ကျွန်ုပ်တို့ တကယ်ချစ်နေတာဘာလဲ (အဆုံးပိုင်း) အများအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်စေသောပညာ
– မိမိစိတ်ခံစားချက်-ဝေဒနာ များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသောအမူအကျင့် ကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ (သို့) ထိုအမူအကျင့်ကို စွန့်လွှတ်တတ်သည့် အတတ်ပညာကို ကောင်းမွန်စွာ သိနားလည်တတ်ကျွမ်းမှသာ
အများကောင်းကျိုး လောကအကျိုးကို မှန်ကန်ထိရောက်စွာ စွမ်းဆောင်နိုင်ပေမည်။
– မိမိစိတ်ခံစားချက်-ဝေဒနာ များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်ခြင်းအတတ်ပညာ (သို့) ဝိပဿနာဘာဝနာမယပညာဟူသည် – ဘဝ တွင်
သိနားလည်ဖို့ရန် အရေးကြီးဆုံးဖြစ်လေသည်။
ဝိပဿနာဘာဝနာမယပညာဉာဏ် (သို့) မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ကပဲ …မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသော အမူအကျင့် ကို ပျောက်ပျက်သွားစေရန် စွမ်းဆောင်ပါလိမ့်မည်။ (သို့) အတ္တကို ရှေ့တန်းတင်မှု အတ္တအယူ-သက္ကာယဒိဋ္ဌိကို ပြုတ်ထွက်သွားအောင် ကျေးဇူးပြုပေလိမ့်မည်။
မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား (သို့)အတ္တကို ရှေ့တန်းတင်မှု ကို စွန့်လွှတ်နိုင်သည့် အတတ်ပညာ (သို့) အများအကျိုးကို တကယ် ဆောင်ရွက်နိုင်စေမည့် စွမ်းအားများကို ဖြစ်စေသော ဝိပဿနာဘာဝနာမယပညာဟူသည် –
အဆိုးများကို ပယ်ကာ အကောင်းများကို ငြိတွယ်လျှက် သိမ်းပိုက်ဖို့ ရယူဖို့ ဖန်တီးကြိုးစားခြင်းမျိုးမဟုတ်ဘဲ။
အကောင်းပဲ ၊ အဆိုးပဲ ၊ လိုချင်စရာပဲ ဒေါသဖြစ်စရာပဲ၊ ငါ့အတွက်ပဲ၊ သူ့အတွက်ပဲ၊ ပူတာပဲ၊ အေးတာပဲ စသည်ဖြင့် သတ်မှတ်ချက်များ ဟူသည် တကယ်တော့ စိတ်၏ အသက်သွင်း ပုံဖော် ဖန်တီးထားမှု ဟု ယုံကြည်လက်ခံရပေမည်။
(မှတ်ချက်။ သတ်မှတ်ချက်များ(သို့) ဆန့်ကျင်ဘက်သဘာဝများဟူသည် စိတ်၏ အသက်သွင်း ပုံဖော် ဖန်တီးထားမှု သက်သက်သာဖြစ်ကြောင်း အသေးစိတ် သိရှိရန် နောက်ပိုင်းပိုစ်များတွင် ဆက်လက်တင်ပြသွားပါမည်။ http://www.mediafire.com/?ke9757vm2pe99z7)
ထိုကဲ့သို့ စိတ်ထဲမှ ဆန့်ကျင်ဘက်သဘာဝတွေပဲ၊ အကောင်းပဲ-အဆိုးပဲ၊ လိုချင်စရာပဲ-ဒေါသဖြစ်စရာပဲ စသည်ဖြင့် အသက်သွင်း ပုံဖော် ဖန်တီးမှု သည်လည်း တကယ်တော့ ဖြစ်ပြီး ပျက်သွားသဖြင့် အတည်ယူလို့မရ ဆုပ်ကိုင်လို့မရ ဟူသောအမှန်တရားကို နားလည်သဘောပေါက်လျှက် တတ်နိုင်သမျှ သတိရ-သတိထားနေရပေမည်။
တနည်းအားဖြင့် –
၁) ပူမှု-အေးမှု၊ နာမှု-မနာမှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ စိတ်ပျံလွင့်မှု-စိတ်မပျံလွင့်မှု၊ စိတ်ချမ်းသာမှု-စိတ်ဆင်းရဲမှု၊ မကျေနပ်မှု-ကျေနပ်အားရမှု၊ ဝန်တိုမှု-ရက်ရောမှု စသည့် ပြောင်းလဲနေသော စိတ်ခံစားချက်များ သတ်မှတ်ချက်များကို အဓိကထားနေမှု သတိထားနေမှု” အစား ………..
……ထိုစိတ်ခံစားချက် (သို့) သတ်မှတ်ချက်တွေ၏အမှန်တရားဖြစ်သည့် (((အတည်ယူ-ဆုပ်ကိုင်ရမှာမဟုတ်ခြင်း ဟူသောအမှန်တရား))) ကို မမေ့ရန် သတိထားနေရန် ဖြစ်လေသည် ။
၂) မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ ကိုယ်ကျိုးရှာလိုစိတ်၊ အပြစ်တင်လိုစိတ်၊ မနာလိုစိတ်၊ ပူပန်စိတ်၊ သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်တွ စသည်ဖြင့် အမျိုးမျိုးသော စိတ်ခံစားချက်များ ကို အဟုတ်ထင်- အတည်ယူကာ အဓိကထား သတိထားနေမှု” အစား………
…..ထို စိတ်များ၏ အမှန်တရားဖြစ်သည့် စိတ်ခံစားချက် ဟူသမျှသည် ဖြစ်ပြီး ပျက်သွားသဖြင့် အတည်ယူလို့မရခြင်း၊ ဆုပ်ကိုင်ထားလို့မရခြင်း၊ တွေ့ကြုံရုံသက်သက်၊ အသုံးချရုံသက်သက် သာဖြစ်ခြင်း ဟူသော အမှန်တရားကို သာ မမေ့ခြင်း အဓိကထားနေခြင်း သတိရနေခြင်း…..ဖြစ်လေသည်။
၃) ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ အပေါ် အတည်ယူ အဟုတ်ထင်လျှက် ဖြစ်ပြန်ပြီ – ပျက်ပြန်ပြီ ဟု
“ဖြစ်ပျက်သမျှအပေါ် အဟုတ်ထင် အဓိကထား-သတိထားနေမှု” …. အစား……..
….. ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ ကို …. အဟုတ်ထင် – တကယ်ထင်ကာ၊ အဓိကထားနေအောင် ဦးစားပေးနေအောင် ( စိတ်၏ )ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်နေမှု (အဝိဇ္ဇာ – သင်္ခါရ) ပဲ တကယ် ဖြစ်နေသည်ဟု လက်ခံယုံကြည် နှလုံးသွင်းရန် ဖြစ်လေသည်။
နောက်ပိုင်းအလေ့အကျင့်ရလာသောအခါတွင် ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ ကို အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်အောင် (စိတ်၏) အသက်သွင်း ပုံဖော် ဖန်တီးနေမှု ကို ရပ်တန့်ပစ်ရပေမည်။
၄) မိမိနားလည်သော ဝေဒနာတွေ၊ စိတ်ခံစားချက်တွေ ကို အတည်ယူ အဟုတ်ထင် အဓိကထား သတိထား နေမှု အစား…….
ဝေဒနာတွေ၊ စိတ်ခံစားချက်တွေ ဟူသမျှသည် (((အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်စရာမဟုတ် …..တွေ့ကြုံဖို့သက်သက်သာ အသုံးချရုံသက်သက် အသုံးချဖို့သာ ဖြစ်သည် ဟူသောအမှန်တရား))) ကို အဓိကထား သတိထား သတိရ မမေ့ခြင်းသည်ပင်လျှင် …….
– မှန်ကန်သော သတိ၊
– မှန်ကန်သော နှလုံးသွင်းမှု၊
– မှန်ကန်သော အားထုတ်မှု၊
– မှန်ကန်သော အမြင်သဘောထား၊
– မှန်ကန်သောနားလည်မှု ဖြစ်ပေသည်။
တနည်းအားဖြင့် အတ္တကို ရှေ့တန်းတင်မှု (သက္ကာယဒိဌိ) ကို စွန့်လွှတ်နိုင်သည့် အတတ်ပညာဖြစ်လေသည်။
ထိုအတတ်ပညာကို ကောင်းမွန်စွာ မှန်ကန်စွာ တတ်ကျွမ်းအောင် လေ့ကျင့်နိုင်သွားပါက မိမိ စိတ်ခံစားချက် အကောင်းအဆိုးတို့ အပေါ် အဓိကထား ဦးစားပေးနေမှု အတည်ယူ ဆုပ်ကိုင်နေမှု ငြိတွယ်နေမှု တို့ကို မှန်ကန်စွာ စွန့်လွှတ်သွားနိုင်ပေမည်။
