ကြိုတင်တောင်းပန်ထားအပ်ခြင်း

မမေလးApril 5, 20111min16738

၁၁ ရက်နေ့မှစပြီး ၁၈ရင် ၁ လ ( စိတ်ကူး ၁၁.၅ ) အထိ သီလရှင် ဝတ်မှာမို့လို့ အဟောင်းတွေကို ကော်မန့်ပေးခြင်း ၊ တင်ပြီးသားများကို မဖတ်ဖြစ်ပဲ တင်မိလိုက်ခြင်းကို ကြိုတင်တေငာင်းပန်အပ်ပါသည် ။

သီလရှင်ဝတ်ဖို့ဆိုတာ တော်တော်ခက်ခဲတယ်နော် … သီလရှင်ထွက်လာတာ ၄၅ ရက်ရှိပြီဆိုတော့ ဆံပင်က လက်နှစ်လုံးလောက်ပေါက်နေပြီလေ … နှမြောလို့ ဝတ်ရမလိုလို မဝတ်ရမလိုလိုဖြစ်နေတာ … ဒါပေမယ့် သီလရှင် ဝတ်စုံကို အရမ်းသဘောကျတယ် ဝတ်ရတာလည်း အရမ်းပျော်တယ် … စိတ်လည်းတော်တော်ချမ်းသာတယ်  …  အရာအားလုံးအေးချမ်းတယ် … သီလရှင်တွေက ငယ်ဖြူတွေဆိုတော့ လူ့လောကက လူသားတွေလို သာပေါင်းညာစားလည်းမဟုတ်ဘူး … မနာလိုဝန်တိုမှုတွေလည်းမရှိဘူး ။ ပြိုင်ဆိုင်လိုစိတ်မရှိဘူး ။ ပုတ်ခတ်လိုစိတ်မရှိဘူး ။ စိတ်ရင်းအရမ်းကောင်းတော့ အရမ်းစိတ်ချမ်းသာပါတယ် ။ ဒါ့ကြောင့် ခါးလောက်ရှည်တဲ့ ဆံပင်တောင် ကတုံးတုံး ပြီးမှ ဘာလို့ လက်နှစ်ဆစ်လောက်ကို နှမြောနေတာလဲ … နောက်ဒီ့ထက်ရှည်ရှည်လာရင် ပိုပြီးဝတ်ချင်မှာ မဟုတ်တော့ဘူး … တစ်သက်လုံးထပ်ဝတ်ချင်မှလည်း ဝတ်ဖြစ်လိမ့်မယ်ဆိုပြီး သီလရှင်ထပ်ဝတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာပါ ။ ဗုဒဘာသာဝင်တွေ အားလုံးပဲ သီလရှင် ဝတ်ပါလို့ တိုက်တွန်းချင်တယ် ။ဝတ်ပြီးသူတွေလည်းရှိမှာပေါ့နော် … မမဆူးတို့ မမမနော ၊ မမအီးတုံးတို့ ဝတ်ဖူးရင်လည်းဝတ်ဖူးမှာပေါ့ … သမီးက မဝတ်ဖူးသေးသူတွေလည်း ဝတ်စေချင်တယ် .. ဝတ်ပြီးသူတွေလည်း ဆနရှိရင် ထပ်ဝတ်စေချင်ပါတယ် ။
( သီလရှင်မှ မဟုတ်ဘူးနော် … ကိုကိုတွေ ဦးဦးတွေလည်း ကိုရင်တွေ ဦးဇင်းတွေ ဝတ်ပါလို့ )

 

ယောဂီဝင်ချင်သူတွေ အတွက် — အင်းယားမြိုင်လမ်း ၊ မင်းကွန်းတောရကျောင်းတိုက် ။ မှတ်ပုံတင်နှင့် ရဲစခန်းထောက်ခံစာယူလာရမည် ။ မပါသူကို ဘယ်လောက်ဝေးဝေး လက်မခံပါ ။ နှစ်ယောက်တစ်ခန်း အိပ်ရပါမည် ။ လူများလျှင် သုံးယောက်တစ်ခန်းပါ ။ တစ်ခါဝင် တစ်နှစ်လျှင် တစ်လသာ လက်ခံါသည် ။။ နောက်ထပ်ဝင်ချင်လျှင် နောက်တစ်နှစ်မှ ဝင်လို့ရမည် ။ အကယ်လို့ ၁၅ ရက်ပဲဝင်လျှင် တစ်နှစ်အတွင်း နောက် ၁၅ ရက် ဝင်လို့ရပါသည် ။

38 comments

  • nigimi77

    April 5, 2011 at 8:25 pm

    စီလုတ်မသို ့ တောင်းပန်ခြင်း။

    ပထမဆုံး အချက်….အပေါ်ဆုံးက စာသားက ဘာကို ဆိုလို တာလဲ ဆိုတာ လုံးဝ နားမလည်ဘူး။

    ဒုတိယ အချက်…. သီလရှင်ထွက်လာတာ ၄၅ ရက်ရှိပြီဆိုတော့ ဆံပင်က လက်နှစ်လုံးလောက်ပေါက်နေပြီလေ … နှမြောလို့ ဝတ်ရမလိုလို မဝတ်ရမလိုလိုဖြစ်နေတာ …..(အံ့ဩစရာပဲ)

    တတိယ အချက်…. ဒါပေမယ့် သီလရှင် ဝတ်စုံကို အရမ်းသဘောကျတယ် ဝတ်ရတာလည်း အရမ်းပျော်တယ်
    (ပျော်တယ် ပျော်တယ် ဒို ့ပျော်တယ် သဘောလည်းကျ ဝမ်းလည်းဝ ဖက်ရှင်ကျကျ တရုပ်မတို ့ )

    စတုထ္တ အချက်…. သီလရှင်တွေက ငယ်ဖြူတွေဆိုတော့ လူ့လောကက လူသားတွေလို သာပေါင်းညာစားလည်းမဟုတ်ဘူး ။ မနာလိုဝန်တိုမှုတွေလည်းမရှိဘူး ။ ပြိုင်ဆိုင်လိုစိတ်မရှိဘူး ။ ပုတ်ခတ်လိုစိတ်မရှိဘူး ။ စိတ်ရင်းအရမ်းကောင်းတော့ အရမ်းစိတ်ချမ်းသာပါတယ် ။
    (ကိုးကားစရာ စာအုပ်က အိမ်မှာ ကျန်ခဲ့တော့ တပန်းရှုူံးပ။ ငယ်ဖြူမတွေ…
    ညည်းတို ့က လူတွေကို နိုမ့်ချ ရာရာစစ …..ဒါနရှင်များညွှားညွားညွားးးးးးးးးးးးးးးးး)

    ပဉ္စမ အချက်…. အားလုံးပဲ သီလရှင် ဝတ်ပါလို့ တိုက်တွန်းချင်တယ် ။ (စီလုတ်မ..ညည်းကို လူ ့ဘောင် လူ ့လောကကို ဖျက်စီးဖို ့ ကြံစည်မှုနဲ ့ တရားစွဲမယ်။ ညည်း အမေ သီလရှင် ဝတ်ခဲ့ရင် ညည်းတောင် လူ မဖြစ်ဘူး)

    ကိုယ်ပိုင်အချက်…. တော်တော် ဖင်ခေါင်းကျယ်တဲ့ တရားစခန်း ချောက်လိုက် ချော့လိုက်နဲ ့။

