တကိုယ်ကောင်းဆန်သော နိုင်ငံ(သား)များ နှင့် (အမိအို) မြန်မာပြည် (၂)

nigimi77March 16, 20111min1260
လူဆိုသည်မှာ သင့်တင့်လျောက်ပတ်သော အသားဓါတ်နှင့် အသီးအရွက်တို ့အား စားသုံးခြင်းဖြင့် ကျမ်းမာ သန်စွမ်း
သော လူသားများ၊ နိုင်ငံသားများ ဖြစ်လာစေသင့်သည်။ မိမိက ကျမ်းမာ သန်စွမ်း ကြီးထွားမှသာ မိမိ၏ မျိုးဆက်များပါ
ကျမ်းမာ သန်စွမ်းသော လူများ အဖြစ် မွေးဖွားလာမည်ဖြစ်သည်။ မိမိ၏ အယူအဆ အတ္တကြောင့် သဘာဝမကျသော
အကျင့်အကြံအား စွဲမြဲလာမည်ဆိုလျင် နောင် အနာဂါတ်တွင် လူဖြစ်လာမည့်သူများ အတွက် မေ့လျော့ထားမည်ဆိုလျင်
အလွန် တကိုယ်ကောင်းဆန်သော မိမိကောင်းစားရေး အယူဝါဒသမားများသာ ဖြစ်ပေမည်။
 
ကုသိုလ် ရ၏ မရ၏ ဆိုသည်ထက် လူတိုင်းလူတိုင်းတွင် လုံလောက်သော လက်တွေ ့ကျသော  အသိဉာဏ် အတွေးအခေါ် အလုံအလောက် မရှိခြင်းသည်  မြန်မာနိုင်ငံ၏ အဓိက ပြသာနာ ဖြစ်သည်။
 
အတွေးအခေါ် မှိုင်းသွင်းခံထားရသော နိုင်ငံသား အများစုသည်  မိမိကိုယ်တိုင် လုံ ့လဝီရိယဖြင့် အောင်မြင်လာသော
အခါတွင်ပင် ကံအကျိုးပေးကြောင့် ရလာသည်ဟု လွဲမှားစွာတွေးခေါ်ကြသည်။ လှုခဲ့တန်းခဲ့သော အကျိုးကြောင့်ဟု
ယူဆကြသည်။ ထိုတွင်ပင် အဖြေကထွက်သည်။ ပြန်ရမည်ဟု မျှော်လင့်ပြီး ပေးခဲ့သောကြောင့် ရသောအခါတွင်လည်း
ပေးခဲ့ဖူးသောကြောင့် ရရှိသည် ဆိုသည့် အချက်ပင်။ 
 
လူတစ်ယောက်မှ အခြားလူတစ်ယောက်အား သနားပါတယ် ဟု ပြောခြင်းသည်၊ ထိုလူအား အထင်အမြင်သေးခြင်း၊
အစွမ်းအစ မရှိဟု ရှုတ်ချလိုသော သဘော သက်ရောက်စေသည်။ မြန်မာများ တပါးသူအား ဖောဖောသီသီ အလကားရ
သော သနားခြင်း ဟူသော စကားလုံးဖြင့် စာနာစိတ်အား တပါးသူ သိလိုရင်းကြောင့် ဖော်ထုတ်ပြောတတ်ကြသည်။