ဖေဖေ့ စေတနာ

ရွှေအိမ်စည်November 2, 20112min2128

ဖေ့ဖေ့ စေတနာ


ကျမဆယ်ကျော်သက်အရွယ်..ကလေးဘဝတုံးကအညာဒေသ မှာဖေေဖေပြောင်းရွှေ ့တာဝန်ကျတော့ကျမတို ့လည်းအညာမှာနေထိုင်ကြီးပြင်းခဲ ့ပါတယ်။
အညာမှာအခုလို နိုဝင်ဘာလ တန်ဆောင်တိုင်ပွဲတော်နဲ ့အတူ.ဘုရားပွဲလည်း
ဇာတ်ပွဲ၊ အငြိမ် ့ပွဲ၊ဆပ်ကပ်ပွဲ၊ ရုပ်သေးပွဲ၊ ပွဲဈေးတန်းများနဲ ့စည်းကားစွာ နှစ်စဉ်နှစ်တိုင်းကျင်းပြုလုပ်လေ့ရှိပါတယ်။

ကျမဆယ်ကျော်သက်အရွယ် ကလေးဘဝတုန်းအကြည့်ချင်ဆုံးကဆပ်ကပ်ပွဲဘဲဖြစ်ပါတယ်။
တနေ ့တော့ဖေဖေက ကျမတို ့ကလေးတသိုက်ကိုဆပ်ကပ်ပွဲပြမယ်လို ့ကတိပေးခဲ ့တယ်..။
ကျမတို ့မောင်နှမသုံးဥိးလည်းပျော်ရွှင်ခဲ ့ကြပါတယ်။ကျမတို ့အဲ ့ဒိနေ ့မှာ…အိမ်စာတွေပြီးအောင်လုပ်၊

မေမေ ့ကိုအိမ်အလုပ်တွေ ဝိုင်းကူရင်း ကလေးတို ့သဘာဝ ကျမတို ့မောင်နှမ သုံးဥိး အရင်နှစ်ကကြည့်ပြိးသားတွေ အကြောင်းပြန်လည်ပြောဆိုကြည်နှုးနေမိကြပါတယ်၊၊

ဒိလို နဲ ့နောက်တစ်နေ ့မှာတော့ဆပ်ကပ်ပွဲကြည့်ရန် ဆပ်ကပ်ပြပွဲအတွက်လက်မှတ်ဝယ်ရန်
ဖေဖေနဲ ့အတူတန်းစိခဲ ့ပါတယ်။ ကျမတို ့အမေကတော့ ရင်တုန်စရာကောင်းတဲ ့ပွဲ မလို ့မလိုက်ချင်ကြောင်းပြောပြီးအိမ်မှာနေခဲ ့ပါတယ်၊

ဒိလိုနဲ ့ကျမတို ့လတ်မှတ်တန်းစီလာလိုက်တာ…

နောက်ဆုံးမှာတော့ကျမတို ့နဲ ့လတ်မှတ်ကောင်တာကြားမှာ မိသားစုတစုသာကျန်ပါတော့တယ်။
ဒိမိသားစုလေးက ကျမကို အမှတ်ထင်ထင်ဖြစ်စေခဲ ့ပါတယ်။
အဲ  ဒိ ့မိသားစ ုမှာ ကလေး ခြောက်ယောက် ပါလာပါတယ်။ ။

ကလေး တွေ အားလုံးကအသက်၁၅နှစ်၁၆နှစ် အောက်မှာပဲရှိသေးပုံပေါ်ပါတယ်။ သူတို ့မိသားစုဟာပိုက်ဆံမရှိရှာဘူးလို ့ယူဆလို ့ရပါတယ်။

ဘာလို ့လည်းဆိုတော့ ကျမလည်းကလေးအရွယ်ပေမယ့် သူတို ့အဝတ်အစားတွေကိုကြည့်ပြိးခန် ့မှန်းတာပါ။
သူတို ့အဝတ်အစားတွေကအဖိုးမတန်လှပါဘူး ဒါပေမယ့်သန် ့သန် ့ရှင်းရှင်းတော ့ရှိပါတယ်။

 

