Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြေးကြီးတိုင်း သန့်ပါမလား

moethidasoeJune 30, 20111min72137

အမျိုးသားဆရာဝန် တစ်ယောက် ပြောပြတဲ့ ဇာတ်လမ်းကို စကားပြောနဲ့ ပြန်ရေးထားတာပါ

(confidential ကို ထိန်းတဲ့အနေနဲ့ အဲဒီဆရာဝန်က နာမည်၊ နေရပ်တွေ မပြောပြခဲ့ပါဘူး၊ သင်ခန်းစာ ယူစေချင်လို့ ပြောပြတာပါ၊ အခုလဲ ကျန်တဲ့လူတွေ တွေးတတ်စေချင်လို့ အားလုံး ခြုံပြီး ရေးလိုက်တာပါ)

တစ်နေ့တော့ လူနာ တစ်ယောက် ရောက်လာတယ်

ဆရာ .. ကျွန်တော် ဆီးအောင့်ပြီးတော့ အဖြူဆင်းနေတယ်

မှန်းစမ်း .. ခင်ဗျားက ဂနိုကျနေတာဗျ ..

မဖြစ်နိုင်ဘူးထင်တယ် .. ကျွန်တော့်ကောင်မလေး က သန့်တယ် ဆရာ ..

ခင်ဗျားကသာ သန့်နေတယ်လို့ ဆိုတာ ခင်ဗျား အခု ထိလာပြီ မဟုတ်လား

မဟုတ်သေးဘူးထင်တယ် ဆရာ .. အခုဟာက အပူအစပ် စားတာ များလို့ ဖြစ်တာ မဟုတ်ဘူးလား .. ကောင်မလေးက ကျွန်တော့် မျက်စိအောက်တင် ကြီးလာတဲ့ သူပါ .. အနေ သိပ် သန့်တာ .. ကျွန်တော်တောင်မှ မနည်း စည်းရုံးယူရတာ

ဒါဆိုရင် ခင်ဗျား ဘယ်လောက် ပေးလိုက်ရသလဲ

၅၀၀၀ဝ ပေးလိုက်ရတယ် (အဲဒီအချိန်တုန်းက ဆရာဝန် လစာ တစ်နှစ်စာ နီးပါးရှိတယ်)

ကဲ ခင်ဗျားက ၅၀၀၀ဝ ပေးနိုင်တာကို ကြေးကြီးတယ် ဆိုပြီး တစ်ခြားလူတွေ မလိုက်နိုင်ဘူးလို့ ထင်နေတယ် .. ခင်ဗျားထက် တတ်နိုင်တဲ့လူ .. ခင်ဗျားထက် စိတ် ထန်နေတဲ့လူ မရှိဘူးလို့ ထင်နေတာလား .. ခင်ဗျားထက် နှစ်ဆ ပေးနိုင်တဲ့လူက ပေးရင်ရော ခင်ဗျား ကောင်မလေးက မလိုက်ဖူးလို့ ထင်နေလား .. နောက် အဲဒီ ပိုပေးနိုင်တဲ့လူကရော ဟိုမှာစား ဒီမှာစားနဲ့ သန့်တယ်လို့ ရှိပါ့မလား .. အဲဒါဆိုရင် ခင်ဗျားကောင်မလေးရော သန့်ပါ့ဦးမလား .. စဉ်းစားကြည့်နော် .. ဒါ ယောက်ျားချင်း မို့လို့ ရှင်းအောင်ပြောပြတာ

(ဟုတ်တယ်နော် မိန်းမ ဆရာဝန်ကို သူတို့ ဒီလို ဘယ်ပြောပါ့မလဲ .. သူငယ်ချင်းကို ကျေးဇူးတင်တယ်)

သူ.. တစ်ချက် တွေသွားတယ် .. နောက်မှ ..

အင်း ဒီလိုဆိုတော့လဲ ဆရာပြောတာ ဖြစ်နိုင်ပါတယ် လေ ..

ဖြစ်နိုင်တယ် မဟုတ်ဘူး .. ဖြစ်ကို ဖြစ်နေတာ .. ခင်ဗျား သက်သေပြပြီးပြီလေ ..

အဲဒီနောက်တော့ သူလဲ ဆင်ခြင်သွားတယ် ..

၂၀၀၄ ဧပြီလမှာ ရေးဖြစ်ခဲ့တယ်

37 comments

  • ဆူး

    June 30, 2011 at 7:03 am

    ကြေးကြီး = ကြေးများ.. ကြေးများ ကနေ တဆင့်တက်တော့ ဂျီးများတာပေါ့.. ဂျီးများတော့ မသန့်တော့ဘူး ဒါပါပဲ။

  • weRone

    June 30, 2011 at 7:18 am

    ဂျီးထူ သွားတဲ့ သဘော ပေါ့ နော်.. 😀

  • kai

    June 30, 2011 at 7:43 am

    သင်္ဘောသားနဲ့.. ဘိုမရုပ်လိုဖြစ်နေပြီ..။
    ရောဂါမဖြစ်ချင်လို့တဲ့… သင်္ဘောသားကြီးတယောက်က အရုပ်နဲ့ ၂ပါးသွားနေတာ… အဲဒီလူလစ်တုံး သင်္ဘောတစင်းလုံးက..သူ့ဘိုမအရုပ်ဝိုင်းသမထားတာ.. အဲဒီလိုနဲ့..ရောဂါရတဲ့ဇတ်လမ်း..

    သင်္ဘောသားတွေမေးကြည့်.. 🙂

  • fatty

    June 30, 2011 at 8:13 am

    နွားနို့ထဲရေရောထားသလားနွားနို့စစ်မစစ်တိုင်းတဲ့မီတာရှိတယ်လေ ……
    အဲလိုဘဲ သန့်မသန့် စစ်မစစ်တိုင်းတဲ့ မီတာရှိရင်သိပ်ကောင်းမှာဘဲ ..လို့။

  • etone

    June 30, 2011 at 8:20 am

    ဟုတ်တယ် Dr. ဒီရက်ပိုင်းအတွင်း ကျွန်မတို့ ဆေးခန်းကို လာနေတဲ့ အမျိုးသား လူနာ သုံးလေးဦးထဲမှာ ဂနိုတွေချည်းဖြစ်နေကြတာ … ။ ကဲတုန်းက ကဲပြီး မိန်းမမသိအောင် လာကုရတာနဲ့ ကြောက်လိုက်တာများ တုန်နေတာပဲ … ကြောက်တာက တခြားမဟုတ်ဘူး …. သူတို့ ဆက်ပြီး မလိုက်စားလို့ရမှာ စိုးလို့ ကြောက်ကြတာ … ။ မနေ ့ညနေကတော့ ထူးထူးခြားခြား ယောကျာ်းက ဖြစ်လို့ လာပေမဲ့ … မိန်းမပါ ပါလာတယ် … ယောကျာ်းက ပျောက်သွားပြီး အတော်ကြာမှ ထပ်ဖြစ်လို့ ပြန်လာတာ … အခုအခြေနေက အတော်ဆိုးနေတာနဲ့ သူ့ မိန်းမကိုပါ ခေါ်ပြီး ဆေးအတူကုတာ … ။ ဘယ်သူက ဘယ်သူ့ကို ကူးတာလဲတော့ မပြောတတ်တော့ပါဘူး … ဂနိုလူနာလာလျှင် ကြည့်လို ့ကို မရလို့ မျက်နှာချင်း မဆိုင်ပဲ ၊ မျက်နှာလွှဲနေလိုက်တာက များတယ် … ။ 😳