  • Gong Zhu

    April 5, 2011 at 9:18 pm

    ကိုရင် ၊ သီလရှင်ဝတ်တိုင်း ရာသက်ပန် ဝတ်ရမယ်လို့မဆိုလိုဘူး … တစ်ချို့ ကလေးရပြီးမှ ပါရမီရှိလို့ သီလရှင် ၊ ဘုန်းကြီးဝတ်သွားတဲ့ ကလေးအမေ၊ အဖေ တွေလည်းရှိတယ် … ဒါဆို ဘယ်လိုပြောမှာလဲ … ယဉ်ယဉ်ကျေးကျေးပြောရင်လည်း ဒီစကားပဲ ရိုင်းရိုင်းစိုင်းစိုင်းပြောလဲ ဒီစကားပါပဲ … ကိုယ်က မလုပ်နိုင်ရင် မလုပ်ချင်ရင် ဘာသာမတူရင် အသာနေပါ … မစော်ကားပါနဲ့ …. ကိုရင်ဝတ်တယ် ၊ သီလရှင်ဝတ်တယ်ဆိုတာ နောက်ဘဝထိပါတဲ့ကိစပဲ … လူ့ဘောင် လူ့လောကမှာ သောက်စားပျော်ပါးနေရင် နောင်သံသရာဘဝတွေမှာ ကောင်းစားမှာမဟုတ်ဘူး … နောင်သံသရာမှာ ကိုယ်နဲ့တူတူပါမယ့် ကုသိုလ်တွေကို ယူတတ်ဖို့လည်း အရေးကြီးတယ် … ***နေရာတိုင်းမှာ စည်းကမ်းရှိတယ် … ကြီးကျယ်တယ်လို့ပြောလို့မရဘူး …
    ( ဒုတိယအချက်ကို အံ့ဩတယ်ဆိုရင် ရှိတဲ့ဆံပင်ကို ကတုံးတုံးပြီး ကိုရင် ၊ သီလရှင်သွားဝတ်လိုက်ပါ ။ ယောကျာ်းလေးတစ်ချို့တောင် ဆံပင်နှမြောပြီး ကတုံးဖြစ်မှာစိုးလို့ ကိုရင်မဝတ်ချင်တဲ့သူတွေပုံလို့ ဒါပေမယ့် အပြစ်ပြောလို့မရပါဘူး သူတို့မှာ ပါရမီဓါတ်ခံမှ မရှိတာ )
    ကဲ … မမဆူး ။ မမမနော ။ ကိုကြောင်ကြီး ။ မမအီးတုန်း ။ ကို ငှက်ကြီး ။ ကိုကိုင်း တို့ရော ပြောပါဦး … ရေးတာများမှားသွားလို့လား …

    • ငှက်ကြီး

      April 6, 2011 at 3:17 pm

      မင်းသမီးလေးရေ…
      ကိုငှက်ကြီးတို့ကျောင်းနေတုန်းက ဆရာမပြောဖူးတာရှိတယ်။
      မြို့တစ်မြို့(သို့) ရွာတစ်ရွာ ရဲ့အင်္ဂါရပ်နဲ့စုံညီဖို့အတွက်လူပေါင်းစုံရှိပေးရပါတယ်တဲ့။
      ဒါကြောင့်မို့ အားလုံးကိုမြင်တက်အောင် ကြည့်တက်အောင် နားလည်တက်အောင်ကြိုးစားပါတဲ့။ အားလုံးကို အကောင်းဘက်ကနေမြင်ပေးလိုက်ပေါ့နော်…

    • etone

      April 8, 2011 at 6:45 am

      ကဲ ဆရာကြီး ဆဲဗမ်းဆဲဗမ်းရေ သက်သက်လိုက်ပြီး ပြသနာ တက်အောင် မမွှေပါနဲ့ တော့ … ။ ရှင်က သပွတ်အူနဲ့ ညီအကိုများ တော်ခဲ့လားမသိဘူး တော်တော်မွှေရမှ ကျေနပ်တယ် … 😀
      မင်းသမီးလေးရေ ပထမဆုံး 77 မန်းထားတာ ဖတ်ရတာ ပြောင်ချော်ချော်နဲ့ ဒေါသမထွက်ထွက်အောင် တမင် စပြီး ရေးတာလို့ ထင်ပါတယ် … ။ သူက ဒီလိုပါပဲ … အမတို့လည်း အစက တော်တော်ဒေါသထွက်တာ အပြင်မှာ သာတွေ့ရင် ဘယ်ပြောကောင်းမလဲ အမှုန့်ကြိတ်ချင်နေတာ …နောက်ပိုင်းမှ ဒီလူ သက်သက်လိုက်ပြောနေမှန်းသိတော့ ပြောချင်တာ ပြော လျစ်လျူ ရှူထားလိုက်တယ် ။
      သီလရှင်ဝတ်တာ ကောင်းပါတယ် တကယ့်ကို …… အစ်မကတော့ မဝတ်နိုင်သေးဘူးလေ … ငယ်ငယ်ကတည်းက ခေါင်းတုံးတုံးရမှာ ကြောက်လို့ပါ … ။ ပြန်ရှည်လာမဲ့ ဆံပင်ဖြစ်ပေမဲ့ မက်မောနေမိတယ် လေ… ။ သတိ္တမရှိဘူး ပြောပြော ကတုံးတော့မတုံးချင်ဘူး … ဒါကြောင့် သီလရှင်ဝတ်ဖို့ စိတ်ကူးလုံးဝမရှိပါ ။ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို ငါမယုတ်မာဘူး ၊ မကောက်ကျစ်ဘူး ၊ မလိမ်လည် မလှည့်ဖျားဘူးလို့ပဲ နှလုံးသွင်းထားတယ် … ။ ပုံမှန် ဘုရားရှိခိုး ၊ ပုတီး စိပ်တာလောက်ပဲ လုပ်ဖြစ်ပါတယ် … ။ ဥပုပ်တော့ မစောင့်ဘူး အခါကြီးရက်တွေက လွဲရင်ပေါ့ … ။

  • Gong Zhu

    April 5, 2011 at 9:42 pm

    လူတွေကို နှိမ့်ချရာရာစစဆိုပါလား … ခုတောင် ပုတ်ခတ်တဲ့စကားတွေ အကောင်းမမြင်တဲ့သဘောတရားတွေပါနေတာလေ … သူတို့တွေက အဲ့ဒီစိတ်ဓါတ်ရေးရာမှာ အထူးမွန်မြတ်သူတွေမို့ သူတို့နဲ့ယှဉ်ရင် ကိုယ်ကနိမ့်ကျနေတာပါ သူတို့ကနှိမ့်ချနေတာမဟုတ်ပါဘူး ။ ကိုယ်ကိုတိုင်ကိုကနိမ့်ကျနေတာပါ … ကိုယ်ကသာ သူတို့လို့ စိတ်ထားကောင်းမယ် ၊ အကောင်းဘက်က တွေးမြင်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ထင်စရာ မလိုသလို နိမ့်ကျတယ်လိုထင်စရာမလိုပါဘူး … ( nigimi77 က ဗုဒဘာသာမဟုတ်ဘူးလား ။ ဒါမှမဟုတ် ဘာသာတရား မယုံကြည်တာလား ။ ယုံကြည်သည်ဖြစ်စေ မယုံကြည်ဘူးဖြစ်စေ ။ ဘာသာတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မစော်ကားတာ အကောင်းဆုံးပါပဲ )

  • nature

    April 6, 2011 at 12:08 am

    ဘာပဲဖြစ်ဖြစ်ကိုယ်ပြုတဲ့ကံပဲ့တင်သံ ကိုယ်ထံပြန်လာမည်တဲ့။

  • Foreign Resident

    April 6, 2011 at 12:20 am

    “စီလုတ်မ..ညည်းကို ”
    ” တော်တော် ဖင်ခေါင်းကျယ်တဲ့ တရားစခန်း”
    “သဘောလည်းကျ ဝမ်းလည်းဝ ဖက်ရှင်ကျကျ တရုပ်မတို ့”
    I don’t want to say whether the religion is good or not,
    but, in this situation, I agree with “Gong Zhu”.
    I also feel “nigimi77” is rude.

  • nigimi77

    April 6, 2011 at 2:57 am

    Yes I agree with you F.R. that I`m rude.
    I didn`t say whether the religion is good or not .
    It`s just my opinion. 🙂

    • Foreign Resident

      April 6, 2011 at 4:10 am

      Dear nigimi77,

      Thank for your admittance “you was rude in this situation”
      I really appreciate you for that,
      I think you are steadily improving yourself &
      I believe, you are the good-hearted guy
      ( same like most of the young people ).
      Thank.

