Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျှဝေပေးမိသော ပြည်တွင်း သတင်းဆောင်းပါးအချို့

KingAugust 20, 20114min55412

ရွာသူ/သားအားလုံးကို ဖတ်ဖူးရင် ဖတ်ဖူးမှာပေါ့ မဖတ်ရသေးတဲ့ သူအတွက် ရည်ရွယ်ပြီး ကျွန်တော့် မျက်စိထဲမှာ တိုးဝင်မိသမျှကို ဖော်ပြပေးလိုက်ပါတယ် … တစ်စုံတစ်ခုလောက် ရရှိသွားတယ် ဆိုရင်ပဲ ကျွန်တော် ပင်ပန်းရကျိုးနပ်ပါတယ်လို့ ပြောကြားရင်း … စပြီး ဖတ်ကြည့်ကြရအောင်ဗျာ …

#######################################################

The Voice Weekly ဂျာနယ်တွင် မင်းထက်စံ ရေးသားသော  ” မြန်မာ့လက်ဝှေ့ကို ဂျပန်တွေဦးဆောင်တော့မှာလား “ သတင်းဆောင်းပါး မှ ကောက်နှုတ်ချက် …

” ကျွန်တော်တို့ မြန်မာတွေ နောက်သုံးနှစ်ဆိုရင် ဂျပန်ကို ယှဉ်လို့မရတော့ပါဘူး။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ သူတို့ရဲ့သိုင်းပညာ ပေါင်းစပ်ပြီး လေ့ကျင့်ထားတာ တော်တော်ကောင်းလာတယ်။ နည်းပြတွေရဲ့ နည်းစနစ်ပိုင်းကို တော်တော်လုပ်ရမယ့် အနေအထားဆိုတာကို ဂျပန်ပွဲက သက်သေပြနေပါတယ် “ ဟု နဂါးမာန်လက်ဝှေ့ကလပ်နည်းပြ ဦးကျော်စိုးရဲ့ သုံးသပ်ချက်။

ဩဂုတ်လ ၁၃ နှင့် ၁၄ ရက်တို့တွင် ကျင်းပခဲ့သည့် မြန်မာ-ဂျပန်ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် ဂျပန် နိုင်ငံသား လေးဦး ထိုးသတ်ခဲ့ပြီး တစ်ဦးကိုသာ မြန်မာဘက်က အနိုင်ရရှိခဲ့ကြောင်း ကျန်သည့်ပွဲများတွင် သရေရလဒ်ကိုသာ စွမ်းဆောင်နိုင်ကြောင်း သိရှိခဲ့ရ…..

……………………………………………………………………………………………………………

မေး ။         ။ အခွန်ဆောင်ရင် ခင်ဗျားငွေကို ဘယ်သူရမလဲ။

ဖြေ။           ။ အစိုးရ ရမှာပေါ့။

မေး။          ။ အခွန်မဆောင်ရင်ရော … ။

ဖြေ။           ။ ကျွန်တော့်မိန်းမ ယူသွားမှာပေါ့ ။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မြေး။           ။ အဘိုး။ နိုင်ငံရေးသမားတွေ ဘယ်အချိန်မှာ ပြုံးပျော်ရွှင်နေသလဲဟင် ။

အဘိုး။        ။ ရွေးကောက်ပွဲ နီးလာတဲ့အချိန်ပေါ့မြေးရဲ့။ အဘိုးငယ်ငယ်က မင်းအဘွားကို လိုက်ပိုးပန်းသလို ပုံစံမျိုး

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

……………………… ” ငွေတွေ ဘယ်က ရသလဲ “ ………………………

ကလေး              ။    ။ ဖေဖေ၊ မေမေဆီက …။

အလုပ်သမား     ။     ။ လုပ်ငန်းခွင်က … ။

လယ်သမား       ။      ။ လယ်ထဲက … ။

လုပ်ငန်းရှင်        ။      ။ မပြောနိုင်ဘူးဗျို့ … ။

ဗျူရိုကရက်      ။        ။ မပြောရဲပေါင်ဗျာ ……..။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

……………………………………………………………………………………………………………

” ရှုံးနိမ့်လို့ ဘာမှလုပ်စရာမရှိတော့ဘူးလို့ထင်ပြီး ထိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေရှိသလို အနိုင်ရပြီး လွှတ်တော်မှာ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ် “

ပြည်သူ့ဒီမိုကရေစီပါတီ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာသန်းထိုက်ဦး၏ ပြောကြားချက်