သူတို ့ကလေးတွေ ဟာ  လိမ်မာ ယဉ်ကျေးပြီး သူတို ့မိဘတွေရဲ ့နောက်မှာ   နှစ်ယောက်တစ်တွဲ စိ လက်ချင်းချိတ်လျက်တန်းစိနေကြပါတယ်။

ထို နေ ့ညမှာသူတို ့မြင်တွေ ့ရမဲ ့လူပြက်များဆင်များနဲ ့အခြားပြကွက်များအကြောင်းကိုစိတ်အားထက်သန်စွာတက်တက်ကြွကြွနဲ ့တီးတိုးတီးတိုးသဖန်းပို းလုပ်နြေကြပါတယ်။ဆပ်ကပ်ပြပွဲ ကိုသူတို ့တစ်ခါမှမရောက်ဖူးဘူးဆိုတာ
ကျမကကလေးပီပီခန ့်မှန်းလို ့ပါတယ်။  ဆပ်ကပ်ပြပွဲ ကသူတို ့ငယ်ဘဝရဲ ့စိတ်ဝင်စားဖွယ်အမှတ်တရတစ်ခုဖြစ်လာမယ်လို ့ကတိပေးနေသလိုလိုပါဘဲ။
ကလေးတွေရဲ ့မိခင်နဲ ့ဖခင်က ကလေးတွေရဲ ့ရှေ ့မှာဝံ့ ကြွားစွာရပ်လို ့နေပါတယ်။
သူတို ့မိခင်ကိုကြည့်ရတာခင်ပွန်းသည်ရဲ ့လက်ကိုတွဲထားပြီးရှင်ကသူရဲ ကောင်းကြီးလို ့ပြောနေသလို လို လို ့ကျမထင်မိတယ်။
သူခင်ပွန်းကိုကြည့်ရတာဂုဏ်ယူဝင့်ကြွားပျော်မြူးနေသလို ကျမတွေးမိပါတယ်။

လက်မှတ်ရောင်းတဲ ့အမျိုးသားကလတ်မှတ်ဘယ်နှစ်စောင်လိုချင်သလဲမေးတော့
သူကဝံ့ ဝံ့ ကြွားကြွားဖြင့်ပြောပါတယ်။

“ကျွန်တော်မိသားစုဆပ်ကပ်ပွဲကြည့်ဖို ့ကလေးလတ်မှတ်ခြောက်စောင်နဲ ့လူ ကြီးလတ်မှတ်နှစ်စောင်ပေးပါ´´

လတ်မှတ်ရောင်းတဲ ့အမျိုးသား ကကျသင့်ငွေကိုပြောပါတယ်။ ကျသင့်ငွေကြားရတဲ ့အခါမှာ
ကလေးတွေဖခင်ရဲ ့မိခင်က သူ ့ရဲ ့လက်ကိုဖြုတ်လိုက်ပြီးခေါင်းငိုက်စိုက်ကျသွားပါတယ်။
သူတို ့ကလေးတွေ ဖခင်ရဲ ့နှုတ်ခမ်းကတုန်ယင်နေတယ်လို ့ကျမထင်မိတယ်။
သူတို ့ကလေးတွေရဲ ့ဖခင် က ကိုယ်ကိုရှေ ့အနည်းငယ်တိုးကာညွတ်ပြိး ထပ်မေးပါတယ်။

“ဘယ်လောက်ကျတယ်လို ့ခင်ဗျားပြောတာပါလဲ´´

လတ်မှတ်ရောင်းတဲ ့အမျိုးသားကဈေးနှုန်းကို ထပ်ပြောပြပါတယ်။
ကျမကြည် ့ရတာတော ့သူတို ့မိသားစုမှာ ထင်တာထက် ငွေပိုမပါတာသိသာပါတယ်။
သူတို ့ရဲ ့ကလေးရှစ်ယောက်ဆီလှည့်ပြိး  ဆပ်ကပ်ပွဲကြည့်ဖို ့ပိုက်ဆံမလောက်ဘူးဆိုတာ
ကလေးတွေဖခင် ဘယ်လိုပြောမလဲ လို ့ကျမက သိချင်နေပါတယ်။ အဲ ့ဒီလူကဘေးကိုထွက်လိုက်ပြီးဖေဖေ က တိုးပြီ ကလေးလတ်မှတ်သုံးစောင်နဲ ့လူကြီးလတ်မှတ်တစ်စောင် ကျွန်မတို ့အတွက်ဝယ်လိုက်ပါတယ်ပြီးမှ..

