အမျိုးသမီးများသာ..ဖတ်ရန် ( တစ်ယောက်သော သူ..သို ့……)

alinsettSeptember 1, 20111min32450

ကျွန်တော့် ဘဝ ထဲမှ တစ်သက်စာ ပျောက်ဆုံးသွားပြီ ဟု ထင်ခဲ ့သော ကျွန်တော် ့ချစ်သူကို mandalaygazette ထဲမှာ ပြန်လည် ရှာဖွေ တွေ ့ရှိပြီ ဖြစ်သည်။
အဝေးကြီး..ဝေးသွားခဲ ့ပြီ ဟု ထင်ခဲ ့သော်လည်း…အခုတော့ဖြင့် လက်တစ်ကမ်း အကွာမှာပါလား…. ။
ဘုရား ဘုရား……။ သူမ ဟာ ကျွန်တော်ရေးခဲ ့သမျှ စာတွေကို ဝင်ရောက် ဖတ်ရှုနေခဲ ့တာပါလား..။

www.myanmargazette.net သည် ကျွန်တော် နှင့် သူမ အတွက် ပြန်လည် ဆုံဆည်းရာ ဆုံမှတ်တစ်ခုပေါ့လေ။
သူမကို ရှာဖွေ တွေ ့ရှိသွားစေခဲ့သော..(သူမရေးထားသော..) ခံစားချက် စာစုကလေးကို (မထင်မှတ်ပဲ..) ကျွန်တော် ဖတ် လိုက်မိပါသည်။
ထို Post တွင် ရေးသားထားသော..သူမ၏စကားလုံးများသည် ကျွန်တော် နှင့် သူမ လျှောက်ခဲ့သော လမ်းဖြစ်သည်.။
ကျွန်တော်တို ့မက်ခဲ ့သော..အိပ်မက် ဖြစ်သည်။ ထို ့ပြင် ကျွန်တော်တို ့၏ မှာယွင်းသော ရွေးချယ်မှုများလည်း ဖြစ်ပါသည်။
ကျွန်တော်တို ့နှစ်ဦးသား..မှားယွင်းသော လမ်းကို လျှောက်ခဲ ့ကြခြင်းဖြစ်သည်။
သူမ၏ အမှားကို ချစ်သောစိတ်ဖြင့် ကျွန်တော်က ခွင့်လွှတ်နိုင်ခဲ ့ပြီ…။
ကျွန်တော့် အမှားကိုတော့ (သူမ ကျေနပ်နှစ်သိမ့်နိုင်ဖို ့) တောင်းပန်ရဦးမည်။
စာပေအနုပညာကို မြတ်နိုးသူ မို ့ ကဗျာ တစ်ပုဒ်ဖြင့် တောင်းပန်လိုပါသည်။
တောင်းပန်ခြင်း ဆိုတာထက် ခံစားချက်ကို ဖွင့်ပြခြင်းဆိုလျှင် ပို မှန်ပါလိမ် ့မည်။
ကဗျာသည် ကဗျာအမည် မပါသော ကဗျာဖြစ်ပြီး..ဆရာ တာရာမင်းဝေ ရေးသော ကဗျာလေး ဖြစ်ပါသည်။
ကျွန်တော့် ခံစားချက်နှင့် တိတိကျကျ တိုက်ဆိုင်နေသောကြောင့် ထိုကဗျာကလေးကိုသာ ရွတ်…ပြ ပါရစေတော့….။
.

* …. …. …. …. …
… … … …. ….
ငါ့ဆီ ငါပြန်ရောက်ပါတော့မလား..
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ မောလှပြီ။

* ငါ့ကိုယုံပါ။
ငါဟာ…..
လမ်းကူးရင်တောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ။

* ငါမပစ်ခတ်ခဲ ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ။
ငါ့ကိုယုံပါ။

* လူတွေဆီက မတောင်းခဲ ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ ့သူပါ။
ငါ့ကိုယုံပါ ။

* ( ဖိနပ်မစီးထားတဲ ့ကလေးငယ်လိုပဲ..
ဘယ်သူကမှ….
အိမ်ထဲဝင်ဖို ့ ငါ့က်ို မဖတ်ချင်ကြဘူး)