    • nigimi77

      June 30, 2011 at 1:15 pm

      အီးဒုံးက စက်ရုံ အသိုင်း အဝိုင်းကနေ ဆေးခန်း အသိုင်း အဝိုင်းကို ဘယ်တုန်းကရွှေ ့သွားလဲ မသိဘူး။ 🙂

      ဆရာဝန်မဟုတ်တာကတော့ သေချာတယ်။ တောက်လျှောက်လေ့လာကြည့်ရသလောက်ကတော့ အီးဒုံးမှာ

      စာရိတ္တပိုင်း ဆိုင်ရာနဲ ့ပါတ်သပ်ပြီး Extremely Proud ဖြစ်တာတွေ တွေ ့ရတယ်။ ကိုယ်နဲ ့မတူ ကိုယ့်ရန်သူ

      လို ့သဘောမထားပါနဲ ့။ တကယ်လို ့ ဆေးခန်းက မိသားစုပိုင် စီးပွားရေးဖြစ်လို ့ ကိုယ်က ကောင်တာ ထိုင်သည်

      ဖြစ်စေ၊ ဆေးကောင်တာ ဝန်ထမ်းအနေနဲ ့ လုပ်သည်ဖြစ်စေ၊ ဘယ်လို အကြောင်းမျိုးနဲ ့ပဲ ဆေးခန်းကို လာလာ

      ဘာရောာဂါကြောင့်ပဲ လာလာ ၊ သူတို ့အားလုံးဟာ ရောဂါကို ကုစားဖို ့အတွက် ရောက်လာကျတာပါပဲ။

      AIDS ရောဂါသည်တွေ ကို ကုသပေးတဲ့ နေရာမျိုးမှာ ဒီလို အတွေး ဒီလို မျက်လုံးမျိုးနဲ ့ကြည့်မိရင် သူတို ့ ဘယ်လို

      နေကြမလဲ ? လိင်ဆက်ဆံမှုကိုတောင် နားမလည်သေးတဲ့ ကလေးတွေတောင် အကြောင်း အမျိုးမျိုးနဲ ့ရောဂါ ကူး

      စက်နိုင်ပါတယ်။ တကယ်လို ့ အီးဒုံးက သီလရှင် ဝတ်ဖို ့ ခေါင်းရိတ်ရင်း ရောဂါပိုး ကူးသွားခဲ့ပြီ ဆိုပါဆို ့ ။ 😛

      အီးဒုံး လိုပဲ အမြင် ရှိတဲ့ လူတစ်ယောက်က အီးဒုံးကို ကြည့်ပြီး ဘာပြောမယ် ထင်သလဲ ? လူလူချင်း နားလည်တတ်

      ပါစေ။ 🙂 ဦးကျော်သူတို ့ ထင်ပေါ်မှု အတွက် မဟုတ်ပဲ အယုတ်အလတ်အမြတ် မရွေး အခေါင်းကြီးကို ထမ်းပါတယ်။

      အေကိုက်ပြီး သေတဲ့လူမို ့လို ့ မထမ်းချင်ဘူး၊ ဖာသည် မသာ မို ့လို ့ မထမ်းချင်ဘူး။ သူခိုး ဒါးပြ အလောင်းမို ့မထမ်းချင်

      ဘူး ဆိုတဲ့ စိတ်မျိုး မရှိလို ့သာ သူတို ့ လူမှုရေး အလုပ်တွေ ကို လုပ်ဆောင်နိုင်ကြတာပါ။

      တကယ်တမ်း ဘယ်လို စိတ်ဓါတ်မျိုး ရှိသူတွေကို ဘယ်သူတွေက မျက်နှာချင်း မဆိုင်ပဲ မျက်နှာလွှဲနေသင့်လဲ ဆိုတာကို

      သေချာစဉ်းစားကြည့်လေ အဖြေပေါ်လေပါပဲ။

      • etone

        July 1, 2011 at 9:23 am

        ဘဲအိုကြီး ဂြိုလ်ကြွနေတယ်လား ။ မနက်က ရေးထားတာ ဘယ်ပျောက်သွားလဲ မသိဘူး … ။ ပြန်ရေးဦးမယ် ။

      • etone

        July 1, 2011 at 9:52 am

        အောင်မလေး သောက်ကျိုးနည်း ဘဲအိုကြီး 77 ရဲ့ … ဆင်သေကို ဆိတ်သားရေ နဲ့ ဖုန်းချင်မနေစမ်းပါနဲ့ … ကဲချင်တုန်းက မီးကုန်ယမ်းကုန်ကဲပြီး အခုမှ ကာဗာလုပ်မနေနဲ့ … ဒီရောဂါဖြစ်ရတဲ့လူအများစုက အပြင်မှာ ရှုပ်လို့ ချည်းပဲ … ။ လေးလုံးရောဂါနဲ့ ဒီရောဂါက ကူးစက်ပုံချင်း ချွတ်စွပ်တူတာမှ မဟုတ်ပဲ ။ ရောဂါသည်မို့လို့ မကြည့်တာ မဟုတ်ဘူး …အိမ်ထောင်ရေးဖောက်ပြန်တဲ့ ကောင်တွေ အများစုက ဒီရောဂါဖြစ်တာမို့ ရွံရှာ စက်ဆုပ်လွန်းလို့ မကြည့်ချင်တာ နားလည်လား ။ ရှင် နောက်ဘဝ မိန်းမဖြစ်တော့မှပဲ ရှင့်ယောကျာ်း ဂနိုဖြစ်တဲ့အခါ သဘောထားကြီးကြီးနဲ့ ဆေးကုပေးလိုက် … ။ ပြောနေတာ က ဖောက်ပြန်တဲ့လူ အများစုဖြစ်တဲ့ ရောဂါအကြောင်း သူက လမ်းကြောင်းလွှဲအောင် AIDS တွေ ၊ ကျော်သူကားတွေ လာလုပ်နေတယ် … ။ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့တဏှာရူး လူမျိုး ကျတော့ ကာဗာပေးချင်တယ် … ပုလင်းတူဗူးစို့မို့ လို့ဖြစ်မယ် ။
        စာရိတ္တပိုင်း ဆိုင်ရာနဲ ့ပါတ်သပ်ပြီး Extremely Proud ဖြစ်တာတွေ တွေ ့ရတယ်တဲ့လား ….. ထင်ချင်သလိုထင် ဂရုမစိုက်ဘူး ။ စာရိတ္တဆိုတာလည်း proud ဖြစ်နိုင်မှ proud ဖြစ်လို့ ရတာ ရှင့်စာရိတ္တရော ကောင်းရဲ့လား ဆိုတာ ကိုယ့်မျက်နှာကိုယ် မှန်ထဲပြည့်ကြည့်ပြီးမှ လာဆွေးနွေး ။ လူတကိုယ် စိတ်တမျိုးပဲ …ကိုယ်နဲ ့မတူ ကိုယ့်ရန်သူလို ့သဘောမထား ပါဘူး … ပို့စ်တိုင်း ဒေါသမထွက်ထွက်အောင် လိုက်ဖွနေတဲ့ ငကြောင်တွေကိုသာ ဂွစာဘုကလန့်လို့ သဘောထားတာ ။
        ကျုပ်ကိုယ်ကျုပ် ဆရာဝန်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး ။ တရေးနိုးပြီး ရူးတူးတူး ပေါတောတောနဲ့ အရက်ကြောင် ကြောင်နေလည်း အေးဆေးနေ ။ ကျုပ်ဘာသာကျုပ် ဘယ်လုပ်ငန်းခွင်မှာပဲ အလုပ်လုပ် နမ်းအော့ဖ် ယွာဘစ်ဇနဒ်ပဲ ရှင်းတယ်နော် ။
        (PS// ဒီတခါ like လုပ်တဲ့လူ ဆယ်ယောက်တောင် မကျော်သေးပါလား … အရင်ပို့စ်တွေမှာ လုပ်နေကြအတိုင်း သိတဲ့လူတိုင်းကို like လုပ်ခိုင်းလိုက်ဦး … ဒါမှ ထုံးစံ အတိုင်း ဆယ်ယောက်ကျော်မှာ ….. like တွေ လုပ်ချင်လည်း လုပ် … အရမ်းတော့ အိုဗာကြီး ဖြစ်မနေစေနဲ့ … ယုတိ္တမရှိလျှင် ငတုံးမဟုတ်တဲ့ စာဖတ်တဲ့လူတွေ ယုံမှာ မဟုတ်ဘူး )

