Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

***သင်္ကြန်နားနီး အတွေးများ***

moonpoemMarch 26, 20111min36110

ဪ ဆရာမြို ့မငြိမ်း သီချင်းတွေ နာမည်ကြီးတာ ကြီးလောက်ပါပေရဲ ့လို ့ အခုတစ်လော တွေးမိနေတယ်။

သင်္ကြန်သီချင်းဆိုလည်း သင်္ကြန်ပုံရိပ်တွေ၊ နိမိတ်တွေနဲ ့ ဆိုတော့ သီချင်းနားထောင်ရတဲ့လူအဖို ့

မရိုးနိုင်ပါဘူး။ သင်္ကြန်နီးပြီဆိုတာနဲ ့ ဆရာ့သီချင်းတွေနားထောင်ရတာကိုက အရသာတစ်မျိုးပဲလေ။

အခုနောက်ပေါ်လာတဲ့ သင်္ကြန်သီချင်းတွေတော့ တစ်ချို ့တစ်လေကလွဲရင် ခံစားလို ့မရဘူးလို ့လဲ အောင်းမေ့မိပါတယ်။ တစ်ခါတစ်လေ သင်္ကြန်၊ပိတောက်၊ တန်ခူး၊ ရေလောင်းတဲ့ မြင်ကွင်းတွေ

မပါဘဲ လူကြိုက်များတဲ့ သီချင်းတွေဆိုပြီး ခဏခဏဖွင့်နေတော့ မေးတောင်ကြည့်ယူရတယ်။

ဘာတဲ့ ဟိုသီချင်းလေ တင်းတယ်တင်းတယ် အိုးတင်းတယ်တင်းတယ်ဟေ့ လူမသိငါ့တစ်ယောက်ထဲ

ကြိတ်ကာ တဲ ့ အဲဒါ မနှစ်က သင်္ကြန်သီချင်းထဲမှာ အပေါက်ဆုံးဆိုပဲ။ ဪ တင်းတယ်ဆိုတဲ့ဟာက

သင်္ကြန်သီချင်းလားလို ့တောင် မေးယူရတဲ့ အနေအထားပါ။

ကျွန်မကြိုက်တဲ့ သီချင်းတွေဆိုရင် တူးပို့ တူးပို ့ဆိုလည်း သင်္ကြန်ရဲ ့ဒိုးချပ်၊ ရေလောင်းရေပက် ဆိုလည်း

သီချင်းနာမည်ကြားရုံနဲ ့သင်္ကြန်သီချင်းမှန်းတန်းသိတယ်။ သင်္ကြန်မိုး၊ မြနန္ဒာ တို ့ဆိုရင် တစ်နိုင်ငံလုံးက

ကြိုက်ကြတယ်။ သင်္ကြန်မိုးဇာတ်ကားဆိုရင် အခုဘယ်နေ ့များ ရုပ်မြင်သံကြားက လွှင့်မှာပါလိမ့်လို့

စောင့်နေရတဲ့ အထိ စွဲလမ်းခဲ့ရတာပါ။ အခုခေတ်သင်္ကြန်အထိမ်းအမှတ်ကားတွေတော့ တစ်ကားမှ

နာမည်ကြီးမလာကြဘူး။ ဘယ်လိုပဲပြောပြောလေနော် Titanic ကားနဲ ့နာမည်ကြီးတဲ့ ဒါရိုက်တာဆိုလည်း

(နာမည်တော့မေ့နေပြီ) Avatarနဲ ့ကိုယ့်ရဲ ့အရင်က ပေါက်ခဲ့တဲ့ စံချိန်ကိုချိုးအောင် လုပ်နိုင်ခဲ့တယ်။

တစ်ကားဆို ဆိုသလောက် ရိုက်ပြနိုင်ခဲ့တယ်။အခုတော့ ဒီသင်္ကြန်မိုး ဆိုတဲ့ သင်္ကြန်ကားရဲ ့စံချိန်ကို ချိုးအောင်မြန်မာဒါရိုက်တာတွေ မစွမ်းဆောင်နိုင်ကြတော့ဘူးလားလို ့ တွေးနေမိပါတယ်။

ငယ်ငယ်က သင်္ကြန်မဏ္လပ်ထိုင်တယ်ဆိုတာ အခုလို မီးသတ်ပိုက်တွေ ရေပိုက်တွေနဲ ့ မဟုတ်ခဲ့ပါဘူး။

ရေစည်ပိုင်းကြီးတွေ တင်ထားပြီးတော့ မဏ္လပ်ပေါ်ကနေ အောက်ကို လှမ်းပြီးပက်ကြတာ ။ မဏ္လပ်အောက်မှာတော့ တစ်နေ ့တစ်မျိုး မရိုးရအောင်  စတုဒီသာကျွေးတဲ့ မုန် ့တွေလုပ်နေကြတယ်လေ။

