Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဖမြန်မာပြည် တည်ထောင်ဖို့..

kaiFebruary 4, 20113min39719

Mizzima မှာသတင်းလေးတွေ့လိုက်တော့ ရေးစရာတွေရှိတာနဲ့ တင်ပေးလိုက်တာပါ။
တရုတ်ပြည်ကြီးကလည် းနှစ်တော်တော်ကြာကတည်းက ဒါမျိုးလုပ်ဖူးတယ်။ ဒီလိုနဲ့ နောက် ဆယ်စုနှစ်တွေ ကျိုးကျတော့ အခုတရုတ်ပြည်ကြီးကို မြင်ရတာပါပဲ.။
ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံးနိုင်ငံကြီးဖြစ်နေပြီပေါ့..။

မြန်မာတွေလည်း .ကမ္ဘာအနှံ ့ပြန်ကျဲရောက်နေကြတာပါ။ ပညာရေးဆက်လုပ်နေသူတွေလည်း ရှိပါတယ်။
ဒေါက်တာရိတ် အဆင့်တွေလည်းရှိပါတယ်.။ ဒီလိုလူတွေရဲ့ အတွေ့အကြုံတွေ ပညာတွေ။ ငွေကြေးအရင်းအနှီးတွေ နဲ့ မြန်မာပြည်ကြီး ပြန်လည်တည်ထောင်ဖို့ အတွက် သုံးသင့်တာပေါ့..။

ဒီအတွက် .. သတိတရနဲ့ ဥပဒေတင်သွင်းပေးမဲ့  ဦးသိန်းညွန့်ကို ကြိုဆိုလိုက်ပါတယ်။
ဒိကိစ္စကို ရွာသားတွေက နည်းနည်းတော့ ဆွေးနွေးပေးကြည့်ကြစေချင်တာပါပဲ..။

အမိမြန်မာပြည်ခမြာ .. လွတ်လပ်ရေးရပြီးကတည်းက .. နှစ်တွေသာကြာလာတယ်.. ဒဏ်ရာတွေနဲ့ အဖွားအိုဖြစ်သွားခဲ့ပြီမို ့… ဂျာမန်တွေလိုပဲ.. ခန့်ခန့်ငြားငြား.. အဖမြန်မာပြည် ရယ်လို့ ခေါင်းစဉ်ပြင်တပ်ထားလိုက်ပါတယ်..။

China targets top talent from overseas

Package aims to entice high-flyers back home. – Jane Qiu

China has announced a nationwide plan that promises top salaries and attractive funding to elite researchers who are working overseas and willing to return to the country. The plan, known as the one-thousand-talents scheme, aims to boost China’s innovation capability. But critics say that its success will depend on whether domestic talent gets similar support, and whether the country’s science infrastructure can be reformed.

“The scheme sends a strong signal that the Chinese government values talented people from overseas and welcomes their contribution in key areas of research development,” says Zhanqing Li, an atmospheric scientist at the University of Maryland in College Park.

The plan, announced this month by the country’s top personnel administration, targets people with full professorships or the equivalent in developed countries. It offers a relocation package of 1 million renminbi (US$146,000) per person, with salaries and research funding left to universities and institutes to sort out.

Previous approaches — such as the Chinese Academy of Sciences’ one-hundred-talents scheme and the education ministry’s Yangtze River Scholar Scheme — have lured more than 4,000 researchers, mostly at postdoctoral or assistant-professor levels, back to the country in the past fifteen years.

Time for change

The new scheme “wouldn’t have worked just a few years ago”, says Muming Poo, a neuroscientist at the University of California, Berkeley, and director of the academy’s Institute of Neuroscience in Shanghai. But given pressures on funding in the developed world, China can offer researchers comparable, if not better, support.
Read more: http://www.nature.com/news/2009/090128/full/457522a.html

ပြည်ပရောက် ပြန်လာရေး ဦးသိန်းညွန့် တင်သွင်းမည်

မျိုးသိဏ်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ဝ၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ နိုင်ငံရပ်ခြားရောက် မြန်မာများ၏ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်တွင်း ယနေ့ တင်ပြသွားမည်ဟု နေပြည်တော်ရောက် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က မနေ့က ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားသို့ ရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာခွင့်ရရှိရေးအတွက် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ပြဿနာနှင့် ပတ်သတ်၍လည်း တင်ပြသွားမည်ဟု ဦးသိန်းညွန့်က မနေ့က မဇ္ဈိမကို ပြောသည်။

“မနက်ဖြန် လွှတ်တော်ထဲမှာ  လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ ထုတ်ပြန်ဖို့နဲ့ နိုင်ငံခြား စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ် ဥပဒေတွေရုပ်သိမ်းဖို့ ကိစ္စတွေ မနက်ဖြန်လုပ်မှာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဆိုတာ နိုင်ငံခြားရောက်နေတဲ့လူတွေ ဗမာပြည်ပြန်လာဖို့အတွက် လုပ်တာပါ။” ဟု ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