        • nigimi77

          July 2, 2011 at 2:51 am

          ဟော..ဟော.. ပေါ်လာပြီ။ စကား စကား ပြောပါများ စကားထဲက ဇာတိပြသတဲ့…။

          ကိုအောင်ဘု ပြောသလိုပဲ….. ထမိန် အလံ ထူဘလိုက်မယ် ဆိုတာနဲ ့တူတယ်။ 😛

          ဟေ့ ဒီမှာ အီးဒုံး။ ငါ့စာရိတ္တကို သိချင်လား။ ငါဟာ လူလွတ်။ လူ ့သဘာဝ အရ မူမှန်တဲ့ ကာမစိတ်ရှိတယ်။

          ငါလဲ ကာမစိတ်ရှိတယ်။ ဒီတော့ ဝယ်စားတယ်။ သဘောပေါက်လား ? အိမ်ထောင်ရှိသူတွေ

          လူမှုရေးဖောက်ပြန်မှုက ဖောက်ပြန်တဲ့လူရဲ ့ပုဂ္ဂိုလ်ရေး အပိုင်း။ သူ ့ရဲ ့လုပ်ဆောင်မှုကို သူ ့မိသားစုက

          အဆုံးအဖြတ်ပေးလိမ့်မယ်။ လူလွတ်တွေ ဝယ်စားပြီး အခန် ့မသင့်လို ့ မိုင်းထိရင် နင်က ဘာကိုပြောချင်တာလဲ ?

          ကြက်ကြီး လည်လိမ်ထားသလိုပဲ ဆိုတဲ့ စကားကို လက်တွေ ့မြင်ဖူး ချင်ရင် နည်းလမ်းပေးလိုက်မယ်။

          အိမ်ပြန်ရောက်ရင် နင့် ပါပါးကြီးကို မေးကြည့် ။ အဖေရေ လို ့… အဖေဟာ အမေနဲ ့ အိမ်ထောင်ကျပြီးကတဲက

          ဒီ့ပြင် မိန်းမတွေနဲ ့ ဆက်ဆံဖူး သလားလို ့ …။ အိမ်ထောင် မကျ ခင်ကရောလို ့…။

          နင်က မိန်းမကောင်းလို ့ကြွေးကြော်ချင်တယ် ဆိုရင် ဖာခံစားတဲ့ မိန်းမတွေက မိန်းမဆိုးလို ့ ဆိုပြီး

          အဲဒီ ပေတံနဲ ့တိုင်းတာလား ? နင်က ဖာခံ မစားတာနဲ ့ပဲ မိန်းမကောင်း ဖြစ်ရောလား ? နင့်စဉ်းစားစမ်းပါ။

          ဖောက်ပြန်သူတွေကို ကာဗာပေးတယ်လို ့ပြောချင်ရင်…..မသိလို ့မေးပရစေ …ဒီရွာထဲမှာ မျိုးတူရာ အုပ်စုဖွဲ ့ပြီး

          ငါ့လှေငါထိုး ပဲခူးရောက်ရောက် သောက်ဂရုမစိုက်ဘူး ဆိုတဲ့ မာတုဂါမ လူမိုက် ဂိုဏ်းရှိတယ်ဆို အဲဒါ ဟုတ်လား? 😛

          စကား မစပ် …. Like နဲ ့ Dislike အပေါ်မှာ နင်က တော်တော် သံသယ ကြီးပုံရတယ်။

          ခင်ရာဆွေမျိုး တွေက အုံလိုက်ကျင်းလိုက် ဝိုင်းဟောင်ပေးတဲ့ ဂိုဏ်းထဲကို ငါ မဝင်ထားမိတာ တော်တော်နာတာပဲ 😛

          ငါ့ကိုငါ Like ဖို ့နေနေ နင့်ကို တောင် Dislike မလုပ်ထားမိဘူး ။ မေ့နေလိုက်တာ အခု လုပ်လိုက်ပြီနော် ။ 😛

          အော် ..ဒါနဲ ့ ဒီနေ ့က Super Saturday ပဲ…။ အသစ်ကလေးတွေ ရောက်နေတယ်တဲ့ ညကျရင် သွားကဲလိုက်ဦးမယ်။

          ( PS : မူမှန်တဲ့ လူသားတိုင်း ကာမ ဆက်ဆံကြသည်။ ) 😛

        • နွယ်ပင်

          July 2, 2011 at 3:35 am

          nigimi77 ရေ etone နဲ့ ဘယ်လိုများ အငြိုးတွေရှိနေရတာလဲ
          ရေးထားတာတွေက နည်းနည်းများ ရင့်သီးလွန်းနေသလားလို့
          etone နဲ့ ဘယ်လိုမှ ပတ်မူမရှိလဲပဲ မိန်းကလေးတစ်ယောက်အနေနဲ့ nigimi77
          ရေးထားတာတွေကို ဖတ်ရတာ တော်တော်လေး အဆင်မပြေသလိုပါပဲ
          nigimi77 နဲ့ etone နဲ့က အပြင်မှာလဲ တွေဖူးကြတာလဲ ဟုတ်မယ်မထင်ပါဘူး
          ဒါတောင် စာမျက်နာထက်မှာ တစ်ယောက်ကို တစ်ယောက် နစ်နာအောင် ဘာကြောင့်များရေးရေတာပါလဲ nigimi77 ကပဲ အသက်ပိုကြီးလား etone ကပဲ အသက်ပိုကြီးလားမသိပင်မယ့် ရေးထားတာတွေက တော်တော်လေး ရင့်သည်းလွန်းတယ်လို့ ခံစားမိပါတယ် ။ နောက်ရွာထဲမှာက ကလေးတွေကနေ အသက်ကြိးတဲ့ သူအထိပါ
          ဝင်ရောက် အသုံးပြုတာတွေရှိတော့ အရေးအသားလေးကို ဂရုစိုက်ပေးပါလို့ တောင်းဆိုချင်ပါတယ် ကိုယ်ကြိုက်တာ ကိုယ်ရေးခွင့်ရှိပင်မယ့် တစ်ခြား ဝင်ပြီးကွန်မန့်ပေးတဲ့ သူတွေကို လေးစားတဲ့ အနေပေါ့
          လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်

