To/From Mandalay Gazette – Write. Get Published. Get Paid.

kaiJanuary 31, 20112min10312600
မင်္ဂလာနှစ်သစ် ၁၃၇၃

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

600 comments

  • MaMa

    February 13, 2011 at 11:15 am

    ကိုယ်ကတော့ ဒီရွာထဲမှာ ရေးချင်တာ ရေးပြီး ဒီမိုကရေစီရနေတာ။ ဈာန်ဝင်ပြီး တစ်နေ့တစ်နေ့ Point ဘယ်လောက်ရပြီလဲလည်းကြည့်ရ။ နေ့တိုင်းမှန်မှန်ဝင်ပြီး Top ten စာရင်းထဲများ ဝင်နေပြီလားလို့လဲ ကြည့်နေရတယ်။ (Top ten တွေလန့်သွားလား။ သိပ်မကြောက်ကြပါနဲ့။ နောက်ဆုံးကရေရင်လို့ ပြောတာပါ။)

  • ဆူး

    February 13, 2011 at 4:21 pm

    categories မှာ forward mail ဆိုတာ ထည့်ပေးသင့်ပြီ ထင်တယ်။

  • bigcat

    February 13, 2011 at 7:31 pm

    ဆြာခိုင်နဲ့ ရွာသားများခင်ဗျား..
    office 2007 crack version with product key ဒေါင်းချင်လို့ ဘယ်ဆိုက်ကို သွားဒေါင်းရမလဲသိချင်ပါတယ်။

  • kai

    February 13, 2011 at 8:53 pm

    http://www.midupload.com/ta00mkl6xlse
    http://hotfile.com/dl/101029971/a6c2850/MOFSOFF2007KGEN.rar.html

    portable ver.> http://www.fileserve.com/file/ADqMCPZ

    ရမရတော့ မသိ..။ ကျုပ်က off2010 သုံးနေတော့လေ..။
    အဟင်း..။ အဲဒါကြောင့် မြန်မာတွေ .. ၂၁ရာစုဗားရှင်း ငါးပါးသီလ.. .အင်စတောလုပ်ရတော့မယ် ပြောနေတာ..။

    အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

    • bigcat

      February 17, 2011 at 1:46 am

      ကျေးဇူးပါပဲ သဂျီးရေ။ ငါးပါးသီလကျိုးမှာစိုးလို့ အသိတယောက်ဝယ်ထားတဲ့ ခိုးကူးစီဒီကို ယူသုံးလိုက်ပါတယ်။ ကိုယ်တိုင်မသတ်ဘဲ အသေသားလေးပဲ စားလိုက်တာပါ။

  • bigcat

    February 14, 2011 at 3:29 am

    ကိုယ့်ဆီကယူခဲ့လို့ ပြန်တောင်းတာလို့ သဘောထားပါတယ် သဂျီးရယ်။
    ငါလိုလို့ပြန်ယူ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

  • shwepyithu

    February 14, 2011 at 5:21 pm

    ပို့စ်တစ်ခုကို စာလုံးရေ အနည်းဆုံး 1500 ပြည့်အောင် ရေးရမှာလား။ နည်းသွားရင် ပြန်ဖျက်မှာလားဟင်။ စာလုံးရေကို သတိမထားလိုက်ပဲ တင်လိုက်မိလို့။

  • nigimi77

    February 17, 2011 at 12:01 pm

    ဆရာခိုင် ကျုပ်ပုံတွေတင်တာ တခုမှ မရဘူး။ Post နှစ်ခုလုံး ဖျက်ပေးပါ။

  • shwepyithu

    February 18, 2011 at 4:45 am

    draft ထဲက ပို့စ်အဟောင်းတွေ ဖျက်ချင်ရင်ဘယ်လိုလုပ်ရလဲဟင်။

    • bigcat

      February 18, 2011 at 5:02 am

      draftထဲကို ဝင်ပြီး ရေးထားတာတွေကို ဖျက်လိုက်၊ ပြီးတော့ update လုပ်လိုက်ပေါ့။ ပို့စ်တခုလုံးတော့ ဖျက်ခွင့်မပေးဘူးနဲ့တူတယ်။ ရေးပြီးသားပို့စ်အဟောင်းတွေလည်း ဒီလိုပဲ လုပ်နိုင်ပါတယ်။ နောက်ထပ်ရေးမဲ့ ပို့စ်တွေကြတော့ ဖျက်လိုက်တဲ့ပို့စ်၊ draft တွေထဲမှာ copy and paste လုပ်ပြီးပြန်တင်ပေါ့။ တလက်စထဲ ဘကြီးအောင်ပု တခါကမေးဖူးတာကို အကြံပြုလိုက်တာ။

  • nigimi77

    February 19, 2011 at 3:20 pm

    ဆရာခိုင်ရေ ကျုပ် ၂ နာရီနီးပါး ရေးထားတဲ့ဟာ Publish လုပ်လိုက်တော့ Connection Error ပြပြီး ပျောက်သွားတယ်။
    နှမြောလိုက်တာ။ ရေးထားတဲ့ဟာ ပြန်ရှာလို ့ မရဘူးလား။

