ဘယ်တတ်နိုင်ပါ့မလဲလေ ….။။
ဘယ်တတ်နိုင်ပါ့မလဲ ….။။
မနက် ၆ နာရီ ၅မိနစ် ကမန်းကတန်းလူးလဲ ထလိုက်ရတယ် တော်ပါသေးတယ် ဗီဗာဟိန်းကယ်လို့
အလုပ်နောက်ကျတော့မလို့ ငါးမိနစ်မြန်ထားတဲ့ တိုင်ကပ်နာရီကိုလှမ်းကြည့်ပြီး အခုမှ ၆ နာရီထိုးတာပါကွာလို့ စိတ်ထဲက
ပြန်ပြောနေမိတယ် .. နိုးလာတဲ့အကြောင်းကတော့ ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံက အဆိုတော် ဗီဗာဟိန်းရဲ့ နတ်ကနားပေးတဲ့အိမ်
ဆိုတဲ့သီချင်းကိုကျယ်လောင်စွာထဖွင့်လိုက်လို့ပါပဲ…အိမ်ရှေခန်းမှာတော့ အဖေလုပ်သူက ပဌာန်း တရားခွေ သံကိုကြားနေရတယ်
ခုတင်ခြေရင်းရောက်နေတဲ့ခေါင်အုံးကိုခြေထောက်နဲ့ချိတ်ကောက်ယူပြီး ခေါင်းရင်းပြန်တင်လိုက်တယ်လည်ပင်းမှာစွပ်နေတဲ့
ပုဆိုးကို အောက်ကိုဆွဲချလိုက်တယ် စောင်နှစ်ထည်ကို စုပြီး အလုံးကြီးလုပ်ကာ ခေါင်းရင်းမှာထပ်ပုံ လိုက်တယ် ခြင်ထောင်ကို
တွေကရာ အစကနေကိုင်ပြီးအပေါ်ကိုအကုန်ပစ်တင်ကာ မွှေ့ယာခင်းကိုလဲ ခုနကစောင်းလုံးကြီးပေါ်ခေါက်တင်လိုက်တော့
စောင်လုံးကြီး အဖြစ်လုပ်ထားတဲ့ ဖရိုဖရဲအပုံကြီး ပျောက်သွားတော့တယ် ဒါကအိမ်ယာသိမ်းနည်းအသစ်ပဲ….။။
အိပ်ရှေ့ဘက်ထွက်လာလိုက်တယ် တန်းပေါ်မှာတင်ထားတဲ့ ရေဝတ်ချိုးတဲ့ ဘောင်းဘီတိုလေး ကောက်စွပ်လိုက်ပြီ သွားတိုက် တံတွေ
ထည့်ထားတဲ့ ခြင်းလေးရှိရာသွားကြည့်လိုက်တော့ သွားပွတ်တံအဟောင်းတွေလွှင်မပစ်ပဲ သိမ်းထား အသစ်ဝယ်တော့လည်း
ဒီအရောင်တူတွေချည်ပဲ အဟောင်းအသစ် ခွဲမရအောင်ဖြစ်နေသလို့ ဘယ်အချောင်းက ဘယ်သူသုံးတာမှန်းမသိတာနဲ့
ကံဆိုးကံကောင်း ခပ်လတ်လတ် တစ်ချောင်းရွေးလိုက်ရတယ် သွားတိုက်ဆေးဗူးရဲ့လည်ပင်း ကို အတင်းညှစ်လိုက်တော့ မှ
ဆေးဗူးအခေါင်းပေါက်ကပြူတစ်ပြူတစ် ဆေးဖြူဖြူလျှာလေးတစ်လစ်ထွက်လာလို့ ပြန်မဝင်နိုင်ခင် သွားပွတ်တံအသွားတွေပေါ်ကို
ခပ်မြန်မြန် ဖိတင်လိုက်တော့သွားပွတ်တံပေါ်ကဆေးလုံးလေးခမျာ သုံးဆယ့်နှစ်ချောင်းရှိတဲ့ သွားတွေကိုတွေ့သွား ရင့်
လန့်ဖျား ဖျားမှာစိုးတာနဲ့ ရေထဲခဏနှစ် ဒီကောင့်အလစ်မှာ ပါစပ်ထဲထိုးထည့် သွားပွတ်တံနဲ့ သန့်ရှင်းရေးအလုပ်စလိုက်တယ်…။။။
ပြီးတာနဲ့ ရေသုံးခွက် ခပ်သွက်သွက်လောင်း ပြီး ဆပ်ပြာတိုက်ဘို့ ဆပ်ပြာခွက်စင်လေးပေါ်ကြည့်လိုက်တော့ ခွက်ထဲမှာ
ခါးသိမ်နေတဲ့ဆပ်ပြာတုံးက ပြောင်ပြနေသလိုပဲ မြန်မြန်ယူပြီးတစ်ကိုယ်လုံးတိုက် ဆပ်ပြာတုံးခါးကျိုးမှာလဲ စိုးရသေးတယ်
တော်ကြာတစ်တုံးကနေအော်တိုမစ်တစ် နှစ်တုံးဖြစ်သွားမှာစိုးလို့လေ ဒီအချိန်မှာပဲ အိမ်ပေါ်ကနေ တရားခွေသံကိုထိုးဖေါက်ကာ …..
