ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး(၆)
” ဒီလိပ်စာ အတိုင်း ဆိုလျှင်တော့ ဒီအိမ်ပါပဲ… ဆေးခန်းဖွင့်ချိန်ကလည်း
မနက် ၉ နာရီကနေ နေ့လည် ၁၂နာရီ ထိတကြိမ် … ညနေ ၃နာရီကနေ
၆နာရီထိတကြိမ်ဆိုတော့ အဆင်ပြေတယ်… ။ ”
” အံမယ် …လူရှင်းသားပဲ… တိုကင်ယူရမယ် မှတ်နေတာ… ။ မယ်ကျင်ရေ လာ လာဟ … ”
“ဆရာကြီး…. ကျွန်တော့မိန်းမ အစာအိမ်မှာ ထူပြီး ကြပ်ခဲကြီးဖြစ်နေလို့ပါ…
ကင်ဆာဟုတ်မဟုတ်တော့မသိပါဘူး … ဆေးရုံမသွားချင်လို့ လာတာပါ… ။ ”
“လူနာကို အထဲခေါ်ခဲ့ပါဦး ဆရာကြည့်ပါ ဦးမယ ်… ”
ခဏကြာ ဟိုနှိပ် ဒီနှိပ် လုပ် အပြီးတွင် … ။
” ဒါမျိုးကဖြစ်တတ်ပါတယ် … ကင်ဆာစစ်စစ်ကြီးတော့မဟုတ်သေးပါ
ဘူး …
အစာအိမ်ထဲမှာ အသားမာလိုဖြစ်နေတာပါ … ဆရာ့ဆေးက နိုင်ပါတယ် ……”
” အားကိုးပါတယ် ဆရာရယ်… ကျွန်တော်တို့ သေချာလေး ဆေးကုပါ့မယ်… ။ ”
“ကျွန်တော် အစာအိမ်ရှိရာ ပတ်ဝန်းကျင်ကို ဆေးပြားကပ်ပေးလိုက်မယ်… အစာအိမ်က
ပတ်လည်နဲ့ ဆိုင်တာ ဆိုတော့ တကိုယ်လုံးပတ်လည်ကတ်မှ ဖြစ်မယ် … ဆေးက
မပူမစပ်ပါဘူး .. ရေညှိပြားလိုလေးတွေ အထူး စီမံထားတာပါ … ။ ”
” လူနာကို ကုတင်ပေါ်ထိုင်ပြီး အကျီ င်္ ချွတ်ထားပါ… ။ ”
တအောင့် အကြာတွင် .. ဆေးဆရာနှင့် ကူဖော်လောင်ဖက်ဟု ထင်ရသော အမျိုးသမီး
တစ်ဦး လိုအပ်သော ပစ္စည်းများကို ကိုင်ကာ ရောက်လာသည် …။
ကလေး လက်တဝါးအရွယ်ခန့် ရေညှိရောင် စိမ်ရွှေရွှေ အနံ့ရသော အပြား
စိုစိုလေးတွေကို လူနာ ဗိုက်တကြောနှင့် ကျောကုန်း ခါးအထက်ပိုင်းအထိ
ကပ်ပေးသည် ။ ပတ်လည် ကပ်သဖြင့် အချပ်ရေ များများကပ်ရသည်… ။ ပြီးနောက်
ပတ်တီးဖြင့် စည်းပေးသည်… လူနာအား ၁၅ရပ်တိတိ ပတ်တီးမဖြည် ၊ ရေမထိရဟု
မှာထားခဲ့သည် … ။ ဆယ့်ငါးရက် ပြည့်သောနေ့တွင် ပြန်လာဟု ချိန်းထားခဲ့သည်
….. ။ ပတ်တီးဖြည်သော နေ့တွင် …. ကင်ဆာရောဂါဆိုပါက ဆေးပြားလေးများ၌
အမြစ်တုံးလေးများ ကပ်နေမည်ဟုပြောပြီး ….. ဆေးကျွမ်းနေသော ရောဂါဖြစ်လျှင်
(ဆေးကုမမှီတော့လျှင် ) ဆေးပြားလေးများမှာ ခြောက်သွေ့သွားပြီး မည်းနက်သော
အရောင်သို့ ပြောင်းသွားမည်ဟုမှာလိုက်သည်… ။
ဆေးကုသစရိတ်ရှင်းပေးသော အခါကျမျ …. ဆေးပြားတပြား ကျပ် တသောင်းဖြင့်
တွက်ယူပြီး စုစုပေါင်း အချပ် ၂ဝ အသုံးပြုသည်ဟု ဆိုကာ ငွေ နှစ်သိန်းကို
ဆေးဖိုးအဖြစ်တောင်းသည် … ။ သောက်ဆေးအဖြစ် ထိုင်ဝမ် နိုင်ငံလုပ်
ပါရာစီတမောလ် ပြားလေး အ နည်းငယ်ပေးပြီး ဖျားချင်သလိုဖြစ်လျှင် သောက်ဟု
ပြောခဲ့သည် … ။ သင်းသင်းတို့ ခမျာ မြန်မာဆေးဆရာလာပြတာ ငွေ
နှစ်သိန်းမပြောနှင့် ငါးသောင်းတောင် ပြည့်အောင် ယူမလာပေ… ။ ထို့ကြောင့်
အဆောင်သို့ တခေါက်ပြန်ကာ နီးစပ်ရာ အဆောင်တူအပေါင်းသင်းများထံမှ
ငွေနှစ်သိန်းပြည့်အောင် ချေးငှားယူရရှာသည်…။ လူနာနှင့ ်ဦးတင်ကိုတော့
ဆေးဆရာက မောမှာစိုးသည်ဟူသော အကြောင်းပြချက်ဖြင့် ဆေးကုသခန်းတွင်းပင်
စောင့်စားစေခဲ့သည်… ။
xxxxxxxxxxx
ဆယ့်ငါးရက်မြောက်သောနေ့တွင် ….