နောင်ကြီးရေ..ကျွန်နော်လည်းဝယ်ပြီးမှကျွန်နော်လည်းအရေးတကြီးသွားစရာရှိတယ်…ရော ့ဒီလတ်မှတ်လေးစောင်ကိုယူ လိုတာထပ်ဝယ်ပြီးကြည့်လိုက်တော့လို  ့အဲ ့ဒီအမျိုးသားလက်ထဲ လတ်မှတ်ထိုး တည် ့လိုက်ပါတယ်။
အဖြစ်အပျက်တွေကိုကြည့်ရင်း…. …….ကျမရဲ ့ဖေဖေကသူဘာလုပ်လည်းဆိုတာကျမတို သိလိုက်ပါပြီ။  ပြီးတော့သားတို ့သမီးတို ့ရေဖေဖေတို ့ဒီနေ ့သွားစရာရှိတယ်နောက်နေ ့မှကြည့်ရအောင်လို ့ကျမတို ့ကိုလှည့်ပြောလိုက်ပါတယ်။
(ကျမတို ့လည်းသိပ်ပြီးမချမ်းသာလှပါဘူးဖေဖေဘာလုပ်လိုက်တယ်ဆိုတာသိနေပါပြီ)။

ပြီးတော့ဖေဖေက  ခုဏက သူဘာသာ ပေးလိုက်တဲ ့ လက်မှတ်ကို ထို ကလေးတွေဖခင်ရဲ ့ပုခုံးကိုပုတ်ကာ ပြောလိုက်ပါတယ်။

“ဒိမှာခင်ဗျာ…..ခင်ဗျားတို ့လည်းကံကောင်းတယ်..ကျွန်နော်လည်းသွားစရာရှိနေတော့ပျော်ပျော်ရွှင်ရွှင်ကြည့်ပါ´´ လို ့ပြောပြီး …

ထိုအမျိုးသားက ဖေဖေလုပ်တဲ ့ အဖြစ်အပျက်ကိုသိလိုက်ပါတယ်။  သူ က ပေးကန်းဖို ့ကူညီဖို ့မတောင်းပန်ပေမဲ ့
ဖေဖေ ကူညိလိုက်တာကိုတော့   စိတ်နှလုံးမချမ်းမြေ ့စွာ ရှက်ကိုးရှက်ကန်းနဲ ့
ကျေးဇူးတင်ကာ လက်ခံ ခဲ ့ပါတယ်။

 

သူက ကျမဖေဖေရဲ ့မျက်လုံးတွေကို စူးစိုက်ကြည့်ရင်းဖေဖေ ့ရဲ ့
လက်ကိုသူ ့လက်နှစ်ဘက်အစုံနဲ ့ဆုပ်ကိုင်လိုက်ပါတယ်။

ကျမဖေဖေပေးလိုက်တဲ လတ်မှတ်လေးစောင် ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း..သူမျက်လုံးကမျက်ရည်ဝေ ့ပြိး နှုတ်ခမ်းတဆတ်ဆတ်တုန်ကာပြန်ဖြေခဲ ့ပါတယ်။

“ဒီလတ်မှတ်က..ကျွန်တော်နဲ ့ကျွန်တော့် မိသားစုအတွက်တကယ့်ကိုတန်ဘိုးရှိပါတယ်ဗျာ´´။

ဖေဖေ နဲ ့ကျမတို ့မောင်နှမသုံးဥိး..ပွဲဈေးတန်းလျှောက်ရင်း…ပြန်လာခဲ ့ပါတယ်။
ထို နေ့ညကဆပ်ကပ်ပွဲမကြည့်ခဲ ့ပါဘူး။ သွားကြည့်လို ့လည်းမဖြစ်တော့ဘူးလေ။

ကျမတို ့မောင်နှမသုံးဦးလုံး..လည်း ရွှေဆံတော် ခြေရင်းက ဗလာပွဲ ကပြ တဲ ့ရုပ်သေးရုပ်ပွဲကြည့်ပြီး….