““ဂွီဂွီဂေါ်ဂေါ်…ဂွီဂွီဂေါ်ဂေါ်…ဂွီဂွီဂေါ်ဂေါ်”” ““ဟေ့ကောင် ကြက်သရေတုံးတဲ့ဖုန်းသံနဲ့ ဒီမှာဖုန်းလာနေတယ်””
ဖားသားကြီးရဲ့ဩဝါဒသံပေါ့
““ခဏအဖေ ဒီမှာဆပ်ပြာတွေနဲ့ အဖေကိုင်ထားသားပြောမယ်””
““အကိုဂျာကြီးလား
““အေး..ဘယ်သူတုံး””
““ဖယ်ရီကားပါအကို့ စောင့်နေရမှာလား””
““မစောင့်နဲ့ ..ကားငှားပြီးလာတော့မယ် သွားနှင့်တော့””
ရေခပ်သွက်သွက်ချိုး ပြီး အဝတ်စားတွေကောက်စွပ် မနေ့ဘောင်းဘီပဲပြန်ဝတ်မှ ဘောင်းဘီတစ်ထည် နှစ်ရက်နှုန်းနဲ့ဝတ်တယ်လေ
မလျှော်နိုင်လို့ တစ်ခါတစ်လေ အဝတ်လျှော်စက်ထဲ ထည့်ထားတဲ့ အဝတ်စားတွေတောင် မေ့ပြီးမလျှော်မိလို့ စက်ထဲကပြန်ထုတ်ပြီး
ဝတ်ခဲရသေးတာပဲ ဘောင်းဘီတစ်ထည်နှစ်ရက်ကပြသနာမရှိပါဘူး….ဖုန်းကောက်ချိတ် စက်ရုံ တံခါးသော့တွဲ …
အယ်..စက်ရုံတံခါးသော့တွဲဘယ်ရောက်သွားလဲ ပြသနာပဲ အော်ကုတင်ပေါ်မှာပဲ မှတ်မိပြီ အိပ်ယာသိမ်းထားတာတွေပြန်ဖွ
လိုက်ရတယ် စောင်တွေကြားထဲပျောက်နေတာကိုးဗျ ဟောတွေပြီ ““လစ်ပြီအဖေရေ”” လမ်းထိပ်ရောက်တော့ တက္ကစီတားလိုက်ပြီး
ဘောင်းဘီအိတ်ပြန်စမ်းလိုက်တော့ ““ဟိုက်””ပိုက်ဆံအိတ် ..မေ့သွားပြီ သိတယ် ဘုရားစင်ပေါ်မှာ ညကတင်ထားခဲ့တာ
““ခဏလေးအကို””တက္ကစီ ဆရာကိုတောင်းပန်ပြီးအိမ်ပြန်ပြေးတာပေါ့ ..အိမ်ပေါက်ဝမှာ အဖေက ပိုက်ဆံအိတ်ကိုင်ပြီးရပ်နေတယ်လေ
““သိတယ်မင်းပြန်လာမယ်ဆိုတာ””
ပိုက်ဆံအိတ်လက်ထဲကဆွဲလုပြီးလမ်းထိပ်ပြန်ပြေးရတယ်တော်သေးတယ် ကားသမားကစောင့်နေလို့
“စက်မှုဇုံကိုသွားမယ်”” ၁၅၀ဝ ပဲပေးပါတဲ့..။။
စက်ရုံထိပ်ရောက်တော့ အလုပ်သမားတွေက ရုံးစုရုံးစု ကားနားပြေးလာတဲ့ လုံခြုံရေးကိုသော့ပေးလိုက်ပြီးစက်ရုံဖွင့်
ခိုင်းလိုက်ရတယ်တာဝန်တစ်ခုတော့ ကျေသွားပြီ ရုံးပေါ်တက် စက်ရုံအလုပ်မတက်ခင် ဂိမ်းလေးဘာလေးဆော့ပြီးနေလိုက်အုံးမယ်
ကြံစည်ကာရှိသေးတယ်…။။။
““စက်ရုံရှေမှာ အမျိုးသမီးတစ်ယောက် မန်နေဂျာနဲ့တွေ့ချင်တယ်တဲ့ ””လုံခြုံရေးအမျိုးသားရဲ့အသံ
““ဘာကိစ္စတုံးဟ””
““မသိဘူးဆရာ””
““ခင်ဗျားတို့လဲ ဆက်သားပဲလုပ်စားတော့ အကျိုးအကြောင်းတောင်မမေးဘူး ဟိုကပြောတဲ့အတိုင်းလာပြန်ပြောတော့တာပဲ…
မေးရင် ဘာမှပြန်မဖြေတတ်တော့ဘူး ..လာခဲ့မယ်ပြောလိုက်””
ကုတ်ကုတ်ကလေးပြန်ဆင်းသွားတယ် အသာနောက်ကလိုက်သွားတော့ အဒေါ်ကြီးတစ်ယောက် ထမင်းချိုင်လေးတစ်လုံး
လက်ကဆွဲထားပြီး လက်တစ်ဖက်ကထီတစ်လက်ချိုင်းကြားညှပ်လို့ ..
““ကျွန်တော်ကိုတွေချင်တယ်ဆိုတာ””
““ဟုတ်တယ် ရှင်ကဒီစက်ရုံကဘာလဲ ရှင်တို့လွန်လှချည်လား ကလေးတွေကိုသေအောင်ခိုင်းနေတာလား””
““ဗုဒ္ဓေါ..ဟာ..ဘာဖြစ်လို့လဲဗျ..””
