ရယ်စရာ(၁)

minhtettharApril 16, 20111min1643

သူငယ်ချင်းရဲ့…ဟာသလေးတစ်ခုရယ်ရလို့ဝေမျှလိုက်ပါတယ်စာသားကတော့နဲနဲပြောင်းထားတယ်။
ယခုအပတ် အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ်
အင်္စီအစဉ် ကို စီစဉ်သူပွကြီး၊ တွေ့ဆုံမေးမြန်းသူပွကြီး၊ ပြန်လည်ဖြေကြားသူ
ပွကြီး တို့က တာဝန်ယူစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။.
“ဖြောင်း….ဖြောင်း…ဖြောင်း.”(လက်ခုပ်တီးတာနော် ..ပရိတ်သတ်လဲကိုယ်ဘဲလေ)
စတိတ်စင်ကြီးတစ်ခုလုံးမှာ မီးရောင်စုံ ဆလိုက်များ ၊ နောက်ပြီး
မီးခိုးငွေ့များ ၊ရေပူဖောင်းများနဲ့ ကြီးကျယ်လှပနေပါတယ်။ စတိတ်စင်အောက်က
ပွဲကြည့်ခုံ ဆိုဖာတွေမှာမှီပြီး ကြည့်နေသည့်ပရိတ်သတ်များမှာ
ခန်းမကြီးပြင်ဆင်ထားပုံကို သဘောကျစွာ တီးတိုးပြောနေတဲ့အချိန်မှာဘဲ
“ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ..”
အခန်းပတ်ပတ်လည်ဘောက်များမှ ညင်သာစွာထွက်ပေါ်လာသော အသံညောင်နာနာက ပရိတ်သတ်များထဲသို့ စူးကနဲဝင်ရောက်သွားတယ်ဆိုရင်ဘဲ
စတိတ်စင်နောက်မှ အသံတစ်ခုသာယာစွာထွက်ပေါ်လာပါတယ်။
“ယခုစီစဉ်တင်ဆက်သူက ကို့ယို့ကားယား ဖက်ရှင်ကို သူနဲ့ လိုက်ဖက်ညီစွာ
ဝတ်ဆင်ပြီး ထွက်လာပါပြီ။ သူကတော့ ပရိတ်သတ်တွေ တခဲနက်အားပေးနေတဲ့
မစ်ဆတာပွကြီးဘဲဖြစ်ပါတယ်”
ကို့ယို့ကားယားဖက်ရှင် ခေါ်င်းစဉ်နဲ့ညီစွာ ပွကြီးသည် အကျင်္ီပွပွကြီးကို
ကို့ယို့ကားယား ဝတ်ဆင်ကာ “ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ ”သီချင်းကို
မာန်ပါပါ သီကြွေးပြီး ကားယားကို့ယို့ လမ်းလျှောက်ပါတော့တယ်။
ပရိတ်သတ်ကြီးမှာတစ်ခါတည်း မတ်တပ်တွေရပ်ကာ လက်ခုပ်တီးပြီး
“ပွကြီး…ပွကြီး…ပွကြီး…”
ပွကြီးစင်ပေါ်ကနေ တစ်ချက်ဝေ့ကြည့်ရင်း လက်အုပ်လေးချီကာ ဒူးညွှတ်လို့
ပရိတ်သတ်တွေကို အရိုအသေပေးလိုက်ပါတယ်။ ပရိတ်သတ်တွေရဲ့
” ပွကြီး.. ပွကြီး..”အားပေးသံတွေက ခန်းမကြီးပေါက်ထွက်သွားမတက် ဆူညံနေပါတယ်
ပွကြီးအလှပဆုံးပြုံးကာ (အောင်မလေး ရေးရတာ ဖီး(feel) ရှိလိုက်တာ ။)
“very thank you, thank you so much..”
ပွကြီးတတ်သလောက်မှတ်သလောက် လူအထင်ကြီးအောင် ပြောပြီးနောက်
“အခုလို မင်္ဂလာအချိန်သာမယမှာ ပရိတ်သတ်ကြီးကို အရမ်းအရမ်း ဖလန်းဖလန်းထရဲ့
မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ကမာ္ဘအရပ်ရပ်ကတွေ့တဲ့လူကို ဂုတ်ဆွဲပြီး အတင်းအားတမ ဖြေခိုင်းတဲ့
အစီစဉ်ဘဲဖြစ်ပါတယ်။ ဒီအစီစဉ်မှာ ဆိုက်ကားနင်းတဲ့ရေခဲရေရောင်းတဲ့သူကစပြီး
ကမာ္ဘ့အချမ်းသာဆုံး သူဌေးကြီးအထိ အကုန်လုံးမေးမြန်းသွားမှာဖြစ်ပါတယ်။
