To/From Mandalay Gazette – Write. Get Published. Get Paid.

kaiJanuary 31, 20112min11637600
မင်္ဂလာနှစ်သစ် ၁၃၇၃

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

600 comments

  • nigimi77

    April 9, 2011 at 3:22 pm

    ဖြေပါဦး။ Post ရေးမလို ့ဟာကို အဖြေစောင့်နေတာ။

  • nigimi77

    April 9, 2011 at 3:43 pm

    အင် ?????? အသားလွတ် Dislike ပါလား….။

  • nigimi77

    April 9, 2011 at 3:44 pm

    ကဲ မစောင့်တော့ ဘူး ။ရေးပြီဗျို ့။

  • nigimi77

    April 9, 2011 at 5:48 pm

    ဘယ် လူထီး လူမသား တွေက အားယားပြီး Dislike လုပ်နေလဲ မသိဘူး။

  • nigimi77

    April 9, 2011 at 5:51 pm

    နဲနဲတော့ ပေါက်သလိုပဲ သူခိုးတွေ သူခိုးမ တွေက သဂျီးဆီမှာ ဒီလို အကြံဉာဏ်တောင်းတာကို မကြိုက်ဘူး ထင်တယ်။

  • kai

    April 10, 2011 at 6:34 am

    ဂိုဂယ်ကပုံကို တိုက်ရိုက်ကူးတင်လို့မရပါဘူး..။ သတင်းဌာန.. သူများဝက်ဘ်ဆိုက်ကပုံတွေလည်း ကူးတင်လို့မရပါဘူး..။
    ကော်ပီရိုက်နဲ့ ငြိပါတယ်တဲ့..။
    ဆိုတော့…တချက်လှည့်နိုင်တာရှိပုံရါတယ်..။
    Print Scr နဲ့ Captured လုပ်ပြီး. ဘေးအသားတွေ စာတွေ ခရက်ဒစ်တွေ ပါအောင် Crop လုပ်ပြီးမှတင်တာပါ..။

  • nigimi77

    April 10, 2011 at 6:54 am

    ဒါဆိုရင် လောလောဆယ် တင်ထားတဲ့ google က ပုံတွေ ပြန်ဖြုတ်ဖို ့ လိုမလား ??

    • kai

      April 10, 2011 at 7:29 am

      တိုက်ရိုက်ကူးတင်ထားတာဆိုရင်.. ဖြုတ်ဖို့ လိုပါလိမ့်မယ်..။
      အခုရက်ပိုင်း.. အားရင်..
      ရွာသားတွေတင်ထားတဲ့ပုံတွေ…. သေသေချာချာ ပြန်စစ်ဖို့ရှိပါတယ်..။

      သတင်းတွေစာတွေလည်း.. ခရက်ဒစ်မပေးပဲ.. တခုလုံးတင်လို့မရပါဘူးတဲ့..။
      ခရက်ဒစ်ရယ်.. မူရင်းလင့်ရယ်လည်းပေးရမယ်..။
      မူရင်းသတင်းရဲ့… အထက်ရော..အောက်မှာပါ.. ကိုယ့်စာတွေ(ဆွေးနွေးတာတွေ) ထည့်ရေးပေးရမယ်..တဲ့..။

  • nigimi77

    April 10, 2011 at 9:00 am

    Google က ကူးထားတဲ့ ပုံတွေ ဖြုတ်လိုက်ပါပြီ။

  • တညင်သား

    April 11, 2011 at 5:32 pm

    မိန်းခလေးများအတွက် သတိပြုစရာ ကာမစိတ်ဖြစ်စေသော ကော်ဖီမစ် ဆိုသောပို့(စ်)မှာ ကိုငှက်ကြီး တင်ပြီးသောပို့(စ်) ဖြစ်နေလားလို့ ခေါင်စဉ်တော့ကွဲတယ်..

  • nigimi77

    April 11, 2011 at 8:07 pm

    အရင်တုန်းက အဟောင်းတွေကို တခါမှ မဖတ်ကြည့်မိဘူး။ ရေးဖို ့ ဝေဖန်ဖို ့ပဲ အားသန်နေတော့။

    သင်္ကြန်ပိတ်ရက်မှာ အသစ်က ဖတ်ချင်စရာ ဖတ်သင့်စရာ ဘာမှ မရှိတော့လည်း အဟောင်းတွေပဲ ပြန်ဖတ်ရမှာပဲ။ လောလောဆယ် မြည်းစမ်းကြည့် သလောက်ဆိုရင် အရင်က တကယ်ကို စိတ်ဝင်စားစရာ
    ဖတ်စရာတွေ အပြည့် ရှိခဲ့တာပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2011 at 3:41 am

