To/From Mandalay Gazette – Write. Get Published. Get Paid.

kaiJanuary 31, 20112min10451600
မင်္ဂလာနှစ်သစ် ၁၃၇၃

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

600 comments

  • မျက်မှန်

    March 5, 2011 at 12:30 am

    အနည်းအကျဉ်း ဝင်ရောက်ဆွေးနွေးလိုပါသည်။

    ကို Kai ပြောသော နံပါတ်လေး အချက် သည် ဒက်ထိ မှန်ပါသည်။
    မန္တလေး ဂေဇက်တွင် ရေးနေသူတိုင်း တန်းတူ အခွင့်အရေးရှိရပါမည်။
    ငါရေးတဲ့ ပို့စ် ငါပိုင်တယ် ဟူ၍ လုပ်ချင် တာ လုပ်လို့မရပါ။
    ကို Kai ပြောသလို Like or Dislike အားဖြင့် နှစ်သက်စရာမကောင်းသော ကွန်မန့်မှာ Auto Hide ဖြစ်သွားပါလိမ့်မည်။

    မန္တလေး ဂေဇက်တွင် Mod များ မရှိပါ။
    စာရေးသူကိုယ်တိုင်သာလျှင် အစစ အရာရာ တာဝန်ယူရမည်ဖြစ်သည်။
    (ဤကား စည်းကမ်းချက်တွင် ထင်ရှားပြီး။)
    ဤအချက်ကို လက်ခံခြင်းအားဖြင့် စာရေးသူသည် Mod တစ်ဦးအနေဖြင့်ပါ တာဝန်ယူဆောင်ရွက်ရမည်ကို သိရှိပြီး ဖြစ်သင့်ပါသည်။
    ထို့ကြောင့် ကွန်မန့် ဖျက် လိုပါက ဦးစွာပထမ ဝမ်နင် ပေးသင့်သည်။
    ဖျက်ပြီးသော ကွန်မန့်တွင် Reason ကို Attach ထားပေးရမည်ကား ဖျက်သူတာဝန်ဖြစ်သည်။

    @ Etone

    မန္တလေး ဂေဇက်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာမှု မရှိသည်ကိုကြည့်ခြင်းအားဖြင့်
    မန္တလေး ဂေဇက်တွင် စာရေးနေသူများကိုယ်တိုင် ကိုယ်ပိုင် တာဝန်ယူမှု အပြည့်မရှိကြ သည်ကို လွယ်လွယ် မြင်နိုင်ပါသည်။

    “သဘောကျချင်စရာမကောင်းတဲ့ မန်းထားတာ တွေကိုလည်း သူ့ စာမျက်နှာပေါ် မရှိစေချင်တဲ့အတွက် ဖျက်တာပါ…”
    ကောင်းတာ မန့်လျှင် ထား၍ မကောင်းတာမန့်လျှင် ဖျက်မည် ဆိုက ကလေးဆန်လွန်းပါသည်။
    ရေးသူ ဖတ်သူ နှစ်ဦးနှစ်ဖက်သည် အမှား အမှန် ဆင်ခြင်သုံးသပ်နိုင်သော သူများဖြစ်ကြပါသည်။
    စာဖတ်သူကို လျှော့တွက်ခြင်းသည် စာဖတ်သူကို သွယ်ဝှိုက်စော်ကားခြင်းတစ်မျိုး မည်ပါသည်။

    ပရော်ဖက်ရှင်နယ် များမဟုတ်သော်လည်း ပရော်ဖက်ရှင်နယ် စိတ်ဓါတ် တော့ ထားရမည် ဖြစ်ပါသည်။
    တွေးဆ ဆင်ခြင်ကြစေလိုပါသည်။

    • etone

      March 5, 2011 at 5:23 am

      အချိန်လောက်ငှရင်ဖြင့် ပြန်ရေးပါဦးမည် ။ ဆွေးနွေးသည့်အတွက် ကျေးဇူးတင်ပါသည် ။ တနလာင်္နေ့တွင် ဆွေးနွေးချက် ပြန်ရေးပါဦးမည် ။

