အပျော်တမ်း…..ငါးဖမ်း..

hmeeMarch 22, 20111min2148

လူတိုင်းလူတိုင်းမှာ တခု သို.မဟုတ် တခုထက်ပိုသော အမှတ်တရတွေ ရှိကြမှာပါလို. ကျွန်မပြောရင် ကျွန်မ မလွန်ပါဘူးနော်။ မရှိပါဘူးလို. ကို.ကိုယ်ပြန်ပြောမိရင် သေချာပြန်စဉ်းစားကြည့်ပါလို. အကြံပေးချင်ပါတယ်။ မိမိ သတိမထားမိတဲ့ အမှတ်တမဲ့ ဖြစ်သွားတဲ. အမှတ်ရစရာလေးတွေ အနည်းဆုံးတခုလောက်တော. ရှိကောင်းရှိခဲ့မှာပါ။  ကျွန်မမှာတော. ခံစားလွယ်လို.ပဲလား ဒါမှမဟုတ် မိမိအတွက်အသစ်အဆန်း အထူးအဆန်းဆို အမြဲအလိုလို မှတ်မိတတ်လို.လား အတိအကျ မပြောတတ်ပေမဲ့ တကယ်ကို အမှတ်ရစရာတွေ များနေတာပါ။

ကျွန်မတို.ရွာမှ စာသင်ကျောင်းဟာ   ဟို..အရင် ကျွန်မတို. ငယ်စဉ်က အခုလို အလယ်တန်းကျောင်းမဟုတ်ပါဘူး။ မူလတန်းကျောင်းကလေးသာ ဖြစ်ပါတယ်။ ဒါကြောင်မို. ပညာဆက်သင်မဲ့ ကလေးတွေမှာ မြို.က အထက်တန်းကျောင်းမှာ ကျောင်းဖွင့်ချိန်တချိန်လုံး မြို.မှာနေ မြို.မှာပဲ စာသင်ရတာပေါ့။ အိမ်ဝယ်နိုင်သူများက မြို.မှာ အိမ်ဝယ်ပြီး သားသမီးကို ကျောင်းထားသလို သိပ်မတတ်နိုင်သူတွေက အိမ်ငှားနဲ.နေရင်း ကျောင်းတက်ရပါတယ်။ တနှစ်ပတ်လုံး မြို.မှာ နေရပြီး ကျောင်းတက်ရတဲ့အတွက် မိဘတွေကပဲ သားသမီးကို လာတွေ. လာမတွေ့နိုင်တဲ့အခါ လူကြုံနဲ.လိုအပ်တာတွေ ပေးလိုက်လို. ရွာကိုကျောင်းဖွင့်ချိန် မပြန်နိုင်ဘူးလေ။  နောက်တကြောင်းကလည်း ရွာမှ မြို.ကို လာတဲ.လမ်းကလည်း ကျောက်ကြမ်းခင်းထားတဲ့ လမ်းဖြစ်လို. မိုးတွင်းမိုးရွာတဲ့အခါ လမ်းကပျက်သွားပြီး မြင်းလှည်းတွေ မောင်းမရလို.  အသွားအလာခက်ခဲလို. မြို.နဲ.ရွာမှာ တမိုးတွင်းလုံး အဆက်အသွယ် ပြတ်သလို ဖြစ်တာလည်း ပါပါတယ်။ ဒါကြောင့်မို. သီးနှံစိုက်ပျိုးတဲ့ တမိုးတွင်း တဆောင်းတွင်းလုံး မြို.မှာနေရတာမို. စာမေးပွဲပြီးလို. ရွာပြန်ရောက်တဲ့ အချိန်မတော.  သီးနှံအားလုံးမှာ ရိတ်သိမ်းပြီးလို. ကျီထဲရောက်ပြီ ဖြစ်လို. တောသူဖြစ်ပေမဲ့ တခါမှကို သီးနှံစိုက်တာ မမြင်ဘူးခဲ့ပါဘူး။

