To/From Mandalay Gazette – Write. Get Published. Get Paid.

kaiJanuary 31, 20112min11826600
မင်္ဂလာနှစ်သစ် ၁၃၇၃

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

600 comments

  • mnoe

    April 27, 2011 at 12:32 pm

    ကြိုဆိုပါတယ်ရှင်…. အဲလိုလား။

  • eros

    April 28, 2011 at 2:34 pm

    သူကြီးကို တောင်းဆိုချင်တာ တခုရှိပါတယ်။ သူကြီးတို့ကလည်း မြန်မာပြည်မှ သတင်းများကြားချင်သလို ပြည်တွင်းမှလည်း အပြင်မှ သတင်းများကြားချင်ပါတယ်။ မြန်မာများ အလုပ်လုပ်ရပုံ။ သွားလာရပုံ။ တက္ကစီများ၏ စနစ်၊ တက္ကစီမောင်းချင်လျှင်မည်သို့ လုပ်ရပုံ၊ နိုင်ငံသားစနစ်များ၊ အခွန်စနစ်များ၊ စသည်တို့ကို ဗဟုသုတဖြစ်ဖွယ် တင်ပြနိုင်လျှင်ကောင်းပါမည်။

  • eros

    April 29, 2011 at 12:08 pm

    သူကြီးရေ စာရေးသူ ကိုပေါက်ဖော်ရေးထားတဲ့ http://myanmargazette.net/47678/economic-news-international-news-news-industry-people-in-the-news-us-news-news ရဲ့ သတင်းခေါင်းစဉ်ကို ပြောင်းလဲပေးစေလိုပါတယ်။ သူကြီးရဲ့ သဘောထားမှတ်ချက်လဲ ကြားချင်ပါတယ်။

  • ချစ်စ/ဆ ရာ

    April 30, 2011 at 5:55 am

    ဘဘခိုင်ခင်ဗျား
    တစ်ခြားဖုန်းဆိုးကမ်းဆိုးရွာကနေ ရေမျောကမ်းတင်ရောက်လာပြီး
    ကျွန်တော်တို့ရွာသားအမည်ခံထားတဲ့
    ရွာသားတစ်ယောက်ဟာဆိုရင်ဖြင့်
    စည်းကမ်းချက် အမှတ် ၉ ကို ဖောက်ဖျက်နေတဲ့အတွက်
    မထုပ်သေးရင်တောင်
    သတိပေးသင့်ပါတယ်လို့
    လေးစားရိုသေစွာ အသိပေးအပ်ပါသည်ခင်ဗျား။
    ဘဘခိုင် နှင့် ရွာသူရွာသားအားလုံး ကျမ္မာပါစေခင်ဗျား။

  • nature

    April 30, 2011 at 12:18 pm

    သူကြီးရေ၊ ငယ်ငယ်ကပြောခဲ့ဘူးတဲ့စကားလုံးလေးသတိရမိတယ်၊ ရွာလည်တယ်ဆိုတာလေ၊ အခုမှ တကယ်ရွာထဲမှာလည်ပြီးပြန်မထွက်နိုင်ဖြစ်နေပြီ။ 🙂

    • ဆူး

      April 30, 2011 at 12:21 pm

      ဒီရွာက အဲလောက်တောင် ဆွဲဆောင်မှု အားကောင်းလား။

  • fatty

    April 30, 2011 at 12:41 pm

    အက်မင်ခင်ဗျား ………………. အနာဂါတ်တချိန်ချိန်ရဲ့ပစ္စုပ္ပန် စာစုမှာ တိုးလိုတန်းလန်း ဖြစ်နေပါသဖြင့် ပယ်ဖျက်ပေးပါရန် တောင်းဆိုပါသည်။ ကြိုးစားပြီး ထပ်တင်ကြည့်ပါမည်ခင်ဗျား …….။