  • bigbird

    March 5, 2011 at 4:53 am

    စာရေးသူတင်ထားတဲ့ ပို ့စ်ကို စာရေးသူထံအကြောင်းမကြားပဲ ဖျက်လို ့ရပါသလား? ဘာကြောင့်ဖျက်လဲဆိုတာတော့ အကြောင်းကြားသင့်တယ်လို ့တင်ပါတယ်။ ဘာမပြော ညာမပြောနဲ့ပျောက်သွားတာတော့ စာရေးသူအနေနဲ ့
    ခံရခက်ပါတယ်။ သက်ဆိုင်သူများ ရှင်းလင်းဖြေကြားပေးပါ။

    • ဆူး

      March 5, 2011 at 7:13 am

      ကိုငှက်ကြီးရေ.. စာရေးသူ တင်တဲ့ ပိုစ် ကို ဖျက်တဲ့ ကိစ္စ ဆွေးနွေးနေတာ မဟုတ်ပါဘူး
      ကွန်မန်း ဖျက်တဲ့ ကိစ္စ ဆွေးနွေးနေတာ..

    • kai

      March 5, 2011 at 7:54 am

      ဟုတ်ပါတယ်.။
      ကိုငှက်ကြီး ပို့စ် ( မိန်းမလိုက်စားသူများသတိထား) ကို ကျုပ်ဖျက်လိုက်ပါတယ်..။
      အဲဒီထဲက ပုံတွေဟာ ကျမ်းမာရေးပညာပေးကို စေတနာနဲ့တင်ပေးတာ ဆိုပေမဲ့ မီဒီယာရဲ့ လိုက်နာရမယ့် အခြေခံစည်းကမ်းကို ဖေါက်နေလို့ပါ။
      မိန်းမ၊ ယောကျင်္ား လိင်အင်္ဂါပုံတွေကို လူတကာဖတ်နိုင်တဲ့ စာမျက်နှာပေါ် တင်ခွင့်မရှိပါဘူး.။ ဒီဝက်ဘ်ဆိုက်ကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေလည်း တိုက်ရိုက် ဝင်ဖတ်ခွင့်ရှိနေလို့ပါ..။ ဒါက အမေရိကန်ပြည်ထောင်စု ဥပဒေအရလည်းဖြစ်ပါတယ်..။

      နေ့လယ်က ရုတ်တရက်မြင်လိုက်တာမို ့.. ပြဿနာမတက်ခင် ချက်ခြင်းဖျက်လိုက်တာမို ့.. အကြောင်းမကြားလိုက်တာ ခွင့်လွတ်ပါ။

  • bigbird

    March 5, 2011 at 1:47 pm

    အခုလို ရှင်းပြတဲ့အတွက် ကိုကိုင် ကိုကျေးဇူးတင်ပါတယ်။ ကျန်းမာရေးပညာ
    ပေးအနေနဲ ့ထည့်လိုက်တာ မသင့်တော်ဘူးဆိုရင် အားလုံးကိုတောင်းပန်ပါတယ်။

  • တညင်သား

    March 6, 2011 at 7:09 am

    မင်္ဂလာပါ ဦးကိုင် သား မန်ဘာဝင် ထားတာ စာတွေဖတ်ပြီး ကွန်မန်းဝင်းရေးချင်တာ အခု ပတ်(စ်)ဝှက် မရတော့ဘူး ကူညီပါအုံး ဘာမှ နားမလည်လို့ တမင်ဖျက်ပြစ်လိုက်တာလား အင်္ဂလိပ်လိုလဲသိပ်နားမလည်ဘူးလေ မသိ နားမလည်တဲ့သူကို လက်တွဲခေါ်မယ်လို့ထင်ပါတယ်..

    • bigcat

      March 6, 2011 at 9:04 pm

      ဦးကိုင်မှာ သမီးရှိတာတော့ သိသကွဲ့။ တညင်သားပြောတဲ့ ဦးကိုင်ရဲ့ မန်ဘာဝင်ထားတဲ့သား ဘယ်ကနေ ပေါ်လာလဲမသိဘူး။ သဂျီးဆိုတော့ တရွာတကျီလည်း ဆောက်နိုင်တာပဲလေ။ ဖြစ်နိုင်ပါတယ်။

  • nigimi77

    March 6, 2011 at 4:32 pm

    နေ ့လည်ထဲက Post တင်တာ အခေါက်ခေါက် အခါခါရှိပြီ လုံးဝ မပေါ်ဘူး ဖြစ်နေတယ်။ နောက် မှ တပြုံတမကြီး တက်လာဦး မလား မသိဘူး။ ကိုခိုင်ရေ လုပ်ပါဦး။