    • kai

      February 20, 2011 at 3:08 am

      ကိုရင့်စာကို Draft ထဲတွေ့လို့ ပြန်တင်ပေးထားတယ်.။
      ွွှှအဲဒီလိုလည်း ဖြစ်တတ်တာပဲ..။

  • ဆူး

    February 19, 2011 at 3:27 pm

    ပျောက်သွားရင် ချက်ချင်း ဆိုရင်တော့ အဲဒီ စာမျက်နှာ ကို မပိတ်ဘဲ refresh F5 ကို ထပ်ခါ ထပ်ခါ နိပ်ပြီး သာ တင်ပေတော့.. အဲဒီလိုက ဒီလိုင်းနဲ့ ဒီလို ဖြစ်နေကျဆိုတော့ ရိုးသွားပြီ။ အဲဒီလို ဖြစ်တာ စာတွေက ဟိုမရောက် ဒီမရောက်နဲ့ ပျောက်သွားတာမို့ ဘယ်လို နည်းနဲ့မှ ပြန်ရှာလို့ ရမှာ မဟုတ်ပါကြောင်း စေတနာ ရှေ့ထား အမှန်တရား ပြောကြားလိုက်တယ်နော်။

  • kopauk mandalay

    February 19, 2011 at 3:42 pm

    ကျနော်ကလဲ အဲလိုရေးပြီးတင်တာ ပျောက်သွားတာများတော့ အခု စတစ်ထဲမှာရေးတယ်။
    အဲလိုရေးတော့ ဗိုင်းရပ်စ်တွေက စတစ်ထဲပါလာတော့ သတ်ရပြန်ရော။
    မနေနိုင်လို့သာရေးရတယ် တစ်ခါတစ်လေတော့လဲ စိတ်တွေလေပါတယ်။

  • shwepyithu

    February 20, 2011 at 4:17 am

    ခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ကိုကြောငြ်ကီးရေ။

  • zoe

    February 20, 2011 at 4:58 am

    @Ko Kai
    Publish လုပ် ထား တဲ့ postကို up-date လုပ် ရင် post ၂ခု ပေါ်လာ တယ် ။ အ ဟောင်း ကို ဖျက် ပေး စေချင် ပါ တယ် ။ ဒီလိုမဖြစ် အောင် နောက် ကို ဘယ်လိုလုပ် ရင် ကောင်း မ လဲ ?

  • char too lan

    February 21, 2011 at 9:16 am

    အောင်ညလေးးးး လေးးး လေးး
    ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ မန်းဒလေးဂေဇက် ဒေါ့ကွန်း ဆိုတာနဲ့ နတ်ဝက်အယ်ရာကြီးတက်တက်လာပီး သုံးရက်သုံးမိုးဒုက္ခပေးနေပါရောလား………
    ရေးထားတဲ့ ထင်မြင်ချက်တွေလဲ ဆမ့်မစ် ဆိုအကုန်ကျက်ပျောက်ငှက်ပျောက် သေလောက်အောင်ညစ်တယ်ဂျာ……. 🙁
    ကျော်စရာ ခွစရာ တာနယ်တွေလဲ အားကိုးလို့မရဒေါ့ဘူး အရပ်ကတို့ရေ…
    ကယ်ကြပါအုံး……..

  • kai

    February 21, 2011 at 9:27 am

    အခုပဲကြည့်လေ…။ စက္ကန် ့မလပ်.. အဲလိုကြီးလူတွေများနေတော့ .. ဆာဗာဒုက္ခဖြစ်နေတယ်ထင်ပါတယ်..။
    49 visitors online now – 46 guests, 3 members
    ဒါမှမဟုတ်..အတိုက်ခိုက်ခံရတဲ့အထဲ.. မန္တလေးဂေဇက်ပါ..ပါနေသလားမသိ..။ ခဏခဏကို ပြုတ်ပြုတ်ကျတယ်..။
    ဆိုတော့..
    ဆာဗာကို … ပိုက်ပိုက်ပိုပေးရတော့မယ်ထင်တယ်..။ ကယ်ကြပါအုံး..။ 🙂

  • char too lan

    February 21, 2011 at 10:36 am

    ကျနော့်ပွိုင့်တွေပြန်လှူမယ်လေဗျာ………….
    ရတဲ့အချိန်လေးတော့ ကောင်းကောင်းလေးဖတ်ပီး ကောင်းကောင်းလေးမန်းချင်တာပေါ့လို့ နော်ကိုကိုနော် မီးဟာတွေ ကို့ကိုပြန်ပေးမယ် ဂွပ်ကနဲဆို ချက်ကနဲရအောင်သာလုပ်ပေး အာဘွားပါ အပိုဒိုနိတ်ပေးလိုက်မယ် 😀 😉

  • ဆူး

    February 21, 2011 at 2:06 pm

    ဟဲ့ မိချာချာ တော့နော်.. အီစီကလီ နဲ့ ညု့တုတု လုပ်နေတယ်။ တို့ သဂျီးက စိတ်ခိုင်တာ မဟုတ်ဘူးနော်။ ကောင်းမကောင်း အရင် စမ်းသုံးကြည့့််လိုက် လိမ့်မယ်။ ဘာမှတ်နေလဲ။ အဆစ်တွေ အများကြီး ပါသွားချင်လား ဟေ……..

