နှုတ်သီးကောင်း လျှာပါး ရှားတဲ့ ယောကျာင်္း

etoneMarch 17, 20111min1388

အသက်ရွယ် ကြီးရင့်လာတာနဲ့ အမျှ အတွေ့ကြုံလေးတွေလည်း တဆတဆပိုတိုးလာခဲ့တာပေါ့ ။
တချို့ အတွေ့ကြုံတွေက သင်ခန်းစာ ယူလို့ရသလို၊ တချို့ အတွေ့ကြုံတွေအရ ပိုမို တွေးတော တတ်ခဲ့ပါတယ် ။ အခုလည်း အတွေ့ကြုံတစ်ခုကြောင့် မထင်မှတ်ထားတဲ့ ကိစ္စရပ်တွေကို နားလည်ခဲ့ပြန်တယ်။
ယောကျာ်းနှင့် မိန်းမ အမျိုးစား နှစ်ခုမှာ မိန်းမတွေက ပစိ ပစပ် နိုင်တယ် ။ စပ်စုတယ် ။ စွာတယ် ၊ အတင်းပြောတယ် ။ ရန်တွေ့ကောင်းတယ် စသည်ဖြင့် ပြောခဲ့ကြပေမဲ့… ယောကျာ်းတွေကတော့ ဒီလို ကိစ္စမျိုး မရှိဘူးလို့ ယေဘုယျလက်ခံကြပါတယ် ။ ယောကျာ်းတယောက်ယောက်ကများ အထက်က နည်းတွေထဲ နှစ်မျိုးလောက်ပဲ လုပ်ကြည်ဦး မိန်းမလို မိန်းမရလုပ်တယ် အပြောခံရမှာပါ … ။ ဘယ်သူကများ ဒီဒသန ထွင်ခဲ့မှန်းမသိပါဘူး … မိန်းမတွေကသာ အထက်က ရေးထားတာတွေ တွင်တွင်ကျယ်ကျယ်လုပ်တတ်ပြီး ယောကျာ်းတွေက ဒီလိုမလုပ်ပါဘူးတဲ့… ။ ဟုတ်ပါလိမ့်မယ် … အများစုသော ယောကျာ်းတွေ ဒီလိုမလုပ်ပါဘူး ။ ဘာသိဘာသာ နေတတ်ကြပါတယ် … ။ ကျမမြင်ခဲ့တဲ့ ယောကျာ်းကြီး တယောက်ကတော့ မိန်းမတွေ လက်ဖျား ခါလောက်အောင် အော်ကျော့လန် ကြီး ဖြစ်နေခဲ့တာပေါ့ … ။
ရုံးပိတ်ရက် ဝိအန့်တွေမှာ ကျမဈေးသွားတတ်ပါတယ် ။ တပတ်စာ ချက်စရာ ဝယ်ထားဖို့ပေါ့ … ။ ခြင်းထောင်းကလည်း ခပ်ကြီးကြီး ၊ ဒါမှ အသီးရွက်တွေ ဆံ့မှာကိုး ။ မိုးတွင်းမဟုတ်ပဲ အချိန်ခါမဟုတ်ရွာခဲ့တဲ့ မိုးတွေ ကြောင့် ဈေးလမ်းက ဗွက်ထူနေပါတယ် ။ မြေတွေကလည်း ပျော့ပြီး ခပ်မည်းမည်း အရောင်တွေ ဖြစ်လို့ပေါ့ … ။ မိုးက ဖွဲဖွဲလေးပဲ ကျနေပေမဲ့ … မိုးရေထဲ ကြာကြာ နေတဲ့အခါ ရွှဲစိုစေပြန်ပါတယ်။ ဒါတောင် ထီးဆောင်းပြီး သွားခဲ့တာပါ ။ ဈေးလမ်းလေးက ခပ်ကျဉ်းကျဉ်းရယ် … ကားတစီး ဝင်လို့ ရယုံပဲ ရှိပါတယ် … ဈေးသည်တွေ စည်းကမ်းမဲ့ လမ်းမပေါ် တင်ပြီး ရောင်းနေတဲ့အချိန် ကားဝင်ဖို့ ခက်ခဲပါတယ် ။ ဈေးလမ်းကျဉ်းလေးထဲမှာ လူတွေ၊ ထီးတွေနဲ့ ရှုပ်ယှက်ခတ်လို့ပေါ့… ။ ကျမလည်း ဗွက်ပေမှာ စိုးလို့ ထမိန် စွန်ထောင်စွဲပြီး ဈေးလမ်းထဲ အဝင် ကျိကနဲ ထိုးစိုက်လာတဲ့ကားကြောင့် ဗွက်တွေ ဗြန်းခနဲ စင်ကုန်တာပေါ့ … ပေမှာစိုလိုးလို့ စိတ်ပူနေယုံရှိသေး ဗွက်စင်တော့ ဒေါသထွက်တော့တာပေါ့… ။ ဒါကို ကားမောင်းတဲ့ ငနဲ … အဲ ငနဲ ဘာပြောရတာ အဲ့ဒီဘဲကြီးက အသက် လေးဆယ်ကျော်လောက်ရှိမယ် ၊ မျက်နှာကို ကြည့်ရုံနဲ့ အရက်သမားဖွန်ကြောင်ရုပ်ကြီးမှန်းသိသာတယ် ။ ပါးစပ်က တန်းလန်းနဲ့ ခဲထားတာက စီးကရက် … မြင်ရတာ တကယ့်ကို ဘောင်မဝင်ဘူး ဖြစ်နေတယ် ။ ငနဲ က ပြန်ပြောသေးတယ် ကားတိုက် သေချင်လို့လားတဲ့ … ကျမဒေါသ အထွတ်ထိပ်ရောက်သွားတာပေါ့ … သူက တပြန်ကြီးပြန်ရန်တွေ့တာကိုး ။ ကျမလည်း ဒေါသ အရမ်းဖြစ်နေတော့ ရှင်ကားမောင်းတာ မျက်စိပိတ်ပြ ီးမောင်းသလား ။ ကားဝင်လို့မရတာ ဘာလို့ အတင်းတိုးလာလဲ ။ လူက ကားပေါ် ရောက်ရင် သူ့ကိုယ်သူ ဂျက်လေယာဉ် မောင်းတယ် ထင်မလားပဲ ။ x &#@! နည်းနည်း မေတ္တာပို့ပြီး အဲ့ဒီနေရာက ထွက်ခဲ့ပါတယ် ။
ဈေးထဲရောက်တော့ ဟင်းသီးဟင်းရွက်တွေ စဝယ်ပါတယ် ။ ဟင်းသီးဟင်းရွက်ဝယ် ပြီး တခြား ကုန်ခြောက် ဝယ်ဖို့ လှည့်အထွက် ကျမ နောက်ကလူနဲ့ ခေါင်းစောင့်မိပါတယ် ။ ကျမက အနောက်ကို လှည့်လိုက်တာမို့ ဘယ်သူမှမရှိဘူး အထင်နဲ့ သတိမထား မိပါဘူး ။ နောက်ကလာတဲ့လူကလည်း မရှောင်ပါဘူး ။ ဒါနဲ့ ခွပ်ခနဲဆို သူ့မျက်နှာနဲ့ ကျမခေါင်းနဲ့ စောင့်မိပြန်ရော… ကျမကတောင်းပန်မယ်အလုပ် မော့ကြည့်မိတော့ ပြိုတော့မဲ့မုးိလို ပုပ်သိုးသိုးမျက်နှာကြီးက ရုတ်ရင်း ကြမ်းတမ်းတဲ့စကားတွေ ပွင့်ဟလာဖို့ အစပျိုးနေချိန်ပေါ့…။ ကျမလည်း တောင်းပန်ချင်တဲ့ စိတ်ကူးပျောက်ပြီး ဆန့်ကျင်ဘက်စကားတွေနဲ့ ရန်တွေ့လိုက်ပါတယ် … သူကလည်း မခေဘူးနော် ကျမနည်းတူပဲ ယောကျာ်းကြီးတန်မဲ့ နှုတ်ခမ်းကြီးထော်ပြီး ရန်ပြန်တွေ့တယ် … ။ပြောတတ်လိုက်တာ ကျမတောင် ငိုချင်စိတ်ပေါက်သွားတယ် ။ ကျမ အကျင့်ကလည်း ကိုယ့်ကိုလာ ထိခိုက်ရင် ငုံမခံတတ်တော့ စကားများရတာပေါ့ ။ နောက်ဆုံး သူ့ကို … ယောကျာ်းကြီးတန်မဲ့ မိန်းမတွေကို ရန်တွေချင်ရင် ထမိန် ဝတ်ထားလို့ ပြောလိုက်တော့…. … အ ဲ့ဒီနေရာမှာပဲ ဆွေ့ဆွေ့ခုန်သွားတာပေါ့… ။ ဗွက်မဲမဲတွေ ထူနေတဲ့ ဈေးလမ်းမှာ တဗျန်းဗျန်း ခုန်ရင်း နတ်ကတော်ကြီး နတ်ဝင်ခါနီးလိုပဲ ဒေါသတွေထွက်ရင်း ကျန်ခဲ့တော့တယ် ။ ဝတ်ထးတာက ဘောင်းဘီ တို အပွကြီးကို ပွင့်ရိုက်က သင်္ကြန်အဆင် ၊ အရောင်က မူးလောက်တယ် … လိမ္မော် ၊ ခရေစီစိမ်းနဲ့ အဝါ အပွင့်ဖတ်တွေပါတဲ့ ဒီဇိုင်း ။ အပေါ်အကျီ င်္ က စွပ်ကြယ် လက်တိုနဲ့ … ကိုယ်ခန္ဓ ာ ခပ်ဝဝ ၊ ဗိုက်ပူ အဆီ ရွဲရွဲ နဲ့ … သူဌေးတွေ ၊ သူဌေးဂိုက်ဖမ်းတဲ့လူတွေ သုံးတဲ့ လက်ကိုင်အိပ်ကြီးကိုလည်း ဂျိုင်း ကြားညှပ်လို့ … ။ ဝတ်ထားတဲ့ ဆွဲကြိုးကြီး ကျတော့လည်း သူ့အိမ်က ပါပီ ဆွဲတဲ့ ကြိုး နဲ့ ဆိုက်တူများ လုပ်ထားသလား မသိ ။ လက်ချောင်းပုတိုတို တွေမှာလည်း ပြူးတုပြဲတဲ တလုံးကျောက်တွေ စီထားတဲ့ လက်စွပ်မျိုးစုံနဲ့… လက်ဆယ်ချောင်းမှာ အနည်းဆုံး ခြောက်ချောင်းလောက်ဝတ်ထားတာ မြင်မိတယ် ။ ကြည့်တာနဲ့ ပိုက်ဆံရှိတဲ့လူမှန်းသိသာပါတယ် … ။ ဒါပေမဲ့ ဘဝမြင့်နေတဲ့ ရုပ်ပေါက်နေတယ် ။ အိမ်က ထွက်လာပေမဲ့ အော်ချင် ဟိန်းချင်တဲ့ စိတ်ပေါက်နေသေးတာ ….. ကျမနဲ့ ပက်ပင်းတိုးတော့ ….. ရမ်းပုံပေါ် မီးကျသလို ဖြစ်ခဲ့တာပေါ့ … ။ သူ့အကြောင်းပြန်တွေးရင် း ဈေးထဲလျှောက်လာခဲ့တာ ကုန်ခြောက်ဆိုင်တောင် ကျော်သွားတယ် … ။ နောက်ပြန်လျှောက်ပြီး လိုတဲ့ ကုန်ခြောက်တွေ ဝယ်ခဲ့ပါတယ် … ။ ဟင်းသီးဟင်းရွက်လည်း ဝယ်ပြီးပြီ ကုန်ခြောက်လည်း ဝယ်ပြီးပြီ ဆိုတော့ ….. အသား ၊ ငါး နည်းနည်း ဝယ်ဦးမှ ဆိုပြီး ငါးတန်းဘက်ထွက်လာတာ … အော်ကြီး ဟစ်ကျယ် ရန်ပွဲနဲ့ ကြုံပြန်ပါတယ်…… သိတဲ့အတိုင်းလေ လူတွေက ခွေးကိုက်ရင်လည်း အုံ ၊ ချော်လဲရင်လည်း အုံ ၊ နှစ်လုံး သုံးလုံး ဆိုလည်း အုံဆိုတော့ … တကယ့်ကို စိတ်ပိန်စရာပါပဲ… အထွေထူးကိစ္စတော့မဟုတ်ပါဘူး အလေးခိုးရင်း ဖြစ်နေကျက မဆန်းတော့ပါဘူး ။ ဒါပေမဲ့ ဆန်းတာက ငါးသည်မနဲ့ အသံတူ ရန်တွေ့နေတဲ့ အသံက ယောကျာ်းအသံတစ်ခုပါ… ။ ဟမ် … ယောကျာ်းတယောက်က ဘယ်လို သတိ္တမျိုးနဲ့ ငါးသည်မနဲ့ ရန်တွေ့ရဲတာလဲပေါ့ … ။ ကျမစိတ်ဝင်တစား တိုးဝှေ့နေတဲ့လူအုပ် ကြားထဲ ခြေဖျားထောက်ပြီး ဝင်စပ်စုကြည့်တော့… အား ပါးပါး … ရန်တွေ့ကောင်းတဲ့ ဟိုငနဲကြီးပါလား ။ အံမယ် ….. သူက ပြောသေးတယ် … သူကမာ္ဘပတ်လာတာ ကြာပြီတဲ့ ဘယ်နိုင်ငံမှာမှ ဒီလို