        • bigcat

          July 2, 2011 at 3:39 am

          ွှအီးတုံးကို ဦးကြောင်တခုပြောပြမယ်။ အသိတယောက် ပြောတာကြားဖူးတာ။ ကောင်မလေးတယောက်ရှိတယ်၊ မာနကြီးတယ်၊ လှတယ်၊ မဟုတ်မခံဘူးပေါ့။ သူကိုရိသဲသဲ့လိုက်လုပ်ရင် ပြန်ဆဲထည့်လိုက်တာပဲ။ တနေ့ကြတော့ လူမိုက်တယောက်က လိုက်စကားပြောတယ်။ ရိုးရိုးပြောတာမဟုတ်ဘူးနော်၊ မိုက်မိုက်ရိုင်းရိုင်း ပက်ပက်စက်စက် ပြောတာ။ တမင်လိုက်ချိုးတဲ့ သဘောပေါ့။ မိန်းခလေးနဲ့ ယောက်ျားလေး သာမန်အခြေအနေမှာ ဘယ်သူကပို ရိုင်းရိုင်းစိုင်းစိုင်း ပြိုင်ပြောနိုင်မလဲ။ ကိုယ်က ငါးစိမ်းသည်ဆိုရင် တမျိုးလေ။ ဒီတော့ ရှောင်သင့်တဲ့သူကိုရှောင်၊ ရပ်သင့်တဲ့အချိန်မှ ရပ်နိုင်တာ အကောင်းဆုံးပဲ။

        • ogre

          July 2, 2011 at 3:44 am

          ကို (77) ရေ ကျုပ်လည်းမူမှန်တယ်နော်
          ညနေ ဝင်ခေါ်အုံး ပုတ်သင်ညိုတစ်ကောင် ခါးပိုက်ထဲထည့်ပြီး
          စောင့်နေမယ်။။။။

          မိန်းမကောင်း ဆိုတာ ဘာလဲ ။။။
          ပေါင်နှစ်လုံးကြား လက်ထည့်ပြီး ကွေးကွေးလေးအိပ်တတ်တဲ့ မိန်းခလေး
          ကွန်ပြူတာရှေ့မှာ ခန့်ခန့်ကြီးထိုင်ပြီး ရာထူးတစ်ခုယူထားတဲ့မိန်းခလေး
          မနက် ညနေ ဖယ်ရီ နဲ့အလုပ်သွားတဲမိန်းခလေး
          လစာ(6)သောင်းလောက်ကို (3)သောင်းဘိုးအဝတ်စားဝယ်ပြီး ကျန်တာမှအိမ်ပြန်ပေးတဲ့မိန်းခလေး…တွေလားဗျို့။။။။။
          ညနဲ့ မနက် အိမ်စရိတ်ကို စိတ်တွက်တွက်ပြီး အိမ်ကမိသားစုအတွက်(အရှက်ကိုမငဲ့ပဲ)
          ဖာခံထွက်တဲ့ မိန်းခလေးတွေက….
          ဒါဆို မိန်မဆိုးကြီးတွေပေါ့…..
          သူတိုင်းတဲ့ ပေတံက …အကျိုး ကြီး ဖြစ်မယ်ဗျ….
          ကျွန်တော်ကို ဘီလူးဋီကာ မှာထမီဝတ်ခိုင်းတဲ့ အမကြီးက ခင်များနဲ့လဲမတည့်ဘူးကို
          ကျွန်တော်တို့နှစ်ယောက်ကို သူကြည့်မရရှာဘူး
          သူပြောသလို သာနေရမယ်ဆို ကွန်ဒုံး လုပ်တဲ့စက်ရုံတွေပိတ်
          ကာကွယ်ဆေး ထုတ်တဲ စက်ရုံတွေ ပိတ်ရုံပဲရှိတော့မယ်
          ဂနို လူမမာ တွေကြည့် မရရင် (AIDS) လူမမာ ကူညီစောက်ရှောက်မူ့လုပ်ငန်းတွေဆို
          ဖျက်သိမ်းလိုက်မှကောင်းမယ်ဗျ။။။။
          အပေါ်ယံလောက်ရှပ်ပြီး ပြောကြည့်တာပါ။။။
          နှုတ်ခမ်းမွေးကားကား နဲ ငါးဇင်ရိုင်း ပဲဖြစ်ချင်တယ်။။။ဒါမှ အီးတုန်း ကို။။။