လာတဲ့လူတွေကလည်း ရေပက်ခံရင်း မုန် ့လည်းစားရင်း ပျော်စရာကြီးပေါ့။

အခုတော့ မဟုတ်တော့ပါဘူး သင်္ကြန်မဏ္လပ်ဆိုတာ ရေတွေအစိုခံ၊ အရက်မူးအောင်သောက်ပြီးကရတဲ့

Night Clubတော့မဟုတ်ဘူး Day Club တစ်ခုလိုကို ဖြစ်နေပါပြီ။ သင်္ကြန် ယဉ်ကျေးမှုဆိုတာလက်ညှိုးထိုး

ရပြရင် ရှာလို ့ရနေသေးပေမယ့် အရင်ကထက်တော့ တော်တော်ရှားလာပါပြီ။ မိန်းကလေးတွေကလည်း

ဘီယာသောက်တတ်တယ်ဆိုတာ အဲဒီအချိန်မှာတော့ ငြင်းလို ့မရတော့ပါဘူး ။

ကျွန်မက တိုးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ မြန်မာနိုင်ငံရဲ ့တစ်နိုင်ငံလုံး နွှဲပျော်ကြတဲ့ မြန်မာနိုင်ငံကို လေ့လာချင်ပါတယ်ဆိုတဲ့ ကျွန်မရဲ ့ဧည့်သည်တွေကို ကျွန်မ မြို ့တော်ဝန်မဏ္လပ်ကလွဲလို့ တခြားဘယ်နေရာကိုမှ ခေါ်မသွားချင်တာတေ့ာအမှန်ပါ။ ခေါ်လည်းမသွားရဲ ပါဘူး။ သူတို ့ကလည်ချင်ရင်

မှန်လုံကားထဲကနေပဲ ကြည့်နေရင်တော့ တစ်မျိုး ပေါ့။ မြန်မာတွေကိုကြည့်ပြီး ရေပက်ခံချင်လို့ အောက်ဆင်းပါပြီတဲ့။ ရန်ဖြစ်တဲ့အခါ၊ ဟိုတို ့ဒီတို ့လုပ်ခံရတဲ့ အခါ လုပ်တဲ့လူတွေက သူတို့ ဟာသူတို ့

မသိချင်ယောင်ဆောင်နေလို ့ရပေမယ့် ဧည့် သည်တွေအနေနဲ ့က ပြီးရင် ကျွန်မကို လာပြီး နင်တို ့မြန်မာတွေက ဒါမျိုးတွေလားလို ့မေးကြမှာတေ့ာ အမေးမခံချင်ပါဘူး။

ကျွန်မက မြန်မာဆိုရင် နှာခေါင်းရှုံ ့ချင်ကြတဲ့ လူမျိုးတွေကို ကိုယ့်နိုင်ငံရဲ ့ သဘာဝအလှအပတွေ၊

မြန်မာလူမျိုးတွေရဲ ့ဖော်ရွေမှုတွေ နဲ ့အတူ မြန်မာကိုတစ်ခေါက်လာပြီးတာနဲ ့ သူတို ့တွေမလာခင်က

ထင်ထားခဲ့တဲ့ မြန်မာရဲ ့အရိပ်မည်းတွေကို တတ်နိုင်သလောက်ချေဖျက်ပေးချင်တာပါ။

 

ဘာပဲပြောပြောနှစ်ဆန်းတစ်ရက်နေ ့မှာ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးရွယ်အို တွေကို ခေါင်းလျှော်

ခြေသည်းလက်သည်းညှပ်ပေးကြတာတွေ ၊ ဘုရားသွားကျောင်းတက်တဲ့ ဓလေ့လေးတွေ ကျန်နေသေးတာကိုပဲ ကျွန်မက ကျေးဇူးအထူးပဲတင်ရှိနေတာပါ။  ကျွန်မရဲ ့ဧည့်သည်များကို အဲဒီနေ ့ကျရင်တော့ ခေါင်းမော့စွာနဲ ့ပဲနေရာအနှံ ့ပို ့ပေးနိုင်မှာပါ။ နှစ်ဆန်းတစ်ရက်နေ ့လိုပဲ သင်္ကြန်တွင်းရက်တွေမှာလည်းပဲ ကျွန်မ နေရာအနှံ ့မြို ့အနှံ့ကို ခေါ်သွားလိုက်ချင်ပါဘိ။

 