  • nyimalay

    February 23, 2011 at 5:39 am

    + click for more info ဆိုတာက ဘာလုပ်ရမှာလည်းဟင် သဂျီး……….. ပိစိကွေးနှိပ်ကြည့်တာ ဘာမှလည်းတွေ့ဘူး …… ရှင်းပြပေးပါအုံး 🙂

  • white

    February 24, 2011 at 10:07 am

    မဆူး ရေ အပေါ်က ကျွန်တော့် comment အတွက်တောင်းပန်ပါတယ် ကျွန်တော်လည်း ဟာသလုပ်ချင်ရုံသက်သက်နဲ့ နောက်လိုက်တာ ရေးပြီးမှသုံးထားတဲ့စကားလုံးတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်

    သူကြီး ရေ ကျေးဇူးပြုပြီး အပေါ်က ကျွန်တော့်မန်းထားတာလေးပြန်ဖျက်ပေးပါဦးနော်

  • bigcat

    February 26, 2011 at 7:00 am

    သဂျီးရေး ကျနော့်နောက်ဆုံးတင်တဲ့ ပို့စ်လေးကို တချက်လောက်စစ်ပေးပါအုံ။ စာနဲနဲများပြီး ပုံသုံးပုံပါလို့ထင်တယ်၊ ဘာမှမပေါ်ဘူး။ EIDT ထဲဝင်ကြည့်တော့လည်း အပြည့်အစုံရှိတယ်။ လုပ်ပေးပါအုံး ကျေးဇူးမမေ့ပါဘူး။

  • kai

    February 26, 2011 at 10:45 pm

    ပြီးခဲ့တဲ့ တပါတ်က .. ဝက်ဘ်ဆိုက်ရဲ့ WordPress ကို Update လုပ်လိုက်ပါတယ်..။ လုပ်ပြီးနောက် ပြဿနာလေးတွေ နည်းနည်းတက်နေတယ်..။
    အဲဒီထဲ.. ရွာသားတွေ မန်းထားတာ ၁၃ခုက ..Spam ဖြစ်နေတာလည်း ပါသပေါ့..။
    အခုတော ့ပြန်တင်ပေးလိုက်ပါတယ်..။

    ဆိုတော့..
    နည်းနည်း သည်းခံကြပါဦးနော..။

  • ဆူး

    February 27, 2011 at 4:58 pm

    အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။

    Reading Counts: ????

    ဘယ်လောက် နှုန်းသတ်မှတ် ထားပါသလဲ။
    အခုတလော တင်တဲ့ ပိုစ်တွေမှာ အကြိမ်ရေ ၅၀ဝ ကျော်နေတဲ့ ပိုစ်တွေ ဖြစ်နေပြီ။
    ၁ခု ၂ခု မကဘူးနော်.. အဲဒါ လာပြောတာ။

    • bigcat

      February 27, 2011 at 6:05 pm

      တပတ်အတွင်း ဝင်ရောက်ဖတ်ရှုသူ အကြိမ်ရေ ၅၀၀ဝ + တပတ်အတွင်းရေးတဲ့ ကွန်မန့်ပေါင်း၁၀ဝ ရှိတယ်ဆိုရင် သတ်မှတ်ဘောင်ဝင်၏။
      ကြိုက်ရင်ရေး
      မကြိုက်ရင်ပြေး
      ဟိုပြောဒီပြောတော့
      မလုပ်နဲ့
      ရှိတာလေးပါ
      ကုန်သွားမယ်…

  • zoe

    February 28, 2011 at 4:11 am

    ဓာတ်ပုံ ၇ဝ up-load ထား တာ draft ထဲမှာ မတွေ တော့ ဘူး ။ media ထဲမှာတော့ရှိတယ် ။ ကူပါအုန်း ။ 🙁

    • etone

      March 1, 2011 at 8:37 am

      သူများတွေ home page တောင် မနည်းဖွင့်ရတာ သူက ပုံ ၇ဝ တောင် တင်လို့ ရတယ်တဲ့ … ကြွားချက်က ကမ်းကုန် 😛

  • weiwei

    February 28, 2011 at 1:58 pm

    အခုတလော ရွာထဲဝင်ရတာ တော်တော်ခက်နေတယ် … မကြာခဏ အယ်ရာပြတယ် … သူကြီးစက်ကြေးပေးတာ နဲနေလားမသိဘူး … 😛

  • naywoonni

    March 1, 2011 at 9:00 am

    ဟုတ်တယ်ဗျို့… တစ်ခါတစ်လေများ ရွာထဲရောက်ရင်ပြီးရော ဆိုပြီး ခွေးတိုးပေါက်ကနေ ဝင်ဝင်နေရတယ် သူကြီး သိလား?