* လက်တစ်ဖက်နဲ ့
ခေါ်လို ့မရတဲ ့ကောင်းကင်
လက်နှစ်ဖက်နဲ ့လှမ်းခေါ်တော့လည်း..
အရာမထင်ဘူး။

* ငါ တတ်တဲ ့မြေကြီးစကားနဲ ့
ကောင်းကင်ကြီးနားလည်အောင်
ပြောမပြနိုင်ခဲ ့ဘူးလေ……။ ။

သည်ကဗျာလေးကို ထုံးစံအတိုင်း သူမ ဝင်ဖတ်ဦးမည်…။
ပြီးလျှင် ထုံးစံအတိုင်း သူမ ကလည်း သူမ၏ခံစားချက်ကလေးများကို ရေးဦးမည်။
ထုံးစံအတိုင်း ကျွန်တော်ကလည်း..သူမ ရေး တင်သမျှ Posts များကို ဝင်ဖတ်ရဦးမည်။ ထိုသို ့ဖြင့်…… ….. ….. ….. . … . .. . . . . . . . . . . .. . . . . . . .

www.myanmargazette.net သည်
ကျွန်တော်တို ့နှစ်ယောက်ကို ပိုနီးသွားစေမလား…။
ဒါမှမဟုတ် ပိုဝေးကွာသွားစေမလား…………….
အဲဒါက်ိုတော့ အချိန်က အဆုံး အဖြတ်ပေးပါလိမ့်မည်။ ။ ။

( ကဗျာသည် တာရာမင်းဝေ၏”” စောင်းကြိုးပြတ်ရွာ မွန်တည့်အလွန် (၄)နာရီ “” ဆိုသော စာအုပ်ထဲမှ ဖြစ်ပါသည်။)

လေးစားစွာဖြင် ့…..

အလင်းဆက်

alimsett.art@gmail.com

50 comments

  • etone

    September 1, 2011 at 4:21 pm

    ဟာ .. မိုက်တယ်ကွာ .. ဘယ်သူများပါလိမ့်… ။
    etone ရည်းစားဟောင်းတော့ မဖြစ်လောက်ပါဘူး …. 😛 😛 သူက စာမရေးတတ်ဘူး … စိတ်မရှည်ဘူး .. ပြန်လာဖို့လည်း စိတ်ကူးမရှိဘူး … အခုဆို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် ထင်မှာ မဟုတ်ဘူး .. ဟွန့် … ။ 🙄 ကြည်တုန်းက တမျိုး မကြည်တော့တမျိုး … တတ်လည်း တတ်နိုင်တဲ့ ယောကျာ်း … ( :mrgreen: ဟီးဟီး .. သူ့ကိုပြောတာပါနော် 😛 )

  • မီးမီး သော်

    September 1, 2011 at 4:30 pm

    မမအိတုံရေ ဘယ်သူများပါလိမ့်။တို ့ရွာသူတွေထဲကဆိုပါလား။MG ကောင်းမှုပေါ့နော့။ပျော်ရွှင်ပါစေ။

    • etone

      September 1, 2011 at 4:53 pm

      အင်း ..သူပြောမှ ဘယ်သူများလဲ သိချင်နေကြတယ် … ။ ဇာတ်ပေါင်းခန်းလေး ပြန်ဖြစ်သွားရင်တော့ .. သိပ်ကောင်းမှာပါပဲ … ။ ချစ်တဲ့လူနဲ့ ကွေကွင်းရခြင်း ကင်းပါစေလို့ ဆုတောင်းပါတယ် အလင်းစက်ရေ .. 🙄

  • စုံ စုံ

    September 1, 2011 at 4:38 pm

    alinsett ရေ အိုကေမှာစိုပြေသွားရင်လဲ
    ရွာထဲမှာသံချောင်းခေါက်ဖို့မမေ့နဲ့ဦးနော်
    ထပ်တူပျော်ပေးလို့ရအောင် 😛

    • weRone

      September 2, 2011 at 9:55 am

      သံချောင်းခေါက်ရင်လည်း သေချာကြည့်ခေါက် အုံးနော် တော် ကြာ မီးလန့် တာနဲ မှားနေအုံးမယ်… 😀 😛

  • ပေစုတ်စုတ်

    September 1, 2011 at 5:15 pm

    ဒူလဲမတိဘူး.. စိတ်ဝင်စားစရာတော့..တော်တော်ကောင်းနေပြီ.. ကိုရီးယားကားတွေနေခဲ့တော့ ဟဟ မကြာခင်ဇာတ်ပေါင်းခန်းလေးကြားရမယ်မျှှော်လင့်ပါတယ်… alinsett ရဲ့ထိပ်ထားလေး မှန်ရွှေပြူပြတင်းမှာ ကိုယ်ထင်ပြလှည့်ပါလို ့…..