ဒါပေမဲ့ တနှစ်ကတော့ မြင်ခွင့် ကြုံကြိုက်ခွင့် ရှားရှားပါးပါး ရခဲ့ပြီး တကယ်ကို ပျော်ခဲ့ရတဲ့ ကလေးဘဝမမေ့နိုင်စရာ ရက်တရက်ပါ။ ကျွန်မတို. မြို.မှာကျောင်းတက်နေချိန် တနိုင်ငံလုံး အရေးအခင်းဖြစ်လို.  ကျောင်းတွေပိတ်လိုက်ပြီလို. သိသိချင်း မနက်အစောကြီး အဖေရောက်လာပြီး ကျွန်မတို. မောင်နှမတွေကို ရွာပြန်ဖို. လာခေါ်ပါတယ်။ မိုးတွင်းကလည်း မကုန်သေးတော.  လမ်းတွေက ပျက်နေတုန်းမို. မြင်းလှည်းမရှိတော့ မိုင် ၂ဝ လောက်ခရီးကို လမ်းလျှောက်ပြန်ရတာလေ။  ရွာကိုရောက်တယ် ဆိုရင်ပဲ လွတ်လပ်ရေးက အပြည့်ကိုရတာပါပဲ။  စာလည်းသင်စရာမလို သလို ကျက်စရာလဲမလိုလို. အချိန်ပြည့်အားနေလို. မောင်နှမတွေ ဘာလုပ်ရင်ကောင်းမလဲ အကြံထုတ်တာပေါ့။  အိမ်မှာအလုပ်လုပ်တဲ့ စာရင်းငှားဦးကြီးက ဒီအချိန် လယ်ထဲမှာ ပုစွန်လုံးဖမ်းလို.ကောင်းတယ် သွားဖမ်ကြပါလားလို. အကြံပေးတာနဲ. မောင်နှမတစ်စု သံဖြူရေပုံးတွေ ဆွဲပြီး ရွာပြင်လယ်ကွင်းထဲ ထွက်လာကြတာပေါ့။  တခါမှ မိုးတွင်းအခါ ရွာမှာမနေဘူးတော့ စမ်းသပ်ချင်စရာတွေကလည်း အများသားလေ။

တော်သလင်းနေ ပုစွန်သေ လို. ဆိုတဲ့အတိုင်း တော်သလင်းလ အပေါ်က နေပူပူနဲ. လယ်ကွင်းထဲမှာလည်း စပါးပင်တွေက စပြီး ကောက်စိုက်ခါစမို. ကျိုးတို.ကျဲတဲမို. လယ်ကွက်ထဲက ရေတွေကလဲ ပူနေတယ်လေ။  မွန်းလွဲ ၂နာရီ အချိန်မှာ ငါးဖမ်း၊ ပုစွန်လုံးဖမ်းလို. အကောင်းဆုံးအချိန်ပဲလို.  အကြံပေးလိုက်လို. နေပူပူမှာ ဖမ်းမယ်ဆိုပြီး တက်ညီလက်ညီ ထွက်လာကြတယ်။ ရွာအပြင်ကိုထွက်ကာ ဆည်ကရေပေးတဲ့ တာဘောင်ကို ကျော်လိုက်တယ်ဆိုရင်ပဲ ပျိုးပင်ကျဲကျဲ ရေဖွေးဖွေး လယ်ကွင်းတွေမြင်ရပါပြီ။  မြင်မြင်သမျှ လယ်ကို အရမ်းကာရော ဝင်ဖမ်းလို. မရပါဘူး။ စိုက်ခါစ ပျိုးပင်တွေ သေမှာစိုးရိမ်လို. လယ်သမားတွေက ငါးဝင်ဖမ်းတာမြင်ရင် အလွန်စိတ်ဆိုးမှာလည်း  သိလို. ကိုယ်.မိဘ၊ဆွေမျိုးတွေ ပိုင်တဲ့ လယ်တွေဆီ ကမ်သင်းရိုးတလျှောက်  ချီတက်ကျတယ်လေ။  ကျွန်မတို. ခြေသံတွေ ကြားပြီး  ရေတွေပူလို. ကမ်သင်းရိုးပေါ် တက်နေတဲ့ ပုစွန်လုံးတွေ ရေထဲဆင်းပြေးတာတွေ ရေကပူလို. ချက်ချင်း နီးရာ ပျိုးပင်လေးတွေပေါ်  အပြေးတက်တာတွေ မြင်ရတော့ အပြေးလိုက်ဖမ်းပြီး သံပုံးထဲထည့်တာပေါ့။  ပုစွန်လေးတွေခမျာ ပူလွန်းလို. သေမှာစိုးလို.  ရှောင်ကာမှ သေမင်းနဲ.တည်.တည့် တိုးသလိုလို. အခုမှ တွေးမိတယ်။ ပျော်လွန်းလို. တယောက် တပေါက် အလုအယက်ပြော သူ.ထက်ငါ ဦးအောင်လုကောက်နဲ. သွားတာ ကျျွန်မတို. မိဘပိုင်တဲ့ လယ်ဆီကို ခဏလေးနဲ. ရောက်သွားပါတယ်။ ကို.မိဘလယ်မို. ဘယ်သူ.မှ ကြောက်ရန်မလိုလို. အထင်ရှိတာမို. ခပ်ရဲရဲ လယ်ထဲဆင်း ငါးဖမ်းပွဲကြီး စပါတော့တယ်။