အန်အယ်လ်ဒီ NLD ပါတီဝင်ဟောင်း ရှေ့နေတဦးဖြစ်သူ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကိုယ်စားပြုပြီး သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်အရွေးခံ အနိုင်ရခဲ့သူ ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပါတီတွင်း ငွေစာရင်းကိစ္စများ မီဒီယာတွင် ပြောဆိုခဲ့ခြင်းကို အကြောင်းပြု၍ အန်ဒီအက်ဖ် NDF ပါတီက သူ့အား ပါတီမှ ထုတ်ပယ်ခဲ့သည်။

ယခုလွှတ်တော်အတွင်း လွှတ်တော်တွင်း ဒီမိုကရေစီအင်အားစုများ အားနည်းနေကြောင်း၊ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်ခဲ့ပါက  ယခုအခြေအနေမျိုး မဖြစ်နိုင်ကြောင်း ဦးသိန်းညွန့်က ပြောဆိုသည်။

အန်အယ်လ်ဒီပါတီတွင် ပြန်ကြားရေးတာဝန်ခံတဦးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ဦးဝင်းတင်အမှုတွင် ရှေ့နေ လိုက်ပေးခဲ့သူ တဦးလည်း ဖြစ်သည့် ဦးသိန်းညွန့်က လွှတ်တော်တွင်း ယင်းသို့ ဒီမိုကရေစီအင်အားစုများ နည်းနေရခြင်းမှာ အန်အယ်လ်ဒီပါတီ ဦးဆောင်သူတဦးဖြစ်သည့် ဦးဝင်းတင်၏ မှားယွင်းသော မဟာဗျူဟာကြောင့် ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။

“လွှတ်တော်ထဲမှာ အတိုက်အခံ အင်အားစုတွေ နည်းနေတာကတော့ ဦးဝင်းတင်နဲ့ ပတ်သတ်တဲ့သူတွေရဲ့ မှားယွင်းတဲ့ မဟာဗျူဟာကြောင့်ပေါ့။” ဟု ဦးသိန်းညွန့်က ဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သည့် မင်းကိုနိုင်နှင့် ကိုကိုကြီး စသူတို့ လွတ်မြောက်ရေးအတွက် သူ့အနေဖြင့် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။

ဦးသိန်းညွန့်သည် သူရှေ့နေလိုက်ပေးသည့် အမှုတခုတွင် တရားရုံးအား မထေမဲ့မြင် လုပ်သည်ဟု စွတ်စွဲခံရပြီး  ၂၉.၆.၂ဝဝရ ခုနှစ်တွင် ရှေ့နေလိုင်စင် ၂ နှစ် ရုတ်သိမ်းခြင်းခံခဲ့ရသည်။ တရားရုံးက ရှေ့နေလိုင်စင် ၂ နှစ် ပိတ်သိမ်းသည်ဟု အမိန့်ချခဲ့သော်လည်း အမိန့်ချအပြီး ၃ နှစ်နှင့် ရ လအကြာ ၂၈.၁.၂ဝ၁၁ ခုနှစ်မှ နေပြည်တော် တရားရုံးချုပ်က လိုင်စင်ပြန်ပေးခဲ့သည်။

“သင်္ကန်းကျွန်း ၅ (က) ရပ်ကွက်က ဆင်းရဲသားတွေကို ထောင် ၄ လချတဲ့ အမှုမှာ အဌမအကြိမ် တရားသူကြီး ညီလာခံမှာ အရင်တရားသူကြီးချုပ် ဦးသိန်းမောင် ပြောခဲ့တာကို ကိုးကားပြီးတော့ ‘တရားကို မတရားလုပ်ရင်၊ မတရားတာကို တရားတယ်လုပ်ရင် တိုင်းပြည်ပျက်မယ်’ လို့ ကျနော်ပြောခဲ့တာကို တရားရုံးကို မထေမဲ့မြင် ပြုတယ်ဆိုပြီးတော့ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်မှုနဲ့ လုပ်ခဲ့တာပါ။ အဲ့လိုလုပ်တာ ကျနော့်ကို လိုင်စင် ပိတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တဲ့အတွက် အဲ့တုန်းက အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက နယက ဥက္ကဌဆီကို ကန့်ကွက်စာပို့ခဲ့ပါတယ်။”ဟု သူက မဇ္ဈိမကို ပြောသည်။

