society အဖွဲ့
အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် civil
society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့်
အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့်
လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့်
အခြေအနေရှိမရှိကို အကဲဖြတ်လေ့ရှိသည်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍
နိုင်ငံတကာရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏
ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်သည်။
လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security concerns) ကို အကြောင်းပြ၍ civil society
ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းထားသည်။ သို့ဖြစ်ရာ
အာဏာရှင်တို့၏ political liberalization ကို အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့
အရောက်သွားရန် ကြိုးပမ်းလိုသူများသည် အဆိုပါ obstacles များကို မည်သို့
ကျော်လွှားမည်နည်းဟူသော လမ်းစဉ်များကို စဉ်းစားထားကြရန် လိုအပ်သည်။
(၂) နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ
နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား
များတွင် နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များလည်း ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏
နိုင်ငံရေးယဉ်ကျေးမှုသည် ဒီမိုကရေစီ စနစ်၏ အခြေခံသဘောတရားများနှင့် ကွဲပြားခြားနားပြီး၊
အာဏာရှင်ဆန်သော လူ့အဖွဲ့အစည်းသဏ္ဍာန် ဖြစ်တည်နေပါက ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေးကို
အတားအဆီး ဖြစ်စေနိုင်ပါသည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမှုကို ရှေးနှစ်ပေါင်းများစွာကပင်
“patrimonialism” ဆိုသော သဘောတရားက လွှမ်းမိုးထားပါသည်။
“patrimonialism” ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များသည် အလုပ်အတူ တွဲလုပ်ရမည့်
နိုင်ငံရေးခေါင်းဆောင်ငယ်များ၊ အုပ်ချုပ်ရေး ဝန်ထမ်းများကို သူတို့နှင့် နီးစပ်သော
အသိုင်းအဝိုင်းအတွင်းမှ မိသားစုဝင်များနှင့် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူဟု ယူဆထားသူ များကိုသာ
ရွေးချယ်တာဝန် ပေးအပ်ခြင်း ဖြစ်သည်။ အာဏာရှင် အသိုင်းအဝိုင်းတွင်သာမက အတိုက်အခံတို့၏
နိုင်ငံရေး အဝန်းအဝိုင်းတွင်ပါ ယင်းသို့ ပြုလုပ်ကြသည့်အခါ နိုင်ငံရေးခေါင်းဆောင်များ၏ အနီးတွင်
ရှိနေသူများသည် လိုအပ်လျှင် ခေါင်းဆောင်များကို ဝေဖန်အကြံပြုချက်များ ပေးနိုင်မည့် အရည်အချင်းရှိ
ပုဂ္ဂိုလ်များ မဟုတ်ပဲ ခေါင်းဆောင်များ အလိုကျ ခေါင်းညိမ့်လက်ခံပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု
လုပ်နေသူများသာ ရှိလာသည်။
နိုင်ငံရေးရာများတွင် အရည်အသွေးက အဓိကမကျပဲ မည်သူ့သားသမီး၊ မည်သူ့ဆွေမျိုးသားချင်း
ဆိုသည်က အရေးပါလာသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများကသာ များပြီး၊ ဝေဖန် ပိုင်းခြားဉာဏ်ဖြင့်
သတိပေးနိုင်သူများက အနီးတွင် မရှိသည့်အခါ ခေါင်းဆောင်များ၏ ငါတကော ကောကာ
လုပ်ဆောင်မှုများ ပေါ်ထွက်လာတတ်သည်။ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များပင်ဖြစ်စေကာမူ
ဤသဘောတရား၏ လွှမ်းမိုးမှုများကို ခံရပါက အာဏာရှင်ဆန်ဆန် ပြုမူမှုများ ရှိလာတတ်သည်။
“patrimonialism” သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအခွင့်အလမ်းနှင့်
စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။
လူ့အဖွဲ့အစည်းမှာလည်း ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။
နိုင်ငံရေးအရ အခွင့်အလမ်း ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအဝိုင်းများအား မှီခိုမှုများကို
အားပေးလေ့ရှိသည်။ ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော
စစ်တပ်တွင်း၌ အရေးပါသော ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ
ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ
လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား ထောက်ခံအားပေးကြမည်ဖြစ်သည်။
“patrimonialism” သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ
အများအပြား ပါဝင်လေ့ရှိသည်။
အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ
နိုင်ငံရေးအာဏာကို ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ
အားပေးခြင်း မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political
liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏
လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political liberalization
အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။
(၃) စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ
အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး ပါဝင်ပတ်သက်ခွင့် အနည်းငယ်
ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့် ပတ်သက်သော အခြေအနေများ
ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း
မြင့်မားနေပါက အရပ်သားပြည်သူလူထုကို နိုင်ငံရေးပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေး၍ စိတ်ဝင်စားမှု
အာရုံပြောင်းပေးရသည်။ ယင်းသို့ မဟုတ်လျှင် စီးပွားရေး ဆုပ်ယုတ်မှု အခြေအနေပေါ်မူတည်၍
အာဏာရှင်ဆန့်ကျင်ရေး စနစ် လှုပ်ရှားမှုများ ပေါ်ထွက်လာနိုင်သည်။
အချို့က ဆိုတတ်ကြသည်။ အာဏာရှင်များက ရွေးကောက်ပွဲ မလုပ်ပေးပဲ အာဏာဆက်သိမ်းလျှင်လဲ
ရပါလျက် ရွေးကောက်ပွဲပြုလုပ်ပေးသည်မှာ အာဏာရှင်ဘက်က သဘောထား
ပျော့ပျောင်းလာခြင်းဖြစ်သည် ဟု ဆိုတတ်ကြသည်။ အာဏာရှင်တို့ဘက်မှ စတင်သည့် political
liberalization ဖြစ်ရပ်အချို့အတွက် ဤအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ဖြစ်ရပ်တိုင်း
တွင်ကား မဟုတ်ချေ။ ခွေးတကောင်ကို အပြင်သို့ ခေါ်၍ လမ်းလျှောက်ထွက်ပါက လက်ထဲတွင်
အတင်းဆုပ်ပြီး ကိုင်ထား၍ မရ။ မထင်မှတ်ချိန်တွင် လွတ်ထွက်သွားနိုင်သည်။ လမ်းလျှောက်ခွင့်၊ ပြေးခွင့်
အနည်းငယ်ကိုတော့ ပေးရသည်။ ကိုင်ထားသော ကြိုးကို လိုသလို အဆွဲအဆန့် လုပ်နိုင်ဖို့သာ
လိုသည်။ political liberalization ဆိုသည်မှာလည်း ဤနည်းနှယ်နှယ်ပင်။ လွတ်ထွက်သွားမည်စိုး၍
ကြိုးတန်းလန်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။
၁၉၇၃ ခုနှစ်က အီဂျစ်နိုင်ငံတွင် Sadet က တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ တံခါးဖွင့်
စီးပွားရေး မူဝါဒ ကျင့်သုံးချိန်တွင် ပြုလုပ်ရန် လိုအပ်သည့် အခြားသော macro-economic
arrangements များကို မပြုလုပ်သောကြောင့် လက်တဆုပ်စာ လုပ်ငန်းရှင် တစုသာ ပေါ်ထွက်လာပြီး၊
တိုင်းပြည်တွင် ဆင်းရဲချမ်းသာ ကွာဟနှုန်းက မတရား ထိုးတက်သွားခဲ့သည်။ ၁၉၇ရ ခုနှစ်တွင်
အခြေခံစားသောက်ကုန် ဈေးနှုန်းများက တရဟော ထိုးတက်သွားပြန်ရာ နိုင်ငံနှင့် အဝှမ်း ဆန္ဒပြပွဲများ
