ဖုန်းဆိုင်၏ကောင်းကြိုးကြောင့် …

မမေလးMarch 13, 20111min39118

လသာလမ်းက ဖုန်းဆိုင်တစ်ဆိုင်ပါ … ၂၅ ရက်နေ့က ဖုန်းသွားပြင်ပါတယ် … ဒီဘက်ကပြောတာ ဟိုဘက်ကသိပ်မကြားရဘူး တိုးနေတယ်လို့ပြောလိုက်ပါတယ် … ဝန်ထမ်းကောင်မလေးကို … သူက ဘောက်ချာဖွင့်ပေးလိုက်တယ် ။ မနက်ဖြန် ညနေလောက်လာယူလိုက်ပါတဲ့ …. သွားယူတော့ မရသေးဘူးတဲ့ … မနက်ဖြန်ရအောင်လုပ်ပေးပါမယ်တဲ့ … ထားခဲ့လိုက်ပါတယ် ။ မနက်ဖြန်ထပ်သွားပါတယ် … မရသေးပါဘူးတဲ့ ။ မနက်ဖြန်ရအောင် သေချာလုပ်ပေးပါမယ်တဲ့ … ဒါနဲ့ နောက်နှစ်ရက်လောက်ရှိမှသွားလိုက်ပါတယ် ။ စမ်းကြည့်တော့ မရသေးဘူး တိုးနေတုန်းပါပဲ ။ မရဘူးလို့သူတို့ကို ပြောလိုက်ပါတယ် ။ သူတို့က ဘောက်ချာမှ ရေးထားတဲ့အတိုင်း earp ကိုပြင်လိုက်တာတဲ့ . အမှန်ဆိုရင် speaker ကိုပြင်ရမှာတဲ့ … ရေးတဲံသူက မှားတဲ့အတွက်သူတို့ပြန်လုပ်ပေးပါမယ်ပေါ့ … မနက်ဖြန်ရမယ်တဲ့ … နောက်နေ့ထပ်သွားရွေးတော့ ဘာမှမဖြစ်ဘူး အားလုံးကောင်းတယ် ပိုက်ဆံပေးစရာမလိုဘူးပေါ့ … ဒါနဲ့ ကားပေါ်ရောက်တော့ စမ်းကြည့်တော့ screen မလာတော့ပါဘူး ။။ သူတို့ကိုပြန်သွားပြောတယ် … ဒါကျွန်တော် လုပ်တာမဟုတ်ပါဘူး ကျွန်တော့ညီ လုပ်တာပါ ။ မနက်ဖြန်မှ ပြန်လာခဲ့ပါတဲ့ ။ ဖုန်းတစ်လုံးပြင်တာ ခဏခဏ ချိန်း ခဏခဏ သါားနေရတာ တော်တော်လေးကို စိတ်တိုနေပါပြီ ။ နောက်နေ့သွားမေးတော့ သူတို့လုပ်လိုက်လို့ screen ပျက်သွားပါတယ် မလာတော့ပါဘူး ကျွန်တော်တို့ လုပ်လို့ ပျက်တဲ့အတွက်သူတို့ တာဝန်ယူပေူပါမယ် စိတ်ချပါ ။ နောက်နှစ်ရက်နေရင် ရအောင်လုပ်ပေးပါမယ် ။ နောက်နှစ်ရက်သွားတော့ ။ ပစည်းကရှားလို့ နောက်တစ်ပတ်အလွန်ဆုံးရအောင်လုပ်ပေးပါ့မယ် ။ နောက်တစ်ပတ် မနေ့က ဖုန်းဆက်လိုက်ပါတယ် ။ သူတို့ အစွမ်းကုန်သေသေချာချာ လုပ်ပေးပါတယ် ။ မရပါဘူး ။ အဲ့ဒီတော့ ဘာပြန်လုပ်ပေးမှာလဲပေါ့ ။ အချိန်ထပ်ပေးပါ တစ်လကြာချင်ကြာမယ် ။ နှစ်လကြာချင်ကြာမယ် တိတိကျကျ မသိပါဘူး ။ ကဲ ဒါဆို အဲ့ဒီဖုန်းကို ဈေးဖြတ်လိုက် အသစ် အလိုက်ပြေး့ီး လဲမယ် ။ မရပါဘူး သူတို့ဆိုင်ကဒါမျိုးမရပါဘူး ။ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားတာပေါ့ အဲ့လိုလုပ်ရင် ။ ဒါကို သူတို့က အခုလောလောဆယ် ကိုင်ချင်ရကင်တော့ ဖုန်းတစ်လုံး အသစ်ဝယ်လိုက်ပါ ။ ဟိုဖုန်းပြင်လို့ရရင် အကြောင်းကြားပေးပါ့မယ် ။ ဒါဆို ဟို ဖုန်းက လွှတ်ပစ်လိုက်ရသလိုဖြစ်သွားမှာပေါ့ ။ သူတို့လျှော့ပေးပါ့မယ် ။ ဖုန်းက ၈၀ဝ ဖုန်းပါ ။ ဃ ၈၅၀ဝ ရောင်းဈေး ၁၃ဝ ဝ၀ဝ ကို ၁၂၅ ဝ၀ဝ နဲ့ထားပေးပါမယ်တဲ့ . Do Co Mo မှာ Promotion လုပ်တာ ၁၀၉ ဝ၀ဝ ပဲရှိတယ် ။ သူတို့လုပ်လိုက်လို့ ပျက်ပေမယ့် ခေါင်းရှောင်ပြီး ဘာမှမလုပ်ပေးနိုင်တဲ့ သဘောပါ ။ သူတို့ဆိုင်က ဖုန်းကိုယ့်ကြောင့်ပျက်ရင် အတင်းလျော်ကြေးတောင်းမှာပဲ ။ ကိုယ့်ဖုန်းပျက်တော့ ဘာမှ မလုပ်ပေးနိုင်ဘူး ။ ဖုန်းကို ဒီနေ့နဲ့ဆိုစောင့်ရတာ ၁၆ ရက်ရှိနေပါပြီ ။ ဒီနေ့ လူကိုယ်တိုင်သွားတွေ့ပြောမှာပါ ။ ဘယ်လိုပြောရမလဲ အကြံပေးကြပါဦး ။အဲ့ဒီဆိုင်ကို တော်တော် အမြင်ကကတ်နေပြီ ။  ဈေး ၅၀၀ဝ ၊ ၁၀၀၀ဝ ကွာနေတာနဲ့တော့ အပြင်မှာပဲဝယ်တော့မှာ အဲ့ဒီဆိုင်ကလည်း နာမည်ပျက်ခံပြီးတော့ကို ဘာမှမလုပ်ပေးဘူး … ဒီနေ့ ကိုယ်တိုင်သွားပြောရင်တော့ ဘယ်လိုဖြစ်လာမလဲမသိဘူး … ဟိုနေ့က ဖုန်းနဲ့ပြောတာ ဆိုင်တာဝန်ခံလို့ထင်တာပဲ … သူ့ထက်ရာထူးကြီးတဲ့ သူနဲ့ပြောရမှာပေါ့နော် … ပြောပြကြပါဦး …

