To/From Mandalay Gazette – Write. Get Published. Get Paid.

Reasons to join Mandalay Gazette …
- Join a supportive community of writers
- Publish your work immediately
- Earn on your articles
- Compete for increased earnings in Marketplace
Rules for Writers << Must Read!
ပွိုင့်ပေးစံနစ် (Jan 22 2011)
- ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
- ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
- စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
- အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
- ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
- မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
- မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
- ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
- ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
- ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
- စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
- မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
- အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။
New Member များဖတ်ကြည့်ကြရန်
- စည်းကမ်းများ https://myanmargazette.net/rules-for-writers
- အရင်စာများ(၁) https://myanmargazette.net/26482/editors-notes-announcements-letters-to-the-editor
- အရင်စာများ(၂) https://myanmargazette.net/45/business-economy
အယ်ဒီတာ့မှတ်စုတို
- မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
- ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။
600 comments
etone
May 25, 2011 at 10:10 am
post တစ်ခုတင်ဖို့ ပုံတင်တာ ခုနှစ်ခါ ရှိပြီ ပုံတင်လို့မရသေးဘူး… အဲ့ဒါလေးနေသေးတယ်..ကျန်တာ အိုကေတယ်… ။ ပုံတွေတင်လို့ မြန်အောင် လုပ်ပေးပါဦး.. ဖိုင်ဆိုက်ကလည်း သေးပါတယ် … ။
ဆူး
May 25, 2011 at 10:59 am
ဒီပိုစ်မှာ ကွန်မန်းတွေ အားကြီးပဲ ရှိပေမဲ့ တခုပဲ မြင်နေတယ်။ ဖျောက်ထားတာလား။ ပျောက်နေတာလား။
ဆူး
May 25, 2011 at 1:14 pm
ထပ်ခါ ထပ်ခါ ကူးတဲ့ ကိစ္စ ဒီဆိုက်က ရွာသားတွေ ပြောပေမဲ့ ပြောတာပဲ ရှိပြီး ကူးတာတွေ ရပ်မသွားပါဘူး။
ဒီကိစ္စ အတွက် အကြံတခု ပေးချင်ပါတယ်။
ကူးထားတဲ့ ပိုစ် ဖြစ်နေတယ် ဆိုပြီး အများ ဝိုင်းကန့်ကွက်ဖို့ နိပ်စရာ ခလုပ်တခု လုပ်ပေးထားပြီးတော့ ခလုပ်နိပ်တာ.. ၅ယောက် ရှိမယ် ဆိုရင် ကော်ပီ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ပို့ပေးထားရင် ပိုကောင်းမယ် ထင်တယ်။ သဂျီး စောင့် မကြည့်နိုင်သော်ငြားလည်း ရွာထဲက အခမဲ့ ကူညီမဲ့သူ တယောက်ယောက်ကို ရာထူးပေးပြီးတော့ လုပ်ခိုင်းစေချင်တယ်။
တက်လာတဲ့ ပိုစ်တိုင်း ကူးတယ် ကူးတယ် ဘယ်လောက် အော်အော် မထူးခြားလာသလို အော်တဲ့လူသာ အမုန်းခံရတာ အဖတ်တင်ပါတယ်။
ပုံ
ပလက်တီနမ် အဆင့်ရှိတဲ့ မန်ဘာ တစ်ဦး။
eros
May 25, 2011 at 1:34 pm
ဟုတ်တယ် မဆူးပြောတာ ဟုတ်တယ်။ ကျုပ်တို့လဲ whistler လုပ်ရတာမောလှပြီ။ အခုတလောဆို ကူးတင်တွေ တော်တော်များတယ်။ ဖတ်ပြီးသားတွေ။ ဒါပေမယ့်လည်း ဘာမှဖြစ်မလာတာခက်တယ်။
ဆူး
May 25, 2011 at 2:38 pm
အမောခံပြီး ပြောနေလို့ ….
ပြောတဲ့သူသာ အမုန်းခံရတာ.. ကန့်ကွက်ဖို့ကျတော့ ကိုယ်တိုင်လည်း မလုပ်ဘူး သူများ ကန့်ကွက်နေလည်း စိတ်မဝင်စားတတ်ဘူး။
စိတ်ဓါတ်ရေးရာ မညီမှုတွေ ရှိနေလို့ ပြုပြင်ဖို့တော့ မလွယ်ဘူး ထင်တယ်။
အနည်းဆုံးတော့ ကန့်ကွက်တဲ့ လူကို အသံထွက်ပြီး ကူညီဖို့ မလိုလည်း အပေါင်း လိုက်ပေး လိုက်ရင်တော့ တော်သေးတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
May 25, 2011 at 1:47 pm
ကိုယ်ပိုင်ရေးစာမူတွေတော့ လူတွေက စိတ်မဝင်စားကြဘူးလေ
🙁
ဆူး
May 25, 2011 at 2:30 pm
စိတ်ဝင်တစား ဖတ်ပေးပါတယ်.. တချို့ဟာတွေ မမန်းတာပဲ ရှိပါတယ်။
etone
May 26, 2011 at 7:32 am
အားပေးပါတယ် … ဆူးပြောသလိုပဲ ဝင်မမန်းဖြစ်တာပဲ ရှိတာ … ။
weiwei
May 25, 2011 at 1:49 pm
တချို့တွေက တင်ပြီးသားဆိုတာကို မသိလို့ ကူးတင်ကြတာပဲ … ဒါပေမယ့် တစ်ယောက်ယောက်က သတိပေးလို့ သိသွားပြီဆိုရင် ပြန်တောင်းပန်ပြီး အဲဒီပို့စ်ကို တင်တဲ့သူကိုယ်တိုင်က ပြန်ဖျက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် …