    • bigcat

      April 6, 2011 at 4:22 am

      ပလိ ဒုန့်ရိုက် အင်္ဂုလိ အင် သစ်ဘမိဆိုက်။ အစ်ထအစ်ထ အေက။ အိုင်ဂိုးတူစကူး ဘိုင်ဘပ်။ အာရိဂတ်တဲ ကိုစိုင်းမှတ်။ ခူးရားဘတ်ကဲရိုး……….

      • Foreign Resident

        April 6, 2011 at 8:29 pm

        Dear Big Cat,
        Apology for written in English ( if it ever annoyed you )
        In fact, I don’t know how to type Myanmar font.
        Actually, I want to write in Myanmar as I cannot write properly in English either ( pity me ).
        Moreover, I am a old person, that’s why I don’t have much feeling to learn again, how to type a Myanmar font.
        Sorry.

  • manawphyulay

    April 6, 2011 at 3:04 am

    အင်း………. တရားစခန်းဝင်တာ သီလရှင်ဝတ်တာ သင်္ကန်းစီးတာက အတော်ကောင်းပါတယ်။ မသေခင်ပြုမယ့် ကုသိုလ်တွေထဲမှာ ပါပါတယ်။ ကုသိုလ်တရားလုပ်ဖို့က တစ်ခုထဲနဲ့မရပါဘူး။ ဒါန၊ သီလ၊ ဘာဝနာ အားလုံးပြည့်စုံမှသာ သံသရာက လွတ်မြောက်မယ်လို့ ထင်မြင်မိပါတယ်။ အဲ တရားစခန်းဝင်တာကလည်း ဝင်ချင်တဲ့နေရာမှာ ဝင်လို့ရပါတယ်။ ပုဂ္ဂိုလ်စွဲ နေရာစွဲတွေ မထားတာကောင်းပါတယ်။ နောက်တစ်ချက်က ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို သူများလုပ်တာ သာဓုခေါ်သင့်ပါတယ်။ သူများ မကောင်းကြောင်းပြောမှ ကိုယ်ကောင်းဖို့ဆိုတာ အလွန်တရာမကောင်းတဲ့ အကျင့်လက္ခဏာဖြစ်ပါတယ်။ ဘယ်သူကိုမှ ဘာမှမပြောပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိဖို့ပဲလိုတယ် ကျွန်မ ယူဆမိပါတယ်ရှင်။ တရားစခန်းဝင်ချင်တဲ့သူတွေ ဦးဂိုအင်ကာရဲ့ ရိပ်သာမှာလည်း ဝင်လို့ရပါတယ်။

  • weiwei

    April 6, 2011 at 3:11 am

    မမလေး ပြောတာကို သဘောတူပါတယ် … မဝေလဲ သီလရှင်ခဏလောက် ဝတ်မလို့ ဝတ်စုံတောင် ချုပ်ထားသေးတယ် … အခုနှစ် သင်္ကြန်တော့ အရေးပေါ်အလုပ်ကိစ္စတွေပေါ်လာတာနဲ့ အလုပ်နဲနဲပါးပြီး ခွင့်ယူလို့ အဆင်ပြေတဲ့အခါမှပဲ ..
    ငယ်ငယ်တုန်းက တစ်ခါဝတ်ဖူးတယ် …
    ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ … သတ်သတ်လွတ်စားသလိုပေါ့ … ကိုယ့်ဟာကိုယ် ရောင့်ရဲစိတ် သီးခံစိတ်နဲ့ မေတ္တာစိတ်ကို အထုံပါချင်လို့ ကြိုးစားပြီး စားတယ် ..
    သာသနာ့ဘောင်နဲ့ နီးစပ်ချင်တဲ့ စိတ်ကြည်နူးမှုအတွက် ဆံပင်အဆုံးခံပြီး သီလရှင်ဝတ်တယ် … ဘိက္ခုနီသာသနာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိမိသဒ္ဓါတရားကြောင့် သာမန်ကုသိုလ်ထက်ပိုရမှာကို ယုံကြည်ပါတယ် ..

    မမလေးကို အားပေးပါတယ် … သာဓု သုံးကြိမ်ခေါ်ပါတယ် …

  • weiwei

    April 6, 2011 at 3:14 am

    မမလေးက အမှားတောင် မလုပ်ရသေးဘူး ကြိုတင်ပြီးတော့ တောင်းပန်နေတယ် …
    အမှားတွေလုပ်ထားသူတွေကျတော့ ခပ်တည်တည်ပဲ မတောင်းပန်ပဲ နေကြတယ် … 🙂

  • nigimi77

    April 6, 2011 at 3:18 am

    Post က Version ပြောင်းသွားပါလား။ တရုပ်မလေးရေ။
    မုန်းလို ့လဲ မဟုတ် ချစ်လို ့လဲ မဟုတ် ညည်းရေးထားတဲ့ ဆောင်းပါးကို ဝေဖန်ရေး အမြင်သပ်သပ်နဲ ့
    ဝေဖတ်တာကို နားလည်ပါ။ မကြိုက်တဲ့ သူက မကြိုက် သလို Dislike လုပ်သွားပါလိမ့်မယ်။
    ကွန်မန် ့ကို ဖျက်ပစ်ချင်တယ် ဆိုရင် Warning တော့ ကြိုပေးနော်။

    ကျန်တဲ့ မမများလဲ အားပေးတဲ့ အတွက် အထူးကျေးဇူးတင်ပ ။ 🙂

  • ဆူး

    April 6, 2011 at 5:43 am

    ရွာထဲမှာ အေးအေးချမ်းချမ်း မနေချင်တဲ့ အတွက် တယောက် မဟုတ် တယောက် ပြသနာ လိုက်ရှာနေတာ ညီမ လေးရေ… ဂျီတော့ ကဲ့သို့သော ဆိုက်တွေ မှာ ဘလော့ဆိုတာ ရှိတယ် ဒီမှာ ဘလော့ဆိုတာ မရှိတဲ့ အတွက် မကျေနပ်ရင် ဖျက်သာ ဖျက်မလိုက် အဖက်လုပ်ပြီး ပြန်ပြောနေရင် ဟုတ်သလိုလို နဲ့ မင်းသားခေါင်း စောင်းပြပြီး လူလိမ်မာ လာလာ လုပ်ပြလိမ့်မယ်.. အားရပါးရ.. ဆဲချင်တိုင်း ဆဲတာ လူတွေ မသိကြဘူး.. မြင်တဲ့ လူတွေကလည်း ငမိုက်သား မိုက်တာ မိုက်ပါစေ.. သူ့ဆဲတာ ငါ့ ဆဲတာ မဟုတ်ဘူး ဆိုပြီး ကြည့်နေတာ.. မကြာခင် ဒီဆိုက်ထဲက လူတွေ အားလုံး တယောက်မကျန် လိုက်ပြီး ပြသနာ ရှာလိမ့်မယ်။ ဆဲလွန်းလို့ ဆိုက်က သက်ဆိုင်ရာတွေက ပိုစ်အလိုက် ဖျက်လိုက်ရတာလည်း ရှိဘူးတယ်။
    ဆဲတဲ့ သူက ဘယ်သူလဲ.. ပြသနာ လိုက်ရှာတာ ဘယ်သူလဲ.. မတူမတန်လို့ အရေးတောင် မလုပ်ဘူး။ ကိုယ့် စကားနဲ့ ကိုယ်တောင် မတည်နိုင်တဲ့ လူမျိုး.. စရိုက်မကောင်း အကျင့်မကောင်းတဲ့ လူ အတွက် စိတ်အနှောက်အယှက် ဖြစ်ခံမနေနဲ့.. အရှက်မရှိတာလား ရောချင်နေတာလားတော့ မသိဘူး ပြောလိုက်ရင်တော့ ဘာစိတ်မှ မရှိပါဘူး ဝေဖန်တာပါ.. ဝေဖန်တယ် ဆိုတာ လွယ်တဲ့ အလုပ်.. ရိုင်းတယ် ဆိုတာ လွယ်တဲ့ အလုပ်.. အလွယ်ဆုံး အလုပ်နဲ့ လူတွေ ရဲ့ စိတ်ကို ညစ်နွမ်းအောင် လုပ်ပြီး စိတ်အနှောက်အယှက် လိုက်ပေးနေတာ ကွန်မန်းတွေ လာလာ ပေးတယ်။ စာရင်းသွင်းပြီး ဘလော့ လုပ်လို့ မရပေမဲ့.. ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ဖျက်လိုက်တာ အကောင်းဆုံးဘဲ… အစ ရှိ အနောင်နောင်.. မပတ်သတ်ချင်လို့ ခပ်ကင်းကင်းနေတာ လိုက်အရောဝင်ချင်နေပုံရတယ်။ စာပေ စိတ်ဓါတ် မရှိဘူးလား လာလာ ပြောနေတယ်.. စာပေ ပညာရှင်ဆိုရင် ပညာရှင် လုပ်ပြီး စာရေးစားမယ်။ အပျော်တမ်း စာရေးနေတဲ့ အတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ အပြောခံရရင် အရိုင်းအစိုင်း တခွန်းမှ မပါဘဲ နည်းနည်းပြော များများ နာတတ်တယ်.. သူတပါးဆို ဆဲနည်းမျိုးစုံနဲ့ ကိုင်တုတ်နေတာ.. နေ့တိုင်း ဖတ်တဲ့ လူတွေ သိလိမ့်မယ်။
    ဒီလို လူမျိုး ကောင်းယောင် ဆောင်လည်း ခဏဘဲ.. ပင်ကို စရိုက် သဘာဝကိုက မကောင်းတဲ့ အတွက်.. မတန်လို့ အရေးမလုပ်ဘူးလို့ သာ သဘောထားလိုက်။ မကျေနပ်ရင် ပိုစ် ထောင်ပြီး ကြိုက်တာ ရေး.. စည်းတော့ လာမကျော်နဲ့.. လုပ်ပိုင်ခွင့်ထဲက လုပ်သင့်တာတော့ လုပ်ရမှာဘဲ။ ကိုယ်ပြောတဲ့ စကားက ကိုယ့် အတွက် အတည် ဖြစ်စေရမယ်။