ပေါ်လာတော့သည်။ အဆိုပါ အခြေအနေများ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိစေရန် အီဂျစ်အစိုးရက
အတိုက်အခံပါတီများကို ပါတီထောင်ခွင့် ပေးလိုက်သည်။ လူအများကို လွတ်လပ်စွာ စုဝေးခွင့်၊
ပြောဆိုခွင့် အနည်းငယ် ပေးလိုက်သည်။
စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို လွတ်လပ်စွာ
ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့
စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး
ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအဝင်
အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ
အာဏာရှင်အစိုးရများ ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက်
အပါအဝင်ပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political liberalization အတွေးအခေါ်
လွှမ်းမိုးခ့သဲ ည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ
ရပ်တန့်နေခ့သဲ ည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ဆိုစေ political liberalization
အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို အသွင်သဏ္ဍာန်တမျိုးဖြင့်
ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေးအတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။ စီးပွားရေး
အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့် မျက်လှည့် ဆရာ
တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။
သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် လုံးဝ ဆက်စပ်ခြင်း
မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင် economic
liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို
မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်သည်။
Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို
ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်။ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန်
ထိန်းကျောင်းပေးရမည်။
အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသော ဧရိယာ သုံးမျိုးဖြစ်သော
liberalization of internal markets, liberalization of external markets, privatization and
restructuring စသည်တို့တွင် သင့်လျော်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ အသွင်ကူးကာလ
စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ နှစ်မျိုးဖြစ်သည့် shock therapy နှင့် gradual reform
strategy တို့အနက် အချိန်ကာလနှင့် ကိုင်ညီသည့် မဟာဗျူဟာကို ရွေးချယ်နိုင်မှုကလည်း
အရေးကြီးလေသည်။
စီးပွားရေးအခြေအနေဆိုးရွားမှုကြောင့် political liberalization စတင်လာခြင်း ဖြစ်သော်လည်း၊
တက်လာသည့် အစိုးရသစ်မှ အခြေအနေနှင့် ကိုက်ညီမည့် စီးပွားရေးမူဝါဒများကို မှန်မှန်ကန်ကန်
အသုံးချနိုင်လျှင် liberalization နှင့် economic growth တို့အကြားတွင် positive relationship
ဖြစ်လာနိုင်သည်ဖြစ်ရာ economic reform များ၏ adverse effects များကို ထိန်းချုပ်ရန်
နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် economic growth တို့အကြားမှ
ဆက်စပ်မှုမှာ positive တခုတည်း မဟုတ်ကြောင်းကိုလည်း သတိပြုကြရန် လိုအပ်သည်။ political
liberalization နှင့် economic liberalization တို့ တပြိုင်တည်း ဖြစ်မလာပါက negative marginal