  • hmee

    September 1, 2011 at 6:20 pm

    ကဲ ပဟေဠိ အဖြေညှိမယ်ဟေ့။ ဘူလေးလဲ ဘူလေးလဲ။ 🙂

  • ရွှေဘိုသား

    September 1, 2011 at 6:39 pm

    တစ်ခါပြန်ခဲ့ပါ..
    မင်းအမိန့်တွေဆို နာခံလျက်ပါ..
    ဒါအမှန်ပေါ့ကွာ၊ အရာရာသဘောကျ
    နောက်ဆို.. မင်းပြောသမျှကို အညာခံတော့မှာ..
    အဝေးတစ်နေရာက မလာနိုင်ခဲ့လဲ
    ဒီကဗျာလေးတွေ့ရင် စာချန်ခဲ့ကွာ..
    အပျော်ဇယားတွေနဲ့ မသာယာတော့တာ
    ငါ့ရင်ထဲမှာ ဟာနေလို့ပါ
    အမှန်အတိုင်းပြောရင် ငါ..ငါ..ငါ..ဆာနေလို့ပါ။ (ရေဆာတာ လွမ်းလွန်းလို့)
    အစ်ကိုအလင်းဆက် ဒီအတိုင်းပဲလားဗျ
    ရွာထဲက မမကြီး ပြန်သွားလိုက်နော် ဒီတစ်ခါ နောက်ဆုံးအခွင်.ရေးဗျ
    ကျနော်ဆိုရင်တော. အခွင်.ရေး တစ်ခါပဲပေးတာ ကိုလင်း ကြီးကတော. ဘယ်လိုလည်းမသိဘူး
    ကျနော်ကတော.သီချင်းတောင် ဘာဘူ ရဲ.
    (မင်းနဲ.ပျက်ရင် အသည်းကွဲမယ် နောက်တစ်ယောက်မရခင်ထိ )ဆိုတဲ.သီချင်းပဲဆိုတာ

  • ရဲအောင်

    September 1, 2011 at 9:34 pm

    အင်း……….. မိန်းကလေး လေးယောက်ထဲက တစ်ယောက်များလား……
    ခုထိတော့ လေးယောက်ပဲ လာမန်းသေးတာ…….. စဉ်းစားရကျပ်လိုက်တာ…. 🙄

  • myanpyithar

    September 2, 2011 at 8:39 am

    ပြန်ပေါင်းထုပ်နိုင်ပါစေဗျာ…
    ဘာဘဲပြောပြော..ငယ်ကချစ်အနှစ်တစ်ရာမမေ့သာလို့ဆိုတယ်မို့လား….

  • နီလေး

    September 2, 2011 at 9:25 am

    ငါးယောက်မြောက်ဖြစ်သွားအောင် မန်းလိုက်ပါ့ပြီ ဘူလေးလဲ

  • ကြောင်ကြီး

    September 2, 2011 at 9:38 am

    ဂျော်လကီအုပေါင်
    ဒါမှမဟုတ်ရင်
    ရွာသူဖြိုး
    တယောက်ယောက်ပဲ..
    ဇာတ်ပြန်ပေါင်းထုတ်မှာ
    ပြောစရာဘာမှမရှိ
    သို့ပေမဲ့
    ကွန်ဒုံးလေးတော့ဆောင်..။

  • blackchaw

    September 2, 2011 at 10:12 am

    ဟေ့ ဟေ့ အဲလိုလုပ်ရဘူးလေ၊ ယုံထင်ကြောင်ထင်တွေ ဖြစ်ကုန်ပြီ။ မုဒိတာလေးပွားရအောင် ပွင့်ပွင်လင်းလင်း လုပ်မှပေါ့။