၂ နှစ်ပြည့်သော်လည်း လိုင်စင် ပြန်မရသဖြင့် ၂ဝဝ၉ ခုနှစ်ကတည်းက လိုင်စင်ကိစ္စအတွက် အကြိမ်ကြိမ် စာဖြင့် တင်ပြခဲ့သော်လည်း မရခဲ့ကြောင်း၊ ယင်းသို့တင်ပြခဲ့သည်မှာ ၅ ကြိမ် ၆ ကြိမ်ထက် မနည်း ရှိကြောင်း သိရသည်။ ယခု လွှတ်တော်ကိစ္စဖြင့် နေပြည်တော်သို့အရောက် ဇန်နဝါရီ ၂ရ ရက်နေ့တွင် တရားသူကြီးချုပ်ရုံးသို့ ထပ်မံသွားတင်ပြခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်နေ့ကမှ တရားရုံးချုပ် ရှေ့နေလိုင်စင် ဌာနက သူ့ကို လိုင်စင် ပြန်ပေးခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

လွှတ်တော်တက်ချိန်တွင် ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဝတ်ဆင်လေ့ရှိသည့် လည်ကတုံးအဖြူ၊ ပင်နီတိုက်ပုံနှင့် ကချင်လုံချည် ဝတ်ဆင်တက်ရောက်ခဲ့ပြီး ယင်းသို့ဝတ်ခြင်းနှင့်ပတ်သတ်၍ ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“ကဗျာဆန်ဆန် ပြောရရင်တော့ဗျာ အန်အယ်လ်ဒီရဲ့ အလွမ်းအိပ်မက်တွေကို ပုံစံတမျိုးနဲ့ ကျနော် ဖော်လိုက်တာပါပဲ။”

Credit: Mizzima
http://www.mizzimaburmese.com/news/inside-burma/6841-2011-02-03-11-55-09.html

19 comments

  • weiwei

    February 4, 2011 at 2:41 am

    တကယ်လုပ်နိုင်ရင် ကောင်းတာပေါ့ ..
    အမိမြန်မာပြည်က အိုမင်းနေပေမယ့် မိခင်မေတ္တာအပြည့်နဲ့ နွေးထွေးနေဆဲပါ …

    • kai

      February 4, 2011 at 8:38 am

      မြန်မာပြည်ကို ..အမိလို့ ဘယ်သူကစခဲ့တယ်တော့ မသိ..တော်တော်ကြာပြီလို့ ထင်ရပါတယ်..။
      ဆိုတော့.. ဒါက ပထမအကြိမ်လွတ်လပ်ရေးရပြီး .. အမိက အသက်ကြီးလာတယ်ဆိုပါတော့..။
      အဲဒီမှာ .. ဧရာဝတီနဲ့ရပြီး မွေးလာတဲ့သားတယောက်ရှိခဲ့တယ်ဆိုပါတော့..။ တဦးတည်းသားဆိုတော့ ..မိခင်မေတ္တာအပြည့်ရတာပေါ့..။
      အဲဒီသားက .. အခု ကျုပ်တို့ မျိုးဆက်မှာ ..အဖဖြစ်သွားပြီဆိုပါစို့..။

      အဲဒီတော့ .. ၂၁ရာစုမှာ ..အဖမြန်မာပြည်.. 🙂

  • Bayote

    February 4, 2011 at 2:54 am

    နောက်၄နှစ်စောင့်ရတော့မှာပါလား။ဦးဝင်းတင်လည်းမမှားပါဘူး။
    သူတို့လုပ်တာ ၁၀၀% မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၈၈ လိုပြန်အဖြစ်စေခံမလား။ NLD နိုင်ယင် လွှတ်တော်မခေါ်ဘဲ တစ်ခုခု လုပ်ပါလိမ့်မယ်။ အနည်းဆုံး ၁ဝနှစ်လောက်အချိန်ဆွဲမယ်။ အခု၄နှစ်ကို NLD လူကြီးတွေ စောင့်ကြည့်တယ်လို့မျှော်လင့်ရပါတယ်။ စစ်အစိုးရမဟုတ်ဘဲ။ လွှတ်တော်အစိုးရ ဖြစ်သွားတဲ့အတွက် NLD အနေနဲ့ ပို လှုပ်ရှားရ လွယ်မယ်လို့ မျှော်လက်ံရပါတယ်။ ၄နှစ်လောက်ကို အပြင်ကနေစောင့်ကြည့်ပြီး နောက်ရွေးကောက်ပွဲဝင်ပြိုင်ခြင်းကပိုသင့်တော်ပါတယ်။

    • kai

      February 4, 2011 at 8:46 am

      ၅ နှစ်သက်တန်းလို့ မှတ်မိတာပဲ..။
      သမ္မတက .. ၅နှစ် ၂ကြိမ်သက်တန်းပဲရွေးခံခွင့်ရှိတယ်..။ ဆိုတော့ .. အခုလိုမပြုတ်မခြင်း ဆက်ရှိ.. ..အာဏာရှင်ကြီးတွေတော့ မဖြစ်တော့တာသေချာပါတယ်..။
      လွန်လှ ၁ဝနှစ်မှာ တယောက်လဲရမှာပဲ..။

      အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ဒီတခေါက်ရွေးကောက်ပွဲမှာ .. ဝင်မပြိုင်တာတော့ ..မှန်တယ်ထင်ပါတယ်..။
      ဝင်ပြိုင်ရင်..နိုင်ကောင်းနိုင်နေမှာဖြစ်ပြီး..နိုင်ရင်.. ပြသနာတွေတောက်လျှောက်တက်ဦးမှာမို ့ပါ..။

      အခုတော့ .. ပြည်တွင်းမှာပဲနေ.. ပြည်ပရောက်အင်အားတွေပြန်စု.. နောက်၅နှစ်ကို စောင့်ပေါ့..။
      ကံကောင်းရင်. .နောက်၅နှစ်မှာ .. ယူအက်စ်လိုပဲ.. လွတ်တော်ထဲ… အတိုက်အခံပါတီကြီး၂ခုထဲဖြစ်သွားနိုင်တယ်..။
      အဲဒီလို နဲ့ ..အပြန်အလှန်ထိမ်းညှိသွားရင် ..မြန်မာပြည်တိုးတက်မှာပဲ..။

  • bigcat

    February 4, 2011 at 3:04 am

    ဦးသိန်းညွှန့်ခင်ဗျား.. လွှတ်တော်ထဲမှာကမဲ့ ရုပ်သေးပြဇာတ်ထဲမှာ ဘယ်နေရာက ပါဝင်အသုံးတော် ခံဖို့ရှိပါသလဲ။ ကိုယ့်အမှားကိုယ်မမြင်သေးရင် အန်အယ်ဒီဆိုတဲ့ နာမည်ကို မသုံးသင့်တော့ပါ။
    ဆြာခိုင်ရေ
    လွှတ်တော်နဲ့ အစိုးမရသစ်ကို မျှော်မနေနဲ့ဗျ။ လည်ပင်းကြီး တတောင်လောက် ရှည်ထွက်လာမယ်။ သူတို့ကသာ စစ်မှန်တဲ့၊ အနှောင်အဖွဲ့ကင်းတဲ့ လိုက်လျောမှုမျိုး ပြခဲ့ရင် မန်းဂေဇက်မန်ဘာတွေ ရထားတဲ့ ပွိုင့်တွေကို တပွိုင့်တဒေါ်လာနှုန်းနဲ့ လဲပေးလိုက်မယ်။

    • bigcat

      February 4, 2011 at 5:52 am

      ဘယ်လဒူလဲကွ ငါမန်းထားတာကို မကြိုက်ဘူးပေးတာ။ ကိုယ့်ဖာသာကိုယ် အေးအေးရေခဲတိုက်ထဲမှာ သွားနေစမ်းပါ။ ကြောက်တတ်ရင် စားဖားတွေ၊ ပုတ်သင်ညိုတွေ၊ လင်းတလိုကောင်တွေ ပို့ပေးလိုက်မယ်။
      လုပ်ကြပါအုံးဗျို့ ကျုပ်ရေးထားတဲ့ ကွန်းမန့်ကို thumb down တွေလုပ်ထားလို့ ပျောက်ရပါတော့မယ်။ မိတ်ဆွေဒီမိုသမားများ thumb up လေးဝိုင်းတင်ပေးကြပါအုံး။ တခါထဲ ခြံစည်းရိုးပေါ်ခွထိုင်တဲ့ သဂျီးကိုပါ ဝိုင်းဝန်းနှိပ်ကွပ်ကြဖို့ ဆော်ဩပါယ်။

  • zaw min

    February 4, 2011 at 3:36 am

    ပါတီရှိနေမှ နိုင်ငံရေးတွေလုပ်နိုင်တာမဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာရှိနေရမှာက မှန်ကန်တဲ့စိတ်ဓါတ်ပါပဲ၊အမှန်တရားကို မြတ်နိုးသူတိုင်းမှာ မှန်ကန်တဲ့စိတ်ဓါတ်နဲ့ဇွဲ၊သတိ္တတွေပဲလိုပါတယ်။အမှန်တရားတွေအတွက် အမှန်တရားကိုမြတ်နိုးကြသူတိုင်း အမြဲတမ်းစည်လုံးညီညွတ် နေကြဖို့ လိုအပ်ပါသည်ဟု တိုက်တွန်းလိုက်ပါသည်။

  • good

    February 4, 2011 at 6:31 am

    နိုင်ငံ ရေး တော့ သိပ် နား မလည် လို့ မဝေဖန် တော့ပါ။
    လွတ်တော် မကျင်းပခင် 30th January, 2011 နေ့ တွင် မြန် မာ ပြည် အနှံ့ အပြား မိုးများ အုံ့ ဆိုင်း လျက် လွတ်တော် စတင် ကျင်းပသော 31st January, 2011 တွင် အချို့ နေရာများ ၌ မိုး များ ပင် ရွာ ခဲ့ပါကြောင်း….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 4, 2011 at 6:52 am