effects များ ပေါ်ထွက်လာတတ်ပါသည်။
အရေးကြီးဆုံးအချက်မှာ ဒီမိုကရေစီသည် နိုင်ငံရေး မသေချာမှုနှင့် ဆက်စပ်နေခြင်း ဖြစ်ပါသည်။
ဒီမိုကရေစီ အစိုးရများသည် ရွေးကောက်ပွဲများဖြင့် မူဝါဒ ချမှတ်နိုင်ရေးကို ကြိုးပမ်းကြရသည်ဖြစ်ရာ
စီးပွားရေး မူဝါဒ သက်တမ်းများသည် ရွေးကောက်ပွဲသက်တမ်းဖြင့် အချိန်မတူညီပဲ economic reform
၏ ရေတို adverse effects များ နောက်တကြိမ် ရွေးကောက်ပွဲမတိုင်မီ ပေါ်ထွက်လာပြီး၊
ရွေးကောက်ပွဲသစ်တွင် နိုင်ငံရေးအရ backlash ဖြစ်မည်ကို အာဏာရပါတီများက
စိုးရိမ်လေ့ရှိကြပါသည်။ သို့ဖြစ်ရာ ရေတိုတွင် နှောင့်နှေးသော်လည်း ရေရှည် အကျိုးစီးပွားကို
ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ ကြည့်တတ်ကြလေရာ
ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင် ရေရှည်စီးပွားရေး
တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။
အထက်ပါ အချက်များအပြင် political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့
အရောက်သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထဝီဝင် နိုင်ငံရေး အခြေအနေများ၊
နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ
ရှိပါသေးသည်။ Political liberalization ဆိုင်ရာ ကျမ်းတစောင် မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။
Political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်ချီရန်
ရည်ရွယ်သူများအနေဖြင့် အဆိုပါ အခြေအနေများကို နားလည်သိရှိထားကြရန် လိုအပ်ပေလိမ့်မည်။
နိဂုံး
နိဂုံးချုပ်ဆိုရသော် ယနေ့ လက်ရှိ ကာလသည် အတွေးအခေါ်များ အလွန် ရှုပ်ထွေးနေသည့် ကာလတခု
ဟု ဆိုရပေမည်။ အာဏာရှင်များဘက်မှ political liberalization ကို အကောင်အထည်
စတင်ဖော်လိုက်သည်ဖြစ်ရာ အဆိုပါ political liberalization ကို လက်ခံမည်လား၊ လက်မခံဘူးလား၊
အဆိုပါ အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ရနိုင်သည်လား၊ မရနိုင်ဘူးလား၊ အစဉ်အဆက်
ကျင့်သုံးခြဲ့ကသော အာဏာရှင်စနစ်ဖြိုချရေး အတွေးအခေါ်ကို ဆုပ်ကိုင်ထားမည်လား၊
မဆုပ်ကိုင်ထားဘူးလား၊ ဆုပ်ကိုင်ထားလျှင်ကော အောင်မြင်မည်လား၊ မအောင်မြင်ဖူးလား စသည်တို့ကို
တွေးတော ငြင်းခုန်နေကြရုံသာမက အတွေးအခေါ် နှစ်ခုကို ရောသမမွှေထားသည့် နိုင်ငံရေးလိုလို၊
အန်ဂျီအိုလိုလို အတွေးအခေါ်သစ်များပင် ထွန်းကားလာသည့် ကာလတခုဖြစ်ပါသည်။
လက်ရှိနိုင်ငံရေးကို လွှမ်းမိုးထားသည့် အတွေးအခေါ်များနှင့် အုပ်စုများကို ခွဲခြားလိုက်ပါက အုပ်စုကြီး
ခြောက်ခု ထွက်ပေါ်လာပါသည်။
(၁) Initial Transition အတွေးအခေါ်ကို လက်ခံ၍၊ အဆိုပါ အတွေးအခေါ်က ဦးဆောင်သည့်
လမ်းစဉ်များကို ဖော်ဆောင်ပါက ရေတိုပန်းတိုင်အနေဖြင့် ကြားဖြတ်အစိုးရ (ဝါ) ပြည်သူ့အစိုးရ
အသွင်သဏ္ဍာန် တမျိုးမျိုး ပေါ်ထွက်ရမည်ဟု စဉ်းစားသူများ
(၂) Political Liberalization အတွေးအခေါ်ကို လက်ခံ၍၊ အာဏာရှင်တို့ဘက်မှ ဖွင့်ပေးလိုက်သော
political space များကို အသုံးချကာ နိုင်ငံရေးစည်းဝိုင်းအတွင်းသို့ ဝင်ရောက်ပြီး၊ တစတစ
ပြောင်းလဲတိုးတက်မှုများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဟု စဉ်းစားသူများ
(၃) Political Liberalization မှ democratic consolidation ဖြစ်အောင်
ပြောင်းလဲတည်ဆောက်ရာတွင်ဖြစ်စေ၊ initial transition မှ democratic consolidation ဖြစ်အောင်
တည်ဆောက်ရာတွင်ဖြစ်စေ၊ civil society မှာ အဓိကကျသဖြင့် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်း