    ဆိုက်က ကွန်မန်း ဖျက်ခွင့် မပေးတော့ရင်တော့.. ဒီဆိုက်ကို တာ့တာဘဲ..

  • မမလေး

    April 6, 2011 at 8:06 am

    မမဝေ … အကျီင်္ကချုပ်ဝတ်တာကောင်းတယ်နော် … ဝယ်ဝတ်ရင် အချိုးလည်းမပြေ ကြိုက်တဲ့အသားလည်းမရ … ချုပ်ခက အကျီင်္တစ်ထည် ၁၀၀ဝ ၊ ကိုက် တစ်ထည် ၅၀ဝ ၊ ကိာု်ရုံတစ်ထည် ၅၀ဝ တစ်စုံလုံးမှ ၂၀၀ဝ ပဲ … အပြင်လူဝတ်အကျီင်္တောင် တစ်ထည် ၃၀၀ဝ ၊ ၃၅၀ဝ ရှိတယ်နော် … nigimi77 ရဲ့ ကွန်းမန့် သမီးမဖျက်ပဲ မတွေ့တော့ဘူး … အပေါ်ဆုံးက … ဝေဖန်မှုမဟုတ်တာတွေကို ဝေဖန်မှုလို့ မလွှဲချလိုက်ပါနဲ့ … ရှိရှိသမျှကို လိုက်ဝေဖန်နေမယ့်အစား ကိုယ့်ကိုယ်ကိုပြန်ဝေဖန်ကြည့်လိုက်ပါဦး …

  • nigimi77

    April 6, 2011 at 8:11 am

    ” အပျော်တမ်း စာရေးနေတဲ့ အတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ ” ….
    ” ဆိုက်က ကွန်မန်း ဖျက်ခွင့် မပေးတော့ရင်တော့.. ဒီဆိုက်ကို တာ့တာဘဲ..”

    အဲဒီ အသုံး အနှုံးတွေ ကြိုက်တယ်…. ကော်ပီ ကူးသွားပြီ။

  • nigimi77

    April 6, 2011 at 8:24 am

    မမလေးရေ ကျုပ်ကိုတော့ တခြားလူတွေက ဝေဖန်ပါလိမ့်မယ်။ ကျုပ် ကွန်မန် ့ကို မကြိုက်တဲ့လူများလို ့
    သူ ့အလိုလို Hidden ဖြစ်သွားတာပါ။ ဒါဟာ အဖြေပဲပေါ့။ အခုထိ မဖျက်တဲ့ အတွက် ကျေးဇူး။
    ဖျက်လိုက်ရင် ကျုပ် ရိုင်းတာ ဘယ်သူမှ မသိတော့ဘူး။ ဒီတိုင်းထားတော့ လူတွေက …အော်…တော်တော်
    ရိုင်းတဲ့ အကောင်ပါလားလို ့ မှတ်ချက်ချ လို ့ရတာပေါ့။ ဒီ အတိုင်း ထားလိုက် …နော်…နော်။ 🙂

  • လင်းဝေကျော်

    April 6, 2011 at 10:31 am

    မင်းကွန်းတောရက ကောင်းတယ်။
    စည်းကမ်းရှိတယ်။
    သို့သော် လူဆိုးရဲစခန်းဆီက ထောက်ခံစာယူခိုင်းတာတော့ ခက်တယ်။
    ဘယ်သူယူယူ ပေးနေတာကို

  • intro

    April 6, 2011 at 11:07 am

    မတူညီတဲ့အမြင်နဲ့ ကိုယ့်အမြင်ကိုယ် ချရေးကြတာ နားလည်ပါတယ်။ ကြိုက်တာ၊ မကြိုက်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်တဲ့အတွက် ဘယ်လိုပဲ မှတ်ချက်ပေးပေး လက်ခံရမှာပါပဲ။ ကိုယ်နဲ့ မကြိုက်တာတွေ့လို့ comment ပေးတာကို မပေးပါနဲ့ ပြောလို့မရပါဘူး၊ ဒါပေမယ့် အတတ်နိုင်ဆုံး တစ်ယောက်ကို တစ်ယောက်လေးစားမှု ရှိရင် ပိုကောင်းမယ်လို့ ထင်မြင်မိပါတယ်။ member ပေါင်း ထောင်ချီ ဝင်ပြီး ဖတ်နေတဲ့ Site တစ်ခု ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး တစ်ဖက်သားကို မထိခိုက်စေမဲ့၊ တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက် မဖြစ်စေမယ့် အသုံးအနှုံးတွေကို တတ်နိုင်သလောက် အသုံးမပြုပဲ ရေးရင် ပိုကောင်းမယ်ထင်ပါတယ်၊ ရိုးရိုးပြောလဲ ဒီစကားပါပဲ၊ ဆဲပြီး ပြောလဲ ဒီစကားပါပဲ၊ တတ်နိုင်သလောက် အများက လက်ခံပေးအောင် ပြောမယ်၊ ရေးမယ် ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်မယ် ထင်ပါတယ်…

  • soethuya7

    April 6, 2011 at 12:17 pm

    မမဆူး ရယ် ဘယ်သူတွေဘာပဲပြောပြော သည်းခံလိုက်ပါဗျာ သည်းခံခြင်းသည် အောင်မြင်ခြင်း ဆိုလားပဲ။
    ပြောနိုင်သလောက်ပြောပါစေ မောရင်ရပ်သွားပါလိမ့်မယ်။

  • noob

    April 6, 2011 at 12:50 pm

    ဘုန်ကြီးဝတ်ရင် ဂီတုံဖြစ်သွားရော ဆံပင်မရှိတော့ အထားမကျတော့ဘူး မိန်းကလေးတွေကိုလဲ လက်လွှတ်စပယ်ကြည်လိုမရပြန်ဘူး အဲဒါကျတော့ မျက်စီ အဟာရပျက်ပြန်ကော ဆွမ်းကျတော့လဲ 12 ကျော်တာနဲ ့မစားရတော့ဘူးဆိုတော့ အဲဒီလို စောင့်ထိန်းရမှာတော်တော်များနေတော့ မဝတ်သေဘူးဗျာ