eros
May 25, 2011 at 2:32 pm
မလုပ်ကြပါဘူး မဝေရယ်။ ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက်နေတဲ့ သူတွေလည်းရှိပ။
fatty
May 25, 2011 at 2:39 pm
design ကိုတော့သိပ်မကြိုက်လှသေးဘူးဗျ …။ စာမြည်းက သိပ်အရေးကြီးပါတယ် ..။ ဒီမှာရေးနေကြသူတွေ
က စာရေးဆရာတွေ သတင်းသမား professional တွေမဟုတ်ကြတော့ ခေါင်းစဉ်လေးတခုနဲ့ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး …။ ပြီးတော့ အပေါင်းအနှုတ် ဂဏန်းတွေကို ဦးစား
ပေးလွန်းနေတယ် ..။ ထင်းကနဲဖြစ်နေတယ် ..။ စာကအရေးကြီးပါတယ်ခင်ဗျား ..။ အဲ box ထဲမှာ စာထည့်
တာကလည်း နဲနဲရိုးလွန်းနေတယ်ထင်ပါတယ် ..။
nature
May 25, 2011 at 3:03 pm
ဆန်းဆန်းကလေးဘယ်လိုလုပ်ရင်ကောင်းမလဲ၊ အကြံပေးပါဦး။ လှသထက်လှသွားအောင်လို့။
naywoonni
May 25, 2011 at 3:45 pm
ကော်ပီတင်တဲ့ ပို့စ်တွေကို ပွိုင့်တစ်မျိုး ထားပေးရင် ကော်ပီတင်တဲ့ပိုစ့်နဲသွားမလားပဲ…။ ကိုယ်ပိုင်ရေးကို ပွိုင့် 80 ဆိုရင် ကော်ပီကို 40 လောက်ပဲထားလိုက် ….။ အဲဒိလိုဆိုရင်ကော….။
ဆူး
May 26, 2011 at 3:56 am
ဆူး ထင်တာတော့ ပွိုင့်ကြောင့် ကူးတင်တယ်လို့ မထင်ဘူး။
သူများတွေ တင်တာ မြင်တော့ အသစ်တွေက တင်ချင် စိတ်ဖြစ်ပြီး ရှိတာလေး စမ်းတင်ပြီး လက်တည့်စမ်းတာ ဖြစ်ပါလိမ့်မယ်။ လူဟောင်းတွေက ကူးတင်တာ သိပ်မလုပ်ကြတော့ပါဘူး။
kaungmyat88
May 26, 2011 at 3:01 am
comment တွေ spam ထဲ ရောက်ရောက်နေပါတယ် ။ စာလုံးပေါင်းတွေလည်း မှန်တယ် ဘာလို့လဲ သူကြီး?
ဆူး
May 26, 2011 at 3:22 am
လင့် တွေ ပါနေရင် စပန် ထဲ ရောက်တတ်ပါတယ်။
စပန်ထဲက ကွန်မန်းတွေကိုတော့ သဂျီးက ပြန်ထုတ်ပေးမှ တက်ပါတယ်။
kai
May 27, 2011 at 9:12 am
ဆူးမမပြောတဲ့အတိုင်းပါပဲ..။ လင့်ခ်တွေ ပါရင်..စပမ်းဖြစ်တတ်တယ်။
ဆော့ဝဲတခုက ..အလိုအလျှောက်စစ်နေတာပါ..။
အဲဒါ.. အားရင်အားသလိုဝင်ကြည့်ပြီး ပြန်တင်ပေးနေကြောင်းပါနော…။
nature
May 26, 2011 at 10:14 am
သူကြီးရေ tab တွေမှာစာလေးတွေပါတာသိပ်ကောင်းတာပဲ။
sonicwave
May 26, 2011 at 5:45 pm
ကောင်းပါတယ်ဗျာ အခုလိုလုပ်ပေးတာ ၊ သတင်းစုံလဲ သိရတယ်ဗျ
kai
May 26, 2011 at 11:00 pm
[member-invites-form]
အဲဒီအပေါ်က ကုဒ်ကို ကိုယ့်ပိုစ့်မှာကူးထည့်ပြီး… Form ထဲအသိ-သူငယ်ချင်းအီးမေးလ်လိပ်စာဖြည့်.. ဖိတ်စာပို့လိုက်ရင်..ပို့စ်ပိုင်ရှင်က ပွိုင့်၈ဝ ရတဲ့စနစ်စမ်းထားပါတယ်..။
ရွာသားတွေ.. စမ်းသပ်ကြည့်ပါဦး..။
etone
May 28, 2011 at 3:52 am
ဘယ်လိုဘယ်လို နားမလည်ဘူး … ပြန်ပြောပြပါဦး … နည်းနည်းဝေးလို့ ကားစီးသွားမှ ရမယ် …။
ဆူး
May 28, 2011 at 2:52 pm
စမ်းပြီးပါပြီ.. အီးမေးတော့ ရောက်သွားပါတယ်တဲ့.. ပွိုင့် ၈ဝတော့ ဖိတ်တဲ့ လူမှာ မတိုးပါဘူး။
တကယ်သာ ၈ဝ ရတာ မှန်ရင် လူ ၁ဝ ဆို ၈၀ဝ ၁၀ဝ ဆို ၈၀၀ဝ ဖြစ်နေပြီနော်.. အဲလောက် မရက်ရောနဲ့.. တခါတည်း အများကြီး ထောသွားလို့ ပြန်နုတ်ရခက်နေမယ်။
kai
May 28, 2011 at 7:01 pm
အဲဒီဖိတ်တဲ့သူက.. အဲဒီမေးလ်ကပို့လိုက်တဲ့လင့်ကနေပြီး.. ဒီမှာရွာသားအဖြစ်.. Register လုပ်မှရမယ်ထင်တယ်..။
အဲလိုလုပ်လိုက်ရဲ့လား..။
ဒီမှာရွာသူရွာသား ၄ထောင်ကျော်ရှိတယ်..။ All (4,365) |
ဆာဗာမပြောင်းခင်.. ရွာကြီးကို..လူဦးရေနည်းနည်းတိုးတက်သွားအောင် လုပ်မလို့ပါ..။
အခြေအနေမကောင်းရင်.. အဲဒီစံနစ်ပြန်ရပ်လိုက်တာပေါ့နော..။ 🙂
nature
May 29, 2011 at 2:55 am
အားပေးထောက်ခံပါတယ်သူကြီး၊ အခြေအနေကောင်းမှာပါ။
MaMa
May 31, 2011 at 12:42 am
သဂျီးပေးတဲ့ invite form ကို ကိုယ်ရေးတဲ့ပိုစ့်မှာ ကူးထည့်တော့ form ပုံစံမပေါ်ပဲ member-invites-form အဲဒီစာပဲ ပေါ်နေပါတယ်။ etone က နဲနဲဝေးလို့ ကားစီးသွားမှရမယ်။ ကျမကတော့ များများဝေးလို့ လေယာဉ်နဲ့သွားမှ ရမှာမို့ ရှင်းပြပါဦး။ (ကျမရဲ့ ကြားခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် မှာ ကူးထားတာ ကြည့်နိုင်ပါတယ်။)
ရှူံးနိမ့်မှုများနဲ့.. လူ
May 27, 2011 at 12:15 am
ဟင့်အင်း.. Point ကို စိတ်မဝင်စားဘူး၊ သူကြီးရဲ့ ရဲရဲတောက် ဆုံးဖြတ်ချက်တစ်ခုကိုပဲစိတ်ဝင်စားတယ်.. အရှက်မရှိ Copy ကူးတင်နေတဲ့သူတွေကို သူကြီးကိုယ်တိုင် မချေမှုန်းသမျှ ကမ္ဘာမကြေဘူးမှတ်၊ ကိုယ်ပိုင်ရေးစာမူတွေ နောင်မှာ လျော့သွားနိုင်စရာ ရှိပါစေကြောင်း….