  • manawphyulay

    September 2, 2011 at 12:11 pm

    တူပြောတဲ့ သူက ဒူလေးလဲ ဒူလေးလဲ…… 🙂

  • နွယ်ပင်

    September 2, 2011 at 12:22 pm

    စိတ်ဝင်စားရာကောင်းတယ် ဘယ်သူများပါလိမ့် သိချင်လိုက်တာ
    mandalaygazette ကြီးက ဒါမျိုးလဲ ဖြစ်တာပါပဲလား ………. 🙂

  • windtalker

    September 2, 2011 at 12:28 pm

    ကောင်းဗျာ
    ကဗျာ စာသားတွေ က လဲ ဂွတ်တယ်
    ဇါတ်လမ်းလေး က လည်း ဂျွတ်တယ် ( အမှန်လားတော့ မသိ )
    အဖြေမှန်လေး ကို လည်း ဖော်ထုတ်ပေးလိုက်ပါဦး
    အလက်စင်း ရေ

  • etone

    September 2, 2011 at 1:06 pm

    ဝင်မန်းတဲ့ လူက မဖြစ်နိုင်တာ မဟုတ်ဘူးလားဟင် … ။ မမန်းတဲ့ လူတွေထဲကများ ဖြစ်နိုင်မလားပဲ ဟဲဟဲ … 🙄

    • pan pan

      May 22, 2012 at 10:49 pm

      ဒါဆို ဝင်မန်းလိုက်ပြီ
      ဂျောက်ဂျလက် ဂွက်
      တို့လွတ်သွားပြီ

  • Ba Gyi Taw

    September 2, 2011 at 1:46 pm

    ီအီးတုံ ရေ
    ဘကြီးလဲ သားကျွေးမှု၊ မယားကျွေးမှုနဲ ့အရပ်တကာလှည့်ပြီး လိမ်(အဲလေ)စီးပွားရှာနေရတာနဲ ့ဂေဇက်နဲ ့ဝေးနေလို ့update လေးတွေပြောပေးပါဦး ။ ဟိုဒင်းကောင်လေးပြောတဲ့ သူ ့ရည်းစားနဲ ့ပြန်တွေ ့တယ်ဆိုတာ ။ ဘတောင်ရင်တွေခုန်လာပြီ ။ ငယ်ငယ်တုံးက ဆော်ကြီးနဲ ့များ ဂေဇက် မှာပြန်တွေ ့လေမလားလို ့။

    • windtalker

      September 2, 2011 at 2:01 pm

      ဘကြီး ဆိုတော့ အသက်၅ဝ ကျော်လောက်ပီပေါ့နော်
      စကားမစပ်
      ဘကြီး က ငယ်တုန်း က ဆော်ကြီး နဲ ့
      ဂေဇက် မှာ ပြန်တွေ ့ရင်
      ဘာတွေ ဘယ်လို တွေ လုပ်မယ် လို ့စိတ်ကူးထားသလဲ ဆိုတာလေး
      ဗျူးပါရစေနော်
      ဟီဟိ

  • pooch

    September 2, 2011 at 1:51 pm

    ဟယ်.. သိရင်လည်း ပြောပြကြအုန်းနော် တို့လည်း သိချင်တယ် ဘယ်သူလေးပါလိမ့်…

  • Moe Z

    September 2, 2011 at 1:59 pm

    အထင်လွဲမှာစိုးလို့ မိုးစက်လဲ မန်းတယ်နော်..

  • Ba Gyi Taw

    September 2, 2011 at 2:10 pm

    ဇာတ်ကား နာမည်နဲ ့ကောင်လေးရေ
    ခုခေတ် ကိုရီးယားကားထဲကလို လုပ်မှာပေါ ့။

  • chitlay

    September 2, 2011 at 2:44 pm

    မမန်းတဲ့သူပဲ ဖြစ်ဖို့များတယ်……။ ဟုတ်တယ်ဟုတ်

  • favourite

    September 2, 2011 at 4:51 pm

    ဟေ့ မင်းတို့ ခုထိမသိကြဘူးလား နာတောင်သိတယ် အရင်ပို့စ်တွေ ပြန်ရှာကြည့်ကြလေ ဂယ်ပဲ

  • Shwe Ei

    September 2, 2011 at 4:54 pm

    ”မမန်းတဲ့သူပဲ ဖြစ်ဖို့များတယ်……။ ဟုတ်တယ်ဟုတ်”
    အောင်မငီး၊ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တွေဖြစ်ကုန်တော့မယ် ချစ်လေးရေ။ မြန်မြန်အဖြေပေါ်ပါတော့။