  • nigimi77

    March 6, 2011 at 7:39 pm

    တော်ပြီဗျာ။ စိတ်လျော့လိုက်တော့မယ်။ ကိုခိုင်ရေ Post တွေတက်လာရင်
    နောက်ဆုံး ခေါင်းစဉ်ကို တင်ပေးပါ။

  • white

    March 7, 2011 at 6:15 am

    post တွေထဲက ကြိုက်တာလေးတွေ Forward လုပ်ချင်ပါသည် ဘယ်လိုလုပ်လို့ရမလဲ သိသူတွေ ဖြေပေးပါဦး

  • bigbird

    March 8, 2011 at 2:19 pm

    ရွာသားတွေရဲ ့ email လိပ်စာကို ရွာသားတစ်ယောက်က ကြည့်လို ့ရပါသ
    လား? အကယ်၍ ကြည့်လို ့ရခဲ့ရင် မန္တလေးဂေဇက် ကို အပြင်းအထန် ကန် ့
    ကွက်ရပါလိမ့်မယ်။ ကာယကံရှင်ရဲ ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ
    ကို သဘောတူညီမှုမရပဲ တခြားသူသိရှိခြင်းဟာ online ဥပဒေကို ချိုးဖေါက်ရာ
    ရောက်တယ်လို ့ထင်ပါတယ်။ သက်ဆိုင်သူများ ဖြေကြားပေးပါ။
    လေးစားစွာဖြင့်…..

  • MaMa

    March 8, 2011 at 3:34 pm

    သူငယ်ချင်းတွေ၊ အသိတွေကို MG အကြောင်းလိုက်ကြေငြာတာ။ မောင်လေးတစ်ယောက်က member ဝင်မရလို့တဲ့။ ဘာဖြစ်လို့လည်း မသိဘူး။ ကိုယ်ကိုယ်တိုင် သူ့ email နဲ့ create account လုပ်ပေးတာလည်း မရဘူး။

    • ဆူး

      March 8, 2011 at 3:43 pm

      အကောင့် လုပ်လို့ မရဘူး ပြောတာ ဆူး ရဲ့ သူငယ်ချင်း တယောက်လည်း ရှိသေးတယ်။ ဆူး ကတော့ သူ မလုပ်တတ်လို့ မရတာဘဲ ထင်နေတာ။ ဒီလို တိုက်ဆိုင်တဲ့ လူတွေများ ရှိနေသေးတယ်လား။

  • bigcat

    March 10, 2011 at 6:34 am

    သဂျီးရေ နောက်ပိုင်းရွာထဲကို လာတဲ့သူဦးရေပြတဲ့ အရေအတွက်က သိသိသာသာနဲသွားတယ်။ အရင်ကဆို တရာဝန်းကျင်ပုံမှန်ရှိတယ်။ များတဲ့အချိန်ဆိုတရာ့ငါးဆယ် နှစ်ရာ။ အခုဘယ်လိုဖြစ်သွားတာတုန်း။ ဝင်ကြည့်သူအိုင်ပီလိပ်စာတူရင် မရေတွက်တော့တာလား။ လူနဲသွားတာလား။

    • weiwei

      March 10, 2011 at 6:47 am

      ရန်ကုန်က အိုင်ပီတွေက တူနေတယ်ထင်တယ် … like, dislike လုပ်လို့မရတာတွေ ကြုံရတယ် … ကော်နက်ရှင်လဲ အရမ်းနှေးတယ် …

  • kai

    March 10, 2011 at 8:08 am

    95,708 Visits 33.61% Bounce Rate
    477,565 Pageviews 00:11:58 Avg. Time on Site
    4.99 Pages/Visit 30.00% % New Visits

    Bounce Rate ကသိသိသာသာများနေတယ်..။ ကြည့်ရတာ..ဝင်လို့မရဖူးနဲ့တူပါတယ်..။
    ဘာဖြစ်မှန်းမသိ… Register လည်းလုပ်လို့မရဘူး..။ အချိန်နည်းနည်းရမှ..လူရှာပြီး စစ်ဦးမယ်..။

  • nigimi77

    March 10, 2011 at 7:44 pm

    Comment Has Been Deleted.

