To/From Mandalay Gazette – Write. Get Published. Get Paid.

kaiJanuary 31, 20112min10279600
မင်္ဂလာနှစ်သစ် ၁၃၇၃

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

600 comments

  • nozomi

    May 19, 2011 at 3:29 am

    ဇော်ဂျီနဲ့ ပတ်ဆင့် ရိုက်ရတာ သိပ်မခက်ဘူးထင်ပါတယ် ဝင်းကမှ Alt key တွေ အလွတ်ကျက်ရသေးတယ် ဇော်ဂျီမှာ အပေါ်စာလုံးရိုက် ESC အောက် 1 ဘေးက ဟာ (Tide Key) ကို နှိပ် ရင် ရတယ်၊ဥပမာ အစ္စရေး ကိုရေးဘို့ အ စ Tide Key ကိုနှိပ် စ လုံးနှိပ်လိုက်ရင် စ္စ ရပါတယ်

  • researcher

    May 19, 2011 at 7:13 am

    nozomi ပြောတာ ပိုလွယ်တယ်၊ ကျွန်တော်က insert ထဲကနေ ရှာသုံးနေရတာ။ အခု ပိုအဆင်ပြေသွားတယ်။

  • nagargyi

    May 20, 2011 at 5:32 am

    ဇော်ဂျီဖောင့်ကို ဒီလင့်မှာ လေ့လာကြည့်ပါလား။ ပိုလွယ်မယ် ထင်ပါတယ်။
    http://burmatodaymedia.com/zawgyi_keyboard_layout.htm

  • nagargyi

    May 20, 2011 at 4:09 pm

    ကိုယ်တင်ထားတဲ့ ပို့စ်ကို ကောမန့်ပေးရင် email ကိုပို့ပေးလို့ ဝမ်းလည်းသာ ကျေးဇူးလည်း တင်ပါတယ်။
    ဖြစ်နိုင်ရင် တစ်ခုလောက် တောင်းဆိုချင် ပါတယ်။ ကိုယ်က သူများပို့စ်မှာ ကောမန့်ပေးပြီး ကိုယ့်နောက်မှာ တစ်ခြားသူတွေက ကောမန့်တွေ ထပ်ပေးရင် အဲဒီ ကော့မန့်တွေကိုလည်း mail ကိုပို့ပေးနိုင်ရင် ပို့ပေး စေချင်ပါတယ်။ social website တွေမှာ တွေ့ဖူးလို့ပါ။

  • MaMa

    May 21, 2011 at 12:00 am

    ကိုယ့်ပိုစ့်ကိုကော်မန့်ပေးတဲ့ email မှာ ကော်မန့်ပေးသူ အမည်ပါ ပါလာရင် ပိုကောင်းမယ်။ ထည့်ပေးလို့ရရင် ထည့်ပေးစေလိုပါတယ်။

  • MaMa

    May 22, 2011 at 10:27 am

    သဂျီးရေ စာလုံးပေါင်း မှားတာတွေ တွေ့တိုင်းပြောရင် (မတွေ့တာတွေတော့ မပါဘူးပေ့ါ။) လူမုန်းများမှာလည်း စိုးတယ်။ စာလုံးပေါင်းတွေလည်း မှန်စေချင်တယ်။ တစ်ခါတလေ ဖတ်ရတာ ဆိုးလို့လည်း ပြောချင်တယ်။ ဘယ်လိုလုပ်ရမလဲ။ (သူများကိုပြောပြီးကိုယ်ကိုယ်တိုင်လည်း မှားမှာစိုးလို့ မသေချာရင် ပြန်စစ်ရသေးတယ်။)

  • MaMa

    May 22, 2011 at 11:49 am

    အင်္ဂလိပ်စာလုံးပေါင်း စစ်သလို မြန်မာစာလုံးပေါင်းစစ်တာ မရှိဘူးလား မသိဘူးနော်။

  • mnoe

    May 22, 2011 at 12:21 pm

    မမရေ.. ကျမတော့ ကိုယ့်ကိုမှားလို့လာပြင်ပေးရင် ကျေးဇူးတင်မိတာပဲ။ မမုန်းပါဘူး။ ကိုယ်လဲ ကလေးတွေကို မှားရင်ပြောမိပြီး တစ်ခါတစ်ခါ ကိုယ်တိုင် သတိလက်လွတ် မှားသွားမိတယ်။ ဝဋ်လိုက်တာထင်တယ်။ သတိထားပေမဲ့ အမှားဆိုတာတော့ ရှိတတ်တာပဲလေ။ တစ်ယောက်ကမှားရင် တစ်ယောက်ကပြင်ပေး၊ အပြုသဘောနဲ့ ပြောကြတာ ချစ်ဖို့ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်မမ။ အားပေးပါတယ်။