    စမ်းတယ်ဆိုတာကလည်း
    တန်းနေတာဘဲ
    ဟိုနေရာကိုထိတယ်
    ယားတယ်
    အားလေးလေးလေးလေးလေး

  • weiwei

    April 12, 2011 at 8:08 am

    pdf ဖိုင်ကို upload လုပ်ပြီး ပို့စ်ထဲမှာ ထည့်ချင်ရင် ဘယ်လိုတင်ရမလဲ သိချင်ပါတယ် …

    • kai

      April 12, 2011 at 9:06 am

      အရင် ပုံတင်သလို Upload လုပ်ပြီး pdf လင့်ခ်ကို အောက်က embed အတိုင်းထည့်ကြည့်ပါ..။

      Will embed a PDF file using Google Docs Viewer Simply include the URL for a PDF document on it’s own line, or wrapped in the embed tag like [embed]http://example.com/file.pdf[/embed] and the plugin will embed the PDF into the page using the Google Docs Viewer embed code. The url must end with .pdf

  • nigimi77

    April 12, 2011 at 7:29 pm

    ကိုခိုင်ရေ ကယ်ပါဦး post တင်လို ့မရဘူး။ လေးလိုက်တဲ့ Connection။

  • nigimi77

    April 12, 2011 at 8:28 pm

    ကျုပ်တင်လိုက်တဲ့ post ကို Publish လုပ်တာလဲ အခါပေါင်း မနည်းတော့ဘူး။
    Done တာလဲ သောက်မြင်ကပ်လောက်အောင်ကို Done နေတာ။ အခုထိ မြင်ကို မမြင်ရသေးဘူး။
    Information နောက်ကျလို ့ ၂ က တွေ ဒုက္ခ ရောက်ရင် ခင်ဗျားမှာ တာဝန်ရှိတယ်နော် သဂျီး

  • ဆူး

    April 14, 2011 at 1:57 pm

    ၁၃၇၃ မင်္ဂလာ နှစ်သစ် ပုံပြောင်းသွားပြီ။
    မင်္ဂလာ နှစ်သစ်ပါ။
    စတုဒီသာ မျိုးစုံကို စားရင်း နှစ်သစ်ကို ဖြတ်သန်းလျက်ပါ။
    အိမ်နီး ဝန်းကျင် များများ လုပ်နိုင်ပါစေလို့ ဆန္ဒပြုရင်း နှစ်သစ် မင်္ဂလာ ဆုတောင်း နိဂုံးချုပ်လိုက်ပါတယ်။ အဲမှားသွားပြီ။။ နောက်တာနော်။

    အားလုံး မင်္ဂလာ အပေါင်းနဲ့ ခညောင်းကြပါစေ။ နှစ်သစ်မှာ မကောင်းတဲ့ အလုပ်တွေကို ရှောင်ကျဉ်ပြီး ကောင်းတဲ့ အလုပ်တွေ များများ ပိုလုပ်နိင်ကြပါစေ။
    အားလုံးပဲ နှစ်လုံး စိတ်ဝမ်း အေးချမ်းကြပါစေ။
    ကောင်းမှု မြတ်နိုး ကောင်းအောင် ကြိုးလို့..
    ကောင်းမှု ကိုယ်၌ တည်ကြပါစေ။

    အားလုံးပဲ ဘေးဘယာ ခပ်သိမ်းကင်းငြိမ်းပြီး နှစ်သစ်ကို သာသာယာယာ နှင့် ကူးပြောင်းနိုင်ကြပါစေ။

  • nigimi77

    April 18, 2011 at 3:43 pm

    အိကျင်္ ီမှာ (အဝတ်) နှုတ်ခမ်းနီ စွန်းတာ ဘာနဲ ့ ဖျက်ရသလဲ ဆိုတာ သိတဲ့လူရှိရင် ပြောပြပေးပါ ။
    အဝတ်က အဖြူရောင်မို ့လို ့။ နဲနဲ မဟုတ်ဘူး များများစွန်းသွားတာ။ 🙁

    • etone

      April 19, 2011 at 3:13 am

      ဗျို့ ဆရာကြီး 77 သင်္ကြန်မှာ ဆပ်ဆလူးကို နတ်ပူးလိုက်တာ နှုတ်ခမ်းနီ ပေသွားတယ်ပေါ့ (ကြုံတုန်း လာကြွားနေသေးတယ် ) … မဒမ် 77က ကော်လာပေါ်က နှုတ်ခမ်းနီ သီချင်းမဆိုခင် ဆရာကြီး အမြန်ဖျက်ရတော့မယ် 😀 နည်းကောင်းလေးတော့ရှိတယ်… ။ ခက်ခက်ခဲခဲ မဟုတ်ပါဘူး ကတ်ကြေးလေး တချောင်းရှိရင် ရတယ် … အဲ့ဒီနေရာ ဝှိုက်ညှပ်ပြီး လက်နှီးစုတ်သာ လုပ်လိုက်ပါတော့ လို့ 😀