    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

    ==
    မနောဖြူတင်ထားတဲ့ ပို့စ်တခုလုံးလဲ ပိတ်ထားပါတယ်..။
    မင်ဘာအချင်းချင်း ထိခိုက်စေမဲ့ ဘယ်ပို့စ်မဆို ဆက်မတင်ကြစေလိုပါကြောင်း..။

  • nigimi77

    March 10, 2011 at 7:50 pm

    ဒီလိုရေးလို ့ member အဖြစ်က ပယ်ဖျက်တယ်ဆိုလဲ လက်ခံပါတယ်။
    ဝင်ပဲဖတ်တော့မယ်။ မရေးတော့ဘူး။

    အဲဒီ အမျိုးသမီးက မပြီးနိုင်လွန်းလို ့။

  • meengelay

    March 16, 2011 at 11:00 am

    ကော်နရှင်ကြောင့်ဖြစ်ပါလိမ့်မယ်.. တစ်ခါတစ်ရံ Post တင်လို့မရတာမျိုးလဲ ကြုံရတတ်ပါတယ်…

  • nigimi77

    March 16, 2011 at 11:43 am

    ဆရာခိုင်။ အလုပ် နည်းနည်း ပေးပါရစေ။ post ထပ်သွားလို ့ တခုဖျက်ပေးပါ။

  • white

    March 17, 2011 at 9:00 am

    သူကြီး ဒီနေ့ post အဟောင်းတွေဝင်ဖတ်ကြည့်မှ white ဆိုတဲ့ နာမည် နဲ့ အရင်တစ်ယောက်ရှိနေတာ တွေ့ရတယ် (Dec’2010)မှားမန်းထားတာတွေ့ရတယ်
    ဒီနေ့မှ member list မှာလဲ တွေ့လိုက်ရတယ် ၊ အရင်လူကို လေးစားသောအားဖြင့် အမည်ပြန်ပြောင်းပေးချင်ပါတယ် ဘယ်လိုလုပ်ရမလဲ ကူညီပါဦး

  • nozomi

    March 18, 2011 at 9:18 am

    သူကြီးပြောင်းလို့ရပြီ nozomi လို့ပြောင်းလိုက်ပါသည်

  • ဆူး

    March 20, 2011 at 4:01 pm

    သဂျီးရေ.. အကောင့်က avatar ပုံ ပြောင်းလို့ မရတော့ဘူးနော်။ အဲဒါ သိလား။
    စာပို့နဲ့ တခြား သူငယ်ချင်း လုပ်တဲ့ ဟာတွေလည်း အလုပ်မလုပ်ဘူး။

  • nigimi77

    March 21, 2011 at 10:25 am

    ဆရာခိုင်ရေ။ အခုတစ်လော ဂျပန်နဲ ့ ပတ်သပ်တဲ့ ပို ့စ် တော်တော်များများ တွေ ့ရပါတယ်။
    ဝိုင်းဝန်း သနားပြီးတော့ မန် ့ကြတော့ သနားတာခြင်း ထပ်နေတယ်။
    ကျုပ်တော့ ဆင်ပိန် ကျွဲလောက်တော့ ရှိမယ်လို ့ထင်ပါတယ်ဗျား။
    ဂျပန်ကို ဝိုင်းဝန်း သနားပေးနေတဲ့ ကျုပ်တို ့ရွှေမြန်မာတွေရဲ ့ ၂၀၀၈ နာဂစ် တုန်းက
    ချွတ်ချုံကျနေတဲ့ မြန်မာပြည်အတွက်
    ပဲ့တင်သံတွေကို ဖတ်ကြည့်ချင်ပါတယ်။ အဲဒီတုန်းက ဟောဟိုးနိုင်ငံမှာ ကျွန်သွားခံနေဆဲ ကာလ မို ့လို ့ မသိလိုက်ဘူး။ နဲနဲ စာညွှန်းစေချင်ပါတယ်။

    • kai

      March 21, 2011 at 6:21 pm

      Japan GDP = $5.390 trillion ($5390 billion)
      Estimated loss after Japan tsunami : +100 billion US$
      Total Death Toll In Japan Exceeds 18000
      ‎Official Death Toll In Japan Disaster Updated To 8450 ( Mar 21 2010)
      =======
      Myanmar GDP = $34.262 billion
      Nargis = 200,000 people were dead or missing, and damage totaled to 10 billion dollars (USD).
      =======
      နာဂစ်တုံးက မှတ်တမ်းတွေ.. အရင် ဝက်ဘ်ဆိုက်နဲ့ ပါသွားပြီ..။
      အဲဒီတုံးက ..အယ်လ်အေမြန်မာတွေစုလှူတာတင် ဒေါ်လာ ၉သောင်းကျော်တယ်..။ သီတဂူကတဆင့်ပေါ့..။
      အခု ဂျပန်ငလျှင်ကိုတော့ ..ယူအက်စ်ကလည်း ..တော်တော့်ကို.. မလှူကြဘူး..။