” ပတ်တီးဖြေကြရအောင်… ဒီမှာကြည့် အမြစ်လေးတွေ ထွက်လာပြီ တွေ့လား …
အဲ့ဒါကောင်းတယ်… အမကြီးရောဂါပျောက်ပြီဟု… ” ဆေးဆရာက အားရဝမ်းသာပြောကာ
ဆေးတစ်ခါ ထပ်ကပ်လျှင် ပိုကောင်းကြောင်း ပြောသဖြင့် … ကင်ဆာတောင်
ပျောက်တာပဲဟု စိတ်ထဲ ကြည်ညိုလာကာ နှစ်သိန်းဖိုး ထပ်ကပ်ခဲ့ပြန်သည်… ။
ထမင်းစားလျှင် ပြည့်နေခြင်းမှာ သက်သာသွားခြင်းမရှိ သေးပါ… သို့သော ်…
စိတ်ထဲ ပျော်နေမိသည် … ။ ဆေးပြား အချပ် ၂ဝထပ်ကပ်ကာ …… ရွာပြန်ခဲ့သည် …. ။
xxxxxxxx
ရွာရောက်ပြီး လေးလခန့် အကြာ အစာလုံးဝစားလို့ မရတော့ပေ… စားသမျှ
ပြန်အန်ထွက်လာသည်… ။ ဗိုက်ထဲတွင်လည်း နေလိုမကောင်းပဲ နာသည်ဟု မကြာခဏ
ညည်းတွားရာ… ရန်ကုန်ပြန်တက်ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည် … ။
ထိုအချိန်တွင် ရောဂါ ကျွမ်းနေခဲ့ပြီဖြစ်ကြောင်း ဒေါ်ကျင်ရော …ဦးတင်ပါ …
တွေးမထားခဲ့မိပေ… ။ ဆေးရုံရောက်မှ အခြေနေဆိုးရွားနေပြီဖြစ်ကြောင်း
သိခဲ့ရသည်… ။ ဆေးရုံတွင် ခွဲစိပ်ကုသမှုခံယူခြင်းတမျိုးတည်းသာ
ပြုလုပ်နိုင်သော အဆင့်ဟု သတ်မှတ်ပြီး… လူနာဧ။် သဘောတူညီချက်တောင်းသည် …။
လူနာမှာ အသက်ခြောက်ဆယ်ကျော်ဖြစ်ခြင်းအပြင် အားအင် ချိနဲ့ နေခြင်းကြောင့်
ခင်ပွန်းဖြစ်သူဦးတင်သည် …ခွဲစိပ်ကုသမှူကို မခံယူခဲ့ပေ… ။ ဆေးရုံမှ
ပြန်ဆင်းပြီး ရွာတွင်ပင် ခေါင်းချစေမည် ဟု စိတ်ကူးရှိလေသည်… ။

7 comments
unclegyi1974
May 16, 2011 at 4:22 pm
မြန်မာဆရာတုတွေရိုက်တာ
ရိုက်ချက်တော်ပြင်းပါတယ်
ကျွန်တော်လည်းကိုယ်တွေ့ခံဖူးပါတယ်
အပ်ကိုင်ရမ်းကုကိုသာလူတွေကမဲနေကြတာ
အပ်မကိုင်ရမ်းကုကိုဘယ်လိုပပျေက်အောင်လုပ်
ပမယ်
sayargyi
May 17, 2011 at 3:33 am
အခုလိုဆေးခန်း နာမည် လိပ်စာ အတိအကျတင်လိုက်တာကိုတော့ ချီးကြူးပါတယ် ကျေးဇူးလဲတင်ပါတယ် ဒါမှနောက်နောင်လူနာတွေဆင်ခြင်လို့ရတော့မှာပါ…
eros
May 17, 2011 at 3:58 am
etone, Bravo!!!!!!!!!!!!!!!!!!!!!!!! Bravo!!!!!!!!!!!!!!!!!!!!!!!!!! Bravo!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
သာဓုပါဗျာ သာဓု
phantom
May 17, 2011 at 6:50 am