  • ogre

    March 1, 2011 at 9:49 am

    ဟုတ်ပါ့…..ရွာထဲသာရောက်လာတာ…တစ်ခါတစ်လေမျက်စိတွေကိုလည်လို့
    အခုလဲ..ဘယ်လိုရောက်လာမှန်သိဘူး..ဘယ်အပေါက်ကတိုးမိပါလိမ့်။……………………

  • ဆူး

    March 1, 2011 at 1:59 pm

    တခုခု ဖြစ်လို့ကတော့လား.. သဂျီး ရေးထားတဲ့ အတိုင်း

    အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

    ဆိုက်ပိတ်တယ် သဘောထားပြီး တောင်းအုန်းမှာ.. အဟေး…
    ဒီညတော့ ဝင်လာလို့ ရလို့ ပျော်နေတယ်။

  • nigimi77

    March 1, 2011 at 6:36 pm

    အခုကျတော့လဲ စိတ်ချမ်းသာလိုက်တာ။ မြန်ပါ့။

  • nigimi77

    March 3, 2011 at 4:20 pm

    ဆရာခိုင် ကျုပ်ရေးထားတဲ့ Comment တွေက ဘာလို ့မရှိတော့တာလဲ။
    မနေ ့ အာရုံတက်မှာ ရေးထားတယ်။ အခု မရှိတော့ဘူး။ ဘာသဘောလဲ။

  • ဆူး

    March 3, 2011 at 4:56 pm

    Point menu လေး မတွေ့တော့ဘူးနော်။ အရင်ဆို အဲဒါလေး ဝင်ကြည့်ပြီး ဘာတွေ ဘယ်လို အခြေအနေ ရှိလည်း ကြည့်လို့ရတယ် တမင် ဖျက်လိုက်တာလား။

  • nigimi77

    March 3, 2011 at 5:23 pm

    လက်စသပ်တော့ ဘယ်သူများလဲလို ့……နဲနဲ သိနေ သလိုပဲ။
    ကောင်းပြီ သဂျီးရေ။ ဆက်ပြီး အိပ် ငိုက်လိုက်ဦး။

    လုပ်ပိုင်ခွင့်ရှိလို ့လုပ်တယ်ပဲ သဘောထားပါတယ်။ ဒီ အစိုးရနဲ ့ ဒီရွာနဲ ့ ထူးမခြားနား။

    ကြိုက်သလောက် ဖျက်ဗျာ။ ကျုပ် ဆက်ပြီးရေးနေဦးမှာပဲ။ အရှက် မရှိတဲ့လူက
    မသိတဲ့လူတွေကို ဆက်ပြီးရွှီးနေဦးမှာပဲ။ ဒီတော့ ရွှီးတာကို သိလို ့ အမှားကို အမှန်ပြင်ရင် ဆတ်ဆတ်ခါပြီး အရှက်မရှိ ဒီလိုပဲ ကိုယ်ရွှီးတာကို လူသိမှာစိုးလို ့
    လုပ်ပိုင်ခွင့်ကို အသုံးချနေဦးမှာပဲ။ ကျုပ်လဲ ကျုပ်ရေးခဲ့တဲ့ Post တွေအတွက် အဝေဖန်ခံရတာပဲ။ ဒါဟာ သင်ယူခြင်း တမျိုးပဲ။ ဒါကြောင့် သဂျီးက အိပ်ငိုက်နေလဲ ဆက်ပြီးရေးမှာပဲ

    ကျုပ်ရေးထားတဲ့ Comment တွေ ပြန်တင်ပေးပါ။ မတင်ပေးမချင်း ဆက်ပြီးရေးနေမှာပဲ။ ရွာထဲက မောင်းထုတ်လိုက်လဲ ရတယ်။

    Post တွေကိုရေးတဲ့ ရည်ရွယ်ချက်ကဘာလဲ။ ကျုပ် Winter Sonata ဆိုတဲ့ Post ကို ဘာကြောင့် ထောက်ပြရသလဲ။ ပညာပေး အမှားတွေကို ကျုပ်ထောက်ပြလို ့
    ကျုပ်ရေးထားတဲ့ Comment ကို လုပ်ပိုင်ခွင့်ရှိတဲ့ တယောက်ယောက်က ဘာ Warning မှ မရှိပဲ ဖျက်ပစ်တယ်။

  • လင်းငယ်

    March 3, 2011 at 5:32 pm

    ကျွန်တော် ဒီဆိုက်ကို ရေးဖြစ်တာက စာရေးချင်လို့ စိတ်နဲ့ ရေးဖြစ်တာပါ။ ဒါပေမယ့် ကွန်နက်ရှင်က ကျလိုက် ဆိုက်က ဖွင့်မရလိုက်နဲ့ ပို့စ်တွေလည်း မရေးဖြစ်တော့ဘူး။ စိတ်ညစ်ပါတယ်လေ။

  • kai

    March 3, 2011 at 5:49 pm

    အဟမ်း..။
    ပို့စ်တင်သူတယောက်ယောက်ရဲ့ ပို့စ်အောက်ကောမန့်ရေးရင်… အဲဒီသူမှာ ဖျက်ခွင့်ရှိတယ်ခင်ဗျ..
    ရွာသား မည်သူမဆိုအတွက်ပါ..။အဲဒါတော့ ခွင့်ပြုထားပါတယ်..။
    ဘာရေးထားလည်းတောင် မဖတ်လိုက်ရဘူး..။ 🙁