10 comments

  • bigcat

    March 26, 2011 at 5:40 am

    “ဘာတဲ့ ဟိုသီချင်းလေ တင်းတယ်တင်းတယ် အိုးတင်းတယ်တင်းတယ်ဟေ့ လူမသိငါ့တစ်ယောက်ထဲ
    ကြိတ်ကာ တဲ ့ အဲဒါ မနှစ်က သင်္ကြန်သီချင်းထဲမှာ အပေါက်ဆုံးဆိုပဲ။ ဪ တင်းတယ်ဆိုတဲ့ဟာက
    သင်္ကြန်သီချင်းလားလို ့တောင် မေးယူရတဲ့ အနေအထားပါ။”
    သဂျီးပြောတာ လွှတ်တော်အမတ်များ ကြိုးစားပေးလို့ သီချင်းလွတ်လပ်စွာ ရေးဆိုခွင့်ရနေပြီဆိုပဲ။ ကျန်တာတွေကတော့ နောက်ငါးနှစ်ကြမှ ထပ်ကြိုးစားကြတာပေါ့တဲ့။ တော်တော်အားကိုးရတဲ့ သဂျီးမင်းပေပဲ။

  • mihninlay

    March 26, 2011 at 5:59 am

    ဟုတ်တယ်နော်….မိနှင်းလေးတို ့မန်းလေးမှာငယ်တုန်းကသင်္ကြန်ဆိုတာအရမ်းပျော်ဖို ့ကောင်းတယ်
    ခုဆိုမိနှင်းလေးတို ့လဲမန်းလေးသင်္ကြန်မလည်ဖြစ်တာကြာပေါ့…အဝေးရောက်နေတာကလဲတစ်ပိုင်းပေါ့
    ဒီမှာလဲသင်္ကြန်ဆိုတာရှိပေမယ့်မလည်ဖြစ်ဘူး….ပျော်စရာမကောင်းတော့ဘူး
    မိန်းမယောင်္ကျားမူးရူးနေပြီးမြင်မကောင်းရှူမကောင်းပုံတွေကိုကြည့်ရတာစိတ်ဆင်းရဲစရာကောင်းလိုက်တာနော်….သင်္ကြန်သီချင်းဆိုလဲအရင်သင်္ကြန်မိုးထဲကသီချင်းတွေကိုဘယ်သီချင်းမှမမှီကြဘူး…ခုနောက်ပိုင်းသီချင်းတွေပိုဆိုးလာပြီဘယ်လိုခံစားရမှန်းကိုမသိတော့ဘူး..ရင်ထဲမရောက်ဘူး…သင်္ကြန်အရသာခံစားချင်တိုင်းသင်္ကြန်မိုးထဲသီချင်းတွေပဲဖွင့်နားထောင်ဖြစ်တယ်

  • eros

    March 26, 2011 at 10:59 am

    ပြင်ဖို့ကတော့ တော်တော်ခက်မယ်။ အရင်တုန်းကတော့ ရပ်ကွက်ထဲက သိတဲ့သူတွေစု အုန်းလက်နဲ့ မဏ္ဍပ်ထိုး ရေပီပါချ ရေခွက်တွေနဲ့ပတ် ဒါပဲ။ အခုကတော့ မဏ္ဍပ်ဆောက်ခ ကဈေးကြီး၊ ဆောက်ခွင့်ရဖို့ကမလွယ်၊ ဆောက်ချင်တဲ့နေရာ ဆောက်လို့မရနဲ့။ လူတွေလဲ စီးပွားရေး သင်္ကြန်ဖြစ်နေပြီ။ အထူးကားတွေလို မဏ္ဍပ်ပေါ်လူတွေ ပြည့်ကြပ်ညပ်နေအောင် တင်ထား၊ ဒီကြားထဲ ကလပ်လိုမျိုး သဘောထားကတော့ နဂိုမူလ ပုံရိပ်ပျောက်ကွယ်သွားတာပေါ့။ သင်္ကြန်လည် ဖို့ ဖီလ်းမလာတော့ပါဘူး။ သင်္ကြန်လည်မယ်ဆို ၁ သိန်းလောက် ကုန်မယ်။ ဒီတော့ အိမ်ထဲမှာပဲနေမယ်။ အစ်မရေ မျက်နှာပူရင် သင်္ကြန်ရေရှောင် တိုးမလိုက်ပါနဲ့လား။ ဟဲ ဟဲ ဟဲ

  • monmon

    March 26, 2011 at 1:51 pm

    သင်္ကြန်ကတော့ သင်္ကြန်ပုံရိပ်တွေ ပျောက်နေပါပြီ… နှစ်ဟောင်းအညစ်အကြေးကို ဆေးကြောတာတဲ့… အခုတော့ မဆေးနိုင်တဲ့အပြင်ကို ပိုဆိုးတဲ့ အညစ်အကြေးတွေကို ဖန်တီးနေကြသလိုပဲ…

    မွန်တို့ကတော့ နယ်ပြန်မယ်… ရန်ကုန်သင်္ကြန်ကို တစ်ခါမှကို မကျဖြစ်တာ.. ဘယ်လောက်ပဲ အဝေးကိုရောက်နေနေ.. သင်္ကြန်မှာတော့ ကိုယ့်နယ်ကို ရောက်အောင်ပြန်တယ်… နယ်သင်္ကြန်ကတော့ အေးချမ်းပါတယ်.. အန္တရာယ်လည်း ကင်းတယ်..