ဒီလိုဆေးခန်းတွေလဲ တရားဝင်ဖွင့်ခွင့်ရသလား ဒါမျိုးတွေကိုတော့ ဒေါက်တာရမ်းကုတွေအနေနဲ့ အရေးယူဖို့ကောင်းပါတယ် ဒါမှ ရောဂါခံစားရတဲ့သူတွေအတွက် ရောဂါအပြင် အလိမ်အညာတွေပါ မခံရမှာ
moethidasoe
May 18, 2011 at 10:41 am
မြစ်ပွားနာလို့ ပြောကြတဲ့ ကင်ဆာကို နိုင်ပါတယ်လို့ ပြောပြီး ကုတဲ့လူတိုင်း ဈေးကြီးကြီးတောင်းပါတယ်။
တစ်ခါက ကြုံဖူးပါတယ် .. အဆုတ်ကင်ဆာ .. အမြှေးပါးအထိ ရောက်လို့ အဆုတ်ရေဝင်တယ် ဆိုပါတော့ .. ဆေးရုံကို လွှဲလိုက်လို့ ဖောက်ထုတ်လိုက်တာ ၁၅၀ဝ စီစီလောက် ထွက်တယ် .. ဓါတ်ကင်ရမယ် ဆိုတော့ .. ဓါတ်မတည့် ထောင့်မတည့်လို့ ဆိုပြီး ပြန် ဆင်းလာတယ် .. ဆေးခန်းကိုလဲ လူနာက နဂါးလှည့် မသင့်လို့ ဆိုပြီး ဆရာဝန်နဲ့မပြပဲ ဗမာဆရာကို ပြပါတယ် .. ဒါလေးများ ဆိုပြီး လူနာ ကျော .. ရင်ဘတ် ဆေးတွေစည်း အထက်က တင်ပြခဲ့သလို တခြားလူတွေ မထိရ မဖြည်ရ ဆိုတယ် .. လူနာက ရင်းနှီးနေတော့ ကြားရက်တွေမှာ အားဆေး ထိုးပေးပါလို့ ဆိုလာတော့ မရနိုင်ပေမယ့် စိတ်ကျေနပ်အောင် အိမ်တိုင်ရာရောက်ဆေးထိုးပေးပါတယ် .. စကားစပ်မိလို့ ဘယ်လောက် ပေးရသလဲလို့ စပ်စုမိတယ် .. ၁၂ဝ ကျပ်တဲ့ .. တို့တောင် မရတဲ့ဈေး .. ၁၄ ရက် ဆေးစည်းတာ ၁၆၈ဝ ကျပ် ကုန်သွားတယ် (ဆရာဝန်တွေ အိမ်မှာ လိုက်ကုတဲ့အခါ ၃၅ ကျပ် ၄ဝလောက်ပဲ ကျတဲ့အချိန်ပေါ့ .. အဲဒီတုန်းက ဆရာဝန်လစာ ၄၅ဝ ပါ) .. ဆေးစည်းတာ ပြီးတဲ့နေ့မှာ ဆေးထိုးချင်သေးတယ် ဆိုလို့ တခါ သွားပါတယ် .. ဆေးတွေ ဖြည်ထားပြီးလို့ နားကြပ်နဲ့ စမ်းကြည့်တော့ ရေ လေးပုံသုံးပုံလောက် ရှိနေပြီ .. ဒါနဲ့ ဆေးရုံ သွားတော့လို့ ထပ်မှာခဲ့ရတယ် .. အရည် ၁၂၀ဝ စီစီလောက် ထပ်ထွက်တယ် .. ဒါပေမယ့် လွန်သွားပြီ .. နောက် ငါးရက်ကြာတော့ …..
paukpauk
May 18, 2011 at 11:08 am
အထောက်အထားခိုင်လုံရင် တရားစွဲသင့်ပါတယ်။
တရားစွဲလို့ရတယ်ဆိုတဲ့ အသိရှိသွားရင် မဟုတ်တာတွေကို ဟန့်တားနိုင်ပါတယ်။
တရားစွဲလို့ ဘာတွေ ဆက်ကုန်မလဲတော့ မသိဘူးနော်။
အာမ တော့မခံဘူး။
🙂
mglwin
May 18, 2011 at 11:49 am
ဖေါ်ပြပေးတာ ကျေးဇူးကြီးပါတယ်။ အများပြည်သူ အကျိုးယုတ်မဲ့ ကြော်ငြာတွေကိုတော့ စိစစ်ခြင်းမရှိဘူး။ ကာကွယ်နိုင်စွမ်းမရှိဘူး။ သူတို့အကျိူးထိခိုက်မဲ့စာ တွေကိုတော့ အတို့အထိမခံဘူး
စိတ်မကောင်းဘူးဗျာ