အလေးခိုးတဲ့ကိစ္စမရှိဘူးတဲ့ … ။ ဘယ်နိုင်ငံတွေ ရောက်ခဲ့ဖူးတယ်ဆိုပဲ … နင်တို့စိတ်ဓါတ်မကောင်းလို့ ငါးရောင်းနေရတာတဲ့… သူ့ကိုယ်သူ ဘာကောင်မှန်းတော့ မသိပေမဲ့… ကိုယ်ဘယ်နိုင်ငံရောက်ဖူးတယ် ဆိုတာမျိး ပညာတတ်တဲ့လူတွေ ၊ ပညာမတတ်တဲ့လူတွေ ပေါင်းစုံ ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးထဲ ဂုဏ်ဖော် ကြွားဝါနေစရာမလို ဘူးလို့တော့ ကျမထင်တယ် ။ ဈေးသည် ခမျာ နိုင်ငံခြား ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်လိုက်တော့ ကြက်သေသေသွားတာပေါ့ … ။ဒီလောက် အာကြမ်းလျှာကြမ်း ငါးရောင်းတဲ့ သူကို အနိုင်ပြောနိုင်တာ သူပဲရှိတယ် … ကျမက အဲ့ဒီဈေးထဲ သွားနေကျပါ .. … ငါးအတန်းမှာ အဲ့ဒီ ဈေးသည်မက အလေးခိုးတယ် ၊ ကပ်စီးနည်းတယ် ၊ တိုတယ်ဆိုတာကြောင့် ခဏခဏစကားများတာ မြင်နေကျပါပဲ …။ ကျမကတော့ သူ့အကြောင်းသိနေတာနဲ့ တခြား ဈေးသည်ဆီမှာပဲဝယ်ပါတယ် … ။ မတရားလာလုပ်ရင် မခံတတ်တာကြောင့် ပြသနာတတ်နိုင်လို့ ကြိုရှောင်ထားတာပါ ။ ဒီလိုဈေးသည်ကို အနိုင်ပြောနိုင်တဲ့ စွမ်းရည်ကို မချီးကျူးပဲ မနေနိုင်တော့ပါဘူး ။ ဘွဲ့တခုတောင် ပေးခဲ့ပါသေးတယ် … နှုတ်သီးကောင်း လျှာပါးလို့ပါ ။ သကောင့်သားက အောင်နိုင်သူအပြုံးနဲ့ စပ်ဖြီးဖြီးကြီးလုပ်ပြီး ထွက်သွားတဲ့ မျက်နှာ အခုထိတောင် မြင်ယောင်တုန်းပဲ ။ မိန်းမတွေ ဒါမျိုး လုပ်ကြည့် ကြမ်းထောမ ၊ အဆင့်မရှိဘူး ၊ ဘာဘူး ညာဘူး တွေ ပြောကုန်မယ် … ဒီလို ယောကျာင်္း အရင့်မာကြီးက ကတ်ကတ်လန်အောင် ရန်ပြန်တွေ့တာကျတော့ ဘာပြောကြမလဲ … ။ အဲ့လို လူမျိုး တစ်ရာမှာ တန်းပါဆန့်လောက်တော့ ရှိကောင်းရှိပါလိမ့်မယ် … ။ သူ့အသက်မွေး ဝမ်းကြောင်းအလုပ်ဘာမှန်းမသိဘူး ။ ဘာရာထူးလဲ မသိဘူး ။ သူဘယ်လို အခြေနေနဲ့ ကမာ္ဘပက်ခဲ့လည်း မသိဘူး ။ ဒါပေမဲ့ … မိန်းမတွေနဲ့ ပြိုင်ပြီး ရန်ဖြစ်တာ ယောကျာင်္းကောင်းတွေရဲ့ အမူအကျင့်တော့ မဖြစ်နိုင်ဘူးလို့ ကျမထင်တယ် … ။ လူတွေက ဘယ်လောက် ပဲ ထိပ်တန်းပဲ ဝင်ဝင် ဟန်ဆောင်ပဲ ကောင်းကောင်း တစ်ခါတစ်ရံ အပြုမူ အပြောဆိုတွေကနေ မဖုံးဖိနိုင်တဲ့ ဗီဇ၊ အမူကျင့်တွေ ပေါ်လာတော့တာပဲ ဆိုတာ နားလည် လိုက်ရပါတော့တယ် … ။ 17-Mar-11