မရှိပဲ civil society အားကောင်းလာစေရန် ကြိုးပမ်းမည်ဟု စဉ်းစားသူများ
(၄) ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုသည့် သဘောပိုက်ကာ ဖြစ်လာသည့် အခြေအနေတွင်
အာဏာ၊ ရာထူး၊ နေရာ၊ အမည်ကောင်း၊ ကိုယ်ကျိုးစီးပွား စသည့် အကျိုးအမြတ်များအား မည်သို့
ရှာမည်နည်း ဆိုသည်ကို စဉ်းစားသူများ
(၅) Initial transition အတွေးအခေါ်ကိုလည်း အပြည့်အဝ လက်ခံခြင်းမရှိ၊ political liberalization
အတွေးအခေါ်ကိုလည်း အပြည့်အဝ လက်ခံခြင်း မရှိသော ရောသမမွှေများ
(၆) political liberalization အတွေးအခေါ်ကို အသုံးပြု၍ အာဏာကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန်
ကြိုးပမ်းနေသော အာဏာရှင်များနှင့် အပေါင်းအပါများ
အဆိုပါ အုပ်စုခြောက်မျိုးတွင် နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာအတွက် အာဏာရှင်နှင့် အပေါင်းအပါများ
နည်းတူ ကြောက်မက်ဖွယ်ကောင်းသော အုပ်စုမှာ ရောသမမွှေများ ဖြစ်ပါသည်။ political liberalization
အတွေးအခေါ်ကို လက်ခံပြီး၊ political space ကို အသုံးပြုလိုသူများမှာ ဒီမိုကရေစီ ပန်းတိုင်ကို
ရောက်လေမည်လားဟု စမ်းလိုသော စေတနာပါသဖြင့် ရောသမမွှေများလောက်
ကြောက်ဖို့မကောင်းလှပါ။ အာဏာရူးအခွင့်အရေးသမားများမှာလဲ ၎င်းတို့ ရူးကြောင်းကို လူထုက
သိနေပြီး ဖြစ်သဖြင့် နိုင်ငံတော်ကံကြမ္မာအတွက် အန္တရာယ် မရှိလှပါ။
သို့ရာတွင် ရောသမမွှေများမှာကား Initial transition အတွေးအခေါ်ကို ဆုပ်ကိုင်ထားသူများဟု
လူအများက မြင်ထားလေ့ရှိသည်။ သို့ရာတွင် ထိုသူများသည် initial transition ၏
ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို လက်ခံခြင်းမရှိကြ။ political liberalization
အတွေးအခေါ်အရ ပေါ်ထွက်လာသော political space တွင်လည်း ပါဝင်ခြင်း မရှိကြ။ သို့ရာတွင်
political liberalization အရ ချဲ့ထွင်လာသော public space အခွင့်အရေးကို ယူရန် ကြိုးပမ်းကြသည်။
ယင်းသို့ ကြိုးပမ်းပြီးမှ initial transition အတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ
ပေါ်ထွက်ရေးကို ဆက်လက်ကြိုးပမ်းမည်လားဆိုတော့လဲ မဟုတ်ပြန်။ civil society
အားကောင်းလာရေးကိုပဲ ဦးစားပေး လုပ်တော့မည်လိုလိုကလဲ ဖြစ်လာပြန်သေးတော့သည်။
ပမာဆိုရလျှင် မြစ်ကမ်းတဘက်ဆီတွင် လမ်းလျှောက်ရင်း ဟိုဘက်ကမ်းသို့ လှေနှင့် ကူးလိုက်၊
ဒီဘက်ကမ်းသို့ လှေနှင့် ကူးလိုက် လုပ်နေသည်နှင့် တူလှသည်။ လှေရှိသူများက ကူးချည်သန်းချည်
လုပ်ရန် မခက်ခဲသော်လည်း နောက်က တကောက်ကောက် လိုက်သူများမှာကား ရေထဲ ကျလိုကျ၊
မောပြီး ကမ်းပါးမှာ ငုတ်တုပ်ထိုင်သူက ထိုင်နှင့် ခရီးမတွင်ပဲ ဖြစ်နေကြရတော့သည်။ ပိုဆိုးသည်က
အတွေးအခေါ် နှစ်ရပ်လုံးကို ရောသမမွှေထားကြလေရာ Initial Transition အတွေးအခေါ်က
ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ကန့်လန့်ကန့်လန့်၊ political liberalization အတွေးအခေါ်က
ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ဖျက်လိုဖျက်ဆီးသဏ္ဍာန် ပေါက်လာခြင်း ဖြစ်လေသည်။
အဆိုပါ အတွေးအခေါ် ရှုပ်ထွေးမှု အခြေအနေများသည် နိုင်ငံတော်အနာဂတ်ကံကြမ္မာအတွက်
အန္တရာယ်ကြီးပါသည်။ မည်သည့် အတွေးအခေါ်ကို ကျင့်သုံးသင့်သည် ဆိုသည်မှာ လူတယောက်၊
အဖွဲ့အစည်းတခု၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါသည်။ လူ့သဘာဝအရ အမြင်မတူလျှင် အပြန်အလှန်