““ဒီမှာ ကျမသမီး နေ့တိုင်း ညပိုင်း အချိန်ပိုဆင်းရတာ ၃ ရက်ရှိပြီးမနက်စောစောမှပြန်ပြန်လာရတယ် ဒီမနက်ဆိုပြန်တောင်မလာလို့
ထမင်းချိုင်ပါလိုက်ပို့ရတယ် ရှင်တို့ လစာပေးထားတယ်ဆိုပြီးမတရာမခိုင်းပါနဲ့””
အဲဒါမှပြသနာ ပဲ တစ်ခါမှလဲ ညပိုင်းအချိန်ပိုဆင်ခိုင်းတာလဲမရှိအသားလွတ်ကြီး ဝင်ဟောက်နေပါရောလား
““ဒီမှာအဒေါ်..တစ်ခါမှ အချိန်ပိုမခေါ်ဘူး အရင်လတွေတုန်းကသာ တစ်ရက်နှစ်ရက်အရေးကြီးလိုသာခေါ်ရတာ ဒီလထဲတစ်ရက်မှ
မခေါ်ဘူး အဒေါ်သမီးကဘယ်သူလဲ မယုံရင် ဒီကဝန်ထမ်းတွေမေးကြည့်အုံး ””
““ဟယ်ဒါဆိုကျမသမီးက အချိန်ပိုခေါ်တယ်လို့ပြောတယ် ၃ ရက်ရှိပြီ ဒီနေကတော့ မနက်ပိုင်းပြန်မလာလို့ ထမင်းချိုင်လိုက်ပိုတာ
ကျမသမီးရှိလား””
ဒါနဲပဲနာမည်မေး အလုပ်တက်စာရင်း စာရေးမတွေစစ်ခိုင်းနဲ ဒီကောင်မလေး အလုပ်ပျက်တာ ဒီနေ့နဲပါဆို ၃ ရက်ရှိပြီဖြစ်ကြောင်း
ပေါ်လာတော့တယ် အခုလဲ စက်ရုံကိုမလာဘူးလေ သေချာသွားပြီပေါ့..။။
““ကဲ… အဒေါ်ကြီးခင်ဗျားသမီးလိမ်တာတွေ့တယ်နော် ကျွန်တော်အထင်တော့ ယောက်ျားနောက်လိုက်သွားပြီ အပြင်မှာသာ ကိုယ်ဖာသာ
စုံစမ်းပေတော့ ..။
““ဟုတ်ကဲပါ ရှင် သတင်းလေးဘာလေးရရင်လဲ လူကြုံလေးနဲ့ပြောပေးပါနော် ကျွန်မပြန်ရှာလိုက်အုံးမယ်””
““ကြွကြွ ”“စိတ်ထဲကပေါ့ အောင်မလေး မနက်ပိုင်း ဘုရာရှစ်မခိုးမိတာ မှားပြီး ..ရုံးပေါ်ပြန်တက်လာ ခုံမှာထိုင်ရုံရှိသေးတယ်
““ဆရာ ..ဂျင်နရေတာကြီးလိုက်စစ် ပေးပါအုံး running hour ပြည့်နေပြီထင်တယ်””
““အေး ..ခဏလေးကွာ လာခဲ့မယ် မင်းတို့စက်သန့်ရှင်းရေးရော လုပ်ကြရဲလား””
““နေတိုင်းလုပ်တယ်ဆရာ””
““အေးအေး လာခဲ့မယ်””
ကွန်ပြူတာဖွင့် မေးလ်စစ် မန်းဂေးဇက်လဲဖွင့်ကြည့်ရသေးတယ် အချိန်မရလို့ စိတ်ဝင်စားဘို့ကောင်းမယ်ထင်တဲ့ ပိုစ်လေးတစ်ခု
နှစ်ခုဖွင့် ဖတ် ကြော်ငြာ လာကပ်တဲ့ကောင်တွေ ပါလာရင် စိတ်ထဲက ကြိမ်ဆဲမိသေးတယ် ကွန်နက်ရှင်ကမနက်ပိုင်းလောက်သာကောင်း
တာလေ ကောင်းတုန်းလေးဖွင့်ကြည့်ရတာ အရေမရ အဖတ်မရဟာတွေ လာလာတင်နေသေးတယ်…။။
ရုံးပေါ်ကနေ ဂျင်နရေတာထားတဲ့အခန်းထဲ ဝင်ကြည့်တော့ အောင်မလေးကိုယ်တော်ချောက ကောင်းကောင်းခုံမှာထိုင်အိပ်နေသေးတယ်
ဒီကောင်တွေဒါကြောင့်မီးပျက်သွားရင် ဂျင်နရေတာ နှိုးတာ နောက်ကျနေတာကိုး ကုလားထိုင်ကို ကိုင်လှုပ်ပြီးနှီုးမှ လန်နိုးသွားတယ်လေ
““ဟေ့ကောင် မင်းအလုပ်ချိန်ကြီးအိပ်နေတယ်နော်..ဒါနောက်ဆုံးအကြိမ်ဖြစ်ပစေ ..လာ ကြည့်ရအောင်စက်ကို””
ရုံးတစ်ခုလုံနဲ့စက်ရုံမှာ က ဒီစက်ကြီးအကြောင်းသိတာ ပြင်တတ်တာဆိုလို့ကျုပ်တစ်ယောက်ရှိတယ်..ဒါကြောင့်ဒါကြီးကိုနေစဉ်နီးပါး
စစ်စစ်နေရတာလဲအလုပ်တစ်ခုပဲလေ…ဒါကြီးရပ်သွားလို့ ကျုပ်သာမရှိရင် သူဌေးရဲဒေါသက ဒီကောင်တွေဆီတည့်တည့်ကျတော့တာပဲ
““အင်း running hour 400 ကျော်နေပြီ အင်ဂျင်ဝိုင်ကုမ္ပဏီကို ငါဖုန်းဆက်ပြီး ဝယ်ခိုင်းလိုက်မယ်..