  • MaMa

    April 30, 2011 at 2:09 pm

    ဆူးကိုယ်တိုင်ရော ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရွာထဲမှာ လည်နေတာ မဟုတ်လား။ 🙂

  • ဆူး

    April 30, 2011 at 3:03 pm

    ရွာသား အပေါင်းတို့.. ဘာသာရေးနဲ့ ပတ်သတ်တဲ့ အငြင်းပွားမှုတွေ မဖြစ်ရလေအောင် ဘာသာရေး ပိုစ်တွေမှာ ဘာသာ မတူရင် ဝင်မငြင်းကြဖို့ နိုးဆော်ပါတယ်။

    • kai

      April 30, 2011 at 11:14 pm

      ဆူးမမ ပြောတာမှန်ပါတယ်..။
      ဒါကို ရွာစည်းကမ်းအနေနဲ့ ထားလိုက်ပါမယ်..။
      ကိုယ့်ကိုးကွယ်ရာ ဘာသာမဟုတ်တာတွေကို… “ငါနဲ့မတူ၍ နင်မှားသည်” သဘောနဲ့ ဝင်ရောက်ပြောဆိုခြင်း မပြုကြပါရန်..။

      • bigcat

        May 1, 2011 at 12:15 am

        ဒါဆိုရင်လည်း သဂျီးရယ်.. ကျနော်တို့ကိုးကွယ်ရာ ဘာသာမဟုတ်တာတွေကို ကိုယ့်သဘောနဲ့ကိုယ် ဝေဖန်တဲ့အခါ “ငါနဲ့မတူ၍ နင်မှားသည်” သဘောနဲ့ ဝင်ရောက်တားမြစ်ခြင်း မပြုပါနဲ့လား….

  • ko no

    May 1, 2011 at 9:10 am

    ဘာသာရေးစာပေအနေနဲ.ကတော. အတော်လေးပြသနာပါပဲ
    ကျွန်တော်တို.အနေနဲ.က ဖြစ်သင်.ဖြစ်ထိုက်တယ်မှန်တယ်ထင်ရင်တော.
    သဘောတူမှာပဲလေ။ကျွန်တော်တို.ဘုရားကိုယ်တိုင်ကအရမ်းမလုပ်ခိုင်းပါဘူး။
    လေ.လာစူးစမ်းသဘောကျမှလက်ခံပါလို.ပြောထားတာပဲလေ။ငြင်းကြခုန်ကြတာတော.လုပ်နေမှပဲ။တစ်ခုပဲ။ဘောင်ေ်တွလွတ်သွားမယ်။

  • ဆူး

    May 1, 2011 at 12:58 pm

    ဘာသာ မတူရင် ယုံကြည်မှု စံနှုန်း လုံးဝ ကွဲလွဲ တဲ့ အတွက် အပြန်အလှန် ငြင်းခုန် နေယုံသာ အဖတ်တင်ပြီး သူများလည်း ကိုယ်စီ ပါမသွားသလို ကိုယ်လည်း သူ့ဆီ သွားမှာမဟုတ်ပါဘူး။
    ဖိုရမ် တခုမှာ ဘာသာရေး ငြင်းခုန်မှုတွေ အလွန်ပြုလုပ်ခဲ့လို့ ပိုစ်တွေ ပိတ်လိုက်ရတဲ့ အထိ ဖြစ်ခဲ့ဘူးပါတယ်။
    ဒီဆိုက်မှာ ဘာသာတူ အချင်းချင်း အမြင်တူအောင် ညှိယူတာကတော့ ပြသနာ ဖြစ်ပေမဲ့ သည်းခံနိုင်စွမ်းပေမဲ့.. ဘာသာမတူဘဲ လိုက်ငြင်းရင်တော့ ပြသနာ မီးကတော်ယုံ နဲ့ ပြီးမှာ မဟုတ်ပါဘူး။
    ဘာသာရေးကြောင့်လည်း စစ်ဖြစ်နိုင်ပါတယ်။ မီးဆိုတာ မလောင်ခင်က ကြိုပြီး တားတဲ့ သဘောနဲ့ ရေးပေးတာပါ။