18 comments

  • ogre

    March 14, 2011 at 8:32 am

    ဖုန်းပျက်ရင်မပြင်နဲ
    ဝဲပစ်လိုက်တာကောင်းတယ်

  • unclegyi1974

    March 14, 2011 at 4:38 pm

    ခဏခဏကြုံရတဲ့ကိစ္စပါပဲ
    တတ်နိုင်သမျှသည်းခံ
    သည်းမခံလို့လည်းဘာမှမတတ်နိုင်
    အရေးကြီးရင်သူတို့ပြောသလို
    နောက်၁လုံးသာဝယ်သုံးလိုက်ပါလို့
    ဒါမြန်မာပြည်လေ
    မဝယ်ခင်အာပေါက်အောင်ပြောမယ်
    ဝယ်ပြီးရင်သူတို့နဲ့ဘာမှမဆိုင်

  • gyinkalay

    March 14, 2011 at 5:55 pm

    ဖုန်း က ဘာအမျိုးအစားလဲ..slide phone လား…့slide ဖုန်းတွေဆိုရင်..အပေါ် ဘုတ်နဲ ့အောက်ဘုတ် ချိတ်ထားတဲ့ ဘတ်စ်ပါးကြိုုးဆိုတာရှိတယ် အဲ့ဒီကြိုး မကောင်းတော့ရင် အသံမကြားတာတို ့ မိုက်မကောင်းတော့တာတို ့နောက်ဆုံး display ပါမလာတော့ပဲ ပါဝါပါပျောက်သွားတာမျိုးဖြစ်တတ်တယ်…မတတ်ကျွမ်းပဲလုပ်လိုက်ရင်တော့…အဲလို မျိုး display မလာတော့တာ မျိုးဖြစ်တတ်ပါတယ်..service ခ ဘယ်လောက်တောင်းလဲ…ဆိုင်နာမည်က ဘာလဲ..လသာလမ်းထဲမှာဆိုတော့..အင်း ဖုန်းဆို်င်က သုံးလေးဆို်င်ရှိတယ်…အဲ ပြီးတော့..ဖုန်းပြင်ပြီးတော့သူတို ့ရှေ ့မှာ မဖွင့်ကြည့်ဘူးလား..ဘာလို ့ကားပေါ်ရောက်မှဖွင့်ကြည့်ဖြစ်တာလဲ…အကောင်းဆုံးက ဆိုင်မှာ တစ်ခါတည်းစမ်းသွားတာအကောင်းဆုံးပဲ ဆိုင်တာဝန်ခံနဲ ့မ၇ရင် သူဌေးနဲ ့တွေ ့ပြီးရန်တွေ ့ပေါ့…နောက်ဆုံးမရရင် ဆိုင်ကိုနာမည်ဖျက်မယ်လို့သာ ခြိမ်းခြောက်လို်က်တော့…

  • လင်းငယ်

    March 14, 2011 at 10:25 pm

    ဒါတွေက ဖြစ်တတ်ပါတယ်။ ကျွန်တော် ကွန်ပျူတာဝယ်တုန်းကလိုမျိုးပဲ။ ဝယ်တုန်းကတော့ အမယ်လေး ပြောလိုက်တာများ ကိုယ်ကတောင် အားနာတဲ့ စိတ်ပေါက်သွားတယ်။ ဒါပေမယ့် Warranty ကာလအတွင်းမှာ Memory ပျက်သွားလို့ ပြင်ဖို့ပြောတာ တစ်နေ့လာလဲ မရ၊ တစ်နေ့လာလဲ မရနဲ့ တစ်ပတ်လောက် ကြာသွားတယ်။ ဒါက ဆိုင်တော်တော်များများမှာ Service ပိုင်းကို သိပ်ပြီး အလေးမထားကြဘူးလေ။ ရောင်းအားအပိုင်းကိုသာ အဓိကထားနေကြတာ။ ပြီးတော့ Service ကို အမှန်အကန် လုပ်နိုင်တဲ့ လူကလည်း သိပ်ပြီူး မပေါတော့။

  • etone

    March 15, 2011 at 4:47 am

    ဒါမျိုးဆို ပြတ်ပြတ်သားသားပြောသင့်ပါတယ် ။ နောက်ဟမ်းဆက် တစ်ခု မရှိခဲ့ရင် ဒီ 16ရက်စလုံး ဖုန်းမသုံးရတော့ဘူးလား ။ စာရေးသူက ခံရတဲ့ဘက်ကပါ နည်းစနစ်တကျပြောရင် ပြောလို့ရပါတယ် ။ သူတို့ အမှားကိုပဲ မြင်သာအောင် ထောက်ပြပါ ။ ပြသနာ ဖြေရှင်းပေးနိုင်မည့် မန်နေဂျာအဆင့်နဲ့ အထက်လူကိုပဲ တိုက်ရိုက် ကွန်ပလိန်းတက်ပါ ။ သတင်းကောင်းလေး စောင့်နေပါ့မယ် ။