ဆီစစ် လေစစ်တွေ ဒီရက်ပိုင်း ဝယ်ဘို့လုပ်ထားတော့ ရုံးကိုစာရင်းတင်ကြားလား””
ရုံးပေါ်တက်လာတော့ ဘောစိကရောက်နေပြီလေ..သူအခန်းထဲသွားပြီးနှုတ်ဆက်တော့ တန်းခေါ်ပြီးမေးတော့တာပဲဗျို့
““အင်ပို့လိုင်စင်ကိစ္စ အိပ်စပို့စ် ကွန်တိန်နာ အထွက်ရက်က ဘယ်တော့လဲ ပစ္စည်းတွေ ပြီးမပြီးတော့ production manager သာ
ခေါ်မေးပါလို့ပြောလိုက်တယ် ..ဒီSunday နေပြည်တော် တက်ပါလို့လဲမှာလိုက်သေးတယ် လိုင်စင်ကိစ္စပဲပေါ့ ….။။
ဒီနေပြည်တော်ကြီးသွားရတာလဲအလုပ်တစ်ခု သိပ်စိတ်ညစ်တာ ဒီနေ့ကြာသာပတေး ဆိုတော့လက်မှတ်တော့ ကြိုတင်ဘိုကင်
လုပ်ထားမှနောက်မို့ဆို ပိတ်ရက်နေပြည်တော်ကဝန်ထမ်းတွေက ရန်ကုန်ခိုးပြန်လာ တနင်္ဂနွေညကျတော့အားလုံး ပြန်ပြီး နေပြည်တော်
ဆင်းကြတော့ ကားထိုင်ခုံနေရာမရဖြစ်တတ်တယ်လေ ..ဒီလိုနဲ့နေလယ်ပိုင်း ထမင်းစားလွတ်ချိန်ထိ သင်္ဘေလိုင်းတွေ ရဲ့ မာကက်တင်း
ဖုန်းတွေ လက်ခံနားထောင် သူတို့ကလဲတစ်မှောင့် ဘိုင်အာ နိုမီနှိပ် ပါဆိုနေမှ ကိုယ်ကရွေးလိုမရတဲ့ကိစ္စ သူတိုချပေးတဲ့ လိုင်းနဲ့သွား
ရတာတစ်ကျီကျီ shipment ပေးပါပဲတောင်းနေတော့တာ တစ်ခါတစ်ခါ စိတ်ချဉ်ပေါက်လာတယ်..import ကိုင်တဲ့ ကောင်လေးက အပြင်သွား
ခါနီးမှထပြီး….။။။
““အကို ကွန်တိန်နာ အလုံခွဲသွင်းတာ အလုံးခွဲ ခက သင်္ဘောလိုင်းတွေက တစ်သိန်းခွဲတောင်းတယ်””
““ဟေ..ဟိုတစ်ပါတ် Asia World ကုမ္ပဏီကလိုင်းတွေနဲ့ စာရွက်စာတမ်းကြေးတွေညှိနိုင်းတယ်ဆို””
““ဟာအကိုကလဲ..ညှိတာပဲရှိတာ အဖြေကမထွက်ဘူး ..ဒီတိုင်းပဲကောက်နေကြတုန်း FEC 40 ပါသွင်းရမှာတဲ့ Release ကြေးတွေကောဘဲ
ဒါတောင်Delivery order ထုတ်တာမပါသေးဘူး””
““မင်းဟာကကွာ အထုတ်ကလေး ၅ ထုပ်ပို့လိုက်တာ ဘာမှမလုပ်ရသေးဘူး နှစ်သိန်းလောက်ကုန်နေပါပေါ့လား ကြာရင်ဒို့သူဌေးတော့
မွဲမှာပဲဟေ့””
ဘယ်တတ်နိုင်ပါ့မလဲ မှာလဲ သူတို့ပေးမှ ထုတ်ယူလို့ရမယ့်ပစ္စည်းပဲလေ ခံပေါ့..ဒါတောင် customs ကုန်ကျစရိတ်တွေမပါသေးဘူး မျက်မြင်ဖွင့်
ဖောက်စစ်ဆေးတဲ့ Exam time မှာ ဟိုနေရာအင့်..ဒီနေရာရော့ ဆိုပေးတာတွေပါပေါင်းလိုက်ရင် အထုပ်ငါးထုတ်ရဲ့ ပစ္စည်းတန်ဘိုးနဲ့
ထုတ်ယူခကုန်ကျစရိတ်ကပိုများနေပြီ …။။
မထင်းစားချိန်ရောက်တော့ အပြင်ထွက် ထမင်းဆိုင်မှာကောင်းကောင်းထိုင်စားရမလားအောင့်မေ့ပါတယ် ဖုန်းက တစ်ဂွီဂွီမြည်လာတာနဲ့
နံပါတ်ကြည့်လိုက်တော့ ဦးစီမှုး တစ်ယောက်ဆက်တာလေ ..။
““ဘယ်လိုလဲကိုယ့်ဆရာ တစ်ဝိုင်းလုပ်ပေးမယ်ဆို””
““ဟာ..ဦးစီးရေ..ဒီမှာကျွန်တော်လုံးဝမအားဘူး Sunday လဲနေပြည်တော်သွားရအုံးမှာဆိုတော့..ရှေ့တစ်ပါတ်ဖြစ်မယ်လေ””
““ဒါဆိုလဲပြီးရောဗျာ..ဒီမှာ ခင်ဗျားတစ်ဝိုင်းကိုစောင့်နေကြတာ””
““ဟာ..လုပ်ပေးရမှာပေါ့ ဦးစီးရယ် တစ်ကယ်မအားလို့ပါ””
သူတို့နဲ့ကလဲပေါင်းထားရသေးတယ်ဗျ တော်ကြာ ခင်ဗျားစက်ရုံက ဟိုအချက်နဲ့မကိုက်ဘူး ဒီဟာပြင်ပေးနဲ့ ပညာပြတတ်လွန်းလို့လေ
နောက်မို့ဆို စာလေးထုတ်ပြီးလာတွေ့ပါဆို သွားတွေ့ရတော့ တာကိုးဗျ..အဲဒီလိုမှပေါင်းမထားလို့ကတော့ သူတို့ရုံးကတောင်ပြန်ရမယ်
မထင်ဘူး နေ့တိုင်း ခေါ်ကျပ်နေကြမှာလေ .ဘယ်တတ်နိုင်ပါ့မလဲ လုပ်ပေးရမှာပေါ့ .။။
ရုံးပြန်ရောက်ရုံရှိသေးတယ် စာရေးမလေးက
““ ဂျာကြီး စက်မှုဇုံရုံးက အစည်းဝေးတဲ့””
““ဘယ်နှစ်နာရီလဲ””
““တစ်နာရီတဲ့..””