  • မမလေး

    April 6, 2011 at 1:44 pm

    noob … ဟီးဟီး … ဆော်မကြည်မှာလည်း စိုးရသေးတာကိုး 😛 …. ကတုံးစတိုင်နဲ့ လန်းလန်းလေးဖြစ်သွားမှာနော် … အချစ်ကို သက်သေပြတဲ့အနေနဲ့ ခေါင်းပြောင်ပြောင်လေးပေါ်မှာ အသည်းပုံလေးဆွဲပြီးသွားပြလိုက်လေ … 😛 hehe

  • ဆူး

    April 6, 2011 at 3:09 pm

    ကမာ္ဘ နိုင်ငံကြီးတွေမှာတောင် နိုင်ငံ ဗီဇာ ပေးချင်းတိုင်း မပေးဘူး။
    ပါယ်တဲ့ လူတွေလည်း သီးသန့် နာမည် စာရင်းနဲ့ ရှိတယ်။
    နိုင်ငံတိုင်းမှာ နိုင်ငံ စည်းကမ်း ရှိတယ်။ လူတိုင်းမှာ လူစည်းကမ်းရှိတယ်။

  • juttue.gyi

    April 6, 2011 at 3:13 pm

    ရွာထဲလည်း ဘာတွေဖြစ်နေကြမှန်းလည်းကို မသိတော့ဘူး အကုန်လုံးရဲ့ ကော်မန့်တွေဖတ်လိုက်ရတာတော့ ခေါင်းကိုမူးသွားတာဘဲ ဘာဘဲဖြစ်နေဖြစ်နေ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူးဗျာ

  • nature

    April 6, 2011 at 3:36 pm

    ရွာသားတွေဘုန်းကြီးသွားဝတ်ရင်တော့ ဘုန်းကြီးကျောင်းဇောက်ထိုးဖြစ်လိမ့်မယ်ထင်တယ်၊
    🙂

  • မမလေး

    April 6, 2011 at 6:15 pm

    မမဆူးပြောတာမှန်တယ် … စည်းကမ်းသည်လူ့တန်ဖိုးလေ လူမှာလည်း လူစည်းကမ်းရှိသင့်တယ် … ယဉ်ကျေးမှုလည်းရှိသင့်တယ် … nature …. ဘုန်းကြီးကျောင်းကဇောက်ထိုးပဲဖြစ်မှာလား … ပြိုတောင်ကျသွားမယ်ထင်တယ် ဟီးဟီး 😛 ကိုနေဝန်းနီ … ဘာဆိုလိုတာလဲမသိဘူး နားမလည်ဘူး … ကြည့်တော့ကြည့်လိုက်တယ် … အောင်ဘု နဲ့ ကိုခိုင်ကိုမတွေ့ဘူး .. ဘာလို့လဲ …

  • nigimi77 ခင်ဗျား…

    ယောကျာ်းတစ်ယောက်တန်မယ့် မိန်းကလေးတစ်ယောက်က ဘယ်သူ့ ဘယ်သူကိုမှ မစော်ကား၊ မပုတ်ခတ်ထားပါဘဲနဲ့ နောက်သလို၊ ပြောင်သလိုနဲ့ အတည်ပေါက်ကြီး စကားအသုံးအနှူန်းရိုင်းရိုင်းတွေ ရေးထားတာ ဘယ်လိုမှ မသင့်တော်ဘူးလို့ထင်ပါတယ်။ ဒီခေါင်းစဉ်ကို ကျွန်တော်စိတ်မဝင်စားတာနဲ့ ဝင်မဖတ်ဘဲနေရာကနေ ခု Comment တွေများလာလို့ ဝင်ဖတ်ကြည့်တဲ့အခါမှ nigimi77 ဘက်က တော်တော်လွန်တယ်လို့ မြင်တာပါပဲ။

    ဒီ Site မှာ Etone တစ်ခါ Comment ဖျက်ရေး၊ မဖျက်ရေးတုန်းက ဝင်ရောက်ဝေဖန်၊ တိုက်ခိုက်၊ ဆွေးနွေးကြတုန်းက ကျွန်တော်လဲ အပါအဝင်ပါပဲ။ အဲဒီတုန်းက အပြုသဘော ဝင်ရောက်ဆွေးနွေးနေကြတဲ့ ပင်တိုင်စာရိုက်သူများ( စာရေးဆရာများမဟုတ်ပါ ) ဘယ်ကို ရောက်နေကြပါလဲ? သူကြီး ကိုခိုင်ဘက်ကရော အသံတိတ်ဆိတ်နေတယ်လို့ မထင်မိကြဘူးလား? စည်းကမ်း နံပါတ်(၉)နဲ့ (၁၁)က စာသားတွေအနေနဲ့ပဲ ရှိတာလားလို့ သံသယရှိမိပါတယ်။

    nigimi77 ခင်ဗျား…

    ကိုယ့်ကိုသူမှ မသိတာပဲ၊ သူနဲ့ငါနဲ့လဲ ဘယ်တော့မှ ဆုံတွေ့နိုင်စရာမရှိတာပဲဆိုတဲ့ အတွေးနဲ့ စိတ်သွားရာနောက်ကို လက်က Keyboard ပေါ်တင်ပြီး ရေးချင်ရာရေးနေတာတော့ မကောင်းပါဘူး။ ခုလဲ ကိုယ်တိုင်မှားပါတယ်ဆိုတာကို ဝန်မခံတဲ့အပြင် သူများတွေကိုပါ အနည်းငယ်လိုက်ပြီး မခံချိမခံသာဖြစ်အောင် တုန့်ပြန်စာတွေလိုက်ရေးနေခြင်းက ယဉ်ကျေးမှုရှိတဲ့ လူကြီးလူကောင်းတစ်ယောက်အလုပ်မဟုတ်ပါဘူး။ nigimi77 လဲ ဒီSite မှာ စာတော်တော်များများရေးနေတဲ့သူတစ်ယောက်ပါ။ ကိုယ်ကိုယ်တိုင်ကမှ မပြည့်ဝနေပဲနဲ့ ကျန်တဲ့စာဖတ်သူများကို ဘယ်လိုအရာတွေများပေးနိုင်မယ်ထင်ပါလဲ?

    အပြုသဘောနဲ့ ဝေဖန်လိုက်ပါတယ်။ နောင်များမှာ ဆင်ခြင်သင့်ပါတယ်။ အများအမြင်မှာ ဘယ်လိုမှ မသင့်တော်တဲ့ စကားလုံး အသုံးအနှူန်းတွေသုံးမယ်ဆိုရင်တော့ ဒီSite ရဲ့ အဆင့်အတန်းကို နိမ့်ကျသွားစေနိုင်ပါကြောင်း….

  • nigimi77

    April 7, 2011 at 12:37 am

    အင်း…….ရှုံးနိမ့်မှုများနဲ ့ လူ

    ပြည့်ဝတယ် မပြည့်ဝဘူးဆိုတာက ဘယ်အရာကို ဆိုလိုသလဲတော့ ကျုပ်မသိပါ။

    ဒါပေမဲ့ အရာရာတိုင်းမှာ အဓိပါယ်မဲ့ တာ မရှိပါဘူး။

    (၁) ယောကျာ်းတစ်ယောက်တန်မယ့် မိန်းကလေးတစ်ယောက်က ဘယ်သူ့ ဘယ်သူကိုမှ မစော်ကား၊ မပုတ်ခတ်ထားပါဘဲနဲ့ နောက်သလို၊ ပြောင်သလိုနဲ့ အတည်ပေါက်ကြီး စကားအသုံးအနှူန်းရိုင်းရိုင်းတွေ ရေးထားတာ ဘယ်လိုမှ မသင့်တော်ဘူးလို့ထင်ပါတယ်။

    ကျေးဇူးပြုပြီး…….ကျားမ လိင်ခွဲခြားမှုကို စာပေ ဝေဖန်မှုမှာ မသွပ်သွင်းပါနဲ ့။

    (၂) ကျုပ်တော်တော်လွန်တယ် လို ့ ခင်ဗျားရဲ ့ယူဆချက်ဟာ တကယ်ကို သဘာဝကျပါတယ်။
    လွတ်လပ်စွာ ကွဲလွဲနိုင်တယ်လေ။