  • kai

    May 1, 2011 at 5:56 pm

    @Bigbird
    “ဒီခောတ် မိန်းခလေး..ဒီလိုလားဟင်”ပို့စ်ကိုဖျက်လိုက်ပါတယ်နော..။
    ဘယ်အကြောင်းနဲ့မဆို.. ယောက်ျား၊မိန်းမတွေရဲ့ လိင်အင်္ဂါတွေ မဖေါ်ပြရပါဘူး။
    ကလေးတွေပုံဆို.. ပိုလို့တောင် သတိထားရပါမယ်..။
    ရွာရဲ့ စည်းကမ်းအရဆိုတာထက် ဒါက ယူအက်စ်ဥပဒေအရကို ဖြစ်ပါတယ်..။

    • bigbird

      May 1, 2011 at 6:17 pm

      လိင်အင်္ဂါက မြင်တောင်မမြင်ရပါဘူးသဂျီးရယ်။ ဒါပေမယ့် ဖျက်လိုက်လဲ အိုကေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2011 at 6:00 pm

    သများမန်းနေတဲ့ဟာကို
    ဘယ်လိုလဲကွယ်
    မန်းနေတန်းလန်းကြီး

  • nature

    May 4, 2011 at 12:40 am

    သူကြီးရေ member ဝင်တဲ့သူတွေကို ဝင်တဲ့date ပါတွဲပြပေးရင် ပိုကောင်းမယ်လို့ထင်ပါတယ်။

  • shwe ni

    May 4, 2011 at 1:24 pm

    Ko Kai
    http://2011.citizenofburma.org/ ရဲ့အောက်မှာ
    my form
    n1
    n2
    name 3 cap
    Name 4 cap
    Name 5 cap
    Vote ဆိုရေးထားတာ အဲ n1 ,n2, name 3 cap ,Name 4 cap ,name 5 cap တွေကဘာတွေလဲမသိဘူးနော်။
    ၁။ ဦးဇာဂနာ (လူရွှင်တော်၊ ဒါရိုက်တာ၊ လူမှုဝန်ထမ်း) n1
    ၂။ ဒေါ်ဖြူဖြူသင်း (တောင်ဒဂုံ အိတ်ချ်အိုင်ဗွီစင်တာ တာဝန်ခံ) n2
    ၃။ ဒေါ်ရှု (အကျဉ်းကျ သံဃာတော်များအား စောင့်ရှောက်နေသူ) name 3 cap
    ၄။ ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ) name 4 cap
    ၅။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) name 5 cap ဆိုပြီးတော့အစဉ်လိုက် ယူရမှာလား
    ဒါမှမဟုတ်
    မြန်မာဘာသာ | ၂၀၁၁ အတွက် ဆန္ဒပြုရန်မှာဖြည့်ရုံပဲလား ရှင်းပြပါဦး

  • researcher

    May 5, 2011 at 11:06 am

    ကို kai

    သူကြီး နှင့် သူ၏ ကိန်းဂဏန်းများ နဲ့ သူကြီး နှင့် သူ၏ ကိန်းဂဏန်းများ (၁) တွေ အားလုံးကို ဖျက်ပေးပါဦး။ New post ကနေ Publish လုပ်လို့မရလို့ Quick Press ကနေ Publish လုပ်လိုက်တာ format တွေပြောင်းကုန်လို့ ပြန်ပြီး edit လုပ်မလို့ ခေါ်လိုက်တော့ မပြီးသေးတဲ့ စာတွေနဲ့ error တက်ထားတုန်းက အနေအထားပဲ ဖြစ်နေတယ်။ comment off လဲဖြစ်နေတယ်။ နောက်မှပဲ ပြန်တင်တော့မယ်။ ကျေးဇူးပါ…။ MG Server က သူ့ သူကြီး အကြောင်းပြောမှာ စိုးလို့လားမသိဘူး လုံးဝ Post တင်လို့မရဘူး။ ရအောင်ကိုတင်ဦးမှာ.. :D)