    နောက်ဆိုရင်… ဖျက်လိုက်ကြောင်းလေးကို .. ဆိုင်ရာပို့စ်တင်သူကမှတ်ချက်ရေးထားခဲ့စေချင်ပါတယ်..။
    ကိုယ်ရေးတဲ့စာကို မန်းသူဟာ ဘယ်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ.. သူ့မှတ်ချက်နဲ့ သူ့လုပ်အားကို အသိအမှတ်တော့ ပြုစေချင်တာပါ..။
    တတ်နိုင်ရင်တော့ မဖျက်စေချင်ပါဘူး..။ ကောင်းတယ်ဆိုးတယ်.. ကျန်စာဖတ်သူတွေ like, Dislike နဲ့ဆုံးဖြတ်တာ ဖြစ်စေချင်တာပါပဲ..။

    အဲ..
    နောက်တခုက..
    လင့်ခ်တွေများရင် စပမ်းမှတ်ပြီး ဆော့ဖ်ဝဲကအလိုလိုဖျက်တတ်ပါတယ်..။
    အဲဒါမျိုးလည်းရှိတယ်..။

  • nigimi77

    March 3, 2011 at 5:57 pm

    အဲဒါကိုပြောတာပေါ့။ ဘယ်သူက ဖျက်လိုက်လဲဆိုတာ အရှင်းကြီးပဲ။
    စာပေရေးသားနေတဲ့ လူတစ်ယောက်ရဲ ့ အသိစိတ်ဓါတ်ကတော့ ရှိရမှာပေါ့။
    ကိုယ် ရွှီးတာ လူသိမှာ စိုးလို ့ ဖျက်ပြစ်တာ တော်တော်ဆိုးတာပဲ။ ရွာမျက်နှာဖုံးဖြစ်ချင်တာလား လူတွေကို အသိပညာပေးချင်တာလား ဆိုတဲ့ဟာက ထင်း ကနဲပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်ရေးထားတဲ့ ဟာကို ဖတ်လိုက်ရတဲ့ သူတွေလဲရှိမှာဆိုတော့ ဒါကို လူသိမှာ စိုးလို ့ ဖျက်ပြစ်တာ ရှက်တတ်ရင်
    သေလို ့ရပါတယ်။ လောလောဆယ်တော့ ကျုပ် သေတော့မယ်။ သူ ့အစား ရှက်လို ့။ နောက်ဆိုရင် ရေးတဲ့ Comment တွေကို ခေါင်းစဉ် အလိုက် Post ပါတင်မှ စိတ်ချရတော့မယ်။

    အဲဒီ Post မှာ အခုရေးရင်ကို အခုချက်ချင်းဖျက်ပြစ်နေတာ။

    သိပ်ကြောက်စရာ မလိုပါဘူး။ ကျုပ် ဒီရွာမှာ လသားကလေးပဲ ရှိပါသေးတယ်။

    ကိုခိုင် တခုတော့ပြေချင်တယ်။ ကျုပ် ရဲ ့ ပထမဦးဆုံး လက်ရာဟာ မန်းလေးဂေဇတ်မှာပါ။ Surfing လုပ်ရင်း အမှတ်မထင်တွေ ့လိုက်တဲ့ ဒီ ဂေဇတ်ကို
    လွယ်လွယ်နဲ ့ မစွန် ့လွတ်ဘူး။ အခု အချိန်အထိ ဘယ်မှာမှ မရေးဘူးခဲ့သလို ရေးလဲ မရေးခဲ့ပါဘူး။ ဒီမှာပဲရေးပါတယ်။ ဘယ် မှာမှ ကိုယ်ပွားမရှိအောင်ကို ဒီ Site ကို ချစ်ပါတယ်။ ဒီလို အလုပ်ခံရတာ တော်တော် အံ့ဩပါတယ်။ မှားနေတာကို မှန်အောင် ဝေဖန်ရင် လက်ခံရပါမယ်။ ကျုပ် ပထမတုန်းကလို မရိုင်းစိုင်းတော့ဘူးဆိုတာ သဂျီးသိမှာပါ။

    အဲ..
    နောက်တခုက..
    လင့်ခ်တွေများရင် စပမ်းမှတ်ပြီး ဆော့ဖ်ဝဲကအလိုလိုဖျက်တတ်ပါတယ်..။
    အဲဒါမျိုးလည်းရှိတယ်..။

    အဲဒါနဲ ့ ပတ်သပ်ပြီး ပြောရရင် ကျုပ် Link မပေးပါဘူး။ ကိုယ်ပိုင် အတွေးအခေါ်နဲ ့ပဲ
    Comment ရေးပါတယ်။ ဒါကြောင့် စပမ်း မှတ်ပြီး ဆောဖ်ဝဲ က အလိုလို ဖျက်စရာ အကြောင်း လုံးဝ မရှိပါဘူး။

    ကျုပ် အခုရေးနေတာတွေကို သဂျီးက မဖျက်ဘူးလို ့ယုံကြည်ပါတယ်။

    ဒါပေမဲ့ လူတွေ အငြင်းပွားစရာ မဖြစ်အောင် Winter Sonata ဆိုတဲ့ Post ကို အခုကလေးတင် ဖျက်ပြစ်လိုက်တာ သဂျီးတော့ မဟုတ်ပါဘူးနော် ??????

