နိမိတ်ပုံများ

thit minNovember 2, 20111min30313

#စဉ်းစားအကြံ

ကဗျာသဏ္ဌာန် စာသဏ္ဌာန်စီ

ရင်ကိုမှန်သည်၊ဖြည်းဖြည်းနှင့်~~~၊
#ပေါက်ခဲ့အတွေး

ကဗျာကိုမွေး၊စာကိုမွေးသည်

ဝါသနာထွေးသည်၊နွေးနွေးနှင့်~~~၊
#ကြားသည့်စကား

ကဗျာများဖြစ်၊စာများဖြစ်တည်

ရောင်ညစ်မထေး၊ဖွေးဖွေးနှင့်~~~၊
#လျှောက်ခဲ့သည်လမ်း

ကဗျာပန်းပွင့်၊စာပန်းပွင့်ပြီ

ကမ်းဆင့်ရနံ့ မွှေးမွှေးနှင့်~~~၊

 

#ကဗျာကိုချစ်၊စာကိုချစ်စိတ်

နမိတ်ပုံထပ်

ထင်ဟပ်ပြသော ဒီသဘောကို

မိုးနဲ့ပင်လယ် ဆက်စပ်နွယ်သို့

ဖွဲ့ဆို ခြယ်မှုန်း ကျွန်သီကုံးချင်……..
#နှလုံးသားတိမ်ပြို

မိုးရေငိုတို့

ဦးနှောက်တောင်တန်း

စီးဖြတ်သန်းလို့

ချောင်းနှယ်မြစ်နှယ်

ဆင့်ဆင့်သွယ်သို့

သွေးကြောတလျှောက်

ဆက်လက်ယှက်နွယ်

စီးဆင်းသွယ်အုန်း

သည်လမ်းဆုံးဝယ်

စွမ်းပြတင့်တယ်…

ကဗျာပင်လယ်၊စာပင်လယ်……….။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခင်မင်လးစားစွာဖြင့်

 

မောင်သစ်မင်း(^^)

13 comments

  • koyinmaung

    November 2, 2011 at 10:36 pm

    အားနဲ့အင်နဲ့ ကူးခတ်ပြလိုက်ပါတော့
    ကိုသစ်မင်းရေ………

  • blackchaw

    November 2, 2011 at 10:39 pm

    သီချင်းကိုချစ်
    မင်းကိုချစ်၍
    ရေးမိပါသည်
    ဂီတပန်းချီကို
    ချစ်သူ သိနိုင်ပါစေသား။
    ကဗျာကိုချစ်၊
    စာကိုချစ်၍
    ဖတ်မိပါသည်
    စာပန်းချီကို
    အကစ်သို သိနိုင်ပါစေသား။
    (မှတ်ချက် – ကိုပေ့ လေသံဖြင့်)

  • comegyi

    November 3, 2011 at 1:16 am

    အနော်ကတော့ ခီဗျားတို့လို မရေးတတ်တော့ ဆရာမင်းလူရဲ့
    ဟိုက္ကူကဗျာတစ်ပုဒ်ကို ခိုးချလိုက်မယ်
    ဂဏန်းသုံးလုံးတွဲ
    ထိပ်စီးအလယ် နောက်ပိတ်လွဲ
    ကဗျာဆရာမွဲ………
    တဲ့ဗျ……..

  • etone

    November 3, 2011 at 9:44 am

    ကဗျာပင်လယ် ၊ စာပင်လယ်မို့
    ရေးမကုန် ၊အတွေးစုံနဲ့
    မတူတာတွေး ၊ စီကာရေးဖို့
    တင်ပြီဒီလက် ၊ကီးဘုတ်ပေါ် :mrgreen:

    • thit min

      November 3, 2011 at 10:10 am

      ဇီးထုပ်အဖော်ထား
      ကီးဘုတ်ပေါ်ကစား
      ညီးအလုပ်”တော်” သားဟဲ့(^^)

    • ပေါက်ဖော်

      November 3, 2011 at 8:30 pm

      ဇီးထုပ်ကုန်သွား
      မိတုံးနား..
      အုံးတစ်တီး ပေါက်ကာသွား..သတဲ့
      🙄

      • etone

        November 4, 2011 at 9:49 am

        အီးပေါက်တဲ့ဖင်၊ ချုပ်ဖို့ပြင်
        ရှာလာငွေအပ်၊ အပ်ချည်တဖြတ်
        မှတ်အောင်ချုပ်ပေး ၊ လန့်ကာအဝေး
        နောက်မပေါက်ရဲအောင် ……… ပြေးးးးးးးးးး 😆

  • ကြောင်ကြီး

    November 3, 2011 at 10:34 am

    နမိတ်ပုံဆို
    စိတ်ကုန်ဒယ်
    လိပ်ယုန်ပမာ
    မိတ်ဆုံခွာပြဲ…

  • alinsett

    November 3, 2011 at 6:48 pm

    သိပ် အားရလှတဲ ့ကဗျာတော့မဟုတ်ဘူး ကိုသစ်မင်း..။
    ကျွန်တော် အကြိုက်နဲ ့မကိုက်လို ့ပြောတာနော်..။:d
    လူတစ်ယောက်စီမှာ အကြိုက်တစ်မျိုးစီဆိုတော့…..
    ဘာပဲ.ဖြစ်ဖြစ်..ကဗျာရေးတဲ ့လူငယ်တစ်ယောက်အဖြစ်…ကျွန်တော်..လေးစားအားကျတဲ ့သူတွေထဲမှာ
    ကိုသစ်မင်း ပါတယ်။
    ခင်မင်..စွာ…

