သမ္မတအိုဘားမား၏ နိုဘဲလ်ဆုလက်ခံမိန့်ခွန်း (ပထမပိုင်း)

DaveDecember 14, 20091min810
ရာစုသစ်ထဲကို ဆယ်စုနှစ်တစ်ခု ကျော်လွန်ရောက်ရှိလာပြီးတဲ့နောက် ဒီအဆောက်အအုံကြီးဟာ ခြောက်လှန့်မှုအသစ်တွေအောက်မှာ ပိကျလို့နေပြီဖြစ်ပါတယ်။ကမ ္ဘာကြီးဟာ နျူကလီးယားမဟာအင်အားကြီး နှစ်နိုင်ငံအကြား စစ်ဖြစ်မှာကို ကြောက်စရာမလိုတော့ပါဘူး။ဒါပေမယ့် နျူကလီးယားပြန့်ပွားမှုတိုးလာရာကနေ ဘေးသင့်မယ့် အရေးက စိတ်မအေးဖွယ်ဖြစ်နေပါတယ်။အကြမ်းဖက်မှုရှိနေခဲ့တာ ကြာညောင်းလှပါပြီ။ ဒါပေမယ့် ခေတ်ပေါ်နည်းပညာကြောင့် ဘာမဟုတ်တဲ့ လူတွေက အပြစ်မဲ့သူတွေကို ကြောက်စရာကောင်းလောက်အောင် အမြောက်အမြား သတ်ဖြတ်နေတာတွေ့ရပါတယ်။

သမ္မတအိုဘားမားသည် လွန်ခဲ့သော ကြာသပတေးနေ့က နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူခဲ့ရာ စစ်မက်ရေးရာ၊အကြမ်းမဖက်ရေးကန့်

သတ်ချက်များနှင့် ပတ်သက်၍ များစွာထည့်သွင်းပြောကြားသွားသည်။သို့ရာတွင် ၎င်းသည် အတိတ်က ငြိမ်းချမ်းရေးဆောင်ရွက်သူများကို ချီးကျူးစကားပြောဆိုသည့်အပြင် ကမ ္ဘာကြီးအနေဖြင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်သော၊လုပ်ဆောင်သင့်သော ကိစ္စရပ်များကိုလည်း ဆွေးနွေးတင်ပြခဲ့သည်။
အိုဘားမား၏ ဆုလက်ခံမိန့်ခွန်းကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

ကြွရောက်ချီးမြှင့်အပ်ပါသော လေးစားအပ်သည့် နိုင်ငံတော်အကြီးအကဲများ၊ခေါင်းဆောင်ကြီးများ၊နော်ဝေနိုင်ငံ နိုဘဲလ်ဆုကော်မတီဝင်များ၊အမေရိကန်နိုင်ငံသားများနှင့် ကမ ္ဘာသူ၊ကမ ္ဘာသားအပေါင်းတို့ခင်ဗျား၊

ကျွန်တော်ဟာ ဒီဆုကို ချီးမြှင့်ခံရတဲ့အတွက် အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း ဂါရဝတရားရှေ့ ထား၍ ပြောကြားလိုပါတယ်။ဒီဆုဟာ ကျွန်တော်တို့ အမြင့်ဆုံးမှန်းကြတဲ့ ဆုတစ်ဆုဖြစ်ပါတယ်။ကျွန်တော်တို့ကမ ္ဘာကြီးရဲ့ ရက်စက်မှု၊ခက်ခဲမှုတွေ အားလုံးအတွက် ပေးအပ်တဲ့ဆုပါ။ကျွန်တော်တို့ဟာ ကံကြမ္မာရဲ့ အကျဉ်းသားများသက်သက်သာ မဟုတ်ကြပါဘူး။ကျွန်တော်တို့ ပါဝင်လှုပ်ရှားကြဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက သမိုင်းကို တရားမျှတမှု ရှိရာကို ကွေးညွတ်ပြောင်းလဲသွားစေပါလိမ့်မယ်။