    ကိုခိုင်ရေ။ ကျုပ် ဒီည အိပ်ပျော်အောင် သဘာဝကျတဲ့ စကား တခွန်းလောက်တော့
    ရေးပေးပါ။ အဲဒီကိစ္စ အတွက် ဖြေသိမ့်နိုင်မည့် စကားမျိုး။

    သဘာဝ မကျရင် ဆက်တိုက် ဂျီကျနေဦးမှာပဲ။

  • kai

    March 3, 2011 at 7:14 pm

    @ nigimi77
    ၁) ခင်ဗျားမန်းတာ အရမ်းများသွားပြီ..။ အဲဒီတော့ ပြောတာတွေအားလုံး တစုတစည်းတည်းဖြစ်အောင် ကော်မန့် တခုထဲ ပြန်လုပ်ရပါမယ်..။ အဲဒီတော့ သူဂျီးလုပ်အားခ ဖြတ်ရပါလိမ့်မယ်..။ 🙂
    ၂) ကျုပ်အနေနဲ့ မန်းတာတွေ အလွန့်အလွန်ဖျက်ခဲပါတယ်..။ ၂ခု ..၃ခု ..ထပ်နေတာက လွဲရင်ပေါ့..။
    ၃) ခင်ဗျား ရေးတာတွေရဲ့ အိုင်ဒီယာလည်း ကြိုက်ပါတယ်..။ ကျုပ်အနေနဲ့က သမရိုးကျမတွေး..မရေးပဲ.. မတူတဲ့အတွေးတွေတွေးတဲ့သူကို အမြဲကြိုဆိုပါတယ်..။ ဒါပေမဲ့.. အဝင်ကြမ်းတာလေးတော့ ပြင်စေချင်ပါတယ်..။
    ၄) ရွာသားတိုင်းတန်းတူ Rights ရှိပြီး အဲဒီဘောင်ထဲက တယောက်ယောက်ကလုပ်လိုက်ရင် ကွန်ပလိန် ့တက်လို့ပါတယ်..။ ကွန်ပလိန့်တွေပေါ်ကြည့်ပြီး Rules လုပ်မှာမို ့ပါ..။ အခု.. ကော်မန့်ကို ဆိုင်ရာသူက ဖျက်ခွင့်ပေးထားတာကို ပြန်စဉ်းစားပါမယ်..။
    ၅) ရွာသားအချင်းချင်း.. တိုက်ခိုက်တဲ့ သဘောသက်ရောက်တာကိုလည်း ခွင့်မပြုပါ..။ ကွန့်ပလိန့်နဲ့ တိုက်ခိုက်တာ မတူပါ..။ အဲဒီအတွက် စကားလုံးတွေကို အထူးသတိပြုပါ..။

    • etone

      March 4, 2011 at 7:04 am

      သူကြီး နံပါတ်လေးနဲ့ ပတ်သတ်ပြီးတော့ ပြောချင်ပါတယ် … ။
      သက်ဆိုင်သူက မန်းထားတာ ဖျက်ခွင့် ကိုတော့ ဆက်ပြီး ထားပေးစေချင်ပါတယ် .. ။ ဘာလို့လဲဆိုတော့ ပို့စ်တစ်ခုတင်လိုက်ပြီဆိုကတည်းက ရေးတဲ့လူက ရေးတဲ့ အကြောင်းရာကို တာဝန်ယူရပါတယ် … ။ လာပြီး ဆွေးနွေးတဲ့လူတွေ ၊ မေးမြန်းတဲ့လူတွေကိုလည်း ပြန်ဆွေးနွေးပြီး ဖြေကြားတာတွေ လုပ်ရတာပေါ့ .. ဒါကလည်းပိုစ့်တစ်ခုတင်ပြီး ပြီးရောဆိုပြီး ပစ်ထားတာနဲ့ မတူပါဘူး ။ ကိုယ့်စာတွေကို ဘယ်သူလာဖတ်လဲ ဘယ်သူဆွေးနွေးလဲဆိုတာ ပို့စ်ရေးသူတွေက အမြဲ care လုပ်နေကြပါတယ် ။ တစ်ခါတစ်လေ သဘောကျချင်စရာမကောင်းတဲ့ မန်းထားတာ တွေကိုလည်း သူ့ စာမျက်နှာပေါ် မရှိစေချင်တဲ့အတွက် ဖျက်တာပါ … ။ သဘောကျမကျ တိုင်းတာတာကလည်း ပို့စ်စာမျက်နှာ ပိုင်ရှင်ကပဲဖြစ်တာမို့ … သက်ဆိုင်သူက ဖျက်တာကို ဆက်လက်လက်ခံပေးသင့်တယ်လို့ အကြံပြု ပါတယ် ။

  • nigimi77

    March 3, 2011 at 7:20 pm

    ကောင်းပါပြီ။ ပြုပြင်ပါမယ်။

  • bigcat

    March 4, 2011 at 3:52 am

    သဂျီးသက်သက်လွတ်မစားတာ လုံးဝသဘောမတူပါ။ နတ်၊ သိကြား၊ အဘိညာဉ်၊ ရှေးဘဝ နောက်ဘဝ ငရဲနတ်ပြည်မယုံတာလည်း လုံးဝလက်မခံနိုင်ပါ။ သဂျီးထံမှလုံလောက်သော ဖြေရှင်းချက် သို့မဟုတ် ခံဝန်ချက်မရရှိပါက ဒီဂျစ်တယ်ဆူဆိုက်ဗုံမားများလွှတ်ပြီး ရွာကိုဖောက်ခွဲပစ်မည်။