  • bigcat

    March 15, 2011 at 4:59 am

    ဓာတ်ပုံရိုက်
    ပို့စ်တင်
    ပရင့်ထုတ်
    စာပို့…
    ဒါမှမဟုတ်
    ပို့စ်လင့်ခ်ကို
    ကော်ပီကူး
    ဆိုင်အီးမေးလ်ပို့..
    တော်ပြီတော်ပြီ
    တော်ကြာနေ
    မှင်စာလောက်
    အဆင့်မရှိဘဲ
    ကိုယ့်ကိုယ်ကို
    သဘက်ထင်သူက
    မသိနားမလည်သူကို
    မြောက်ပေးနေပါလို့
    ပြောနေအုံးမယ်…

  • Gong Zhu

    March 15, 2011 at 9:16 am

    အယ်ကယ်ကြီးရေ … အဲ့ဒီဆိုင်က အပေါက်ဆိုးတယ် အာပေါက်အောင်မပြောဘူး … ဟီးဟီး … ဖုန်းကို ပြန်ယူခဲ့ရပါတယ် … ဘာမှမတတ်နိုင်တော့ပါဘူး … အဲ့ဒီဆိုင်က ဆားဗစ် နဲ့ပဲ ပြောခဲ့တာပါ … သေသေချာချာတော့ ရန်တွေ့ပစ်ခဲ့လိုက်တယ် … ဖုန်းကတော့ အစားရမှ ပြင်ပေးလို့ရမှာတဲ့ … ဒါဆို ခုလောလောဆယ်လည်းသုံးမရဘူး … ( မင်းတို့ဖုန်းဆိုင်က ဖုန်းငါ့ကြောင့်LCD ကွဲရင်ငါက တစ်လုံးဖိုးပြန်လျော်ရမှာမလား ခုကမင်းတို့လုပ်လို့ပျက်တာ မင်းတို့က ဘာမှပြန်မလုပ်ပေးနိုင်ဘူးဆိုတော့ မင်းတို့ကဘာလဲ ၊ ဖုန်းပြင်တယ်ဆိုတာ အသစ်မဝယ်ချင်လို့ပြင်တာပေါ့ ။ မဟုတ်ရင် မပြင်ပဲ အသစ်ပဲဝယ်တော့မှာပေါ့ လို့ပြောတော့ ကျွန်တော်တို့ကလည်း ဆိုင်ကနာမည်တစ်လုံးနဲ့နေတာပါ အဆင်ပြေအောင်လုပ်ပေးမှာပါတဲ့ အဲ့ဒီက မန်နေဂျာတွေ တစ်ယောက်မှ ထွက်မပြောကြဘူး ။။။ အစ်မတို့ အပြင်မှာ LCD ပစည်း အစားရရင်ပြောပါ သူတို့ ပိုက်ဆံပြန်ပေးပါမယ်တဲ့ စဉ်းစားကြည့်ဦး ဒါဆိုလည်း အဲ့ဒီ ဖိုးကို ဖုန်းအသစ်မှာ လျော့ပေးလိုက်လည်းရတာပဲ တစ်ကယ် ဦးနှောက်မရှိတဲ့လူတွေ ပြောပြီးမှ သနားနေတယ် … ဟီးဟီး ( အသက်က ၁၉ နှစ်ပဲ ရှိသေးတယ် ကိုယ့်ထက်ကြီးတဲ့သူတွေကို မင်းနဲ့ ငါနဲ့ ရန်တွေ့လာတာ ဟားဟား ရယ်တော့ ရယ်ချင်သားဟ )