လူကြီးမင်းတို့ အနေနဲ့ ဒီဆုကို ချီးမြှင့်ပေးဖို့ရာ ရက်ရောစွာဆုံးဖြတ်ချက်ချခဲ့တာကို ကျွန်တော်ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။ဒါပေမယ့် ကျွန်တော့်အတွက် ဒါဟာ အစပဲရှိပါသေးတယ်။ကမ ္ဘာ့ဇာတ်ခုံပေါ်မှာ ကျွန်တော်လုပ်ဆောင်သွား ရမယ့် အဆုံးသတ် မဟုတ်သေးပါဘူး။သမိုင်းခေတ်ကာလတလျောက် ကျေးဇူးတရားကြီးမားခဲ့တဲ့ ရှဝစ်ဇာနဲ့ကင်းတို့လို မာရှယ်နဲ့မန်ဒဲလားတို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် ကျွန်တော်က သိမ်နုပ်လှပါတယ်။ပြီးတော့လည်းပဲ ကမ ္ဘာနဲ့အဝန်းမှာ တရားမျှတမှုအတွက် အကျဉ်းကျခံ၊ရိုက်နှက်ခံရသူတွေ၊လူမှုဒုက္ခတွေကို ပြေပျောက်စေဖို့အတွက် လူသားရေးရာ အဖွဲ့ အစည်းအသီးသီးမှာ ဆောင်ရွက်နေကြသူတွေလည်း ရှိနေကြပါတယ်။ ရာဂဏန်းမျှလောက်ပဲရှိတဲ့ ဝေဖန်ထောက်ပြသူတွေရဲ့ နောက်ကွယ်မှာ ရဲဝံ့၊တိတ်ဆိတ်စွာ လုပ်ဆောင်နေကြတဲ့ သန်းပေါင်းများစွာသော လူမသိ၊သူမသိပုဂ္ဂိုလ်တွေလည်းရှိနေကြပါတယ်။သူတို့တစ်တွေကိုလည်း ရှာဖွေကြပါဦးလို့ စောဒကမတက်လိုပေမယ့် သူတို့ အားလုံးဟာ ကျွန်တော့်ထက်များစွာသာလွန်ပြီး ဂုဏ်ပြုထိုက်သူတွေဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

သို့သော်လည်း ကျွန်တော်ဟာ စစ်ကြီးနှစ်စစ်ရဲ့ အလယ်မှာ တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲဖြစ်နေတဲ့အတွက် ဒီကိစ္စဟာ ဒီဆုကို ကျွန်တော်လက်ခံရရှိတဲ့ဖြစ်ရပ်အတွက် အလွန်လေးနက်တဲ့အရာဖြစ်နေပါတယ်။စစ်ကြီးတစ်ခု ကတော့ ပြီးဆုံးနေပါပြီ။နောက်စစ်ကြီးတစ်ခုကတော့ အမေရိကအနေနဲ့ရှာဖွေတဲ့ အားပြိုင်မှုမဟုတ်ပါဘူး။နော်ဝေနိုင်ငံအပါအဝင် အခြားသော နိုင်ငံပေါင်း ၄၃နိုင်ငံနဲ့အတူ ကျွန်တော်တို့ကိုယ်တိုင်ကာကွယ်ဖို့ နိုင်ငံအားလုံးကို ထပ်မံ တိုက် ခိုက်ခံရခြင်းမရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေကြရခြင်းသာ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ဟာ စစ်ဖြစ်နေကြဆဲပါပဲ။ကျွန်တော်ဟာ ဝေးလံတဲ့နိုင်ငံတစ်နိုင်ငံမှာ စစ်ပွဲအတွက်ရောက်ရှိနေတဲ့ ငယ်ရွယ်တဲ့အမေရိကန်တွေကို ပြန်လည်ရုပ်သိမ်းဖို့ရာ တာဝန်ရှိပါတယ်။သူတို့ထဲက တချို့ က သတ်ဖြတ် သူတွေဖြစ်ကြတယ်။တချို့ ကတော့ သတ်ဖြတ်ခံရသူတွေ ဖြစ်နေကြပါတယ်။ဒါကြောင့် စစ်နဲ့ငြိမ်းချမ်းရေး ပတ်သက်ဆက်နွယ်မှုကြောင့် ထွက်ပေါ်လာတဲ့ အဖြေရခက်တဲ့ မေးခွန်းတွေပြည့်နှက်နေတဲ့ကြားမှာ သူတို့ကို အစားထိုးပြီးစေ လွှတ်နေရတဲ့ ကျွန်တော်တို့ရဲ့  ကြိုးပမ်းမှု၊ လက်နက်ကိုင် ဖြေရှင်းနေရတဲ့ အဲသည်လို အကြပ်အတည်းတွေကြားထဲကနေ ကျွန်တော် အခုလိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းတွေဟာ အသစ်တွေတော့ မဟုတ်ကြပါဘူး။စစ်ဆိုတဲ့ အရာဟာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ခဲ့ဖြစ်ခဲ့ ပထမစတဲ့လူနဲ့ဆိုင်ပါတယ်။သမိုင်းဦးအစမှာ စစ်နဲ့ ပတ်သက်တဲ့ အတွေးအမြင်ကို မေးခွန်းမထုတ်ခဲ့ကြပါဘူး။မိုးခေါင်ရေရှားတာလို၊ ရောဂါဘေးဆိုက်ရောက်တာလို ရိုးရှင်းလှပါတယ်။လူသားမျိုးနွယ်စုတွေ၊ ယဉ်ကျေးမှုတွေ အင်အားပြိုင်ကြတဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။