    • kai

      March 4, 2011 at 9:01 am

      သိကြားမင်းအား .. ဆေးကြိမ်လုံးရိုက်ခေါ်ပြီး …
      ဒစ်ဂျစ်တယ်ဆူဆိုက်ဗုံမာကို … သိကြားမင်းကိုယ်လုပ်တော်နတ်သမီးနှင့်ပေးစားခိုင်းလိုက်မည်..။ 🙂

  • nigimi77

    March 4, 2011 at 6:11 pm

    အင်း….မိန်းမ မာယာ သဲကိုးဖြာဆိုပဲ။

    ကျုပ်တောင်မှ ယောကျာင်္း တန်မဲ့ ပေါက်ကွဲရင် ခင်ဗျားက မိန်းမ တန်မဲ့ ပေါက်ကွဲမှာ အမှန်ပါပဲ။

    နားလည်ပေးပါတယ်။

    ဒါပေမဲ့……

    အဲဒီ ကွန်မန်းနဲ့ ပတ်သတ်ပြီး ရန်ကုန်ကို ခဏ လာလည်တဲ့ လူက ရန်ကုန်မှာ လည်စရာ မရှိဘူး လို့ ပြောတဲ့ လူနဲ့ မတူမနေဘူးလားတဲ့။ ကင်ချီဆိုတာ အရံဟင်း အနေနဲ့ စားကြတာ မြန်မာ ငပိလိုပေါ့.. မသိဘဲ အရမ်း မပြောနဲ့ ငါအဲဒီ မှာ နေတာ ၁ဝနှစ်ကျော်ဘီ ဆိုဘဲ…..

    ဒီလိုရေးထားတယ်နော်။

    ပေါက်ကွဲတာက ပေါက်ကွဲတာ သက်သက်။

    အမှန်တရားက အမှန်တရား သက်သက်။

    ကျုပ်က ပေါက်ကွဲ ပြတာ။

    ခင်ဗျားက ဖြေရှင်းချက်ထုတ်တာ။

    ဒါဆိုရင် အများက ဘယ်သူက ဘယ်လိုဆိုတာကို ဆုံးဖြတ်နိုင်အောင်

    ကျုပ်ရေးတဲ့ Comment ပြန်တင်ကြည့်ဖို ့ ဖိတ်ခေါ်ပါတယ်။

    ခင်ဗျားရေးတဲ့ Post တွေကို ဝေဖန်တဲ့ အခါ ကျုပ်က စိတ်မဆိုးစေချင်တဲ့ သဘောနဲ ့ ချစ်လို ့စတာ ဆိုတဲ့ အသုံး
    မျိုးကို သုံးပါတယ်။ ကျွန်တော်က ခင်ဗျားကို မသိ သလို ခင်ဗျားလဲ အတူတူပဲနေမှာပါ။

    သားပြောမယားပြောဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် Cyber Sex ကို လုံးဝ စိတ်မဝင်စားပါဘူး။

    ကျွန်တော် မတွေးမိတဲ့ အတွေးအခေါ်ကို ခင်ဗျားက တွေးမိတာကို ကျွန်တော် အတော် ချီးကျူးပါတယ်။

    ” ပိုစ် နဲ့ မဆိုင်ဘဲ မလိုအပ်တဲ့ ကွန်မန်း ဖြစ်နေလို့.. ဖျက်တာကို မနေ့ညက အော်ဟစ် ဆဲဆို နေတယ်။”

    ဆဲဆိုတယ် ဆိုတာက မိမိကိုယ်တိုင်က ဆဲဆိုတယ်လို ့ယူဆရင် ဆဲဆိုတာဖြစ်နိုင်ပါတယ်။ ဆဲဆိုတာမဟုတ်ပဲလဲ

    အပြုအမူဖြင့် သဘောထားကို ဖော်ပြခြင်းဟာလဲ ရံဖန်ရန်ခါ ဆဲဆိုခြင်း အဖြစ်ကို သက်ရောက်နိုင်တာမို ့
    ဘယ်သူကတော့ ဆဲပြီး ဘယ်သူကတော့ ဆဲဆိုခံရခြင်းအပေါ် တုန် ့ပြန်တယ် ဆိုတာကို တွေးကြည့်နိုင်ပါတယ်။

    ကျွန်တော်ဟာ ဒီရွာမှာ စတင်မွေးဖွားလာ (ပြောင်းလာတာ မဟုတ်ပါ) တဲ့ အချိန်မှာ အလွန် ရိုင်းစိုင်းပါတယ်။

    မွေးခါစ ကလေးတွေ မိဘ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ အပေါင်း အသင်းပေါ်မူတည်ပြီး ပြောင်းလဲ

    ဖြစ်တည် လာသလိုမျိုးပေါ့။ ဒီရွာကြောင့်ပဲ ကျွန်တော် ရိုင်းခဲ့ဖူးပါတယ်။ ဒီရွာကြောင့်ပဲ ကျွန်တော် အသိဉာဏ်