    • ဆူး

      May 5, 2011 at 1:23 pm

      ရွာထဲက အတွင်းရေး လုံးဝ ပေါက်ကြားလို့ မဖြစ်ဘူး မဖြစ်ဖြစ်တဲ့ နည်းနဲ့ တားဆီး နေတာ.. သိပြီလား။
      😉 😉 🙂 😛

  • သဂျီးခင်ဗျား။ ကျွန်တော်က ကွန်ပြူတာ ဝလုံးတန်းနော်။ စောစောကလေးတင် ကျွန်တော် “အိုစမာဘင်လာဒင်ကို အခြားရှုထောင့်မှမြင်ခြင်း” ဆိုပြီး quick press မှာရိုက်နေတာ ၂နာရီတောင်ကြာတယ်။ ပြီးတော့ saved draft ကို နှိပ်တယ်။ ခဏသိမ်းပြီး ပြန်ဖတ်ချင်လို့ဟာကို။ အဲဒါ အဲဒီ draft မရှိတော့ဘူး။ ရှာလို့မတွေ့တော့ဘူး။ tag ကတော့ ဘင်လာဒင်။ ကျွန်တော်ရိုက်ထားတာတွေ အကုန်ပျောက်သွားပြီလား။ နှမျောလိုက်တာ။ ပြန်ရှာလို့ရရင် publish လုပ်ပေးပါလားဗျာ။

    • kai

      May 6, 2011 at 9:14 am

      Draft ထဲတခုတွေ့လို ပြန်တင်ပေးထားတယ်..။

  • ဆူး

    May 6, 2011 at 9:11 am

    အကောင်းဆုံးကတော့ တနေရာရာမှာ ရိုက်ပြီးရင် စစ်.. သေချာပြီ ဆိုရင် ကူးပြီးသာ တင်လိုက်.. လိုင်းမကောင်းတဲ့ အချိန်ဆို.. ဟိုမရောက် ဒီမရောက်နဲ့ ပျောက်သွားတတ်ပါတယ်။
    ကွန်မန်းပိတ်တယ် ဆိုတာကလည်း လိုင်းမကောင်းတဲ့ အချိန် Quick press ကနေ တင်လို့ ဖြစ်တယ်လို့ ထင်ပါတယ်။ စိတ်ကူးရသမျှ ချသာ ရေးပြီး လိုင်းကောင်းမှသာ တင်ဖို့ တိုက်တွန်းပါတယ်။

  • nature

    May 6, 2011 at 4:58 pm

    သူကြီးရေ၊ sheet tab တွေကို ဥပမာ 10—>1, မသွားပဲ ၊ 1—->10 သွားလို့မရဘူလား၊ နောက်ဆုံး Post က page 1 မှာမရှိဘဲ နောက်ဆုံး page no. မှာရှိရင်ကောင်းမယ်၊ တလမပြည့်သေးရင် နေ့တိုင်း post တွေက page ကိုလိုက်ပြီးပြောင်းနေလို့၊

  • bigcat

    May 6, 2011 at 11:41 pm

    သဂျီးရေ.. အခုတလော ရွာထဲဝင်ရတာ သိပ်အဆင်မပြေဘူး။ ဆာဗာသန့်ရှင်းရေးလုပ်နေလို့လား ဒါမှမဟုတ် ဟက်ကာတွေများ သောင်းကျန်းနေသလား မသိဘူး…

  • nagargyi

    May 7, 2011 at 3:28 am

    Ko Kai
    Profile ပုံကို ပြင်လို့ရလား။ ပြင်လို့ရလျှင် ဘယ်လိုပြင်ရမလဲဆိုတာ သိချင်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