အချိန်တွေကြာညောင်းလာတာနဲ့အမျှ အုပ်စုတွေအတွင်းမှာ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့အတွက် တရားဥပဒေတွေ ရှာကြံလာကြပါတယ်။တွေးခေါ်ရှင်ကြီးတွေ၊ဘုန်းတော်ကြီးတွေ၊နိုင်ငံရေးသုခမိန်တွေဟာ စစ်ရဲ့ ဖျက်ဆီးမှု အင်အားကို တားမြစ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။အချို့သော ကြိုတင်အခြေအနေတွေနဲ့ ထိန်းညှိပြီး တရားမျှတမှုရှိရင် တရားသောစစ်လို့တောင် ရှုမြင်သတ်မှတ်လာခဲ့ကြပါတယ်။မိမိကိုယ်မိမိကာကွယ်ဖို့လား၊မတတ်သာတောတဲ့အဆုံးမှာ ဖြစ်ပွားလာတာလား၊အင်အားသုံးတာ အချိုးမျှတသလား၊ပြီးတော့ ဖြစ်နိုင်သလောက်လုပ်ကြရာမှာ အရပ်သားတွေ အကြမ်းဖက်မှုဘေးက ကင်းဝေးကြစေသလား၊အဲဒါတွေ ကြည့်ကြရပါတယ်။