        • etone

          July 2, 2011 at 4:36 am

          Dr. ကျွန်မအားနာပါတယ် ဒီပို့စ်မှာ အကျဉ်းတန်တဲ့စာတွေ ရေးရမှာ … ဒါပေမဲ့လည်း လာလာခွပ်ချင်နေတဲ့ ငနဲက တစခန်းထတော့ မပြောမပြီး မတီးမမြည်ဆိုသလိုပါပဲ ။
          —————-
          ဟဲ့ဘဲအိုကြီး စကားထဲက ဇာတိပြတာတွေ မပြတာတွေ ငါ့ကိုလာမပြောနဲ့ … ငါ့စိတ်ကို ဒေါသမထွက်ထွက်အောင် လာ ဖွနေတဲ့နင်ကရော ပုံမှန်စိတ်ဟုတ်ရဲ့လား သေချာစဉ်းစား ။ ထမိန်အလံထူတာ မထူတာ နင့်အလုပ်မဟုတ်ဘူး ။ နင်လည်း ဝါသနာပါလို့ ထမိန်အလံထူချင်လျှင် ထမိန်ဝတ်ထားလေ ။ နင့်အဖေအောင်ဘုလည်း ဆွဲမထည့်နဲ့ …. ။ စစ်ကူတောင်းမနေနဲ့ … ။ ငါ့မှတ်ဉာဏ်တွေ အကောင်းကြီးရှိသေးတာမို့ နင်တို့သားဖရေးခဲ့တဲ့ … ” မင်းအသုံးမကျလို့ ငါရေးထားတာ နာဇီပါတီလက်သစ်မက ဖျက်သွားပြီ ” ဆိုတာ အခုထိသတိရတုန်းပဲ … ။
          လူလွတ်တွေဝယ်စားပြီး အခန့်မသင့်လို့ မိုင်းထိတာတဲ့လား … နင်က ရိုင်းသာရိုင်းတာ စကားတော့လှည့်ပတ်ပြောတတ်ပုံရတယ် … ။ဝယ်စားတယ်ဆိုတာကလည်း အိမ်တောင်တခု ထူထောင်ဖို့ သတိ္တမရှိ ပဲ ၊ တည်တည်ငြိမ်ငြိမ် သားမယား တာဝန်မယူချင်ပဲ ပိုက်ဆံနဲ့ အရာရာဖြေရှင်းချင်တဲ့ သိမ်ဖျင်းတဲ့စိတ် ၊ သူများ သားသမီးကို ပိုက်ဆံပေးလျှင်ရတာပဲဆိုပြီး အမြတ်ထုတ်ချင်တဲ့စိတ်၊ ကြက်ခန်းသွားပြီး မိန်းမတကာရဲ့ အထိအတွေ့နဲ ့ သာယာနေတဲ့ကောင်တွေမို့လို့ အဲ့ဒီရောဂါဖြစ်တာ ရွံ့စရာ အကောင်းဆုံးပဲ ။ တချို့ ကောင်တွေ ဆိုလည်း လည်လွန်းတဲ့ ဘီး …. ပိုးရှိသွားတော သူများလို့ သတ်သတ်မှတ်မှတ် အိမ်ထောင် မပြုရဲကြလို့ ကြိတ်ပြီးဝယ်စားရရှာတယ် ။ အဆိုးဆုံးက လူလွတ်ဖြစ်ဖြစ် ၊ အ ိမ်ထောင်သည်ဖြစ်ဖြစ် အများတကာနဲ့ လိင်ဆက်ဆံနေတဲ့ မိန်းမတွေဆီ တဏှာရူးပြီးသွားလို့ကတော့ ဂနိုတင်မကဘူး လေးလုံးရောဂါပါ နောက်ဆက်တွဲပါလာနိုင်သေးတယ် … ။
          ငါ့အရင်ပို့စ်တွေမှာကတည်းက သတိထားမိတယ် မကောင်းတာ လုပ်စားတဲ့ မိန်းမတွေကို ထိရင် နင်သိပ်နာတတ်တာပဲ ။ နာတာထက်ကို ဆတ်ဆတ်ခါအောင်ဖြစ်နေတာ ယောကျာ်းကြီးတန်မဲ့ ပန်းပန် ပြီး ထမိန်ဝတ်ထားဖို့ ကောင်းတယ် … ။ ကိုယ့်ဘဝရပ်တည်မှူအတွက် စီးပွားရေးလုပ်တာပါဆိုပြီး ရောဂါဆိုးတွေလိုက်ဝေနေတဲ့ မိန်းမတွေကို ငါက မကောင်းဘူးမပြောလို့ ဘုရားစင်ပေါ်တင်ပြီး ထိုင်ရှိခိုးထားရမှာလား ။ သွားသေလိုက် ။
          ယောကျာ်းတိုင်း ၊ လူလွတ်တိုင်း နင့်လိုမဟုတ်ဘူး ငါတို့ အဖေတွေ ခေတ်တုန်းက နင်တို့လို့ ရွထဖို့ နေရာတွေသွားဖို့ မပြောနဲ့ ဘီယာဆိုင်တောင် ထိုင်ခဲ့ဖူးတာ မဟုတ်ဘူး ။ ဝင်ငွေနဲ့ ထွက်ငွေကာမိအောင် ၊ မိသားစုအတွက် ပိုက်ဆံရှာနေရတဲ့ ယောကျာ်းတွေ နင်လို့ တဏှာစိတ်နဲ့ ပိုက်ဆံဖြုန်းနေနိုင်ကြတာမဟုတ်ဘူး ။ အလကားနေရင်း ငါ့အဖေဆွဲမထည့်နဲ့ … ငါပြန်ပြောရလျှင် မကောင်းဘူးဖြစ်တော့ဘူး ။ ဟွန်း 
          like နဲ ့dislike အပေါ် သံသယကြီးတာ မဟုတ်ဘူး လယ်ပြင်မှာ ဆင်သွားသလို ကွက်ကွက် ကွင်းကွင်း မြင်နေလို့ နင်လုပ်နေတာတွေ ထင်သာမြင်သာ ရှိလွန်းလို့ ကို ထောက်ပြလိုက်တာ အနာပေါ် ဒုတ်ကျတော့လည်း ဘယ်ခံနိုင်ပါမလဲ ။ ယုတိ္တရှိရှိတွေးစမ်းပါ နင့်ရဲ့ယုတ်ကြမ်းတဲ့စာတွေကို နင့်လို -ာသည်ဖောက်သည် နဲ့ -ာသည်မတွေပဲ like လုပ်လိမ့်မယ် ။
          Super Saturday အမှတ်တရနဲ့ ကွန်ဒုံးပေါက်လို့ ကူးစက်ရောဂါ ရမလာပါစေနဲ့ လို့ပဲ ဆုတောင်းပေးလိုက်တယ် ဘဲနာကြီးရေ ။ 😛 😛 😛

  • pan pan

    June 30, 2011 at 9:02 am

    အဲလိုကိစ္စမှမဟုတ်ပါဘူး ဘယ်ဟာမဆို ဘာဝယ်ဝယ် ဈေးကြီးတိုင်း မကောင်းနိုင်ပါလို့…

  • moethidasoe

    June 30, 2011 at 9:06 am

    ဒါကြောင့် ကာလသားရောဂါ ကုထုံးမှာ အိမ်ထောင်ရှိသူ .. သို့မဟုတ် အိမ်ထောင် မပြုသေးတဲ့ living together တွေ ဆိုရင် နှစ်ယောက်စလုံးကို ကုရမယ် .. ဒါမှ ရောဂါပျောက်မှာ .. ဒါမှမဟုတ်ရင် .. ယောက်ျားက မိန်းမ မသိအောင် ကြိတ်ကုပေမယ့် .. မိန်းမမှာ သူ မျိုးစေ့ ချထားတာလေးက အမြဲ ရှင်သန်နေမှာ .. အသိ မပေးပဲ တစ်ယောက်ထဲ ကုရုံနဲ့ မရဘူး

    တစ်ခါတော့ လူနာတစ်ယောက် ကြုံခဲ့ဘူးပါတယ် .. တက္ကစီ သမားပါ .. ရင်းနှီးတော့ ဒီမှာပဲ လာပြပါတယ် .. ဂနိုကျတာပါ ..
    သူ့မိန်းမကိုတော့ ဘာပြောပြီးခေါ်လာသလဲ ဆိုတော့ .. ဆရာမက အသားဖြူအောင် ဆေးထိုးပေးတယ် ဆိုပြီး ခေါ်လာတယ် .. ဆေးခန်းမှာ ကြိုတင် ဇာတ်တိုက် ထားရတာပေါ့ .. သူ့အိမ်ထောင်ရေး မပြိုကွဲချင်လို့ ညာတယ်ပေါ့ .. ဒါပေမယ့် ဆေးကုပေးလိုက်လို့ .. အမြစ်ပြတ်သွားတာ .. ဒါမှလဲ တခြား ကြောက်စရာတွေ ထပ်မဖြစ်မှာ ..
    မိန်းမတွေကတော့ ဘာသိမှာလဲ .. အဖြူဆင်းတယ်လို့ပဲ ထင်နေမှာလေ ..