  • bigcat

    April 19, 2011 at 3:19 am

    ဟုတ်ဖူးဗျ။ ပေသွားတဲ့နေရာကို အက်စစ်လောင်းချရမှာ။

  • MaMa

    April 19, 2011 at 3:36 am

    သဂျီးရေ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း http://myanmarwords.pikay.org/ ကို homepage ဖွင့်တာနဲ့တင် မြင်ရအောင် လုပ်ပေးနိုင်ရင် ပိုအဆင်ပြေမလားလို့။

  • eros

    April 19, 2011 at 5:01 am

    CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်
    CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အကျဉ်းချုပ် (၁)
    CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အကျဉ်းချုပ် (၂)

    သူကြီး ကျွန်တော့်ရဲ့ အပေါ်က ပိုစ့်တွေ ရှေ့ဘက်စာမျက်နှာမရောက်ဘဲ ဘယ်ရောက်နေတယ် မသိဘူး။ ရှေ့ ရောက်အောင်တင်ပေးဦး။

  • MaMa

    April 21, 2011 at 1:45 pm

    commet တွေပေးလို့ အရမ်းခက်နေတယ်။ မဝင်တာကများတယ်။ ဘာဖြစ်လို့လဲ မသိဘူး။ စာလုံးပေါင်း သတ်ပုံကျမ်းလဲ ဘေးက ဒူးစာ၊ ဒုတ်စာမှာ ခုမှ တွေ့တယ်။

    • kai

      April 21, 2011 at 6:58 pm

      အဲဒါ လုံမကြီးပဲေ စာလုံးပေါင်း သတ်ပုံကျမ်းတင်ပေးပါပြောလို့.. သူကြီးတင်ထားပေးလိုက်တာလေကွယ်…။ 🙂

  • nature

    April 21, 2011 at 6:10 pm

    တချို့post တွေက တခါမှ like,dislike မပေးရသေးဘဲနဲ့ပေးလို့မရဘူးဖြစ်နေတယ်၊ လုပ်ပါဦး၊

  • kai

    April 22, 2011 at 7:49 am

    shwepyithu ဆိုတဲ့အမည်ယူထားတဲ့ ရွာသူအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ကလောင်အမည်ပြောင်းပေးပါလို့.. shwepyithu.com မှာရေးနေတဲ့ Domain name ပိုင်ရှင် ရွှေပြည်သူ ကမေတ္တာရပ်ခံလာလို့ပါ..။
    “မ shwepyithu ကိုလည်း ကျွန်မက သေချာမေတ္တာရပ်ခံကြောင်းကို ပြောပေးပါရှင်။” လို့ရေးလာပါတယ်..။ အဲဒီနာမယ်နဲ့ သူရေးနေတာ ၃နှစ်ခွဲရှိပါပြီတဲ့..။

    အဲဒါ..
    မြန်မာပြည်ထဲမှာလည်း အဲဒီကလောင်နာမယ်နဲ့ စာရေးနေတာမရှိဘူးဆိုရင်..အမည်ပြောင်းပေးလိုက်ပါနော…။

    • ကျွန်တော့်နာမည်ကိုရော ဝင်ရောက်ကန့်ကွက်သူမရှိဘူးလား ကိုခိုင်ရေ… တော်ကြာ သူများတွေက ကျွန်တော့်နာမည်လေးကို လာပြီးဝယ်နေရင်တော့ ဒီနေရာကနေပဲ မူပိုင်ခွင့်အကြောင်း ပြောကြတာပေါ့ဗျာ 😀

  • ဆူး

    April 22, 2011 at 1:10 pm

    စကားမစပ်.. ဒီဆိုက်က လေးပြီး နှေးနေတာလား.. ၁ပတ်လောက် ရှိပြီ သတိထားမိတာ.. ပိုစ်တင်ရတာလည်း ခက်တယ်။ တော်တော် စိတ်ရှည်ရတယ်။
    လိုင်းက တခြား ဂျီမေး ဖေ့ဘွတ် စတာတွေ ရနေတယ်။ ဒီဆိုက်ဘဲ ဝင်ရခက် မန်းရခက် စာတင်ရခက် ဖြစ်နေတယ်။
    ဆာဗာမှာ ပိုးကျနေတာလား မသိဘူး။ အဟမ်း……ပိုးသတ်ဆေး အပြင်းစား ဖျန်းသင့်ပြီ ထင်တယ်။