kai
May 27, 2011 at 9:14 am
ဆာဗာပြောင်းပြိးရင်..ချေမှုန်းရေးစမယ်စဉ်းစားထားပါတယ်နော..
လောလောဆယ်တော့…post draft တွေရှိနေတဲ့သူတွေ.. ကိုယ့် draft ကိုယ်ရှင်းကြဖို့.. ပြောချင်ပါတယ်..။
အဲဒါတွေဖျက်ရတာ..အင်မတန်အလုပ်ရှုပ်တာမို ့ပါ..။
eros
May 28, 2011 at 4:13 am
ဘယ်သူလဲကွ သူကြီး ချေမှုန်းရေးစတာနဲ့ အနှုတ်ပေးတာ။ ဒါ ကော်ပီဆိုက်မဟုတ်ဘူးကွ!!!!!!!!!!!!!!!!!!!!!
ဆူး
May 28, 2011 at 2:58 pm
အရင်လို စာပို့ စနစ် ရှိရင်တော့ ကောင်းသား
စာပို့ စနစ်နဲ့ ကော်ပီတွေ ဖော်ဝပ်တွေ ရဲ့ လင့်တွေ တွေ့မိသလောက် စုပြီး ပို့ ပေးထားရင် ကောင်းမလားလို့ တွေးမိတယ်။ ဒါဆို ပြန်ရှာရတာ အများကြီး သက်သာသွားလိမ့်မယ်။ အချိန်လည်း ချွှေတာရာကျတယ်။
စပါးလုံး အစေ့ ၁၀ဝ ကို စာကလေး အကောင် ၅ဝ လွတ်ပြီး ရှာခိုင်းတာနဲ့ တကောင်တည်း ရှာရတာနဲ့ မတူဘူးပေါ့။
MaMa
May 27, 2011 at 2:04 am
သဂျီးပြောတဲ့ ကုဒ်ကို ကိုယ့်ပိုစ့်က ဘယ်နေရာမှာ ဘယ်လိုကူးထည့်ရမလဲ သိချင်ပါတယ်။ Edit လုပ်ပြီး ကူးထည့်ရမှာလား။
kai
May 27, 2011 at 9:09 am
[member-invites-form] ကို တင်တဲ့ပိုစ့်(ကောမန့်မဟုတ်) မှာ ကူးလိုက်ပြီး.. ပါဗလ်စလုပ်ရင်.. အီးမေးလ်ပို့လို့ရတာလေး… တက်လာလိမ့်မယ်..။
အဲဒီမှာ ဖြည့်ပို့ဖို့ပါ..။
Jun 2 2011 – ထပ်ဖြည့်..
ကောမန့်မဟုတ်..ကိုယ်တင်တဲ့ပို့စ်မှာပါနော..။ [ ] လေးတွေပါ ပါအောင်ကူးတင်ပါ..။
ပြီးရင်..အဲဒီမှာ..အီးမေးလ်ဖြည့်အမည်ရေး..စာပို့လိုက်..။
ဒါမှ… ပို့စ်ပိုင်ရှင်က…ပွိုင့်ရမှာ…။
AKKO
May 28, 2011 at 4:32 am
လုပ်ကြည့်ပြီးပြီ ဟမ်းသွားတယ်
etone
June 2, 2011 at 8:38 am
[member-invites-form]
လာလေရော့ ..စမ်းကြည့်ဦးမယ် တခါမှ မအောင်မြင်သေးဘူး
etone
June 2, 2011 at 8:46 am
သဂျီးတွေ့လား ဘာအီးမေးလ်ပို့လို့ရတဲ့ဟာလေးမှ တက်မလာပဲ မန်းထားတဲ့နေရာမှာ ဒီအတိုင်းပေါ်တယ်…
weiwei
May 27, 2011 at 3:17 am
ရန်ကုန်ကနေ အင်တာနက်ကို အချိန်နဲ့ပေးပြီးသုံးရင်းနဲ့ ဂေဇက်မှာ ဖတ်လိုက် ရေးလိုက် မန်းလိုက်လုပ်တာ ၄ လ ကြာပြီးတဲ့နောက် အင်တာနက်ဖိုးလဲ တစ်သိန်းကျော်ရှင်းလိုက်ရပြီးပါပြီ … ပွိုင့်ကိုကြည့်လိုက်တော့ ခုနှစ်ထောင်ကျော်လောက်ပဲ ရနေပါတယ် ….