Ref: သတင်း-ချစ်ဦးကိုကို၊ The Voice Weekly

……………………………………………………………………………………………………………

” ဘောလုံးပွဲ တစ်ပွဲမှာ ကစားသမားတွေနေရာချထားသလိုပါပဲ။ ဂိုးသွင်းကောင်းတဲ့လူကို ရှေ့တန်းမှာပဲ ထားရမှာပါ။ စိုက်ပျိုးရေးနဲ့ စက်မှုစီးပွားတွေက ဆွဲတင်ပြီး ပညာရေးက ပံ့ပိုးတဲ့အခါ နိုင်ငံတော်ရဲ့ စီမံကိန်းတွေကို မြန်မာကျွမ်းကျင်ပညာရှင်များနဲ့ ဖြည့်ဆည်းနိုင်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာပါ။ တစ်နွယ်ငင်လို့ တစ်စင်ပါသလို နောက်တန်းကစားသမားတွေဖြစ်တဲ့ ကျန်းမာရေး၊ ကာကွယ်ရေး၊ နိုင်ငံရေးကဏ္ဍတွေလည်း စင်ပေါ်ရောက်လာမှာပေါ့။ အခုတော့ ခုတ်ရာတလွဲ၊ ရှရာတခြားတွေ ဖြစ်နေတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ ရိုးရိုးသားသား ပြောခွင့်ပြုပါ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆရဝန်များချည်းလည်းမရ၊ တပ်မတော်သားများချည်းလည်း မရ၊ နိုင်ငံရေးသမားများချည်းလည်းမရနိုင်ပါ။ အဆိုတော် ဘယ်လောက်ကောင်းကောင်း တီးဝိုင်းဘယ်လောက်တော်တော် စင်မကောင်းရင် မကြာခဏ ပြိုကျမှာပါပဲ “

ဆောင်ပါးရှင် ဒေါက်တာသန္တာဝင်းရဲ့ သီချင်းလေးတွေကို အတူတူဆိုရအောင်မှ ကောက်နှုတ်ချက်

……………………………………………………………………………………………………………

” မြန်မာနိုင်ငံတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအတွက် ပံ့ပိုးကူညီမှု အများဆုံးနှင့် အထင်ရှားဆုံး NGO အဖွဲ့အစည်းဖြစ်သည့် ရွှေမင်းသားဖောင်ဒေရှင်းမြန်မာနှင့် EU (European Union) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး စီမံကိန်းများကို ဇူလိုင်လမှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိကြောင်း “ ရွှေမင်းသားဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးငွေရ ပြောကြားခဲ့

Ref: The Voice Weekly

……………………………………………………………………………………………………………

National Press Award တစ်ဆုလျှင် ကျပ်ဆယ်သိန်းသတ်မှတ်

ဆုအမျိုးစားငါးခုဖြစ်ပြီး ဆုများကို နှစ်အစ ဇန်နဝါရီ ၁ ရက်နေ့မှ နှစ်အကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ထုတ်ဝေဖြန့်ချီထားသော စာနယ်ဇင်းအားလုံးမှ ရွေးချယ်ကာ ဖေဖော်ဝါရီလအတွင်း အခမ်းအနားဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆုအမျိုးအစားများမှာ

အကောင်းဆုံးသတင်းဆု (The Best Award)

အကောင်းဆုံးသတင်းဓါတ်ပုံဆု (The Best News Photo Award)

အကောင်းဆုံးသတင်းဆောင်းပါးဆု(The Best Feature Story Award)

အကောင်းဆုံးအာဘော်ဆောင်းပါးဆု(The Best Editorial Award)

ဖြစ်ကြောင်း သိခွင့်ရခဲ့ပါတယ် …

Ref: The Voice Weekly

……………………………………………………………………………………………………………

ဒီနေ့အတွက်တော့ ဖတ်မိခဲ့သမျှ ဒီလောက်ပါပဲ ကြောလည်းတောင့်နေပြီဗျ …. 😛

12 comments

  • windtalker

    August 20, 2011 at 9:01 pm

    နောက်နေ ့တွေ အတွက်လည်း
    ဒီလို တင်ဆက်ပုံမျိုး နဲ ့
    ကိုကင်းရဲ ့ပို ့စ်တွေ
    ဆက်လက်ဖတ်ရလိမ့်မယ် လို ့
    မျှော်လင့်မိပါကြောင်း

    • king

      August 20, 2011 at 9:21 pm

      ကျေးဇူးပါပဲ ကိုပေရေ …
      အခုလို အားပေးတဲ့အတွက် နောက်နေ့များစွာအတွက် အားတက်မိပါကြောင်း ….