  • manawphyulay

    April 22, 2011 at 1:15 pm

    ခုရွှေပြည်သူနဲ့တော့ မသိဘူး ဘလော့ရွှေပြည်သူနဲ့တော့ သိတယ်။

  • ဆူး

    April 22, 2011 at 3:05 pm

    ဆူး ဆိုတဲ့ နာမည်ကိုတော့.. ပိုအပ်ကော်နာ မှာ တွေ့တယ် ကဗျာ ဆရာမ..
    အဲဒီ ဆူး နဲ့ ဒီ က ဆူး နဲ့ မတူကြောင်း ကြေညာအပ်ပါသည်။

  • bigcat

    April 22, 2011 at 10:54 pm

    ကြောင်ကြီး၊ ကြီးသောကြောင်၊ ကြောင်အကြီးကြီး၊ ဦးကြောင်ကြီး၊ ကိုကြောင်ကြီး၊ ကိုကြီးကြောင်၊ မောင်ကြောင်ကြီ။ ဦးကြီးကြောင်၊ ကိုကိုကြောင်၊ ကိုကြောင်၊ ဦးကြောင်၊ မောင်ကြောင်၊ မစ္စတာကြောင်၊ မာစတာကြောင်၊ မဟာကြောင်၊ ကြောင်မဟာ၊ ဘစ်ကတ်၊ ဘစ်ကက်၊ ကတ်ဘစ်၊ ကက်ဘစ်၊ big cat၊ cat big စသည့်အမည်များအားလုံးသည် ကျွန်ုပ်၏ မူပိုင်နာမည်များဖြစ်ပါကြောင်း။ ခွင့်ပြုချက်မရဘဲ ခိုးယူသုံးစွဲပါက ဂေဇက်ရွာဥပဒေအတိုင်း ခြောက်ပေါက်ထိပ်တုံး နာရီတရာ ပြစ်ဒဏ်ခတ်၍ ကျောတရာ ရင်တရာ ကြိမ်ဒဏ်ချမည် ဖြစ်ကြောင်း သိစေအပ်သည်။

  • ဆူး

    April 23, 2011 at 6:23 am

    ဘဒ္ဒန ္တကြောင်ကြီး ဆိုတာ မပါဘူးလား။

  • ဆူး

    April 23, 2011 at 7:10 am

    အများ သိစေရန်…….

    http://myanmargazette.net/21141/health-fitness/food-drink
    August 23, 2010 နေ့တွင် ကိုပေါက် မန်း ရဲ့ မသန့်စကောင်း သန့် စကောင်း ရေးသားချက်ကို

    August 24, 2010 တွင်…
    http://dhammaduta.yolasite.com/kyan/-aug-24-2010-2-13-29-am-29
    အလှအပကြိုက်လေ သက်တမ်းတိုလေ ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲ တင်ထားတာ တွေ့ပါတယ်။

    ယခုလည်း April 23, 2011 နေ့စွဲဖြင့်…
    http://myanmargazette.net/47114/uncategorized-other/copypaste
    အလှအပ ကြိုက်လေ သက်တမ်းတိုလေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထပ်တွေ့နေရပါတယ်။

    စာရေးသူ အစား တိုင်ကြားခြင်း ဖြစ်ပါသည်။

  • ဆူး

    April 23, 2011 at 7:20 am

    ဆူး ရေးတဲ့ ကွန်မန်း.. စပန်ထဲ ဝင်သွားတာလား..
    Your comment is awaiting moderation.
    ဖြစ်နေတယ်။

  • R Ga

    April 23, 2011 at 8:49 am

    အယ်ကြီးကိုခိုင် ခင်ဗျာ..။ အရင်ကတင်လို့ရတဲ့ လင့်ပိုစ်တွေ ပြုတ်ပစ်လိုက်တာလားသိချင်ပါတယ်။နောက်ပြီး ကျွန်တော့် password အမှန်က နေ ပြန်ဝင်လို့မရတော့လို့…။ lost password ပြန်လျောက်ပြီးလုပ်လိုက်ရပါတယ်။ ဒါကရောဖြစ်တတ်သလားဆိုတာ သိချင်ပါတယ်။