ဒီအပတ်မှာတော့ ဟိုအပတ်လို မဟုတ်ပါဘူး အဲ…. အင်းဟုတ်တယ် အခုအပတ်မှာ
ဟိုအပတ်လို အရင်ကငါးယောက်အမေးအဖြေမဟုတ်တော့ဘဲ တစ်ယောက်တည်းကိုသာ
မေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုစာရိုက်နေတဲ့
မစ်ဆတာပွကြီးတစ်ယောက်လက်ညောင်းလာပြီလို့သတင်းရထားပါတယ်။
ဪ…အိပ်လဲငိုက်နေတယ်တဲ့ ဟင်..ဪ..နောက်တစ်ပတ်မှပိုမေးတဲံ ..အယ်
စာရိုက်ရင်းတန်းလန်းရီပြလိုက်သေးတယ်။ ေ ဩာ်..ဪ …ဖလိုင်းကစ်တဲ့”
“ဟုတ်ကဲ့ပါ ပရိတ်သတ်ကြီးခင်ညာ…အစီအစဉ်တင်ဆက်သူပွကြီးက တစ်ယောက်မက
မေးချင်ပါသော်လည်း စာရေးသူပွကြီးက ပျင်းနေပါသဖြင့် (အင်းနော် …
ကိုယ့်ကို်ယ်ကိုယ်လဲ ဇာတ်ကောင်ခွဲသွားရင် အတင်းပြောရတာပါလားနော်)
တစ်ယောက်နဲ့သာကျေနပ်ကြပါလို့”
“ယခုအပတ်အလှည့်ကျဖြေပေးမယ့် သူကတော့ နာမည်ကြီး စာရေးဆရာကြီး.. မစ်ဆတာပွကြီး ဘဲဖြစ်ပါတယ်။ ” (ဘာဖြစ်လဲ ကိုယ့်ဘာသာကြီးတာနော်)
နောက်ရွှေရုပ်တစ်ယောက်စင်ပေါ်ကိုရောက်လာပါတယ်။
ပရိတ်သတ်ကြီးက ဒုတိယအကြိမ် မတ်တပ်ရပ်ပြီး လက်ခုပ်တီးကာ
“ပွကြီး…ပွကြီး ”
စာရေးဆရာပွကြီးက ပရိတ်သတ်ကိုဝေ့ကြည့်ကာ
“ပွကြီးကိုအားပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ် ”
အစီစဉ်တင်ဆက်သူပွကြီးနဲ့ စာရေးဆရာပွကြီးတို့ နှစ်ယောက်စင်ပေါ်မှာ တစ်ယောက်တစ်မျိုးစီလှနေပါတော့တယ်(အမယ်ဒါကျတော့ လက်မညောင်းဘူး)
အဲ့အချိန်မှာဘဲ အစီစဉ်တင်ဆက်သူရွှေရုပ်က စပြီး မေးခွန်းတွေ မေးပါတော့တယ်။
မေး – ပွကြီးအခုလို နာမည်ကြီးတာ ဘာကြောင့်ပါလဲ
ဖြေ- ပွကြီးဆိုတဲ့နာမည်ကို font ကြီးကြီးနဲ့ရေးလို့ပါ
မေး- မှတ်သားစရာပါလားနော် ဒါနဲ့ ပွကြီးစာတွေရေးရင်ဘာကို ဦးစားပေးရေးပါသလဲဟင်.
ဖြေ-သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်း အဟဲဟဲ…..
မေး – အဲ့ဒါကြောင့်နာမည်ကြီးတာနေမှာ ပြီးတော့လေ ပွကြီးဂီတသံစဉ်တွေမှာဘယ်အမျိုးစားကိုနှစ်သက်ပါသလဲ ။ဥပမာ ရပ်စ်တို့ပေါ့တို့
ဖြေ-အဲ့ဒါတော့ပွကြီးသိပ်နားမလည်ပါဘူး။ သီချင်းဆိုရင်တော့ ချိုမိုင်မိုင်ချိုဆို့ကစပြီး (၆)နာရီဆိုပြန်လာပေးပါအဖေထိကြ်ိုက်ပါတယ်
မေး- ပွကြီးရဲ့အချစ်ရေးကိုပြောပြလို့ရမလား
ဖြေ- အုန်းသီးတွေဈေးကြီးနေလို့ အဲ့ဘက်တော့လိုက်မမှီပါဘူးရှင်
မေး- ဒါဆိုအိမ်ထောင်ရေး ကိုရောစိတ်ဝင်စားဘူးလား
ဖြေ- ဪ…ဒါကတော့ သစ်ဈေးကျတဲ့အချိန်ကျရင်စိတ်ဝင်စားမိမယ်ထင်တယ်”
မေး- အများကြီးတော့ထပ်မမေးတော့ပါဘူး
ဖြေ-ဟုတ်ကဲ့ ကောင်းပါတယ် အခုစာရေးနေတကိုပွကြီးကလဲ စိတ်မရှည်တော့ဘူးလို့ပြောနေပါတယ်”
မေး-နောက်ဆုံးပရိတ်သတ်ကို စကားလက်ဆောင်လေးပေါ့ ပါးပေးပါဦး
ဖြေ- ပျော်ချင်ရင် ”ပွကြီ်းစာပေ လူ့မိတ်ဆွေတဲ့ ”