ဆိုလိုချင်တာကတော့ ပွိုင့်ကအရေးမကြီးပါဘူး (မမက်လောက်ပါဘူး) … စာရေးတဲ့အလေ့အကျင့် … ဆွေးနွေးဖလှယ်တတ်တဲ့ အလေ့အကျင့် … အတုယူသင့်တာ အတုယူတတ်တဲ့ အလေ့အကျင့် … စသဖြင့် တစ်ခုခုနဲ့ စိတ်ကျေနပ်မှုရနေသရွေ့တော့ ဂေဇက်ကို အချိန်ကုန် ငွေကုန်ခံပြီး ရေးဖတ်နေမှာ ဖြစ်ပါတယ် …
Ko Ko Aung
May 27, 2011 at 8:47 am
ဒီဇိုင်းပြောင်းပြီဆိုမှတော့ Page တခုမှာ ခေါင်းစဉ်အရေအတွက် ဒါ့ထက်ပိုပါရင်ကောင်းမှာပဲ။ စာမြည်းလေးလဲ တစ်ကြောင်းလောက်ဖြစ်ဖြစ်ပါနိုင်ရင်ခေါင်းစဉ်တူရင်တောင် အမှတ်မမှားတော့ဘူးပေါ့။
Search ကို Date by Date ရှာလို့ရရင် ကိုယ်မှတ်ချင် မန်းချင် ပြန်ကြည့်ချင်တဲ့ ပိုစ့်ကိုရှာဘို့ စာမျက်နှာအများကြီးမလှန်ရတော့ဘူးပေါ့နော်။
(အဲဒါပြောတာပေါ့ သိကြားမင်းဖန်ဆင်းတဲ့ကျွဲတောင် ဂျိုထောင်သလေး ဂျိုကားသလေး လုပ်ချင်တယ်ဆိုတာ)
kai
May 27, 2011 at 9:16 am
ကလင်ဒါပုံစံလေးနဲ့.. ဝက်ဂျက်တခုတော့တွေ့တယ်..။ အဲဒါတင်လိုက်ရင်ရမယ်ထင်ပါတယ်..။
ဝက်ဘ်ဆိုက်မလေးသွားဘူးဆိုရင်..စမ်းတင်ကြည့်ပါ့မယ်..။
AKKO
May 27, 2011 at 9:40 am
ဆိုက်ရဲ့ နာရီက ဘယ်စံချိန်လဲမသိဘူးနော်… ။ မြန်မာစံချိန်နဲ့တော့ အတော်ကွာနေလို့…
eros
May 27, 2011 at 10:45 am
သူကြီးရေ ကွန်မန့်တွေ များလာရင် အရင်က ကွန်မန့်တွေ ပျောက်သွားတယ်။ ကြည့်လို့မရဘူး။
ဆူး
May 27, 2011 at 10:58 am
ဟုတ်ပါတယ် ဗျို့.. ကွန်မန်းတွေ အရင်လို အရှေ့သွားပြီး နိပ်မရတော့ဘူး။
အသံပေးတာ ဘာမှ ထူးသံ မကြားလို့ တယောက်တည်း ဖြစ်တာ ထင်လို့ အခု အားလုံး ထင်ပါတယ်။ အဟောင်း ပြန်ကြည့်လို့ မရတော့ဘူး။
ဆူး
May 27, 2011 at 1:03 pm
ှသဂျီးရေ.. ခေါင်းစည်းက စာလုံးပေါင်း သတ်ပုံ မှားနေတာ ပြင်အုန်းလေ.. သိသိကြီးနဲ့ မှားနေတာ ရှက်ဖို့ ကောင်းတယ်။ ဒီဆိုက်ကို စဖွင့်တဲ့ လူတယောက် အနေနဲ့ မြင်မြင်ချင်း စာလုံးပေါင်းတွေ မှားနေတာကို မြင်ရင် တော်တော် အထင်သေးသွားလိမ့်မယ်။
nozomi
May 30, 2011 at 8:46 am
ရှေ့ဆုံးမှာ “ စည်းကမ်” “ဤဝဘ်ဆို” ကို ပုံစံသစ် စပြောင်းတဲ့နေ့ကလည်း ပြောထားတာ တွေ့တယ် အခုလည်း ဆူးမမ ကပြောထားတယ် ဘာကြောင့် မပြောင်းတာလဲ သူကြီးကို ဆက်သွယ်မေးကြည့်တော့ မှားနေတာ သူသိပါတယ်တဲ့ ယတြာချေထားတာပါတဲ့ (အပြင်မှာ မယုံဘူးပြောပေမဲ့ စိတ်ထဲမှာတော့ ယုံပါတယ်တဲ့) ရွာထဲမှာ လူများအောင် နာမည်ကြီး ဗေဒင်ဆရာပြောတဲ့ အတိုင်းလုပ်ထားရတာပါ သတ်မှတ်လူဦးရေးပြည့်တဲ့ အခါကျရင် ပြောင်းပေးပါမယ်တဲ့
kai
May 30, 2011 at 9:39 am
အမ်..