  • parlayar46

    May 8, 2011 at 3:50 pm

    သဂျီး
    ကျုပ်ရောပဲ
    logo လေးပြင်လို့ရရင်ပြင်ချင်ပါတယ်။

  • maythakhin

    May 8, 2011 at 5:34 pm

    မေလည်းပြင်ချင်တယ်။ဒီပုံကြီးကို မကြိုက်ဘူး

  • shwe ni

    May 10, 2011 at 7:03 pm

    သူကြီးရှင့် like နှင်dislike့ က တခါတလေ မရဘူး တခါတလေကြတော့လဲ like တခါပဲ click တာ ကို 2 ခါဝင်သွားတယ် . အနှုတ် ပြန်လုပ်ရမလားတောင်မသိဘူး

  • bigcat

    May 11, 2011 at 3:58 am

    နက်ထဲမှာ လျောက်ခြေဆန့်ရင်းနဲ့ အောက်ပါလင့်ခ်ကနေ နတ်၊ ဂမ္ဘီရနဲ့ဆိုင်တဲ့ ပို့စ်တွေ့လို့ သိချင်တာလေးကို ကောက်နုတ်တင်လိုက်ပါတယ်။ သိချင်တာ သူပြောသလို ကွယ်လွန်သူ စာရေးဆရာကြီး အီကြာကွေးတကယ် ကြုံခဲ့ရသလားဆိုတာပါ။ သဂျီးနဲ့ စစ်သားနိဂိမိတို့ဆီက အမြင်များ၊ စာဖတ်သူများလည်း ဆရာကြီးအီကြာကွေးနဲ့ နီးစပ်ခဲ့ရင် သိလိုပါတယ်…
    http://www.younggun.co.cc/search/label/%E1%80%82%E1%80%99%E1%80%AE%E1%81%BB%E1%80%9B

    “မင်းကရော.. ကိုးကွယ်လား မေးလာရင် ဟင့်အင်းပါ။ လုံးဝပါ။ နတ်တွေကို မကိုးကွယ် မပသသလို မကဲ့ရဲ့ မရှုတ်ချပါဘူး။ လူ့စည်း၊ ဘီလူးစည်းဆိုတဲ့ စကားဟာ အလကားထားခဲ့တာ မဟုတ်ပါဘူး ကိုယ့်စည်းနဲ့ ကို်ယ်နေရုံပါပဲ။ ဆရာကြီးရွှေဥဒေါင်းကို နတ်နဲ့ ပက်သက်လို့ မေးမြန်းတုန်းက လမ်းမတော်ဖိုးတုတ်ကို မကောင်း မပြောသလို သူတို့နဲ့လည်း မပက်သက်ဘူးလို့ ဥပမာနဲ့ ဖြေခဲ့ပါတယ်။ ကျွန်တော်လည်း ထိုနည်းတိုင်းပါပဲ။
    သွားလေသူ ဆရာအီကြာကွေးကတော့ နတ်ရူးတို့ ကြောင်နိုင်ပေဆိုတဲ့ စာအုပ်တစ်အုပ် ရေးပြီး နတ်တွေကို ဆော်ပလော်တီးဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့အိမ်နားက ရုက္ခစိုး အိပ်မက်ပေးရာက စပြီး ဟာသလိုင်းကနေ .. ပုတီးတွဲလောင်းနဲ့ ဖြစ်သွားခဲ့ဖူးပါတယ်။ ကဲ..နတ်ရူးတို့ပဲ ကြောင်နိုင်မလား၊ လူရူးတွေပဲ ကြောင်နိုင်မလား။ လယ်တီဆရာတော်ကြီးထက် တော်တဲ့ တတ်တဲ့ ကျမ်းတတ်ပေတတ် ပုဂိ္ဂုလ်တွေ နတ်တွေကိုမှ ပွဲထုတ်မိတဲ့ ကျွန်တော့်ဆီမှာ ဝင်ရောက် ဝေဖန် ကဲ့ရဲ့နိုင်ပါပြီ။ “