8 comments

  • bigbird

    March 17, 2011 at 1:13 pm

    အဲ့ဒီ ၁၀% ထဲမှာ ငှက်ကြီးမပါပါဘူး။၊မိန်းမတွေနဲ ့ပြိုင်ပြီးရန်မဖြစ်ရဲပါဘူး။
    ငှက်ကြီးအထင်တော့ ၁၀ဝ မှာ ၂% လောက်ပဲရှိမယ်ထင်တယ်.မအီးတုံးရေ..

  • naungnaung

    March 17, 2011 at 3:15 pm

    ဟုတ်တယ်….၁၀ဝ မှာ ၁ဝ ယောက်တော့ မရှိပါဘူး….ငှက်ကြီးပြောသလောက်ပဲ ရှိပါတယ်….ဘဝင်မြင့်ပြီး လူတက်ကြီး လုပ်တက်တဲ့ သူတွေ ပဲ သူတို့ကို နဲနဲလောက် ပြောလိုက်တာနဲ့ ဒိုင်ယာလော့တွေကလာတော့တာပဲ…

  • အာဖျံ ကွီး

    March 17, 2011 at 3:29 pm

    မတစ်ထောင် တစ်ကောင်းဘွားပေါ့ .. အီးတုံးရ .. ဟဟဟ

  • shweminthar

    March 17, 2011 at 3:37 pm

    ကျနော်သာ ဆို အဲလို တော့ ရန် မဖြစ်ရဲပါဘူး။
    နဂို ကတည်းက မိန်းမတွေ နဲ့ ပြသနာ မဖြစ်အောင ်လို့ ကိုယ်က မှန်နေသည့်တိုင်အောင် ယာဉ်ကြီးယာဉ်ငယ် လို သဘော ထားပြီး ဝေးဝေး က ရှောင်ပါတယ်။

  • Shwe Tike Soe

    March 18, 2011 at 2:46 am

    အောက်ခြေလူတန်းစားတွေ အဆင့်အတန်းမရှိတာ ထက် အထက်တန်းစားတွေ အဆင်အတန်းမရှိတာပိုဆိုးသေးဗျာ
    ပိုက်ဆံရှိရင် ပို အောက်တန်းကျတယ် ဟေဟေ

  • etone

    March 18, 2011 at 2:55 am

    အသက်ကြီးပြီး အချိန်မစီးတဲ့ အဲ့ဒီလူကြီးအကြောင်း ရေးရင်းနဲ့တောင် စိတ်တိုတယ်။

  • MaMa

    March 18, 2011 at 4:24 am

    ကိုယ်လည်း ငယ်ငယ်က စိတ်ဆတ်လွန်းလို့ အဲလိုလူမျိုးတွေ့ရင် ပွဲကြီးပွဲကောင်းပဲ။ ဒါပေမယ့် ကြီးလာတဲ့အခါ သတိထားပြီး သူတို့နဲ့လိုက်ပြီး စိတ်လိုက်ဆိုးနေမယ့်အစား သူနဲ့လိုက်ရန်ဖြစ်ရင် ကိုယ်လဲသူ့လိုပဲ ဖြစ်သွားမယ်ဆိုပြီး စိတ်ကိုတတ်နိုင်သလောက် ထိန်းလိုက်ပါ။ နောင်ကို အကျင့်ပါသွားပါလိမ့်မယ်။လူ့အဆင့်အတန်းဆိုတာ ကိုယ်ကျင့်တရားနဲ့ပဲ တိုင်းတာပါတယ်။

  • etone

    March 18, 2011 at 4:49 am

    ဟုတ်ပါတယ် MaMa ရေ … ထိန်းဖို့ ကြိုးစားပါသေးတယ် ။
    ပြောမှသိ ၊ ထိမှ နာမဲ့ လူမျိုးတွေ မို့လို့ လူစိတ်ဝင်လာအောင် တစ်ခါတစ်လေ ထိပ်တိုက်ပြောရတာ …။

Leave a Reply