““ပြစမ်း အစည်းဝေးဖိတ်စာ အင်း..သန့်ရှင်းရေးကိစ္စ ဘဲ မသွားတော့ဘူးဟာ သန့်ရှင်းရေး အတွက်ပိုက်ဆံကောက်မှာပဲဟာ ပိုက်ဆံမနက်ကျ
သွားထည့်လိုက် တစ်သောင်းခွဲပဲ ဖြစ်မှာပါ..””
သန့်ရှင်ရေးပိုက်ဆံသာလစဉ်ထည့်နေရတာ ကိုယ်စက်ရုံက အမှိုက်လည်းပစ်တာမဟုတ် ကိုယ်ကသာ မပစ်တာဗျ လမ်းထိပ်က
စားသောက် ဆိုင်ကြီးတွေကနေ လာလာပစ်တာများ တောင်ပုံရာပုံပဲ ဒီကြားထဲ အမှိုက် ကန်ထဲ ရောက်အောင်ပစ်တာမဟုတ်ဘူး
အမှိုက်ကန်နဲ့နီးတဲ့လမ်းဘေး ဒီတိုင်းလာပုံသွားကြတာလေ လမ်းမကြီးကနေ တစ်ဖြည်းဖြည်း အမှိုက်တွေကြောင့်လမ်းကျဉ်းလာပြီ
ဗွက်တွေ ပေါက်နေပြီးအနံကလဲဆိုးလိုက်တာမပြောပါနဲ့တော့ …ဘယ်တတ်နိုင်ပါ့မလဲ အမှိုက်သိမ်းခတော့ပေးရမှာပဲလေ .။။။
ပြောလို့မှမဆုံးသေးဘူး မီးကပျက်ပြီ မီးသမားတွေမီးစက်မောင်းပြီးတာနဲ့ ခဏနေရုံးပေါ်တက် လာကြတော့မှာလေ အခြေအနေ
ကြည့်ရတာ မီသုံးလိုင်းရှိတာ တစ်လိုင်းပျက်ပြီနဲ့တူတယ် ခဏနေတော့ မီး စက်ခန်းက သတင်းပို့တော့တာပါပဲ…
““အကို မီးတစ်လိုင်းပြတ်သွားပြီ””
““အေးအေး””
““စာရေးမ ရေ မီးတစ်လိုင်းပြတ်သွားပြီးတဲ့ ထုံစံအတိုင်း မြို့နယ် လျှပ်စစ်ရုံးကိုဖုန်းဆက်ပါအုံးဟ””
မကြာပါဘူး တစ်နာရီ လောက်နေတော့ မီးပြန်လာတယ်လေ မီးပြန်လာရင်ထုံးစံအတိုင်း RK သုံးထောင်လောက်တော့ပေး ရအုံးမှာပေါ့
မီးရုံးက လူတွေက ဖုန်းဆက်ပြီးခေါ်ရင်တော့ လာကြပြင်ပေးကြပါတယ် ကိုယ်တွေဘက်ကလည်း မီးပျက်ရင် မီးစက်မောင်းလိုက်ရလို့
ကတော့ မီးစက်ကတစ်နာရီ ၅ ဂါလံလောက် ဆီကုန်တယ်လေ ဒီဇယ်က အပြင် ပေါက်ဈေးနဲဝယ်ရတော့ တစ်နာရီမီးစက်မောင်းလိုက်ရရင်
မသက်သာဘူးမီးပျက်သွားလဲ မီးရုံးကလူတွေက လာပြင်ပေးချင်မှပြင်ပေးတာ ..ဖုန်းဆက်ခေါ်မှသာ ခေါ်တဲ့စက်ရုံ နာမည် မှတ်ပြီး
လာပြင်ပေးကြတာဗျ ဒါမှပိုက်ဆံတောင်းလို့ရမှာလေ တစ်ခါတစ်လေလည်း တစ်နေ့ထဲ သုံးလေးခါပျက်နေရင်လည်း မစားသာပြန်ဘူးဗျ..
ဟောပြောရင်းဆိုရင် မီးပြင်သမားတွေ စက်ဘီးကိုယ်စီနဲ့ စက်ရုံရှေ့မှာရပ်နေကြပြီ ဘယ်တတ်နိုင်ပါ့မလဲ ပေးရမှာပေါ့။။။။
““ ဟဲ့ဟဲ့ လုံခြုံရေးကိုခေါ်ပြီး သုံးထောင်လောက်ပေးခိုင်းလိုက်စမ်း မီးသမားတွေရောက်နေပြီ””
ဒီလိုနဲ့ ၃ နာရီလောက်ရောက်တော့ ဘောစီ ထွက်လာပြီး သူ့အင်တာနက်မရတော့ဘူးကြည့်ကြပါအုံးဆိုတော့ ဟုတ်ပ အင်တာနက်
ကွန်နက်ရှင်တော့ရှိပြီ Mail ဖွင်မရ gtalk ဖွင့်မရ အကုန်လုံး error တွေချည်ဖြစ်နေတော့တာပဲ…““လုပ်ကြပါအုံ;ဟာ အင်တာနက်ရောင်းတဲ့
ကုမ္မဏီဖုန်းဆက်ကြပါအုံး ဒီမှာဘာမှလုပ်လို့မရတော့ဘူး ””ဖုန်းဆက်လဲဆက်တာပဲရှိမှာပါ ဘာမှလုပ်ပေးမှာမှ မဟုတ်တာ
အင်တာနက်ဘေလ်သာ မှန်မှန် လာပို့တာကွန်နက်ရှင်ကတော့ ရရင်ရမယ်မရရင် မရဘူးလို့သာမှတ်လိုက် သူတို့ဆီဖုန်းဆက်လဲ
“ စက်ကိုခဏ ပိတ်ထား ပြီးမှပြန်ဖွင့်သုံးပါရှင်”” ..ဒါပဲပြောမှာလေ ဘယ်တတ်နိုင်ပါ့မလဲ ခံလိုက်ပေအုံးတော့ပေါ့…။။။
ဒီလိုနဲ့ ညနေရုံးဆင်းချိန်ရောက်ခါနီတော့ ရုံးကိုဖုန်းလာပါတော့တယ် .““အကိုရေ ကွန်တိန်နာ အိတ်စ်ပို့ အတွက်လွတ်လိုက်ပြီ””