  • bigcat

    May 12, 2011 at 1:28 am

    သဂျီးအနေနဲ့လည်း ပြည်သူ့ဂုဏ်ရည်ဆုရှင် ဆန်ကာတင်ငါးဦးထဲက ဘယ်သူ့ဟာ ရွာသားများအကြိုက် ဖြစ်မလဲနဲ့ တကယ်ထွက်လာမဲ့ရလဒ်နဲ့ တူမတူ သိရအောင် ခါတော်မှီ စစ်တမ်းလေး တင်သင့်တယ်။ တကဲ့စစ်တမ်းက မေ၁၄ရက်နေ့မှာ ပိတ်ပြီး မေ၁၅ရက်နေ့မှာ ဆုရှင်ကို ကြေငြာမှာဆိုတော့ အခုချက်ချင်း တင်သင့်တယ်ထင်တယ်။ ရွေးတဲ့အခါ အိုင်ပီလိပ်စာထက် အကောင့်ပိုင်ရှင်လိပ်စာနဲ့ ရွေးသင့်ပါတယ်။ တဦးထက်ပိုမထည့်ဖို့တော့ အထူးအညွတ် မေတ္တာရပ်ခံပေါ့။ လုပ်မယ်ဆိုရင် အွန်လိုင်းစစ်တမ်းကို တပတ်တိတိထားနိုင်ရင် ပိုပြည့်စုံနိုင်မယ်လို့ အကြံပြုပါရစေ…

  • etone

    May 12, 2011 at 8:25 am

    ဗျို့ သဂျီး ….
    သဂျီး ရှိလားဗျို့…. 😛

    ကော်ပီတွေတင်တာများနေပြီနော် … ပလူပျံနေတာပဲ … ကော်ပီဆိုက် အဖြစ်ခံတော့မှာလား … ။ လုပ်မယ်ဆိုလည်း ထိထိရောက်ရောက်လုပ်ပါလား … ။

  • kai

    May 12, 2011 at 9:32 am

    ကော်ပီက.. ဘယ်နားက ဘာတွေလည်း ရေးပြပါဦး..။

  • nagargyi

    May 14, 2011 at 3:13 am

    Logo ပြင်လို့ ရလားလို့ မေးတာ ဘယ်သူမှလဲ ပြန်မဖြေ ကြဘူး။

  • ဆူး

    May 14, 2011 at 5:56 am

    ပုံပြင်လို့ မရတာ လအနည်းငယ်ကြာနေပြီကွဲ့… ဆူးလည်း ဒီပုံလေး ပြန်ပြင်ချင်တာ.. ပြင်မရဖြစ်နေတာ။

  • xman

    May 14, 2011 at 3:41 pm

    အဲသလိုဆိုတော့လဲ ကံစီမံရာ ပုံကလေးနဲ့ပဲပေါ့လေ။

  • nagargyi

    May 15, 2011 at 3:29 am

    မဆူး ကျေးဇူးပါနော်။ ကျွန်တော်က MG ကိုသုံးတာ သိပ်မကြာသေးတော့ မသိဘူး။ ဒါဆို ဒီပုံပဲ သုံးရတော့မှာပေါ့။

  • kai

    May 15, 2011 at 8:52 am

    Amazon Cloud တိမ်ပေါ်တက်ဖို့…ပိုက်ပိုက်ကပေးထားပြီးပြီ..။ မအားလို့ မတက်နိုင်သေးတာ…။
    အဲဒါပြီးရင်တေ့ာ… ဝက်ဆိုက်ရဲ့..ဟိုဟာဒီဟာတွေပြန်လုပ်မယ် စိတ်ကူးပါတယ်..။

