မန်းဂေဇက် အဖွဲ့သားတို့
မန်းဂေဇက် အဖွဲ့သားတို့
ဝါသနာတူ လာစုကုန်ကြ
စာပေပန်းခင်း မန်းဂေဇက်တွင်
ရနံ့သင်းသင်း လှိုင်လှိုင်ရေးရင်း
အဖွဲ့သားတို့၊ သွားစို့ ခရီးတူ……..
ခဏဆုံကြ ဒီလောကတွင်
ရင်းနှီးမှုကို ဖလှယ်ကြရင်း
ခင်မင်ခြင်းဖြင့် ရေးခွင့်ကိုဆို
အဖွဲ့သားတို့၊ ရေးစို့ စာပေချိုချို……
ရေးကြသည့်ကဗျာ၊ ကာရန်ညီထွေ အတူစပ်ရင်း
ဒီလောကတွင် ဝါသနာတူ
တွေ့ကြဆုံကြ၊ စာပေဧည့်သည်
ခဏတာမျှ ကြုံရပေတယ်
ရန်သူ မိတ်ဆွေ မခွဲခြားပဲ
စာပေမောင်နှမ စာပေလောက
အဓွန့်ရှည်အောင်
စည်းလုံးစွာဖြင့်
ရပ်တည်ကြရင်း
စာပေခင်းလမ်း
ဆက်လက်ချီတက်
ခရီးဆက်မည်
မန်းဂေဇက် အဖွဲ့သားတို့………..
၇၊ ၂၊ ၂၀၁၁ ည ၁၁:၃၅ မနောဖြူလေး ရေးစပ်သည်။
6 comments
MaMa
March 3, 2011 at 12:56 am
မနောရေ ရေးတဲ့ရက်စွဲနဲ့ တင်တဲ့ရက်စွဲ တစ်လလောက်ခြားနေပါလား။ ဘာတွေစဉ်းစားပြီး နောက်ကျမှ တင်တာလဲ မသိဘူးနော်။ စည်းလုုံးညီညွတ်ရေးအတွက် အားပေးပါတယ်။
etone
March 3, 2011 at 3:30 am
အိမ်မရလို့ စာထရေးတာ ထင်တယ်နော် … ညကြီး မိုးချုပ် ။
manawphyulay
November 20, 2011 at 6:14 pm
သတိရလို့ စာထရေးမိတာပါညီမလေး… အိပ်မရအောင် ရွာထဲကို သတိရနေမိတယ်။
manawphyulay
March 3, 2011 at 11:30 am
မအိပ်ရသေးတာပါ………. ကျန်းမာရေးမကောင်းတာရယ်၊ တက်နေတဲ့ဒီပလိုမာရယ် ရှုပ်နေတာကြောင့် မတင်ဖြစ်တာပါ။
aye.kk
November 20, 2011 at 8:32 pm
မနောရေ..
အသွင်တူမှအိမ်သူဖြစ်၏
ဂေဇက်ကြွလာမိတ်သဟာ
ချမ်းသာကိုယ်စိတ်လန်းပါစေ..။
manawphyulay
November 22, 2011 at 7:05 pm
အင်း ပျော်ရွှင်ကြမယ်လို့ မနောတော့ မြင်မိတာပါပဲ။