ထိုကဲ့သို့ မှန်ကန်သော နားလည်မှုအစစ်၊ မှန်ကန်သောသဘောထားများ ဖြစ်ပေါ်လာလျှက် ….. မိမိ စိတ်ခံစားချက် ဝေဒနာများအပေါ် ဦးစားမပေး၊ အဓိက မထားပဲ နေနိုင်သော စွမ်းရည်သတ္တိကြောင့်- အများအကျိုး၊ လောက-ကောင်းကျိုးအတွက် ကို ဘာသာ-လူမျိုးမခွဲခြားပဲ၊ နေရာ-ဒေသ အချိန်မရွေးပဲ .အခြေအနေမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ….ဆောက်ရွက်နိုင်သော စွမ်းရည်သတ္တိများဖြစ်ပေါ်ကာ အများအကျိုးကို ဆောင်ရွက်နိုင်သည် ဆိုသည်ကို အပြောမဟုတ် လက်တွေ့ ကျင့်သုံးသူများသာ သိနားလည်နိုင်ကြပေသည်။
3 comments
forever
August 3, 2011 at 10:02 am
အများအကျိုး လောကကောင်းကျိုး အတွက် လူမျိုးဘာသာမရွေး
နေရာဒေသအချိန်ကာလမရွေး အောင်မြင်အောင် ဆောင်ရွက်နိင်ရန်မှာ
လွယ်ကူသောကိစ္စ မဟုတ်ပါ
ပါရမီရှင်များသာ ဆုကြီးပန်များသာ တတ်စွမ်းသောအရာ
ဖြစ်ကြောင်း
True Answer
November 2, 2011 at 8:11 am
ကို forever ခင်ဗျား –
ပါရမီရှင် ဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့ ဘယ်လို အတိုင်းအတာနဲ့ သတ်မှတ်မှာပါလဲ။
စွန်းလွန်းဆရာတော်ကြီးကတော့ ပါရမီဆိုတာ…
အတိတ်က ၁% ရှိခဲ့ရင် အခု ၉၉% နှုန်းဖြစ်အောင်လုပ်လိုက်ရုံပါပဲတဲ့။
အတိတ်က ၉၉%ရှိခဲ့ပြီး အခု ၁% မှ မကြိုးစားမိရင်တော့ အချည်းနှီးဖြစ်တော့မှာပါတဲ့။
ကျွန်တော်တို့ အတိတ်က ဘယ်လောက်ရာခိုင်နှုန်း ရှိခဲ့တယ်ဆိုတာ ဘယ်လို တိုင်းတာမှာပါလဲ။
ကျွန်တော့် အမြင် အတိတ်က ဝ% ဖြစ်ခဲ့ရင်တောင် အခုလက်ရှိမှာ တတ်နိုင်သလောက် ၁၀၀% လုံလဝီရိယအပြည့်နဲ့ slow & steady ဖြည်းဖြည်းချင်းလုပ်ဆောင်သွားရုံပါပဲ။
ကြောင်ကြီး
November 2, 2011 at 10:11 am
ကျနော်ကတော့ ဆရာကြီးရွှေဥဒေါင်း ပြောတာကိုလက်ခံတယ်။ လောကီချမ်းသာထက် ပိုချမ်းသာတာ ရှိသေးတယ်မှတ်ရင်၊ ပိုတိတိကျကျပြောရရင် ၃၁ဘုံချမ်းသာထက် ပိုချမ်းသာတဲ့ လောကုတ္တရာချမ်းသာကို လက်ခံရကောင်းမှန်း သိသူတိုင်းဟာ ဒီခေတ်ကြီးမှာ ပါရမီရှင်များ ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလို့ အချိန်ကာလပြ ပြောရခြင်းဟာ ဝိပဿနာအကျင့်များ ထွန်းကားချိန်မိုလို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘိုးဘွားဘီဘင်အများစု ဗုဒ္ဓဘာသာဝင်ဖြစ်ပေမဲ့ ဒါန၊ သီလ၊ သမထ များနဲ့သာ ဆုံခဲ့ပြီး တရားတော်နဲ့ လွဲခဲ့ရတယ်။ အတိတ်ပါရမီ နည်းခဲ့လို့ပါ။ အခုခေတ် ဝိမုတ္တိ အနတ္တသာသနာ တပတ်ပြန်လည်ချိန်ကြပြန်တော့ ပါရမီမပါသူများ (ဥပမာ – သဂျီး) ကြုံလို့ကြုံမှန်းမသိတဲ့အပြင် ပြစ်မှားကြသေးတယ်။ ကုသိုလ်ပေးတာတောင် အကုသိုလ်လုပ်ယူကြတာ သူတို့အကုသိုလ် အထုံဘယ်လောက်ကြီးသလဲဆိုတာ အတိတ်ပါရမီဆိုတဲ့ ဝေါဟာရနဲ့ ဆက်စပ်မြင်နိုင်ပါတယ်။