Lychee or စုတ်ဖွားသီး

shwe niMarch 12, 20111min1363

မဝေဝေ တင် ထားတဲ့ ရန်ကုန်မှာပွင့်တဲ့ Cherry post ကို်ဖတ်ရင်း ဒေသကိုလိုက်ပြီး အခေါ်အဝေါ်လေးတွေမတူတာကိုသတိရလို့
၂၀၀၂ April-June မှာ တာဝန်တခုနဲ့ စစ်တွေဖက်ကိုရောက်တော့ ကြားဖူးတဲ့ဒေသအခေါ်လေးတွေပါ .
အဲတုန်းက အရင်ရောက်တဲ့ စီနီယာက ညီမ ပဒက်ခါ သီးသုတ်သိတ်ကောင်းတယ်ဆိုပြီး မှာကျွှေးတာ သဘောင်္သီးသုတ် ပါ။

တစ်ရက်တော့ စုတ်ဖွားသီး ဝယ်ကျွေးဦးမယ်ဆိုပြီးမှာပေးတာ ကြည့်လိုက်တော့ လိုင်ချီးသီးကို သူတို့ဒေသကခေါ်တာပါ။
တစ်ခါ မြို့ထဲ လက်ဖက်ရည်သောက်ရင်း ယနေ့ ပူဒိန် ရသည်ဆိုတော့ ထူးဆန်းတာနဲ့ ဘာလဲလို့မေးကြည့်တာ ကြက်ဥပူတင်း ကိုခေါ်တာဖြစ်နေရော .

ထားဝယ်ဖက်က သူငယ်ချင်းတွေ ဇင်းကန်းထောင်းရမ်းကောင်းတယ် ဆိုတုန်းက ထူးဆန်းလို့ယူစားတာ မရမ်းသီးသေးသေးလေးတွေ ငပိနဲ့ထောင်းတာကိုခေါ်တာကိုး။

ကျမကတော့မြေလတ်သူဆိုတော့ သူတိုု့အသံထွက်ကို ကိုနားလည်သလိုရေးပြတာပါ . နယ်အရပ်ရပ်မှာ သူငယ်ချင်းတွေရှိတာ သူတို့အခေါ်အဝေါ်လေးတွေ ကိုမသိဘူးတာ သိရတာပေါ့။

3 comments

  • ဆူး

    March 12, 2011 at 5:18 pm

    ရခိုင် သွားတုန်းက ပါပလာ ကြွေးမယ်တဲ့ လာချတော့ ငါးမုန့်ကြော် ဖြစ်နေတယ်။

  • ယောလေး

    March 13, 2011 at 4:15 am

    ကျတော်တို့ဆီမှာတော့ အိမ်ရှေ့ဧည့်ခန်းကို လက်တီး လို့ခေါ်တယ်ဗျ…

  • shwe

    March 13, 2011 at 12:28 pm

    ဟုတ်တယ်ဆူးရဲ့ သူဒေသနဲ့သူထူးထူးဆန်းဆန်းလေးတွေကြားရတယ် အများကြီး အစ်မသိတ်မမှတ်မိတော့လို့ ။

    ယောလေးက ယော ဘက်ကဆိုရင် အဲဖက်က စကားပိုတတ်ကြတယ်နော။

Leave a Reply