  • ချစ်စ/ဆ ရာ

    April 24, 2011 at 4:24 pm

    ဘဘခိုင်ရေ
    ဟိုလေ
    လေးလေးပေါက်ရဲ ့ပို ့စ်ကိစ္စကတော့ စိန်ခေါ်မှုတစ်မျိုး သို ့မဟုတ်
    သွေးတိုးစမ်းတာဘဲလို ့ထင်မိပါတယ်
    ဒီလိုဖြစ်လာတာကတော့
    ကျွန်တော်တို ့မန်ဘာတွေအနေနဲ ့လည်း တစ်ချို ့ဆိုက်ကဟာတွေကို
    တင်မိတာတွေကို လက်စားလာချေတာလားမသိဘူးနော်
    သူ ့ရဲ ့ပို ့စ်တွေအကုန်လုန်းက ကော်ပီ ပက်စ်ထ် တွေကြီးဘဲဖြစ်နေသလားလို ့
    ကိုယ့်ဆိုက်ထည်းမှာ ဒီလောက်အတိအလင်းပြောတာကိုတောင်
    ဂရုမစိုက်ဘူးဆိုတော့
    သူလဲမျက်နှာပူလို ့ထွက်ပြေးတာလား ဒါမှမဟုတ်
    ဘာဖြစ်လဲ ဆိုတဲ့ပုံစံမျိုးနဲ ့ မာထားတာလားမသိပါဘူးနော်
    သားရဲ ့အမြင်ကတော့
    ဒီပို ့စ်ကို ဖျက်ပြစ်ပြီး
    ဒီမန်ဘာကို ထုပ်ပြစ်သင့်ပါတယ်ခင်ဗျ
    ဦးကောက်တော့ သားကိုဆဲတော့မှာဘဲနော်
    သားက အမှန်တိုင်းဖြစ်သင့်တာကို တင်ပြတာပါ
    ပြောမှားဆိုမှားရှိခဲ့ရင်
    သားကိုခွင့်လွှတ်ကြဘို ့တောင်းပန်ပါတယ်ခင်ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 24, 2011 at 4:42 pm

    ဒီလိုလုပ်လေ
    မင်းအလိုရှိရာကိုသွားပေတော့
    မင်းနဲ ့ဂေဇက်နဲ ့ဘာမှမဆိုင်တော့ပြီ
    နာနာဘာဝဝိနာဘာဝ ချစ်စရာ
    သင့်ကို အလိုရှိရာသွားခွင့်ပြုလိုက်ပြီ
    ပုံ။ ။
    ……..သဂျီး၏ကိုယ်စလှယ်
    …………………………………မိုက်ကယ်ဂျော်နီအောင်ပု

  • ဆူး

    April 26, 2011 at 2:24 pm

    သဂျီး avator ပုံလဲတာနဲ့ စာပို့တဲ့ စနစ် ကောင်းအောင် ဘယ်တော့ ပြန်လုပ်မှာလဲ…

  • shwepyithu

    April 26, 2011 at 4:29 pm

    ကိုခိုင်ရေ.. ရွှေပြည်သူဆိုတဲ့နာမည်က ရှိပြီးသားဆိုရင် အရင်လူနှင့် သူ၏အနုပညာကို လေးစားစွာဖြင့် နာမည်ပြောင်းပေးလိုက်ပါမယ်နော်။ ကျမအတွက်ပြသနာမရှိပါ။ နာမည်တူနေတာကို စိတ်မဆိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမည်ထပ်မတူအောင် ရှိပြီးသား နာမည်တွေ အရင်လေ့လာရမယ်ထင်တယ်။ ဒါနဲ့ နာမည်က ဘယ်လိုပြောင်းရတာလဲမသိဘူး။

  • mnoe

    April 26, 2011 at 5:27 pm

    ကိုခိုင်ရေ..shwepyithu ကို mnoe လို့ ပြောင်းလိုက်ပါပြီနော်။ ကျေးဇူးတင်ပါတယ်။
    ဒီနာမည်နဲ့ နာမည်တူတော့ မရှိလောက်တော့ဘူး မျှော်လင့်ပါတယ်။ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ်ယူထားခဲ့တဲ့ shwepyithu ဆိုတဲ့ နာမည်လေးကိုတော့ စိတ်ကူးထဲမှာပဲ..။

    • kai

      April 26, 2011 at 5:46 pm

      ကျေးဇူးတင်ပါတယ်ဗျာ..။
      shwepyithu အမည်ပိုင်ရှင်ကလည်း ကျေးဇူးတင်မှာပါ…။

  • dream

    April 27, 2011 at 2:41 am

    နာမည်ဘယ်လိုပြောင်းရတာလဲဟင်

    • bigcat

      April 27, 2011 at 4:01 am

      ကြိုဆိုပါတယ်ရှင်လို့ ပြောရတယ်…..

Leave a Reply