    (၃) ဒီခေါင်းစဉ်ကို ကျွန်တော်စိတ်မဝင်စားတာနဲ့ ဝင်မဖတ်ဘဲနေရာကနေ ခု Comment တွေများလာလို့ ဝင်ဖတ်ကြည့်တဲ့အခါမှ nigimi77 ဘက်က တော်တော်လွန်တယ်လို့ မြင်တာပါပဲ။
    “Comment တွေများလာလို ့ဝင်ဖတ်တယ်လို ့ဆိုရင် လူကြီးမင်းရဲ ့စိတ်အာရုံကို စွဲဆောင်နိုင်တာ ဘယ်သူတွေကရေးလိုက်တဲ့ ဘယ်လို Comment တွေကြောင့်ပါလဲခင်ဗျာ ? ပုဂ္ဂိုလ်စွဲ ကင်းရှင်းရန် အကြံပြုလိုပါတယ်။

    (၄) ကိုယ့်ကိုသူမှ မသိတာပဲ၊ သူနဲ့ငါနဲ့လဲ ဘယ်တော့မှ ဆုံတွေ့နိုင်စရာမရှိတာပဲဆိုတဲ့ အတွေးနဲ့ စိတ်သွားရာနောက်ကို လက်က Keyboard ပေါ်တင်ပြီး ရေးချင်ရာရေးနေတာတော့ မကောင်းပါဘူး။

    “လူကြီးမင်းမှာ ဒီ Site ပေါ် စာရေးသားတဲ့အခါ ဘယ်လို ခံယူချက်မျိုး ရှိသလဲဆိုတာကို ကျုပ် အနေနဲ ့
    မခန် ့မှန်းတတ်ပေမဲ့ တကယ်လို ့ လူကြီးမင်းပြောသလိုမျိုး ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျုပ်က ဒီလိုရေးသားဖို ့
    ဒီ Post ကို အစအဆုံး သေချာစွာ အခေါက်ခေါက် အခါခါ ဖတ်ရပါတယ်။ ဘာကိုဆိုလိုချင်လဲဆိုတာကို နားလည်
    အောင် ကြိုးစားရပါတယ်။ ပြီးရင် ဘယ် အချက်တွေကတော့ ဝေဖန်ဖို ့ အတွက် လုံလောက်လဲ ဆိုတာ ရွေးထုတ်
    ရပါတယ်။ ပြီးရင် ဒီလို ဝေဖန်ပြီးတဲ့ နောက်ပိုင်း ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကို ဉာဏ်မှီ
    သလောက် ခန် ့မှန်းပြီး သိပ်ပြင်းထန်တဲ့ ဝေဖန်မှုမျိုး ဖြစ်နေလားဆိုတာကို သုံးသပ်ရပါတယ်။
    Keyboard ပေါ် လက်တင်လိုက်တာနဲ ့ စကားလုံးဖြစ်ဖို ့ မလွယ်ဘူးဆိုတာကို လူကြီးမင်းဟာ စာ အတော်အသင့်
    ဖတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဆိုရင် သိပ်ပြီး ခဲရာခဲဆစ် ရှင်းပြဖို ့ မလိုဟု ထင်ပါတယ်။

    (၅) ခုလဲ ကိုယ်တိုင်မှားပါတယ်ဆိုတာကို ဝန်မခံတဲ့အပြင် သူများတွေကိုပါ အနည်းငယ်လိုက်ပြီး မခံချိမခံသာဖြစ်အောင် တုန့်ပြန်စာတွေလိုက်ရေးနေခြင်းက ယဉ်ကျေးမှုရှိတဲ့ လူကြီးလူကောင်းတစ်ယောက်အလုပ်မဟုတ်ပါဘူး။

    ကျုပ် ရေးသားတဲ့ ဘယ် အရာက မှားပါတယ် ဆိုတာကို အကျိုးအကြောင်း ခိုင်လုံစွာ ဖော်ထုတ်ပြနိုင်ပါလျင်
    ဝန်ခံဖို ့ဆိုတာ မခဲယဉ်းပါ။ ဘယ်အကြောင်းအရာက ဘယ်သူ ့ကို ဘာ အတွက်ကြောင့် မခံချိ မခံသာ ဖြစ်စေလောက် အောင် တုန် ့ပြန်စာ တွေ လိုက်ရေးနေပါတယ် လို ့ လူကြီးမင်းက ယူဆပါသလဲ ???
    ဒီလို ရေးသားခြင်းဟာ လူကြီး လူကောင်း တစ်ယောက်ရဲ ့ အလုပ် မဟုတ်ဘူးဆိုရင် လူကြီး လူကောင်းတွေဟာ
    ဘယ်လို ပုံစံမျိုးနဲ ့ ရေးသားကြသည် ဆိုသည်အား လမ်းညွန်မှုပြုစေချင်ပါသည်။

    (၆) ကိုယ်ကိုယ်တိုင်ကမှ မပြည့်ဝနေပဲနဲ့ ကျန်တဲ့စာဖတ်သူများကို ဘယ်လိုအရာတွေများပေးနိုင်မယ်ထင်ပါလဲ?

    “ကိုယ်ကိုတိုင် ပြည့်ဝဖို ့ဆိုတာ ဒီလို အချက်တွေလိုအပ်ပါသလား ??

    (1) ” အပျော်တမ်း စာရေးနေတဲ့ အတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ ”
    (2) ” ဆိုက်က ကွန်မန်း ဖျက်ခွင့် မပေးတော့ရင်တော့.. ဒီဆိုက်ကို တာ့တာဘဲ..”

    (၇) အများအမြင်မှာ ဘယ်လိုမှ မသင့်တော်တဲ့ စကားလုံး အသုံးအနှူန်းတွေသုံးမယ်ဆိုရင်တော့ ဒီSite ရဲ့ အဆင့်အတန်းကို နိမ့်ကျသွားစေနိုင်ပါကြောင်း….

    အများ အမြင်သင့်တော်စေမဲ့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် စကားလုံးများ ကျုပ် ဦးဏှောက်တွင် သိုလှောင်ထားခြင်း မရှိသောကြောင့် အမြင်ကို အမြင် အတိုင်း ရေးသားရုံ အပြင် မတတ်နိုင်ပါ။
    ဒီ Site ရဲ ့ အဆင့်အတန်း နိမ့်ကျသည် မနိမ့်ကျသည် ဆိုသည်မှာ….အကျိုးအကြောင်း အားလုံး ဆက်နွယ်နေခြင်းကြောင့် ဒီ Site ၏ အဆင့်အတန် းအား မြင့်တက်စေသော အဆင့်အတန်းမြင့် Post များရှိလာလျင် အဆင့်အတန်းမြင့် Comment များ ကပ်ရပ် လိုက်လာမည်မှာ မလွဲ မသေ ဖြစ်ပါကြောင်း။