တခါမှ မဖမ်းဘူးလို. ဘယ်လိုစဖမ်းရမယ် ဘယ်နေရာမှာ ငါးရှိတတ်တယ် မသိပဲ ရမ်းသမ်းဖမ်းလေတော့ ပျိုးပင်တွေလည်း နင်းမိတယ်လေ။ လယ်မြေဆိုတာ သူ.မြေသားကိုက စီးနေတာမို. မသွားတတ်သူဆို မထိန်းတတ်လို. လျှော်လဲတတ်တယ်။ ကျွန်မတို.တွေလည်း တဘိုင်းဘိုင်း လဲကျတာ တကိုယ်လုံး ရွှံတွေပေပွပြီး ခေါင်းတွေပါမကျန်  စိုချွှဲနေတာပေါ့။ ငါးဖမ်းတာ ခဏကြာလာတော့ ဖမ်းနည်းကိုလည်းသိလာသလို ဘယ်လိုနေရာကို ဖမ်းရင် ငါးအပိုင်ရမယ်ဆိုတာ သိလာလို. မောင်နှမတစ်စုလုံးဖမ်းကြတာ သံပုံးတလုံး အပြည့်နီးပါး ရလာတယ်။ ပုစွန်လုံးကတပုံး၊ ငါးကတပုံး ရတဲ့အခါ လူတွေလည်း ပေပေတူးတူးတွေ ဖြစ်နေကြပြီလေ။ ငါးဖမ်းနည်းလည်း သိလာလို. ငါးကလည်း ဖမ်းတိုင်း ရနေတော့  တပျော်တပါး ဖမ်းလိုက်ကြတာ နေအတော်စောင်းမှ အိမ်ပြန်ဖို. သတိရကြတော.တယ်လေ။ ငါးပုံးတွေ ဆွဲပြီး ပြန်မယ်ဟေ. ဆိုပြီး ရွာကို ပြန်လာရင်း တလမ်းလုံး အိမ်ရောက်ရင် အမေ့ကို ငါးဟင်းကို ဘယ်လို ချက်ခိုင်းမယ် ပုစွန်လုံးကို ဘယ့်နှယ့်လုပ်ခိုင်းမယ် စသည်ဖြင့် တိုင်ပင်ပြီး ဟီးတိုက်ကာ ပြန်လာတာပေါ့။ ခြံအဝင်ဝလည်းရောက်ရော ခြံဝကနေ အမေရေ သမီးတို. ငါးဖမ်းလာတယ်လို. အော်ပြီးဝင်တာ အသံမဆုံးခင် မီးဖိုအဝင်ဝမှာ ခါးထောက်ရပ်နေတဲ့ အမေ့ရဲ. စိတ်တိုနေပုံကို မြင်ရတယ်ဆိုရင်ပဲ အသံအလိုလိုတန်.ပြီး ခပ်ကုပ်ကုပ်လေးတွေ ဝင်လာရင်း သိလိုက်တာတော. အဆော်ခံရတော.မယ်ဆိုတာပါပဲ။