  • စုံ စုံ

    June 30, 2011 at 9:16 am

    ကိုKai ပြောပုံအရဆိုရင်
    သဘောင်္သားတိုင်းကအဲ့လိုချည်းဘဲလား

    • R Ga

      June 30, 2011 at 12:30 pm

      မဟုတ်ပါဘူး ဒါက သင်္ဘောသားတွေကြားထဲ ရေးပန်းစားခဲ့တဲ့ အဖြစ်ပျက်တစ်ခုလိုလိုပုံပြင်တစ်ခုခု လိုကိစ္စပါ..။ ပုံပြင်ဆိုရင်တော့ ပုံပြင်ရဲ့ ရည်ရွယ်ချက် က အေးအေးဆေးဆေး ရိုးရိုးသားသားနေသူ သင်္ဘောသားတွေကို ထိခိုက်တဲ့ပုံပြင်ပါပဲ။
      ကမ်းကပ်တိုင်း ပေါများတဲ့မိန်းမတွေကို ရှောင်ချင်တယ်။ရောဂါတွေကိုရှောင်ချင်တဲ့ သင်္ဘောသားရဲ့ အဖြစ်ကိုရေးထားတာပါ။ လူတိုင်းတော့မဟုတ်ပါဘူး။

  • naywoonni

    June 30, 2011 at 9:53 am

    အင်း…. ကြားဖူးတာကတော့ ဆပ်ပြာခဲရယ် ရေခဲရယ် ခုပြောနေတဲ့ဟာရယ်…။ ရေဆေးရင်သန့်တယ်လို့ ကြားဖူးမှတ်သားဖူးတာပဲ..။ ဟီးးးးးး

  • R Ga

    June 30, 2011 at 12:34 pm

    ကြေးကြီးကြီး မကြီးကြီး……ပေါက်သင်ညိုကို ဆောင်၊ ဦးထုပ်ဆောင်း ဒါက အကောင်းဆုံးပဲ..။
    ဒီလိုပြောလို့ မိုးရေချိုးပါတယ်ဆိုမှ ခင်ဗျားက မိုးကာဝတ်ချိုးခိုင်းနေတာလားလို့မေးတဲ့လူတွေရှိမယ်။
    ဒီတော့ ပြောစရာ မိုးကာဝတ်ချိုးတော့ မဖျားတော့ဘူးပေါ့ဗျာ..။ မဖျားတော့ မသေနိုင်ဘူးပေါ့ဗျာ..။ဒီတော့
    ကိုယ့်ရော ကိုယ့်(မိသားစု)ပတ်ဝန်းကျင်အတွက်ပါကောင်းတာပေါ့..ဗျာ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2011 at 2:53 pm

    တီဗီထဲမှာကြေငြာတာကတော့
    အိမ်သာတက်ပြီးတိုင်း
    လက်ကို ဆပ်ပြာနဲ့စင်အောင်ဆေးရင်
    သန့်ရှင်းတယ်ဆို!!!!!!!!!!!!!!!!!!!!

  • online.hkk

    June 30, 2011 at 5:22 pm

    ဒီလိုသန့်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက်တွေ လွဲမှားနေတာကြောင့်
    ကြိုတင်မကာကွယ်နိုင်ပဲ ရောဂါကူးစက်ခံရမှုတွေအများအပြားရှိနေပါ
    တယ်အကောင်းဆုံးကတော့ မိမိအိမ်ထောင်ဘက်အပေါ်မှာသစ္စာရှိရှိ
    နေထိုင်တာအကောင်းဆုံးပါပဲ နောက်တချက်ကတော့ မိမိဘက်ကစိတ်
    ချရအောင် ကြိုတင်ကာကွယ်တဲ့နည်းကို ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်
    လုပ်ထားသင့်ပါတယ် ကြိုတင်ကာကွယ်ထားတာက မိမိ အတွက်ဆုံးရှုံးမှု
    မဖြစ်နိုင်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ်မိမိဘဝမှာ စိတ်သန့်သန့်ဖြတ်သန်းပြီး
    မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်တယ်ဆိုရင် ခိုင်မြဲတဲ့သစ္စာတရား
    ရှိရပါမယ်

  • moethidasoe

    July 1, 2011 at 11:17 am

    ဒါကြောင့် အေအိုင်ဒီအက်စ် အပါအဝင် ကာလသားရောဂါတွေကို ရှောင်ကြဉ်ဖို့ အတွက် ဆောင်ပုဒ် ရှိတယ်လေ ..
    A = Abstain ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူး ဆိုတဲ့ ရှောင်ကြဉ်ခြင်း
    လိင်ကိစ္စကို ရှောင်လွဲလို့မရရင် အိမ်ထောင်ပြုတဲ့အခါ
    B = Be faithful Both တစ်လင်တစ်မယား စနစ်နဲ့ အပြန်အလှန် သစ္စာရှိခြင်း ဆိုတာရှိလာပါမယ်
    လိင်ကိစ္စကို ရှောင်လွဲလို့လဲ မရ .. အိမ်ထောင်လဲ မပြုချင်ရင် (သို့မဟုတ်) အိမ်ထောင်လဲ ရှိတယ် .. အိမ်ကွင်းနဲ့ မတင်းတိမ်နိုင်လောက်အောင် စိတ် ကြီးရင်တော့
    C = Condom use consistently ကွန်ဒုံးကို အခါခပ်သိမ်း စနစ်တကျ သုံးစွဲသွားဖို့
    ဆိုတာရှိတယ် ..
    အဲဒါမှ ကာလသားရောဂါဘေး ကင်းဝေးမှာ
    လူ့ စိတ်ဆိုတာ ထိန်းချုပ်ရ ခက်ခဲတဲ့အတွက် ရောဂါဖြစ်လာတဲ့လူကိုတော့ ဘာမှ မပြစ် မတင်ချင်တော့ပါဘူး .. ကာမဘုံသားရယ်လို့ သတ်မှတ်ထားပြီးပြီပဲ ..
    အဲဒီ ABC ကို မလိုက်နာရင်
    D = Disease ရောဂါ ရလာတဲ့ အဆင့်ရောက်လာပါမယ်
    အေအိုင်ဒီအက်စ်အတွက် ဆိုရင်တော့ နောက်ဆက်တွဲ
    E = Expired သေမယ်ပေါ့နော်

  • MaMa

    July 1, 2011 at 12:22 pm

    ရွာထဲမှာ ပညာပေးတာ ကျေးဇူးတင်ပါတယ် ဒေါက်မိုး ရယ်။ (ဒေါက်ထွေးကို အားကျပြီး ရေးတာနော်။ မကြိုက်ရင်တော့ sorry ပါ။) ရွာထဲမှာနေရင်း သွားရင်း လာရင်း ဗဟုသုတရတာပေ့ါ။

  • nigimi77

    July 2, 2011 at 3:54 am

    နွယ်ပင်ရေ။ ကောင်းကောင်းပြောတဲ့လူကို ကောင်းကောင်းတုန် ့ပြန်ပါမယ်။

    ဝန်ခံပါတယ်။ ရင့်သီးရုံတင် မကပါဘူး။ ရိုင်းတဲ့ အဆင့်မှာပါနေပါတယ်။

    ဒီရွာထဲမှာ မိမိပြုသောကံ မိမိထံ ပြန်လာမည် ဆိုတာ ကြားဖူးမယ် ထင်တယ်။

    သင်ကောင်းလျင် ကျွန်ုပ် မဆိုးပါ လို ့ပဲ ပြောပါရစေ။

    Comment တွေကို အစအဆုံး ဖတ်ပြီးမှ ဝေဖန်ပါလို ့ အကြံပေးချင်ပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 2, 2011 at 9:58 am

      ကျုပ်က
      ခင်ဗျားနဲ့ အဲ့သည် ဒေါက်တာ အီးဒုံးဂို
      စိတ်ကူးယဉ်ပြီး မင်္ဂလာဆောင်ပေးကြည့်နေတာ
      အင်းအင်းအင်း……( နှုတ်ခမ်းမွှေးကို ပွတ်၍ ပွတ်၍ စဉ်းစားနေသည် )