အဲဒါ..ဘယ်လိုလုပ်ပြင်ရမလဲ မသိလို့ခင်ဗျ…။
ခုပိတ်ရက်၃ရက်… အလုပ်နည်းနည်းရှုပ်နေလို့… ခဏနော..။
ယတြာအောင်ပြီးရင်..အဲ..အဲ..အချိန်ရရင်… ကြိုးစားရှာပြင်ပါ့မယ်..။ 🙂
nature
June 1, 2011 at 2:58 pm
မပြင်ကတည်းကထင်တော့ထင်ပါတယ် သူကြီးပြင်ဖို့ အခက်အခဲတခုရှိမယ်ဆိုတာ၊ ကျန်တာတွေပြင်သွားတာကတော့ မြန်လည်းမြန်တယ်၊ ကောင်းလည်းကောင်းတယ်။
nature
June 1, 2011 at 2:59 pm
မပြင်ကတည်းကထင်တော့ထင်ပါတယ် သူကြီးပြင်ဖို့ အခက်အခဲတခုရှိမယ်ဆိုတာ၊ ဒါ့ကြောင့် ထပ်မရေးတော့တာ။ကျန်တာတွေပြင်သွားတာကတော့ မြန်လည်းမြန်တယ်၊
ကောင်းလည်းကောင်းတယ်။
nature
May 27, 2011 at 4:08 pm
သူကြီးရေ ၊ Home မှာ post ၃ဝ ပါတာမန့်ချင်တဲ့ပို့စ်ဟောင်း တွေပြန်ရှာရတာ တော်တော်လွယ်သွားတယ်၊ အရင်ထက်အများကြီးအဆင်ပြေသွားတယ်၊
ဒါပေမဲ့ popular မှာ popular up to date နဲ့ popular monthly လို့ခွဲလိုက်ရင်ပိုအဆင်ပြေမယ်ထင်တယ်။
မဟုတ်ရင် popular ပထမစာမျက်နှာမှာ comment 50-100 ရှိတာတွေပဲအမြဲပေါ်နေမှာ။
comment မရှိတဲ့post တွေကိုလည်း unanswered လို့ခွဲပေးထားတာ ကောင်းပါတယ်။
တိုးတက်သောပြုပြင်ပြောင်းလွဲမှုများအတွက် Congratulation ပါသူကြီး။
bigcat
May 28, 2011 at 2:48 am
nature ပြောသလို လစဉ်လူအကြိုက်ဆုံးလို့ ပြောင်းနိုင်ရင်ပိုကောင်းပါမယ်။ ကွန်းမန့်မျာတိုင်း ရှေ့ထားတင်ရင် ပွဲဆူအောင်ရေးတဲ့ပို့စ်တွေ အလွန်အကျွံဖြစ်လာမယ်။ အခုတောင် ဒေါ်စုကိုပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ search123ရဲ့ ပို့စ်က ပေါ်ပြူလာထဲမှာ ရောက်နေတယ်။ အမှန်က သူ့ပို့စ်ကို ဝိုင်းဆဲထားတဲ့ ကွန်မန့်တွေက အများစုဖြစ်နေတာ။ အဲဒီပို့စ်ကိုလည်း လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ရဆိုတဲ့ မူနဲ့ညှိမညှိ ပြန်စစ်ပေးစေလိုပါသည်။
etone
May 28, 2011 at 4:04 am
ပို့စ်တိုင်းမှာ ပို့စ်ကို လူကြိုက်လား မကြိုက်လား လုပ်တဲ့ မဲခွဲတာမျိုးလေး ပါသင့်တယ်ထင်တယ်…။
နောက်ပြီး … လူဘယ်နှစ်ယောက်ဒီပို့စ်ကို ဖတ်လဲဆိုတာ အခုထိ မမြင်ရသေးဘူးနော်… အဟောင်းတုန်းကပါတယ်… ။
eros
May 29, 2011 at 5:13 am
သူကြီးရေ post of the month, ဒါမှမဟုတ် post of the week လုပ်ရင်ကောင်းမယ်။ စည်းကမ်းကတော့ ရွာထဲကလူတွေစုပြီးတိုင်ပင်လိုက်တာပေါ့။
kai
May 29, 2011 at 10:36 am
လကုန်တော့မှာဆိုတော့.. post of the monthလုပ်နိုင်ရင်ကောင်းမယ်..။
နှစ်ချုပ်လိုက်ပြီး.. post of the year ကို မန္တလေးဂေဇက်ဆုပေးချင်မိပါတယ်..။
nature
May 29, 2011 at 1:37 pm
ကောင်းပါတယ်သူကြီး၊ သူကြီးကအကောင်းဆုံး post 15ခုလောက်ရွေးပီး ရွာသားတွေ ၁လ၁ကြိမ် ရွေးကြတာကောင်းမယ်၊ comment အများဆုံး post ရော ၊ အကျိုးရှိ ပြီး အဓိပယ်ပြည့်ဝတဲ့ post ရော သူကြီးကရွေးပြီး post တင်ပါ၊ရွာသားတွေကလည်းပါသင့်တဲ့post ကိုဝိုင်းဆွေးနွေးပါ၊ ရွာသားတွေက like ,dislike သာ မက ဘာကြောင့် ရသင့်တယ်ဆိုတဲ့ reason ကိုပါ ဝိုင်းဆွေးနွေးကြပါ။ ပျော်စရာတခုပါဘဲ။
nature
May 31, 2011 at 11:51 am
post of the month ဆိုရင်လကုန်မှတက်တဲ့post က လဆန်းမှာမန့်လို့မပြီးလောက်သေးဘူး။
weiwei
May 29, 2011 at 11:01 am
ပေးချင်မိပါတယ်ဆိုတော့ မသေချာဘူးပေါ့ … 😛
ပေးဖို့စိတ်ကူးတယ်ဆိုရင်တော့ categories တွေအလိုက်ခွဲပြီး ပေးရင် ပိုကောင်းပါလိမ့်မယ် …
ပွဲဆူတာကို အဓိကမထားပဲ ရည်ရွယ်ချက်၊ အရေးအသားနဲ့ ပြည်သူ့အကျိုးပြုအတွက် အဘက်ဘက်က ပြည့်စုံကောင်းမွန်တာကို ရွေးချယ်သင့်ပါတယ် …
ဒါပေမယ့်လဲ ဒီရွာထဲမှာက လူတွေအမျိုးမျိုးဆိုတော့ … အကြိုက်ချင်း မတူကြဘူးဆိုတော့ …. ရွေးချယ်ရခက်မှာဆိုတော့ … ဆုမပေးတာပဲ ခပ်ကောင်းကောင်းဖြစ်မယ်ထင်ပါတယ် 🙂