ပြီးတော့အစီစဉ်တင်ဆက်သူက ပရိတ်သတ်ကြီးကို အချိုသာဆုံးပြုံးပြကာ
“အခုလို ဒီအပတ်မှာ နာမည်ကြီး စာရေးဆရာပွကြီ်းနဲ့တွေ့ဆုံပြီးတဲံအခါ
နောက်အပတ်မှာ ဒါမှမဟုတ်ရှေ့အပတ်မှာ
ဘယ်သူနဲ့တွေ့ဆုံမေးမြန်းမလဲဆိုတာစောင့်ကြည့်ပါဦးလို့…”
…………………………………………………………………………………………………………………………………………………
ပြုံးပျော်နိုင်ပါစေ
ပွကြီး

3 comments

  • MaMa

    April 18, 2011 at 5:22 am

    နောက်အပတ်မှာတော့ ယခုအပတ်နဲ့မတူ တစ်မူထူးခြားစွာ မောင်ပွကြီးနဲ့ တွေ့ဆုံခန်းကို တင်ဆက်ပါမယ်။ နောက်နောင်အပတ်များမှာတော့ ကိုပွကြီး၊ ဦးပွကြီး၊ ဘိုးပွကြီးတို့နဲ့ တွေ့ဆုံခန်းများဖြစ်ပါတယ်။

  • Yin Nyine Nway

    April 18, 2011 at 11:26 am

    မမပွကြီး ဒေါ်ဒေါ်ပွကြီးတို့ရော မေးတော့ဘူးလားဟင်…..:):)

  • minhtetthar

    April 18, 2011 at 4:09 pm

    အဲဒါကြောင့်ပြောတာပေါ့…နောက်အပတ်ကျရင်မေးပါ့မယ်လို့..လေ…အဟီး…

Leave a Reply