သစ်ရွက်နဲ့ ဒုတ်

ဆူးMarch 22, 20111min16010

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ဘုရင်တပါးက သူသိပ်ချစ်ရတဲ့ ဆိတ်ကလေး တစ်ကောင် ရှိတယ်။ အဲဒီ ဆိတ်ကလေးကို ချစ်လွန်းလို့ မွေးထားပေမဲ့ ဆိတ်ကို အစာကျွေးတာတော့ နန်းတော်က လူတွေက အလှည့်ကျ တာဝန်ယူရတယ်။ ဘုရင်ကြီးက ညီလာခံ ပြီးတာနဲ့ ဆိတ်ကလေးကို သွားကြည့်ပြီး သစ်ရွက်ကလေး ထိုးပေးလိုက်တယ်.. ဆိတ်ရဲ့ ထုံးစံ အတိုင်း သစ်ရွက်မြင်ရင် ဘယ်လောက် ဗိုက်ဝဝ မစားဘဲ မနေနိုင်ဘူး။ အလှည့်ကျ တာဝန်ယူရတဲ့ သူတွေက စိတ်ညစ်ကြတာပေါ့။ သူတို့ အစာ ကောင်းကောင်းမကျွေးလို့ ဒီလိုဖြစ်တယ် ဆိုပြီး အပြစ်တင်တာ ငြိုငြင်တာ ခံကြရတယ်။ လျှာရှည်တဲ့ လူတယောက်က လျှောက်တင်တယ် ကျွန်တော်မျိုးကြီး သေချာ ကျွေးပါတယ် သူ့ဟာသူ အစာငမ်းလို့ ထပ်စားတာပါ.. ထိုကဲ့သို့ လျှေက်တင်တဲ့ အတွက် ဘုရင်ကြီး အမြတ်တော် ရှပြီး သတ်စေပေါ့ကွယ်။ ဒီလိုနဲ့ နန်းတော်မှာ အမိန့်ထုတ်တယ် ဆိတ်ကို အစာဝ အောင် ကျွေးနိုင်ရင် ဆုတော် လာဘ်တော် ချီးမြှင့်မယ်။ မအောင်မြင်ရင်တော့ ကြိမ်ဒဏ် ချမှတ်ခံရမယ်။ ဆုတွ လိုချင်တဲ့ တိုင်းသူပြည်သားတွေ လာကြတယ် ဆိတ်ကို အစာကျွေးကြည့်ကြတယ်.. ဘုရင်ကြီး ညီလာခံ အဆင်းမှာ ဆိတ်ကလေး သွားကြည့်ပြီး သစ်ရွက်လေးကျွေးကြည့်လိုက်နဲ့ တယောက်မှ မအောင်မြင်ခဲ့ပါဘူး။ တနေ့တော့ လုလင် တယောက် ဆိတ်ကို အစာဝအောင် ကျွေးပေးမယ် အာမခံတယ် အချိန် ၂ရက်တော့ ပေးပါ။ အာမခံပါတယ် ဆိုပြီး ဘုရင်ကြီး ရဲ့ ခွင့်ပြုမိန့်နဲ့ ဆိတ်ကို အစာကျွေးခဲ့ပါတယ်။ ၂ရက်အတွင်း အစာကျွေးလိုက်တာ ရက်စေ့တော့ ဘုရင်ကြီး သစ်ရွက်ပြရင် ဆိတ်က လုံးဝ မစားတော့ပါဘူး။ ဒီတော့ ဘုရင်ကြီး သဘောကျပြီး ဆုတွေ ချီးမြှင့်ပြီး ဘယ်လို ကျွေးလိုက်သလဲ လို့မေးတဲ့ အခါမှာတော့ ဘုရင်ကြီးကို အမြတ်မထားဘဲ ကြည်ဖြူမယ်ဆို လျှောက်တင်မယ်ဆိုပြီး ကတိတောင်းပါတယ်။ ကတိပေးပြီးတဲ့ အခါမှာတော့ လုလင်က တခြားမဟုတ်ပါဘူး။ ဆိတ်ရဲ့ သဘာဝ သစ်ရွက်မြင်ရင် ဝါးချင်ပါတယ် ဘယ်လောက် အစာဝနေပါစေ သစ်ရွက်မြင်တာနဲ့ စားချင်တော့တာဘဲ။ ၂ရက်ဆိုတဲ့ အချိန် အတွင်းမှာ ဆိတ်သဘာဝ အကျင့်ပျောက်သွားအောင် သစ်ရွက်ပြလိုက် စားမယ် လုပ်လိုက် ဒုတ်စာကျွေးလိုက်နဲ့ ၂ရက် တိတိ ထိန်းလိုက်တော့ သစ်ရွက်ဆိုတာ စားရကောင်းတယ် ဆိုတာ မထင်တော့ဘူး ဒါကြောင့် သစ်ရွက်ပြရင် မစားတော့ပါဘူး ဘုရား။ ကတိပေးပြီးသား ဖြစ်နေတော့ ဘုရင်ကြီးလည်း ဒေါသဖြစ်ပေမဲ့ မောင်မင်းတော်တယ် ဒီအလုပ်ကိုတော့ ဆက်လက် မခန့်ထားတော့ဘူး။ ဆုငွေသာ ပိုက်ပြီး အိမ်ပြန်စေသတည်း လို့ အမိန့်တော် မှတ်လိုက်ပါသတဲ့ကွယ်။