  • ဆူး

    May 22, 2011 at 1:45 pm

    ဆူး ကတော့ အမြဲ စာလုံးကျန်ခဲ့တတ်တယ်။
    စာပြန်စစ်တတ်တဲ့ အကျင့်တော်တော် နည်းနေတယ်။
    မမ စာမှားတာ လိုက်ထောက်ဖို့ အားနာရင် နောက်ထပ် အကောင့် တခုလုပ်လိုက်လေ..
    ပေါင်ချိန် သို့မဟုတ် သမာဓိ တရားရှင် သို့မဟုတ် မဟာပညာကျော် စသဖြင့် လိုက်ဖက်မဲ့ အကောင့်တခု လုပ်ပြီး မှားတာ မြင်တိုင်း လိုက်သာ ပြင်ပေးပေတော့။
    ဒီရွာမှာ.. တချို့ဆို ရုပ်ဖျက်ပြီး လိုက်ဖိုက်နေတာ ရှိသေးတယ်။
    စာက ဓါတ်သိတွေ ဆိုတော ဖတ်လိုက်တာနဲ့ အချိုးအဆစ်က ဘယ်သူဆိုတာ သိနေတော့ ခက်တယ်။ သူမသိစေချင်တော့ ကိုယ်ထုတ်မပြောဘူးပေါ့။

    • စိတ်ဝင်စားတယ်ဗျို့.. သေသေချာချာ စုံစမ်းထောက်လှမ်းပြီးတော့ကာ Post တစ်ခုအနေနဲ့ ရေးတင်လိုက်မယ်ဆိုရင် ဆူးတော့ နာမည်ကျော်သွားတော့မှာပဲ.. လုပ်စမ်းပါဦးဗျ.. သိချင်လို့ 😀

      • ဆူး

        May 23, 2011 at 10:16 am

        မပြောပါဘူး ဆိုမှ.. လာမအစ်နဲ့.. ကာယကံရှင် သူဟာသူ သိလိမ့်မယ်။

  • manawphyulay

    May 22, 2011 at 2:11 pm

    အမှန်က ဇော်ဂျီဖောင့်က ဝင်းအင်းဝ လက်ကွက်တွေလောက်မခက်ပါဘူး။ ခုယူနီကုတ်အစစ်တွေဆို ပြောင်းပြန်ရိုက်ရတာတွေလည်း ရှိပါတယ်။ စာလုံးပေါင်းသတ်ပုံတော့ အကုန်ကို မှန်စေချင်ပါတယ်။

  • meelay

    May 24, 2011 at 9:14 am

    သဂျီး ခေါင်းစဉ်မှာ စည်းကမ် ၊ ဤဝဘ်ဆို ဖြစ်နေပါတယ် … စာလုံးပေါင်း ပြင်ပေးပါအုံး …

  • researcher

    May 24, 2011 at 10:29 am

    သူကြီးရေ

    အသွင်သစ်၊ အမြင်သစ်၊ Design သစ်နဲ့ MG က လှနေပါတယ်။ အရင်လိုပဲ post တွေရဲ့ အစ စာပိုဒ်လေး ဖေါ်ပြပေးတာက ပိုပြီးကောင်းမလားလို့။ တခါတလေ Title ထက် အစပိုဒ်လေး ဖတ်ကြည့်ပြီး စိတ်ဝင်စားလို့ ဝင်ဖတ်ကြည့်လိုက်တာမျိုးလဲ ရှိတတ်တယ်လေ။ နောက်ပြီး home page တက်လာတဲ့ အချိန်မှာ post title တွေက font size ကြီးနေသလိုပါပဲ။

    မပြီးခင် ဗမာမမြင်စေနဲ့တဲ့။ Design ပြင်တာ ပြီး၊ မပြီးတော့ မသိဘူး။ သူကြီးက ချပြလိုက်ပြီဆိုတော့ လိုချင်တာလေးနဲ့ ကြည့်ရတာ အဆင်မပြေတာလေးကို ပြောမိသွားပြီ။