  • etone

    March 22, 2011 at 9:42 am

    ဗျို့ သဂျီး … comment တွေကို စီထားတာ နေ့အလိုက် အစဉ်အတိုင်းလဲ မဟုတ်ဘူး ဗြောက်သောက်ဖြစ်နေပါလား ။ စတန့်ထွင်ထားတာလား တခြား ပို့စ်တွေမှာတော့ comment တွေက ဒိတ်အတိုင်း အစဉ်လိုက်စီထားတယ်… ။ ဒီစာဖတ်ရတာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ အာရုံပဲ 🙁

    • kai

      March 22, 2011 at 6:12 pm

      Reply ပေါ်မူတည်နေပြီး … ပြောင်းတယ်ထင်ပါတယ်..။

      • etone

        March 23, 2011 at 2:27 am

        အောဂလိုကိုး ။ တိသွားဘီ 😛

  • ဆူး

    March 26, 2011 at 5:49 pm

    စာတွေ အကုန်လုံးက reply ထဲဝင်နေတာ ဘယ်မှာ ရေးရေး.. အောက်ဆုံးက ကွန်မန်းရဲ့ အထက်မှာ ရောက်သွားတယ်။ ရေးထားတဲ့ ကွန်မန်းနဲ့ နောက်ဆက်တွဲ ကွန်မန်းလဲ ရှိမှ မရှိတော့တာ.. ဖျက်လိုက်ရင် ကောင်းမယ် ထင်တယ်။ တယောက်တည်း ရိုင်းသလို ဖြစ်နေတယ်။ အီးတုံး အစား ပြောပေးတာနော်..

    အကောင့်ရဲ့ ပုံတွေ လဲလို့ လည်း မရဘူး ဖြစ်နေတယ်.. အရင်က လုပ်တဲ့ စာပို့ စနစ်တွေ ဘာတွေ ကောင်းအောင် ပြန်မလုပ်တော့ဘူးလား.. ပွိုင့် တွေ အတိအကျ ဝင်ကြည့်လို့ရတဲ့ စနစ်တွေ ဘာတွေလည်း မရှိတာ ကြာပြီနော်။ ပြုပြင်ပါအုန်း။

  • nigimi77

    March 27, 2011 at 3:19 pm

    ဗျို ့ သဂျီး။ ခင်ဗျား ရွာထဲက “စေ” တလုံးပိုင်ရှင်တွေ ဘယ်ပျောက်နေတာလဲ။

    ဂျပန် ငလျင်တုန်းက တ စေ ထဲ စေ နေတဲ့ ပုဂ္ဂိုလ်တွေ။

    မြန်မာ ငလျင်မှာတော့ တစေ မဟုတ်ပဲ တစ္ဆေ ခြောက်နေပါလား။

    • kai

      March 27, 2011 at 8:07 pm

      ဗုဒ္ဓဘာသာစစ်စစ်မှာ ..ဆုတောင်းတာမပါဘူး..။ တောင်းလို့လဲမရဘူး.။ ပေးလို့လည်းမရဘူး..။

      နကိုကတည်းက.. စေ,ပါဆိုနေမှ… လေ,အားဖြင့် ကူညီနေတာပဲလေ..။
      ဘာမှ အကျိုးရလဒ်မှထွက်လာ..ပေးနေတာမှ မဟုတ်တာ..။
      ဆိုတော့…စိတ်လျှော့လိုက်ပါနော..။

  • nigimi77

    March 27, 2011 at 3:20 pm

    အဝေးက မြက်က ပို စိမ်းတယ် ထင်တယ်။

  • researcher

    March 30, 2011 at 12:21 pm

    ကို kai ….