10 comments

  • kopauk mandalay

    March 22, 2011 at 4:55 pm

    ပြောချင်လာပြီ
    ရှေးရှေးတုန်းကတဲ့ ဘုရင်ကြီးတစ်ပါး
    ငါးချဉ်တွေစားပြီး ဖင်ကားပြီးသေသတဲ့ကွယ်
    အတိုဆုးံပုံပြင်လေးပါ။

  • ဆူး

    March 22, 2011 at 4:59 pm

    ငါးချဉ်ကို ဘယ်သူက ဆက်သ သလဲ…
    ဘယ် လောက် အတိုင်းအတာ ပွဲတော် တည်သလဲ…
    ဆက်မမေးတော့ဘူး.. ဟီးဟီး…

  • kai

    March 22, 2011 at 9:17 pm

    သတိ… (နည်းနည်း ခတ်ကြမ်းကြမ်းလေးရေးထားတာမို ့.. အသက် ၁၈နှစ်အောက်များ..မဖတ်ရ..)

    =========

    ဆက်ပြောမယ်နော..
    အခါတပါးကပေါ့ကွယ်..။
    အဲဒီဘုရင်ကြီးရဲ့ မိဖုရားတပါးဟာ.. ကိုယ်ကျင့်တရားတယ်ကောင်းဆိုပဲ..။ အလှူလည်း ..(မောင်တော်ဘုရင် လူထုဆီက .. ကောက်ယူထားတဲ့ အခွန်ဘဏ္ဍာငွေတွေကနေ)… ဖဲ့ဖဲ့လှူသတဲ့..
    ငါးပါးသီလတင်မက .. ၈ပါးသီလ ဆောက်တည်သတဲ့ကွယ်..။ (အဲ..ဘုရင်မောင်တော် ညလည်လည်လာရင်တော့ . ၈ပါးသီလ ခဏခေါက်တယ်ပေါ့..။)

    အဲဒီလိုနဲ့ ..
    တရက် ရာသီဥတုအိုက်တာနဲ့.. .. ရေချိုးဆောင်ဝင်တော်မူသတဲ့..။
    တင်းတိမ်လေးကာ… အပြင်မှာ အပျိုတော်တွေစောင့်ခိုင်း.. တကိုယ်လုံးချွတ်… အားရပါးရ.. ရေချိုးတော်မူနေတာပေါ့..။
    အဲဒါကို ..ဘုရင်ကြီးမွေးထားတဲ့ (ဘုရင်ကြီးသိပ်သိပ်ချစ်တဲ့)ဆိတ်ကလေး .. စားစရာလိုက်ရှာရင်း… ရေချိုးဆောင်ထဲ..နောက်ပေါက်ကနေ.. တိုးဝင်ပြီးရောက်သွားသတဲ..။
    ဆိတ်က … သစ်ရွက်စားတာကို .. ခဏခဏအရိုက်ခံရတော့.. သစ်ရွက်မစားပဲ..ဘာစားချင်စိတ်ပေါက်သလဲတော့ မသိပါဘူး..။