    • eros

      May 18, 2011 at 11:39 am

      အဲဒါပြီးရင်တေ့ာ… ဝက်ဆိုက်ရဲ့..ဟိုဟာဒီဟာတွေပြန်လုပ်မယ် စိတ်ကူးပါတယ်..။

      ဟဲ့ပလုတ်တုတ် သူကြီးရဲ့ ဘယ်ဟာတွေတုန်း လင်းစမ်းပါဦး။

  • char too lan

    May 18, 2011 at 10:58 am

    Post တွေမှာ မန်းလို့မရဘူး ဘာဖြစ်တာလဲ 🙁 🙁

  • ဆူး

    May 18, 2011 at 2:00 pm

    အခုတလော စာရေးရမှာ တော်တော် ပျင်းနေပါတယ်။ စာရေးဖို့ အာရုံမလာဘူး ဖြစ်နေပါတယ် ဗျို့… စိတ်ကူးရတာတွေ အများကြီး ရှိပါသေးတယ်။

    • eros

      May 18, 2011 at 2:46 pm

      လုပ်ပါဗျ မဆူးရ။ ပိုစ့် အသစ်တက်တာ နည်းနေတယ်။ တင်တဲ့ ပိုစ့်တွေကလည်း ကော်ပီတွေ များနေတယ်။ ဖတ်ပြီးသားတွေ ချည်းပဲ ပျင်းစရာကြီး။ နေ့ခင်းကတော့ သူကြီး နဲ့ အပြန်အလှန် အလုပ်တွေ သေမလောက်ပိ နေတဲ့ကြားက ဆွေးနွှေးလိုက်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ သူကြီး ကျွန်တော် အကူအညီတောင်းတာ ကူညီမှာလား။

  • MaMa

    May 19, 2011 at 1:14 am

    သဂျီးရေ captainamerica ရေးသလိုပဲ ပတ်ဆင့်တွေ (ပ ဆင့်လို့ ရေးရလား။ ပတ်ဆင့်လို့ ရေးရလား မသေချာပါ။) မရေးတတ်ကြတာများတယ်။ အဲဒီ ဇော်ဂျီဖောင့် လက်ကွက်ကို ထင်သာမြင်သာ တစ်နေရာမှာ ပြထားပေးနိုင်ရင် ကောင်းမယ်။

  • paukpauk

    May 19, 2011 at 2:22 am

    Logo ပြင်တာက …
    အရင်က My account profile မှာ ဝင်ပြင်လိုက်တာ ရသွားတာ ထင်တာပဲ။
    လွယ်လွယ်လေးပဲ။
    ခု ဝင်ကြည့်တာ မမှတ်မိတော့ဘူး။
    သူကြီးပဲ ပိတ်ထားတာလားမသိဘူး။
    Sorry for that.

  • researcher

    May 19, 2011 at 2:22 am

    ကို kai

    Cloud computing အကြောင်းလေး နဲ့ ဘယ်လို ဆက်သွယ်ဆောင်ရွက်လို့ရတယ် ဆိုတာလေး အချိန်ရရင်ရေးတင်ပေးပါလား။ google က တဆင့် ရှာဖတ်ရင်လဲ ရပါတယ်။ မြန်မာလိုလေးသိရတော့ ပိုရှင်းတာပေါ့။

  • researcher

    May 19, 2011 at 2:35 am

    ပတ်ဆင့် ရိုက်ရခက်နေသူတွေ microsoft word ထဲမှာ ရိုက်ပြီးမှ copy ကူးထည့်လိုက်ရင် ရပါတယ်။ word ထဲမှာ ရိုက်ဖို့ လက်ကွက်မသိရင်လဲ insert –> symbol –> more symbol –> ထဲက symbol မှာ zaw gyi fornt ကို ရွေးပြီး ကိုယ်လိုချင်တဲ့ ပတ်ဆင့်ကို insert လုပ်လိုက်လို့ ရပါတယ်။ ပြီးမှ ကိုယ်ရေးနေတဲ့ comment (သို့) post ထဲ ကူးထည့်လိုက်ရင် ရပါတယ်။

Leave a Reply