    Post တစ်ခု Publish လုပ်တာ မတွေ့လို့ အကြိမ်ကြိမ် Publish လုပ်ထားပါတယ်။ များနေရင် ပြန်ဖျက်ပေးပါဦး။
    ကျေးဇူးပါ။

  • nigimi77

    March 30, 2011 at 7:50 pm

    ဆရာခိုင်။ ကိုကြောင်ကြီး ရေးထားတဲ့ post တစ်ခု ဘယ်ရောက်သွားတာလဲ။

    • bigcat

      March 31, 2011 at 4:27 am

      ဘယ်ပို့စ်လည်းဗျ၊ သိရင်ပြောပါအုံး တပ်မ၇ရရေ…
      ရီးတီးယားတားတော့ မလုပ်နဲ့နော် သဂျီးမင်း။ ကျနော့ပို့စ်ကို ခုချက်ခြင် ပြန်တင်းပေးပါ။ ပွိုင့်တွေနည်းနေတာ ဒါကြောင့်ကိုး…..
      ကျနော်ရေးထားတဲ့ပို့စ်ကို သဂျီးက တိုင်းမ်းမဂ္ဂဇင်းမှာ သူ့နာမည်နဲ့ တင်ထားပါတယ်။ ပြန်တောင်းပေးကြပါအုံး ရွာသားတို့…..

      • kai

        March 31, 2011 at 7:36 am

        အလိုဗျာ…စွတ်စွတ်စွဲစွဲ..။ 🙂

  • nigimi77

    March 31, 2011 at 9:56 am

    ခေါင်းစဉ်တော့ မမှတ်မိတော့ဘူး ။ ကျုပ်တောင် မူးမူးနဲ ့ ဝင်မန်း ထားသေးတယ်။ ကခိုင်းတဲ့ ဘုန်ကြီး အကြောင်းလေ။

  • nature

    March 31, 2011 at 4:30 pm

    ကခိုင်း တဲ့ဘုန်းကြီး အကြောင်းက -ကြည့်ပြော-ဖြစ်မယ်။

  • nigimi77

    March 31, 2011 at 5:00 pm

    ဟုတ်ပ။ ရှာလို ့မတွေ ့ဘူး။ ကြောင် လက်သည်းဝှက်ထားတယ် ထင်တယ်။

  • nigimi77

    March 31, 2011 at 6:36 pm

    ကိုကြောင်ကြီး ။ ကျုပ် မမူးသေးဘူးနော်။ ကြည့်ပြော ဘယ်ရောက်သွားလဲ။

    • bigcat

      April 1, 2011 at 2:25 am

      တပ်မ၇ရ ကမမူးရင် မေ့နေတာဖြစ်မယ်။ ဖောရှောတွေ သိပ်မချနဲ့ဗျ၊ ဈေးပေါပေမဲ့ ဥနှောက်ကို ထိတယ်။ ခင်ဗျားလုပ်တာနဲ့ ကျုပ်တောင်ပို့စ်ပြန်ရှာတာ အချိန်အတော်ကုန်သွားတယ်။
      http://myanmargazette.net/38735/arts-humanities/burmese-myanmar-asian-culture-mythology-folklore

  • nigimi77

    April 1, 2011 at 3:56 am

    အဟီး ကျေးဇူး။ ဒါတောင် အမူး မပြေသေးဘူး။

  • nigimi77

    April 5, 2011 at 7:10 am

    ဆရာခိုင်ရေ ။ ကျုပ်တော့ ပြန်ကူးမတင်ရေး အကြံပေးချက်ကို ကိုယ့်သဘောနဲ ့ကိုယ် ထောက်ခံပြီး လိုက်နာကျင့်
    သုံးဖို ့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ကာ တခုတော့ တောင်းဆိုချင်ပါတယ်။

    အဲဒါကတော့ Post တင်တဲ့ ဆရာတွေ ဆရာမတွေ ဗီတို အာဏာနဲ ့ ကြိုက်ရင် ထားမယ် မကြိုက်ရင် ဖျက်မယ်
    ဆိုတဲ့ ကွန်မန် ့ ဖျက်ပိုင်ခွင့် အာဏာကို ပြန်လည် စဉ်းစားစေချင်ပါတယ်။
    ဆောက်မြင်ကပ်လို ့ပဲ ရေးရေး၊ အပြစ်ပဲရှာရှာ ၊ ဘယ်လိုပဲ ထောက်ပြပြ၊ တုန်လှုပ်စရာမလိုပါ။
    ကိုယ်ကောင်းလျင် ခေါင်းမရွေ ့ပါ။ အတိုင်း အတာ တစ်ခု အထိ လွတ်လပ်စွာရေးသားခွင့် ရှိဖို ့ လိုအပ် သလို
    အတိုင်း အတာ တစ်ခု အထိလည်း လွပ်လပ်စွာ ဝေဖန်ခွင့် ရှိစေရပါမယ်။