အိတ်စပိုစ် က စနေမှ သင်္ဘောတင်မှာ ကွန်တိန်နာ ယဒ်ဝင်းထဲက ကိုပစ္စည်းတင်ရမယ့်ကွန်တိန်နာရဘို့ စောစော ကြိုတင်မှာထားရတယ်
နောက်မို့ဆို ကွန်တိန်နာထုတ်တာနဲ့တင် ၁ ရက်လောက်ကြာသွားတတ်တာလေ ကွန်တိန်နာ ကားခတော့ တစ်ရက်စာ ပိုပေးရတာပေါ့
ဘယ်တတ်နိုင်ပါ့မလဲ ပေးရမှာပေါ့..ကိုယ်က အဆင်ပြေပြေ လုပ်ချင်တာကို..။။။
***************************************************************************
အင်းဒီလိုနဲ့…….ညနေရုံဆင်းတော့ ဟိုလူ့အော် ဒီလူ့ငေါက် ဟိုဌာနကိုဖား ဒီဌာနဖေါ နဲ့ တော်တော် လဲ မောပါပြီ ဒါပေမယ့်ကျုပ်က
စက်ရုံကြီးအလုပ်ပြီးမှ သော့တွေပိတ်ပြီးမှ အိမ်ပြန်ရမယ့်လူဆိုတော့ အင်း ရုံးချိန်အတွင် စိတ်မောခဲ့သမျှ ရုံးချိန်ပြင်ပ မှာတော့
ကွန်ပြူတာရှေ့ငုတ်တိုင် မဟုတ်ကဟုတ်က ကပ်သီးကပ်သတ် အတွေးတွေနဲ့ ပေါက်ပေါက်ရှာရှာ တွေလိုက်စဉ်းစားပြီး
မန်းဂေဇက် ကလေးဖွင့်ပြီး ဖတ်ချင်ဖတ် ရေးချင်ရေးနဲ့ စိတ်ထွက်ပေါက်လေးပေးလိုက်ရပါကြောင်း…..
““………..အင်းဘယ်တတ်နိုင်ပါ့မလဲလေ..။။။။။””
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
21 comments
etone
August 18, 2011 at 10:08 am
Garment Field ထဲမှာ လှုပ်ရှားရတာ အဲ့ဒီလိုပဲ .. စိတ်ဖိစီးမှူ အရမ်းများ တယ် … အဆင်ပြေပြေ လုပ်ပေးနိုင်လျှင် သာ အသံမထွက်၊ မချီးကျူး ဘောနပ်စ်မတိုးပေမဲ့… တစ်ခုခုများ တိမ်းစောင်းသွားကြည့်ပါလား …. ကိုယ့်ပယောဂမပါလည်း … အပြောဆိုခံရတာပဲ … ။ တခါတလေ နားပမ်းထထလုံးချင်စိတ်ပေါက်တယ် …. ။ နောက်ပိုင်းတော့ စိတ်လျှော့ထားပါတယ်…. အရမ်း stress များလာလျှင်တော့ … ထွက်တော့မယ်လို့ …. ။ ရတာနဲ့… စိတ်ကျဉ်းကြပ်ရတာ မကာမိဘူး ….. ။
( ဘီလူးကြီးက … Glogon က ဘယ်သူဆိုတာ မှန်းလို့ရပြီ… )
ogre
August 18, 2011 at 10:34 am
မေ့လို့ မအိတုန်က Ople ကဆိုတာတော့ ကျွန်တော်သိပါတယ် ခင်ဗျား..။။
ကြောင်ကြီး
August 18, 2011 at 11:34 am
ဟုတ်ဘူး Opal က။ ဒါကြောင့် သူခဏခဏ ထွက်တော့မယ် လုပ်နေတာ။ ဇရာထောက်လာပြီလေ…။ 😛
ogre
August 18, 2011 at 10:32 am
Glogon ကတော့မဟုတ်ပါဘူး မအိတုံ ရေ
ကျွန်တော့် အကြောင်းကတော့ ကို နိဂိမီ77 ကိုသာ
gtalk မှာတွေ့ရင်မေးကြည့်ပါတော့
etone
August 18, 2011 at 4:20 pm
အော .. ဒါဆို ပုလင်းတူ ဗူးစို့တွေပေါ့ ဟုတ်လား … ဒါကြောင့် အတိုင်ဖောက်ကို ညီနေတာပဲ … ဟဲဟဲ …. စကားသွားလာလည်း ရှိပုံရတယ် … ကဏန်းကြီးနဲ့ … 😛
အဲ့ ကဏန်းကြီး အလံဖြူပြထားလို့ … ရန်ဖြစ်စရာလူမရှိတော့ဘူး 😥
နွယ်ပင်
August 18, 2011 at 10:45 am
ဒါမျိုးတွေလဲ ဖြစ်တက်ပါတယ်လေ
အလုပ်မှာတော်တော်များများ stress ဖြစ်ရတာများပါတယ်
ဒါပေမယ် ကိုဘီလူးပြောသလိုပဲ မောနေသမျှလေးကို mandalaygazette လေးဖွင့်ပြီး
ဟိုရေးဒီရေး ရေးနေတာနဲ့ အပန်းဖြေခွင့်ရတာလေးနဲ့တင် ကျေနပ်နေတာပါပဲ ….