တိတ်တိတ်ဆိတ်ဆိတ် ပဲအိမ်ပြန်လာခဲ့ကြပါတယ်။

ဝန်ခံချက်။         ။ငယ်စဉ်ကဖတ်မိသောဘာသာပြန်အဖြစ်ပျက်တခုကိုမှီငြမ်းရေးပါတယ်…..။မူရင်းရေးသူမမှတ်မိပါ။

ခင်မင်လေးစားသော
ရွှေအိမ်စည်

 

8 comments

  • koyinmaung

    November 2, 2011 at 10:47 pm

    ကောင်းလိုက်တဲ့အရေးအသားပါဘဲ
    ကိုယ့်ထက်နိမ့်ပါတဲ့သူကို ကိုယ်ကအနစ်နာခံပြီး
    ကူညီချင်တဲ့စိတ်ကိုလေးစားမိပါတယ်…

  • koyinmaung

    November 2, 2011 at 10:50 pm

    တင်ထားတဲ့ဓါတ်ပုံတွေကလဲကောင်းမှကောင်းပါဘဲ….

  • pooch

    November 2, 2011 at 11:19 pm

    နှလုံးသား အာဟာရ ရသစာပေထဲမှာ ပါတယ်.. ဆရာ ဖေမြင့်ရေးတာ …တို့်လည်း ဖတ်ဖူးတယ်…
    ပြောရရင် ဆယ်တန်းဖြေပြီး ကျောင်းမတက်ရခင် စပ်ကြား သင်တန်းတွေရယ် စာအုပ်ပုံတွေရယ် ကြားမှာ ခေါင်းနှစ်ခဲ့ဖူးတယ်… အဲ့ဒီအချိန်က ဖတ်သမျှတွေလည်း တော်တော် မှတ်မိတယ်…..

    ပြောရရင် အဲ့ဒီအချိန် အဲ့ဒီကာလ လေးကိုရော အဲ့ဒီလွတ်လပ်ပေါ့ပါးတဲ့ စိတ်ခံစားမှုလေးကို ရော အရမ်းလွမ်းတယ်….

    အဲ့ဒီထဲက တချို့ အကြောင်းအရာလေးတွေများဆို ဖတ်ပြီး တခါတခါ မျက်ရည်တောင်လည်တယ်…

    နောက်ပိုင်းဖတ်သမျှတွေကတော့ အဲ့ဒီလောက်မမှတ်မိတော့တာ ဘာကြောင့်မှန်းမသိဘူး…..
    ခံစားရတာတွေ များလာလို့ အရေထူလာသလား မသိဘူး…

    • ရွှေအိမ်စည်

      November 3, 2011 at 12:14 am

      အော်..ကျနော်မသိတာ..ဘာသာပြန်မူရင်းရေးသူကိုပါ…
      ကျနော်ဖတ်ဖူးတာက..အင်္ဂလိပ်မူရင်းပြောတာပါ….

      ကျနော်တို ့အရွယ်ရောက်လာတော့ကျနော်အင်္ဂလိပ်စာကျူရှင်ဆရာလည်းပြန်တယ်

      ဆရာဖေမြင့်လည်းပြန်တယ်..
      ……
      အင်္ဂလိပ်မူရင်းရေးသူကိုသာမမှတ်မိတာပါ

      တူတော့သိပ်မတူပါဘူး..ကျနော်ကမှတ်မိတာလျှောက်ရေးတာ…

      ဇရာကတော့…ခုလည်းစကားပြောလာပြီ…..ကျနော်မျက်စိမျက်မှန်တပ်ရပြိ….
      ညစ်တယ်

      • thit min

        November 3, 2011 at 7:59 am

        Chicken Soup For The Soulကတော်တော်နာမည်ကြီးတဲ့စိတ်အဟာရစာတိုလေးတွေပါဘဲ။လူအများကြီးကိုဖိတ်ခေါ်ရေးစေခဲ့တဲ့ထူးခြားတဲ့ပုံစံနဲ့ရသတွေလဲစုံလှပါတယ်။
        ဘာဘဲဖြစ်ဖြစ် “ရှယ်ချင်တဲ့ မရွှေအိမ်စည်ရဲ့ စေတနာ” ကိုမြင်ရလို့ကျေးဇူးပါနော်။(^^)
        ဒီဟာက မူရင်းပါ။ဘာသာပြန်ပြီးသားကော၊မူရင်းကိုရောသဘောကျပြီးသားဖတ်ပြီးသားပါ။