  • Gong Zhu

    March 15, 2011 at 9:21 am

    ကိုကြောင်ကြီးက သူများကို အသားရေဖျက်မှုဖြစ်အောင် လုပ်နေတယ် … ကျေတော့မကျေနပ်သေးဘူုး … ထပ်မပြောချင်တော့ဘူး … အလုပ်ရှုပ်လို့ မောလည်းမောတယ် … ပြီးရင်လည်း သနားနေမှာ … လူလူ ချင်း အဲ့လိုတော့ မပြောချင်ပါဘူး … ဒေါသထွက်ရင် ဘယ်လိုဖြစ်မှန်းမသိဘူး ပြောချလိုက်တာ ဟိုဘက်ကလူ ငိုချင်အောင်ကို … ပြီးရင်လည်း သနားပြီး စိတ်မကောင်းဖြစ်နေရော … ဘယ်လိုလုပ်ရပါ့ … အဲ့ဒီဆိုင် အခွဲက မော်တင်မှာလည်းရှိတယ် … သွားကြည့်ကြည့်ဦးမယ် … ကောင်းမလားဟင် !!!

  • white

    March 15, 2011 at 9:23 am

    ကောင်းတယ် မင်းသမီးလေး အပြတ်တာပြော
    အကျိုးကျေးဇူးလို့ ဆိုလိုချင်တာ ဆိုရင်တော့ ဖုန်းဆိုင်၏ကောင်းကျိုးကြောင့်….ဖြစ်မယ်ထင်တယ်
    သူကြီးကမှာထားလို့ ပြောပြတာနော် စိတ်မဆိုးနဲ့

  • char too lan

    March 15, 2011 at 9:30 am

    Return ပဲ (Sirkai လေသံနဲ့ပြောကြည့်တာ) 😀

  • Gong Zhu

    March 15, 2011 at 3:33 pm

    white လေးက အားပေးတယ်ပေါ့ … ကျေးဇူးပါ … နည်းနည်းမြောက်နေတယ်နော် ခု … ဟီးဟီး ( အကျိုးကျေးဇူးလို့ ဆိုလိုချင်တာ ဆိုရင်တော့ ဖုန်းဆိုင်၏ကောင်းကျိုးကြောင့်….ဖြစ်မယ်ထင်တယ်
    သူကြီးကမှာထားလို့ ပြောပြတာနော် စိတ်မဆိုးနဲ့ ) ဒါကိုတော့နားမလည်ဘူး …
    ကိုချာတူးလန်ပြောတာလည်း နားမလည်ဘူး .. sor sor !!!

    • white

      March 16, 2011 at 3:20 am

      သုူကြီး က မှာထားလို့ ခေါင်းစဉ် ကို သတ်ပုံပြင်ပေးတာပါ

  • SoeLin

    March 16, 2011 at 6:27 am

    ဖုန်းဆိုင်တင်မကဘူး .. ကင်မရာ ပြင်တဲ့ဆိုင်တွေလည်း အဲလိုပဲ ..
    ကိုယ်လည်း တစ်ခါက ကင်မရာပြင်တာ … နောက်ဆုံးတော့ သူတို့ဆိုင်က အသစ်တစ်လုံး ဝယ်လိုက်ရတယ် …..
    နောက်ဆိုရင် ဘာပြင်ပြင် ဘောက်ချာမှာ “ဆိုင်မှ ဝန်ထမ်းကြောင့် ပျက်စီးပါက အသစ်တစ်လုံးနှင့် အစားထိုးပေးရမည် ..” ဆိုပြီး အရင်ဆုံး လက်မှတ်ထိုးခိုင်းပြီးမှ ပြင်ရမယ် …. ဒါမှ ပျက်ရင် အလျော်တောင်းလို့ ရမှာ …
    မဟုတ်လို့ကတော့ မပြင်ခင်က မစားရ ဝခမန်းပြောပြီး .. ပျက်ရင် ဟိုရွှေ့ဒီရွှေ့နဲ့ …
    ကိုယ့်မှာ မသုံးရလို့ အချိန်တွေကုန်တာကော .. ခဏခဏလာရလို့ စရိတ်တွေကုန်တာရော … ကိုယ်ပဲ ခံနေရတယ်…