စွပ်စွဲမှုကတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ initial transitionအတွေးအခေါ် ရှုထောင့်မှ
ကြည့်လျှင် political liberalization အတွေးအခေါ်ကို ကိုင်စွဲကာ political space တွင်းသို့
ဝင်သွားသူများသည် အရှုံးပေး၊ အညံ့ခံသူများ ဖြစ်ပြီး၊ political liberalization အတွေးအခေါ်မှ
ကြည့်လျှင် initial transition ကို လက်ခံသူများသည် compromise မလုပ်လိုသော
နိုင်ငံရေးအစွန်းရောက်များ ဖြစ်ပါသည်။ ယင်းသို့ အပြန်အလှန်ရှုမြင်ပြီး၊ အပြန်အလှန် စွပ်စွဲပိုင်ခွင့်
ရှိသော်ငြား ထိုသို့ စွပ်စွဲရင်းဖြင့် အချိန်မကုန်ကြစေလိုပါ။ initial transition လက်ခံသူများကလဲ
ပါးစပ်ဖြင့် အာနေခြင်းများကို လျှော့ချ၍ ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုး ပေါ်လာရေးကို
ကြိုးပမ်းသင့်ကြပါသည်။ political liberalization လက်ခံသူများကလဲ ချဲ့ထားသည့် political space
လေးတွင်းသို့ ဘယ်လိုနည်းဖြင့် ဝင်ရဝင်ရ၊ ရအောင်ဝင်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို အပြောမဟုတ်ပဲ
လက်တွေ့ချီတက်နိုင်အောင် ကြိုးပမ်းသင့်ကြပေသည်။
ပန်းတိုင်မရောက်ခင် တက်မထောင်ချင်သော မြန်မာလူမျိုးတို့၏ အစဉ်အလာဆိုးကြီးကို အလုပ်ဖြင့်
သက်သေပြ၍ ဖျောက်ဖျက်သင့်ကြပေသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်သို့ initial transition
က ဆောင်ကျဉ်းပေးနိုင်မည်လား၊ political liberalization က ဆောင်ကျဉ်းပေးနိုင်မည်လား
ဆိုသည်မှာကား မူအရဆိုလျှင် အဖြေထွက်သော်လည်း လူအရဆိုလျှင် အဖြေမရှိပါ။ မည်သူမျှ
တပ်အပ်သေချာ ပြောနိုင်မည်လည်း မဟုတ်သဖြင့် ငြင်းခုန်ရင်း အချိန်မဖြုန်းသင့်ကြတော့ပါ။ ပုဂ္ဂိုလ်စွဲ၊
အဖွဲ့စွဲများကို ဖယ်ရှား၍ အတွေးအခေါ် တခုကို ရွေးကြရမည့် အချိန်ဖြစ်ပါသည်။
ယင်းသို့ ရွေးချယ်ရာတွင် အခြေအနေနှင့် လားရာကို သဘောပေါက်ပြီးမှ၊ ပန်းတိုင်ကို သိပြီးမှသာ
ရွေးချယ်မှုများ ပြုလုပ်သင့်ပါသည်။ ရွေးချယ်ပြီးလျှင်လည်း ရှင်းလင်းသည့် အတွေးအခေါ်က
ဦးဆောင်သော ပြတ်သားသည့် လမ်းစဉ်များကို ချမှတ်ရပါမည်။ လမ်းကြောင်းများကို
လျှောက်လှမ်းရပါမည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များ ဝေဝါးနေတတ်သဖြင့်
ပန်းတိုင်နှင့်လဲ အစဉ်အမြဲ ဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ခင်မမမျိုး (၂၇၊ ၁၀၊ ၂၀၁၀)
(စာကြွင်း- ဤစာကို ရေးသားရာတွင် ကော်ဖီနှင့် လက်ဖရည် ဘယ်အရာက ပိုကောင်းသလဲ ဆိုသော
မေးခွန်းသဏ္ဍာန်ကို ဖြေရာ၌ ကော်ဖီ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် လက်ဖရည်၏ ကောင်းကျိုး၊ ဆိုးကျိုး
နှစ်မျိုးစလုံးကို ယှဉ်တွဲဖြေဆိုသော ရှုထောင့် မှ ရေးသားထားသည်။ ကော်ဖီနှင့် လက်ဖရည်
ဘယ်အရာကို ပိုကြိုက်သလဲ ဆိုသော ပုဂိ္ဂိုလ်ရေး မေးခွန်းသဏ္ဍာန်ကို စာဖတ်သူတဦးဦးမှ
မေးလာပါလျှင်ကား initial transition နှင့် political liberalization အတွေးအခေါ် နှစ်ရပ်တွင် စာရေးသူ
ယနေ့အချိန်အထိ လက်ခံကျင့်သုံးနေသော အတွေးအခေါ်မှာ initial transition အတွေးအခေါ် ဖြစ်ပြီး၊
လမ်းစဉ်မှာ လူထုတိုက်ပွဲလမ်းစဉ်ဖြစ်သည်။ ရေတိုပန်းတိုင်မှာ အတိုက်အခံများက ဦးဆောင်သော
ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုတိုက်ပွဲတွင် ပြည်သူများနှင့် ပူးပေါင်းလာသော မျိုးချစ်
တပ်မှူးများနှင့် အတိုက်အခံများ ပူးတွဲဖွဲ့စည်းသော ကြားဖြတ်အစိုးရဖြစ်ပါသည်)
ရည်ညွှန်းကိုးကား
ABDELNASSER, Gamal. (2004): “Egypt: Succession Politics,” Volker Perthes (ed.), Arab