    အမေရိက နေထိုင်တဲ့ အီဂျစ်များ အဝေးက ညာသံပေးမနေဘဲ တိုင်းပြည်ပြန်လာ ဆန္ဒပြ
    မူဘာရခ်ကို ဆန့်ကျင်သူ အင်အားစုများ အားကောင်း လာပြီး၊ စစ်တပ်က ပထမဆုံးအကြိမ် ဆန္ဒပြသူတွေကို မပစ်ဘူးလို့ ကြေငြာလိုက်သည်။ စစ်တပ် လူထုဘက် ပါသွားတဲ့အတွက် အစိုးရက ဆန္ဒပြ ခေါင်းဆောင်များနဲ့
    စကားပြောဖို့ ချက်ချင်း ကမ်းလှမ်းလိုက်သည်။
    ယနေ့အင်္ဂါနေ့ အီဂျစ်လူထုရဲ့ သန်းချီ အရှိန်အဟုန်မြှင့် ဆန္ဒပြပွဲအစီအစဉ်ကို စစ်တပ်က မပစ်ခတ်ဘဲ ကြားနေဖို့ ကြေငြာပြီးနောက် ဒုတိယသမ္မတသစ် အိုမာ ဆူလီယန်မန်က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆန္ဒပြသူများက မူဘာရခ် အပြီးတိုင် ဆင်းပေးရေးကို ဆက်တောင်းဆိုသွားမည် ဖြစ်သည်။
    ပြီးခဲ့တဲ့နှစ်ရက်အတွင်း အားကောင်းတဲ့ မူဆလင် ဘရားသားဟုဒ် အဖွဲ့၊ ဘာသာရေး မဟုတ်တဲ့အဖွဲ့များ၊ အခြား အတိုက်အခံများမှာ နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး ဦးဆောင်မှုအောက်တွင် ညီညွတ်မှုရရှိပြီး ယနေ့ လူတစ်သန်း ကျော် ဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
    ဒုတိယသမ္မတရဲ့ မိတ်ဆွေ အငြိမ်းစား သံတမန်ကြီး မိုဟာမဒ် ရှိုခရေး က “စစ်တပ်ဟာ ရုပ်သေးမဟုတ်သလို၊ နွားလည်း မဟုတ်ဘူး။ မူဘာရခ်အပါအဝင် ဘယ်သူ့လက်ထဲမှာမှ စစ်တပ် မရှိဘူး။ ပြည်သူ့စစ်တပ်ပဲ ဖြစ်ရမယ်။ စစ်တပ်ဟာ လူငယ်တွေနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ လူထုကို ပစ်သတ်ဖို့နဲ့ ပြည်တွင်းစစ် ဖြစ်ဖို့ထက်၊ ဗိုလ်ချုပ်တွေက မူဘာရခ် နှုတ်ထွက်ဖို့ပဲ တောင်းဆိုလိမ့်မယ်” ဟု The News York Times ကို ပြောဆိုခဲ့သည်။
    ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တဲ့ အီဂျစ် ဆန္ဒပြပွဲမှာ တစ်ပတ်အတွင်း အောင်ပွဲများနှင့်အတူ စနစ်တကျ ဆန္ဒပြမှု အရှိန်အဟုန် ပိုမြင့်လာသည်။ တိုင်းပြည်စီးပွားရေး ယိုယွင်းမှု၊ ဆင်းရဲမွဲတေမှု၊ အစိုးရခြစားမှုများနဲ့ အတူ မူဘာရခ် ပြုတ်ကျရေး ကို မနေ့က ကြွေးကြော်အော်ဟစ်ကြသည်။
    အမေရိကန်ပတ်စပို့ကိုင်ထားတဲ့ အီဂျစ်များက အဝေးက ညာသံပေးမနေဘဲ တိုင်းပြည်ပြန်လာပြီး ဆန္ဒပြပွဲ ဝင်နွှဲကြသည်။ စစ်တပ်နဲ့ လူထုမှာ တော်လှန်ရေးတွင် တစ်သားထဲ ဖြစ်သွားသည်။
    http://www.maukkha.org/index.php?option=com_content&view=article&id=1313:2011-02-01-02-09-02&catid=120:2010-10-11-07-37-22&Itemid=374