တနေကုန် တဖွဲ.လုံးပျောက်နေလို. စိတ်ပူပြီး လိုက်ရှာရလို. မောနေတာရယ် သူ.ကိုခွင့်မတောင်းပဲ ရွာပြင်မှာ ငါးဖမ်းတာရယ်  ငါးဖမ်းလို. ပျိုးပင်တွေလဲကုန်မှာပဲလို. သိလိုက်တာရယ် တကိုယ်လုံး ခေါင်းပါမကျန် ရွှံတွေပေပွ ညစ်ပတ်နေတာ မြင်ရတာရယ်နဲ. ဖမ်းလာတာတေ ွမြင်လိုက်ရရင်ပဲ အမေ့ဒေါ်သ အထွဋ်အထိပ် ရောက်ပြီး  မောင်နှမ အကုန်လုံး မီးဖိုအဆောင်ရှေ.မှာ   တန်းစီခိုင်းပြီး ရိုက်ပါတော.တယ်။  ရေကလည်း စိုနေတာမို. အားလုံး အကုန် အီစိမ့်နေတာပေါ့။ ပြီးတော.လည်း ဖမ်းလာတာတွေကို  သွားအခု မြစ်ထဲ သွားသွန်လိုက် ငရဲမကြောက်ဘာမကြောက် နောက်တခါ မပြောမဆို သွားရင် ဒီထက့်နာမယ်လို. ထပ်ကြိမ်းလိုက်တယ် ဆိုရင်ပဲ ငါးပုံးလေးတွေ ကောက်ကိုင်ပြီး နှမျောစွာနဲ. သွားသွန်လိုက်ရလို.  ညနေစာ ငါးဟင်း၊ ပုစွန်လုံးဟင်းနဲ. ဝေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း အရိုက်ခံပြီး မစားရပဲ ပျော်ခဲ့တဲ့ အပျော်မို. အခု အသက်ကြီးလာတော. မောင်နှမတွေ စုံမိတိုင်း ပြန်ပြောပြီး  အမြဲပဲ ရယ်နေရတာမို. ကျွန်မအတွက် ပြန်မရနိုင်တော့တဲ. အမှတ်တရတခုပါပဲ။

8 comments

  • ဆူး

    March 22, 2011 at 4:42 pm

    ဆူး လည်း ငယ်ငယ်က အဘိုးတွေ ဆီ သွားလည်တာ လူကြီးတွေ မပြောဘဲ ဦးလေး လှေဆိပ်က ဦးလေး တပည့်နဲ့ လှေလိုက်စီးတာ.. အကိုဝမ်းကွဲတွေက တမြို့လုံး အသည်းအသန်..ပတ်ရှာနေကြတာ.. ညနေတော့ဆောင်းမှာ ကမ်းပေါ်တက်မှ တွေ့သွားတော့ အကိုက ပြောတယ် နင့်ကိုငါတမြို့လုံး ပတ်ရှာပြီး စက်ဘီးနင်းရတာ ပေါင်တွေကို ကွနေတာဘဲ။ အမေကလည်း ပြောတယ် သမီး အဲလို မသိဘဲ လိုက်မသွားရဘူး သမီးကို ရေထဲ တွန်းချပြီး သမီးဝတ်ထားတာတွေ ချွတ်ယူသွားလည်း ဘာမှ မတတ်နိုင်ဘူးတဲ့.. အဲဒီတော့မှ တွေးပြီး နည်းနည်းတော့ ကြောက်သလို ဖြစ်သွားတယ်။