    တိုတိုပြောရရင်..
    ဆိတ်နဲ့ မိဖုရား .. ရေချိုးဆောင်ထဲ ၂ပါးသွားကြလေသတည်းပေါ့..။( ရှေးက ရေစက်ဖြစ်မှာပေ့ါ.. လွန်ခဲ့တဲ့ဘဝ..၂၃၃၂ ခုမြောက်က .. လင်မယားတော်ခဲ့ဖူးတယ် ဆိုပဲ..။)
    (ဆိတ်ကလေး ..ဆိတ်သိုးလေးနော..)
    အဲဒါ.. တိုင်းရေးပြည်ရေးမလုပ်..အားယားနေတဲ့ ဘုရင်ကြီး… မိဖုရားဆောင်တွေလိုက်ချောင်း..အဲ..အဲ..လိုက်လှည့်ရင်း.. ရေချိုးဆောင်နားရောက်တော့… တင်းတိမ်အရိပ်မှာ ဆိတ်နဲ့ မိဖုရား လင်မယားဖြစ်နေဟန် မြင်မိတယ်ပေါ့..။
    အဲဒါ.. ညရောက်ရင်သိမယ်ဆိုပြီးတော့.. ညရောက်မှမိဖုရားကို မေးတယ်ပေါ့..။
    နင်နဲ့ဆိတ် ဘာဖြစ်ကြတာလဲလို့..။
    မိဖုရားလည်း… ဆိတ်နဲ့ဖြစ်တယ်ဆိုတော့ ရှက်ရှာတော်မူသလား.. မောင်တော်ဘုရင် တခြားအဆောင်တွေဖက် အချိန်ပေးလွန်းတာမို ့.. ့စိတ်ညိုတော်မူသလားတော့မသိ..။
    ဘာမှမဖြစ်ပါဘူးရှင်.. ဆိတ်က ရေသောက်ချင်လို့.. ရေဝင်တောင်းတာပါလို့..လိမ်လိုက်သတဲ့..။

    အဲဒီလိုနဲ့… တနေ့မှာ … မိဖုရား သေပါတယ်..။
    သေတော့ .. သေခါနီးမှာ .. သူ့မောင်တော်ကို ဆိတ်နဲ့ဖြစ်တာ လိမ်ပြောတာလေး စိတ်စွဲမိသတဲ့..။
    ဆိုတော့… တသက်လုံးကောင်းတာတွေလုပ်ခဲ့တာ… အကုန်ကို အဲဒီသေခါနီးဇောက လွှမ်းမိုးပြီး… နတ်ပြည်မှာ နတ်သား တဖက် ၄-၅ရာနဲ့နေရမဲ့ အဖြစ်ကဝေးသွားပါလေရော…တဲ့..။
    ( နတ်သားတွေက.. နတ်သုဓ္ဓါ စားထားတဲ့ အားကောင်းမောင်းသန်တွေမို ့… သက်သာသွားတယ်လည်း.. ယူဆချင်ဆပေါ့..)

    ပုံပြင်လေးကတော့ ဒါပါပဲ..။
    မယုံဘူးလား..
    ရှေးပုံပြင်ပါဆိုနေမှ..(ဇတ်လမ်းဆင်ဆင် … ဖတ်ဖူးသူတွေလည်းရှိမှာပါ)
    ပုံပြင်မှတ်ပေါ့နော…။ :)။

  • bigcat

    March 23, 2011 at 1:49 am

    သဂျီးကလည်း ဆိတ်ပုံပြင်ထဲက ဘုရင်ကြီးကို အားကျပြီး ပွိုင့်တသိန်းနားကပ်လာသူမှန်သမျှကို ဆက်မရေးရဲအောင် တာလီဘန်ဆိုပြီး စစ်ထောက်လှမ်းရေးကို သတင်းပို့ဖို့ အကြံအစည်ရှိသတဲ့။

  • nozomi

    March 23, 2011 at 9:41 am

    အန်တီဆူးကို ထပ်ကျေးဇူးတင်ရပြန်ပြီ အိမ်က ကျေးဇူးရှင်လေးတွေကို အပတ်စဉ် ပုံပြင်ပြောနေရတာ ဒီနေ့ပြောရမဲ့အလှည့် ပြောရတာကြာလာတော့ ပုံပြင်ကရှားလာတယ် အခုတော့ ပြောဖို့ တစ်ပုံရပြီ ကိုယ်ပြောချင်တဲ့ဟာနည်းနည်းနဲ့ ရောသမမွှေလိုက်ရင် အိုကေ