Ko Ko Aung
May 30, 2011 at 6:31 am
ကျွန်တော့်အခက်အခဲလေး တစ်ခုလောက်ပြောချင်ပါတယ်။
ဒီဆိုက်ရဲ့ ကောင်းတာတခုက အများအကျိုးစီးပွားနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေး လူမှုရေး စီးပွားရေး ဘာသာရေးကိစ္စများကိုလဲ (နည်းလဲမနည်း များလဲမများပဲ) မကြာခဏ ပိုစ့်တင်ကြတယ်။
ပိုစ့်တင်သူတချို့က လေးစားလောက်အောင် လက်ရာကောင်းသလို ဝိုင်းမန်းကြတဲ့ အမာခံရွာသားတွေကလဲ တကယ်ပြည့်တဲ့သူတွေ တော်တော်ပါတယ်။
ကျွန်တော်လဲ မနေနိုင်လို့ ဝင်ဝင်ပြောမိတဲ့အခါ ကိုယ့် comment ကြီးကရှည်သွားတတ်ပြီး ကောင်းကောင်းလဲမထိ ပိုစ့်နဲ့လဲလမ်းလွဲသွားပြီး မရှေးမနှောင်း ဝိုင်းမန်းကြတဲ့ comments တွေနဲ့လဲမလိုက်ဖက်တော့ဘဲ ဖြစ်နေတတ်တယ်။ ဖြစ်နိုင်ရင် ပိုစ့်တခုကို comments လေးတွေဖြတ်ဖြတ်ပြီး ပေးချင်တယ်။ အဲသလိုလုပ်ရင်လဲ ပွိုင့်လိုချင်လို့ဖြစ်ဦးမယ်။
တကယ်လို့များ ပိုစ့်တခုကို ကွန်မန့်တခုထက်ပိုရင် ပိုတဲ့ကွန်မန့်ကို ပွိုင့်မပေးဘူးဆိုရင် သိပ်ကောင်းမှာပဲ။
kai
May 30, 2011 at 9:48 am
ပိုစ့်တခုကို ကွန်မန့်တခုထက်ပိုရင် ပိုတဲ့ကွန်မန့်ကို ပွိုင့်မပေးဘူးဆိုတာကိုလုပ်မလို့.. စဉ်းစားနေပါတယ်..။
ရွာသားတွေရေးတာ.. ဒီထက်နည်းနည်းပိုစေချင်သေးတယ်..။
အဓိက ကတော့.. နိုင်ငံတကာက ရွာသားတွေဝင်ဖတ်နေတာတော်တော်တွေ့ရပေမဲ့.. ဝင်မန်းကြတာသိပ်မတွေ့ရလို့ပါ..။
သူတို့တွေဝင်လာအောင်.. တခုခုလုပ်ဖို့စဉ်းစားနေတာပဲ..။
အကြံလေးများ ပေးကြပါဥင်္ီး..။
nature
May 30, 2011 at 12:21 pm
ကျနော်လည်း အစက member မဝင်ပဲဖတ်နေတာပါ၊ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ post ကလေးတွေ comment မရှိပဲ ပျောက်သွားတာတွေမကြာခဏတွေ့ရတာနဲ့ ကိုယ်ကြိုက်တဲ့ post လေးတွေကို အားပေးဖို့ ရောက်လာတာပါ။
MaMa
May 30, 2011 at 1:10 pm
(ပိုစ့်တခုကို ကွန်မန့်တခုထက်ပိုရင် ပိုတဲ့ကွန်မန့်ကို ပွိုင့်မပေးဘူးဆိုတာကိုလုပ်မလို့.. စဉ်းစားနေပါတယ်..။)
ပိုစ့်တစ်ခုကို တစ်ယောက်တည်းက ၂ခါ၊ ၃ခါ ကွန်မန့်ပေးတာကို ပြောတာလို့ ထင်ပါတယ်။
(နိုင်ငံတကာက ရွာသားတွေဝင်ဖတ်နေတာတော်တော်တွေ့ရပေမဲ့.. ဝင်မန်းကြတာသိပ်မတွေ့ရလို့ပါ..။)
မြန်မာလက်ကွက် မရိုက်နိုင်တာကလည်း အခက်အခဲတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ဧရာဖောင့်ကို DVB မှာ ကြော်ငြာနေတာတွေ့တယ်။ အဲဒါပြောင်းသုံးရင်များ ဝင်လာကြမလား မသိး
nature
June 1, 2011 at 11:23 am
comment ၁ခုတည်းတော့နည်းပါတယ်သူကြီးရေ။ ၂ခု (သို့) ၃ခု လောက်ဆိုမဆိုးဘူးထင်တယ်။
antimoe
June 11, 2011 at 3:48 pm
>နိုင်ငံတကာက ရွာသားတွေဝင်ဖတ်နေတာတော်တော်တွေ့ရပေမဲ့.. ဝင်မန်းကြတာသိပ်မတွေ့ရလို့ပါ..။
မြန်မာဖောင့်ရိုက်တာ…အဆင်မပြေလို့များလား။ ထင်တာပြောတာနော….။
eros
May 30, 2011 at 12:25 pm
သူကြီး နိုင်ငံတကာ ကဆိုတာသေချာလား။ ကျုပ် IP address ကြည့်လိုက်တိုင်း ဟောင်ကောင်ချည်းပဲ တွေ့နေရတယ်။ နိုင်ငံတကာ ကလူတွေ က လူတွေ ဝင်မမန်းတာ ဘာလို့လဲဆိုတာ အဖြေမရှာနိုင်ပေမည့် မန်းစမရှိသေးတာလို့ ထင်ပါတယ်။ နောက်တခုက နိုင်ငံခြားက ပိုစ့်တင်တာတွေ မရှိသေးဘူးဗျ။ ဆိုလိုတဲ့ သဘောကဗျာ သူကြီးဆိုရင် US ကဆိုတော့ US အကြောင်းတွေရေး ဥပမာ ခရီးသွားဆောင်းပါး၊ ဟိုဟိုဒီဒီ တိုတိုထွာထွာပေါ့ဗျာ။ ပြည်တွင်းက လူတွေက မန်း ပြည်ပကလူတွေက ပြန်မန်း ပြန်ရှင်းဆိုရင် ပိုရောက်လာမလားပဲ။ ဒီတော့ International post ကနေ စရင်ကောင်းမယ်ထင်တယ်။
bigcat
May 30, 2011 at 8:06 pm