  • မမလေး

    April 7, 2011 at 5:00 pm

    ရှူံးနိမ့်မှုများနဲ့.. လူ .. ပြောမှန်တယ်လို့ထင်တယ် … nigiri77 …ကိုယ်လည်းကိုယ်စိတ်ဝင်စားမှဖတ်တာပဲ … ကိုယ်လည်းကော်မန့်များရင် ဖတ်ကြည့်ချင်မှာပဲ … ငါသာဆိုရင်ရောလို့တွေးကြည့်လိုက်ပါ …
    (ဒီ Post ကို အစအဆုံး သေချာစွာ အခေါက်ခေါက် အခါခါ ဖတ်ရပါတယ်။ ဘာကိုဆိုလိုချင်လဲဆိုတာကို နားလည်
    အောင် ကြိုးစားရပါတယ်။ ပြီးရင် ဘယ် အချက်တွေကတော့ ဝေဖန်ဖို ့ အတွက် လုံလောက်လဲ ဆိုတာ ရွေးထုတ်
    ရပါတယ်။ ပြီးရင် ဒီလို ဝေဖန်ပြီးတဲ့ နောက်ပိုင်း ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကို ဉာဏ်မှီ
    သလောက် ခန် ့မှန်းပြီး သိပ်ပြင်းထန်တဲ့ ဝေဖန်မှုမျိုး ဖြစ်နေလားဆိုတာကို သုံးသပ်ရပါတယ်။
    Keyboard ပေါ် လက်တင်လိုက်တာနဲ ့ စကားလုံးဖြစ်ဖို ့ မလွယ်ဘူးဆိုတာကို လူကြီးမင်းဟာ စာ အတော်အသင့်
    ဖတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဆိုရင် သိပ်ပြီး ခဲရာခဲဆစ် ရှင်းပြဖို ့ မလိုဟု ထင်ပါတယ်။ )
    >>> ကီးဘုတ်ပေါ်လက်တင်တိုင်းစကားလုံးဖြစ်ဖို့မလွယ်ဘူး …ဟုတ်ပါတယ်မလွယ်ပါဘူး … nigiri77 တော်တော်လေးကို စဉ်းစဉ်းစားစား ရေးလိုက်တာ ” တော်တော် ဖင်ခေါင်းကျယ်တဲ့ တရားစခန်း” ယဉ်ကျေးတဲ့စကားလုံးလို့ထင်ပါသလား … မပြင်းထန်ဘူးလို့ထင်ပါသလား … ဖတ်တဲ့နေရာမှာ ဝေဖန်ဖို့ပဲစဉ်းစားပြီးဖတ်တာလား … ကောင်းရင်ကောင်းသလို ချီးမြှောက်ပြောဆိုပေးရမှာပေါ့ … ကိုယ်ကပြောလိုက်တာ မပင်ပမ်းပေမယ့် သူတစ်ပါး ကျေနပ်သွားစေမှာပေါ့ …

    လူကြီးလူကောင်းဆိုတာတောင်မသိဘူးဆိုတော့ … လူကြီးလူကောင်းဆိုတာ ပိုက်ဆံရှိတဲ့သူတွေကိုပြောတာမဟုတ်ဘူး … စိတ်ဓါတ်ချမ်းသာတဲ့သူ ၊ အကျင့်စာရိတ ကောင်းမွန်တဲ့သူ ၊ ယဉ်ကျေးမှုရှိသောသူ ၊ လူမှုရေးပြည့်ဝတဲ့သူ ၊ နားလည်တတ်သူ လို့ထင်ပါတယ် …

    ( ၆ ) တာ့တာပဲဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်ပဲလေ … ဘယ်သူမှဆွဲထားမှာမဟုတ်ပါဘူး … ဂရုမစိုက်ဘူး ဆိုပေမယ့် … စည်းကမ်းတော့လိုက်နာရမှာပေါ့ …

  • မမလေး

    April 7, 2011 at 5:07 pm

    ( nigimi77 said: On April 6, 2011
    မမလေးရေ ကျုပ်ကိုတော့ တခြားလူတွေက ဝေဖန်ပါလိမ့်မယ်။ ကျုပ် ကွန်မန် ့ကို မကြိုက်တဲ့လူများလို ့ သူ ့အလိုလို Hidden ဖြစ်သွားတာပါ။ ဒါဟာ အဖြေပဲပေါ့။ အခုထိ မဖျက်တဲ့ အတွက် ကျေးဇူး။ ဖျက်လိုက်ရင် ကျုပ် ရိုင်းတာ ဘယ်သူမှ မသိတော့ဘူး။ ဒီတိုင်းထားတော့ လူတွေက …အော်…တော်တော်
    ရိုင်းတဲ့ အကောင်ပါလားလို ့ မှတ်ချက်ချ လို ့ရတာပေါ့။ ဒီ အတိုင်း ထားလိုက် …နော်…နော်။ 🙂 )
    **ဖျက်လိုက်ရင် ကျုပ် ရိုင်းတာ ဘယ်သူမှ မသိတော့ဘူး။ ဒီတိုင်းထားတော့ လူတွေက …အော်…တော်တော်
    ရိုင်းတဲ့ အကောင်ပါလားလို ့ မှတ်ချက်ချ လို ့ရတာပေါ့။ *** ကိုယ်ကိုယ်တိုင်က ရိုင်းတာသိပါလျက်နဲ့ ဘာလို့ ကျုပ် ရေးသားတဲ့ ဘယ် အရာက မှားပါတယ် ဆိုတာကို အကျိုးအကြောင်း ခိုင်လုံစွာ ဖော်ထုတ်ပြနိုင်ပါလျင်
    ဝန်ခံဖို ့ဆိုတာ မခဲယဉ်းပါ။ လို့ထပ်မေးနေရသေးတာလဲ .. အဲ့ဒီမှာတင် အဖြေပါသွားပြီလေ … … ဘယ်အကြောင်းအရာက ဘယ်သူ ့ကို ဘာ အတွက်ကြောင့် မခံချိ မခံသာ ဖြစ်စေလောက် အောင် တုန် ့ပြန်စာ တွေ လိုက်ရေးနေပါတယ် လို ့ လူကြီးမင်းက ယူဆပါသလဲ ??? ( ( ဒီ အတိုင်း ထားလိုက် …နော်…နော်။ 🙂 ) ဆိုတာကိုထင်ပါတယ် …
    ကဲကဲ … တောင်းပန်ခိုင်းနေတာမဟုတ်ပါဘူး … ဒါပေမယ့် တောင်ပန်းပါတယ်ဆိုတဲ့စကားလုံးက အောက်ကျတယ်လို့တော့မထင်ပါနဲ့ … ဒီစကားကြောင့် ရန်မများနိုင်တာအမှန်ပဲ … ကိုယ့်အတွက်လည်း မပင်ပန်း မထိခိုက်သလို သူများလည်း မထိခိုက်ဘူး … အားလုံးနဲ့ တစ်ယောက်ဖြစ်နေတဲ့ အခါကျတော့ ကိုယ်ကမှားတယ်လို့ပဲယူဆပြီး အလံဖြူလေးထောင်ပြလိုက်ပါ … အားလုံးက စိတ်သဘောထားပြည့်ဝကြပါတယ် … မဟုတ်ဘူးဆိုလည်း သဘောပါ အတင်းမတိုက်တွန်းပါဘူး …

  • nigimi77

    April 7, 2011 at 7:07 pm

    ( ၆ ) တာ့တာပဲဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်ပဲလေ … ဘယ်သူမှဆွဲထားမှာမဟုတ်ပါဘူး … ဂရုမစိုက်ဘူး ဆိုပေမယ့် … စည်းကမ်းတော့လိုက်နာရမှာပေါ့ …

    မမလေးရေ။ ကိုယ့်ရဲ ့ Post မှာ ရှိတဲ့ Comment တွေကို သေချာစွာ ဖတ်ရှုတတ်ရင် ကောင်းမယ်။

    အဲဒီ နံပါတ်ခြောက်က ကျုပ်ရေးတာ မဟုတ်ဘူးဗျ။ Comment တွေ ကို အစအဆုံး ပြန်ဖတ်ကြည့်။ 🙂