    တိုးခဲ့ပါတယ်။ ဒီရွာကြောင့်ပဲ ကျွန်တော် ပြုပြင်ပြောင်းလဲ တွေးခေါ်နိုင်တဲ့ ကိုယ်ပိုင် အသိစိတ်ဓါတ် ခံယူချက်နဲ ့ ယုံကြည်မှု ဆိုတာကို ရရှိခဲ့ပါတယ်။

    စကားပါးပါးလေး ထပ်ပြောပြရရင် ဒီနေရာဟာ ငါမှန်တယ်ထင်လို ့ ငါလုပ်တာကို တခြားသူကတော့ ဘယ်လိုမြင်သလဲ မသိဘူးဆိုတာကို သိချင်လို ့ ကိုယ့်ရဲ ့ Know-how ကို ထုတ်ပြလို ့ရတဲ့ နေရာလို ့ ထင်ပါတယ်။

    တခြားရည်ရွယ်ချက်တွေလည်း အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို ့ အတွက်

    အတွေးအခေါ်ပိုင်း အသိအမြင်ပိုင်းဆိုင်ရာ ပိုပြီးတိုးတက်စေမယ် လို ့ယူဆပါတယ်။

    ကလေး ဘဝမှာ သူ ့ရဲ ့ အတွေးအခေါ်ဟာ မရင့်ကျက်သေးပါဘူး။

    မရင့်ကျက်တဲ့ အလျောက် သူဟာ မှားယွင်းစွာ (ရင့်ကျက်ပြီးသူတွေ မတွေးခဲ့ဖူးတဲ့) တွေးခေါ်မှုကြောင့်

    ဒါဟာမှားတယ် ဒါကတော့မှန်တယ် ဆိုတာကို ကိုယ့်ထက် အတွေ ့အကြုံ ရင့်ကျက်တဲ့သူက ထောက်ပြရင်

    ပြုပြင်ဖို ့ ဝန်မလေးတာ၊ လက်ခံဖို ့ဝနမလေးတာဟာ ကျွန်တော် ဒီ မန်းလေး ဂေဇတ်မှာ စာဖတ်ရတဲ့ အကျိုးကျေးဇူးကြောင့်လို ့ ယူဆပါတယ်။

    • etone

      March 7, 2011 at 5:07 am

      ဆရာကြီး ဆဲဗမ်းဆဲဗမ်းကို ကျမ ဝင်ပြောချင်တာက အမှန်ကို ထောက်ပြတာ ဖြစ်ပေမဲ့ အပြောမတတ်တော့ ဆဲသလို ဆိုတာမျုးိဖြစ်သွားခဲ့လို့ပါပဲ ။ ဆရာကြီးက ဆယ်နှစ်ကျော် ကျဉ်လည်ခဲ့တာကြောင့် ပိုသိကောင်းသိပါလိမ့်မယ် ။ အောက်မှာ အမှားပြင်သလို သွားရေးတော့ ပို့စ်ရေးတဲ့လူ ကသိကအောက်ဖြစ်သွားတာဖြစ်ပါလိမ့်မယ် ။ အမှားကိုထောက်ပြတာချင်းတူပေမဲ့ ဒီနေရာလေးကို ဒီလိုလေးပြင်ရေးရင်တော့ ပိုပြည့်စုံပါတယ်လို့ ဖြည့်စွက်ရင် ပို့စ်ရေးတဲ့လူကလည်း ကျေကျေနပ်နပ် ကြိုဆိုမှာပါပဲ ။ ရွာ အဝင် တုန်းက နည်းနည်းလေး ရိုင်းခဲ့တဲ့ အရှိန်လေးတွေကလည်း အခုထိ လူတွေ စိတ်ထဲ အကျိုးသက်ရောက်မှူ အနည်းငယ် ရှိဦးမယ်လို့ထင်ပါတယ် ။ နောက်ပိုင်း အားလုံး ပြေလည်သွားမယ်လို့ ထင်ပါတယ် ။

  • nigimi77

    March 4, 2011 at 8:00 pm

    ဒီနေရာမှာ တခုပြောချင်တာက ကျွန်တော်ဟာ ကျား၊ မ လိင် ခွဲခြားမှုကို အားမပေးသူ တစ်ယောက်ထဲက အပါဝင်
    ဖြစ်တဲ့အတွက် ….

    “မိန်းကလေးတစ်ယောက်ကို အဲ့ဒီလို မထိခလုတ် ထိခလုတ် လုပ်တက်တဲ့လူမျိုး
    ယောကျားမျိုးက ဘယ်လို ယောကျားမျိုးပါလိမ့်။ ထဘီဝတ်ထားတဲ့ ကောင်လား
    so call man လား အဲ့ဒီလူတွေ ကိုတစ်ခုပြောလိုက်ချင်ပါတယ်…ဆိုတဲ့ ဝေဖန်ချက်ကို

    မိန်းကလေးပဲဖြစ်ဖြစ် ယောကျင်္ားလေးပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတဲ့ နေရာကလွဲပြီး…. အတွေး အခေါ် အသိအမြင် အငြင်း အခုန်နဲ ့ ပတ်သပ်လာရင် လိင်မခွဲခြားပဲ ဆက်ဆံသွားပါမယ်လို ့ ကတိပေးပါတယ်။

Leave a Reply