  • ဆူး

    May 24, 2011 at 10:32 am

    သဂျီးဟာကလည်း လှလည်း လှဘူး။ ပုံစံ ကြည့်ရတာ ဂွတည်းဂွကျ နိုင်သလိုပဲ.. ရွာကြီး မှောင်ကုတ်ကုတ်နဲ့ မိုးအုပ်နေတယ်။

  • researcher

    May 24, 2011 at 10:44 am

    လောလောဆယ်တော့ ကိုယ့်ပုံလေးတွေပြောင်းသွားပြီ။ ကိုယ်ကြိုက်တဲ့ပုံလေး ထည့်လို့ရအောင် profile မှာ ပြန်ဖွင့်ပေးပါဦး သူကြီးရေ…။

  • researcher

    May 24, 2011 at 10:48 am

    အပေါ်က comment ကို post လုပ်တာ “you are posting comments too quickly. slow down.” ဆိုတဲ့ message တက်လာတယ်။ comment တစ်ခုနဲ့တစ်ခု ဘယ်လောက်ကြာမှ post လုပ်ခွင့်ပြုမယ်လို့ ထိန်းထားတာလဲ။

  • char too lan

    May 24, 2011 at 10:54 am

    သဂျီးမင်း သားလဲကြိုက်ဘူး မဲမဲသဲသဲနဲ့
    မက်ချေ ့နောက်တွားဒယ် အက်ထရက်ရှင် မချိဘူး 🙂

  • mnoe

    May 24, 2011 at 11:19 am

    ဩော.. လူတိုင်းအဲလိုဖြစ်နေတာလား။ ကျွန်မက ငါဘာတွေလျှောက်နှိပ်မိပါလိမ့်လို့ အရင်ပုံကိုပြန်သွားဖို့ ကြိုးစားနေတာ ခေါင်းတောင်ကိုက်တယ်။ စာလုံးတွေက ပြူးပြီး အကုန်လုံး ဘောက်စ်တွေထဲ ဝင်နေတာလေ။ အဲဒါ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးပေါ့နော်။ ကျွန်မဆီမှာပဲ ဖြစ်နေတာဆိုရင်တော့ နည်းလေးကျေးဇူးပြုပေးကြပါနော်။ ကျေးဇူးတင်ပါတယ်။

  • meelay

    May 24, 2011 at 11:33 am

    ခေါင်းစီးက အရောင်ကလဲ မလှဘူး … မန်းဂဇက်လိုဂိုက သိပ်မထင်းဘူး ဖြစ်သွားတယ် … မကြိုက်တာတွေ တစ်ခါတည်းပြောထားတာ .. အဲဒါမှ သဂျီးတစ်ခါတည်း ပြင်လို့ရအောင်လို့ 🙂

  • noob

    May 24, 2011 at 11:44 am

    သဂျီး themes ပြောင်းလိုက်တာ profile ဓာတ်ပုံပါ ပျောက်သွားတယ် 🙁 တချို comment ကို like & dislike လုပ်တာ နဂိုအတိုင်းပဲ ဂိ ့နေတုန်း ပဲ ပြီးတော့ post တခုလုံး ကို ပါ like & dislike လုပ်လိုရအောင် လုပ်လိုရမယ်ဆိုရင် လုပ်ပေးပါလို ဒီ MG ဆိုဒ်ကြီး ကို အစိုး ရတဲ ့သဂျီးရယ် လို ့

  • manawphyulay

    May 24, 2011 at 12:30 pm

    သဂျီးရေ themes အသစ်က ကိုယ့်ရဲ့ပိုစ့်ကို လူဘယ်နှယောက်ကြည့်လဲဆိုတာလည်း မတွေ့တော့ဘူးနော်။ ပြီးတော့ အရင်ဆိုက်ထဲ ပိုပြီး ဝင်ရတာ လေးတယ်။ ပေ့ကျဖို့ကို အတော်စောင့်ယူရတယ်။

  • maythakhin

    May 24, 2011 at 1:13 pm

    နေ့ခင်းက လိုင်းမကောင်းလို့ဖွင့်မကြည့်ဖြစ်ဘူး။အခုဖွင့်လိုက်တာဒီလိုကြီးဖြစ်နေတော့ ဘာဖြစ်တာလဲဆိုပြီးလန့်တောင်သွားတယ်။ နောက်တောက်လျှောက်လိုက်ပြီးပြန်ဖတ်ကြည့်တော့မှ ဒီဇိုင်းအသစ်ပြောင်းထားပါလားလို့ သိရတာ။ အမလေး မောတောင်မောသွားတယ်။

  • Myanmar

    May 24, 2011 at 1:56 pm

    To Admin: Please keep the “category of the post” box for quick reference. Thanks.