        Once when I was a teengaer, my father and I were standing in line to buy tickets for the circus. Finally there was only one family between us and the ticket counter. This family made a big impression on me. There were eight children, all probably under the age of 12. You could tell they didn’t have a lot of money. Their clothes were not expensive, but they were clean. The children were well behaved. all of them standing in line, two by two behind their parents, holding hands. They were excitedly jabbering about the clowns, elephants and other acts they would see that night. One couls sense they had never been to circus before. It Promised to be highlighted of their young lives.
        My father and mother were at the head of the pack standing proud as could be. The mother was holding her husbands hand, looking up at him as if to say,”You are my knight in shining armor.” He was smiling and basking in pride looking at her as if to reply,”You got that right.”
        The ticket lady asked the father how many tickets he wanted . He proudly responded, ” please let me buy eight children tickets and adult tickets so i can take my family to the circus.”
        The ticket ladsy quoted the price.
        The man’s wife let go of his hand. her head dropped, The mans lips began to quiver. The father leaned a little closer and asked, ” How much did you say.”
        The ticket lady quoted the price again.
        The man didnt have enough money.
        How was he supposed to turn and tell his eight kids around that he didnt have enough money to take them to circus.
        Seeing what was going on, my dad put his hand into his pocket, Pulled out a $20 bill and dropped it on the ground.(We were not wealthy in any sense oft the word!)
        My father reached down, picked up the bill, tapped the man on the shoulder and said,”Excuse me sirthis fell out of your pocket.”
        The man knew waht was going on. He wasnt begging for a handout but certainly appreciated the hepl in desperate, heart breaknig embrassing situation.He looked straight into my dad’s eyes took my dads hands in both of his squezzed tightly onto the 420 bill, and with his lip quivering and a tear streaming down his cheek, he replied, ” Thank you, thank you sir. This means a lot to me and my family.”
        My father and i went back to our car and drove home. We didint go to the circus that night, but we didnt go without.
        Dan Clark
        (From Chicken Soup For The Soul Stories)

  • kocho

    November 3, 2011 at 3:30 am

    ဓတ်ပုံများရသမြောက်လှ၏

  • pan pan

    November 3, 2011 at 11:02 am

    ကျမငယ်ငယ်က ဖတ်ခဲ့ရတယ့် ကာတွန်းနဲ့လည်း ဇာတ်လမ်းခပ်ဆင်ဆင်ပါပဲ
    ငယ်ငယ်ကတော့ ကလေးကြိုက်ကာတွန်းတွေဖတ်တယ်လေ
    အဲဒီမှာ ခုထိစိတ်ထဲကျန်နေခဲတဲ့ ကာတွန်းတွေထဲကတစ်ပုဒ်ကတော့
    အဲလိုပဲ မိသားစုတွေဆပ်ကပ်ကြည့်ဖို့လက်မှတ်ဝယ်တာကို ဇာတ်လိုက်ကလေးရဲ့အဖေက
    ဘယ်လိုကူညီလဲဆိုတော့ သူကပိုက်ဆံတစ်ရွက်ဘယ်သူမှမသိအောင် အောက်ကိုတမင်ချလိုက်တယ်
    ပြီးမှ “ဟာ၊ နောင်ကြီး ဒီမှာပိုက်ဆံကျနေတယ်၊ နောင်ကြီးပိုက်ဆံမလား၊ ရော့”ဆိုပြီး ကောက်ပေးလိုက်တယ်တဲ့

  • နီလေး

    November 3, 2011 at 11:54 am

    ကျမငယ်ငယ်ကလဲ ပန်ပန်မန့်ထားသလိုပဲ ဖတ်ဖူးတယ်

Leave a Reply