Elites: Negotiating the Politics of Change, (ed.), Boulder: Lynne Rienner Publishers.
Alesina, Alberto, and Allan Drazen (1991), “Why Are Stabilizations Delayed?” American
Economic Review 81 (5), 1170-1188.
Anderson, Lisa. (1999). Transitions to Democracy. New York: Columbia University Press.
Avant, Deborah. (1994) Political Institutions and Military Change: Lessons from Peripheral
Wars. Ithaca, NY: Cornell University Press
Brownlee, Jason. (2007). Authoritarianism in an Age of Democratization. New York, NY:
Cambridge University Press.
Barro, Robert J. (1996), “Democracy and Growth,” Journal of Economic Growth 1 (1), 1-27.
Campos, Nauro (1999), Back to the Future: The Growth Prospects of Transition Economies
Reconsidered, William Davidson Institute Working Paper No. 229, Ann Arbor, MI.
Denizer, Cevdet (1997), Stabilization, Adjustment and Growth Prospects in Transition
Economies, Policy Research Working Paper No. 1855, The World Bank, Washington, DC.
CHASE, Robert S.; HILL, Emily B. ve KENNEDY, Paul (1996): “Pivotal States and U.S.
Strategy,” Foreign Affairs, 75: 33-51.
Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics . New
York, NY: Penguin Books.
Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America . Baltimore:
Johns Hopkins University Press.
GALA, Amin A. (1995): Egypt’s Economic Predicament: A Study in the Interaction of
External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J.
Brill.
Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and
the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.
Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa.
Princeton: Princeton University Press.
KRAMER, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.),
Democracy without Democrats, London, New York, I.B. Tauris.
LINZ, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and
Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore,
The Johns Hopkins University Press.
Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and
Political Legitimacy,” American Political Science Review 53, 69-105.
Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the
Third World. London: Lynne Rienner Publishers
Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New
York: Routledge
Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic
Growth,” Journal of Economic Perspectives 7 (3), 51-69.
Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in
Transition,” Journal of the Japanese and International Economies 9 (4), 403-425.
Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),
385-410.
Wolff, Holger C. (1999), Transition Strategies: Choices and Outcomes , Princeton Studies in
International Finance No. 85 (June), Department of Economics, Princeton University,
Princeton, NJ.