    ဘယ်သူမှဆွဲထားမှာ မဟုတ်ဘူးဆိုတာ ကျုပ်ကို ပြောရမှာ မဟုတ်ဘူးဗျ။ 🙂

  • nigimi77

    April 7, 2011 at 7:15 pm

    ဆူး said: On April 6, 2011
    ရွာထဲမှာ အေးအေးချမ်းချမ်း မနေချင်တဲ့ အတွက် တယောက် မဟုတ် တယောက် ပြသနာ လိုက်ရှာနေတာ ညီမ လေးရေ… ဂျီတော့ ကဲ့သို့သော ဆိုက်တွေ မှာ ဘလော့ဆိုတာ ရှိတယ် ဒီမှာ ဘလော့ဆိုတာ မရှိတဲ့ အတွက် မကျေနပ်ရင် ဖျက်သာ ဖျက်မလိုက် အဖက်လုပ်ပြီး ပြန်ပြောနေရင် ဟုတ်သလိုလို နဲ့ မင်းသားခေါင်း စောင်းပြပြီး လူလိမ်မာ လာလာ လုပ်ပြလိမ့်မယ်.. အားရပါးရ.. ဆဲချင်တိုင်း ဆဲတာ လူတွေ မသိကြဘူး.. မြင်တဲ့ လူတွေကလည်း ငမိုက်သား မိုက်တာ မိုက်ပါစေ.. သူ့ဆဲတာ ငါ့ ဆဲတာ မဟုတ်ဘူး ဆိုပြီး ကြည့်နေတာ.. မကြာခင် ဒီဆိုက်ထဲက လူတွေ အားလုံး တယောက်မကျန် လိုက်ပြီး ပြသနာ ရှာလိမ့်မယ်။ ဆဲလွန်းလို့ ဆိုက်က သက်ဆိုင်ရာတွေက ပိုစ်အလိုက် ဖျက်လိုက်ရတာလည်း ရှိဘူးတယ်။
    ဆဲတဲ့ သူက ဘယ်သူလဲ.. ပြသနာ လိုက်ရှာတာ ဘယ်သူလဲ.. မတူမတန်လို့ အရေးတောင် မလုပ်ဘူး။ ကိုယ့် စကားနဲ့ ကိုယ်တောင် မတည်နိုင်တဲ့ လူမျိုး.. စရိုက်မကောင်း အကျင့်မကောင်းတဲ့ လူ အတွက် စိတ်အနှောက်အယှက် ဖြစ်ခံမနေနဲ့.. အရှက်မရှိတာလား ရောချင်နေတာလားတော့ မသိဘူး ပြောလိုက်ရင်တော့ ဘာစိတ်မှ မရှိပါဘူး ဝေဖန်တာပါ.. ဝေဖန်တယ် ဆိုတာ လွယ်တဲ့ အလုပ်.. ရိုင်းတယ် ဆိုတာ လွယ်တဲ့ အလုပ်.. အလွယ်ဆုံး အလုပ်နဲ့ လူတွေ ရဲ့ စိတ်ကို ညစ်နွမ်းအောင် လုပ်ပြီး စိတ်အနှောက်အယှက် လိုက်ပေးနေတာ ကွန်မန်းတွေ လာလာ ပေးတယ်။ စာရင်းသွင်းပြီး ဘလော့ လုပ်လို့ မရပေမဲ့.. ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ဖျက်လိုက်တာ အကောင်းဆုံးဘဲ… အစ ရှိ အနောင်နောင်.. မပတ်သတ်ချင်လို့ ခပ်ကင်းကင်းနေတာ လိုက်အရောဝင်ချင်နေပုံရတယ်။ စာပေ စိတ်ဓါတ် မရှိဘူးလား လာလာ ပြောနေတယ်.. စာပေ ပညာရှင်ဆိုရင် ပညာရှင် လုပ်ပြီး စာရေးစားမယ်။ အပျော်တမ်း စာရေးနေတဲ့ အတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ အပြောခံရရင် အရိုင်းအစိုင်း တခွန်းမှ မပါဘဲ နည်းနည်းပြော များများ နာတတ်တယ်.. သူတပါးဆို ဆဲနည်းမျိုးစုံနဲ့ ကိုင်တုတ်နေတာ.. နေ့တိုင်း ဖတ်တဲ့ လူတွေ သိလိမ့်မယ်။
    ဒီလို လူမျိုး ကောင်းယောင် ဆောင်လည်း ခဏဘဲ.. ပင်ကို စရိုက် သဘာဝကိုက မကောင်းတဲ့ အတွက်.. မတန်လို့ အရေးမလုပ်ဘူးလို့ သာ သဘောထားလိုက်။ မကျေနပ်ရင် ပိုစ် ထောင်ပြီး ကြိုက်တာ ရေး.. စည်းတော့ လာမကျော်နဲ့.. လုပ်ပိုင်ခွင့်ထဲက လုပ်သင့်တာတော့ လုပ်ရမှာဘဲ။ ကိုယ်ပြောတဲ့ စကားက ကိုယ့် အတွက် အတည် ဖြစ်စေရမယ်။

    ဆိုက်က ကွန်မန်း ဖျက်ခွင့် မပေးတော့ရင်တော့.. ဒီဆိုက်ကို တာ့တာဘဲ..

    ?Kyats
    Like or Dislike: 4 1

    ဒီတော့ကာ ဒီလို လေး တွဲဖက်လိုက်ရင် …….ကောင်းမယ်။ အပေါ်က ကော်မန် ့ကို မမလေး ရေးတဲ့

    ” ….ဘယ်သူမှဆွဲထားမှာမဟုတ်ပါဘူး … ဂရုမစိုက်ဘူး ဆိုပေမယ့် … စည်းကမ်းတော့လိုက်နာရမှာပေါ့ …”

    ဆိုတဲ့ စကားလုံးနဲ ့။ 🙂

  • ပြောစရာစကားကုန်သွားလို့ မပြောတော့ဘူးလို့ ငြိမ်နေပေမယ့် ပြောစရာတွေရှိလာပြန်တော့လည်း ပြောပြသင့်တယ်ထင်လို့ ပြောပြပါ့မယ်။

    ကျွန်တော့်ကိုမေးထားတဲ့မေးခွန်းတွေကို တစ်ခုမှ ပြန်မဖြေနိုင်ကြောင်း ဦးစွာပထမ ပြောလိုပါတယ်။ ကျွန်တော်ဟာ တစ်ယောက်တည်းသမားပါ။ သူငယ်ချင်းမရှိ၊ မောင်နှမမရှိ၊ ဆွေမျိုးမရှိ၊ မိဘမရှိတော့တဲ့ တစ်ယောက်တည်းသမားစစ်စစ်ပါ။ သို့သော်လည်း မွေးရာပါ ပွကြီးလုပ်တတ်တဲ့အကျင့်ကြောင့် မျက်စိထဲမှာ ကိုးလိုးကန့်လန့်ဖြစ်လာရင်တော့ ဘယ်သူ့ကိုမဆိုပြောတတ်တဲ့အကျင့်ရှိပါတယ်။ ဒါကြောင့်လဲ သူငယ်ချင်းမရှိတာပါ။

    nigimi77 ခင်ဗျား..

    ကျွန်တော်ဟာ တိုင်းရင်းသားတစ်ယောက်သာဖြစ်တဲ့အတွက် မြန်မာစကားလုံးများကို အထောက်အထားမျိုးစုံနဲ့၊ ပြေပြစ်ချောမွေ့စွာ မရေးသားနိုင်တာကိုတော့ ခွင့်လွှတ်စေလိုပါတယ်။ ဒီနေရာမှာ တစ်ခု ဝင်ရောက် တောင်းပန်လိုပါတယ်။ ပုဂ္ဂိုလ်ရေးအရ တန်ပြန်တိုက်ခိုက်မှုမျိုးကို မလိုလားပါဘူး။ ကျွန်တော်ဟာ စာပေဝါသနာပါတဲ့အတွက် စာများကိုရှာဖွေဖတ်ရှူနေတဲ့ စာဖတ်သူ သက်သက်သာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်ဟာလည်း nigimi77 ရဲ့ စာဖတ်ပရိသတ်တစ်ဦးသာဖြစ်ပါတယ်။

    စာအရေးအသားကောင်းတဲ့သူတစ်ယောက်ကို ဘယ်လိုမှ တုန့်ပြန်မဖြေကြားနိုင်တဲ့အတွက် ခွင့်လွှတ်စေလိုပါတယ်။ နောက်ထပ်ဘာမှ ထပ်မရေးတော့ဘဲ ဒီနေရာမှာပဲ ရပ်လိုက်နိုင်မယ်ဆိုရင် သင့်တော်မယ်လို့ ထင်မိပါကြောင်း….

  • လင်းဝေကျော်

    April 8, 2011 at 9:02 am

    ကိုယ့်လူတို့ တော်ကြပါတော့။
    သူ့သဘောသူဆောင်ပါတယ်။
    အမှားအမှန် ငြင်းရတာက လက်ပေါက်ကပ်တယ်။

Leave a Reply