    • etone

      July 4, 2011 at 4:48 am

      Comment တွေကို အစအဆုံး ဖတ်ပြီးမှ ဝေဖန်ပါလို ့ ပြောချင်ရင် အရင့် အရင် ပို့စ်တွေ ပြန်ဖတ်ရလိမ့်မယ် နွယ်ပင်ရေ ။ ပြသနာတတ်နေရမှ နေသာ ထိုင်သာရှိတဲ့လူ … သူနဲ့ ငြိခဲ့တဲ့လူတွေ အများကြီးပဲ … ရွာထဲ စဝင်ဝင်ချင်း ရိုင်းလွန်းလို ့… ကော့မန့် တခုမှာ သဂျီးကတောင် ရွာထဲ အဝင်ကြမ်းတယ်လို့ မှတ်ချက်ပေးခဲ့ဖူးတယ် … ။ ကိုယ်ကိုယ်က မိုက်မဲတာပါဟယ် …အချိန်ကုန်ခံပြီး ပြန်ပြောနေမိလို့ … တဏှာရူးတွေ ကြည့်မရဘူးဆိုကတည်းက အဖက်လုပ်ပြီး ပြန်မပြောသင့်တော့ဘူးလေ ။

  • nigimi77

    July 2, 2011 at 12:44 pm

    ဝယ်စားတယ်ဆိုတာကလည်း အိမ်တောင်တခု ထူထောင်ဖို့ သတိ္တမရှိ ပဲ ၊ တည်တည်ငြိမ်ငြိမ် သားမယား တာဝန်မယူချင်ပဲ ပိုက်ဆံနဲ့ အရာရာဖြေရှင်းချင်တဲ့ သိမ်ဖျင်းတဲ့စိတ် ၊ သူများ သားသမီးကို ပိုက်ဆံပေးလျှင်ရတာပဲဆိုပြီး အမြတ်ထုတ်ချင်တဲ့စိတ်၊ ကြက်ခန်းသွားပြီး မိန်းမတကာရဲ့ အထိအတွေ့နဲ ့ သာယာနေတဲ့ကောင်တွေမို့လို့ အဲ့ဒီရောဂါဖြစ်တာ ရွံ့စရာ အကောင်းဆုံးပဲ ။ တချို့ ကောင်တွေ ဆိုလည်း လည်လွန်းတဲ့ ဘီး …. ပိုးရှိသွားတော သူများလို့ သတ်သတ်မှတ်မှတ် အိမ်ထောင် မပြုရဲကြလို့ ကြိတ်ပြီးဝယ်စားရရှာတယ် ။ အဆိုးဆုံးက လူလွတ်ဖြစ်ဖြစ် ၊ အ ိမ်ထောင်သည်ဖြစ်ဖြစ် အများတကာနဲ့ လိင်ဆက်ဆံနေတဲ့ မိန်းမတွေဆီ တဏှာရူးပြီးသွားလို့ကတော့ ဂနိုတင်မကဘူး လေးလုံးရောဂါပါ နောက်ဆက်တွဲပါလာနိုင်သေးတယ် … ။
    =================================================
    ဘယ့်နှာလုပ်ကြမလဲ ပုရိသ အပေါင်းတို ့ 😛

    =================================================
    ယောကျာ်းတိုင်း ၊ လူလွတ်တိုင်း နင့်လိုမဟုတ်ဘူး ငါတို့ အဖေတွေ ခေတ်တုန်းက နင်တို့လို့ ရွထဖို့ နေရာတွေသွားဖို့ မပြောနဲ့ ဘီယာဆိုင်တောင် ထိုင်ခဲ့ဖူးတာ မဟုတ်ဘူး ။ ဝင်ငွေနဲ့ ထွက်ငွေကာမိအောင် ၊ မိသားစုအတွက် ပိုက်ဆံရှာနေရတဲ့ ယောကျာ်းတွေ နင်လို့ တဏှာစိတ်နဲ့ ပိုက်ဆံဖြုန်းနေနိုင်ကြတာမဟုတ်ဘူး ။ အလကားနေရင်း ငါ့အဖေဆွဲမထည့်နဲ့
    =================================================
    ဟဲ..ဟဲ..ဟဲ ချီးစားပြောရင်တောင် ချီးကြိုက်လို ့ စားတယ်ပြော။
    =================================================
    like နဲ ့dislike အပေါ် သံသယကြီးတာ မဟုတ်ဘူး လယ်ပြင်မှာ ဆင်သွားသလို ကွက်ကွက် ကွင်းကွင်း မြင်နေလို့ နင်လုပ်နေတာတွေ ထင်သာမြင်သာ ရှိလွန်းလို့ ကို ထောက်ပြလိုက်တာ အနာပေါ် ဒုတ်ကျတော့လည်း ဘယ်ခံနိုင်ပါမလဲ ။ ယုတိ္တရှိရှိတွေးစမ်းပါ နင့်ရဲ့ယုတ်ကြမ်းတဲ့စာတွေကို နင့်လို -ာသည်ဖောက်သည် နဲ့ -ာသည်မတွေပဲ like လုပ်လိမ့်မယ် ။
    =================================================
    ရွာသူရွာသားတွေ ကျုပ်ကို Like လုပ်ရင် သတိထားလုပ်ကြနော် ။ တော်ကြာ နေရင်ထိုင်ရင်း

    ဖာသည် ဖောက်သည်နဲ ့ ဖာသည်မတွေ ဖြစ်ကုန်လိမ့်မယ်။ စေတနာနဲ ့ သတိပေးတာပါ ။ 🙂
    =================================================

  • Yan Shin

    July 2, 2011 at 3:42 pm

    ကျွန်တော်က ဒီရွာထဲကို ဝင်လာတဲ့ လူသစ်ပါ။
    ရွာကလေး သာယာပုံ အခွင့်အလမ်းတွေရှိပုံ သတင်းကြားနဲ့ ဝင်လည်ပြီး နေထိုင်ဘို့ စိတ်ကူးများနဲ့ပါ။
    သူကြီးရှိတယ်လဲကြားပါတယ်။
    ရာအိမ်မှုး ဆယ်အိမ်မှုးနဲ့ ရွာကြက်သရေအပြည့်နဲ့ထင်ထားပါတယ်။

    ဗျိုး….. သူကြီး ဘယ်ရောက်နေလဲဗျ။

  • windtalker

    July 3, 2011 at 7:27 am

    ကိုnigimi77 ရဲ ့သဘောထား လေး ကို တော့ ကြိုက်မိတယ်ဗျာ ။ မအီးတုံး ရဲ ့ဆေးခန်း ကို တော့ ဘာရောဂါ ဖြစ်ဖြစ် သွားမပြတာ ကောင်းမယ်ထင်တယ် ။ သူ က ဘုကြည့် ဂျို ရှိုး ရှိုးနေမှာ ဆိုတော့က

    • etone

      July 4, 2011 at 4:33 am

      မိဘတွေ အပြင်း အထန် ၊ အတန်တန်တားနေတဲ့ ကြားက ၊ ငါတို ့ ယုံကြည်ချက် ခံယူချက်တွေ အတိုင်း ဆေးခန်းကို အတော်လေးချောင်ကျတဲ့ နေရာမှာ အခြေခံ လူတန်းစားတွေ အတွက် ဆေးဖိုးလောက်သာ ယူပြီးဖွင့်ထားတာ … တစ်နေ့ တစ်နေ့ ထမင်းဖိုးတောင် အခက်ခဲဖြစ်နေတဲ့ လူတွေကြားမှာ ၊ တဏှာထဖို့ ကျတော့ မိသားစု စားစရိတ်သုံးပစ် … ဗဟုသုတမရှိတော့ အကာကွယ်တွေ ၊ ကူးစက်ပုံတွေ နားမလည်ပဲ… ကူးတော့မှ ဟိုပြေးဒီပြေး …. ။ ဒီလို လူတွေကိုတော့ ဘယ်လိုမှ စိတ်ကောင်းမထား နိုင်တာ အမှန်ပဲ ။ ငါကြည့်မရလို့ မျက်နှာလွှဲထားပေမဲ့ … ဆေးခန်းကလူတွေ ဒင်းကို သူများနည်းတူပဲ တန်းတူ ကုသပေးလိုက်ကြပါတယ် ။