    ဦးသန်းရွှေရဲ ့ စာပေကင်ပေတိုင် တောင်မှ အခုဆိုရင် ထုတ်/တင် စနစ်ကို ခွင့်ပြုတော့မယ်လို ့ ဆိုတာပဲ။
    ကျုပ်တို ့ရဲ ့ ဒီ မန်းလေးဂေဇာတ်မှာ ကောင်းတာလေးတွေ ဘုတ်ကြီးမြှောက် ကြီးဘုတ်မြှောက် လုပ်ပေးရင် ထားမယ်၊ ဝေဖန် တိုက်ခိုက်မယ် ဆိုရင် ဖျက်ပြစ်မယ် ဆိုတာက ချုပ်ကြီးတို ့က ပြန်လည် သင်ယူရမဲ့ အခြေအနေပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး ရေးသား ဝေဖန်လာတယ် ဆိုရင် တိုင်ကြားမှု ပြုလုပ် နိုင်သလို Site တာဝန်ခံများမှ သတိပေးချက် ကို ပြုလုပ်ပြီး ဆက်တိုက် မလိုက်နာတဲ့ အခါမျိုးကြမှ
    ဖျက်ပစ်တာပဲ ဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။ အခုဟာက အလွန် ဆိုးဝါးတဲ့ Weak Point ကြီးလို ့ထင်ပါတယ်။

    ပုဂ္ဂိုလ်ရေး မုန်းတီးမှု အရ ဘာရေးရေး ဖျက်ပစ်နေတာကတော့ဗျာ။ အလွန် နာဇီလက်သစ်ဆန်လွန်းပါတယ်။
    အခုတလော ဘာရေးရေး ဖျက်ပစ်နေတော့ ကျုပ်လဲ ငုတ်စိပဲ ကျန်ပါတော့တယ်။
    စာပေသမားမှန်ရင် ဘယ်လိုဝေဖန်မှုမျိုးကို မဆို လက်ခံနိုင်ရပါမယ်။ ငြိမ်ခံနေခိုင်းတာ မဟုတ်ဘူးနော်။
    အကျိုးအကြောင်းပြည့်စုံစွာနဲ ့ ပြန်လည် ဆွေးနွေးလို ့ရပါတယ်။ အဲဒါမှ မဟုတ်ရင် အများပိုင်နေရာမှာ မရေးသားပဲ ကိုယ်ပိုင် ဘလောဂ် တခု တည်ဆောက်ပြီး မိမိနှင့် အပင်းသင့်သူများသာ ဝင်ရောက်ဖတ်ရှု ဝေဖန်
    နိုင်ရန် ပြုလုပ်ခြင်းဟာ အဆိုပါ လူမျိုး အတွက် ပိုမို သင့်လျော်မှာပါ။

    ထပ်မံပြီး …Post တင်သူမှ မိမိ သဘောအလျောက် မကြိုက်သည့် Comment များအား ဖျက်ပစ်ခြင်း
    အား ကန် ့ကွက်ပါသည်။

    မဲခွဲ စနစ်ဖြင့် ဆုံးဖြတ်ပေးပါရန်။ Post တစ်ခု တင်ပြီးတော့ပဲ ဖြစ်ဖြစ်။

    • Oo Oo

      April 5, 2011 at 4:04 pm

      သူ့တင်တဲ့ပို့စ်မှာကိုယ်ကွန်မန်းဝင်ရေးတယ်..
      ပို့စ်တင်တဲ့လူကမကြိုက်လို့ဖျက်တယ်..
      နောက်ဆိုသူတင်တဲ့ပို့မှာကိုယ်ကွန်မန်းဝင်မရေးနဲ့တော့ပေါ့..ဟုတ်ဖူးလားဗျ
      ဒီလောက်လွယ်တာ..သဂျီးကိုဂေါင်းသွားစားနေပြန်ပြီ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 5, 2011 at 10:48 am