    • kai

      February 4, 2011 at 8:34 am

      ပြောရရင်တော့ ဦးနုကပေါ့ကွယ်…။

      ဦးနု… ၆၂မှာအာဏသိမ်းခံရပြီးထိမ်းသိမ်းခံရ..အဲဒီကထွက်တော့ … မြန်မာပြည်ကထွက်တော့ …သူနဲ့အတူ တပ်တွေကလည်း အားပေးတောခိုတာရှိတယ်..။ ယိုးဒယားဆို ..လက်ခံပြီးဘန်ကောက်မှာ အခိုင်အမာ နေရာတောင်ပေးတယ်.။ အိနိ္ဒယကလည်း ့်နောက်ရော ရှေ ့ရောက အပြည့်ထောက်ခံတယ်..။ တရုတ်ကတော့ ..အဲဒီတုံးက ..ကိုယ့်ကိုယ်ကိုယ်တောင်အနိုင်နိုင်..။
      ဗကပနဲ့တင် ပြည့်နေပြီ…။ သဘောက ..ဦးနေဝင်းတို့ကို .. ချဖို့ပဲချောင်းနေတဲ့နိုင်ငံပေါ့..။
      အဲ..ကုလသမဂ္ဂဆိုတာကြီးမှာတော့. အတွင်းရေးမှုးချုပ်လုပ်နေတဲ့သူက … ဦးသန့်ဖြစ်ပြီး .. ဦးသန့်က ..ဦးနုကောင်းမှုနဲ့ .. ကုလအတွင်းရေးမှုးချုပ်ဖြစ်လာသူဆိုပါစို့..။
      ဦးနုကို .. ကုလသမဂ္ဂက အတွင်းရေးမှုးချုပ်ကြီးကိုယ်တိုင်.. အသေအလဲကိုထောက်ခံတာပေါ့..။

      နောက်ပြီး.. သူနဲ့သူ့ပါတီက … ရွေးကောက်ပွဲမှာမဲအနိုင်ရယုံတင်မဟုတ်… နိုင်ပြီးတက်ဝန်ကြီးချုပ်လုပ်နေခဲ့တဲ့သူ…။ အာဏာကို သိမ်းပြီးလုခံရတာ..။
      အင်္ဂလန်ကနေတောင် ဝန်ကြီးချုပ်အာဏာကို ဦးနေဝင်းဆီက ပြန်တောင်းဖူးတယ်..။
      ဦးလောယုံရဲ့… နေးရှင်းသတင်းစာဆိုတဲ့ မီဒီယာကြီးလည်း သူ့ဖက်ကရှိတယ်..။ နိုင်ငံအပြင်မှာအခုထိတောင် ခိုင်ခိုင်ရပ်တည်နေသေးတဲ့..ပါတီလည်းရှိတယ်..။ သားတွေသမီးတွေလည်း ..အရွယ်ရောက်ပြီအင်အားကောင်းကောင်းနဲ့ရှိတယ်..။

      သူ့ခမြာ..အပြင်ကနေ ..လုပ်ရင်း..အော်ရင်း.. လုပ်တော့ … နောက်ဆုံးလုံးပါးပါးပြီး .. လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြန်မာပြည်ပြန်ပါတယ်..။
      မြန်မာပြည်ပြန်ပြီးနောက်ပိုင်း ..ဘာတွေလုပ်နိုင်ခဲ့တယ်ကိုတော့ မပြောတော့ ပါဘူးနော..။
      သူသေတာတောင် မြန်မာပြည်မှာပဲသေတာပါ..။ သူသေတဲ့ ဈာပနမှာတောင် .. လှုပ်ရှားမှုတွေဖြစ်ခဲ့သေးတာပဲ..။

      ဆိုတော့..
      တိုင်းပြည်အတွက်လုပ်ပေးချင်လို့ရှိရင် .. မြန်မာပြည်ပြန်ပြီး..လုပ်ကြဖို့ပါပဲ..။ နိုင်ငံရေးသမားဆို့.. အက်တစ်ဗစ်စ်တို့ဆို ပိုသေချာတာပေါ့..။
      စီးပွားရေးသမားကတော့ … အဝေးကလုပ်လည်း ရနိုင်ပါတယ်.။ ဒါပေမဲ့.. တိုင်းပြည်ကို ငွေတွေဝင်စေချင်ရင်တော့ .. အရင်းအနှးိတွေတိုက်ရိုက်မြုတ်နှံပြီး .. ပြည်တွင်းပြန်လုပ်သင့်တာပေါ့..။
      တိုင်းပြည်ကိုချစ်ရင် .. တိုးတက်စေချင်ရင်.. ပြန်ကြဖို့ပါပဲ..။ ပြန်လုပ်ကြဖို့ပါပဲ..။
      အာဏာရတဲ့အစိုးရကလည်း .. ပညာတွေ..။အရင်းအနှီးတွေ ဦးနှောက်တွေ..။အတွေ့အကြုံတွေ .. အချောင်ပြန်ရချင်ရင် ..ပညာရှင်တွေကို ကော်ဇောနီနဲ့ခင်းခေါ်ပေးဖို့ပါပဲ..။
      တိုင်းပြည်ကို တကယ်စေတနာရှိကြတယ်ဆိုရင်ပေါ့လေ..။