ခေါင်းစဉ်tab တွေက ပေးထားတဲ့ စပေ့စ်ထက်ပိုများနေလို့ မပြည့်မစုံဖြစ်နေတာ ထင်တယ်။ ဒီတော့ ဘာလုပ်သင့်သလဲ၊ လွယ်ပါတယ်၊ ‘စည်းကမ်းဆိုတဲ့ စာလုံးကို စီးကံး’။ ‘ဤဝဘ်ဆို ကို အီဝဘ္စိုက်’ လို့ပြင်လိုက်ရင် ပြီးရောပေါ့…
သင်ခန်းစာ။ မိုဟာမက်က တောင်ကြီးဆီမသွားနိုင်ရင် တောင်ကြီးကို မိုဟာမက်ဆီ ရောက်အောင်ရွှေ့ပါ။
nature
May 31, 2011 at 11:33 am
သူကြီးရေ ၊ကိုယ့် post ထဲဝင်မန့် သူတွေရဲ့စာကို post တင်တဲ့သူကပြင်လို့ရနေတယ်သူကြီး၊ အဲဒါကောင်းပါ့မလား။
comment များသွားရင် page 1,2,3 ဆိုပြီးမပေါ်တော့ အဟောင်းတွေပြန်ဖတ်လို့မရဘူး။
hmee
June 1, 2011 at 1:31 pm
သူကြီးရေ ခေါင်းစဉ်တစ်ခုကို ပို့စ် နှစ်ခုတက်နေတယ်။ တဝက်တပျက်ပို့စ်ကို ပြန်ဖျက်ပေးပါဦး။ မလုပ်တတ်တော့ဘူး။ သူကြီး ကယ်ပါ။
maythakhin
June 1, 2011 at 3:23 pm
Kai ဆိုသော………သူကြီးရေ ဘာမှန်းမသိတဲ့ (လုပ်ကြံသော အခြေအမြစ်မရှိသောမဟုတ်ကဟုတ်က၊ အဆင့်တန်းရှိချင်ယောင်ရေးသားထားသော) ပိုစ့်တွေထက်တက်နေပြန်ပြီ။ မေတို့ကတော့ အလုပ်တွေ မအားလပ်တဲ့ကြားထဲက မန်းဇက်ကို လေးစားချစ်ခင်မှုတွေနဲ့ ဝင်ဖတ်ရတာ။ ဒီဇာတ်လမ်းတွေ မဆုံးနိုင်သေးတာ သူကြီးအာဏာမတည်တာကို ဖော်ပြနေသလိုပဲ။မဖတ်ချင်လို့ ကျော်ဖတ်နေရလည်း အာရုံနောက်နေရတယ်။ မှန်တာကို ပြောတာပါ။မေပြောတာ မကြိုက်ရင်လည်း သူကြီး dislike လုပ်လိုက်ပါ။နဂို က အေးအေးနေတတ်ပေမဲ့ ဒါမျိုးးတွေတွေ့ရလိ်ု့ မပြောရရင်မနေတတ်တာ ကတော့ ကျွန်မရဲ့ သဘာဝဖြစ်နေတာ ကို ခွင့်လွှတ်ပါလို့ မပြောချင်တော့ဘူး
nigimi77
June 11, 2011 at 3:36 pm
ခုမှ သေချာကြည့်မိတော့ ဒေါ်ဂွက်ထော် လေသံနဲ ့ပါလား။
xman
June 2, 2011 at 3:18 am
သူကြီးရေ
ကျွန်တော်တင်လိုက်တဲ့ “ဆိုစများလျှား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့ ” ဆိုတဲ့ပိုစ့်လေးကို
တက်လာတာမတွေ့ရပါဘူး။ comments by post ဆိုတဲ့နေရာမှာတော့ တရက်လောက် ပါပြီးပျောက်သွားပါတယ်။ ကြည့်ရတာ အငြင်းပွားစရာအကြောင်းအရာမို့ သူကြီးတို့ ဖျက်လိုက်တယ်ထင်ပါတယ်။ အဲသည်ထဲက အကြောင်းအရာလေးက ကျွန်တော် ပြန်ရေးပြဘို့ ဝတ္တရားရှိနေပါတယ်။ သူကြီးတို့ admin ကလက်ခံနိုင်တဲ့ပုံစံလေး သိခွင့်ရမလား?
bigcat
June 2, 2011 at 3:32 am
ရှိပါဒယ် ဆရာမှားရဲ့။ ဘာသာရေးပို့စ်ဖြစ်လို့ ပင်ပစာမျက်နှာပေါ် မတက်တာပါ။ Tag မှာ ဘာသာရေးဆိုရင် ညာဖက်ထောင့် category religion/ buddhism အောက် သွားရှာမှ ရမယ်။ သဂျီးက ဘာသာရေးပို့စ်တွေကို ပင်မစာမျက်နှာမှာ အော်တိုတင်ပေးလိုက် ဖျောက်ထားလိုက် သူ့အာရုံရသလို လုပ်နေတာပဲ။ သဂျီးကတော်နဲ့ ကြည်နေရင်တမျိုး၊ ရန်ဖြစ်ထားရင် တမျိုးလေ၊ သိတယ်မဟုတ်လား၊ ဟိုဒင်းကိုမနိုင်တော့ ဟိုလူ့ကိုမဲတယ်ဆိုတာ…..
http://myanmargazette.net/50343/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen/comment-page-1#comment-79977
manawphyulay
June 2, 2011 at 5:00 am
Profile မှာ ပုံချိန်းလို့မရဘူးဖြစ်နေတယ် သဂျီးရယ်။ ဘယ်လိုပဲ လုပ်လုပ် မရတာ ဘာကြောင့်ပါလဲရှင်…..
kai
June 2, 2011 at 9:04 am
ပုံကသေးသေးလေးဖြစ်ရမှာနော..။
တလက်မပတ်လည်လောက်အရွယ်ပဲရမှာ…။
xman
June 2, 2011 at 5:05 am
အဲ ပြန်တွေ့ပါပြီ
ကျေးဇူးပါ ကိုကြောင်ကြီးရေ
etone
June 2, 2011 at 8:49 am
ဆိုက်ကိုဝင်ဝင်ချင်း လော့အင်လုပ်လို့ရတဲ့ အပေါက်လေးပျောက်သွားကတည်းက လော့အင်လုပ်ဖို့ နောက်ပေ့ချ်တခု စောင့်ရတယ် …အဲ့ဒါလေး ပြန်လုပ်ပေးပါလို့ ပြောထားတာကို သဂျီး မသိချင်ယောင်ဆောင်နေပါတယ်ဗျို့ …….. ++++
ဆူး
June 2, 2011 at 3:18 pm
သဂျီး ကလိနေတာလား.. သူ့ဟာသူ ဖြစ်တာလားတော့ မသိဘူး..