    အော်..moon က ဘယ် company မှာ လုပ်တာလဲ…

  • kopauk mandalay

    March 26, 2011 at 3:34 pm

    ဟိုးရှေးရှေးက မြန်မာသင်္ကြန်
    ငွေဖလားနဲ့ရေကစားကြပြန်
    တူးပို့ တူးပို့ သီချင်းသံ
    ရင်ကိုလာလို့မှန်။

    ခေတ်အဟောင်းတွေချန်ထား
    ခုတော့တမျိုးပြောင်းပြန်
    ဘီယာနဲ့ရေပက်လို့
    အရက်နဲ့နှစ်အဟောင်းကိုဆေး
    မိန်းကလေးတွေကတေးတွေဆို
    “ဒို့ကအပျိုကြီးလုပ်မှာ ဒို့ကအပျိုကြီးလုပ်မှာ”
    အဲဒါဟာအေပရယ်ကွင်းကသင်္ကြန်သီချင်းပါတဲ့
    အရပ်ကတို့ရေ
    သူတို့လိုဆိုကာဟစ်ရရင်ဖြင့်
    ဒီမှာတင်းတယ် တင်းတယ် တင်းတယ်ဟေ………………………………………………..

  • ငှက်ကြီး

    March 27, 2011 at 5:59 am

    ဒီပို့စ်လေးကိုဖက်ပြီး ငှက်ကြီးတို့ငယ်ငယ်က သင်္ကြန်ကိုလွမ်းလိုက်တာ။

    ခုများတော့ သင်္ကြန်လည်ချင်တဲ့စိတ်တွေ ဘယ်များရောက်သွားပါလိမ့်နော်။

  • manawphyulay

    March 27, 2011 at 12:23 pm

    ခေါ်သွားလိုက်ပါ တချို့နေရာမှာ ရိုးရာမပျက်တဲ့ ပွဲတွေ လုပ်ကြပါသေးတယ်။ တို့ တောရွာတွေမှာဆိုရင် ပိုပျော်ဖို့ကောင်းပါတယ်။ အဘိုးအဘွားတွေကို ခြေသည်းလက်သည်းညှပ်ခေါင်းလျှော်ပေးတာတွေဟာ ခုခေတ်ထိ ရှိနေပါသေးတယ်။

  • zaw min

    March 27, 2011 at 12:49 pm

    ေဩာ်…သင်္ကြန်မင်းသားကြီးလည်းသွားလေပြီ၊ရှာပုံတော်မင်းသားကြီးသွားလေပြီ။ဒါပေမယ့် သင်္ကြန်ကတော့နှစ်စဉ်နှစ်တိုင်းရှိနေသေးတယ်။ချစ်စရာကောင်းသော် မြန်မာ့ဓလေ့ရိုးရာသင်္ကြန်လေးကို မလေးရှားမှာလည်းနှစ်စဉ်ပြုလုပ်ကြပါတယ်။ဘုန်ကြီးကျောင်းတွေမှာ ရဟန်းခံရှင်ပြုပွဲများ၊တရားစခန်းများ စိတ်နှလုံးအေးမြစေတဲ့ သင်္ကြန်နေ့တွေကိုဖြတ်သန်းခွင့်ရတာ ငါးနှစ်တာရှိသွားပါပြီ။မည်သည့်ဒေသမှာမဆို မိမိစိတ်အေးချမ်းသာယာမူကိုရှာလိုလျှင် ရနိုင်ပါတယ်။
    မိမိအလုပ်အားလပ်တဲ့အချိန်လေးမှာ (၇)ရက်စခန်း ပဲရအောင်ဝင်ကြည့်စမ်းပါ၊အင်မတန်တန်ဖိုးရှိလှတဲ့ စိတ်အေးချမ်းသာမူကိုရစေနိုင်ပါတယ်။

  • unclegyi1974

    March 27, 2011 at 4:25 pm

    သင်္ကြန်ဆိုတာအရက်သောက်ပြီးကတဲ့
    ဒေးကလပ် ဟုခေါ်ပါသည်
    ကြိုက်တယ်ဗျာ ဒါကြောင့် defination ဖွင့်ပေးလိုက်
    ပါတယ်

  • moonpoem

    March 28, 2011 at 7:28 am

    ဒီနှစ်တော့ အမရပူရ ကိုပြန်ပြီး တောင်သမန်သင်္ကြန်မှာပဲ နေဖြစ်မယ်နဲ ့
    တူပါတယ်။ လိုက်ခဲ့ကြပါဦးလား။

Leave a Reply