      အဲ..နောက်တခုက…
      တကယ်လို့ ..တခုခု ချွတ်ချော်ခဲ့ရင် .. အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က .. ဒီနှစ်ထဲ.. မတရာအသင်းကြေငြာခံရနိုင်ပါတယ်..။
      အဲဒီလိုဆို … နိုင်ငံအပြင်ကနေ ..ဒို့တွေဆက်လုပ်ကြမယ်ဟေ့လို့တော့ ..မတွေးကြစေလိုလို့ပါ..။
      ခြံစည်းရိုးမခုန်ကြစေလိုပါကြောင်း… ခြံစည်ရိုးအလယ်ကနေ ..ဟိုဖက်ဒီဖက်မြင်နေရတဲ့ .. မီဒီယာသမားအနေနဲ့ တိုက်တွန်းလိုက်ရပါကြောင်း…။ 🙂

  • eros

    February 4, 2011 at 9:20 am

    ကိုင်း မြန်မာပြည်ကနေ အဝေးလွင့်သွားသော သို့ တခြားနိုင်ငံသားဖြစ်သွားသော မြန်မာများအားပြန်လာစေချင်ရင် နှစ်နိုင်ငံသားစနစ် ကျင့်သုံးလိုက်ရင် ဘယ်လိုနေမလဲ။ အခွန်စနစ်လဲ ပြောင်းပေးဖို့လိုမယ်ထင်တယ်။ သူတို့ကတော့ ဒီအကြံ ကိုလက်ခံဖို့ မလွယ်ဘူး။ ဒါပေမယ့် win-win situation ဖြစ်သွားအောင် ၂ နိုင်ငံသားခံယူတဲ့သူက ရွေးကောက်ပွဲဝင်ခွင့်မရှိဘူး။ သမ္မတ လုပ်ပိုင်ခွင့်မရှိဘူး။ မဲပဲပေးလို့ရမယ်ဆိုရင်ဘယ်လိုနေမလဲ။ ဝေဖန်ကျဗျာ။

  • kai

    February 4, 2011 at 5:44 pm

    Dual citizenship ကအခုမြန်မာပြည်အခြေအနေနဲ့ဆို လိုအပ်တယ်ထင်ပါတယ်။
    စင်္ကာပူပဲကြည့်။ သူတို့စရိတ်နဲ့သူတို့ ထရိန်းလုပ်ထားပေးတဲ့.. မြန်မာအင်ဂျင်နီယာအပါအဝင် ပညာရှင်တွေ သိန်းချီရှိနေတယ်။

    ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ခုအတွင်း မြန်မာ သန်းချီပြီး မြန်မာပြည်ကနေထွက်သွားခဲ့တယ်..။
    အများအားဖြင့် စွမ်းအားရှိတဲ့ အသက်အရွယ်တန်းတွေ..။

    ဒီလူတွေကို ပြန်အသုံးပြုနိုင်ရင် တိုင်းပြည်အကျိုးရှိမှာပဲ..။
    ဒါတွေကဥပဒေပြုပြီး.. စာရွက်တွေနဲ့ ထုတ်ပြန်ပေးရုံပဲ.။
    တိုင်းပြည်အနေနဲ့ .. ရမှာက .. လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေလေ..။

    • eros

      February 5, 2011 at 9:48 am

      ကိုခိုင်တို့ ၊ ဦးကြောင်တို့ ကရောပြန်လာမှာ မို့လို့လား။

      • kai

        February 5, 2011 at 11:39 pm

        ဒီစာကို ရန်ကုန်။ စမ်းချောင်းမြို ့နယ်။ မြေနီကုန်းက .အင်တာနက်ဆိုင်မှ တင်ပါသည်ဆိုပြီး ..အထောက်အထားပြရမှာလားဟင်…။

        နောက်တာနော..။
        ကျုပ်က မီဒီယာသမားပဲလေ.။
        ခွင့်ပြုတဲ့အချိန်ရောက်ရင် ..မန္တလေးဂေဇက်ကို ရန်ကုန်မှာ ရုံးထိုင်ပြိး ထုတ်ဖြစ်မှာပါ။ ဒီမှာလုပ်နေတဲ့အတိုင်းပဲ .. စာစောင်ကိုအခမဲ့ပေးပစ်မှာ..။ စာရေးတဲ့သူတွေကိုလည်း ကြော်ငြာကရတဲ့အကျိုုးအမြတ်အကုန်ခွဲပေးဦးမှာ..။
        အဲဒီအချိန်ကျရင်လည်း အားပေးနော..။ 🙂

  • kai

    February 5, 2011 at 12:45 am

    ပြည်ပရောက်မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်၌ တင်သွင်း
    ဧရာဝတီ Friday, 04 February 2011 18:53

    အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ပ ရောက် မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ အဆိုပြုလွှာ တစောင်ကို ယမန်နေ့က နေပြည်တော်၌ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

    ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေနှင့် ပြည်တွင်းသို့ ပြန်သည့်အခါ ဥပဒေ ပုဒ်မများဖြင့် အရေးယူ မခံရ အောင် ဥပဒေကြောင်းအရ တင်သွင်းခြင်း ဖြစ်ကြောင်း ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။