    • thit min

      November 4, 2011 at 5:59 am

      ဟုတ်ကဲ့ ကိုအလင်းဆက်ရေ……………..
      ဝေဖန်အကြံပြုမှုများကိုကြိုဆိုပါတယ်ခင်ဗျာ။
      အရင်တုန်းကဆို ကျနော်တို့ကဗျာတွေကိုကဗျာတွေနဲ့ပြန်မန့်တာမျိုးလဲရှိတာမို့စိတ်ပါရင်ချီးမြှင့်ပါလို့။
      ခင်မင်လေးစားစွာဖြင့်
      သစ်မင်း(^^)

  • alinsett

    November 6, 2011 at 6:57 pm

    ကျွန်တော်…က ကဗျာရေးတာ အင်မတန်ညံ့ပါတယ်ကိုသစ်မင်းရေ.။
    ကဗျာကို ခံစားသူနေရာမှာပဲ….ရပ်နေရ လုလုပါ။ ကျွန်တော်အကြိုက် ကဗျာဆိုတာကလည်း
    ကာရန်တွေ.နဘေတွေ..အကုန်စွန့်လွှတ်ပြီး..လွတ်လပ်စွာ..ပြီးတော့….နားလည်ရခက်စွာ..ရေးတာမျိုးတွေ..လေ။
    ကျွန်တော်..ကိုသစ်မင်း ကဗျာကို မန်းသွားတာ တစ်ခု လွန်သွားပါတယ် ။ အဲဒါက်ို အခု လာတောင်းပန်တာပါနော်။
    သိပ်အားရလှတဲ ့ကဗျာတော့မဟုတ်ဘူး..ဆိုတဲ ့စကားကို ပြန်ရုတ်သိမ်းပါတယ်ဗျာ။
    တကယ်တော့ ကိုယ် ့အကြိုက်နဲ ့မကိုူက်ညီတိုင်း…မကောင်းဘူး လို ့ပြောတာဟာ သိပ်ဆိုးပါတယ် ။
    ကျွန်တော်..အားမရတာက ကိုယ် ့အကြိုက်နဲ ့မကိုက်ညီလို ့ပါ ။ အကြိုက်နဲ ့ကိုက်ညီသူတွေ.က အားရ ကျေနပ်ပါလိမ့်မယ် ။
    ကျွန်တော်က ခပ်တိမ်တိမ်လေး တွေးပြီး ချရေးလိုက်မိတာပါ ။
    ကျွန်တော်..တကယ့်ကို တောင်းပန်ပါတယ်။
    လိုင်း…မတူ ပေမယ့်……စာပေကို ချစ်တဲ ့သူအချင်းချင်း…လေးစားစွာ ..တန်ဖိုးထားလျက်ပါ။
    ကျွန်တော်..ကဗျာတွေ ပြန်ရေးပြီး…မန်းချင်ပေမယ့် မရေးတတ်လို ့… နားလည်ပေးပါ ဗျာ.။
    ကျွန်တော်..ရေးတဲ ့ကဗျာ..ဆိုတာကလည်း…ကိုသစ်မင်းလို
    စနစ်တွေ..ဘောင်တွေ..ထဲ မှာ အံဝင်ခွင်ကျ..လှပနေမယ့် ကဗျာမျိုးတွေ..မဟုတ်ပါဘူး။
    အချိုးပျက်မှုတွေ..စံသွေမှုတွေ…..စိတ်အတွင့်းပိုင်းထဲက နက်ရှိုင်းမှုကို တူးဖော်ခြင်းတွေ..နဲ ့ အရမ်းရှုပ်ထွေးနေတဲ ့ကဗျာတွေ..ပါ။

    ဘာပဲ..ပြောပြော ကဗျာရေးသူမို ့ ကိုသစ်မင်းကို လေးစားစွာ..ခင်မင်ပါတယ်။

    ခင်မင် လေးစားစွာ….
    အလင်းဆက်

    • thit min

      November 6, 2011 at 7:09 pm

      ကိုအလင်းဆက်ရာ

      အသက်နဲ့မလိုက်အောင်ရင့်ကျက်ပြည့်ဝတဲ့ ကိုအလင်းဆက်ကိုအစောကြီးထဲက ခင်မင်လေးစားပြီးသားပါခင်ဗျာ။

      ကျနော်အလုပ်က သုတေသနသမားအလုပ်ကို လုပ်တာမို့ ကော်မန့်တေတာတယောက်ရဲ့

      (Argument)တဘက်အမြင်တို့ (Critize )ဝေဖန်အကြံပြုမှုတို့ ဆိုတာ ကျနော် အတွက်

      အဖိုးတန်တဲ့ဖြည့်စွက်ချက်တွေပါ။

      လိုလိုလားလားကိုလက်ခံပါတယ်။

      ကိုအလင်းဆက်အပေါ် အရင်ကရော၊အခုရောဘယ်လိုမှစိတ်ထဲမှာ ဘာမှကိုမရှိတာမို့စိတ်အေးလက်အေးရှိပါနော်။

      ခင်မင်စွာဖြင့်

      သစ်မင်း

  • windtalker

    November 6, 2011 at 7:24 pm

    ကဗျာပင်လယ် ၊ စာပင်လယ် ထဲက ကပ္ပတိန်ကိုသစ် ရဲ ့ဖန်ဆင်းချက်များ

Leave a Reply