  • unclegyi1974

    March 22, 2011 at 4:49 pm

    ပျောက်ဆုံးသွားသောနိဗ္ဗန်ဘုံ
    မြင်မြင်ထင်ထင်ရေးနိုင်ပါပေတယ်ဗျာ

  • bigcat

    March 23, 2011 at 2:04 am

    သဂျီးက ဈေးထဲမှာ ပုဇွန်ငါးရှားပြီး ဈေးတက်တည hmee ကြောင့်တဲ့။ ကိုယ်ငရဲကြီးမှာကြောက်တာနဲ့ စားသုံးသူတွေ ပေါပေါများများမစားရလို့ စိတ်ဆင်းရဲပြီး အကုသိုလ်ဖြစ်ရသတဲ့။ လူတွေက အပိုတွေလုပ်ပြီး အသိညဏ်မရှိတဲ့ တရိစာ္ဆန်တွေနေရာကနေ ဝင်ကြည့်နေကြတာတဲ့။ အသိညဏ်မရှိမှတော့ ဘယ်လိုလုပ်ခံစားမှုဖြစ်ပြီး နာတတ်မှာလည်းတဲ့။ တိရစာ္ဆန်တွေသေပစေတဲ့၊ သူတို့အသားကိုစားမှ လူတွေအားရှိမှာတဲ့။
    ငါ့အသားတော့လာမထိနဲ့ နာတတ်တယ်တဲ့။ သဂျီးပြောတာ…..

  • nozomi

    March 23, 2011 at 10:11 am

    တောက ငယ်ဘဝကို လွမ်းစရာလေးတွေပါ
    ဆက်ရေးဘို့ တောင်းဆိုချင်ပါတယ်

  • padonmar

    March 23, 2011 at 2:53 pm

    hmee စာအရေးအသားကောင်းပါတယ်၊ခင်ခင်ထူးရေးတာနဲ့ ဆင်ပါတယ်၊
    အားပေးလျက်ပါ။

  • nature

    March 30, 2011 at 5:48 pm

    ကိုယ်ကတော့အပျော်ပေါ့၊သူတို့မှာတော့အသက်နဲ့ ဘဝနဲ့ရင်းပြီး စိုးရိမ်ထိပ်လန့်ရှာပေလိမ့်မယ်၊hmee ရဲ့အမေကိုချီးကျူးပါတယ်။

  • kai

    March 30, 2011 at 8:27 pm

    ငါးဖမ်းတယ်ဆိုတာ.. ကယ်လီဖိုးနီးယားမှာတော့ လိုင်စင်လိုတယ်…။ သားပေါက်၊ဥဥတဲ့ရာသီ..မျိုးသုန်းခါနီးငါး စသဖြင့် သိနိုင်ဖို့..လိုင်စင်ဖြေရတာပါ..။
    အားကစားတမျိုးလို့တောင်ပြောရမလားပဲ..။
    ဆိုတော့..
    သူတို့တွေလည်း ဖမ်းမိရင်.. အများအားဖြင့် ပြန်လွှတ်တာပါပဲ..။
    ဂျပန်ကျွန်းက ဂျပန်တွေကတေ့ာ ..ငါးအမျိုးအစားကြည့်ပြီး ..ကောင်းတာတွေဆို.. ဆာရှိမိ အစိမ်းထိုင်စားတယ်..။

  • char too lan

    March 31, 2011 at 9:13 am

    ငါး… ငါးနဲ့ပက်သက်ပီး ကြိုက်တဲ့စာသားလေးတစ်ခုရှိတယ် မင်းခိုက်စိုးစံဝတ္တုထဲမှာပါတာ
    “ငါးဖမ်းတာက ငါးကိုလိုချင်လို့မဟုတ်ဘူး ငါးကိုဖမ်းလို ့မိတယ် ဆိုတဲ့ ခံစားချက်ကို လိုချင်လို့ပါ” တဲ့ ရည်းစားများတဲ့ ကောင်လေးကပြောတာ 🙂

Leave a Reply