pan pan
August 18, 2011 at 11:26 am
ဘာအလုပ်မှမလွယ်ပါလားနော်
ကျွန်မအဖေဆို အိမ်ရောက်တာတောင် ဖုန်းနဲ့အလုပ်လုပ်နေရတုန်း
ဟိုပစ္စည်းရှိလား၊ ဒီဟာဖြုတ်ပစ်ဆိုတာမျိုး တခါတခါအိမ်ကနေလုပ်နေတာ ရုံးကအလုပ်ကို
ကျွန်မကတော့ အေးဆေး
ရုုံးကကိစ္စရုံးမှာပဲထားခဲ့တယ်
ဒါတောင်တခါတခါ ခေါင်းထဲပါပါလာတယ်
မျက်လုံးထဲမြင်ယောင်ပြီး……… 😐
မီးမီး သော်
August 18, 2011 at 11:47 am
ကိုogre ရေ ရှင့်အစားမောလိုက်တာ။တနေ ့နေ ့အလုပ်ထဲမှာ လူရောစိတ်ရော တော်တော် ပင်ပန်းမှာဘဲနော်။
ပေါက်ဖော်
August 18, 2011 at 12:10 pm
မောလိုက်တာ..
နာ့လို အိပ်ပုတ်ကြီး..အပျင်းကြီးပုံမျိုးနဲ ့ဆို စက်ရုံ ဒေဝါလီခံတွားလိမ့်မယ်
ဖတ်ရတာတောင် အမောဖောက်နေတာ. 😀
အားကျ အတုယူဖို ့လဲ ကောင်းပါတယ်..
windtalker
August 18, 2011 at 12:50 pm
ဒီလောက်
အလုပ်ရှုပ် အလုပ်များတဲ့ကြား က နေ
ဂေဇက် မှာ
ဖတ်လို ့ကောင်းတဲ့
စာတွေ အဆက်မပြတ်ရေးနိုင်တဲ့
ကိုဘီလူး အား
အားကျပါ၏
ချီးကျူးပါ၏
hmee
August 18, 2011 at 1:31 pm
မနက်အစော မျက်နှာသစ်ခန်းဖတ်တော့ အိမ်ထောင်မကျခင်က မိဘအိမ်မှာ နေခဲ့တာကို ပြန်မြင်မိတယ်။ အဲ့လိုပဲ မနက်ဆို သွားပွတ်တံရွေးရ မရွေးတတ်ရင် ကြုံရာပဲ။ လူများတော့ သွားတိုက်ဆေးက ခဏနဲ့ ကုန်တာမို့ ခဏခဏ လည်ပင်းညစ်ခံရတဲ့ သွားတိုက်ဆေးဘူး။ ဖတ်ရင်း အိမ်ကို လွမ်းလာတယ်။ ဆက်ဖတ်တော့မှ ဖတ်ရင်းဖတ်ရင်း ရင်မောလာပါတယ်။ အော်..ဘယ်တော့များမှ မပေးရ မကမ်းရပဲ အလုပ်တွေ ချောမွှေ့ပါ့မလဲနော်။ ကိုogre ရေ အရေးအသားလေးတွေက မျက်စေ့ထဲမှာ မြင်ယောင်လာအောင် ရေးနိုင်ပါပေတယ်။
ogre
August 18, 2011 at 2:12 pm
ကောင်းတယ်ပြောကြလို့
ပီတီဖြစ်ရကြောင်းပါခင်ဗျား..
ကျေးဇူးတင်ပါ ရွာသူရွာသားအပေါင်းတို့..။။
mr.lone
August 18, 2011 at 2:35 pm
ပီတိတွေလည်းသိပ်ဖြစ်မနေနဲ့ဦး စာထဲမှာ ပြောထားတာ mandalay gazette မှာ အရေမရအဖတ်မရဟာတွေ လာလာတင်နေသေးတယ်လို့ပြောထားတယ်နော် ။ အရေရအဖတ်ရ
ဆိုတာကကောဘယ်လိုမျိုးလဲ ။ ကိုယ်တတ်တိုင်းသူများကို မနှိမ်ပါနဲ့ ။ကိုယ်ကိုယ်တိုင်လည်း ဘယ်လိုလေ့လာသင်ယူခဲ့ရတယ်ဆိုတာ လည်းတွေးပါဦး ။ သူများတွေလည်း ကိုယ့်အတွေးလေးနဲ့
ကိုယ်လွတ်လပ်စွာ ရေးတင်ပိုင်ခွင့် ရှိတာပဲမဟုတ်လား ။ ပြီးတော့ orge က စည်းကမ်းလည်း တစပ်မှမရှိဘူး။အိပ်ယာကိုသေချာမသိမ်းဘူး။ ဆပ်ပြာတွေနဲ့လည်း ဖုန်းပြောတယ်။သွားပွတ်တံလည်း အတည်တကျမရှိဘူး။ တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကို
တွေ့ရတယ်။ပိုက်ဆံလည်းဖြုန်းတယ်။ဖယ်ရီရှိရဲ့သားနဲ့Taxiစီးတယ်။မေ့လည်းမေ့တတ်တယ်။ပြောရရင်တော့ ပြောလို့တောင်ကုန်မှာမဟုတ်ဘူး။ ဘယ်တတ်နိုင်မလဲ … မပြောတော့ဘူး….
ogre
August 18, 2011 at 2:50 pm
မနှိပ်ရဲပါဘူး mr.lone ရယ် ..ဘယ်သူ့ကိုမှမနှိပ်ပါဘူး
စာရေးတဲ့အခါမှာ မိမိစိတ်မှာဖြစ်ပေါ်တဲ့အကြောင်းအရာကို
ပေါ်လွင်အောင်တင်ပြခြင်းသာဖြစ်ပါကြောင်း…နဲ့
ယောက်ျားလေးတွေဆိုတော့ လည်း နည်းနည်းတော့ဖြစ်ကတတ်ဆန်းနေတတ်ပါကြောင်း
ပြောမှားဆိုမှား..အဲလေ အရေးမှားတဲ့စာသားလို့ ယူဆခဲ့ရင်တော့
လွန်တာရှိ ဝန်ဒါမိ ပါခင်ဗျား..။။။။။
kai
August 18, 2011 at 3:21 pm
တနေ့တာဇတ်လမ်းကပြေးနေတော့.. ဖတ်တဲ့သူပါလိုက်ဖတ်ပြီး.. ပြေးနေရရောပဲ..။
ပေး..