  • eros

    May 24, 2011 at 1:59 pm

    ဒီလိုလေးက မဆိုးပါဘူး ဒါပေမယ် logo မပေါ်ဘူး ဖြစ်နေတယ်။ စာမျက်နှာက အနက် logo က အနက်ဆိုတော့။

  • nature

    May 24, 2011 at 2:15 pm

    သူကြီးရေ ကြည့်ရတာတမျိုးဆန်းသွားတယ်၊ကျနော်ကတော့ဒီလိုပြောင်းသွားတာကိုကြိုဆိုပါတယ်၊ သူကြီးလဲပိုက်ပိုက်တော်တော်ကုန်သွားမယ်၊ ကျနော် ကြိုက်တာကတော့ Home Page မှာ ခေါင်းစဉ်25 ခု ပါတာကိုပါဘဲ။ ဒါပေမဲ့ စာလုံးကတော်တော်ကြီးနေတယ်၊ စာလုံးသေးပြီး ခေါင်းစဉ် 50 လောက်ပါရင်ပိုကောင်းမယ်၊ ခေါင်းစဉ်အဟောင်းတွေမန့်ချင်ရင်ပြန်ရှာရတာလွယ်တယ်။ ကျနော့်နံပါတ်က 383 ဆိုတော့၄ပေါက်ပေါ့၊ သူကြီးက ၅ပေါက်ဆိုတော့သူကြီးကိုမနိုင်ဘူးဖြစ်နေတယ်။ သူကြီး၁ပွင့်နဲ့ကပ်စားသွားတယ်။

  • weiwei

    May 24, 2011 at 2:32 pm

    အပြောင်းအလဲလုပ်တာ ကောင်းပါတယ် …
    ပို့စ်မှာ အမြည်းအနေနဲ့ ၄ – ၅ ကြောင်းလောက်တော့ ထည့်ပေးရင် ပိုကောင်းမယ်ထင်ပါတယ် … ခေါင်းစဉ်ရဲ့ စာလုံးဆိုဒ်က အရမ်းကြီးနေတော့ ကြည့်ရတာ ပြူးတူးပြဲတဲကြီးဖြစ်နေတယ် …

  • nature

    May 24, 2011 at 3:17 pm

    ကိုယ်ရေးတဲ့အကြောင်းကို ခေါင်းစဉ်မှာအဓိပါယ်ပေါ်အောင်အကျဉ်ခြုံး ရေးဖို့လိုမယ်ထင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 24, 2011 at 3:52 pm

    လေးခိုင်ခင်ဗျား
    ခုပုံစံဂျီးဂ ကောင်းဘူး 🙁
    လေးခိုင်တွက်ဒေါ့ဘာကောင်းလဲသိဘူးနော

  • kai

    May 24, 2011 at 6:52 pm

    ဆာဗာပြောင်းဖို့အတွက်လုပ်ရင်း အကုန်အကျနည်းနည်းခံလိုက်တာပါ..။
    အရင်ဆာဗာက.. လူ ၄ဝလောက်ရှိနေပြီဆိုရင်.. ကျန်တဲ့သူတွေဝင်ရအရမ်းခက်ပုံရပါတယ်.။
    အဲဒါနဲ့.. ပါဖော့မန့်ပိုကောင်းတာကို ရွှေ ့ရင်း.. ပိုမြန်တယ်ဆိုတဲ့.. Theme ပါဝယ်လိုက်တာပါ..။

    နည်းနည်းလောက်စမ်းကြည့်ကြပါဦး..။
    ရွာသားတွေဖြစ်ချင်တာတွေကို… နည်းနည်းချင်းတော့ ပြင်သွားပါမယ်..။

  • MaMa

    May 24, 2011 at 11:56 pm

    (ဆာဗာပြောင်းဖို့အတွက်လုပ်ရင်း အကုန်အကျနည်းနည်းခံလိုက်တာပါ..။)
    သဂျီးက ရွာသားတွေကို အားနာလို့ထင်တယ်။ အကုန်အကျနည်းတယ်လို့ ပြောနေတယ်။ အကုန်အကျများများခံပြီး ရပ်ရွာသာယာလှပရေးကို ဦးစားပေးပါခင်ဗျား။ ရွာသားတွေကို ပွိုင့်မပေးပဲ ရထားတဲ့ ပွိုင့်တွေကို ပြန်အလှုခံလည်း ရပါတယ်။