  • kai

    August 21, 2011 at 12:54 am

    မြန်မာ့လက်ဝှေ့…အဲဒီလိုဖြစ်နေတာ စိတ်တောင်မကောင်းဘူး..။
    စံနစ်ကျမှုမှာ ကွာသွားတာထင်တယ်..။

    ဘာပဲဖြစ်ဖြစ်… (အဆင်ပြေရင်..)ယူအက်စ်မှာ..လက်ဝှေ့တပွဲလောက်တော့ ပွဲသွင်းချင်သား..။

  • တညင်သား

    August 21, 2011 at 7:14 am

    သူကြီးက လက်ဝှေ့တက်ထိုးမလို့လား မလုပ်ပါနဲ့ဗျာ….ဒီရွာမှာ သူကြီးမရှိလို့မဖြစ်ဘူးးးးးးးးးးးးး
    ကိုကင်းက အရင် အဲရော့စ် လုပ်သလို ကိုကင်းရဲ့ အာဘော်လေးနဲ့ဆို ဖတ်လို့ တော်တော်ကောင်းမှာဗျ …

  • moethidasoe

    August 21, 2011 at 7:17 am

    ပြောလို့ ပြောတာမဟုတ်ဘူး .. ကိုယ့်လူတွေကလဲ ပြည်တွင်းမှာ ပြိုင်ဖက် ရှားလာတဲ့အခါ .. ငါကွ ဆိုတာ ဖြစ်လာတယ် .. အချိန်မရွေး အေးဆေးပါ ဆိုတာ ဖြစ်လာကြတယ် .. အသောက်အစားဖက်လာကြတယ် .. မ ဖက် လိုက်ကြသူတွေလဲ မရှားဘူး ..

    နောက်တချက်က ခေါင်း မသုံးဘူး .. တပေါက်စိန်လို့ ခေါ်လို့ရတယ် .. ဒီလို ဝင်လို့ မရရင် ဟိုလို လှည့်ဝင်မယ်လို့ မစဉ်းစားကြဘူး .. သူထိုးတတ်တဲ့အတိုင်းသာ ထိုးနေကြတယ် ..

  • ကြောင်ကြီး

    August 21, 2011 at 8:02 am

    မောင်ကင်းက ဗွိုက်စ်ဂျာနယ်ကလား။ သတင်းတွေက အဲဒီဂျာနယ်ကို ညွှန်းထားလို့။ ဟုတ်ရင် အယ်ချုပ် ဒေါက်တာကျော်ဝင်းကို ပြောလိုက်ပါ၊ ပါဆယ်ဗုံးပို့မယ့်သူစာရင်းထဲမှာ သူရယ်၊ မြတ်ခိုင်ရယ်၊ အီးဂရက်စ်ကလူတွေရယ်၊ ဖားမင်းဆွေတို့ရယ် ရှေ့ဆုံးကပါတယ်လို့…။

    • king

      August 21, 2011 at 10:54 am

      ဘယ်သတင်းဂျာနယ်ကမှ မဟုတ်ပါ … မျက်စိရှေ့တွေ့တဲ့ ဂျာနယ်ဖတ်ကြည့်ရင်း မဖတ်ရသေးတဲ့ သူတွေ အတွက် သတင်းပေးချင်လို့ မျက်စိထဲ တိုးမိသမျှ မျှဝေပေးမိတာပါဗျ …
      သူတို့ဆီက စာကို ပြန်ရိုက် လိုက်ဖက်မယ့် ပုံတွေကိုရှာပြီး ထည့်ပေးလိုက်တာပါဗျ .. 😛
      ဂျာနယ်များများဖတ်မိရင် များများတင်ပေးနိုင်မည် ဖြစ်ကြောင်း… (တစ်စောင် ၅၀ဝိ/- ဝန်းကျင်မှာရှိ၍ များများမဝယ်နိုင်၍ ဖတ်မိသမျှတင်ပေးတာကို အားလုံးနားလည်ပေးနိုင်မယ် ထင်ကြောင်း ………………… ) 😀

  • မီးမီး သော်

    August 21, 2011 at 8:36 am

    ဟုတ်ပ ကိုကြာင်ကြီးရယ် ဖားမင်းဆွေဆီကိုတော့ အမြန်ပို ့စေချင်ပါတယ်။မြန်မြန်နဲ ့များများပို ့ပေးစေချင်ပါတယ်။အမျိုးမရှိအဆွေမရှိ ခွေးမျိုး။

  • icecube

    August 21, 2011 at 8:42 am

    ဖားမင်းဆွေက ခွေးမျိုးလား ၊ ဖားနဲ့ခွေးနဲ့ အဝှာ ပြုတာလား ( နောက်တာပါ ) 🙂

  • မီးမီး သော်

    August 21, 2011 at 8:52 am

    ဖြစ်နိုင်ပါတယ်။သူက ဖားရယ်ခွေးရယ် ငါးရယ်ပေါင်းထားတဲ့ လူမဟုတ်တဲ့ လူး ပါ။

  • pan pan

    August 22, 2011 at 9:50 am

    ငွေဘယ်ကရလဲဆိုတာလေး အရမ်းကြိုက်တယ်ရှင်
    ဟာသလိုလိုနဲ့ တခွန်းတည်းစီပြောသွားတာ

    • စုန်းထီး

      August 22, 2011 at 8:44 pm

      ပန်ပန်ရော ငွေဘယ်ကရလဲ …
      ကျုပ်ကတော့ လူတွေဆီက ရတယ် …. 😀

Leave a Reply