      • AKKO

        July 4, 2011 at 8:43 am

        ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ ပါဘူး ။ ယုံကြည်ချက် ၊ ခံယူချက်ဆိုတာ လူတိုင်းမှာရှိတတ်ပေမဲ့ … တကယ်လက်တွေ့ အကောင်ထည်ဖော်ဖို့ရာတော့ … စိတ်ဓါတ်ပြင်းထန်တဲ့လူတွေပဲ လုပ်နိုင်တာပါ … ။ ခံယူချက်အတိုင်း စွဲမြဲစွာ ဆောင်ရွက်နိုင်ပါစေကွာ။

      • Foreign Resident

        July 4, 2011 at 9:44 am

        Dear E-tone,
        “တစ်နေ့ တစ်နေ့ ထမင်းဖိုးတောင် အခက်ခဲဖြစ်နေတဲ့ လူတွေကြားမှာ ၊ တဏှာထဖို့ ကျတော့ မိသားစု စားစရိတ်သုံးပစ် — ဒီလို လူတွေကိုတော့ ဘယ်လိုမှ စိတ်ကောင်းမထား နိုင်တာ အမှန်ပဲ”
        In this situation, he can be considered “not fair to his family”,
        even that, family affair cannot be justify by outsider (A Pyin Luu).
        They may have their own problems (A Twin Yay).

        On the other hand, if he is a bachelor ( Lu Phyo )
        then, it might be better not to blame this “Lu Phyo”.
        Would you mind if I advice you something, E-tone ?
        Please, may I advice you to learn about “What is biological calling”
        Some doctors may explain you.
        Sex is not a dirty thing, this is barely a normal biological calling.

        • etone

          July 8, 2011 at 4:52 pm

          Foreign Resident ရေ … မိန်းမအမျာစုက ဒီကိစ္စကို မုန်းကြတာမို့လို့ လက်မခံနိုင်တာပါ ။
          တစ်ခုခုကိုပြောလိုက်လျှင် ငါရော ဆိုတဲ့ စိတ်မျိုနဲ့ ပြန်တိုက်တတ်လို့ ….. နားလည်ပေးလိုက်ပါကွာ။

  • surf

    July 3, 2011 at 9:35 pm

    သင်​ကောင်းလျှင် ကျွန်ု​ပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်​ထက်​ပိုဆိုးလျှင် ဆိုးမည်။

  • kai

    July 3, 2011 at 10:00 pm

    ယူအက်စ်က.. ပရောဖက်ရှင်နယ်တို့ရဲ့ တိုင်းပြည်ခေါ်ကြပါတယ်..။
    သဘောက…
    ပရောဖက်ရှင်နယ်ဟာ… ပရိုတွေလိုပဲ… လုပ်ကြရတာပါ…။
    အဲဒီအတွက်…လိုင်စင်စာမေးပွဲတွေဖြေကြရတာပေါ့….။

    ပုရွတ်ဆိတ်၊ ယင်ကောင်… သတ်တဲ့အလုပ်တွေတောင်.. လိုင်စင်လိုတယ်..။
    ငါးမျှားတာ..ငှက်ပစ်တာ လိုင်စင်လိုတယ်..။
    အဲဒီလိုင်စင်စာမေးပွဲက… ဘယ်အချိန်ဘာမလုပ်ရ… ဘာတွေဘယ်လိုလုပ်ရမယ်.. သင်ပေးတာပေါ့..။

    ဆိုတော့…
    ဆရာဝန်ရော..။ ဆေးခန်းထိန်းသိမ်းအုပ်ချုပ်တာရော..။ နပ်စ်ရော.. ပရိုအလုပ်တွေပါ…။
    ပရိုအလုပ်တွေကို… (လိုင်စင်စာမေးပွဲမရှိရင်တောင်) ပရိုတွေလို.. (ဂုဏ်ယူစွာနဲ့)ကျင့်ကြံလုပ်ကြစေချင်ပါကြောင်း….။

  • char too lan

    July 4, 2011 at 6:19 am

    haha 😀
    ကျနော်ကခေါင်းစဉ်ပဲကြည့်ကြည့်ပီး လမ်းဘေးဈေးသယ်ရောင်းတဲ့မုန့်နဲ့ ဆိုင်ကြီးကြီးမှာရောင်းတဲ့မုန့်တွေအကြောင်း ထင်နေတာ 😛

  • naywoonni

    July 8, 2011 at 8:25 pm

    ဒီလို ရောဂါတွေနဲ့ ပတ်သက်လို့ပေါ့…လေ… ကျွန်တောင်္လည်း သိသလောက် ဝင်ပြီးလျှာရှည်ကြည့်တာပါ..။
    ဂနိုရီးယားနဲ့ ရှန်ကာ ပေါ့လေ..။ ဂနိုဆိုတာက ဖြူပြစ်ပြစ် ပြည်ရည်လို မျိုးထွက်တာ…။ အဲဒိရောဂါ ဖြစ်လာပြီဆိုရင် အဝတ်အစား အနေအထိုင်ဂရု စိုက်ရပါတယ်..။ ကိုယ့်နေရာမှာအတူနေတဲ့သူတွေကို အသိပေးရပါတယ်..။ ဘာလို့လဲဆိုတော့ ဘာမှမဆိုင်တဲ့သူတွေကို ကူးစက်တတ်လို့ပါ..။ အဝတ်အစားအတူတူ ဝတ်တဲ့သူတွေဆိုရင် ပိုပြီး အကူးစက်ခံရပါတယ်…။ အဲ ရှန်ကာဆိုတာက အသားပေါ်မှာ ကြယ်သီး ဖုလို ပေါက်တဲ့ အနာပါ..။ သူလည်း အရည်ကြည်ထွက်တတ်ပါတယ်..။ အဲဒိအရည်နဲ့ ဟို ဟာ ဗျာ အဲဒါ ထိရင် ကူးတတ်ပါသေးတယ်…။ တစ်ခ်တစ်လေ… ဘာမှမလုပ်ရဘဲ ဘာမှလည်း မဆိုင်ပဲ ကူးစက်တတ်ကြောင်းပါ…။ အဲဒိတော့ ရောဂါဖြစ်တိုင်း ဒီကိစ္စ လိုက်စားတယ်လို့ မဆိုနိုင်ကြောင်းပါ… ။ ရွာထဲက လူတွေ အပြင်စာဖတ် အရမ်းနည်းနေကြောင်း ပေးလာတဲ့ ကွန်မန်းတွေကြည့်ကြည့် ပြီး အားမလိုအားမရ ဖြစ်နေလို့ ဒီလိုရေးလိုက်မိကြောင်းပါ…။

Leave a Reply