    • nature

      May 25, 2011 at 2:20 am

      ရွာသားတွေကလည်းဆန္ဒသိပ်မစောကြပါနဲ့ဦး၊ မကောင်းဘူးလို့ပြောနေမဲ့အစား ပိုကောင်းအောင် ဘယ်လိုဖြစ်သင့်တယ်ဆိုတာဝိုင်းဝန်းအကြံပေးကြရင်း အကောင်းဆုံးဒီမိုကရေစီရွာကြီးကို တည်ဆောက်ကြပါစို့။ ဒီဇိုင်းအမြင်ရှိတဲ့ Manawphyulay ကလည်းအကြံပေးပါဦး။
      ရေးတဲ့font size ကိုတဆင့်လောက်ကြီးပေးရင်ပိုအဆင်ပြေမယ်ထင်ပါတယ်၊ ဒီအတိုင်လဲ သိပ်မဆိုးပါဘူး၊နဲနဲလေးပဲသေးတယ်၊
      like, dislike ဒီဆိုက်မှာ တခုခြင်းဆီခွဲကြည့်ချင်တာ အကျင့်ပါနေတယ်။ ထောက်ခံမဲနဲ့ကန့်ကွက်မဲအရေအတွက် ခွဲသိခြင်တဲ့သဘောပါ၊ ဥပမာ +1 ဆိုရင်တယောက်တည်းကအမှတ်ပေးတာလား၊ +10,-9 နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးမှ ရတာလားကွဲပြားချင်လို့ပါ။ +1ခြင်းတူပေမဲ့စိတ်ဝင်စားမှုခြင်း ကွာတာသိနိုင်အောင်လို့ပါ။

  • MaMa

    May 25, 2011 at 12:17 am

    ပိုစ့်တစ်ခုမှာ ကော်မန့်ဘယ်နှစ်ခု ရှိသလဲဆိုတာလည်း မပေါ်ဘူး။ Like နဲ့ Dislike လုပ်ရင်လဲ အကြာကြီးပဲ စောင့်ရတယ်။ Like နဲ့ Dislike ကို တစ်နေရာတည်းမှာပြတော့ + နဲ့ – ကို ခြေလိုက်ရင် စိတ်ဝင်စားစရာမကောင်းဘူး။ + ဘယ်နှစ်ယောက် – ဘယ်နှစ်ယောက် သီးခြားစီသိရတာ ပိုကောင်းပါတယ် သဂျီးမင်း ခင်ဗျား။ (ချာတူးလန်ကို အားကျလို့)

  • ogre

    May 25, 2011 at 2:56 am

    Home page ကစိတ်ဝင်စားဖွယ်ရာမဖြစ်ဘူးလို့ထင်ပါတယ်
    ယခင်လိုပဲ ပို့စ်တစ်ခုခြင်းစီရဲဘေးမှာရေးသားသူရဲ့ လိုဂိုအမှတ်အသားလေးပါရင်ပိုကောင်းမယ်ထင်တယ်
    log in လုပ်ထားတာတောင် ကို့ရဲ့..လိုဂိုက ကျွန်တော်ကွန်ပြူတာမှာတော့သေးသေးလေးပဲဘယ်ဘက်
    ထောင့်မှာပေါ်နေလို့..log in လုပ်လို့ရလားမရလားပြူးပြဲကြည့်နေရတယ်…

  • PinkCandy

    May 25, 2011 at 3:14 am

    design အသစ်နဲ့ဖြစ်နေပါလား။ ရွာထဲကို လျှောက်ကြည့်လိုက်ဦးမယ်
    ဘာတွေထူးဆန်းတာတွေဖြစ်နေသေးလဲလို့ 🙂

  • PinkCandy

    May 25, 2011 at 3:16 am

    ကိုယ့်ပုံပေါ်မှာ ပေါ်နေတဲ့နံပါတ်တွေက
    ဘာတွေကို ကိုယ်စားပြုသလဲဟင်

  • weiwei

    May 25, 2011 at 3:36 am

    အခုတလော like, dislike ပေးတာတွေ တော်တော်များလာတာ တွေ့ရတယ် … ဘာမှအရေးမကြီးတာတွေမှာတောင် dislike တွေ အပေးများနေတော့ ကွန်မန့်ပေးရမှာတောင် လက်တွန့်သွားတယ် … 😛