သမိုင်းမှာကြုံတွေ့ရဖန်များတာက အဲဒီတရားသောစစ်ဆိုတာက မရှိသလောက် ရှားပါတယ်။လူသားတစ်ဦးနဲ့တစ်ဦး ဘယ်လိုနည်းလမ်းသစ်တွေနဲ့ သတ်ဖြတ်ကြမလဲဆိုတာကို တွေးတဲ့ဖြစ်စဉ်သဘောဟာ အတောမသတ်နိုင်အောင်ပါပဲ။မတူညီတဲ့ဘုရားကို ကိုးကွယ်ကြသူတွေအကြားမှာ သနားညှာတာမှုလည်း ကင်းမဲ့လာကြပါတယ်။စစ်တပ်အချင်းချင်းတိုက်ခိုက်ကြတဲ့ စစ်ပွဲတွေကနေ နိုင်ငံအချင်းချင်း တိုက်ခိုက်တဲ့ စစ်ပွဲတွေဖြစ်လာစေခဲ့တယ်။တိုက်ခိုက်ကြသူနဲ့အရပ်သားတွေကြားမှာ ဝေဝါးစွာ ခွဲခြားနိုင်ခြင်းလည်း မရှိကြတော့ပါဘူး။နှစ်ပေါင်း ၃ဝအတွင်းမှာ ဒီလိုလူပေါင်းမျာစွာသေကြေပျက်စီးစေတဲ့ဖြစ်ရပ်တွေဟာ ဒီ အမေ ရိကတိုက်ကြီးရဲ့နှစ်ဆမျှရှိခဲ့ပါတယ်။နာဇီဂျာမနီနဲ့ဝင်ရိုးတန်းနိုင်ငံတွေရှုံးနိမ့်ခဲ့ရတာ အကြောင်းတစ်ခုကြောင့်ပဲလို့ ပြေရခက်နေစဉ်မှာ ဒုတိယကမ ္ဘာစစ်ကြီး ဖြစ်ပွားလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်သားတွေ၊အရပ်သား တွေရဲ့အရေအတွက်ဟာ များလွန်းခဲ့ပါတယ်။
ဒီလိုဖျက်ဆီးမှုကြီးကနေနိုးထလာတော့  နျူကလီယားခေတ်ကြီးကို ရောက်ရှိလို့လာပြန်ပါတယ်။နောက် ကမ ္ဘာစစ်ကြီးမဖြစ်ဖို့ အရေးအတွက် နိုင်သူ၊ရှုံးသူအတူတူပဲ ဟန့်တားဖို့ကိစ္စတွေ လိုအပ်လာတယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီးကို အမေရိကန်ဆီးနိတ်လွှတ်တော်ကကန့်ကွက်ပြီး ရာစုနှစ်လေးပုံတစ်ပုံအကြာမှာတော့ ဝုဒ်ရိုးဝီလ်ဆင်ဟာ ဒီဆုကိုရရှိခဲ့ပါတယ်။အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အဆောက်အအုံတည်ဆောက်ရာမှာ ကမ​ ္ဘာကိုဦးဆောင်ခဲ့တယ်။စစ်ဖြစ်ကြတာတွေကို ကွပ်ကဲအုပ်ချုပ်မယ့်လုပ်ငန်းစဉ်တွေ၊လူ့အခွင့်အရေးတွေကိုကာကွယ်ပေးမယ့်စာချုပ်တွေ၊အန ္တရာယ်အကြီးမားဆုံး  လက်နက်တွေကိုကန့်သတ်ဖို့၊လူအစုအပြုံလိုက်သတ်ဖြတ်မှုကို တားဆီးဖို့ မာရှယ်စီမံကိန်းနဲ့ကုလသမဂ္ဂ ပေါ်ပေါက်လာပါတယ်။
ဒီကြိုးပမ်းချက်တွေဟာ နည်းလမ်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တယ်။ဟုတ်ပါတယ်။ကြောက်မက်ဖွယ်စစ်ပွဲတွေ ဖြစ်ပွားခဲ့တယ်။သတ်ဖြတ်မှုတွေကျူးလွန်ကြတယ်။ဒါပေမယ့် တတိယကမ ္ဘာစစ်တော့ မဖြစ်ခဲ့ပါဘူး။  စစ်အေးတိုက်ပွဲဟာ တံတိုင်းကြီးတစ်ခုကို လူထုအားနဲ့လှဲဖြိုပြီး အဆုံးသတ်သွားတယ်။စီးပွားရေးဟာ ကမ ္ဘာတစ်ဝန်းလုံးကိ်ု ဖြန့်ကျက်လာတယ်။လူပေါင်းဘီလျံနဲ့ချီပြီး ဆင်းရဲခြင်းဘေးက ကင်းဝေးခဲ့တယ်။   လွတ်လပ်ရေး၊ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊တန်းတူညီမျှမှု စံညွှန်းတွေနဲ့ဥပဒေစိုးမိုးမှုဟာ တိုးတက်ထွန်းကားလာခဲ့တယ်။ကျွန်တော်တို့ဟာ အတိတ်မျိုးဆက်ရဲ့ လုံ့လ၊ဥဿဟတွေကို အမွေဆက်ခံခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုနည်းလမ်းတကျ ဖြစ်ခဲ့တာ ဂုဏ်ယူမိပါတယ်။
ရာစုသစ်ထဲကို ဆယ်စုနှစ်တစ်ခု ကျော်လွန်ရောက်ရှိလာပြီးတဲ့နောက် ဒီအဆောက်အအုံကြီးဟာ ခြောက်လှန့်မှုအသစ်တွေအောက်မှာ ပိကျလို့နေပြီဖြစ်ပါတယ်။ကမ ္ဘာကြီးဟာ နျူကလီးယားမဟာအင်အားကြီး  နှစ်နိုင်ငံအကြား စစ်ဖြစ်မှာကို ကြောက်စရာမလိုတော့ပါဘူး။ဒါပေမယ့် နျူကလီးယားပြန့်ပွားမှုတိုးလာရာကနေ ဘေးသင့်မယ့် အရေးက စိတ်မအေးဖွယ်ဖြစ်နေပါတယ်။အကြမ်းဖက်မှုရှိနေခဲ့တာ ကြာညောင်းလှပါပြီ။ ဒါပေမယ့် ခေတ်ပေါ်နည်းပညာကြောင့် ဘာမဟုတ်တဲ့ လူတွေက အပြစ်မဲ့သူတွေကို ကြောက်စရာကောင်းလောက်အောင် အမြောက်အမြား သတ်ဖြတ်နေတာတွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံအချင်းချင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကနေ နိုင်ငံတွေအတွင်းမှာဖြစ်ပွားတဲ့စစ်ပွဲတွေ ပိုမိုတိုးပွားလို့လာပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တိုက်ခိုက်မှုတွေ၊လူမျိုးစုအငြင်းပွားမှုတွေ၊ခွဲထွက်ရေး လှုပ်ရှားမှုတွေ၊လက်နက်ကိုင်သောင်းကျန်းမှုတွေ၊အသိအမှတ်ပြုမခံရတဲ့နိုင်ငံတွေ ပေါ်ပေါက်လာရာက လူထုဟာ မပြီးဆုံးနိုင်တဲ့ ရှုတ်ထွေးမှုကြားမှာ ပိတ်မိလာပါတော့တယ်။