  • nayminn

    September 2, 2011 at 5:15 pm

    မှားတာရှိရင်တောင်းပန်ပါတယ်..တဲ့။
    အပြစ်မမြင်ပါဘူး…ဆိုပြီးတော့။
    ကျေနပ်လိုက်ပါ…မအေးစိမ်ရယ်။

  • ရွှေဘိုသား

    September 2, 2011 at 6:22 pm

    ဘယ်သူလဲ ပြန်လာလို.မရတော.ဘူး ငါ.မှာ ကလေးတွေမြေးတွေတောင်ရနေပြီ

  • alinsett

    September 2, 2011 at 6:52 pm

    ကိုကြီးကြောင်ပြောတဲ ့ဂျော်လကီအုပေါင်ဆိုတာ..ဘယ်လိုနေမှန်းတောင်မသိပါဘူးဗျာ။ ကိုကြီးကြောင်..ကြည့်ရတာ ကိုယ် ့ကို အဲဒီ အုပေါင် နဲ ့တော်တော် တွဲ မြင်နေတယ်နော် ။ ဒုက္ခပါပဲ…။

    ရွာသူဖြိုးဆိုတာလည်း…..အင်း….ဒုက္ခ…ဒုက္ခ..။ ပြ၊ီးတော့ ဟိုဟာ..ကြီးလည်း ဆောင် ဆိုပဲ။ ကိုယ်က
    လူပျိုကြီးလုပ်ဖို ့တောင် စိတ်ကူးနေပြီ..ကို။
    နတ်သမီးတော့ မဟုတ်တာသေချာပါတယ် ။ ကိုကြီးကြောင်..ထင်နေတာတွေ လည်း မဟုတ်တာသေချာပါတယ် ။

  • chitpyae

    September 8, 2011 at 1:59 pm

    ငါ ထင်တယ် .. ငါ ထင်နေတယ် နော် .. ရွာထဲက မမ ချောချောလေး တယောက်ဖြစ်ရမယလ်ို့ .. 😛 😛
    အမျိုးသမီးများသာ ဖတ်ပါဆို …. ဘယ့်နှယ့် အပေါ်မှာ အန်တီကြောင်တို့ အန်တီပေ တို့ ပါလာ ရတာလဲ … အဟိဟိ … ကိုအလင်းစက် ချစ်ချစ် မြန်မြန် ပေါ်လာပါတော့ ဗျို့ .. ဇာတ်သိမ်းခန်း လေး ကြည့်ချင်ပီ .. :):) :P:P

  • surmi

    September 9, 2011 at 1:40 am

    ခေတ်သစ် ပုဂံ သား မောင်ဘမော် ပဲ ။ ပုဂံ သား alinsett ဆိုပြီး ပြ ဇတ်လေးလဲ တင်ဆက် ပေးပါဦး ၊။ အသက် ကြီး လေ စပ် စု လေ မို ့ ပါ ။ ။

    • alinsett

      November 29, 2013 at 8:45 pm

      ဇလုံသား…အလင်းဆက်…ဆိုပြီး.တင်မယ်..အဟိ ။

  • nozomi

    September 9, 2011 at 9:07 am

    အလင်းစက် အိုင်ဒီယာလေးတော့ ကြိုက်သွားပြီ..