    “ပြန်လာတဲ့ လူမှန်သမျှကို အရင်ပစ်မှု တခုခုနဲ့ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေ အားလုံးဟာ အကျိုး မသက်ရောက် စေရဘူး” ဟု ၎င်းက ဆိုသည်။

    လွှတ်တော်က အဆိုပြုလွှာကို စိစစ်၍ လက်ခံကြောင်း ကြေညာပါက အဆိုတင်သွင်းရမည်ဖြစ်ကြောင်း၊ ထောက်ခံမည့် သူများ လည်း ပေါ်ပေါက်လာနိုင်ကြောင်း ဦးသိန်းညွန့်က ရှင်းပြသည်။

    “အဲဒီမှာ ကျနော်ပြောရမယ့် အချက်တွေကတော့ ဥပဒေ အကြောင်း ပြောမှာဖြစ်သလို နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောသွားမှာ ဖြစ်ပါတယ်၊ သူတို့ လက်ခံလို့ ရှိရင်လည်း လုပ်လို့ကိုင်လို့ အရေးကြီးတာ ထောင်တံခါး ပွင့်ဖို့အတွက် အဓိက ကျနော် ကြိုးစား သွားမယ်” ဟု ၎င်းက ဆိုသည်။

    ဦးသိန်းညွန့်သည် ၁၉၉ဝ ရွေးကောက်ပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ လွှတ်တော် အမတ် တဦး ဖြစ်သည်။

    ၂၀၁ဝ ရွေးကောက်ပွဲ မတိုင်ခင်က ဦးသိန်းညွန့်အပါအဝင် NLD အဖွဲ့ဝင်တချို့သည် NLD ပါတီမှခွဲထွက်၍ NDF ပါတီကို တည် ထောင်ခဲ့ကြသည်။

    NDF ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ၃ ဦးမှာ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့် တို့ဖြစ်ပြီး ဒေါက် တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့မှာ လွှတ်တော်အမတ်များ အဖြစ် ရွေးကောက်ပွဲ မဝင်ခဲ့ဘဲ ဦးသိန်းညွန့်မှာမူ ရန်ကုန် တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

    Credit: Irrawaddy.org
    Original Link: http://www.bur.irrawaddy.org/index.php/news/5659-2011-02-04-11-54-06

  • bigcat

    February 5, 2011 at 2:51 am

    ခေါင်းလေးငုံ့ပါ
    လက်ပိုက်ခါ
    ခါးလေးညွှတ်လာ
    ပြုံးထားကွာ။
    လိုအပ်သေးရင်
    ဒူးထောက်ဝင်
    လေးဖက်ထောက်တော့
    ပိုကောင်းသပေါ့။
    အရှက်မကွဲအောင်
    အပြစ်ပြော
    ဦးဝင်းတင်ကြောင့်
    ဒီဇာတ်မျော။

  • naywoonni

    February 6, 2011 at 11:46 am

    ပြောစရာ ရှိတာ ပြောပြော ပြောပြော ×××ပြောပြီးတော့ ပြန်ပေါ့နော် ××××ပြောပြီးတော့ပြန်ပေါ့နော် ………
    ငယ်တုန်းက အာလူလာပေးတဲ့ သယ်ရင်းတွေကို မခံချင်အောင် စတဲ့ တီဆျင်းလေ……..:P

  • padonmar

    February 7, 2011 at 12:56 am

    oversea Burmese တွေ ပြန်လာနိုင်မယ်ဆိုရင် အဲဒီ ဥပဒေကို ဝမ်းသာအားရကြိုဆိုမှာပါ။ကျွန်မ တို့ batch ကဆိုရင် the whole burma top 10 တွေ အပါအဝင် လူတော်တွေ အကုန် နိုင်ငံခြားရောက်နေကြပါပြီ။

  • လင်းငယ်

    February 7, 2011 at 5:02 am

    လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ဖတ်ခဲ့တဲ့ အက်ဆေးတစ်ပုဒ်ကို သွားသတိရမိတယ်။ Brain drain ဆိုတဲ့ အက်ဆေးလေးပါ။ ဆိုလိုတာက ဦးနှောက် ယိုစီးမူပေါ့။ ကိုယ့်ဆီက လူတွေ နိုင်ငံခြား သွားပြီး အလုပ်လုပ်ကြတယ်။ ပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် ပြန်မလာဖြစ်ကြဘူး။ လာခွင့်မရှိလို့ဘဲဖြစ်ဖြစ် မလာချင်လို့ပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုနဲ့ ကိုယ့်နိုင်ငံက ဦးနှောက်တွေ ယိုစီးမူ များနေတယ်။ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါမှ ဦးနှောက် ယိုစီးမူ မဖြစ်မှာလေ။

Leave a Reply