  • MaMa

    March 23, 2011 at 9:59 am

    ကလေးတွေကို ပုံပြောဖို့ဆိုရင် ဆရာကြီး ရွှေဥဒေါင်းရေးတဲ့ ဗုဒ္ဓစာပန်းချီစာအုပ်တွေ ဖတ်ပြီးပြောကြည့်ပါလား။

    • nozomi

      March 23, 2011 at 10:56 am

      မမ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်
      ကလေးတွေကို ဆူတာ ရိုက်တာအစား ကိုယ်ဖြစ်စေချင်တဲ့ ဖြစ်သင့်တဲ့ လမ်းကြောင်းလေးဖြစ်အောင် ပုံပြောပြီး ထိန်းကျောင်းဖြစ်ပါတယ်
      စတုန်းက တော့ နေ့စဉ်ပြောရပါတယ် ကြာတော့ တပတ် ၃ ပုံ ၂ ပုံ ဈေးဆစ်ရင်း နဲ့ အခု တော့ ၁ ပုံ နဲ့ ဈေးတည့်နေတယ်
      ၂ဝ ကို ၂ ခါ ၃ ခါ ကျော် လူကြီးတွေတောင် ပုံပြင်ကြိုက်တာဆိုတော့ ကလေးတွေလဲ ကြိုက်မှာဘဲ

      • weiwei

        March 23, 2011 at 1:25 pm

        မမပြောမှ သတိရတယ် …. ဗုဒ္ဓစာပန်းချီစာအုပ်တွေက ကလေးတွေကို ပုံပြောဖို့ကောင်းတယ် … အရင်တုန်းက ၄ အုပ်လုံး ဖတ်ဖူးတယ် … အခု မမှတ်မိတော့ဘူး … ကလေးတွေက ပုံပြောပြပါလို့ပြောတိုင်း ဘာပြောရမှန်းမသိဖြစ်နေခဲ့တာ … ဒီအပတ်တော့ ပြောစရာရပြီ …

  • dream

    March 23, 2011 at 10:00 am

    ပုံပြင်တွေကို ဖတ်ရင်
    မန်းလေးက အင်္ဂလိပ်စကားပြောသင်ပေးတဲ့ ဆရာမကို သတိရတယ်
    ညနေ discussion လုပ်ရင် တစ်ယောက်ကို အနည်းဆုံး ၅ မိနစ်စကားပြောရတယ်
    အိပ်မက်က ပုံပြင်တစ်ပုဒ်ပြောမိတယ်။
    ပြောတုန်းကတော့ ချောလို့ ပြီးလဲပြီးရော အဲဒီပုံပြင်ကနေ ဘာသင်ခန်းစာရပါသလဲလို့ ဆရာမက မေးတယ်
    အဲဒီမှာ ချွေးပြန်တော့တာပဲ
    ဆရာမရဲ့ ကျေးဇူးကြောင့် အခုနောက်ပိုင်း ပုံပြင်တွေဖတ်ရင် ဘာသင်ခန်းစာလေးတွေပေးလဲလို့ စဉ်းစားမိခဲ့ပါတယ်။
    မမဆူးရဲ့ ပုံပြင်လေးကို သဘောကျလျှက် …

  • ဆူး

    March 26, 2011 at 5:28 pm

    အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပုံပြင်ကို ပုံပြင်လို ဖတ်တော့ ပုံပြင်ဘဲ တခြားနည်းနဲ့ ဖတ်ရင် အဓိပ္ပါတယ် တခုပါ။ ရွာထိပ်က သဂျီး ………. ၂လုံးပြူးနဲ့ ထိပ်တုံးပြပြီး ဟန်လုပ်နေလည်း ထိပ်ပြောင်သွားတာဘဲ အဖတ်တင်တယ် ဒီလိုနဲ့ ခံရပေါင်းမနည်းဘူး။ ဟီးဟီး..
    မှတ်ချက် ဒီပိုစ်က သဂျီးကို စောင်းပြောထားခြင်းမဟုတ်ပါ။

Leave a Reply