    မမန်းတဲ့သူထဲက ဖြစ်နိုင်တယ် ဆိုပြီး သုံးသပ်ကြတော့ ရွာသူအပျိုချော အားလုံးက ကိုယ်လို့ မထင်ရအောင် အတင်း ဝင်းမန်းကြရော တစ်ယောက် ၃ ကျပ်နဲ့တွက်ရင် တော်တော်ဟုတ်နေပြီ 😀

    ဘေးက ဝိုင်းပြောကြလို့ပါ ဆိုပြီး ကောင်မလေးက ပြန်ကြည်သွားရင် သားရွှေအိုးထမ်းကိန်းပဲ

    ဒီကိစ္စက မင်္ဂလာပွဲလေး အထိများ အဆင်ပြေသွားရင် သူကြီးဦးစီးပြီး ကျင်းပ၊ရွာသားတွေ အကုန်တက်
    မင်္ဂလာဆောင်ကျွေးတာ အလကားစား တွေ့ဆုံပွဲလေးလဲ လုပ် 🙂

  • athaylay

    September 17, 2011 at 11:38 am

    ဇာတ်ပေါင်းခန်းလေး ကြည့်ချင်တယ်။

  • မောင်တုတ် ကြီး

    September 17, 2011 at 12:27 pm

    တစ်ယောက်သောသူသို ့။သွားပီ။အမျိုးသမီးများသာဖတ်ရန်တဲ့။
    ဆော်ရီး။ဝှက်ထားရင်ပိုစိတ်ပါတယ်လေ။ဟဲဟဲ

  • ညလေး

    May 22, 2012 at 9:46 pm

    “အလင်းဆက်”တစ်ယောက်သောသူမနဲတော့ဝူးနော်……..
    ပိုစ့်တင်တိုင်း“တစ်ယောက်သောသူ”ဆိုတဲ.ကောင်မလေးနဲ.ပဲ………
    အဲ့ရောဂါလဲမသေးပါလားနော်……
    အားပေးသွားပါ၏….

    • windtalker

      May 22, 2012 at 9:57 pm

      ဘုရား ဘုရား ဘုရား
      နှလုံးတုန် ရင်ခုန်ရပါဘိ ။
      အဲဒီတစ်ယောက်သောသူ က ညလေး မဟုတ်ပါစေနဲ ့ဗျား ။

  • ညလေး

    May 22, 2012 at 10:32 pm

    နုလုံးရောဂါများလားနော်……ကိုပေ
    အချိန်မှီလေးဆေးစစ်ကြည့်ပါလား……..
    မီးမလာတုန်းလေး…အဟိဟိ

  • Mon Kit

    May 23, 2012 at 10:01 am

    ဘူရဲဟင်….. ဘူရေးရဲ… တိချင်ရာပီ….. 😛

  • Novy

    May 23, 2012 at 10:44 am

    အမျိုးသမီးများသာဖတ်ရန်ဆိုတော့
    အမျိုးသမီးပီပီ စပ်စုလိုက်တော့
    ငယ်ချစ်ဦးရှာပုံတော်ကို…
    အန်တီနိုတို့က အဖွားကြီးအရွယ်ဆိုတော့
    တို့ရဲ့ ငယ်ချစ်ဟောင်းတော့ မဖြစ်နိုင်ပါဘူး 🙂

  • Khaing Khaing

    May 23, 2012 at 11:22 am

    အဲ …….. ဒီပို့စ်က ကြာနေပြီပဲ …… ညလေးရှာဖတ်လို့ ပြန်အသက်ဝင်လာတာ …. ကိုအလင်းစက်တင်တဲ့ အချိန်က သများက မန်းဘားတောင်မဝင်ရသေးဘူး ……. စာဖတ်သူပဲရှိသေးတယ် …… ကိုအလင်းစက်ကလဲ သူ့ကောင်မလေးကို ဘယ်သူဆိုတာမပြောဘူးတော့ ……… အဟိ

  • ညလေး

    May 23, 2012 at 11:27 am

    ဟုတ်ပ……ကြံကြံဖန်ဖန်နော်…….

  • မှော်ဆရာ

    May 23, 2012 at 11:30 am

    ခုချိန်ဆို ကြည်တောင် ကြည်လောက်နေပြီထင်တယ် …

  • jujuma

    May 23, 2012 at 11:51 am

    အဲ အဲ တော့ ..ဝင်မန့်လိုက်ပီကွ … 😀

  • သူရဇော်

    May 23, 2012 at 1:13 pm

    ရွှေတိုက်မလား၊ ဖက်ကပ်မလား မသိပါဘ ူးအေ…… ညည်းကို သူတို့နဲ့မရှုပ်ပါနဲ့လို့ပြောထားရက်နဲ့အေ
    ခုတော့ ခံရပီမလား
    ခွိခွီ

Leave a Reply