အခုပဲ ပိုစ်တင်တာ.. Categories ဆိုတာ မရှိတော့ဘူး.. အားလုံး ပြောင်ရှင်းရှင်းကြီး ဖြစ်နေတယ်။
အဟောင်းတွေမှာလည်း တခုမှ မရှိတော့ဘူး။
သိအောင် လာပြောပြတာပါ။
kai
June 2, 2011 at 6:20 pm
ဆူးမမကို ကျေးဇူးတင်ပါတယ်ကွယ်..။
ဆာဗာကို လှမ်းပြောလိုက်တာ… သူတို့တဆင့်ထပ်မြင့်ပေးလိုက်တယ်..။
Database သုံးတာများလို့.. ဖြစ်တာတဲ့..။
နောက်ဆို… ရွာသားတွေ.. ပို့စ်တခုကို.. Category တခုပဲရွေးပြီး..tag တွေလည်း အရှည်ကြီးမထည့်ပါနဲ့လို့..။
MaMa
June 4, 2011 at 8:53 am
သဂျီးရေ- profile ပြင်ပြီးကာမှ ကွန်မန့်တွေရေးပြီး submit လုပ်လိုက်ရင် hang သွားလို့ မတက်သေးဘူးထင်ပြီး ထပ်လုပ်ရင် ၂ခါတက်သွားတတ်တယ်။ (တော်ကြာ ချာတူးလန်နဲ့ တွေ့နေမှာစိုးလို့ သဂျီးကို အရင် တိုင်ထားတာ။) 🙂
mihninlay
June 4, 2011 at 9:07 am
သဂျီးရေပို ့စ်တင်တာပွိုင့်တွေကတိုးသွားပြီးမတက်ဘူးဖြစ်နေတယ်နောက်တစ်ခါထပ်တင်ရင်လဲပွိုင့်တိုးမှာစိုးလို ့ ကူညီပေးပါအုံး
ဆူး
June 4, 2011 at 3:34 pm
သဂျီးရေ.. ဒီနေ့ ဆိုက် တခုခု ထပ်လုပ်ထားသေးလား မသိဘူး.. firefox နဲ့ ရွာကို ဝင်မရဘူး ဖြစ်နေတယ်။
လိုင်းကျသလို ပုံစံမျိုး ဖြစ်နေတယ်။ IE နဲ့ ကြည့်ရင် စာတွေ အကုန်မမြင်ရလို့ Firefox လေး အားကိုးပြီး သုံးနေရပါတယ်။
ဟိုးအရင်က လိုင်းကျကျသွားတဲ့ အဲရာလိုမျိုး.. firefox နဲ့ ပင်မ စာမျက်နှာမှ လွဲပြီး တခြားဟာ လုံးဝကို မတက်ဘူး ဖြစ်နေတယ်။
nature
June 5, 2011 at 6:55 am
သူကြီး post တင်ရင် save draft မတွေ့ဘူး။ “ရှားလော့ဟုမ်းနဲ့ ဘောင်ဒရီလမ်း လူသတ်မှု” တင်မလို့။ ထပ်ရေးထားတာတွေ တချို့ ပျောက်ကုန်လို့ထပ်မရေးရဲဘူး။
nature
June 5, 2011 at 4:33 pm
သူကြီး …ဗျို့…..သူကြီး ……save draft လုပ်မရဘူး။
nature
June 5, 2011 at 7:25 am
(နတ် ဗေဒင်အယူအဆ နှင့်မြတ်ဗုဒ္ဓအမြင်)…မှာ post အဟောင်းထဲကစာအချို့နဲ့ comment ရေးထည့်လိုက်တာ ပျောက်ကုန်တယ်။ ၅ခါ ၆ခါရှိပြီ။ မရဘူး။
ဆူး
June 5, 2011 at 11:05 am
အဲဒါ နတ်ဖွက်ခံရတာပါကွယ်။ နေးချားကြီး လိပ်မတင်လို့ ဖြစ်ပါလိမ့်မယ်။
kai
June 6, 2011 at 7:58 am
နောက်ဆိုတင်လို့မတက်ရင် သေသေချာချာ ထပ်ရှာပါနော.။ အားနဲ့ ထပ်ထပ်မလုပ်ပါနဲ့..။
ဘာသာရေးနဲ့ဆိုင်တဲ့ပို့စ်တွေ.. တခါတလေ.. ရှေ ့စာမျက်နှာမှာမပေါ်အောင်လုပ်ထားပါတယ်..။
အောက်မှာ ကိုရင်ကြောင်းကြီး.. ရေးထားတာ.. အပေါ်ကမန်းထာတာလေးတင်..။
bigcat says:
ရှိပါဒယ် ဆရာမှားရဲ့။ ဘာသာရေးပို့စ်ဖြစ်လို့ ပင်ပစာမျက်နှာပေါ် မတက်တာပါ။ Tag မှာ ဘာသာရေးဆိုရင် ညာဖက်ထောင့် category religion/ buddhism အောက် သွားရှာမှ ရမယ်။ သဂျီးက ဘာသာရေးပို့စ်တွေကို ပင်မစာမျက်နှာမှာ အော်တိုတင်ပေးလိုက် ဖျောက်ထားလိုက် သူ့အာရုံရသလို လုပ်နေတာပဲ။ သဂျီးကတော်နဲ့ ကြည်နေရင်တမျိုး၊ ရန်ဖြစ်ထားရင် တမျိုးလေ၊ သိတယ်မဟုတ်လား၊ ဟိုဒင်းကိုမနိုင်တော့ ဟိုလူ့ကိုမဲတယ်ဆိုတာ…..
http://myanmargazette.net/50343/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen/comment-page-1#comment-79977