    ဟုတ်တယ်
    နဂျီမ ပြောတာလက္ခံတယ်
    ကိုယ်မလိုတိုင်း ကော်မန် ့တွေကို ဖျက်တာဟာ
    စာနယ်ဇင်းဥပဒေကို ချိုးဖောက်တယ်လို ့သတ်မှတ်ရမယ်
    မဲခွဲလို ့မဲလိုခြင်ရင်ပြော
    အပြည်ပြည်ဆိုင်ရာ ဒေသတွေမှာ ဖြန် ့ကျက်ထားတဲ့
    ကျုပ်ရဲ ့တော်နေတိုး မန်ဘာတွေကို
    မန်ဘာအသစ်ဖြင့် အဖွဲ ့ဝင် ရှစ်သောင်းလောက် ဝင်လာစေပြီး
    ခင်ဗျားကို မဲထည့်မယ်
    ခင်ဗျားနေရာထိုင်ခင်းရတဲ့အခါကြရင်
    ကျုပ်ကို မမေ့မိစေနဲ ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 5, 2011 at 10:49 am

    ဒါဘဲ
    ကြားရင် အကြောင်းပြန်

  • nigimi77

    April 5, 2011 at 3:51 pm

    သဂျီးက နင်ဂျာ လက်နက်ပုန်းထက် ပိုမိုက်တဲ့ ကြယ်ငါးတွေနဲ ့ လွှတ်နေတော့ မကြားတချက် ကြားတစ်ချက်ပဲ။

  • nature

    April 6, 2011 at 5:18 pm

    သူကြီးရေ ဘုရင့်နောင်ကားဂျမ်းမှာ comment ၂ခုထပ်သွားလို့တခုဖျက်ပေးပါဦး။

  • nigimi77

    April 8, 2011 at 8:02 pm

    ကိုရင်ပု တို ့ ကိုကြောင်ကြီးတို ့ ဘာညာသာတကာတို ့ မူးပြီး ဘယ် ဘိုထိုင်မှာ ခေါင်းထိုး နေကြသလဲ။

    ဒီည ပျင်းလို ့သေတော့မယ်။ သေရည်ကလဲ မဝယ်ထားတော့ အိပ်လို ့မရနဲ ့။

    • bigcat

      April 9, 2011 at 2:05 am

      အိပ်မပျော်ရင် ဟိုဒင်းဟိုဟာလုပ်ဗျို့။ ပြီးရင်းပင်ပန်းလို့ အိပ်ကရောပဲ။ မနက်အိပ်ယာထ နောက်ကျရင်တော့ ကိုယ့်ထို်က်နဲ့ကိုယ့်ကံ။ (ကိုပုဆီက သင်ထားတာ၊ နားမလည်ရင် သူ့ကိုမေး)

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 9, 2011 at 2:25 am

    အရက်ဂို
    ကိုယ်ဂသောက်ဒါဘာ..ဂျ
    အရက်ဂ…ကိုယ့်ဂို..သောက်ဒါဟုတ်ဘူး
    သူ ့ထက်တော်လို ့..သူ ့ကိုအကြွေးနဲ ့တောင်သောက်ထားဒါ
    အေ့
    ကျောင်းဆရာ
    နောက်တစ်ပက်
    ကျုပ်က မန္တလေးဂေဇက်မှာ စာရေးဆရာဂျီးဗျ
    ကျုပ်စာမူခတွေရရင် ..ခင်ဗျားကိုဆက်ဆက်လာဆပ်မှာပါ

    • R Ga

      April 9, 2011 at 7:18 am

      ဟေ့လူ…မူးနေရင်အေးဆေးနေ…ကျွန်တော်နာမည်ကို ထည့်ထည့်မပြောနဲ့.. ဘာလဲ…တ *ဂ* ဂနဲ့…. မူပိုင်ခွင့်ရှိတယ်..ဗျ..။ နားလည်လား…။ သင်္ကြန်ဘာ အစီစဉ်ရှိလဲ..ပြောဦး..။ ဂေ့…ဝေါ့..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 9, 2011 at 2:28 am

    တော်တော်ညံ့တဲ့လူ
    အရက်ကို မပြတ်လပ်သွားအောင် မကြံဖန်တတ်ဘူး

  • nigimi77

    April 9, 2011 at 11:38 am

    ဆရာခိုင် ။ Google က ရှာလို ့ရတဲ့ ပုံတစ်ချို ့ကို post တင်တဲ့အခါ ယူသုံးခွင့် ရှိပါသလား။
    သုံးချင်ရင် ဘယ်လို လုပ်ရမလဲ။

Leave a Reply