  • etone

    May 25, 2011 at 3:49 am

    ဗျို့ သဂျီး …

    ဒီဒီဇိုင်းကြီးနဲ့ ဆိုက်ကို ပြင်လိုက်တာ လုံးဝ မလန်းဘူး … အရင်ပုံစံလေးလောက်တောင် သုံးလို့မကောင်းဘူး …ဆိုက်ဖွင့်ဖွင့်ခြင်း လော့အင်လုပ်လို့ ရတဲ့ username & password , command box တွေ ထားပေးသင့်တယ်… ။ အရင်ကထက်တော့ ပိုမြန်လာပေမဲ့… ကြည့်ရတာ မူးနောက်နေတာပဲ … like & dislike လည်း ဘယ်နားပေးရမှန်းမသိဘူး … ။ ပို့စ်မှာ တင်တဲ့ပုံလည်း မပေါ်ဘူး … ။ နံပါတ်တွေ ကြယ်တွေက ဘာကို ကိုယ်စားပြုတာလဲ … ။ ဒါကြီး လုံးဝမမိုက်ဘူး ။ ဒီပုံစံကြီး မကြိုက်ဘူး ။

    • eros

      May 25, 2011 at 4:14 am

      etone ရေ နံပါတ်တွေ က ပေးခဲ့တယ့် ကွန်မန့်ပေါင်းကို ကိုယ်စားပြုတာပါ။

    • eros

      May 25, 2011 at 4:16 am

      Like Dislike ကတော့ ဘယ်ဘက်ထောင့်ပေါ်က အဝိုင်းလေးကို mouse pointer တင်လိုက်ရင်တွေ့ရမှာပါ။

      • etone

        May 25, 2011 at 4:50 am

        eros thank u ပါ … ပြောတာတောင် နောက်ကျသွားပြီ ခုနက ကလိရင်းတွေ့ခဲ့ပြီးပြီ … 😛
        ကြယ်လေးတွေက ဘာကို ကိုယ်စားပြုလဲ ပြန်ပြောပါဦး … ။

      • ဆူး

        May 25, 2011 at 7:33 am

        ကြယ်တွေက မန်ဘာ တယောက်ရဲ့ လှုပ်ရှားမှု သက်တမ်းနဲ့ ပိုစ်တင်တာကို ကိုယ်စားပြုတာပါ.
        ပိုစ်တွေ အများကြီး တင်လွန်းရင် ကြယ်တွေ များလာတာ ဖြစ်မယ် ထင်ပါတယ်။

        • etone

          May 25, 2011 at 9:48 am

          မဟုတ်ဘူး ထင်တယ်နော် အစ်မရဲ့ … ။
          ပို့စ်တွေ အများကြီး တင်တာနဲ့ ဆိုင်လျှင် ဘာလို့ လူတိုင်း ကြယ်တလုံးဖြစ်နေရတာလဲ..

          ဗျို့သဂျီးရေ… ပို့စ် လာဖတ်တဲ့ လူအရေတွက် countလုပ်တာလေး ပျောက်နေတယ်နော်… အရင်က ရှိတယ်… ။

  • eros

    May 25, 2011 at 4:12 am

    ရှုတ်ရှက်ခတ်နေတယ်လို့ ခံစားမိပါတယ် သူကြီးရေ။

  • ဆူး

    May 25, 2011 at 7:34 am

    ဆိုက် အသစ်က မြန်မမြန်တော့ မသိဘူး.. လုပ်ရတာ အထာ မကျဘူး.. လှုပ်စိ လှုပ်စိနဲ့.. like dislike ပေးလိုက်ရင် ရပ်မလို ဖြစ်ဖြစ်သွားတယ်။

  • weiwei

    May 25, 2011 at 9:32 am

    အခုအသစ်မှာ Rank ပါလာတာကို သတိထားမိတယ် …
    Rank က ဘယ်လိုပေးတာလဲ ?

  • MaMa

    May 25, 2011 at 9:49 am

    သဂျီးရေ Like များရင် High Light ဖြစ်တာ၊ Dislike များရင် Hide ဖြစ်တာတွေရော ဘယ်လို ဖြစ်ကုန်ပြီလဲ မသိ။

  • etone

    May 25, 2011 at 9:55 am

    Like နဲ့ Dislike က ကပ်နေတော့ မှားနှိပ်မိတယ်… အဲ့ဒါ undo လေးပါထားပေးလျှင် ကောင်းမှာပဲ နော်… ။

Leave a Reply