  • Gong Zhu

    March 16, 2011 at 7:40 am

    ကိုစိုးလင်း … မှန်ပါ့ … အသစ်တစ်လုံး မပေးခိုင်းပါဘူး … အဟောင်းဈေးဖျက်ပြီး အသစ်မှာ လျော့ပေးရင်လည်း အဆင်ပြေတာပဲလေ … ဒါပေမယ့် သူတို့က သမီးတို့လောက်မှ မစဉ်းစားတတ်တာကိုး … ဟီးဟီး
    white … တစ်ကယ်ကိုနားမလည်ဘူး … ဘာကိုလဲ … အရင်ကဘာရေးထားတာလဲ … အခုဘာမှားနေတာလဲ … တစ်ကယ်ကို မသိလို့ပါ ထပ်ရှင်းပြပါဦးနော် …

    • white

      March 16, 2011 at 8:24 am

      Gong Zhu ရဲ့ ခေါင်းစဉ်က ဖုန်းဆိုင်၏ကောင်းကြိုးကြောင့်…….ဖြစ်နေတယ်
      အမှန်က …….ကောင်းကျိုးကြောင့် ဖြစ်ရမယ်လေ

  • Gong Zhu

    March 16, 2011 at 5:22 pm

    ဪ …ဟုတ်သားပဲ … ဟီးဟီး ဂရုစိုက်မှုကိုကျေးဇူးပါနော် …

  • blackprince72

    August 14, 2011 at 7:18 pm

    ကျွှန်တော်တို့ ဆိုင် မှာ ဆို တာဝန်ယူပေးပါတယ် ။ဖုန်ကြောင့် မဟုတ်ပဲ ကျွှန်တော်တို့ကြောင့် ပျက်ရင် ရအောင် ပြန်လုပ်ပေးပါတယ် ။တခါတလေ တော့ ဖုန်း ကြောင့် ဖြစ်တာ တွေရှိပါ တယ် ။ကြိုပြောထားပါတယ် ဖြုတ် ရင် ပျက် နိုင်တာမျိုးဆို။ ဥပမာ display မပေါ်လိုက် ပေါ်လိုက် ဖြစ်တာ တွေ ဆို ။ဖုန်းထဲ မှာပါတဲ့ ဟာတွေက ကိုယ့်ကြောင့် မဟုတ်ပဲ နဲ့ ပျက်တက်တယ် ။စလိုက် ဖုန်းဆို ပိုဆိုးတယ် ။ကြိုးပြားက သုံးတာကြာတော့ ဆွေးနေပြီး ဖြုတ်တော့ မှာ ပျက်တက်တယ် ။အစ က တော့ ရပါတယ် ။ဆိုတဲ့ ပြောတာတွေကြုံ ရပါတယ် ။ဒါပေမဲ့ ကြိုပြော ထားတော့ တော်သေးတယ် ။ဆိုင်တွေအနေနဲ့ ကြို နားလည်အောင် ပြော ရမှာ ပါ ။ကိုယ့် အမှား ကြောင့် ဆို တာဝန်ယူပေး ရမှာ ပါ ။ Huawei 8500 display က ဝယ်လို့ ရပါတယ် ။ဈေးတော့ကြီးတယ် ။အဲ့ဒါကြောင့် မလဲ ပေးတာနေမှာ ။ပြောပါ ဆိုင်ရှင်နဲ့တွေ့ပြီးတော့ပြောပါ ရမှာပါ ။

    mobile house
    (sale and service )
    mdy
    092019033 ,0991022443 ,0949239384 ,011203119
    yeyintaung777@gmail.com
    mobile.service.doctor@gmail.com
    mobilehouse.mdy@gmail.com မှာမေးမြန်းနိုင်ပါတယ် ။

Leave a Reply