စိတ်မောလူမော… ပြေးလိုက်ရတဲ့အခ…။ 🙂
စုံ စုံ
August 18, 2011 at 3:54 pm
ogre ရေ ကျမလဲတနေ့တနေ့ဒီလိုဘဲအလုပ်ထဲမှာလှုပ်ရှားနေရတာ
တော်တော်မောပါတယ်
အခု ဒီပို့စ်ကိုဖတ်လိုက်တော့ပိုမောသွားတယ်
ဒေါင်ချာစိုင်းအောင်အလုပ်ရှုပ်တာကိုတော့ကိုယ်ချင်းစာပါတယ်
ဒီရက်တွေဆိုအလုပ်တအားများလွန်းလို့စာတွေတောင်ဝင်မဖတ်နိုင်တာကြာပေါ့
ဒီနေ့မှစာနဲနဲဝင်ဖတ်မိရင်းမန်းလိုက်တာ
ကျမကတော့ ogre လိုကွင်းကွင်းကွက်ကွက်မြင်အောင်မရေးတတ်တော့
သူများရေးနေတာတွေကိုဘဲအားပေးနေပါတယ်
etone
August 18, 2011 at 4:27 pm
တခြား လုပ်ငန်းတွေတော့ မသိဘူး …Garment နဲ့ ပ တ်သတ်ပြီး လုပ်ရတဲ့အလုပ်က အတော့်ကို stress များပြီး အိုစာလွယ်တယ် … ။ ဆန်းဆစ်တစ်ဗ်လည်း ဖြစ်တယ် …အမှားမခံဘူး …. ။ ဘာပဲလုပ်လုပ် အတော်တွေးရတယ်…မှားလို့ .. လိုင်းတနာရီလောက်ပဲ ရပ်ကြည့်…လေဘာချာချ်တွေ … မီတာခတွေ… သောက်စကား အကြီးကျယ်တွေ နဲ့ ကွိုင်ပတ်မှာ …… ။ ကာလာတွေကလည်း နံပါတ်တွေနဲ့ဆိုတော့…. နှစ်နဲ့သုံးမှားရိုက်လျှင်တောင် ငါးပါးက မှောက်သေးတယ် … အလုပ်ဝင်ခါစက တနေ့တနေ့ …. အဆင်မပြေအောင် လုပ်ပြီး အလုပ်ထွက်ဖို့ပဲ အကြောင်းပြချက်ရှာခဲ့ဖူးတယ် … ။ နောက်ပိုင်းမှ ….. တာဝန်ဆိုတာဒါပါလား နားလည်သွားတာ .. 🙁 အခုထက်ထိ … နွားသာသာ ရုန်းနေရတုန်း … ။
ogre
August 18, 2011 at 4:31 pm
ကျုပ်တော့ဆုတောင်းတယ်
နောင်ဘဝ ဆက်တိုင်း garment မှာ အလုပ်လုပ်ရတဲ့ဘဝကလွတ်ပါစေလို့.
စိတ်ညစ်လွန်းလို့..။။။
စုံ စုံ
August 18, 2011 at 4:33 pm
etone ရေ garment နဲ့ပတ်သက်တဲ့အလုပ်ကstress များသလို
ကျမအလုပ်လဲတော်တော်စိတ်ပင်ပန်းပါတယ်
မိုးလင်းမျက်လုံး၂လုံးဖွင့်ထဲကအလုပ်အကြောင်းခေါင်းထဲထည့်ထားရတာ
တခါတလေကိုယ်ရေးကိုယ်တာအရေးကြီးလုပ်စရာတွေတောင်မေ့တယ်
ကျမလဲအလုပ်ဝင်ခါစမှာအလုပ်အရမ်းထွက်ချင်ခဲ့တာ
အခုတော့etone ပြောသလိုတာဝန်ဆိုတာဒါပါလားဆိုတာသိသွားသလိုပေါ့လေ
နွားသာသာရုန်းနေရတုန်း
အိမ်ဖော်သာသာအဆူအဆဲခံနေရတုန်းပါဘဲ
ဘယ်တော့များမှဒီဖိစီးမှုတွေလွတ်မလဲမသိပါဘူး
MaMa
August 18, 2011 at 6:19 pm
နေ့တိုင်း အစားစားတယ် မဟုတ်လား။ နေ့တိုင်းအလုပ်လုပ်ရမှာပေ့ါ။ အလုပ်နားရက်ဆိုတာ ရှိသေးတယ်။ အစားနားရက်ရှိလို့လား။ အစားကောင်းကောင်း စားချင်တယ်။ အဝတ်ကောင်းကောင်းဝတ်ချင်တယ်။ အဆင့်မြင့်မြင့် နေချင်တယ်။ ဒါဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲလေ……………
လုပ်လိုက်စမ်း မမောစတမ်း။
🙂
akswe
August 18, 2011 at 8:36 pm
ဘိလူးကြီးရေ ..စာရေးကောင်းလိုက်တာ…ဖတ်နေရင်းနဲ့.. ဘယ်အချိန်မှ ဒီလူနားရပါ့ မလဲဆိုပြီး တွေး ပူ ပေးနေမိရတယ်..
အလုပ်ပုံစံချင်းမတူပေမယ့် တာဝန်ပိခံရတဲ့ သဘာဝတူလို့ ကိုယ်ချင်းစာမိရင်း (ချိုတကူးနဲ့ ဂုဏ်ရည်မတူ)ကိုသတိရမိ ပါကြောင်း…